အပိုင်း ၅၆၂
Viewers 62k

အခန်း ၅၆၂

ပိစိလေး လွတ်လွတ်လပ်လပ်နေ...


"ပိုင်ရှင်ပု ဘာတွေလုပ်နေတာလဲ..."


အားလုံး ကြောင်အနေကြသည်။အကယ်၍ သူ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ချက်သည်ဆိုလျှင်လည်း ဂျုံမှုန့်များ လိုမည်မဟုတ်ပေ။


ဂျုံမှုန့်များ ထုတ်လာခြင်းက တကယ့်ကို ထူးဆန်းနေပေသည်။ပုဖန်၏ လှုပ်ရှားမှုများကို မည်သူမှ လိုက်မမီတော့ပေ။ဒယ်အိုးထဲမှ ရေများ ပွက်ပွက်ဆူလာပြီးနောက် အခိုးအငွေ့များ ထွက်ပေါ်လာသည်။


ဂျုံမှုန့်များပေါ်၌ ပုစွန်ပိစိကို တင်လိုက်သည်။ထိုပိစိကောင်က ဂျုံမှုန့်များကို မကြိုက်ပုံပေါ်လေသည်။မူလက တောက်ပနေသော ရွှေရောင်များသည် ခဏမျှ ဖြူဖျော့သွားလေသည်။


ဂျုံနယ်နေစဉ်အတွင်း ဆေးမြစ်များကို ကြိတ်ထားသည့် အမှုန့်များကိုပါ ပေါင်းထည့်လိုက်သည်။ဂျုံရောင်က အရောင်ပြောင်းလာလေသည်။


"သူက ဂျုံနယ်ပြီး ဘာလုပ်ဖို့လဲ...ခေါက်ဆွဲလုပ်ဖို့လား...နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နဲ့ ခေါက်ဆွဲလား..."


ထိုကဲ့သို့သော ထူးဆန်းသည့် ပေါင်းစပ်မှုကြောင့် ပရိတ်သတ်များ အံ့သြနေကြသည်။ထို ဟင်းလျာမျိုး သူတို့ အရင်တုန်းက မကြားဖူးပေ။သို့သော်လည်း မဆိုးပုံပေါ်လေသည်။


ပုဖန်မည်သည့်အရာပြုလုပ်မ်ာကို မည်သူမှ မပြောနိုင်ကြပေ။မြူကောင်းကင်မြို့တွင် တိုက်ရိုက်ကြည့်ရှုနေကြသူများပင် ဇဝေဇဝါဖြစ်နေကြလျှင် ပုံရိပ်လွှဲပြောင်း အစီအရင်မှ တစ်ဆင့် ကြည့်ရှုနေသူများဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။


သူတို့၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း ပုဖန်က ပြန်ဖြေမည် မဟုတ်သောကြောင့် သိချင်စ်ိတ်ပြင်းပြစွာသာ ဆက်လက်ကြည့်ရှုနေကြလေသည်။


ခပ်လှမ်းလှမ်းဆီမှ တောက်ပလင်းလက်နေသော ကြယ်ကိုးပွင့်ဆေးမီးဖိုဆီမှ ဆေးစွမ်းအင်များသည်လည်း ကောင်းကင်ပေါ်သို့ ရစ်ဝဲပျံတက်နေသည်။


ဆေးမီးဖိုမှ မျက်စ်ကျိန်းလောက်ဖွယ် အလင်းများကို အကြိမ်အနည်းငယ်မျှ ထုတ်လွင့်လာလေသည်။ထိုမြင်ကွင်းက အားလုံး၏ အကြည့်များကို ဆွဲဆောင်သွားပြီး ပရိတ်သတ်များ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။


မည်သို့ပင်ဆိုစေ မုပိုင်ကို အားပေးကြသူ များစွာရှိနေလေသည်။မုပိုင်က ဆေးလုံး သန့်စင်ခြင်း၌သာ စိတ်နစ်မြှုပ်ထားလေသည်။သူ ဆေးလုံး ဖော်စပ်နေခြင်းက ချန်ပီယံဆုအတွက် ပြိုင်ရုံသာမက သူ့ကိုာ်သူပါ ပြိုင်ဆိုင်နေခြင်းဖြစ်သည်။


သူ့၏ ဆေးလုံး သန့်စင်ခြင်းအဆင့်က ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း ပြသရပေမည်။သို့မှသာ နတ်ဆိုး ဖြူ ကျန်းလင်ကို အပြတ်အသတ် အနိုင်ရနိုင်ပေလိမ့်မည်။မုပိုင် ခေါင်းမော့၍ ကျန်းလင်ရှိရာဆီသို့ ကြည့်လိုက်သည်။ထိုခဏ၌ မျက်ဝန်းများ အေးခဲသွားပြီး ခန္ဓာကိုယ်တောင့်တင်းသွားလေသည်။


ကျန်းလင်၏ လှုပ်ရှားမှုများက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသေးသည်။အဘယ့်ကြောင့်ဆိုသော် ကျန်းလင်က ဆေးပင်များကို သန့်စင်၍ ပြီးသွားပြီ ဖြစ်ပြီး ဆေးမီးဖိုအတွင်းတွင် ဆေးရည်များပင် ဖြစ်ပေါ်နေပေသည်။


"ဘယ်လိုလုပ်ပြီး သူက အဲ့ဒီလောက်တောင် မြန်နေရတာလဲ..."


မုပိုင် လေအေးတစ်ချက်ရှ်ိုက်လိုက်မိသည်။သူ ကြီးမားသည့်ဖ်ိအားကို ခံစားလိုက်ရ၏။


မုပိုင်အပြင် ပြိုင်ကွင်းထဲမှ လူအနည်းစုကလည်း ကျန်းလင်၏ လှုပ်ရှားမှုများကို သတိထားမိကြသည်။သူမ၏ သန့်စင်ခြင်းလုပ်ငန်းက အလွန်မြန်နေပေသည်။


သူမ၏ နည်းလမ်းများက အလွန်ဆန်းကြယ်လှသည်။ဆေးပင်များကို သန့်စင်ခြင်းသည်။စိတ်ခွန်အား အလွန်အကျွံ သုံးစွဲရပြီး ဆေးလုံးသန့်စင်ခြင်းဖြစ်စဉ်တွင် အခက်အခဲဆုံးအပိုင်းဟု ဆိုနိုင်ပေသည်။သို့သော် ကျန်းလင်တွင်မူ ထိုကန့်သတ်မှုများနှင့် ဒုက္ခများကို မတွေ့ရပေ။


သူမ၏ လှုပ်ရှားမှုများက ရေအလျှင်ကဲ့သို့ ချောမွေ့နေပြီး အခက်အခဲ တစ်ခုမှမရှ်ိပေ။ထိုလှပသော ခံစားမှုများက ပုဖန် ချက်ပြုတ်နေခြင်းနှင့်ပင် တူနေသည်။ထိုအမျိုးသမီးက တကယ့်ကို သာမန်မဟုတ်ပေ။


မှန်ပေသည်။နတ်ဆိုးဖြူကျန်းလင်က သာမန်မဟုတ်ပေ။သူမ၏ ပင်ကိုယ်စွမ်းရည်က ကျန်သည့် နှစ်ယောက်ထက် အားနည်းခြင်းမရှိသလို သူမ၏ နည်းစနစ်နှင့် ခွန်အားကလည်း မြင့်မားလှပေသည်။


သူမ၏ လက်ထဲမှ အစိမ်းပုပ်ရောင် မီးတောက်ကလည်း အလျှံတညိတ်ညိတ်တောက်လောင်နေတုန်းဖြစ်သည်။ရုတ်တရက် သူမက မြောက်များလှစွာသော စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြည့်နေသည့် သစ်သားသေတ္တာကြီးတစ်ခုကို ခေါက်လိုက်သည်။


သေတ္တာကို ဖွင့်လိုက်ပြီးနောက် ကျန်းလင်၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူမက ပုဖန်နှင့် မုပိုင်ကို အဓိပ္ပါယ်ပါသော အကြည့်များဖြင့် ကြည့်လိုက်သည်။


"ဒါတွေအားလုံးတွက် စားဖိုမှူးကိုပဲ ကျေးဇူးတင်ရမယ်...အခုတော့ ဒီနည်းလမ်းကို ငါသိသွားခဲ့ပြီ နင်တို့ ငါကျန်းလင်နဲ့ ယှဉ်ပြိုင်ဖို့ စွမ်းရည်ရှိမရှိဆိုတာကိုပဲ ကြည့်ရတော့မယ်..."


အဖုံးကို ဆွဲဖွင့်လိုက်သည်နှင့် သိပ်သည်းလှသော စိတ်ဝိညာဉ်အနှစ်သာရများနှင့် ရနံ့များက အဘက်ဘက်သို့ ပြန့်နှံ့သွားလေသည်။ပရိတ်သတ်များအားလုံးက ထိုမွှေးရနံ့ကို ရှုရှိုက်လိုက်ကြသည်။


"ဒီအနံ့က အရမ်းကောင်းတာပဲ....ဒါက စိတ်ဝိညာဉ်ဆေးပင် အနံ့ထင်တယ်...ဒါပေမယ့် ဘာလို့ အဲ့ဒီလောက်တောင် မွှေးနေရတာလဲ...ဒီစိတ်ဝိညာဉ် ဆေးပင်ရဲ့ အဆင့်က သေချာပေါက်ကို မြင့်မားလိမ့်မယ်...ဒီမွှေးရနံ့ကို ဘယ်လိုမှရမခုခံနိုင်ဘူး..."


ပရိတ်သတ်များက မျက်ဝန်းများကိုပင်မှိတ်၍ ဆေးရနံ့ထဲ စီးမြော ပါဝင်နေကြလေသည်။နေရာတိုင်း လှည့်ပတ်နေသော စိတ်ဝိညာဉ် ဆေးပင်၏ ရနံ့များကလည်း ပို၍ ပြင်းထန်လာသည်။


အနီးကပ်ဆုံးရှိနေသော မုပိုင်နှင့် ပုဖန်တို့က ပထမဦးဆုံး အတိုက်အခိုက်ခံလိုက်ရသည်။ထို မွှေးရနံ့က လှိုင်းလုံးများကဲ့သို့ မုပိုင်ကို ဖုံးလွှမ်းသွားသည်။သူ မွှေးရနံ့ ပင်လယ်၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။


ဘုန်း...ဘုန်း...ဘုန်း...


ထိုမွှေးရနံ့ လှိုင်းက သူ့၏စိတ်ဝိညာဉ် စွမ်းအားကို ထိုးနှက်သွားလေသည်။သူ့၏ စိတ်အခြေအနေက ယိမ်းယိုင်သွားပြီး မွှေးရနံ့များထဲ ကျရှုံးတော့မလို ဖြစ်သွားသည်။


....


"ဒီလိုနည်းလမ်းကို အသုံးပြုဖို့ ရွေးချယ်လိုက်တာကသူမရဲ့ ပြိုင်ဘက်တွေအပေါ် တရားမျှတမှုရှိရဲ့လား..."


စင်မြင့်ပေါ်၌ရှိနေသော အဂ္ဂိရတ်ပညာရှင်တစ်ချို့က သဘောမတူသည့် အမူအရာဖြင့် ကြည့်နေကြလေသည်။ထိုနည်းလမ်းက သူတို့နှင့် အလွန်တရာ ရင်းနီးနေပေသည်။မွှေးရနံ့များကို အသုံးချ၍ ပြိုင်ဘက်၏ မီးဖိုများ ပေါက်ကွဲစေခြင်းပင်။


သို့သော်လည်း ပုဖန်၏ အမူအရာ မည်ကဲ့သို့ ရှိမည်ကို သူတို့ သိချင်နေကြသည်။ဒါက ကိုယ်ဖော်သည့်ဆေးကိုယ်စားရသည်ဆိုသော ဆိုရိုးစကားလိုပင်။


"ပိုင်ရှင်ပုကော မွှေးရနံ့ကြောင့် ကျရှုံးသွားမှာလား..."


မွှေးရနံ့လှိုင်းလုံးများ ပုဖန်ဆီသို့ လိမ့်သွားသည့်အခါ ပုဖန် အနည်းငယ်မျှ တောင့်တင်းသွားသည်။သူ မျက်ဝန်းများ မှေးကျင်းလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


"အရမ်းမွှေးတယ်...ဒီအနံ့က တကယ့်ကို မွှေးလွန်းတယ်..."


ပုဖန်၏ စိတ်ထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားလေသည်။ထ်ိုကဲ့သို့ သိပ်သည်းလှသော မွှေးရနံ့များကို သယ်ဆောင်လာသည့် စိတ်ဝိညာဉ်ဆေးပင်က သာမန်မဟုတ်နိုင်ပေ။


ထိုအမျိုးသမီးက ကြောက်စရာကောင်းလောက်အောင် အဆင့်မြင့်မားလှသော ဆေးပင်ကို ထုတ်လာပုံရလေသည်။နှာခေါင်းမှတစ်ဆင့် ရှူရှိုက်လိုက်သော ဆေးပင်၏ ရနံ့က သူ့၏ အစာအိမ်ကိုပင် စိုစွတ်သွားစေသည်။သူက အရက်သေစာ စွဲလမ်းနေသော ယစ်ထုပ်တစ်ယောက်ကဲ့သို့ မွှေးရနံ့ထဲပျော်ဝင်နေသည်။


လူအားလုံး ဆွံ့အစွာဖြင့်သာ ပုဖန်ကို ကြည့်နေကြလေသည်။သူက မျက်လုံးများ မှေးမှိတ်၍ အဆက်မပြတ် အသက်ရှူရှိုက်နေလေသည်။သူက ဆေးရနံ့ကို ချက်ချင်းပင် စွဲလမ်းမက်မောသွားပြီး မတိုက်ခိုက်နိုင်တော့သည့်ပုံပေါ်လေသည်။


"ဘယ်မှာလဲ...သူ့ရဲ့ ကိုယ်ကျင့် သိက္ခာတွေက ဘယ်မှာလဲ..."


ကျန်းလင်ပင် ထိုမြင်ကွင်းကြောင့် ခဏမျှ စကားမဆိုနိုင်ဖြစ်သွားလေသည်။ထို့နောက် သူမ တစ်စုံတစ်ခုကို သတ်ိပြုမိလိုက်သည်။ထိုစားဖိုမှူးက ပြင်ပမှ လွှမ်းမိုးမှုများကို ဂရုမစိုက်ပုံပေါ်လသည်။


ထိုမွှေးရနံ့များကို ရပ်တန့်ဖို့ မကြိုးစားလျှင်တောင် သူ့အတွက် ပြဿနာမရှ်ိနိုင်ပေ။


"ဒါက ..."


ကျန်းလင် အံတင်းတင်းကြိတ်လိုက်မိသည်။ထိုစားဖိုမှူးက အဂ္ဂိရတ်ပညာရှင်များထက် ရင်ဆိုင်ရ ခက်ခဲလေသည်။အဂ္ဂိရတ်ပညာရှင်များသာ ထိုကဲ့သို့ နှောက်ယှက်ခြင်းခံလိုက်ရပါက သူတို့၏စိတ်ယိမ်းယိုင်သွားပြီး ဆေးမီးဖိုများပေါက်ကွဲသွားပေလိမ့်မည်။


စားဖိုမှူးတစ်ယောက်အနေဖြင့် သူကိုယ်တိုင်မှအမှားမလုပ်လျှင် သူ့ဒယ်အိုး ပေါက်ကွဲဖို့ မဖြစ်နိုင်ပေ။အဘယ့်ကြောင့်ဆိုသော် သူ့၏ ဟင်းပွဲထဲတွင် လုံလောက်သည့် မွှေးရနံ့များ ပါဝင်နေပြီဖြစ်သည်။


ပုဖန်၏ အမူအရာကိုကြည့်၍ ပရိတ်သတ်များ သူ့ကို ရိုက်ချင်လာလေသည်။


မုပိုင်ကမူ ပုဖန်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။သူ့၏ စိတ်အခြေအနေကို ကြိုးစားပမ်းစားစုစည်းထားရသည်။သူ့၏ နဖူး၌ ချွေးများ စိုရွှဲနေပြီး မျက်နာက နီရဲပေသည်။သူ ထိုမွှေးရနံ့များကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။


သူ့၏ ဒုက္ခရောက်နေသော မျက်နာနှင့် ပုဖန်၏ စိတ်ကျေနပ်နေသော မျက်နာတို့ကို ကြည့်ပြီးနောက် ပရိတ်သတ်များအားလုံး မုပိုင်အတွက် စိတ်မကောင်းကြီးစွာ ခံစားလိုက်ရလေသည်။


ဟူး...ဟူး...ဟူး...


မုပိုင်၏ မျက်ဝန်းများက သွေးနီရောင်ကဲ့သို့ ရဲရဲနီနေပြီး သူအံတင်းတင်းကြိတ်ထားလေသည်။နောက်ဆုံး၌ မွှေးရနံ့များကို ခုခံ တော်လှန်နိုင်လိုက်ပေသည်။ထို့နောက် သူ့၏ အာရုံအားလုံးကို ဆေးလုံးသန့်စင်ခြင်းတွင် ပြန်လည် အာရုံစိုက်ထားလိုက်သည်။


ကျန်းလင်က အံ့အားသင့်သွားသည့် အပြုံးတစ်ခု ပြုံးလိုက်သည်။


ထို့နောက် သူမ၏ ရှည်လျားသွယ်လျသော လက်ချောင်းလေးများကို စတင်လှုပ်ရှားလိုက်သည်။ပုံမှန်အားဖြင့် အဂ္ဂိရတ်ပညာရှင်များ၏ လက်ချောင်းများက ရှည်သွယ်လှသည်။အဘယ့်ကြောင့်ဆိုသော် သူတို့၏ မီးတောက်ကို ထိန်းချုပ်ညွှန်ကြားရသောကြောင့် ဖြစ်သည်။


မီးတောက်တစ်ခု ထွက်ပေါ်လာပြီးနောက် သစ်သားသေတ္တာအတွင်းမှ အလွန်တုတ်လှသော ဂျင်းစင်တစ်ခု ကျန်းလင်၏ လက်ထဲ ရောက်ရှိလာသည်။သူမ၏ လက်ညှိုးဖြင့် ထိုဂျင်းစင်းကို ထ်ိုးဖောက်လိုင်သည်။ထို့နောက် အစစ်အမှန်စွမ်းအင်များကို စီးဆင်းစေလိုက်ပြီး ဆေးဖက်ဝင်ပစ္စည်းများကို ဆေးမီးဖိုထဲသို့ လမ်းညွှန်လိုက်သည်။


ဆေးမီးဖိုအတွင်းမှ အစိမ်းပုပ်ရောင်မီးတောက်က ပို၍ အပူချိန်မြင့်မားလာပြီး တုန်ခါသံများထွက်ပေါ်လာသည်။


ရွှစ်...


လေတိုးသံများ ကြာရှည်စွာ ထွက်ပေါ်လာလေသည်။ထို့နောက် နောက်တစ်ဆင့်က အလွန်ခက်ခဲ ရှုပ်ထွေးပုံရလေသည်။အစစ်အမှန်စွမ်းအင်များကို သူမ၏ ပတ်ပတ်လည်တွင် စီးဆင်းစေလိုက်ပြီး စည်းတံဆိပ် ပုံသဏ္ဍာန်တစ်ခုကို လက်ချောင်းများဖြင့်ပုံဖော်လိုက်သည်။သူမ၏ နောက်ကျောဘက်မှလည်း စိတ်ဝိညာဉ် သံကြိုးလေးချောင်း ထွက်ပေါ်လာသည်။


ထိုအတွင်းမှ ဆေးရည်များက ဆေးလုံးအဖြစ်သို့ စတင် စုစည်းလာသည်။မုပိုင်၏ ဆေးလုံးသန့်စင်ခြင်းကလည်း ပြီးဆုံးတော့ပေမည်။သူ ကြယ်ကိုးပွင့်ဆေးမီးဖိုကို လက်ဖဝါးဖြင့်ထိလိုက်သည်။ဆေးမီးဖိုက အဆက်မပြတ် စတင်တုန်ခါလာလေ၏။တစ်ချိန်တည်းမှာပင် သူ့၏ အစစ်အမှန်စွမ်းအားများကို ထုတ်လွင့်လိုက်သည်။


သူ့နောက်ကျောမှ စိတ်ဝိညာဉ်ကြိုးသုံးချောင်းကလည်း အဆက်မပြတ် လွှဲယမ်းနေသည်။စင်ပေါ်မှ လေထုက ပြောင်းလဲသွားပြီး အလွန် အလေးအနက်ဖြစ်လာလေသည်။


ပုဖန် ယစ်မူးနေရာမှ မျက်လုံးဖွင့်လိုက်ပြီး သူ့၏ ပြိုင်ဘက်နှစ်ဟောက်ကို ကြည့်လိုက်သည်။သူ့၏ နှလုံးသားက တုန်ယင်သွားပြီး သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။


ထို့နောက် သူ့ခန္ဓာကိုယ်မှအစစ်အမှန်စွမ်းအားများကို လှည့်ပတ်စေလိုက်သည်။နီရောင် စားဖိုမှူးဝတ်စုံက ရှင်သန်လာသကဲ့သို့ပင် နီရဲတောက်ပြောင်လာသည်။ထိုအရောင်က လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်လေသည်။


သူ့၏ ခန္ဓာကိုယ်မှ ငှက်တစ်ကောင်၏ အော်ဟစ်မြည်ကြွေးသံမျိုး ထွက်ပေါ်လာပြီး သူ့နောက်ကျေဘက်၌ စိတ်ဝိညာဉ်ကြိုးတစ်ချောင်းလွှဲယမ်းလာလေသည်။အားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။သူတို့၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားလေသည်။


"ပိုင်ရှင်ပုက ဘယ်အခ်ျိန်တုန်းကများ အဆင့် ချိုးဖောက်တက်ရောက်နိုင်သွားတာလဲ သူက တန်ခိုးရှင်အဆင့် ကောင်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား...သူကျင့်ကြံတာကိုလည်း သူတို့ မမြင်မ်ိလိုက်ပါလား ..."


နန်ကုန်းဝူချယ်၏ မျက်နာ၌တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာများရှ်ိနေသည်။


"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက ချက်ပြုတ်ရင်းနဲ့ အဆင့်တက်သွားတာလား...မဖြစ်နိုင်လိုက်တာ...ပိုင်ရှင်ပုက အရမ်းဆန်းကြယ်တယ်..."


Iဝမ်..."


အခိုးအငွေ့များအဆက်မပြတ် ထွက်ပေါ်လာလေသည်။ပုဖန်က နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ထို့နောက် သူ့၏ ခွန်အားအသုံး၍ ထိုနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို မဟူရာလ်ိပ်ခုံးဒယ်အိုးထဲမှ ဆွဲထုတ်လိုက်သည်။


ထိုစွပ်ပြုတ်အိုးမှ ရေနွေးငွေ့များ လှိုင်လှိုင်ထွက်ပေါ်နေသော်လည်း အမွှေးရနံ့တစ်စက်မှ မရှိပေ။ပုဖန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အိုးအဖုံးက လွင့်သွားပြီး ရွှေရောင်စင်မြင့်ပေါ်သို့ ကျရောက်သွားလေသည်။


ဘန်း...


အိုးအတွင်းမှ ရွှေရောင်တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။ထိုအရောင်က မျက်စိဖမ်းစားနိုင်လွန်းလှသည်။အားလုံး ဆွဲဆောင်မှု ခံလိုက်ရပြီး တွေဝေငေးမောနေကြလေသည်။ချက်ချင်းဆိုသလိုပင် အိုးထဲမှ သိပ်သည်းလှသော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။


ရွဲ...ရွဲ...ရွဲ...


သို့သော်လည်း ပုဖန်၏နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က မပြီးသေးပေ။သူပြင်ဆင်ထားသော ဂျုံတုံးဘက်သ်ို့ လှည့်လိုက်သည်။စိတ်ဝ်ိညာဉ်ဆေးပင်အမှုန့်များထည်ပြီး အချိန်ခဏမျှ နှပ်ထားပြီးသည့်နောက် ဂျုံသားက တင်းသွားလေပြီ။ဆီအနည်းငယ် ထည့်ပေါင်းလိုက်ပြီးနောက် လူများ၏ နှာခေါင်းကို ယားကျိကျိဖြစ်စေသော မွှေးရနံ့လှိုင်းလေးများ ထွက်ပေါ်လာလေသည်။


သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ပြီး ဂျုံသားကို အချောင်းလေးများဖြစ်အောင် ဖြတ်တောက်လိုက်ကာ ဘေးဘက်၌ ညီညီညာညာ စီထားလိုက်သည်။ထို့နောက် သိုလှောင်နယ်မြေထဲမှ ငရုတ်သီးပမာဏ လုံလုံလောက်လောက် ထုတ်ယူထားလိုက်သည်။


ပြီးသည်နှင့် သူ့၏ အံ့အားသင့်လောက်စရာ ဓားစွမ်းအင်ကို ပြသလိုက်လေသည်။သူအချိန်ခဏအတွင်း ထိုငရုတ်သီးများကို ပါးလျသည့် အချောင်းလေးများ ဖြစ်အောင် လှီးဖြတ်ထားလိုက်သည်။


ထိုငရုတ်သီးများအားလုံးကို ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် အစပ်ရနံ့က လှိမ့်တက်လာလေသည်။သူ ပူစပ်စပ် ငရုတ်ရည်တစ်ဇွန်းကို ထပ်မံ ခပ်ယူလိုက်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ပြီးသည်နှင့် အိုးထဲ၌ ရှိနေသော ပုစွန်ပိစိကို ကြည့်လိုက်သည်။


"ပိစိလေး သွား ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်သွားကူးပေတော့ ..."


ပုဖန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပုစွန်ပိစိက ၃၆၀ ဒီဂရီ ပြည့်အောင် လှည့်ပတ်လိုက်လေရာ ငရုတ်ရည်များ နေရာအနှံ့ လွင့်စင်သွားလေသည်။


ရွဲ...


ပုဖန်က သူလှီးဖြတ်ထားပြီးသော ဂျုံချောင်းလေးများကို ဆီအိုးထဲ ထည့်လိုက်လေသည်။ပုစွန်ပိစိ၏ မျက်လုံးပြူးလေးများက စက်ဝိုင်းကဲ့သို့ ပြူးကျယ်သွားလေသည်။ထို့နောက် သူ့၏ ခြေထောက်သေးသေးလေးများကို အဆက်မပြတ် အသားကုန်လှုပ်ယမ်းရင်းဒယ်အိုးထဲမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။


"ဘာကို လွတ်လွတ်လပ်လပ်ကူးလဲ...ဒီပုစွန်ပိစိ ခုန်ချဖို့အတွက် တွင်းတူးပေးထားတာပဲ..."