အပိုင်း ၅၆၁
Viewers 54k

အခန်း ၅၆၁

ပိုင်ရှင်ပု ဘာချက်မှာလဲ...


နတ်ဆိုးဖြူ ကျန်းလင် ...


ထိုနာမည်က ပရိတ်သတ်များအတွက် ရင်းနီးသလို အနည်းငယ်လည်း စိမ်းသက်ပေသည်။အဘယ့်ကြောင့်ဆိုသော် ထိုနာမည် နောက်ဆုံးပေါ်ထွက်လာချိန်က လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။


ထိုအချိန်က နတ်ဆိုးဖြူ ကျန်းလင်က အံ့အားသင့်လောက်စရာ ဆေးလုံးသန်စင်မှု စွမ်းရည်ကို ပြသခဲ့ပြီး ပြိုင်ပွဲကြီး၏ ထိပ်သီး စာရင်းထဲတွင်ပါဝင်ခဲ့သည်။သို့သော်လည်း ကံမကောင်းလှစွာဖြင့် ထိုအချိန်က ပြိုင်ပွဲဝင်များတွင် အရည်အချင်းမြင့်မားသူ များလှသည်။ထို့ကြောင့် သူမက လေးယောက်မြောက်နေရာကိုသာ ဆွတ်ခူးနိုင်ခဲ့သည်။


ထိုအခ်ျိန်က မုပိုင်၏ စွမ်းဆောင်ရည်များ ပေါ်ထွက်မလာသေးပဲ ဆေးဘုရင် ဆိုသည့် ဘွဲ့ကို မရသေးပေ။ထိုအခ်ျိန်က နတ်ဆိုးဖြူ ကျန်းလင်နှင့် ပြိုင်ပွဲတွင် မုပိုင်က လုံးဝ ဥသုံ ရှုံးနိမ့်ခဲ့ရလေသည်။


ထိုပြိုင်ပွဲကို သူလုံးဝ မမေ့ပေ။ထိုအရှက်ကွဲမှုက သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေပေသည်။


ထိုကျန်းလင်က ကံမကောင်းစွာဖြင့်ပင် မုပိုင်၏ စီနီယာကို ရှုံးနိမ့်ခဲ့ရပြီး လေထုထဲတွင် အငွေ့အသက်အဖြစ်ပျောက်သွားသလိုမျိုး သုံးနှစ်လုံးလုံး ပေါ်မလာခဲ့ပေ။


ဒီနေ့၌ သူမက ပေါ်ထွက်လာပြီး ဖိုင်နယ်ပွဲစဉ်ကို ရောက်ရှိလာခဲ့သည်။မုပိုင်၏ ချောမောခန့်ညားလှသော မျက်နာတွင် ခံစားချက်မျိုးစုံ ရောယှက်နေပေသည်။


မုပိုင်က ကျန်းလင်၏ ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်သည်။သူ့၏ မျက်လုံးထဲ၌လည်း တိုက်ခိုက်ချင်သည့် အငွေ့အသက်များတောက်ပလာလေသည်။


ပုဖန်ကမူ သူရှေ့မှ မောက်မောက်မာမာ ဝင့်ကြွားနေသော အမျိုးသမီးကို သူလုံးဝ မသိသလို ဂရုလည်းမစိုက်ပေ။သူရှေ့၌ ထ်ိုကဲ့သို့ ထောင်လွှားပြသူ များစွာ ရှိခဲ့ဖူးလေသည်။သူမကလည်း ထိုထဲမှ တစ်ယောက်သာဖြစ်သည်။မကြာခင်မှာပင် ပရိတ်သတ်များက စိတ်လှုပ်ရှားစွာဖြင့် ထ်ိုအမျိုးသမီးအကြောင်းကို ပြောဆိုနေကြလေသည်။သူတို့ ပြိုင်ပွဲကို ကြည့်ရှုရန် မစောင့်နိုင်ကြတော့ပေ။


ကျယ်လောင်လှသော အသံနှင့်အတူ ပြိုင်ကွင်း၏ ကောင်းကင်ထက်တွင် ကြီးမားလှသော စစ်သင်္ဘောကြီးတစ်ခု ဆိုက်ကပ်လာလေသည်။ထို့နောက် မဟာသခင်ငါးယောက် ထွက်ပေါ်လာ၏။


ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားသော ဒိုင်လူကြီးချုပ်က စင်မြင့်၏ အလယ်သို့ လျှောက်လာခဲ့လေသည်။ဒီနေ့က ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်သောကြောင့် ပို၍ အရေးကြီးလှပေသည်။


အားလုံး၏ အမူအရာက တည်ငြိမ်သွားကြပြီး ပြိူင်ပွဲစင်မြင့်ကိုသာ အာရုံစိုက်ထားကြလေသည်။


ပြိုင်ပွဲဝင် ၃ယောက်လုံး သူတို့၏ စင်မြင့်ဘေးဆီ၌ နေရာယူလိုက်ကြချိန်တွင် ဒိုင်လူကြီးချုပ်က ပြိုင်ပွဲ၏ စည်းမျဉ်းများကို စတင်ကြော်ငြာလိုက်သည်။


မဟာသခင် ရွှမ်မင်ကလည်း ပြိုင်ပွဲဝင်များကို အားပေးစကား အနည်းငယ် ပြောကြားလိုက်သည်။


ထို့နောက် ဖိုင်နယ်ပွဲစဉ်ကြီး တရားဝင် စတင်ပေပြီ။


ဒိုင်လူကြီးချုပ်က ပြိုင်ပွဲကွင်းပြင်ကို စည်းချလိုက်သည်။ပြိုင်ကွင်း၏ လေထုက အလွန်ပင် တင်းကျပ်နေသော်လည်း ပြိုင်ပွဲဝင်များ၏ အမူအရာက တည်ငြိမ် အေးဆေးနေတုန်းပင်ဖြစ်သည်။


မုပိုင်က သူ့၏ ကြယ်ကိုးပွင့် ဆေးမီးဖိုအပေါ်တွင် လက်ဝါးတင်လိုက်သည်။မီးဖိုဘေးနား၌ သိပ်သည်းလှသော စွမ်းအင်များ လှည့်ပတ်လာပြီး ကြယ်ကိုးပွင့် ဆေးမီးဖိုက လေထဲ လွင့်မျောလာလေသည်။


ဟူး...


မုပိုင် အသက်ပြင်းပြင်းရှိုက်ထုတ်လိုက်သည်။ထို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို ထိန်းချုပ်လိုက်ပြီး ဆေးမီးဖိုဘေး၌ စနစ်တကျဖြင့် လှည့်ပတ်စေလိုက်သည်။မကြာခင်မှာပင် နက်မှောင်နေသောဆေးမီးဖို၌ တောက်ပလှသော လိုင်းကိုးလိုင်းပေါ်လာလေသည်။


ကြယ်ကိုးပွင့် ဆေးမီးဖိုက သူ့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပြသရန် အဆင့်သင့်ဖြစ်နေလေပြီ။


ဟုန်...


မုပိုင်က နတ်ဆိုးဖြူ ကျန်းလင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်မှ မီးတောက် စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ထိုမီးတောက်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စင်မြင့်ပေါ်ရှ် အပူချိန်က ရုတ်ချည်း တိုးမြင့်လာလေသည်။ပရိတ်သတ်များ၏ မျက်ဝန်းများက တောက်ပသွားကြသည်။


"အဲ့ဒါ ကောင်းကင်ကမ္ဘာမြေ မီးတောက်ပဲ...မုပိုင်မှာလည်း ကောင်းကင်ကမ္ဘာမြေမီးတောက်ရှိနေတာပဲ...အမှောင်အိမ်မက်ဆိုး မီးလျှံစိမ်း..."


"အဲ့ဒါ ကောင်းကင်ကမ္ဘာမြေ မီးလျှံ အမှောင်အိမ်မက်ဆိုး မီးလျှံစိမ်း...မိုက်တယ် အရမ်းမိုက်တယ်...ကောင်းကင်ကမ္ဘာမြေမီးလျှံဆိုမှတော့ အရမ်းမိုက်တာ အသေအချာပဲ..."


တောက်ပကောင်းကင်မြို့မှ ပါရမီရှင် တစ်ယောက်ဖြစ်သော မုပိုင်အနေဖြင့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကို မပိုင်ဆိုင်ပဲ နေပါအံ့နည်း။ထိုမီးတောက်က အဂ္ဂိရတ်ပညာရှင်တိုင်းအတွက် အရေးကြီးသည့် မီးလျှံဖြစ်သည်။


တောက်ပကောင်းကင်မြို့ ဆေးနန်းတော်က မုပိုင်လိုအပ်သမျှ အားလုံးကို ထောက်ပံ့ပေးနေသည်ဖြစ်ရာ ထိုကောင်းကင်ကမ္ဘာမြေမီးလျှံကို မပေးပဲ နေပါအံ့နည်း။


တစ်ခြားတစ်ဘက်တွင် ပုဖန်ကလည်း သူ့၏ လက်ကောက်ဝတ်ကို အသာလှုပ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်သည်။သူ့လက်ဖဝါးပေါ်၌ ရွှေနဂါးအရိူးမီးဖိုချောင်သုံးဓားလည်း ပေါ်လာသည်။သူက ကြည့်ရှုနေသူများကို ဓားစွမ်းရည်အချို့ ပြသလိုက်သည်။


သို့သော်လည်း ထိုမြင်ကွင်းကိုကြည့်၍ ပရိတ်သတ်များက အံ့သြသွားခြင်းမရှိပေ။ထိုအရာများကို သူတို့ အလွန်ပင် အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပြီး သူတို့အတွက် အဆန်းတကြယ်မဟုတ်တော့ပေ။


သို့သော်လည်း ပုဖန် ရွှေရောင်မီးလုံးကို ထုတ်လိုက်သည့်အခ်ျိန်၌ ပရိတ်သတ်များက အော်ဟစ်အားပေးလိုက်ကြပြန်သည်။


နောက်ထပ် ကောင်းကင်ကမ္ဘာမြေမီးလျှံတစ်ခု...


ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက် ပေါ်ထွက်လာသည်နှင့် ပြင်းထန်လှသည့် အပူချိန်က ပတ်ဝန်းကျင်ကို ပြန့်နှံ့သွားသည်။သို့သော်လည်း မုပိုင်၏ အမှောင်အိမ်မက်ဆိုးမီးလျှံစိမ်းကလည်း အညံ့မခံပဲ သူ့၏ စွမ်းအားများကို တိုးမြင့်လိုက်သည်။


ကောင်းကင်ကမ္ဘာမြေမီးလျှံများဖြစ်သော အမှောင်အိမ်မက်ဆိုးမီးလျှံစိမ်းနှင့် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်တို့က စင်မြင့်ကို အပိုင်လွှမ်းမိုးရန် ကြိုးစားနေသကဲ့သို့ပင်။


 မုပိုင် ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။ထိုမီးလျှံနှစ်ခု တစ်ခုကိုတစ်ခု လွှမ်းမိုးရန် ကြိုးစားနေခြင်းအား ပရိတ်သတ်များလည်း ခံစားမိလေသည်။


ရုတ်တရက် ပုဖန်နှင့် မုပိုင်တို့က တစ်စုံတစ်ရာကို ခံစားမိလိုက်သလို ခဲတောင့်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်ကြသည်။သူတို့၏ အနောက်မှ ထူးခြားဆန်းကြယ်သော စွမ်းအင်လှိုင်းများ ပြန့်နှံ့လာသည်။ထိုအရာက အချိန်ကြာမြင့်စွာ အိပ်မောကျနေသော သားရဲဆိုးကြီး နိုးထလာသကဲ့သို့ပင်။


နတ်ဆိုးဖြူ ကျန်းလင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏ လက်ကို မြှောက်လိုက်သည်။ကြမ်းတမ်းရက်စက်ပုံရသော စိမ်းပုပ်နေသည့် မီးလျှံတစ်ခု ထွက်ပေါ်လာလေသည်။


၎င်းက ငြိမ်သက်နေသော်လည်း လေထုကိုပင် ဆုတ်ဖြဲပစ်တော့မလို ထင်ရသည်။စင်ပေါ်တွင် မင်းမူနေသော မီးလျှံနှစ်ခုဆီသို့ အစိမ်းပုပ်ရောင်တောက်ပနေသော မီးလျှံတစ်ခုက ပျော်ပျော်ကြီး ပူးပေါင်းပါဝင်လာပြီး လွှမ်းမိုးရန် ကြိုးစားလေတော့သည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံလား... ငါ့မှာလည်းရှိတယ်လေ..."


နတ်ဆိုးဖြူ ကျန်းလင်၏ မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် တောက်ပနေလေသည်။သူမ ပုဖန်ဆီကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ရုတ်တရက် သူမ၏ အစိမ်းပုပ်ရောင်မီးလျှံက ပို၍ ပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။သူက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နှင့် အမှောင်အိမ်မက်ဆိုးမီးလျှံစိမ်းတို့ကို ဖိနှိမ့်လေသည်။


ပရ်ိတ်သတ်များအားလုံး လေအေးတစ်ရှ်ိုက်စီ ရှိုက်လိုက်မိကြသည်။ပြိုင်ပွဲဝင်သုံးယောက်လုံး ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားကြလေရာ ဒီပြိုင်ပွဲက အလွန်စိတ်ဝင်စားစရာကောင်းလာပေပြီ။


သူတို့ မည်သူမှ စတင် မသန့်စင်ရသေးသော်လည်း လေထုက တင်းမာနေပေပြီ။ကောင်းကင်ကမ္ဘာမြေမီးလျှံများ၏ တိုက်ပွဲမှ ထွက်ပေါ်နေသော စွမ်းအင်များကလည်း ပရိတ်သတ်များ၏ နှလုံးသားကို တုန်ယင်စေသည်။


မုပိုင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ့၏ အမှောင်အိမ်မက်ဆိုးမီးလျှံစိမ်းကို ဆေးမီးဖိုထဲသို့ ထည့်လိုက်သည်။ဆေးမီးဖိုက မျက်စိကျိန်းလောက်အောင် တောက်ပလာလေပြီ။


မုပိုင် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရင်း သူ့၏ သိုလှောင် ကိရိယာထဲမှ စိတ်ဝိညာဉ် စွမ်းအင်အပြည့်ဖြစ်နေသော ဆေးပင်များကိုထုတ်ယူ၍ စင်ပေါ်တင်ထားလိုက်သည်။


ထိုရွှေရောင် စင်မြင့်များကို မြူကောင်းကင်မြို့မှ အထူးပြုလုပ်ထားခြင်းဖြစ်သည်။ဆေးပင်များကို စင်ပေါ်တွင် တင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဆေးပင်များကို လွှမ်းခြုံသွားသည်။ဆေးပင်များမှ ထွက်ပော်လာသော စိတ်ဝိညာဉ် စွမ်းအင်များကို သာမန်မျက်လုံးထဲဖြင့် မြင်ရလေသည်။


ထိုဆေးပင်များဆီမှ ထွက်ပေါ်နေသော သိပ်သည်းလှသည့် ဆေးစွမ်းအင်များက လှပလှသည့် ပန်းချီကားတစ်ချပ် ရေးဆွဲနေသကဲ့သို့ပင် ပရ်ိတ်သတ်များကို အံ့အားသင့်သွားစေသည်။


"အဆင့်မြင့်ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီးပဲ ...မုပိုင် သန့်စင်တဲ့ ဆေးလုံးက သာမန်မဟုတ်နိုင်ဘူး သူ အမှတ် ၆ စိတ်ဝိညာဉ် ဆေးလုံးကိုများ သန့်စင်မလို့လား ..."


နတ်ဆိုးဖြူ ကျန်းလင်က ထိုမြင်ကွင်းကိုကြည့်၍ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် သူမ၏ လက်ဖျားထိပ်၌ အလင်းရောင်တစ်စ ပေါ်လာလေသည်။ထိုအလင်းရောင်က တဖြေးဖြေး ပြန့်ကားလာပြီးနောက် လုံးဝန်းနေသည့် သုံးချောင်းထောက် ဆေးမီးဖိုတစ်ခု ပေါ်လာလေသည်။


ထို့နောက် သူမ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်နှင့် တောင်လိုပုံနေသည့် ဆေးဖက်ဆ်ိုင်ရာ ပစ္စည်းများထွက်ပေါ်လာလေသည်။ထို ပါဝင်ပစ္စည်းများမှ စိတ်ဝိညာဉ် စွမ်းအားများက ကောင်းကင်ထက်တိုင်အောင်ပင် ထိုးတက်နေလေသည်။


ရွှေရောင် စင်မြင့်ဆီမှ အလင်းရောင်နှင့် ဆေးပင်များ၏ စွမ်းအားများ အတူတကွ ရောစပ်နေပုံက မျက်စိမလွှဲချင်အောင် ဆွဲဆောင်မှုရှိလှသည်။


သူမ သန့်စင်မည့်ဆေးလုံးကလည်း မုပိုင်စီစဉ်ထားသည်ထက် အနည်းငယ်မျှပင် အားနည်းလိမ့်မည်ဟု မထင်ပေ။ဒါက အင်အားကြီးမားသူများကြားထဲမှ ပြင်းထန်သည့် တိုက်ပွဲပင်ဖြစ်လေသည်။


သို့သော်လည်း ပရိတ်သတ်များက သူတို့ နှစ်ဦးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန်အတွက် ပုဖန် မည်သည့်ဟင်းပွဲများ ပြင်ဆင်မည်ကိုသာ ပို၍ စိတ်ဝင်စားနေကြလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ပေါ်တွင် တင်ထားလိုက်ပြီးနောက် သူအစောပိုင်းက ပြင်ဆင်ထားပြီးသော ပါဝင်ပစ္စည်းများကို သိုလှောင်နယ်မြေထဲမှ ထုတ်ယူလိုက်သည်။


ဒီတစ်ကြိမ်၌ သူက ပါဝင်ပစ္စည်းအမြောက်အများကို ပြင်ဆင်ထားလေရာ ကြည့်ရှုနေသူများအားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ထို့အပြင် ပါဝင်ပစ္စည်းများ၏ အဆင့်ကလည်းအလွန်ပင် မြင့်မားနေလေသည်။ရွှေရောင်စင်မြင့်ပေါ်သို့ တင်လိုက်သည်နှင့် စွမ်းအင်များက ပေါင်းစပ်သွားကာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။


ထိုပါဝင်ပစ္စည်းများကြားထဲ၌ ကြီးမားလှသည့် ဝက်ဝံကြီးလည်း ပါနေလေ၏။ပရိတ်သတ်များကြားထဲတွင် ထိုင်နေသော ရှုံးရှီက ထိုဝက်ဝံကြီးကို မြင်လိုက်သည်နှင့် သူ့၏ စိတ်ထဲတွင် နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။


"ငါ့ရဲ့ ဝက်ဝံကြီး...."


ပုဖန်က ဂျုံမှုန့်များနှင့် ပြည့်နေသည့် အဖြူအပြာရောစပ်ထားသည့် ကြွေပန်းကန်လုံးကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။


"ဂျုံမှုန့် ...သူဘာများလုပ်မှာလဲ..."


ပရိတ်သတ်များက ပုဖန်ထုတ်ယူထားသော ပါဝင်ပစ္စည်းများနှင့် ထိုဂျုံမှုန့်ကို တွဲစပ်ကြည့်၍ မရပေ။သူတို့ ပုဖန် မည်သည့်ဟင်းချက်မည်ကို ခန့်မှန်းကြည့်၍ မရပေ။


ပရိတ်သတ်များထဲမှ နန်ကုန်းဝူချယ်ပင်လျှင် အတွေးနစ်နေတုန်းဖြစ်သည်။သို့သော်လည်း သူတို့အားလုံး ပြောနိုင်သည်က ပုဖန် ချက်မည့် ဟင်းပွဲက သာမန်တစ်ခုတော့ မဟုတ်နိုင်ပေ။


ရုတ်တရက် ပရိတ်သတ်များအားလုံး အံ့သြသွားကြသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က သူ့ပခုံးပေါ်မှ ပုစွန်ပိစိကို ယူလိုက်ပြီး စင်ပေါ်ရှိ ပါဝင်ပစ္စည်းများကြားထဲ၌ ချလိုက်သည်။


ထို့နောက် သူ့၏ ရွှေရောင်စင်မြင့်ဆီမှ ထုတ်လွင့်လာသော အလင်းရောင်များက တစ်ခြားပြိုင်ပွဲဝင်နှစ်ယောက်ထက်ပင် ပို၍ တောက်ပလာလေသည်။အားလုံး လေအေးတစ်ချက် ထပ်မံ ရှုရှိုက်လိုက်မိကြသည်။


"ဒီပုစွန်ပိစိက ဘာလဲ...ဒီအကောင်သေးသေးလေးက ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ် စွမ်းအင် ပမာဏ အရမ်းများနေရတာလဲ..."


နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး တီးတိုးရေရွတ်လိုက်သည်။


"ပိုင်ရှင်ပုက အဲ့ဒီ ပုစွန်ပိစိကိုများ ချက်ပစ်လိုက်တော့မလို့လား..."


ပိုင်ရှင်ပုက နောက်ဆုံးတော့ ထိုပုစွန်ပိစိကို ချက်ရန် ဆုံးဖြတ်လိုက်ပေပြီ။သူ ထိုချစ်စဖွယ်ကောင်းလှသော ပုစွန်ပိစိကို မြင်နေသည်မှာအချိန်ကြာလှပေပြီ။သူ့၏ အရသာက ဘယ်လိုနေမည်ကို မည်သူများသိနိုင်မလဲ...


မုပိုင်နှင့် ကျန်းလင်တို့ကလည်း ပုဖန်ဆီသို့ နက်ရှိုင်းစွာ လှမ်းကြည့်လိုက်ကြသည်။သို့သော် ခဏအတွင်းမှာပင် ကျန်းလင်က အဓိပ္ပါယ်ပါသည့် အပြုံးတစ်ခု ပြုံးလိုက်လေသည်။


ဝမ်...


ထ်ို့နောက် သူတို့နှစ်ယောက်စလုံးက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူတို့ ပြင်ဆင်ထားသည့် ဆေးဖက်ဝင်ပစ္စည်းများက ဆေးမီးဖိုများဆီသို့ ပျံသန်းသွားလေသည်။


သူတို့၏ ခန္ဓာကိုယ်မှ စိတ်စွမ်းအားများထွက်ပေါ်လာလေသည်။သူတို့၏ ကျင့်ကြံဆင့်က အလွန်မြင့်မားနေသောကြောင့် ပရိတ်သတ်များအားလုံး မသက်မသာခံစားလိုက်ရသည်။


ပုဖန်က ထိုသူနှစ်ယောက်ဘက်သို့ တစ်ချက်မျှသာကြည့်လိုက်ပြီး သူ့၏ ပါဝင်ပစ္စည်းများကိုသာ မနှေးမမြန် ပြင်ဆင်လိုက်လေသည်။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ အရွယ်အစားက ကြီးမားပြန့်ကားလာသည်။သူ တစ်ချက်မျှ ဝှေ့ယမ်းလိုက်သည်နှင့် စင်မြင့်ထက်တွင်ရှိနေသော ပါဝင်ပစ္စည်းများအားလုံး ပိုင်းဖြတ်ပြီးသားဖြစ်သွားလေသည်။


ထို့နောက် ဝက်ဝံကြီးဆီမှ အသားလွှာများ ပိုင်းဖြတ်လိုက်သည်။ထိုအသားများကို ရေသေချာ ဆေးပြီးနောကိ သူကြိုတင်ပြင်ဆင်ထားသော ပန်းကန်လုံးကြီးတစ်ခုထဲသို့ ထည့်လိုက်သည်။


ပရိတ်သတ်များက အခြားနှစ်ယောက်၏ ပြင်ဆင်မှုများကို အနည်းငယ်မျှသာ ဂရုစိုက်မိကြပြီး အာရုံအားလုံးကို ပုဖန်၏ ချက်ပြုတ်ခြင်း၌သာ စုပုံထားလေသည်။သူတို့ စိတ်ဝင်စားမှု အရှိဆုံးမှာ လျှင်မြန်သွက်လက်စွာလှုပ်ရှားနေသည့် ဓားစွမ်းရည်များပင် ဖြစ်သည်။


ပုဖန်က အားလုံး ဆေးကြော ပြင်ဆင်ပြီးသည့်နောက် ပါဝင်ပစ္စည်းများအားလုံးကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။


"ငါသိပြီ...ဒီတစ်ကြိမ် ပိုင်ရှင်ပု ချက်မည့် ဟင်းပွဲက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပဲ ဖြစ်မယ်..."


နန်ကုန်းဝူချယ်က ကျယ်လောင်စွာ လက်ခုပ်တစ်ချက်တီးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်လေသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို သူနေ့တိုင်းနီးပါးပင်စားနေသောကြောင့် ထိုစွပ်ပြုတ်အိုးထဲ မည်သည့် ပါဝင်ပစ္စည်းပါသည်ကို အဘယ်သို့ မသိပဲနေပါမည်နည်း။


ပုဖန် ပြင်ဆင်ထားသည့် ပစ္စည်းများက သူချက်ပြုတ်နေကြ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် အနည်းငယ် ကွာခြားနေသည်သာရှိလေသည်။


"ဒီတော့ ပုစွန်ပိစိကလည်းပါဝင်ပစ္စည်းပဲလား...ဒါဆို ပုစွန် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲပေါ့ ဘုရားရေ..."


သူထိုဟင်းပွဲကို တကယ့်ကို မြည်းစမ်းကြည့်ချင်ပေသည်။ထိုအတွေးကို တွေးမိလိုက်သည်နှင့် နန်ကုန်းဝူချယ် သရေတများများပင်ကျလာလေသည်။


...


ဒေါင်...


ပုဖန်က ကြီးမားသည့် အဖုံးပါသည့် အိုးတစ်လုံးကို ယူလိုက်သည်။ထိုအိုးပေါ်တွင် မျက်နာ၌ နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ဗိုက်ပူပူနှင့် တောက်ပနေသည့် နတ်မင်းတစ်ပါးပုံ ရှိလေသည်။


၎င်းက တကယ်ကို နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုး ဖြစ်ပုံရလေသည်။သူတို့၏ ပထမအတွေးများမှာ မှန်ကန်နေပေသည်။သို့သော်လည်း သူတို့အားလုံး အနည်းငယ်တော့ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။အဘယ့်ကြောင့်ဆိုသော် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအကြောင်းကို သူတို့အားလုံး သိထားပြီးဖြစ်သည်။


သို့သော်လည်း သူတို့ တွေးနေစဉ်မှာပင် ပုဖန်က ထိုနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကြီးကို ဒယ်အိုးထဲသို့ ထည့်လိုက်လေသည်။