အပိုင်း ၅၅၉
Viewers 62k

အခန်း ၅၅၉

ဖိုင်နယ်ပွဲစဉ်...


ဆေးကောင်းကင်မြို့တော်၏ ခမ်းနားထည်ဝါလှသော ဆေးအဆောက်အဦးတစ်ခုအတွင်းတွင်...

 စေ့စေ့ပိတ်ထားသော ဆေးသန့်စင်အခန်းထဲမှ စွမ်းအင်လှိုင်းများထွက်ပေါ်နေသည်။


တစ်ခါတစ်ရံတွင် ထိုစွမ်းအင်လှိုင်းများက ပျောက်ကွယ်သွားပြီး အခန်းထဲသို့ ပြန်လည်ရောက်ရှိသွားသည်။


နောက်ခဏအကြာ၌ ထိုအခန်းတံခါးက တဖြေးဖြေးချင်းပွင့်လာသည်။ဆေးအဆောက်အဦးထဲတွင်ရှိနေကြသူများက သူတို့၏ စူးစမ်းချင်စိတ်ကို မခုခံနိုင်ပဲ လှည့်ကြည့်လိုက်ကြသည်။


အခန်းအတွင်းမှ ပုံရိပ်တစ်ခု ဖြေးဖြေးချင်းလျှောက်ထွက်လာသည်။ထိုသူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားချောမောလှသည်။သူ့၏ မျက်ဝန်းများက အလင်းရောင်ဖျော့ဖျော့တောက်ပနေသလို ထင်ရပြီး ထုတ်လွင့်နေသော အော်ရာများကလည်း အလွန်ပင် ခမ်းနားကျက်သရေရှိလှသည်။


ထိုပုံရိပ်ကို မြင်လိုက်သည့်ခဏ၌ ကြည့်နေသေးသူများ အသက်တစ်ချက်ရှိုက်လိုက်ကြသည်။သူတို့၏ မျက်ဝန်းထဲတွင်လည်း အားကျလေးစားသည့် အရိပ်အယောင်များပေါ်လာသည်။


"အဲ့ဒါ စီနီယာမုပိုင်ပဲ..."


"စီနီယာအစ်ကိုမုပိုင် နောက်ဆုံးတော့ ထွက်လာပြီ...သူက ဖိုင်နယ်ပွဲစဉ်ကို ပြန်ယှဉ်ပြိုင်ဖို့အတွက် ပဉ္စလက်စုဝေးပွဲကို သွားတော့မှာတဲ့လား..."


"စီနီယာအကိုမုပိုင်က တစ်ခုခုထူးခြားနေတယ်လို့ မင်းခံစားမိလား...သူ့ရဲ့ ဘေးနားက လေထုကတောင်မှ ပြောင်းလဲနေတယ်..."


ဆေးအဆောက်အဦးအတွင်းမှ အဂ္ဂိရတ်ပညာရှင်များက အံ့အားတသင့်ဖြင့် ရေရွတ်နေကြသည်။သူတို့၏ ရှေ့မှ မုပိုင်က အရင်က မုပိုင်နှင့် ကွဲပြားခြားနားနေပေသည်။သူ့ဆီမှ ထွက်ပေါ်လာသော စူးရှထက်မြက်သည့် အော်ရာများက သူသာလျှင် အောင်နိုင်ရမည့်သူဟု ယုံကြည်မိစေသည်။


ထိုယုံကြည်မှုက တစ်စုံတစ်ယောက်ကို ပို၍ ကြီးကျယ်ခမ်းနားလာအောင် လုပ်ဆောင်ပေးနိုင်လေသည်။အရင်အခ်ျိန်က မုပိုင်၏ အော်ရာများက သူသည် အလွန်ပျင်းရိသူဟု ခံစားရစေသည်။


အခု ကြုံတွေ့လိုက်ရသော အခြေအနေကြောင့် သူတို့အားလုံး အံ့အားသင့် စိတ်လှုပ်ရှားသွားကြသည်။မည်သို့ပင်ဆိုစေ စီနီယာအစ်ကိုမုပိုင် ယှဉ်ပြိုင်ရမည့်သူကလည်း ပြိုင်ပွဲကြီး၏ နာမည်ကျော်ကြားလှသော ဖျက်မြင်းစားဖိုမှူးဖြစ်သည်။


သူ့၏ ပြိုင်ဘက်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ရမည့်အစား စားဖိုမှူးတစ်ယောက် ဖြစ်နေသည်။သို့သော်လည်း သာမန်စားဖိုမှူးတစ်ယောက် မဟုတ်ပေ။သူ့၏ ပြိုင်ဘက် အဂ္ဂိရတ်ပညာရှင်များကို ဒယ်အိုးနက်ကြီးအောက်တွင် ဖိနှိပ်ထားနိုင်ခဲ့သည့် စားဖိုမှူးဖြစ်သည်။


မှော်ကဝေအန်းရှန့်ဖြစ်စေ အရူးရှုံးရှီ ဖြစ်စေ ကိစ္စမရှိပေ။တောက်ပကောင်းကင်မြို့မှ မောင်ရှီပင်လျှင် ပုဖန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။သူတို့အားလုံးက ဆေးနန်းတော်အတွင်း၌ ပုံရိပ်မြင့်မားကြသော ငယ်ရွယ်သည့် ပါရမီရှင်များ ဖြစ်ကြသည်။


ပုဖန်နှင့် ရင်မဆိုင်ရခင်က သူတို့အားလုံးကို ပြိုင်ပွဲကြီး၏ အောင်နိုင်သူများအဖြစ် ကြိုတင်ခန့်မှန်းခဲ့ကြသည်။သို့သော် အဖြစ်မှန်က မျက်နာကို ကြမ်းတမ်းစွာ ရိုက်ချခံလိုက်ရသလိုပင်။ သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပေသည်။


ယနေ့လက်ရှိ၌ ထိုစားဖိုမှူးကို မည်သူမှ အထင်မြင်မသေးရဲကြတော့ပေ။သူ့၏ ပြိုင်ဘက်က ဆေးနန်းတော်ကြီးမှ ထိပ်သီး ပါရမီရှင် မုပိုင်ဖြစ်လျှင်တောင်မှ ပုဖန် ရှုံးမှာ သေချာမည်ဟု မည်သူမှ မပြောရဲကြပေ။

 မုပိုင် န်ိုင်မှာ သေချာသည်ဟုလည်း မည်သူမျှမပြောဆိုရဲပေ။ထို့အပြင် ထိုစားဖိုမှူး ဒီတစ်ကြိမ်၌ မည်သည့်ဟင်းပွဲချက်မည်ကိုလည်း မည်သူမျှ မသ်ိပေ။


ထပ်လောင်းပြောရလျှင် စီနီယာအစ်ကိုမုပိုင်၏ ဆေးမီးဖို ပေါက်ကွဲမကွဲကိုလည်း သူတို့ မသေချာပေ။


မုပိုင်၏ မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ပထမဦးဆုံးအကြိမ်ဖြစ် သူသွေးများဆူပွက်လာအောင် လုပ်နိုင်သည့် ပြိုင်ဘက်ကို ကြုံဖူးခြင်းဖြစ်သည်။


သူ့၏ ပြိုင်ဘက်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်မဟုတ်သော်လည်း ပုဖန်ပေးသည့် ဖိအားက အဂ္ဂိရတ်ပညာရှင်များထက်ပင် ကြီးမားပေသည်။


"ဒါကပဲ ပြိုင်ပွဲရဲ့ အဓိပ္ပါယ်ပဲ..."


မုပိုင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှုလိုက်သည်။ထို့နောက် အပြင်သို့ ခြေလှမ်းလှမ်းလိုက်လေသည်။


မုပိုင်ထွက်လာသည့်အခ်ျိန်၌ ထိုအဆောက်အဦးအလွှာတွင် ငလျင်အသေးစားလေး လှုပ်ခတ်သွားသလိုပင် ဆူညံသွားလေသည်။


လူတိုင်းက မုပိုင်၏ ပုံရိပ်ပျောက်ကွယ်သွားသည်အထိ သူ့၏ နောက်ကျောကို တွေဝေငေးမောစွာ ကြည့်နေကြလေသည်။


မုပိုင်၏ နောက်ကျောတွင် နက်ဆွေးနေသည့် ကြီးမားသော ဆေးမီးဖိုတစ်လုံးကို သယ်ဆောင်ထားသည်။ဆေးလုံး သန့်စင်သည့် အခန်းထဲမှ လျှောက်ထွက်လာသောသူ့၏ မျက်နာပေါ်တွင်လည်း စိတ်လှုပ်ရှားသည့် အပြုံးတစ်ခုရှိနေလေသည်။


.......


တောက်ပကောင်းကင်မြို့၏ ဆေးလုံးသန့်စင်သည့် အခန်းထဲတွင်...


လူနှစ်ယောက် မျက်နာချင်းဆိုင် ထိုင်နေကြသည်။ခဏအကြာ၌ လူတစ်ယောက်၏ ပုံရိပ်က တုန်ယင်လာပြီး မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မဲနေသော အခန်းက လင်းထိန်သွားလေသည်။


ထ်ိုပုံရိပ်က ထရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က သွယ်လျပြီး ဆံနွယ်များက ပခုံးကိုကျော်၍ ခါးနားလေးတွင် ဝေ့ဝဲနေလေသည်။


"ဆရာ ...ဒီတပည့်က အားလုံး အဆင်သင့်ဖြစ်နေပါပြီ..."


တစ်ခောင်းလုံး သန့်စင်သည့် အဖြူရောင်ဆံပင်များ ရှိနေသည့် အမျိုးသမီးက သူမ၏ ရှေ့တွင်ထိုင်နေသော လူကို ပြောလိုက်သည်။အရေးကြောင်းများဖြင့် ပြည့်နှက်နေသော လူအိုကြီး၏ မျက်ဝန်းများ ဖွင့်လာသည်။သူ ခဏမျှ အကဲခတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။


"သွား...သွားပြီးတော့ တစ်ချက်တည်းနဲ့ အနိုင်ယူလာခဲ့...မင်းရဲ့ နာမည်ကို အားလုံးမှတ်မိအောင်လုပ်ခဲ့..."


ဆံနွယ်ဖြူများနှင့် အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပြီး လက်နှစ်ဖက်နောက်ပစ်၍ အခန်းထဲမှ လျှောက်ထွက်သွားလိုက်သည်။သူ့၏ မျက်နာထားက အေးစက်နေသည်မှာ လေထုပင် ခဲတောင့်သွားမလို ထင်ရသည်။သူမက လှပသော်လည်း ကြောက်စရာကောင်းလှသည်။


"သုံးနှစ်လုံးလုံး ကျင့်ကြံခဲ့ပြီးတဲ့နောက်မှာ ဒီနေ့တော့ ငါ လူတိုင်းကို အံ့အားသင့်ရအောင် လုပ်ပြရမယ်...ဒီတစ်ကြိမ် အနိုင်ရသူက ငါပဲဖြစ်ရမယ်...မုပိုင်ပဲဖြစ်ဖြစ် စားဖိုမှူးပဲ ဖြစ်ဖြစ် သူတို့ဘယ်သူမှ ငါ့ကို မတားဆီးနိုင်စေရဘူး..."


.......


အချိန်တစ်ပတ်ကုန်လွန်သွားပြီးနောက် နောက်ဆုံး ပြိုင်ပွဲအချိန်ကို ရောက်ရှိလာပေပြီ။ရင်ပြင်ကျယ်၏ အပျက်အစီးများကလည်း ပြန်လည် ပြုပြင်သွားပြီဖြစ်သည်။


ပြိုင်ကွင်း၏ ပတ်ပတ်လည်တစ်ခုလုံးတွင် ပွဲကြည့်စင်ကိုလည်း တည်ဆောက်ထားကြသည်။ထိုပွဲကြည့်စင်တွင် ထိုင်ခုံအမြောက်အများအပြင် ရပ်တန့်ကြည့်ရှုနိုင်သည့် နေရာများပါပါဝင်နေလေသည်။ဒီတစ်ကြိမ်၌ လူအများအပြား ကြည့်ရှုနိုင်ရန် ရည်ရွယ်ထားလေသည်။


နောက်တစ်နေ့၌ နောက်ဆုံးပြိုင်ပွဲကို ကျင်းပပေတော့မည်။အချိန်တော်တော်ကြာလာခဲ့ပြီးသည်နောက် ပဉ္စလက်စုဝေးပွဲကြီး ပြီးဆုံးမည့်အချိန်ကို ရောက်ရှိလာခဲ့ပေပြီ။


သို့သော်လည်း မည်သူမှ စိတ်ဝင်စားမှု လျော့သွားခြင်းမရှိပေ။ရင်ပြင်ကျယ်ထဲတွင် ပရိတ်သတ်များနှင့် စည်းကားသိုက်မြိုက်နေသည်။နောက်ဆုံးပြိုင်ပွဲက လူအများ၏ အာရုံကို အလွန်အမင်း ဆွဲဆောင်ထားနိုင်ပေသည်။


ပထမဦးဆုံးအနေဖြင့် မုပိုင်ကိုယ်တိုင်ကပင် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည့် တည်ရှိမှု တစ်ခုဖြစ်နေလေသည်။သူ့ကို ရူးရူးမူးမူးအားပေးထောက်ခံကြသော ပရိတ်သတ်များစွာရှိလေသည်။ထိုပမာဏက နည်းနည်းလေးမဟုတ်ပေ။


ပုဖန်အတွက်မူ...

ယနေ့လက်ရှိအချိန်၌ သူက ဆေးနန်းတော်ထဲတွင် အလွန်ကျော်ကြားနေသူ ဖြစ်သည်။လူတိုင်းနီးပါးက သူ့၏ အကြောင်းကို ပြောဆိုနေကြလေသည်။အဂ္ဂိရတ်ပညာရှင်များစွာကို အလဲထိုးပြီး ဖိုင်နယ်ပွဲသို့ တက်ရောက်နိုင်ခဲ့သည့် သူကို မည်သူမှ အထင်သေးလိမ့်မည်မဟုတ်ပေ။


ထိုစားဖိုမှူးက မုပိုင်ကို အနိုင်ရသွားလျှင် ပို၍ပင် အံ့သြစရာကောင်းသွားပေမည်။ပုဖန်၏ အချက်အလက်များက ဆေးနန်းတော်တွင် လျှို့ဝှက်ချက်တစ်ခု ဟုတ်မနေတော့ပေ။


သူ့၏ ဂုဏ်သတင်းက မြူကောင်းကင်မြို့တစ်မြို့လုံးကို ပြန့်နှံ့သွားပြီဖြစ်သည်။လူတိုင်းက မြူကောင်းကင်မြို့အတွင်းမှ တိမ်ခိုးစားသောက်ဆိုင် အကြောင်းကို သိနေကြပေပြီ။


စားသောက်ဆိုင်၏ ပိုင်ရှင်က ပဉ္စလက်စုဝေးပွဲကြီး၏ ဖျက်မြင်း တစ်ကောင်...

 သူ့၏ စားပွဲထိုးကလည်း ရှုရမြို့မှ အဆင့်မြင့်ကျင့်ကြံသူကိုပင် လက်တစ်ချောင်းနှင့် တိုက်ထုတ်နိုင်သည့် ကြောက်စရာကောင်းလှသည့် အမျိုးသမီး ...

ထို ဆိုင်၌ ခွေးတစ်ကောင်လည်းရှိနေပေသေးသည်။ထိုခွေးကလည်း ဆေးနန်းတော်၏ အုပ်ချုပ်သူ ဟန်ကိုယ်တိုင်လာရောက် လာဘ်ထိုးခဲ့ရသည့် ခွေးဖြစ်သည်။


ထိုကဲ့သို့ ထူးဆန်းလှသော တည်ရှိမှု ပေါင်းစပ်ထားခြင်းက အားလုံး၏ အာရုံစိုက်စရာ အလယ်ဗဟိုဖြစ်နေပေတော့သည်။တတိယပြိုင်ပွဲဝင်အတွက်မူ လူအများအပြားက သူ့ကို သတိမထားမိကြပေ။တောက်ပကောင်းကင်မြို့မှ ပြိုင်ပွဲဝင်တစ်ယောက်ဟု သာ ကြားဖူးကြလေသည်။


ပရိတ်သတ်များ၏ မျက်လုံးထဲတွင် ထိုနောက်ဆုံးပြိုင်ပွဲဝင်က ကံကောင်းထောက်မပြီး ရွေးချယ်ခံရခဲ့သူဟုသာ မြင်နေကြလေသည်။


....


ကောင်းကင်ပော်ရှိလနှစ်စင်းမှ အေးမြလှသော အလင်းရောင်များကို ထုတ်လွင့်ပေးပြီး ကမ္ဘာမြေကို လွှမ်းခြုံထားလေသည်။


ထိုအချိန်၌ ရင်ပြင်ကျယ်၌လည်း အေးစက်လှသော လေအေးများဖြင့် ပြည့်နှက်နေသည်။ပွဲကြည့်စင်၌ သူတို့၏ ထိုင်ခုံနေရာကို လိုက်ရှာနေကြသော လူများစွာ ရှိနေသည်။


ထိုသူများက ပြိုင်ပွဲကြည့်ရန် အချိန်များစွာကြိုတင်၍ အစောကြီးရောက်လာကြသူများဖြစ်သည်။စောစောလာခြင်းအားဖြင့် ထိုင်ခုံနေရာဦး၍ရပြီး အချိန်ကုန်ခြင်းသက်သာသွားပေလိမ့်မည်။သူတို့က ဖိုင်နယ်ပွဲစဉ်ကို ကြည့်ရှုရန်အတွက် မစောင့်န်ိုင်ကြတော့ပေ။


....


"ဒီနေ့အတွက်တော့ ငါတို့ ဆိုင်ပိတ်ပြီ ...မနက်ဖြန်ကျရင်လည်း ပြိုင်ပွဲသွားဝင်မှာမလို့ ဆိုင်ပိတ်တယ်ဆိုတာကို မမေ့ကြနဲ့ဦး..."


ပုဖန်က မီးဖိုခန်းချောင်ထဲမှ လျှောက်ထွက်လာရင်း ယခုထိတိုင်အောင် တန်းစီနေဆဲဖြစ်သော လူအုပ်ကြီးကို ညှင်သာစွာပြောလိုက်သည်။စားသုံးသူများကအနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်းစိတ်ဆ်ိုးသွားခြင်းတော့မရှိပေ။အဘယ်ကြောင့်ဆိုသော် သူတို့ ပုဖန်၏ စကားကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။နောက်တစ်နေ့က ပဉ္စလက်ပြိုင်ပွဲဖြစ်ကြောင်း သူတို့လည်း သိကြပေသည်။


"ပိုင်ရှင်ပု ကောင်းကောင်းအနားယူပါ ...မနက်ဖြန်ကျရင် မုပိုင်ကို အနားယူဖို့ အကောင်းဆုံးကြိုးစားလိုက်..."


"ပိုင်ရှင်ပု မနက်ဖြန်ကျရင် မင်းရဲ့ စွမ်းရည်တွေအားလုံးကို ထုတ်ပြရမယ်နော်...ငါတို့ရဲ့ မြူကောင်းကင်မြို့တော်အတွက် အကောင်းဆုံးကြိုးစားလိုက်...ငါတို့အားလုံး မင်းကို အားပေးနေမယ် ကံကောင်းပါစေ..."


စားသုံးသူများက ပုဖန်ကို အားပေးစကားများပြောကြားပြီးမှ ပြန်သွားကြလေသည်။ထိုစကားများကို နားထောင်ရစဉ်၌ ပုဖန်၏ အမူအရာက နူးညံ့ပျော့ပျောင်းနေပေသည်။


စားသုံးသူများအားလုံး ထွက်ခွာသွားပြီးနောက် သူ ဆိုင်တံခါးကို ပိတ်ချလိုက်သည်။ထို့နောက် ရင်ဘတ်ကို အသာပုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။နီရောင်စားဖိုမှူးဝတ်စုံက အလွန်ပင် သက်တောင့်သက်သာရှိလေသည်။၎င်းက ဝတ်ဆင်ပြီးတစ်နေကုန်လုံး အလုပ်လုပ်နေရသော်လည်း သူ ပင်ပန်းမှုကို မခံစားရပေ။


သို့သော် ထိုနီရောင် စားဖိုမှူးဝတ်စုံက သူ့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ထောက်ပံ့မြင့်တင်ပေးသော်လည်း သူ့၏ စိတ်နှလုံးသားကိုတော့ အကူအညီမပေးနိုင်ပေ။


တစ်နေကုန်လုံး အလုပ်လုပ်ပြီးသည့်နောက်၌ သူ့၏ စိတ်က ပင်ပန်းနွမ်းနယ်နေပေပြီ ပုဖန်၏ စွမ်းဆောင်ရည်များ တိုးမြင့်လာပြီးနောက် ဆိုင်ဖွင့်ချိန်ကိုလည်း သူ နှစ်နာရီ ထက်တိုးမြင့်ခဲ့သည်။


အခြေခံအားဖြင့် သူတစ်ယောက်တည်းသာလျှင် တစ်နေကုန်လုံး ချက်ပြုတ်ခဲ့ရလေသည်။ပုဖန် ထိုင်ခုံကို ဆွဲယူလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ စိတ်လွတ်လက်လွတ်ထိုင်ချလိုက်သည်။


နယ်သာရီက သူ့၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။သူမက သူ့ကို စိတ်ဆိုးနေသည့် အမူအရာဖြင့် ကြည့်နေလေသည်။ခွေးဘုရင်ကလည်း ထူးဆန်းသည့် အမူအရာဖြင့် လှမ်းကြည့်နေ၏။


ပုဖန် ခေါင်းအသာကုတ်လိုက်မ်ိပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ထိုအစားသရဲ နှစ်ယောက်က အစားစားချင်နေပြီ မှန်းသူသိပေသည်။


သူ ဆိုင်ပတ်ပတ်လည်တွင်လျှောက်ပြေးနေသော ရှစ်လေးကို ဖမ်းယူလိုက်သည်။ထိုကြက်က ဆိုင်ထဲတွင်နေရသည်ကို အလွန်ပျော်ရွှင်နေပုံရလေသည်။တစ်နေ့လုံး မရပ်မနားကတော်ကတော် အော်မြည်နေပေ၏။


ရှစ်လေး၏ ခေါင်းကို အသာပွတ်ပေးလိုက်ပြီးနောက် ရှေ့၌ ချပေးလိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။သူ ပုံမှန်အတိုင်း နံရိုးချိုချဉ်ကြော်နှင့် နဂါးသွေးထမင်းကြော်ကိုသာ ပြင်ဆင်လိုက်သည်။


ချက်ပြုတ်နေရင်း သူ ပြိုင်ပွဲအကြောင်းကို စတင် စဉ်းစားနေမိသည်။ဒိုင်လူကြီး၏ အဆိုအရ ပြိုင်ပွဲ၌ ချန်ပီယံ ဖြစ်ခဲ့လျှင် ဆုကြေးအဖြစ် သလင်းကျောက်အများအပြားကို ရရှိပေလိမ့်မည်။


 ထိုအချက်က သူ့အတွက် အလွန်အကျိူးရှိပေသည်။ပြိုင်ပွဲမှရသည့် သလင်းကျောက်များကို စီးပွားရေး အမြတ်အနေဖြင့် ထည့်တွက်၍ ရကြောင်း စနစ်က အတည်ပြုပြီးသွားပြီဖြစ်သည်။ထို့ကြောင့် ထိုသလင်းကျောက်များကို သူ့၏ စွမ်းအင် အဆင့် တိုးမြင့်ရာတွင် အသုံးပြုနိုင်ပေသည်။


"ငါ မနက်ဖြန်ကျရင် ဘာချက်ရင်ကောင်းမလဲ ..."


ဒိုင်လူကြီးမင်းက ဖိုင်နယ်ပွဲတွင် မည်ကဲ့သို့ အဆုံးဖြတ်ပေးမည်ကို ရှင်းပြပြီးသွားပြီဖြစ်သည်။ပြိုင်ပွဲ၏ ရလဒ်ကို မဟာသခင် ငါးယောက်သာ ဆုံးဖြတ်ခြင်းမဟုတ်ပေ။ပရိတ်သတ်များထဲမှ လူငါးရာကို အထူးရွေးချယ် ထားပေသည်။ ထိုသူများ၏ ဆုံးဖြတ်ချက်ကလည်း အရေးပါပေသည်။


ထိုပရိတ်သတ်များက ထုတ်ကုန်ကို သေချာစွာ ကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်။သို့သော် ပုဖန်ကမူ စားဖိုမှူးတစ်ယောက်ဖြစ်နေပေသည်။ထို့ကြောင့် သူ့ဟင်းပွဲကို အကဲဖြတ်ရန်အတွက် ပထမဦးဆုံးမြည်းကြည့်ရန်လိုအပ်ပေသည်။


ထို့ကြောင့် ပြိုင်ပွဲနေ့တွင် အလွန်ပင် ကြီးမားသည့် ဟင်းပွဲတစ်ခုကို ပြင်ဆင်ရမည်ဖြစ်ကြောင်း သူနားလည်ပေသည်။


"ဘာဟင်းပွဲများကိုများ ပြင်ဆင်ရမလဲ..."


စဉ်းစားနေရင်းဖြင့် မီးဖိုခန်းထဲမှ နေ၍ ပန်းကန်ပြားသယ်ထုတ်လာခဲ့လိုက်ကာ သရေတများများကျနေပြီဖြစ်သော အစားသရဲနှစ်ကောင်ရှေ့၌ ချပေးလိုက်သည်။


ထို့နောက် ရှစ်လေးအတွက်လည်း ပန်းကန်သက်သက်ခွဲ၍ ချပေးလိုက်၏။ထိုအစားသရဲ ၃ကောင်အားကြည့်၍ ပုဖန် မတတ်သာစွာ ပြုံးလိုက်မိသည်။


ရုတ်တရက် သူ့ခေါင်းထဲ၌ ဟင်းပွဲတစ်ခု၏ အမည် ပေါ်လာပြီး သူ့မျက်ဝန်းများလင်းလက်သွားလေသည်။ထိုဟင်းပွဲကို ဖိုင်နယ်ပွဲစဉ်၌ အသုံးပြုလိုက်လျှင် တကယ်ကို စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။


....


ဝှိုက်တီ၏ ပခုံးပေါ်တွင် အိပ်ပျော်နေသည့် ပုစွန်ပိစိက အမြှုပ်များတစ်စီစီမှုတ်ထုတ်နေလေသည်။ပုဖန်သူ့ကို အကြိမ်အနည်းငယ်ခန့်ရိုက်လိုက်သောကြောင့် ဇဝေဇဝါမျက်နာဖြင့် ကြည့်လာလေသည်။


"ပိစိရေ မနက်ဖြန်အတွက် ငါမင်းကိုထည့်တွက်ထားလိုက်ပြီ ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီး အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ပုစွန်ပိစိကို ကြည့်လိုက်သည်။


"သလင်းကျောက်လေးတွေရေ ငါ ပုဖန်လာနေပြီ..."