အခန်း ၅၆၀
ဆေးဘုရင်မုပိုင်၊နတ်ဆိုးဖြူကျန်းလင်...
နောက်တစ်နေ့မနက်ခင်းတွင် နေမင်းက တောက်ပလင်းလက်စွာ ထွန်းလင်းလာလေသည်။နေရောင်ခြည်က ကောင်းကင်ယံမှ နေ၍ ဆ်ိုင်အခြေသို့ ဖြာကျနေသည်။
ယနေ့၌ ဆိုင်တံခါးရှေ့တွင် လူအနည်းငယ် ရှိနေသည်။ထိုလူများက မကြာခဏဆိုသလို ဆိုင်တံခါးကို လည်ဆန့်၍ ကြည့်နေကြလေသည်။ထိုအချိန်မှာပင် ကျယ်လောင်သောအသံနှင့်အတူ ဆိုင်တံခါးက ဖြေးညှင်းစွာ ပွင့်လာပြီး ပုံရိပ်တစ်ခု လျှောက်ထွက်လာသည်။
ပုဖန်ဝတ်ဆင်ထားသော နီရောင်စားဖိုမှူးဝတ်စုံ၏ ရင်ဘတ်တွင် အမွှေးအတောင်လေးများကလည်း တဖျတ်ဖျတ် လွင့်ခါနေသည်။၎င်းက သူ့ကို ပို၍ ခန့်ညားချောမောအောင် ထောက်ပံ့ပေးထားလေသည်။
နီရောင်ဝတ်ရုံပေါ်သို့ ဖြာကျနေသော နေရောင်ခြည်ကလည်း ဝတ်စုံကို ပို၍ တောက်ပအောင် ထောက်ပံ့ပေးထားလေသည်။
ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်သာရီက ပုဖန်၏ နောက်မှ လိုက်ပါလာသည်။
ပုဖန် သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာစကားမှ မပြောလိုက်ပေ။
သူတို့နှစ်ယောက် လျှောက်ထွက်လာသည်နှင့် ဆိုင်တံခါးက ပြန်လည် ပိတ်သွားသည်။ဒီနေ့က ပဉ္စလက်ပြိုင်ပွဲကြီး၏ နောက်ဆုံးနေ့ ဖြစ်သောကြောင့် အားလုံးက ပို၍ အာရုံစိုက်နေကြလေသည်။ပုဖန် ဆိုင်ထဲမှ ထွက်လာသည်ကို မြင်သည်နှင့် စောင့်ကြည့်နေသော သူများက အလျင်စလို ပြေးထွက်သွားကြသည်။
နီရောင် စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော ပုဖန်ကပင် ပုံမှန်ထက်ပင် ပေါ့ပါးလန်းဆန်းနေလေသည်။သူဖြတ်လာရာ လမ်း၏ ဘေးတစ်ဖက်တစ်ချပ်ရှိ အဆောက်အဦးမြင့်ကြီးများထက်ဆီမှ လူတိုင်း၏ အကြည့်များက သူ့ဆီသို့ ရောက်နေလေသည်။
ထိုသူများက အော်ဟစ်၍ အားပေးနေကြသည်။ပုဖန်က ခေါင်းတစ်ချက်ညိတ်၍ အသိအမှတ်ပြု လိုက်ပြီး အရှေ့သို့ ဆက်လျောက်လာခဲ့သည်။တိမ်ခိုးစားသောက်ဆိုင်၏ ပိုင်ရှင်ပုဖန်က ယခုအခါတွင် နာမည်ကြီးနေပြီဖြစ်သောကြောင့် မြူကောင်းကင်မြို့မှ လူတိုင်းအားလုံး သိနေကြပေသည်။
နယ်သာရီက ပုဖန် ခြေလှမ်းများနှင့် ထပ်ကြပ်မကွာ လိုက်ပာလာသည်။အရင်တစ်ချိန်က အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် နယ်သာရီက ပုဖန်ကို ပို၍ အာရုံစိုက်လာခဲ့သည်။ပုဖန် သွားလေရာ နောက်မှ လိုက်ခေလ၏။
ပုဖန်သာ မရှိတော့လျှင် နဂါးသွေးထမင်းကြော် ရှိတော့မည်မဟုတ်ပေ။ နယ်သာရီက ထိုအဖြစ်အပျက်မျိုးကို သေချာပောက် လုံးဝ အလိုမရှိပေ။
လျှောက်လာပြီးသည့်နောက် အလင်းရောင်များ ထိန်လင်းစွာ တောက်ပနေသည့် နေရာသို့ ရောက်ရှ်ိလာခဲ့သည်။မျက်စိကျိန်းလောက်စရာ အလင်းတန်းများက အရှေ့ကို တိုးမမြင်နိုင်အောင်ပင် ပြုလုပ်နေလေသည်။အလင်းရောင်များနှင့်အတူ ဆူညံသော အသံများကလည်း နားထဲ တိုးဖောက်ဝင်ရောက်လာလေသည်။
ပုဖန်နှင့်နယ်သာရီက ရင်ပြင်ကျယ်၏ ဝင်ပေါက်တွင်ရပ်၍ ထိုထိတ်လန့်စရာမြင်ကွင်းကို ကြည့်နေကြလေသည်။ပွဲကြည့်စင်ထက်တွင် လူများပြည့်ကျပ်နေပြီး ထိုင်ခုံတစ်ခုံမျှပင် အလွတ်မရှိတော့ပေ။ကြည့်ရှုနေသူများကလည်း ပုဖန်ကိုမြင်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်အားပေးလာကြလေသည်။
"ပိုင်ရှင်ပု အကောင်းဆုံးလုပ် ချန်ပီယံဆုက မင်းအတွက်ပဲ..."
"ပိုင်ရှင်ပု အကောင်းဆုံးဟင်းပွဲတွေနဲ့ ပြိုင်ပွဲကို ရိတ်သိမ်းပစ်လိုက်..."
"ဖျက်မြင်းတစ်ကောင်က အဆုံးထိ ဖျက်မြင်းတစ်ကောင်ပဲဖြစ်ရမယ်...မြူကောင်းကင်မြို့ရဲ သန်မာမှုကို တစ်ခြား ဆေးမြို့တော်က သူတွေ သိအောင်ပြလိုက်..."
မြူကောင်းကင်မြို့မှ ပရိတ်သတ်များက အလွန်တရာစိတ်လှုပ်ရှားတက်ကြွနေကြသည်။အဘယ့်ကြောင့်ဆိုသော် သူတို့၏ မြို့မှ ပထမဦးဆုံးအကြိမ် ပဉ္စလက်စုဝေးပွဲကြီး၏ ထိပ်ဆုံး ၃ယောက်နေရာသို့ဝင်ရောက်ခြင်းဖြစ်သည်။
ထို့အပြင် ဒီတစ်ကြိမ် ပြိုင်ပွဲက သူတို့မြို့မှ ဦးစီး ကျင်းပခြင်းဖြစ်လေသည်။ထို့ကြောင့် သူတို့၏ ဂုဏ်သတင်းက ပို၍ပင် တိုးတက်လာလေသည်။မြူကောင်းပင်မြို့မှ နေသူများက ချန်ပီယံဆုကို သူတို့လူသာ ရချင်နေကြသည်။ထို့ကြောင့်ပင် ထိုင်ခုံမှပင်ရပ်၍ ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြခြင်းဖြစ်သည်။
သူတို့ကြားထဲမှ တခြားဆေးမြို့တော်မှ လူအချို့လည်း ရှိနေသည်။သူတို့၏ မျက်နာအမူအရာများက ရုပ်ဆိုးနေကြလေသည်။သို့သော်လည်းသူတို့က ပုဖန်ကို အားပေးနေသူများအား အနှောက်အယှက်မပြုပေ။
ထိုအစား သူတို့က လည်း သူတို့မြို့များမှ ပြိုင်ပွဲဝင်များ၏ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြလေသည်။
ပုဖန်အနည်းငယ်ပင် နစ်မြောသွားမိသည်။သို့သော်လည်း သူက တည်ငြိမ်နေတုန်းပင်ဖြစ်သည်။ဆန်းကြယ်သောကမ္ဘာထဲတွင် ထ်ိပ်ဆုံး၌ ရပ်တည်ရန် ရည်ရွယ်ထားသော သူတစ်ယောက်အနေဖြင့် ယခုအဖြစ်အပျက်လေးက သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
နယ်သာရီက ပို၍ပင် တည်ငြိမ်လေသည်။ထိုငရဲကမ္ဘာအမျိုးသမီးက အစားအစာမှလွဲ၍ တခြားမည်သည့်အရာကိုမှ ဂရုမစိုက်ပေ။
တစ်ခြားတစ်ဘက်တွင်မူ ပုဖန်၏ ပခုံးပေါ်မှ ပုစွန်ပိစိက ထိတ်လန့်မှုကြောင့် တောင့်တင်းသွားလေသည်။သို့သော်ပုဖန်က သူ့ကို ညှင်ညှင်သာသာလေး ပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။
အနားယူရသည့်နေရာကို ဝင်လာသည့်အချိန်၌ ရောက်နှင့်နေပြီးသား လူလေးယောက်ကို တွေ့လိုက်သည်။ထိုသူတို့၏ ရင်းနီးနေသော မျက်နာကြောင့် ပုဖန် ခဏမျှ ကြောင်အသွားလေသည်။
နန်ကုန်းဝူချယ်က ပုဖန်ကို လက်မထောင်ပြ၍ ပြောလိုက်သည်။
"ပိုင်ရှင်ပု မင်းသာဒီပွဲရဲ့ ချန်ပီယံ ဖြစ်လာမယ်ဆိုရင် ငါမင်းဆိုင်မှာရှိတဲ့ ဟင်းပွဲတိုင်းကို တစ်ပွဲစီမှာမယ် ..."
နန်ကုန်းဝမ် မျက်လုံးသာ လှန်ပြလိုက်မိသည်။ထို့နောက် သူပုဖန်ကိုကြည့်၍ ပြောလိုက်သည်။
"ပိုင်ရှင်ပု နင်လုပ်နိုင်ပါတယ်..."
နန်ကုန်းဝမ်က ပုဖန် ယခုကဲ့သို့ ဝေးဝေးပြေးနိုင်သည်ဟု လုံးဝမထင်ထားမိခဲ့ပေ။ပြောရမည်ဆိုလျှင်ထိုသူက စားဖိုမှူးတစ်ယောက်သာဖြစ်သည်။စားဖိုမှူး တစ်ယောက်က ပဉ္စလက်စုဝေးပွဲကြီးတွင် အဂ္ဂိရတ်ပညာရှင်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရမည်သာဖြစ်သည်။
ပထမဦးဆုံးအကြိမ်အဖြစ် သူမ၏ ယုံကြည်မှုများ ကျိုးပဲ့သွားခဲ့လေပြီ။အရင်က ဒီကမ္ဘာကြီးပေါ်တွင် အဂ္ဂိရတ်ပညာရှင်များက အံ့သြသင့်စရာ တည်ရှိမှုများဟု ထင်ခဲ့လေသည်။
သို့သော်လည်း ပုဖန်နှင့် တွေ့ကြုံပြီးနောက် အားလုံး အံ့သြသင့်စရာမဟုတ်ကြောင်း တွေ့သွားလေသည် ။
မှော်ကဝေ အန်းရှန့်ကလည်းပုဖန်ကို ပြုံး၍ နှုတ်ဆတ်လိုက်သည်။ထို့နောက် ပုဖန်နားသို့ အသာ တိုးကပ်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ပိုင်ရှင်ပု ဒီနေ့ ဘာဟင်းပွဲချက်မှာလဲဆိုတာကို သဲလွန်စ နည်းနည်းပေးလို့ရလား..."
သူမသည်လည်း နန်ကုန်းဝမ်နှင့် တူပေသည်။ပုဖန်နှင့် ကြုံပြီးမှသာ အဂ္ဂိရတ်ပညာရှင်များကသာ အရာရာ မဟုတ်ကြောင်းသိသွားလေသည်။
သူမရှေ့မှ စားဖိုမှူးက တကယ့်ကို အံ့အားသင့်စရာကောင်းလှပေသည်။ယခု သူမက စားဖိုမှူးများကိုပို၍ စိတ်ဝင်စားမိနေပေပြီ။
"မကြာခင် တွေ့ရမှာပါ..."
ပုဖန်က သူမကို တစ်ချက်ကြည့်၍ ပြန်ပြောလိုက်သည်။အန်းရှန့် နှုတ်ခမ်းဆူသွားလေသည်။
ထိုနားခေန်းထဲတွင်ရှိနေသော လေးယောက်ထဲတွင် ပုဖန် မျှော်လင့်မထားသည့် သူလည်းရှိနေပေသည်။ထိုသူက တိမ်ခိုးစားသောက်ဆိုင်၏ မူလပိုင်ရှင် ယန်မိန်ကျီဖြစ်သည်။
လေးယောက်ထဲတွင် ယန်မိန်ကျီက ပို၍ပင် အံ့အားတသင့် ဖြစ်နေလေသည်။အဘယ့်ကြောင့်ဆ်ိုသော် ပုဖန် အရင်အခ်ျိန်က သူမကို ပေးခဲ့ပြီးသော ကတိကို ထိုမျှ မြန်မြန်အကောင်အထည်ဖော်နိုင်မည်ဟူ၍ မတွေးထားခဲ့မိသောကြောင့်ပင်။
တိမ်ခိုးစားသောက်ဆိုင်က သူ့လက်ထဲတွင် တောက်ပလာစေရမည်ဟု ကတိပေးထားသည့်အတိုင်း ဖြစ်လာခဲ့သည်။အဖြစ်အမှန်က သူမတွေးတောထားသည်ထက်ပင် ကျော်လွန်နေပေသည်။
သူမ အလွန်အပင် စိတ်ခံစားလွယ်နေလေသည်။သူမ ပုဖန်ကို တစ်ချက်သာကြည့်လိုက်ပြီး ဘာစကားမှမပြောလိုက်ပေ။
ပုဖန်ကလည်း သူမ၏ ခံစားချက်များကို သိသောကြောင့် သူ့ပခုံးကို အသာဖွဖွပုတ်ပေးလိုက်သည်။
ထွားကြိုင်းသန်မာလှသော အမျိုးသမီးတစ်ယောက် ဝမ်းနည်းကြေကွဲနေသည်ကို မြင်ရသည်မှာ သူတို့ အနည်းငယ်တော့ ထူးထူးဆန်းဆန်းခံစားမိလေသည်။
"ကြိုးစားထား...ချန်ပီယံဆုက နင့်အတွက်ပဲ..."
ယန်မိန်ကျီက ပုဖန် လျှောက်ထွက်သွားသည့်အချိန်၌ လက်သီးဆုပ်၍ အားပေးကြွေးကြော်လိုက်သည်။ပုဖန် ခဏမျှ တန့်သွားသော်လည်း သူအရှေ့ကိုသာ ဆက်လျှောက်သွားလိုက်သည်။
.....
အရင်အပတ်က ဖျက်စီးခံထားရသော စင်မြင့်များကလည်း ပြန်လည် ပြင်ဆင်ပြီးသွားလေပြီ ယခုအချိန်၌ စင်မြင့်က ရွှေရာင်ဖြစ်ပြီးကြေးရောင်မဟုတ်တော့ပေ။နေရောင်အောက်တွင် ရွှေရောင်တောက်ပနေသော စင်မြင့်က ပရိတ်သတ်များကို ပို၍ စိတ်လှုပ်ရှားစေသည်။
ပုဖန် စင်မြင့်ထက်သို့ ရောက်သည့်အခါတွင် သူက ပထမဦးဆုံး ရောက်နေသူဖြစ်နေသောကြောင့် အံ့အားသင့်သွားမိသည်။
ထိုအချိန်၌...ရင်ပြင်ကျယ်ထဲရှိ ပရိတ်သတ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြန်သည်။
ရင်ပြင်ကျယ်၏ ဝင်ပေါက်မှနေ၍ တစ်စုံတစ်ယောက် ဖြေးဖြေးချင်း လျှောက်ဝင်လာလေသည်။
ထိုသူက နက်ဆွေးနေသော ကြီးမားလှသည့် ဆေးမီးဖိုကို သယ်ဆောင်ထားသည် ။ထိုဆေးမီးဖိုတွင် ထူးခြားဆန်းကြယ်လှသော ပုံစံများကိုလည်း ရေးဆွဲထားလေသည်။
ချောမောခန့်ညားလှသော မုပိုင်က သူ့၏ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်က တုန်ခါသွားလေသည်။သူရောက်လာသည်ကို တွေ့သည်နှင့် ပရိတ်သတ်များက ဆူညံစွာ အော်ဟစ်နေကြလေသည်။
"ဆေးဘုရင် မုပိုင်...ပဉ္စလက်စုဝေးပွဲကြီးရဲ့ ချန်ပီယံ ပေါ်ထွက်လာပြီ...သူ့ရဲ့ အဂ္ဂိရတ်ပညာ စွမ်းရည်က အရမ်းအံ့အားသင့်စရာကောင်းတယ် သူ့ရဲ့ နတ်ဆိုးလို စွမ်းရည်နဲ့ဆိုရင် ဘယ်သူမှ သူရှေ့မှာ ပိတ်ရပ်နိုင်မှာ မဟုတ်ဘူး..."
သူ့အတွက် သေချာနေပြီးသော နေရာက ပုဖန် ထွက်ပေါ်လာသောကြောင့် ပျက်ပြယ်သွားရသည်။ထို့ကြောင့် မုပိုင်က အလေးအနက် အာရုံစိုက်ထားပေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်မှ ပေးသည့် ဖိအားက အလွန်တရာပင် ကြီးမားလွန်းသောကြောင့် သူ လျစ်လျူမရှုရဲပေ။
"အဲ့ဒါက ကြယ်ကိုးပွင့် ဆေးမီးဖိုပဲ ဘုရားရေ ...ဒီလို ထိပ်တန်းဆေးမီးဖိုမျိုးကိုတောင် ယူလာတယ်လား ..."
"ကြယ်ကိုးပွင့် ဆေးမီးဖို ဟုတ်လား...အဲ့ဒီဆေးမီးဖိုက ဆေးနန်းတော်ရဲ့ ဆေးသခင် တစ်ခါအသုံးပြုဖူးတယ် မဟုတ်လား..."
"ငါကြားခဲ့တာတော့ ဆေးနန်းတော်ကြီးရဲ့ ဆေးသခင်က မုပိုင်ကို သတ်ိပြုမိသွားပြီး သူ့ကို ညွှန်ကြားမှုတွေ လုပ်ပေးတယ်တဲ့ အခုပုံစံတိုင်းဆိုရင်တော့ ကြားထားတာ မှန်ပုံပဲ..."
ထိုကြယ်ကိုးပွင့် ဆေးမီးဖိုက ဆေးလုံးသန့်စင်ရာတွင် ကြီးမားစွာ အထောကိအကူပြုလေသည်။ယခုအခ်ျိန်မျိုးမှာ မုပိုင်က ထိုဆေးမီးဖိုကို သယ်လာလေရာ ချန်ပီယံဆုက သူ့အတွက် ဖြစ်လာပေတော့မည်။
ဘုန်း...
ဆေးမီးဖိုနှင့် စင်မြင့်တို့ ရိုက်ခတ်မိသွားပြီး ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။မုပိုင် ကြွက်သားများကို ဖြေလျော့လိုက်ပြီး ပုဖန်ကိုကြည့်၍ အပြုံးဖြင့် ခေါင်းညိတ် နှုတ်ဆတ်လိုက်သည်။
ပုဖန်က ထိုဆေးမီးဖိုဆီမှ အကြည့်လွှဲလိုက်ပြီးနောက် မုပိုင်နှင့် အကြည့်ဆုံလိုက်သည်။
ဆေးမီးဖိုကနေ ဖြာထွက်နေတဲ့ စွမ်းအင်တွေက သာမန်မဟုတ်ဘူး...ကြည့်ရတာတော့ ဒီမုပိုင်မှာ စွမ်းရည်တစ်ချို့ရှိပုံပဲ...ဒီတစ်ကြိမ်ပြိုင်ပွဲကတော့ ခက်ခဲမှာပဲ ...
သို့သော်လည်း ပုဖန်က စိုးရိမ်ပူပန်နေခြင်းမရှိပေ။ဒီတစ်ကြိမ် ပြုလုပ်မည့် ဟင်းပွဲကို ပုစွန်ပိစိက ကူညီပေးမည်ဖြစ်သောကြောင့်သူ အလွန်ယုံကြည်မှုရှိနေလေသည်။
ထိပ်သီး ၃ယောက်ထဲမှ ချန်ပီယံဆုကို ပရိတ်သတ်များ၏ အကဲဖြတ် မဲအရေအတွက်ကိုပါထည့်၍ ဆုံးဖြတ်မည်ဖြစ်သည်။ထို့ကြောင့် စင်မြင့်ပေါ်တွင် ရွှေရောင်စင်မြင့် ၃ခုရှိနေသည်။ပြိုင်ပွဲဝင်နှစ်ယောက်သာရောက်သေးပြီး တစ်ယောက်က ရောက်မလာသေးပေ။
ပရိတ်သတ်များက နောက်ဆုံး ပြိုင်ပွဲဝင်ကို ဂရုမစိုက်ကြပေ။ထိုသူက အမြောက်ဆံလေးသာဖြစ်လေသည်။သူတို့အားလုံးက မုပိုင်နှင့် ပုဖန်ကိုသာ အာရုံစိုက်နေသောကြောင့် ကျန်သည့်သူ မည်သူဖြစ်ဖြစ် အရေးမကြီးပေ။
ထပ်...ထပ်...ထပ်...
ရင်ပြင်ကျယ်အပေါက်အဝဆီမှ ခြေသံတစ်ချို့ ထွက်ပေါ်လာပြီး လှပချောမောလှသော သူတစ်ယောက်လျှောက်ဝင်လာသည်။သူမက ချောမောသည်ဆိုသော်လည်း သာမန်အဂ္ဂိရတ်ပညာရှင်နဲ့သာ တူနေလေသည်။
သူမ၌ တစ်ခုတည်းသောဆွဲဆောင်မှုရှိသည့်အရာမှာ ဖြူစင်သန့်ရှင်းသည့် အဖြူရောင်ဆံပင်များပင်ဖြစ်သည်။ထို့ကြောင့်ပင် အားလုံး၏ အကြည့်များက သူမဆီသို့ ရောက်သွားကြသည်။
"နောက်ထပ် ပြိုင်ပွဲဝင်က အမျိုးသမီးလား သူမမှာ အဖြူရောင်ဆံပင်တွေရှ်ိတယ်လား ..."
သို့သော်လည်း ထိုအမျိုးသမီး မျက်လုံးပင့်ကြည့်လာသည့်အ ခါ၌ ပရိတ်သတ်များ လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။ထိုမျက်နာက ရင်းနီးကျွမ်းဝင်နေပေသည်။
မုပိုင်ကလည်း စင်မြင့်ဆီသို့ လျှောက်လာသော ထိုပြိုင်ပွဲဝင်ကို လှမ်းကြည့်နေလေသည်။သူမ၏ မျက်နာနှင့် သူမ၏ အဖြူရောင်ဆံပင်များကို သတိထားမိလိုက်သည့်အချိန်၌ သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။
"အဲ့ဒါ သူပဲ..."
မုပိုင် လေအေးတစ်ချက်ရှိုက်လိုက်မိပြီး သူ့၏ အမူအရာကလေးနက်တည်ကြည်သွားလေသည်။ထိုအမျိုးသမီးဆီမှ ဖြာထွက်နေသော အော်ရာများက ကြောက်စရာကောင်းလှသည်။သူ့ကိုကြည့်လိုက်မိသည့်သူတိုင်း နှလုံးသားများ တင်းကျပ်သွားပြီး အသံလေးတစ်ချက်မှပင် မပြုရဲတော့ပေ။
မုပိုင်နှင့် ပုဖန်တို့လည်း ဖိအားများကို ခံစားလိုက်မိသည်။ထိုအမျိုးသမီး စင်ပေါ်သို့ ရောက်လာသည့်အခ်ျိန်၌ ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သို့သော် သူမက အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာလေသည်။
"နင်က နာမည်ကြီးနေတဲ့ ဖျက်မြင်းစားဖိုမှူးဆိုတာဖြစ်မယ် ...အရမ်းကောင်းတယ်...ငါက ကျော်ကြားတဲ့ ဖျက်မြင်းတွေကို နင်းချေရတာ ကြိုက်တယ်..."
သူမက ပြောပြီးသည်နှင့် နေရာမှာပဲ မရွှေ့ပဲ တောင့်ခဲနေသော မုပိုင်ကို လှည့်ကြည့်လိုက်သည်။
"ငါတို့ ထပ်တွေ့ကြပြန်ပြီ ဒီတစ်ခါတော့ နင်ကံကောင်းတော့မှာမဟုတ်ဘူး..."
ထိုအမျိုးသမီးက ညှင်သာစွာ ပြောလိုက်သော်လည်း ပရိတ်သတ်များ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားလိုက်ရသည်။
မုပိုင်၏ မျက်ဝန်းများ စူးရှသွားပြီး တီးတိုးရေရွတ်လိုက်သည်။
"နတ်ဆိုးဖြူ ကျန်းလင်..."
"ဟုတ်တယ် ...ငါပဲ..."