အပိုင်း၁၂၁
Viewers 14k

Chapter 121

Chapter 121


ကီးဘုတ်ဖိုက်တာများမှအပ နိုင်ငံသားအများစုသည် ရင်းနှီးဖော်ရွေသည်။ အဆုံးတွင် နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲတွင် သူတို့နိုင်ငံ၏ ကိုယ်စားလှယ်များအဖြစ် ဝင်ပြိုင်နိုင်သည်ကပင် သာမန်လူများ မော့ကြည့်ရမည့် အရာဖြစ်ပေသည်။


အဆင့်တွေကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေက ရလဒ်တွေကြောင့် လူတိုင်းက အများကြီး မမျှော်လင့်ရဲဘူး။ နောက်ပြီး မကျွမ်းကျင်သူတွေက အပျော်သဘောနဲ့ ကြည့်နေကြသေးတယ်။ အဲ့ဒါကြောင့် ဘယ်လိုပဲ အဓိပ္ပာယ် မရှိတာတွေကို ပြောနေပါစေ ပြိုင်ပွဲဝင်တွေကိုပဲ အားပေးရမှာလေ။


ထို့အပြင် ထိုပိုစ့်၏ လေထုသည် ငြိမ်းချမ်းရေးယူသည့် သဘော ဖြစ်နေသည်။ ထို့နောက်တွင် လူအများသည် ကျင်းစစ်၏ ရုပ်ရည်သွင်ပြင်ကို စတင်စွဲလမ်းလာကြလေသည်။


ကျင်းစစ်သည် အင်တာနက်ပေါ်မှ သတင်းများကို မတွေ့ခဲ့ပေ။ နေရာနှစ်ခု၏ အချိန်ကွာခြားမှုကို အလိုက်အလျောက် ဖြစ်စေရန်  ယင်းကျောင်းကို သူလုံခြုံစွာ ရောက်ပြီ ဖြစ်ကြောင်း စာပို့ခဲ့ပြီးနောက် သူ၏ ဖုန်းကို ထပ်မကိုင်တော့ပေ။ 


သူ့ကိုယ်သူ ဖိအားပေးကာ အနားယူစေခြင်းသည် အကျိုးရှိ၏။ နောက်တစ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် သူ၏ စိတ်အခြေအနေသည် ပြန်လည် ကောင်းမွန်လာလေသည်။


ဖွင့်ပွဲ အခမ်းအနားသည် မနက်ပိုင်းတွင် ကျင်းပပြီး နေ့လည်ပိုင်းတွင် အားနေသည်။ နောက်တစ်နေ့တွင် စာမေးပွဲ ဖြစ်သောကြောင့် နေ့လည်စာစားပြီးနောက်တွင် အသင်းခေါင်းဆောင်က အသင်းသားများ အင်္ဂလန်သို့ ပထမဆုံးရောက်လာခြင်းကြောင့် စိတ်လှုပ်ရှားနေမည်ကို ပူပန်ကာ အလေးအနက်ထားကာ သူတို့သည် လျောက်လည်ပတ်ခွင့်မရှိဘူးဟု နှစ်ကြိမ်တိုင်တိုင် ပြောပြီးနောက်မှ သွားခွင့်ပေးခဲ့သည်။


"ကျင်းစစ် ငါဘယ်လိုလုပ်ရမလဲ... အခု ငါ့နှလုံးက တဒိန်းဒိန်းခုန်နေတယ် " 


ဝမ်ချုံးသည် သူလာစဥ်က နိုင်ငံခြားခရီးစဥ်အတွက် ကြွေးကြော်နေသော်လည်း ပြိုင်ပွဲ အချိန်ကို ရောက်လာသောအခါ သူသည် အပြင်ကို ထွက်မလည်ပတ်နိုင်ရုံသာမက ထိုင်ပင် မထိုင်နိုင်ပေ။


"အမေကလည်း ငါ့ကို စိတ်မလှုပ်ရှားဘဲ ပြိုင်ပွဲကိုပဲ အာရုံစိုက်ဖို့ တောက်လျှောက် ပြောနေတာ " ဝမ်ချုံး သူ၏ ဆံပင်များကို ခပ်ပြင်းပြင်း ဆွဲဆုတ်ကာ ပြောလိုက်လေသည် " ဒါက ... ဒါက ငါအဆင့်ကောင်းကောင်း မရနိုင်ဘူးလို့ ဆိုလိုတာလား..."


ကျင်းစစ်၏ နှလုံးခုန်နှုန်းသည်လည်း အနည်းငယ် မြန်ဆန်နေသော်လည်း ပြိုင်ဘက်ကို တွေ့ရန်အတွက် ပို၍ စိတ်လှုပ်ရှားနေသည်။


သူသည် အခြားသူများကို နှစ်သိမ့်မပေးတတ်ပေ။ ထိုအကြောင်းကို တွေးပြီးသောအခါ သူတို့အတန်းသည် အရင်ရက်များက koi များကို ကံကောင်းစေရန် ဆောင်ကြသည်ကို သတိရသွားပြီး ပြောလိုက်လေသည် " မင်းဘာလို့ koi ကို မစုဆောင်းတာလဲ"


"သတိပေးတာ ကျေးဇူးပဲ! " ၎င်းသည် အသက်ရှင်ရန် နောက်ဆုံး ကောက်ရိုးမျှင်လေးသကဲ့သို့ ဝမ်ချုံးသည် ဖုန်းကို ထုတ်ကာ koi ပုံများစုဆောင်းရန် လုပ်လိုက်လေသည်။ သူသည် weibo ကို ဝင်လိုက်ပြီး ပိုစ့်များကို ကြည့်နေလေသည်။ သူသည် ပိုစ့်ဆယ်ခုလောက်ကို တစ်ချက်ထဲ ဆွဲကြည့်ပြီးနောက် ရပ်တန့်သွားလေသည်။


"မင်း မလုပ်ဘူးလား..."


ကျင်းစစ် ပြုံးကာ ခေါင်းခါလိုက်လေသည်။


ဝမ်ချုံးသည် သာမန်သာ မေးလိုက်ခြင်း ဖြစ်ပြီး အရမ်း ဂရုမစိုက်ပေ။ သူသည် weibo ပေါ်မှ koi ကို ကမန်းကတန်း လက်မပေးလိုက်လေသည်။ သူ ကျင်းစစ်နား ကပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်


 " ငါ့ကိုပြောစမ်းပါ ... ဒီတစ်ခေါက် ငါတို့ ရလဒ်တွေ မကောင်းရင် ပြည်သူတွေဆီက အမာန်ခံရမှာလား..."


"အဲ့ဒါတွေကို ကြည့်မနေနဲ့" ကျင်းစစ်သည် အခြားသူများ၏ အမြင်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ " ငါတို့ရဲ့ အဆင့်တွေက သူတို့နဲ့မှ မဆိုင်တာ"


"ဒါပေမဲ့လည်း..." ဝမ်ချုံး ခေါင်းကုတ်လိုက်လေသည် " ဒါပေမဲ့လည်း ငါနည်းနည်း ကြောက်နေတုန်းပဲ"


"မေ့လိုက်တော့ အဲ့အကြောင်းမပြောနဲ့တော့ အနှုတ်ဆန်ပြီး မကောင်းတဲ့သဘောထားတွေက ပြင်းထန်လွန်းတယ်" သူ သက်ပြင်းချကာ အကြောင်းရာ ခေါင်းစဥ်ပြောင်းလိုက်လေသည် "ဒါနဲ့ ဖွင့်ပွဲ အခမ်းအနားတုန်းက နိုင်ငံခြားသားတွေရဲ့ စွမ်းအားကြီးလွန်းတဲ့ အကြည့်တွေကို သတိထားမိလား..."


"ဟင့်အင်း"


"မင်း မမြင်လောက်ဘူးလို့ ငါသိသားပဲ" ဝမ်ချုံး ဒေါသတကြီး ပြောလိုက်လေသည် " သူတို့က ငါတို့ကို အထင်သေးနေတယ်ဆိုတာ အကြည့်တစ်ချက်နဲ့တင် ငါပြောရဲတယ် ဘာလို့ အဲ့လိုလုပ်တာလဲ..သူတို့ရဲ့ လေ့ကျင့်ရေးရဲ့ အဓိက ဦးတည်ချက်က ဘယ်တုန်းက တရုတ် မဟုတ်လို့လဲ..."


ကျင်းစစ်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည် " မင်းရဲ့ အချိန်ကွာခြားမှုကို အလိုက်အလျောက် ဖြစ်အောင် လုပ်ပြီး မနက်ဖြန် စာမေးပွဲအတွက် အခြေအနေကို အကောင်းဆုံးဖြစ်အောင်လုပ်ထား"


"ဟုတ်တယ် ! " ဝမ်ချုံးသည် အံကြိတ်လိုက်ပြီး သူ၏ ဖုန်းကို ဘေးသို့ ပစ်ချလိုက်လေသည် " ငါ အခု နားတော့မယ် ! "


ထိုနေ့ညတွင် ကျင်းစစ် ကောင်းကောင်း အနားယူ အိပ်စက်ခဲ့ပြီး နောက်တစ်နေ့တွင် ခေါင်းကြည်စွာ အင်အားအပြည့်ဖြင့် နိုးထလာလေသည်။


ရေချိုးပြီးသောအခါ ဝမ်ချုံးသည် ကော်ရစ်ဒါသို့ သွားကာ သူ၏ အမေကို ဖုန်းခေါ်ပြီး နှစ်သိမ့်ပေးရန် ပြောခဲ့လေသည်။ အတော်ကြာသည်အထိ မပြန်နိုင်မည်ကို တွေးလိုက်သောအခါ ကျင်းစစ်သည် ခရီးဆောင်အိတ်ကို ဖွင့်လိုက်ပြီး ယင်းကျောင်း၏ ဓါတ်ပုံကို ထုတ်လိုက်လေသည်။ ထိုဓါတ်ပုံအား အတော်ကြာ ပွတ်သပ်ပြီးနောက် ဖွဖွလေး နမ်းလိုက်လေသည်။ 


ဘာလို့ koi ပုံတွေကို share မလုပ်တာလဲ...


သူ ၎င်းတို့အား မလိုအပ်ပေ။ 


ယင်းကျောင်းသည် သူ၏ ဘဝထဲတွင် အကောင်းဆုံးသော ကံကောင်းစေသည့် အရာလေးပင်။


ကျင်းစစ်၏ နှုတ်ခမ်းထောင့်လေးသည် အနည်းငယ် မြင့်တက်သွားပြီး သူသည် ထိုဓါတ်ပုံလေးအား တယုတယ ပြန်သိမ်းလိုက်လေသည်။ မနက်စာစားပြီးသောအခါ သူသည် စာမေးပွဲခန်းထဲသို့ အားအင်အပြည့်ဖြင့် ဝင်သွားလေသည်။


ထိုနှစ်၏ နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲသည် ယခင်နှစ်များကဲ့သို့ဆက်လက် ကျင်းပလေသည်။ မေးခွန်းစာရွက်ပေါ်မှ မေးခွန်းများသည် တဖြည်းဖြည်းနှင့် ပို၍ ခက်ခဲလာသည်။


အရင်နှစ်တွင် တရုတ်အသင်းသည် ပထမဆုံး စာမေးပွဲ၏ နောက်ဆုံးမေးခွန်းကြောင့် ကြက်သေသေသွားခဲ့ကြရသည်။ ထိုမေးခွန်းကြောင့် တစ်ပုဒ်လုံးအတွက် ရမှတ်ကို ဆုံးရှူံးသွားကာ တရုတ်အသင်းအတွက် ပထမဆုကို ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို လက်လွတ်လိုက်ရလေသည်။


မေးခွန်းလွှာများကို ရပြီးသောအခါ ကျင်းစစ်သည် ၎င်းတို့ကို အရင် စစ်ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် မေးခွန်း တစ်ခုချင်းစီအတွက် အဖြေကို အရင်တွက်ချက်ကြည့်လေသည်။ သူ၏ စိတ်ကို ပြင်ဆင်ပြီးသောအခါ သူသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ဖြေလွှာစာရွက်ပေါ်တွင် စတင် တွက်ချက်တော့သည်။


ပထမ လေးနာရီခွဲစာမေးပွဲသည် ခက်ခဲပြီး အချိန်ယူရသော်လည်း ကျင်းစစ် အရမ်းအာရုံစိုက်နေခဲ့သောကြောင့် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။


"ဘုရားရေ ငါတော့ သေလောက်အောက် မွန်းကျပ်နေတာပဲ " ဟိုတယ်ခန်းထဲတွင် ဝမ်ချုံးသည် သန့်စင်ခန်းထဲမှ ထွက်လာပြီး သက်ပြင်းချလိုက်လေသည် " ငါ သေးပေါက်တဲ့ အချိန်ကျမှပဲ ငါဘဝလေးက လွတ်မြောက်သွားမှန်း သိလိုက်ရတယ်"


ကျင်းစစ်သည် သူ့ကို ဖြေနိုင်သည် မဖြေနိုင်သည်ကို မပြောချင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမထိန်းနိုင်တော့သောကြောင့်ပင်။ သူသည် ဝမ်ချုံးကို တွန်းထုတ်လိုက်ပြီး အိမ်သာထဲသို့ အမြန်ပြေးလေသည်။


၎င်းသည် ကျင်းစစ်အလျင်လိုနေသည်ကို ဝမ်ချုံးတွေ့ဖူးသော ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းသည်ပင် အနည်းငယ် တော်ဝင်ဆန်လေသည်။ သူ နံရံကို မှီရင်း အထဲသို့ ကျယ်လောင်စွာ အော်ပြောလိုက်လေသည် "ဟေး ငါတို့ ဟိုတယ်မှာ ဘာတွေစားမယ်ဆိုပြီးတွေးလိုက်တာ စားချင်စိတ်တောင် မရှိတော့ဘူး ဆိုးလိုက်တာ လောင်ကန်မား ဘူးကို ယူမလာမိတာ နောင်တရတယ် "


( Eng T/n : လောင်ကန်မားဆိုတာ ငရုတ်ဆီဘူး တံဆိပ်ပါ)


ကျင်းစစ် စကားမပြောခဲ့ပေ။


အတော်ကြာမှ အိမ်သာရေဆွဲချသံကို ကြားလိုက်ရပြီး ကျင်းစစ်၏ ခပ်ဖျော့ဖျော့ အသံသည် တံခါးနားမှ ထွက်ပေါ်လာလေသည် " အခုအချိန်က မင်း ငါနဲ့ အစားအသောက်အကြောင်း ဆွေးနွေးလို့ ကောင်းတဲ့ အချိန်လို့ ထင်နေတာလား?"


"ဘာဖြစ်လို့လဲ?" ဝမ်ချုံးသည် လုံးဝဂရုမစိုက်ဘဲ တက်တက်ကြွကြွ ပြောလိုက်လေသည် " ငါဆို အိမ်သာတက်နေရင်း ချိုချဥ်စားတုန်းပဲ"


ကျင်းစစ် : "..."


ဝမ်ချုံး၏ ခန္ဓာကိုယ်သည် မည်သို့ ဖြစ်ပေါ်လာကြောင်း နောက်ဆုံးတွင် နားလည်လိုက်လေသည်။


ကျင်းစစ် လက်များကို ဆေးကြောသန့်စင်လိုက်ပြီးနောက် တံခါးဖွင့်လိုက်လေသည် 


" သွားရအောင် မင်း မစားချင်ရင်တောင် သွားတော့စားရမှာပဲ"


"အင်း" ဝမ်ချုံးသည် သက်ပြင်းချလိုက်ရင်း အခန်းကတ်ကို ဆွဲလိုက်လေသည် " သွားရအောင်"


အခြားအသင်းဝင်များနှင့် တွေ့ပြီးနောက် လူတစ်စုသည် လှေကားပေါ်မှ အတူတူ ဆင်းလိုက်ကြသည်။ အသင်းခေါင်းဆောင်အပါအဝင် လူတိုင်းသည် စာမေးပွဲအကြောင်းကို တမင်တကာ မဖွင့်ဟပဲ ပြုံးပြုံးရွှင်ရွှင် စားသောက်ပြီးနောက် အခန်းသို့ နားရန် ပြန်သွားကြလေသည်။


နောက်တစ်နေ့မနက်တွင်လည်း စာမေးပွဲ ရှိသေးသည်။ 


သို့သော် ထိုစာမေးပွဲ ပြီးနောက်တွင် သူတို့သည် လုံးဝ လွတ်မြောက်သွားလေသည်။ ပြိုင်ပွဲဝင်များ၏ စာမေးပွဲခန်းမှ ထွက်လာချိန်တွင် စိတ်အေးနေသော အမူအရာများကြောင့် သူတို့၏ စိတ်အခြေအနေသည် ပထမဆုံးအကြိမ်နှင့် လုံးဝကွာခြားသွားသည်ကို မြင်နိုင်လေသည်။


တရုတ်အသင်းခေါင်းဆောင် နှစ်ဦးက အလွန်အတွေ့အကြုံရှိလေသည်။ စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ရလဒ်များ အားလုံးသည်လည်း အဆုံးအဖြတ် ပေးပြီးပြီ ဖြစ်သည်။ သူတို့၏ ရလဒ်များကို ခန့်မှန်းရန် မည်မျှ ရမည်ကို မေးနေစရာမလိုပေ။


မင်း စာလေ့လာတဲ့ အချိန်ဆိုရင် ပြင်းပြင်းထန်ထန် စိတ်နှစ်ပြီး လေ့လာလိုက် ကစားတော့မယ် ဆိုရင်လည်း စိတ်လွတ်ကိုယ်လွတ်သာ ကစားလိုက်


ထို့ကြောင့် နောက်နှစ်ရက်ခွဲတွင် အသင်းခေါင်းဆောင်များသည် ကျင်းစစ်နှင့် တခြားလူများကို ခေါ်ကာ လူထုအာရုံကို ဆွဲဆောင်နိုင်သော အထင်ကရ နေရာများကိုသာမက နာမည်ကြီးသော စားသောက်ဆိုင်များကိုလည်း သွားရောက်လည်ပတ်ခဲ့လေသည်။


သူတို့၏ အချိန်ဇယားသည် အလွန်အလောတကြီး ဖြစ်နေပြီး လူတိုင်း ပြေးလွှားရာမှ ပင်ပန်းနေသော်လည်း သူတို့ အလွန်ပျော်နေလေသည်။


"ဒီပုံက တကယ်ကောင်းတာပဲ" နေ့လည်တွင် ဝမ်ချုံးသည် ဟိုတယ် အိပ်ယာပေါ်တွင် လှဲနေရင်း wechat မှ မက်ဆေ့ချ်များကို ဖတ်နေရင်း ကျင်းစစ်ကို ပြောလိုက်လေသည် 


" ကြည့်ရတာ ငါ ကိုယ်အလေးချိန် တော်တော် ကျသွားတယ်ထင်တယ်"


အပြင်ထွက် လည်ပတ်ကြသောအခါ လူတစ်စုသည် နိုင်ငံအလံနှင့် အတူဓါတ်ပုံ တွဲရိုက်ခဲ့လေသည်။ ၎င်းအား အသင်းသား တစ်ယောက်ချင်းဆီကို လိုက်ပို့နေပါက အလုပ်ရှုပ်မည် ဖြစ်သောကြောင့် သူတို့သည် ဂရု ထဲတွင်သာ တင်လိုင်လေသည်။


ကျင်းစစ် ခေါင်းငုံ့ကာ ၎င်းကို ကြည့်လိုက်လေသည်။ ၎င်းသည် အတော်လေး ကြည့်ကောင်းသည်။ သူသည် ဝမ်ချုံးကို အတုခိုးကာ wechat group ထဲသို့ ပုံကို သိမ်းဆည်းရန် ဝင်လိုက်ပြီး တစ်ခါတစ်ရံ ကြည့်ကောင်းသော ပုံများကို ယင်းကျောင်းကိုပင် ပို့လိုက်သေးသည်။


ယခုရက်များတွင် ကျင်းစစ်နှင့် ယင်းကျောင်းသည် သိပ်မဆက်သွယ် ဖြစ်ပေ။ ရလဒ်အနေဖြင့် သူတို့နှစ်​ယောက်၏ စံတော်ချိန်သည် ကိုးနာရီမျှပင် ကွာခြားပြီး အားလပ်ချိန်လည်း အနည်းငယ်သာ ရှိလေသည်။ ယင်းကျောင်းသည်လည်း နောက်ဆုံးစာမေးပွဲ စနေပြီ ဖြစ်သောကြောင့် ကျင်းစစ် သူ့ကို အာရုံမလွင့်စေချင်ပေ။


ထိုအချိန်တွင် ယင်းကျောင်းသည် အိမ်သို့ ပြန်ပြီး စာကြည့်နေသည်ဟု ထင်လိုက်သောကြောင့် မက်ဆေ့ချ် ပို့လိုက်လေသည်။


"ငါ TV ကြည့်ဦးမယ် " 


ဝမ်ချုံးသည် ဖုန်းထဲတွင် စကားစမည် ပြောပြီးနောက် ကျင်းစစ်ကို ပြောလိုက်လေသည် " မင်း အိပ်တော့မှာလား..."


"မအိပ်သေးပါဘူး" ကျင်းစစ်သည် ဓါတ်ပုံများကို ပို့နေချိန်တွင် စကားသံကို ကြားလိုက်ရပြီး ခေါင်းမမော့ဘဲ ပြန်ပြောလိုက်လေသည် " မင်း TV ကြည့်လို့ရတယ်"


ဝမ်ချုံး ခလုတ်ကို နှိပ်လိုက်ပြီးနောက် လေချွန်သံနှင့် ရယ်သံများသည် တစ်ခန်းလုံးကို ဖုန်းလွှမ်းသွားလေသည်။ ကျင်းစစ် ဂရုတစိုက် နားထောင်လိုက်သောအခါ ၎င်းသည် ဆွေးနွေးပြောဆိုသည့် ရှိုးတစ်ခုဖြစ်ကြောင်း သိလိုက်ရလေသည်။ 


ဝမ်ချုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး ချန်နယ်ကို ပြောင်းလိုက်လေသည်။ သူ များသောအားဖြင့် အလွန် ကြိုက်သော ရှိုးတစ်ခုကို ကြည့်ရန် ပြောင်းချင်ခဲ့သော်လည်း သူသည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရလေသည်။ သူသည် TV ကို စိတ်ဆိုးမာန်ဆိုး ပိတ်လိုက်ပြီး ရီမု ကို အိပ်ယာပေါ်သို့ ပစ်ချလိုက်လေသည်


 " မကြည့်တော့ဘူးကွာ ! "


ကျင်းစစ် သူ့ဘက်ကို လှည့်လိုက်လေသည် " ဘာဖြစ်လို့လဲ ..."


"ငါ စိတ်လှုပ်ရှားပြီး ကြောက်နေလို့"


 ဝမ်ချုံးသည် သူမတည်မငြိမ် ဖြစ်နေမည်ကို မပေါ်လွင်စေချင်သောကြောင့် မပြောချင်ခဲ့သော်လည်း ကျင်းစစ် မေးလိုက်သောအခါ မထိန်းနိုင်ဘဲ ချက်ချင်း ပြောလိုက်လေသည်


 " ရလဒ်တွေ ထွက်လာတော့မယ်လေ ငါစာမေးပွဲမှာ ဘယ်လိုတွေ လုပ်ခဲ့လဲ မသိဘူး"


ယခင်နှစ်က ပြိုင်ပွဲရလဒ်များကို ညနေလေးနာရီ ဝန်းကျင်တွင် ကြေငြာခဲ့ပြီး ယခု သုံးနာရီ ခွဲနေပြီပင်။


ဝမ်ချုံးသည် စာမေးပွဲတွင် ကောင်းကောင်းလုပ်ခဲ့သော်လည်း သူ ရလဒ်များကို မမြင်သေးသ၍ စိတ်မအေးနိုင်ပေ။


ကျင်းစစ် အစပိုင်းတွင် ဘာကိုမှ မခံစားခဲ့ရသော်လည်း သူပြောလိုက်ခါမှ ရုတ်တရက် စိတ်လှုပ်ရှား ထိတ်လန့်သွားလေသည်။ သူသည် ဖုန်းကို တည်ငြိမ်စွာ အောက်ချလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်လေသည် " အောက်ဆင်းပြီး လမ်းလျှောက်ကြမလား?"


ဝမ်ချုံး ဆတ်ခနဲ ထလိုက်ကာ လက်ဖဝါးမှ ချွေးများကို တစ်ရှူးဖြင့် သုတ်လိုက်လေသည်


 "သွားရအောင်"


အပြင်ဘက် ရာသီဥတုသည် အေးလည်းမအေး ပူလည်းမပူဘဲ နေလို့ကောင်းသည်။ သူတို့နှစ်ယောက်သည် ဟိုတယ် လော်ဘီထဲမှ ထွက်လာလိုက်ပြီး ဘယ်ကို သွားမည်ဟု ဆွေးနွေးတော့မည့်အချိန်တွင် ကျင်းစစ်၏ အိတ်ကပ်ထဲမှ ဖုန်းသည် တုန်ခါသွားပြီး wechat မှ ဗီဒီယို ဖုန်းခေါ်ဆိုခြင်း ဖြစ်လေသည်။


"မင်း ကိုင်လိုက်လေ" ဝမ်ချုံး ပြောလိုက်သည် " ငါ ဒီနား တစ်ဝိုက်မှာ လမ်းလျှောက်လိုက်ဦးမယ်"


ကျင်းစစ်သည် ခေါင်းငြိမ့်ပြလိုက်ပြီး အလင်းရောင်ကောင်းကောင်းရသော ထောင့်တစ်နေရာသို့ သွားပြီး ဗီဒီယိုဖုန်းဖြေလိုက်လေသည်။


ယင်းကျောင်း၏ မျက်နှာသည် ဖုန်းမျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။ သူ၏ ဆံပင်သည် စိုရွှဲနေပြီး လည်ပင်းတွင် တပတ်ကို တွဲလောင်းချထားလေသည်


 " ကိုယ်ခုလေးတင် ရေချိုးပြီးတာ မင်း ပို့ထားတဲ့ မက်ဆေ့ချ်ကို မမြင်လိုက်ဘူး မင်း အပြင်မှာလား..."


"အင်း" ကျင်းစစ်သည် ကင်မရာကို အပြင်သို့ လှည့်လိုက်ပြီး အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို ပြလိုက်လေသည် " ဒီက ရာသီဥတုက အရမ်းကောင်းတာပဲ သိပ်မကြာခင် ရလဒ်တွေ ထွက်တော့မှာလေ ငါ... ငါ စိတ်လှုပ်ရှားလို့ အောက်ဆင်းလာတာ"


ယင်းကျောင်း ရယ်လိုက်လေသည်။ ကျင်းစစ်သည် သူ၏ စာမေးပွဲ ရလဒ်အတွက် စိတ်လှုပ်ရှားနေသည်ကို မြင်ရသည်မှာ ရှားပါး၏။


သူသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ထိုအကြောင်းကို မပြောတော့ဘဲ ခေါင်းစဥ်လွှဲလိုက်လေသည် 


" မနက်ဖြန်ကျရင် ပိတ်ပွဲ အခမ်းအနားပဲ ရှိတော့မယ်မလား ... သဘက်ခါကျရင် မင်းပြန်လာမှာလား..."


လေယာဥ် လက်မှတ်များကို အသင်းခေါင်းဆောင် များက စီစဥ်သောကြောင့် ကျင်းစစ် အစပိုင်းတွင် အချိန် အတိအကျကို မသိခဲ့ပေ။ 


"ညစာစားပွဲလည်း ရှိသေးတယ် လေယာဥ်က သဘက်ခါ နေ့လည် သုံးနာရီမှာ နောက်ပြီးတော့..." ကျင်းစစ် တွက်လိုက်ပြီး ပြောလိုက်လေသည် " မနက် ရှစ်နာရီကျရင် လေယာဥ်ဆင်းသက်မှာ"


" စိတ်မကောင်းစရာပဲ" ယင်းကျောင်း နောင်တကြီးစွာ ပြောလိုက်လေသည် " အဲ့အချိန်ကျ ကိုယ်က ကျောင်းမှာ ရှိနေမှာ" သူ ခတ္တရပ်တန့်ပြီးနောက် ဆက်ပြောလေသည် " မင်းမှာ ညစာစားပွဲ ရှိသေးတာလား..."


ကျင်းစစ် ခေါင်း​ငြိမ့် ပြလိုက်လေသည်။


"ဘာလို့ ကိုယ်ကို အရင်က မပြောခဲ့တာလဲ..."


ကျင်းစစ် ဂရုမစိုက်ပေ " အရေးမှ မကြီးတာ" ယင်းကျောင်းနှင့် မနက်ဖြန်အတွက်ကို မပြောဖြစ်ခဲ့ပါက သူသည် ထိုအကြောင်းကို မေ့လုမတတ်ပင်။


"ဘာလို့ အရေးမကြီးရမှာလဲ..." ယင်းကျောင်း မျက်ခုံးပင့်လိုက်လေသည် " မင်း ဘာဝတ်သွားမှာလဲ..."


ကျင်းစစ်သည် ရိုးရှင်ကာ တည့်တိုး ပြောတတ်သောကြောင့် ၎င်းကို တွေးမနေဘဲ ပြောလိုက်လေသည်


 " အသင်းယူနီဖောင်းလေ ဝမ်ချုံးလည်း တူတူပဲ"


ယင်းကျောင်း : "..."


....


စာရေးသူမှာ ပြောစရာ ရှိပါတယ် : ငါ ရလဒ်တွေကို ရေးချင်ပေမဲ့ ငါ့လက်က နှေးလွန်းတော့ မရေးနိုင်တော့ဘူး မနက်ဖြန်ကျမှ ရေးမယ်နော် _(:з」∠)_


ကျင်းစစ်ကို နိုင်ငံခြားသားတွေက အထင်သေးနေတာကို အစ်ကိုကျောင်းသာ သိသွားရင် --


အစ်ကိုကျောင်း : ဟီးဟီး အနှုတ်သဘောဆောင်တဲ့ ရမှတ်တွေအောက်က နှလုံးသားက အမှတ်အပြည့်ပဲ


(T/n : ဒီနေရာမှာ ယင်းကျောင်းဘာကို ပြောချင်တာလဲ မသိဘူး)