အပိုင်း ၅၆၃
Viewers 62k

အခန်း ၅၆၃...


မဟူရာလိပ်ခုံးဒယ်အိုးထဲ ပစ်ထည့်ခံလိုက်ရပြီးသည်နောက် ပုစွန်ပိစိ၏ နှလုံးသားက တုန်ယင်သွားလေသည်။ဆူပွက်နေသော ငရုတ်ရည်များက အလွန်ပင် စပ်သည့်အပြင် ပူစပ်စပ် ငရုတ်ရည်ကို ထပ်ပေါင်းထည့်လိုက်ပြီးသည့်နောက် အစပ်တကာ့ ထိပ်ခေါင်ဖြစ်လာလေသည်။


သူ့အနေဖြင့် ထိုအိုးထဲ ကူးခတ်ချင်ရလောက်အောင်ထိ မရူးသွပ်ပေ။ဆူပွက်နေသော ငရုတ်ရည်များက တဗွမ်းဗွမ်းမြည်နေပြီး အဘက်ဘက်သို့ လွင့်စင်နေလေသည်။ပုစွန်ပိစိက ထိုရည်ထဲမှနေ၍ လှုပ်ရှားရုန်းကန်ပြီး ခုန်တက်လိုက်သည်။သူ့၏ ရွှေရောင် အခွံပေါ်တွင်ပင် အနီရောင် ငရုတ်ရည်စက်များ စွန်းထင်းနေပေ၏။


ခပ်လှမ်းလှမ်းရှိ မုပိုင်နှင့် ကျန်းလင်တို့နှစ်ယောက်လုံး အံ့သြကြောင်အနေကြပေသည်။ပုဖန် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို ဖွင့်လိုက်စဉ်အခါက မွှေးရနံ့များ လွှင့်ပျံလာပြီး နှာခေါင်းထဲ တိုးဝင်လာသောကြောင့် သူတို့၏ မျက်နာများ ရှုံ့မဲ့သွားကြသည်။


မုပိုင်က သူ့၏ စိတ်ဝိညာဉ် ခွန်အားကို တင်းတင်းကျပ်ကျပ် တိုးမြင့်ထားပြီး ထိုမွှေးရနံ့များ၏ နှောက်ယှက်မှုကို ခွင့်မပြုပေ။သို့သော်လည်း သူ့နှလုံးသားထဲ၌ ငိုကြွေးနေပေပြီ။


ထိုအရှက်မဲ့လှသော လူနှစ်ယောက်က မွှေးရနံ့များကို အသုံးပြု၍ သူ့ကို ဒုက္ခရောက်အောင်လုပ်နေကြလေသည်။သူတို့က ဆေးမီးဖိုပေါက်ကွဲရန် ရည်ရွယ်နေခြင်းလား...သူ့၏ နှလုံးသားထဲ၌လည်း တုန်လှုပ်မှုများ ပြည့်နှက်လာလေသည်။


.....


"ဒါကမှတကယ့်အစစ်အမှန် အဂ္ဂ်ိရတ်ပညာရှင်များရဲ့ ဘုံရန်သူပဲ..."


ကျန်းလင်၏ နှလုံးသားကလည်း တင်းကျပ်သွားပြီးလေအေးတစ်ချက် ရှုရှိုက်လိုက်မိသည်။မွှေးရနံ့များက ပို၍ ထူထပ် များပြားလာလေသည်။သူမ၏ အဆင့်မြင့် ဆေးမှ ထုတ်လွင့်နေသော ဆေးရနံ့ပင်လျှင် ထိုစားဖိုမှူး ဟင်းပွဲ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။မယုံနိုင်စရာ ကောင်းလှပေသည်။


ပရိတ်သတ်များကြားထဲ၌လည်း အကြိတ်အနယ် ဆွေးနွေးသံများ ထွက်ပေါ်နေလေသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်၏ မူလရနံ့ကပင် အလွန်အမင်း ဆွဲဆောင်မှုရှိလှသည်။သူ့၏ စျေးနှုန်းကလည်း စားသောက်ဆိုင်ထဲတွင် အမြင့်ဆုံး တစ်ခုဖြစ်နေပေသည်။အမြင့်ဆုံးစျေးနှုန်းဖြစ်စေ အနံ့နှင့်အရသာဖြစ်စေ ထိပ်ဆုံးမှာ ရပ်တည်နိုင်သည်မှာ မလွဲပေ။


တကယ့်အဖြစ်အမှန်မှာ ယခု ပုဖန် ချက်ပြုတ်နေသော နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်၌ သူပုံမှန်သုံးနေကြထက် အဆင့်မြင့်သည့် ပါဝင်ပစ္စည်းများကိုသာ သုံးထားခြင်းအကြောင်းကို ထည့်မတွက်ရသေးပေ။


ပရိတ်သတ်များက သိပ်သည်းထူထပ်လှသော စိတ်ဝိညာဉ် ရနံ့များ၏ ကြား၌ ယစ်မူးနေကြလေသည်။


"ဒီဖျက်မြင်း စားဖိုမှူးပြင်ဆင်ထားတဲ့ ဟင်းပွဲရဲ့ ရနံ့က အကောင်းဆုံးပဲ...ငါကတော့ အဲ့ဒီမွှေးရနံ့ကိုပဲ လုံးဝ ကြိုက်တယ်...ဆေးရနံ့က ဒီဟင်းပွဲရဲ့ ရနံ့နဲ့ လုံးဝ မယှဉ်နိုင်ဘူး...ဆေးလုံးက လာတဲ့ ရနံ့တွေရဲ့ ဆွဲဆောင်မှု အောက်မှာ နစ်မြှုပ်သွားတယ်လို့ မင်းတို့ မပြောကြနဲ့နော်..."


လူတစ်ချို့က တံတွေးမျိုချနေလေပြီ သူတို့ ပုဖန်၏ ဟင်းပွဲကို မြည်းစမ်ရန် မစောင့်နိုင်ကြတော့ပေ။


ကျန်းလင် အသက်တစ်ချက် ရှိုက်လိုက်ပြီး သူမ၏ အစစ်အမှန်စွမ်းအင်များကို ပို၍ အရှိန်ဖြင့် လည်ပတ်စေလိုက်သည်။သူမ၏ ဆေးလုံးသန့်စင်ခြင်းက အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။ဆေးလုံးသန့်စင်ခြင်းမှ ဆေးရည်များက ဆေးလုံးသဏ္ဍာန် စတင် ဖွဲ့စည်းလာကြပေပြီ။


မုပိုင်နှင့် ကျန်းလင်တို့နှစ်ယောက်လုံးက သာမန်အဂ္ဂိရတ်ပညာရှင်များနှင့် ယှဉ်လိုက်လျှင် အလွန်ပင် သန်မာကြလေသည်။သူတို့၏ ဆေးလုံး သန့်စင်မှုကလည်း အထွဋ်အထိပ် ကျွမ်းကျင်အဆင့်မျိူးဖြစ်ကြသည်။


သူတို့၏ စိတ်အခြေအနေက တည်ငြိမ်နေပြီး နောက်ဆုံးပဆင့် ဆေးလုံး ဖြစ်တည်မှု၌သာ အာရုံစိုက်ထားကြလေသည်။သို့သော်လည်း 


"မခုန်နဲ့...ပိစိလေး ငါမင်းကို အခွင့်အရေးပေးနေတာ ကိုယ်ဟာကို ပျော်ပျော်ကြီးနေ..."


ပုဖန်က အိုးထဲမှ အဆက်မပြတ် ခုန်ထွက်ရန် ကြိုးစားနေသော ပုစွန်ပိစိကိုကြည့်၍ တစ်ချက်မဲ့သွားလေသည်။ထိုပိစိကောင်၏ အမူအရာက ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ပုစွန်ပိစိက သူ့၏ မျက်လုံးများကို လှည့်လိုက်မိသည်။ထို့နောက် သူ့၏ ခြေထောက်များကို ရုန်းကန်ရင် စပရင် ကဲ့သို့ အဆက်မပြတ် ခုန်နေလေသည်။သူ အိုးနှုတ်ခမ်းပေါ် ကြိုးစား၍ ခုန်လိုက် ပြန်ကျလိုက်ဖြင့် သံသရာလည်နေပြီး သူ့၏ ရွှေရောင်အခွံတစ်ခုလုံး အနီရောင်ပြောင်းနေလေပြီ။


သို့သော်လည်း သူခုန်လိုက်တိုင်း သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများက ဟင်းရည်ထဲသို့ တဖြေးဖြေးချင်းစီးဝင်နေသည်ကို ပုဖန် မြင်လိုက်ရလေသည်။


ထိုသို့ဖြင့် ဟင်းပွဲ၏ အရသာကို ပို၍ တိုးတက်သွားစေလိမ့်မည်။မွှေးရနံ့များကို သယ်ဆောင်လာသော အနီရောင်အငွေ့အသက်များကရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေပေပြီ။


ပရိတ်သတ်များ ကျောရိုးတစ်လျှောက်စိမ့်တက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလာသည်။


"နောက်ထပ် ထပ်ပြီးတော့လား..."


အစပ်ရနံ့များက သူတို့နှာခေါင်းထဲ ကျူးကျော် ဝင်ရောက်လာကြသည်။အရင်ကလည်း ထိုကဲ့သို့ အဖြစ်မျိုးကို ကြုဖူးလေသည်။သူတို့ နှစ်ခါ ဒုက္ခရောက်အောင် မခံချင်ကြပေ။


မြန်မြန်ပင် ပါးစပ်နှင့် နှာခေါင်းကို ပိတ်လိုက်ပြီး အသက်အောင့်ထားလိုက်သည်။တစ်ချို့လူများက အချိန်မီ မအုပ်ကာလိုက်နိုင်သောကြောင့် သူတို့၏ နှာခေါင်းထဲ အစပ်ရနံ့များ တိုးဝင်သွားပြီး မျက်လုံးများ နီရဲလာလေသည်။


သူတို့၏ မျက်ဝန်းမှ မျက်ရည်များ စီးဆင်းကျလာ၏။ဒီမြင်ကွင်းက တကယ့်ကို ရင်းနီးကျွမ်းဝင်နေပေသည်။စင်မြင့်နှင့် အနီးကပ်ဆုံးတွင် ရှိနေသော ဒိုင်လူကြီးမင်း၏ စိတ်ထဲတွင်လည်း မကောင်းသည့်ခံစားချက်များ ဖြစ်ပေါ်လာလေသည်။


ခဏအတွင်းမှာပင် ပူပြင်းလှသော အစပ်ရနံ့က သူ့၏ မျက်နာကို တိုးတိုက်လာလေသည်။ထိုခဏ၌ သူ့၏ နှလုံးပေါ်၌ ပုစွန်ပိစိ အကြိမ်တစ်သောင်းလောက် ခုန်လိုက်သလိုပင် ခံစားလိုက်ရ၏


ဒိုင်လူကြီးချုပ် အလျှင်အမြန် နောက်ဆုတ်လိုက်သည်။သို့သော် သူ့၏ မျက်ဝန်းများနီရဲလာပြီး မျက်ရည်များ စီးကျလာလေပြီ။စိတ်ဓာတ်ကျစွာဖြင့်ပင် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။ထို့နောက် ဝမ်းနည်းပူဆွေးနေသော ကလေးကဲ့သို့ စတင်ငိုကြွေးနေသည်။


မုပိုင်သည်လည်း ပြိုင်ပွဲအတုထဲတွင် ဝင်ရောက်ပြိုင်မိနေသည်ဟု ခံစားမိလေသည်။အဘယ့်ကြောင့်ဆိုသော် သူ့၏ မျက်နာပေါ်၌ မျက်ရည်များ စီးကျနေပြီဖြစ်လေသည်။ထို အနီရောင်အငွေ့အသက်များ သူ့ဆီသို့ လွင့်လာကတည်းက မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။


မလှမ်းမကမ်းရှိ နတ်ဆိုးဖြူကျန်းလင်၏ မျက်ဝန်းများကလည်းနီရဲနေပေပြီ သူမ၏ဆေးလုံးသန့်စင်ခြင်းကိုသာ အားစိုက်၍ အာရုံ ထားထားရလေသည်။


မုပိုင်နှင့် ကျန်းလင်တို့နှစ်ယောက်စလုံးက သူတို့၏ ဂုဏ်သတင်းနှင့် တကယ့်ကို ထိုက်တန်ပေသည်။


ထိုအရှက်မရှိလှသော စားဖိုမှူး၏ အစပ်ရနံ့များနှင့် နှောက်ယှက်ခြင်းခံရသည့်တိုင်အောင် တည်ငြိမ်စွာဖြင့် ဆက်လက် ဆေးလုံး သန်စင်နေနိုင်တုန်းဖြစ်သည်။သူတို့က အဂ္ဂိရတ်ပညာရှင်များကြားထဲမှ တကယ့်ပါရမီရှင်များ ဖြစ်လေသည်။


ထိုအချိန်၌ နတ်ဆိုးဖြူ ကျန်းလင်က အထွဋ်အထိပ်အဆင့်သို့ ရောက်သွားလေပြီ သူမ၏။ နောက်ကျောဘက်ရှိ စိတ်ဝိညာဉ်ကြိုးများက အဆက်မပြတ် လှုပ်ယမ်းလာပြီး အလင်းတန်းများ တောက်ပသထက် တောက်ပလာလေသည်။


ဘုန်း...ဘုန်း...


ပုံသဏ္ဍာန်မဲ့လှသော စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ စတင် အဆက်မပြတ် ပြန့်နှံ့လာသည်။သူမ၏ ဆေးမီးဖိုကလည်း အဆက်မပြတ် တုန်ယင်လာလေ၏ ထို့နောက် ဆေးမီးဖို အတွင်းမှ အလင်းတစ်ခုမွေးဖွားလာသကဲ့သို့ တောက်ပလင်းလက်လာသည်။


ဧရိယာတစ်ခုလုံး သိပ်သည်းလှသော ဆေးရနံ့များဖြင့် ပြည့်နှက်သွားလေသည်။နတ်ဆိုးဖြူကျန်းလင်၏ ဆေးလုံးက ပြီးခါနီးလေပြီ။


မုပိုင်လည်း ဆေးလုံး သန့်စင်ခြင်း နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပေပြီ။သူ့၏ စိတ်အခြေအနေက အနည်းငယ် နှောက်ယှက်ခြင်းခံလိုက်ရသည်ဆိုသော်လည်း နောက်ဆုံးထိတိုင်အောင် ဆက်သွားနိုင်တုန်းဖြစ်သည်။


သူ စိတ်ဓာတ်ကျမှုကိုလည်း ခံစားနေရသည်။ပထမဦးဆုံးအကြိမ်ဖြင့် သူ့၏ ဆေးလုံးသန့်စင်ခြင်းမပေါ် မကျေမနပ်ဖြစ်မိခြင်းဖြစ်သည်။သို့သော်လည်း မည်သည့်ကိစ္စများဖြစ်ပွားပာစေ သူ့၏ ဆေးလုံးကို အောင်မြင်ပြီးပြည့်စုံအောင် ပြုလုပ်ရပေမည်။


ကြယ်ကိုးပွင့် ဆေးမီးဖိုထက်ဆီ၌ အလင်းရောင်များ တောက်ပလာသည်။ထိုအချင်းအရာက ဆေးရည်များက ဆေးလုံးသဏ္ဍာန် စတင်ဖွဲ့စည်းလာခြင်းပင်ဖြစ်သည်။နောက်ဆုံး၌ လေထုထဲ ပြည့်နေသော အစပ်ရနံ့များက တဖြေးဖြေးအားနည်းလာပေပြီ။


ပရိတ်သတ်များကလည်း စင်မြင့်ထက်ဆီသို့ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် မလွှဲတမ်းစိုက်ကြည့်နေကြတော့သည်။ယခုက ပြိုင်ပွဲကြီး၏ တကယ်အထွဋ်အထိပ်အပိုင်းသို့ ရောက်ရှိလာပေပြီ။အားလုံး၏ အာရုံက ယခုထိတိုင်အောင် ချက်ပြုတ်နေဆဲဖြစ်သော ပုဖန်ဆီ ကျရောက်နေကြသည်။


သို့သော်လည်း ပုဖန်ကိုကြည့်ရသည်မှာ သူ့၏ဟင်းပွဲက ပြီးမည့်ပုံမပေါ်သေးပေ။စင်မြင့်ထက်ဆီသို့ လေတစ်ဝှေ့တိုက်ခတ်လာသောကြောင့် ပုဖန်၏ နီရောင်စားဖိုမှူးဝတ်ရုံက တဖျတ်ဖျတ် လွင့်သွားသည်။


နီရဲတောက်ပြောင်နေသည့် ဖီးနစ်ငှက်တစ်ကောင် တောင်ပံများတဖျတ်ဖျတ် ခတ်နေသကဲ့သို့ပင် ထိုမြင်ကွင်းကကြည့်၍ ကောင်းလှသည်။ပုဖန်ု အလွန်ပင် တည်ငြိမ်အေးဆေးနေသည်။သူ့၏ စိတ်စွမ်းအင်လှိုင်းများကို ထိန်းချုပ်၍ မဟူရာလိပ်ခုံး ဒယ်အိုးထဲသို့ စီးဆင်းနေစေသည်။


ပုစွန်ပိစိက အိုးထဲမှ ခုန်မထွက်တော့ပဲ တဖြေးဖြေးချင်း လှည့်ပတ် ကူးခတ်နေလေသည်။ဒယ်အိုးဆီမှ စွဲမက်လောက်စရာ မွှေးရနံ့များ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ပုဖန်က သူ့၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားပြီး ဆေးမှုန့်များကို အိုးထဲသို့ ထပ်မံ ထည့်သွင်းလိုက်သည်။


ထို့နောက် ချိုမြိန်လှသော အစပ်ရနံ့များ ထွက်ပေါ်လာလေ၏။ပုဖန် အသက်တစ်ချက်ရှူရှိုက်လိုက်မိကြသည်။ခ်ျိုမြလှသော ရနံ့လေးက သူ့၏ နှလုံးသားပင် ယားယံသွားလေသည်။


သူ့၏ အရင်ကမ္ဘာတွင် ထိုဟင်းပွဲက ကျော်ကြားနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။သူ့ပါးစပ်ထဲ၌ သရေများပြည့်နှက်လာသလိုပင် ခံစားလိုက်ရသည်။ပုဖန် ပြီးခါနီးပြီဖြစ်သော သူ့ဟင်းပွဲကို ထိလိုက်သည်။


သို့သော်လည်း ပရိတ်သတ်များကမူ သံသယအပြည့်နှင့် ဖြစ်နေလေသည်။သူတို့ပုဖန် ဒီတစ်ကြိမ်၌ မည့်သည့်ဟင်းပွဲများ ချက်ပြုတ်မည်ကို လုံးဝခန့်မှန်းမရပေ။


"ဒါက ဟင်းပွဲအသစ် ဖြစ်နိုင်လား..."


ထိုအချက်က မမှန်နိုင်ပေ။သူဟင်းပွဲပြင်ဆင်သည်က နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ဖြစ်ကြောင်း ပရိတ်သတ်များစွာ သတိပြုမိကြလေသည်။


....


ဘုန်း...


စင်မြင့်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းတစ်ခု ပြန့်နှံ့ထွက်ပေါ်လာသည်။မုပိုင်၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့၏ နောက်ကျောမှ စိတ်ဝိညာဉ် သုံးချောင်းကလည်း အဆက်မပြတ် လွှဲခါနေလေသည်။


ကြယ်ကိုးပွင့် ဆေးမီးဖိုက အလွန်အမင်း တောက်ပလင်းလက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်တော့မလိုပင် ထင်ရသည်။ထိုအခြေအနေက သူ့၏ ဘေးပတ်ပတ်လည်၌ ကြယ်ပင်လယ်ကြီး လှည့်လည်နေပုံနှင့် တူလေသည်။


...


စူးရှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ နတ်ဆိုးဖြူကျန်းလင်၏ ဆေးလုံးသန့်စင်မှုကလည်း ပြီးဆုံးသွားလေပြီ။ပတ်ဝန်းကျင်တစ်ခွင်၌ အစိမ်းရောင်အလင်းတန်းများ ပြည့်နှက်သွားသည်။သူမ၏ မျက်နာအမူအရာက နက်ရှိုင်းနေပြီး မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။


ထပ်...ထပ်...ထပ်...


တစ်စုံတစ်ခု ဆေးမီးဖိုနှင့် ရိုက်ခတ်သည့်အသံတစ်ခုကို အားလုံး ကြားလိုက်ရသည်။ဆေးမီးဖိုထဲမှ ဆေးလုံးက အသက်ဝင်လာသလ်ိုမျိုး လှုပ်ရှားနေလေသည်။စင်မြင့်ထက်တွင်ရှိသော မဟာသခင်များ လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။


"မယုံနိုင်စရာပဲ...မုပိုင်နှင့် ကျန်းလင်တို့က ငါတ်ို့ ဆေးနန်းတော်ရဲ့ တကယ့်အစစ်အမှန် ပါရမီရှင်တွေပဲ..."


"တစ်ယောက်မှာက နန်းတော်သခင်ရဲ့ ကြယ်ကိုးပွင့် ဆေးမီးဖိုရှိနေတယ်...နောက်တစ်ယောက်မှာကလည်း အဘိုးအိုကြီးရဲ့ စိတ်ဝိညာဉ် စုစည်းဆေးမီးဖိုရှိနေတယ်...သူတ်ို့ နှစ်ယောက်လုံးစီက ထွက်လာတဲ့ဆေးလုံးက လုံးဝ သာမန်ဖြစ်မှာမဟုတ်ဘူး..."


"အခု မပြီးသေးခင်တာတောင်မှ အံ့အားးသင့်စရာကောင်းနေပြီ...ကြည့်ရတာတော့ သူတ်ို့ ကောင်းကင်ဘုံ လျှ်ို့ဝှက်နယ်မြေက ပြန်လာတဲ့အခါကျရင် နန်းတော်သခင်ရဲ့ ခေါ်ဆောင်ခြင်းကို ခံရလောက်တယ်...နန်းတော်သခင်က တပည့်လက်မခံခဲ့တာ တော်တော်ကြာခဲ့ပြီ..."


မဟာသခင်များ အချင်းချင်းဆွေးနွေးပြောဆိုနေကြလေသည်။သူတို့က မုပိုင်နှင့် ကျန်းလင်ကို စိတ်ကျေနေပ်မှုအပြည့်ဖြင့် ကြည့်နေကြသည်။သူတ်ို့နှစ်ယောက်က မဟာသခင်များကိုပင် တစ်ခါပြီးတစ်ခါ စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်စွမ်းရှိပေကြသည်။


မုပိုင်နှင့် ကျန်းလင်က်ို အားပေးထောက်ခံကြသော အဂ္ဂိရတ်ပညာရှင်များကလည်း အဆက်မပြတ် အော်ဟစ်အားပေးနေကြလေသည်။မုပိုင်နှင့် ကျန်းလင်ဆီမှ ထွက်ပေါ်နေသော အော်ရာများက တဖြေးဖြေးချင်း ငြိမ်သက်လာသည်။


ပြန့်လွင့်နေသော စွမ်းအင်လှ်ိုင်းများလည်း ပျောက်ကွယ်သွားပြီးနောက် အရာရာအားလုံး ပြန်လည် ငြိမ်သက်သွားလေ၏။မုပိုင်က ရေအနက်ထဲမှ တက်လာသလိုမျိုး အသက်ဝဝ တစ်ချက်ရှုလိုက်သည်။သူ့၏ နဖူး၌လည်း ချွေးများသီးနေပေပြီ။


နတ်ဆိုးဖြူကျန်းလင်ကမုပိုင်ကို အံ့အားသင့်နေသော အကြည့်များဖြင့် နက်နက်ရှ်ိုင်းရှိုင်းကြည့်လိုက်သည်။အရင်အချိန်က ထိုကောင်စုတ်လေးက သူမကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရလေသည်။သို့သော်လည်း ယခုမူသူက ထိုကဲ့သို့ စွမ်းရည်မ်ျိုးဖြင့် ကြီးပြင်းလာပေပြီ။


လှုပ်ခါနေသော ဆေးမီးဖိုများက ပြန်လည် ငြိမ်သက်သွားပြီး ကောင်းကင်ကမ္ဘာမြေမီးတောက်များလည်း ပျောက်ကွယ်သွားပေပြီ။မုပိုင်နှင့် ကျန်းလင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၍ ခေါင်းညိတ်ပြလိုက်ကြပြီး ဆေးမီးဖိုကို ဖွင့်ရန် ပြင်လိုက်သည်။


သို့သော်လည်း ထိုအချိန်မှာပင် သူတို့ ခဏမျှ ကြောင်အသွားကြပြီး ခပ်လှမ်းလှမ်းဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ထိုနေရာ၌ ပုဖန်က အသစ်အဆန်းတစ်ခု ပြုလုပ်နေပေပြီ။


သူ့၏နီရောင် စားဖိုမှူးဝတ်စုံကို ဝဲခနဲနေအောင် ခါလိုက်ပြီးနောက် မြောက်များလှစွာသော ပန်ကန်များကို ရွှေရောင်စင်မြင့်ပေါ်တွင် ညီညီညာညာ တန်းစီလိုက်သည်။


ထို့နောက် လက်တစ်ဖက်ဖြင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို ရိုက်ချလိုက်သည်။လေးလံလှသော အဖုံးက လေထဲသို့ မြောက်တက်သွားလေသည်။ကြည်လင်လှသော အလင်းရောင်များထွက်နေသည့် စွပ်ပြုတ်ရည်များကို ပန်းကန်လုံးများထဲသို့ လောင်းထည့်လိုက်သည်။ပန်းကန်လုံးများ၌ အငွေ့တထောင်းထောင်းထလာလေသည်။


စွပ်ပြုတ်များထည့်ပြီးသည်နှင့် ခပ်လှမ်းလှမ်းရှိ အဂ္ဂိရတ်ပညာရှင် နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ထို့နောက် အမူအရာမဲ့စွာဖြင့်ပင် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။


ထိုအခ်ျိန်၌ မုပိုင်နှင့် ကျန်းလင်တို့က ကြောင်အနေဆဲဖြစ်ပြီး ပုဖန်၏ လက်ထဲရောက်လာသောမဟူရာလိပ်ခုံးဒယ်အိုးကိုသာ ကြည့်နေကြလေသည်။


ဝုန်း...


ရင်ပြင်ကျယ်ထဲသို့ ပဲ့တင်သံ တစ်ခု ရိုက်ခတ်သွားသည်။ဒယ်အိုးထဲမှ ဂျုံချောင်းလေးများက ရေလှိုင်းများကဲ့သို့ စီးဆင်းထွက်လာပြီးပန်းကန်လုံးများထဲ ညီညီညာညာ ကျဆင်းသွားလေသည်။


နီရဲတောက်ပြောင်နေသော ဂျုံချောင်းလေးများက အားလုံး၏ အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။သူတို့ လေအေးတစ်ချက်ရှ်ိုက်လိုက်မိကြသည်။သူတို့၏ မျက်နာတွင်လည်းဇဝေဇဝါအမူအရာ အထင်းသားပေါ်နေသည်။


"ဒီလောက်ထိ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ပြီးမှ သူချက်လိုက်တဲ့ဟာက ကြုံရာကျပန်း ခေါက်ဆွဲပွဲလား...သူတို့က အဲ့ဒါကို စားရမှာလား..."


ပုဖန် အဝတ်သန့်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ့၏ လက်များကို သုတ်လိုက်သည်။တစ်ကိုယ်လုံးနီရဲနေပြီး အပူငွေ့များ ထွက်နေသည့် ပုစွန်ပိစိကလည်း ပုဖန်၏ ပခုံးပေါ်၌ အနားယူလိုက်လေသည်။


ပုစွန်ပိစိက အနည်းငယ်မူးဝေနေပုံရပြီးပါးစပ်မှ အမြှုပ်တစ်စီစီထွက်နေလေသည်။ပုဖန် သူ့ကိုလှည့်ကြည့်လိုက်ပြီး သူခပ်တိုးတိုးရယ်မောလိုက်၏။ထို့နောက် သူ မုပိုင်နှင့် ကျန်းလင်ဘက်သို့ နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။


"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က ရှူးရှဲ အစပ်ချောင်းနဲ့ အရမ်းကို လိုက်ဖတ်တယ်လို့ ငါကြားခဲ့ဖူးတယ်..."