Chapter 120
ကျင်းစစ် နိုင်ငံ့လေ့ကျင့်ရေးအသင်းအား ဝင်နိုင်သွားပြီးနောက် ကျောင်းက သူ့အား ပိုက်ဆံမချီးမြှင့်တော့ဘဲ သင်္ချာအိုလံပစ်နည်းပြ တစ်ယောက်ကို ရှာပေးလေသည်။ ထိုနည်းပြသည် ချင်းမင် အားလပ်ရက် ပြီးတည်းက ကျင်းစစ်အား သင်ခန်းစာများ စတင်လုပ်ခိုင်းခဲ့လေသည်။
စာသင်ဆောင်ထဲတွင် အခန်းလွတ် မရှိသည့်မတွက် ကျင်းစစ်သည် သူ၏ အချိန်အများစုကို ဒုတိယ စာသင်ဆောင်ထဲတွင် ကုန်ဆုံးရလေသည်။
ယင်းကျောင်း ဝင်သွားသောအခါ နည်းပြသည် အတန်းထဲတွင် မရှိဘဲ ကျင်းစစ် တစ်ယောက်သာ ရှိသည်။
"သူ့ကိုတွေ့သောအခါ ကျင်းစစ် ချက်ချင်း ခေါ်လိုက်လေသည် " ကော ဘာလို့ ဒီကို လာတာလဲ..
"
" မင်းရဲ့ ခန္ဓာကိုယ် အားပြန်ဖြည့်ဖို့ စွပ်ပြုတ်လာပေးတာ" ယင်းကျောင်းသည် အပူခံဘူးကို စားပွဲပေါ်တွင်တင်ကာ အဖုံးကို ဖွင့်လိုက်လေသည် " ကိုယ့်အဒေါ်ကို ချက်ခိုင်းထားတာ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးတိုင်း ကိုယ်မင်းကို နေ့တိုင်းလာပို့မယ်"
သူတို့သည် ညဆယ်နာရီခွဲအထိ စာလုပ်ချိန်ပြီးနောက် ဆယ်တစ်နာရီတွင် အိပ်ယာဝင်သောကြောင့် ယင်းကျောင်းနှင့် အတူ အိမ်ပြန်ပြီး ညဘက်တွင် စွပ်ပြုတ် သောက်ရန် မဖြစ်နိုင်ပေ။ အိပ်ယာမဝင်ခင်တွင် ဗိုက်ပြည့်အောင် စွတ်ပြုတ်သောက်ခြင်းသည် သက်တောင့်သက်သာ မရှိနိုင်ပေ။
"အရမ်း ကရိကထ များလိုက်တာ" ကျင်းစစ်သည် အနည်းငယ် ရှက်ရွံ့နေ၏ " ထားလိုက်ပါ့လား ငါလည်း ကျန်းမာရေး ကောင်းနေပြီပဲ"
"ဘယ်နေရာများ ကရိကထများလို့လဲ ... " ယင်းကျောင်းသည် သူ့အား ဇွန်းပေးလိုက်ပြီး မြန်မြန် သောက်ရန် ပြောလိုက်လေသည် " ကိုယ့်အဒေါ်အိမ်က ကျောင်းနဲ့ နီးတယ် အဲ့တော့ ချက်ချင်း ပို့လို့ရတယ်လေ"
"နောက်ပြီးတော့" ယင်းကျောင်းသည် ကျင်းစစ်အား မျက်ခုံးပင့်ကာ ကြည့်လိုက်လေသည် " သိပ်မကြာသေးခင်က ကိုယ်တို့နှစ်ယောက်တည်းက ဘယ်သူနေမကောင်း ဖြစ်တာလဲ ပြောပါဦး"
ကျင်းစစ် လက်မခံချင်ဘဲ တိုးတိုးလေး ပြောလိုက်လေသည် " တစ်ခါတည်းပါ"
"ကောင်းပါပြီ တစ်ခါတည်းရယ်" ယင်းကျောင်းသည် သူ၏ လက်ခုံလေးကို ဘော့ပင်ဖြင့် တောက်လိုက်ပြီး ပြောလိုက်လေသည် " ဘယ်နှစ်ကြိမ်လောက် ဖြစ်ချင်သေးလို့လဲ..."
"မဖြစ်ချင်ပါဘူး" ကျင်းစစ်သည် ဇွန်းအပြည့် စွတ်ပြုတ်ကို ခပ်လိုက်ပြီး ယင်းကျောင်းကို ကြည့်ကာ မေးလိုက်လေသည် " ကော မင်းရော သောက်ချင်လား..."
ယင်းကျောင်း တွေးပင်မတွေးဘဲ ငြင်းလိုက်လေသည်။ ထို့နောက် အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည် " မသောက်ဘူး မင်းကိုယ့်ကို မွန်းကျပ်အောင် လုပ်ချင်လို့လား...ဒါမှမဟုတ် မင်း အိပ်ယာထဲက မထွက်ချင်လို့လား..."
ကျင်းစစ်သည် ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်ပြီး စကားမပြောတော့ဘဲ စွတ်ပြုတ် တစ်ငုံကို သောက်လိုက်လေသည်။
၎င်းကို ညနေပိုင်းအဆာပြေစာအဖြစ် တွေးလိုက်ပြီး အပူခံဘူးထဲမှ အရမ်းမများသော စွတ်ပြုတ်ကို မြန်မြန် သောက်လိုက်လေသည်။
ယင်းကျောင်းသည် အချိန်ကို ကြည့်လိုက်ပြီး ရှင်းလင်းလိုက်ကာ ပြောလိုက်သည် " ဒါဆို ကိုယ်သွားတော့မယ် မနက်ဖြန် ဒီအချိန်ကျရင်လည်း ကိုယ့်ကို စောင့်နေနော်"
အားလပ်ချိန်သည် တိုတောင်းလွန်းပြီး ကျင်းစစ်သည် သူ့ကို အပြေးအလွှားသွားမယူစေချင်သောကြောင့် ပြောလိုက်လေသည် " ငါ တံခါးစောင့်ဆီကို ကိုယ့်ဘာသာ သွားယူလိုက်မယ်လေ မင်းလည်း အလုပ်ပိုပြီး သွားမနေရတော့ဘူးလေ"
ယင်းကျောင်း၏ မျက်လုံးထဲတွင် အပြုံးများဖြင့် သူ့ကို ငုံ့ကြည့်လိုက်လေသည် " ကလေးလေး ကိုယ် ဒီကိုလာတာ မင်းကို စွပ်ပြုတ်ပေးဖို့လို့ပဲ ထင်တာလား..."
ကျင်းစစ် ရှုပ်ထွေးသွားလေသည်။
မဟုတ်ရင် ဘာအတွက် ...
ယင်းကျောင်း သူ့ကို တဖြည်းဖြည်းချင်း ပြုံးပြပြီးနောက် ကော်ရစ်ဒါကို ကြည့်လိုက်လေသည်။ မည်သူမျှ မရှိသည်ကို တွေ့သောအခါ ကျင်းစစ် နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်လေသည် " အဓိကက မင်းကို တွေ့ဖို့လေ"
ကျင်းစစ် အံ့အားသင့်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် ထိန်းမရစွာ ကော့တက်သွားလေသည်။
"မင်းဘာသာ သွားယူချင်သေးလား..."
ကျင်းစစ် သူ၏ ခေါင်းကို ပေါ့ပါးစွာ ခါပြလိုက်လေသည်။
နောက်သုံးလလုံးတွင် ယင်းကျောင်းသည် ကျင်းစစ်အတွက် စွပ်ပြုတ်ကို ညနေခင်းတိုင်း လာပို့မည်ဖြစ်သည်။
သူ၏ အားဖြည့် စွပ်ပြုတ်ကျေးဇူးကြောင့် ကျင်းစစ်၏ ခန္ဓာကိုယ်သည် နိုင်ငံတကာ ပြိုင်ပွဲ မတိုင်မှီတွင် အားအင်အပြည့်ဖြစ်နေပြီး ထပ်၍ နေမကောင်း မဖြစ်တော့ပေ။ သူ၏ လေ့လာနိုင်စွမ်းသည် ပို၍သာ တိုးတက်လာလေသည်။
အချိန်များ ကုန်လွန်သွားပြီး ကျင်းစစ်သည်လည်း ပြိုင်ပွဲအတွက် အလေးအနက် ပြင်ဆင်ပြီးနောက် ဂျူလိုင်လသို့ တိတ်ဆိတ်စွာ ရောက်လာလေသည်။
တတိယနှစ်များ သူတို့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲများကို ပြီးစီးသွားပြီး လုံးဝ လွတ်မြောက်သွားသည်မှာ ကြာပြီပင်။ အတိတ်တွင် ဆူညံကာ ပွက်လောရိုက်နေခဲ့သော ကျောင်းဝန်းကြီးသည် လုံးဝတိတ်ကျသွားလေသည်။ လူစည်ကားသော ကန်တင်း၌ပင် လူမရှိဘဲ ပြောင်ရှင်းနေလေသည်။
နောက်ဆုံးစာမေးပွဲ နီးကပ်နေပြီ ဖြစ်သောကြောင့် ပထမနှစ်နှင့် ဒုတိယနှစ်မှ ကျောင်းသားများသည် သာမန်ထက်ပို၍ ဒဏ်ခံနေရလေသည်။ ညဘက်မီးမှိတ်ချိန်တွင် ကိုယ်ပိုင် မီးအိမ်များဖြင့် စာကြည့်နေသော ကျောင်းသားများလည်း ရှိလေသည်။ ကျင်းစစ်သည်လည်း နိုင်ငံတကာသင်္ချာ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရန်အတွက် စတင်ထွက်ခွာရလေသည်။
နိုင်ငံတကာ ပြိုင်ပွဲသည် ခြောက်ရက်ကြာ ကျင်းပမည်ပင်။
ပထမနေ့သည် ဖွင့်ပွဲ အခမ်းအနားဖြစ်ပြီး နောက်နှစ်ရက်သည် စာမေးပွဲများ ဖြစ်သည်။ ထိုနှစ်ရက်ပြီး နောက်နှစ်ရက်တွင် ဖြေလွှာများကို ဝေဖန် အကဲဖြတ်မည် ဖြစ်ပြီး နောက်ဆုံးရက်သည် ပိတ်ပွဲ အခမ်းအနားနှင့် ညစာစားပွဲ ဖြစ်လေသည်။
တချို့သောနိုင်ငံများသည် သူတို့၏ ပြိုင်ပွဲဝင်များကို အကောင်းဆုံး အနေအထားတွင် ရှိနေစေရန် သူတို့သည် တစ်ပတ်စော၍ရောက်လာကြသည်။ သို့သော် ကျင်းစစ်နှင့် အခြားသူများသည် တစ်ရက်သာ စော၍ ရောက်လာလေသည်။
ထို့မတိုင်ခင်တွင် ကျင်းစစ်သည် အင်ပါယာ မြို့တော်သို့ သွားကာ အခြားသော အသင်းဝင်များနှင့် တွေ့ဆုံပြီးနောက် အသင်းခေါင်းဆောင်သည် သူတို့ကို အင်္ဂလန်နိုင်ငံသို့ ခေါ်သွားမည် ဖြစ်သည်။
သူတို့ အင်္ဂလန်တွင် တစ်ပတ်သာ နေမည်ဖြစ်သည်။ သူ ထွက်ခွာရလာသည့်အချိန်တွင် သူနှင့်အတူ ပစ္စည်းများ များများစားစား ထည့်မလာချေ။ သူ 24 လက်မ ခရီးဆောင်အိတ်ကိုသာ ယူလာလေသည်။ လိုအပ်သော ပစ္စည်းများကို ထုတ်ပိုးပြီး အဝတ်အစားများသည်လည်း လုံလောက်သည်ပင်။ ထိုထဲတွင် သူမလိုအပ်ဘဲ ယူလာသောအရာတစ်ခုသာ ရှိသော်လည်း ထွက်သွားရန် ဝန်လေးနေသောကြောင့် ယင်းကျောင်း ပေးထားတဲ့ ဓါတ်ပုံကိုတော့ ယူလာခဲ့သည်။
"ကော ငါသွားတော့မယ်" သူတို့ တိုက်ခန်းတံခါးပေါက်ဝတွင် ကျင်းစစ် သူ၏ ခရီးဆောင်အိတ်လက်ကိုင်ကို ကိုင်ထားပြီး ယင်းကျောင်းဘက်သို့ လှည့်ကာ တည်ငြိမ်နေသလို ဟန်ဆောင်ကာ ပြောလိုက်လေသည်
" ငါပြန်လာခဲ့မယ်"
ယခုအကြိမ်တွင်တော့ သူသည် ယင်းကျောင်း၏ လေဆိပ်သို့ လိုက်ပို့မည် ဆိုသောအဆိုကို ငြင်းဆိုခဲ့ပြီး ယင်းကျောင်းအား goodbye လို့ ပြောရန်လည်း ငြင်းဆိုခဲ့လေသည်။
"ဘာဖြစ်လို့လဲ..."
ယင်းကျောင်း သူ့ကို တံခါးအတွင်းထဲသို့ ပြန်ဆွဲလိုက်ကာ သူ၏ အမူအရာကို ဂရုတစိုက် ကြည့်နေပြီး ညှင်သာစွာ ပြောလိုက်လေသည်
" ကိုယ့်ကို ထားခဲ့ရမှာကို မခံစားနိုင်ဘူးလား "
ယင်းကျောင်း စိုးရိမ်သွားမည်ကို စိုးသောကြောင့် ကျင်းစစ် ငြင်းဆန်ချင်သော်လည်း အချို့သော အကြောင်းအရာများကြောင့် သူ့ပါးစပ်ဖျားသို့ ရောက်လာသော ရှင်းပြချက်များကို မျိုသိပ်ကာ "အင်း" လို့သာ ပြောလိုက်လေသည်။
အမှန်ပင် ဝန်လေးနေကာ အနည်းငယ်လည်း ကြောက်ရွံ့နေလေသည်။ သူတို့ခွဲခွာပြီးနောက် ပြန်လည် ဆုံစည်းတိုင်း ကောင်းသည့်အရာတစ်ခုမှ ဖြစ်မလာချေ။
" ကိုယ်လည်း သည်းမခံနိုင်ဘူး" ယင်းကျောင်းသည် ကျင်းစစ်၏ ဆံပင်ကို ပွတ်သပ်ရင်း ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး တမင်တကာ စနောက်လိုက်လေသည်
" ကိုယ်မင်းကို သေးသေးလေး ဖြစ်အောင်လုပ်ပြီး အိတ်ထဲထည့်နိုင်ပါစေ ဆုတောင်းတယ် အဲ့ဒါဆို မင်း ကိုယ့်နောက်ကို တချိန်လုံးလိုက်နေရတော့မှာလေ"
ကျင်းစစ် မတတ်နိုင်ဘဲ ရယ်လိုက်လေသည်။
"ကိုယ် မင်းကို အရင်က ဒါကို မပြောခဲ့ဖူးဘူး ဟုတ်တယ်မလား..." ယင်းကျောင်းသည် ချိုချဥ်တစ်လုံးကို အခွံခွာကာ ကျင်းစစ် ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်
" ကိုယ် ငယ်ငယ်က ကစားခဲ့တဲ့ နေရာကို မင်းသွားရတော့မယ်"
ကျင်းစစ်၏ မျက်လုံးများသည် ချက်ချင်း တောက်ပသွားလေသည် " တကယ်လား?"
ယင်းကျောင်း နေခဲ့ဖူးသော နေရာသို့ သွားရမည်ဆိုသော အသိသည် သူ့ကို အလွန်စိတ်သက်သာရာ ရစေသည်။
"အင်း" ယင်းကျောင်းသည် ဆိုဖာပေါ်တွင် မှီလိုက်ပြီး ကျင်းစစ်၏ လက်ချောင်းများကို ပျင်းရီစွာဖြင့် ဆော့ကစားနေလေသည် " ဒါပေမဲ့ ကိုယ် သိပ်မမှတ်မိတော့ဘူး မင်းဓါတ်ပုံရိုက်ပြီး ကိုယ့်ကို ပို့လိုက်လေ ကိုယ် မှတ်မိရင် မှတ်မိလိမ့်မယ်"
ကျင်းစစ် ချက်ချင်း အခိုင်အမာ ပြောလိုက်လေသည် "အိုကေ"
"ဒါဆို အရမ်းတွေးမနေနဲ့တော့ သွားပြီး အဲ့က ကိုယ့်မှတ်ဥာဏ်တွေ ပြန်ရအောင် လုပ်ပေး" ယင်းကျောင်း ကျင်းစစ်၏ နှဖူးကို သူ့နှဖူးဖြင့် ထိထားလိုက်ပြီး သူ့မျက်လုံးထဲသို့ ကြည့်လိုက်လေသည် " ပျော်ပျော်ရွှင်ရွှင်သာသွား ပြီးရင် ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့ ကိုယ် မင်းကို အိမ်မှာ စောင့်နေမယ်"
ကျင်းစစ်၏ နှလုံးသားသည် ချဥ်တူးမှုနှင့် ချိုမြိန်မှုကို တပြိုင်နက်တည်း ခံစားလိုက်ရပြီး ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်သည် " အင်း"
" ကိုယ့်ကို ကတိပေး အဲ့လို လုပ်ပါ့မယ်လို့ မဟုတ်ရင်တော့..." ယင်းကျောင်းသည် ကျင်းစစ်၏ မေးစေ့ကို မော့လိုက်ကာ ပြောလိုက်လေသည် " ကိုယ်မင်းအပေါ်ကို တကယ် ကြမ်းမိတော့မှာ "
ကြမ်းမိမယ်...
ကျင်းစစ် သူ၏ ခေါင်းကိုမော့ကာ ယင်းကျောင်းအား မယုံကြည်နိုင်သလို ကြည့်လိုက်လေသည်။
ယင်းကျောင်း အောက်နှုတ်ခမ်းကို သပ်ကာ တိုးတိုးလေး ပြောလိုက်လေသည် " မင်းရဲ့ ခါးအောက်ပိုင်းကိုလေ"
ကျင်းစစ် အသက်ရှူကျပ်သွားပြီး ရှက်ရွံ့ကာ နီမြန်းသွားပြီး စကားရှာမရ ဖြစ်သွားလေသည်။
ယင်းကျောင်း တိုးဖွဖွ ရယ်လိုက်ပြီး ခေါင်းငုံ့ကာ ကျင်းစစ်ကို နမ်းလိုက်လေသည်။
"ကော မင်း..." အနမ်းပြီးဆုံးသွားသောအခါ ကျင်းစစ်၏ နားရွက်များသည် နီရဲနေလေပြီ။ သူ ယင်းကျောင်း၏ နှုတ်ခမ်းပါးပါးကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည် " ငါ့ချိုချဥ်..."
ယင်းကျောင်းသည် ပါးစပ်ထဲမှ ချိုချဥ်ကို လျှာဖျားလေးဖြင် ဆော့ကစားနေပြီး သူ ခိုးယူခဲ့ရသောကြောင့် ပို၍ ချိုမြိန်နေလေသည်။ သူ၏ မျက်ခုံးကို ပင့်ကာ ကျင်းစစ်ကို ကြည့်လိုက်ရင်း ဂျစ်ကန်ကန် ပြောလိုက်လေသည်
" မင်းပဲ ကိုယ့်ကို ထည့်ပေးခဲ့တာလေ အခုကျတော့ ကိုယ်ကို မပေးချင်တော့ဘူးလား..."
"မဟုတ်ပါဘူး" ယင်းကျောင်း အဲ့လို အတင်းလုတာမျိုကို သူကြိုက်တယ်လေ !
ကျင်းစစ်သည် ရှက်ရွံ့စွာဖြင့် အောက်ကို စိုက်ကြည့်နေလိုက်သည် " ငါမင်းကို ပေးပါ့မယ်"
ချစ်ဖို့ကောင်းလွန်းသောကြောင့် ယင်းကျောင်း သူ့ကို သွားဖို့ပင် လွှတ်မပေးချင်ပေ။
ယင်းကျောင်း မျက်လုံးမှိတ်လိုက်ပြီး သူ၏ နှလုံးသားထဲမှ ဝန်လေးနေမှုများကို ထိန်းချုပ်လိုက်ကာ ကျင်းစစ်ကို ဖက်ထားလိုက်ပြီး သူ၏ နားနားသို့ လေးနက်စွာ ကပ်ပြောလိုက်လေသည်
" လုပ်လိုက်စမ်းပါ ကျင်းရှန်ရေ"
__
ကျင်းစစ်နှင့် အခြားသူများ အချိန်မှီ ရောက်လာကြလေသည်။ ထိုနေ့၌ အင်ပါယာ မြို့တော်တွင် အသင်းဝင် ခြောက်ဦး စုပြီးနောက် အသင်းခေါင်းဆောင်သည် သူတို့အတွက် တွေ့ဆုံပွဲ အသေးစားလေး လုပ်ပေးလေသည်။
" မင်းတို့အားလုံး ပြိုင်ပွဲမှာပြိုင်ရမယ့် လုပ်ငန်းစဥ်တွေကို သိမှာပါ ဒါပေမဲ့ ငါထပ်ပြောပေးမယ်" အသင်းခေါင်းဆောင်သည် ဆိုဖာပေါ်တွင် ထိုင်နေရင်း ရေတစ်ငုံ သောက်လိုက်လေသည် " စာမေးပွဲကို နှစ်ရက်ခွဲထားတယ် နှစ်ရက်လုံး ကိုးနာရီကနေ တစ်နာရီခွဲ အထိ စုစုပေါင်း လေးနာရီခွဲစီကြာတယ် တစ်ချိန်ကို မေးခွန်း သုံးပုဒ်ပါတယ် မေးခွန်းတစ်ပုဒ်ကို 7 မှတ် အားလုံးစုစုပေါင်းက 42 မှတ်"
အသင်းခေါင်းဆောင်သည် အသင်းသားများ အားလုံး ဂရုတစိုက် နားထောင်နေပြီး အလေးမထားသူ မရှိကြောင်း တွေ့သောအခါ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလေသည် " မင်းတို့အားလုံးလဲ ပြိုင်ပွဲတစ်ခုကို အတွေ့အကြုံ ရှိပြီးသားဆိုတော့ ငါတို့နိုင်ငံရဲ့ အရင်လေးနှစ်က ပြိုင်ပွဲရလဒ်တွေကို သိမှာပါ"
အတိတ်တွင် လူအများသည် နိုင်ငံတကာ သင်္ချာပြိုင်ပွဲကို တရုတ်လူမျိုးများအတွက် ကမ္ဘာ့ဖလားဟုပင် ညွှန်းဆိုခဲ့ကြသည်။ တရုတ်အသင်းသည် သန်မာလွန်းသောကြောင့်ပင် မဟုတ်ဘဲ နှစ်တိုင်း ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့်ပင်။ အခြားနိုင်ငံများသည် ချန်ပီယံဆုကို မျှော်သာမျှော်လင့်နိုင်ပြီး သက်ပြင်းချခဲ့ရလေသည်။
သို့သော် ယခုနှစ်များတွင် အခြေအနေသည် ပြောင်းပြန် ဖြစ်သွားလေသည်။ ယခုနှစ် မတိုင်မှီ အရင်လေးနှစ်တွင် တရုတ်ပြည်က ပထမဆုနှင့် ဆက်တိုက်လွဲချော်ခဲ့ရလေသည်။
"ငါဒါကို ပြောတယ်ဆိုတာ မင်းတို့ကို ဖိအားပေးချင်လို့ မဟုတ်ပါဘူး" အသင်းခေါင်းဆောင် ပြုံးလိုက်လေသည် " အခြေအနေကို သတိရပြီး အကောင်းဆုံး လုပ်စေချင်လို့ပါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ကိုယ့်ကိုယ်ကို သံသယမဝင်ပါစေနဲ့ ဒါက ငါတို့ နိုင်ငံရဲ့ လက်ရှိ အိုလံပစ်ပြိုင်ပွဲ အခြေအနေပါ မင်းတို့ ရင်ဆိုင်သင့်တဲ့ ပြသနာ မဟုတ်ဘူး"
ထိုသို့ ပြောပြီးသွားသော်လည်း အခန်းထဲရှိ လေထုက တင်းမာနေတုန်းပင်။
အသင်းခေါင်းဆောင်သည် ၎င်းကို တွေ့သောအခါ မတ်တတ်ရပ်လိုက်ပြီး ပြိုင်ပွဲဝင်ကစားသမားများဆီသို့ လက်ဆန့်ထုတ်လိုက်လေသည် " မင်းတို့က အကောင်းဆုံးတွေ ကြားထဲကမှ တကယ့် အကောင်းဆုံးတွေပါ ဒီစကား နှစ်လုံးကလွဲပြီး ဘာမှ မပြောတော့ပါဘူး 'ကျားရို့' "
ကျင်းစစ်နှင့် ဝမ်ချုံးတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး အခြားအသင်းဖော်များနှင့်အတူ မတ်တတ်ရပ်လိုက်သည်။ သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး အသင်းခေါင်းဆောင်၏ လက်ခုံပေါ်တွင် မှောက်လိုက်ကာ အသက်ပြင်းပြင်းရှူ၍ ပြောလိုက်လေသည် " ကျားရို့!" (ကျားရို့ = ဖိုက်တင်း)
နောက်တစ်နေ့မနက်တွင် ယင်းကျောင်းသည် စာလုပ်ရန် စောစောထပြီး ကျင်းစစ်သည် အင်္ဂလန်သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့လေသည်။
ဆယ်တစ်နာရီကြာ လေယာဥ် ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နေ့လည် ဆယ့်နှစ်နာရီတွင် မြေပေါ်သို့ ဆင်းသက်လေသည်။
လေဆိပ်တွင် တစ်စုံတစ်ယောက်က သူတို့ကို လာကြိုလေသည်။ ၎င်းသည် သူတို့ထက် သုံးရက်ကြို၍ ရောက်နှင့်နေသော အသင်းခေါင်းဆောင်ပင်။
နိုင်ငံတကာသင်္ချာပြိုင်ပွဲတွင် အနည်းဆုံး အသင်းခေါင်းဆောင် နှစ်ယောက်စီ စီစဥ်ထားရှိလေသည်။ တစ်ယောက်သည် အသင်းကို ဦးဆောင်ရန် လိုအပ်ပြီး တစ်ယောက်သည် နိုင်ငံရပ်ခြားနှင့် ပတ်သတ်သည့် ကိစ္စများကို လုပ်ဆောင်ရန် လိုအပ်လေသည်။
နိုင်ငံတကာ လေကြောင်းလိုင်းမှ လေယာဥ်များ၏ ထိုင်ခုံများအကျယ်သည် အတော်ကြီးမားသော်လည်း တစ်နေ့လုံး ထိုင်နေရသည့်အတွက် အနည်းငယ်တော့ သည်းမခံနိုင်စရာပင်။ ကျင်းစစ်နှင့် အခြားသူများသည် အလွန်ပင်ပန်း နေကြပြီး စံတော်ချိန် မတူညီသော နိုင်ငံသို့ ပျံသန်းလာရသည့်အတွက် သူတို့၏ ခေါင်းများသည် မူးဝေနေကာ စိတ်မလန်းကြပေ။ တုံ့ဆိုင်းစွာဖြင့် ဟိုတယ်တွင် စားသောက်ပြီးသောအခါ သူတို့၏ အခန်းများသို့ ပြန်သွားကာ အနားယူကြတော့သည်။
ထိုအချိန်တွင် နိုင်ငံတကာ ပြိုင်ပွဲအကြောင်း သတင်းများသည် တရုတ်ပြည်၌ တဖြည်းဖြည်း ပို၍ လူသိများလာလေသည်။
အိုလံပစ်သည် သေးငယ်သော်လည်း အချို့သော လူအနည်းငယ်သာ ပြည်တွင်း ပြိုင်ပွဲများကို အာရုံစိုက်လေသည်။ သို့သော် နိုင်ငံ၏ ဂုဏ်သရေနှင့် ဆိုင်သော နိုင်ငံတကာ ပြိုင်ပွဲများသည်တော့ ကွာခြားသည်ပင်။ အဓိက သတင်းတိုက်များသည် ထိုအကြောင်းအရာကို အလုအယက် သတင်းတင်နေကြသော်လည်း ဖိုရမ်တွင် ထိုအကြောင်းအား ဆွေးနွေးနေသူ အများအပြားပင်။
[ချန်ပီယံဆုကို တရုတ်အသင်းက ရဖို့ မျှော်လင့်ပါတယ်]
[ကျင်းစစ်ကို ထောက်ပံ့ပေးကြပါ သူက ငါတို့ တုန်းဟိုင်စီရင်စုရဲ့ ဂုဏ်ကျက်သရေဆောင်လေး]
[သိပ်မကြာသေးခင်က ကျောင်မျက်ရတနာတွင်းကြီးကို ရှာတွေ့ခဲ့ရတယ် စီနီယာ ဝမ်ချုံး လုပ်ပြလိုက်စမ်းပါ ! ]
[အရင်နှစ်တွေကရော ဘယ်လိုစာမေးပွဲမျိုးကို ဖြေခဲ့ရလို့လဲ ဒါပေမဲ့ အခုနှစ်ကတော့ သေသေဝပ်ဝပ် မရှိဘူးပဲ ဟားဟား]
[အပေါ်ထပ်ကလူရေ မင်း ဘယ်ကနေ ကီးဘုတ်ကို ဝယ်ခဲ့တာလဲ... အရမ်း အသုံးဝင်တယ်လေ အာ လင့် တစ်ခုပို့လိုက် မင်းမှာ လုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုရင် မင်း လုပ်ကို လုပ်နိုင်မှာပဲလေ ! အိုလံပစ် သင်္ချာပြိုင်ပွဲတွေက ဘယ်လောက်ခက်လဲ မင်းကို ပြောစရာ မလိုဘူး ထင်တယ် ဟုတ်တယ်မလား... ပြိုင်နိုင်တာကတင် တော်တော်လေး တော်နေပြီ အိုကေ?]
[မင်းရဲ့ အထက်တန်း သင်္ချာစာမေးပွဲမှာ ရမှတ်ဘယ်လောက်ရလဲ ပြောစမ်းပါ မင်းကို အထောက်အကူ ဖြစ်စေလိမ့်မယ်]
[တရုတ်က အိုလံပစ်ရဲ့ ဖွံဖြိုးတိုးတက်ရေးကို ဂရုမစိုက်တော့ဘူးလေ အဲ့တော့ လုပ်ဆောင်မှုတွေ ကျကုန်တာ အသေအချာပဲလေ ပေါင်းသင်းဆက်ဆံရေးက ပထမ ပြိုင်ပွဲ ဒုတိယလေ]
[အဓိကသော့ချက်ကတော့ ပြိုင်ဖို့ပဲ ! ပါဝင်ယှဥ်ပြိုင်တာက အရေးကြီးဆုံးပဲ!]