အပိုင်း၁၂၂
Viewers 12k

Chapter 122

Chapter 122


ယင်းကျောင်းသည် သဘောတကျဖြစ်သွားလေသည်


 "ပေါင်ပေ့ရေ မင်းက အဲ့မှာ ပါဝင်ဆင်နွှဲမှာလား စတိတ်စင်ကို ဖြိုချမှာလား..." 


သူ သဘက်ကို ယူလိုက်ပြီး ဆံပင်ကို သုတ်လိုက်ရင်း ပြောလိုက်လေသည် " ကိုယ်သာ သိခဲ့ရင် မင်းအတွက် ဝတ်စုံ ပြင်ပေးမှာပေါ့"


"မလိုပါဘူး" ၎င်းသည် အမှန်တကယ် မလိုအပ်ဟု ကျင်းစစ်ခံစားရလေသည်။ အခြားနိုင်ငံများသည် မည်သို့ပြုလုပ်မည်ကို မသိသော်လည်း သူ၏ အသင်းဖော်များသည် အရမ်း မကြီးကျယ်ပေ။


"ဝတ်စုံ တစ်စုံလောက်တော့ အော်ဒါမှာရအောင် အနာဂါတ်မှာလည်း သုံးလို့ ရတယ်လေ" 


ယင်းကျောင်းသည် ဧည့်ခန်းထဲမှ အအေးပေးစက်ကို အပူချိန် လျော့ချလိုက်ပြီး ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်လိုက်လေသည် " ကိုယ် မင်းရဲ့ ဆိုဒ်ကို သိတယ် ဒါပေမဲ့ အတည်ပြုဖို့ အသေးစိတ် အချက်အလက်တွေ လိုသေးတယ်"


ကျင်းစစ်သည် သူ၏ စကားကို မသိစိတ်အရ မေးလိုက်လေသည် " ဘာကိုလဲ..."


ယင်းကျောင်းသည် သူ၏ အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်လေသည် " မင်းဘယ်ဘက်ကနေ ဝတ်တာလား ညာဘက်ကနေ ဝတ်တာလား?"


ကျင်းစစ်သည် သူ၏ စကားကြောင့် အနည်းငယ် ရှုပ်ထွေးသွားပြီး အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ပေ "အာ..."


"မင်း အတွင်းခံ ဝတ်ရင်လေ" ယင်းကျောင်းသည် ကျင်းစစ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း မသဲမကွဲ ပြောလိုက်လေသည် 


" မင်း အတွင်းခံဝတ်ရင် ဘယ်လို ဝတ်လဲ..."


ကျင်းစစ်၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး သူသည် အနီးတဝိုက်ကို ကသိကအောက်ဖြစ်စွာ လှည့်ကြည့်လိုက်ပြီး ငြင်းဆန်သည့် အနေဖြင့် တိုးတိုးလေး ပြောလိုက်လေသည်


 " ကော ငါအပြင်မှာနော် "


"အပြင်မှာဆိုတော့ ဘာဖြစ်လို့လဲ..." 


ယင်းကျောင်းသည် အရေထူသောကြောင့် လုံးဝ ဘာမှကို မခံစားရပေ


 "မင်းအနားမှာ တစ်ယောက်မှ မရှိဘူးလေ မြန်မြန်ပြောလေ ဒါမှမဟုတ် မင်းက ကိုယ့်ကို ထပ်မေးစေချင်လို့လား.."


"မဟုတ်ဘူး" ကျင်းစစ်သည် သူ၏ မျက်နှာကို ခပ်ပြင်းပြင်း ပွတ်လိုက်ပြီး လိပ်ပြာမသန့်စွာ ပြောလိုက်လေသည် 


" ဘယ်ဘက် ဘယ်ဘက်"


"အိုကေ ကိုယ် ရေးမှတ်ထားမယ် " ယင်းကျောင်းသည် သူ၏ ရှက်ရွံ့ကာ နီမြန်းနေသော မျက်နှာလေးကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားသည် ယားယံသွားကာ တမင်တကာ ဆိုးဆိုးဝါးဝါး စနောက်လိုက်လေသည်


 " ကျင်းရှန် ကိုယ်က မင်းအကြောင်းကို ကောင်းကောင်းသိသွားပြီ မင်းရော ကိုယ့်အကြောင်းကို သိချင်လား..."


ကျင်းစစ်သည် သူဘာကို ဆိုလိုသည်အား ချက်ချင်း နားလည်လိုက်သည်။ သို့သော် သူ၏ ချစ်သူကောင်လေးနှင့် နေ့လည်ဘက်အပြင်တွင် ပရောပရီ လုပ်ခြင်းသည် သူ့အတွက်တော့ အနည်းငယ် လွန်လွန်း၏။ သူ ခေါင်းမော့လိုက်ပြီး ယင်းကျောင်းကို ကြည့်ရင်း အားနည်းသည့်ပုံစံလေးကို ပြလိုက်လေသည် "ကိုကို..."


"အင်း" ယင်းကျောင်းက မလှုပ်မယှက်ဖြင့် သူ့ကို ဆက်ပြောရန် လှုံ့ဆော်လိုက်လေသည်။


Report content on this page


ကျင်းစစ်သည် မျက်လွှာချထားပြီး သူ၏ မျက်နှာသည် လောင်ကျွမ်းမတတ် ပူလောင်နေသည်။ အတော်ကြာသည်အထိ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှူများ ပြုလုပ်ပြီးနောက် အံကြိတ်ကာ ညင်သာစွာ ပြောလိုက်သည်


 " ဒါဆို ...ဒါဆို မင်းက ဘယ်ဘက်နဲ့ အရင်ဝတ်တာလဲ..."


သူပို၍ နာခံလေ ယင်းကျောင်းသည် သူ့ကို ပို၍ အနိုင်ကျင့်ချင်လေပင်။ သူ၏ နှုတ်ခမ်းများသည် ကျီစယ်သည့် သဘောဖြင့် မြင့်တက်နေလေသည် 


" မင်းပြန်လာပြီး မင်းကိုယ်တိုင်ကြည့်ရင် သိရမှာပဲလေ"


ကျင်းစစ်၏ လက်သည် အနည်းငယ် တုန်ယင်သွားသောကြောင့် ကင်မရာသည် လက်မ အနည်းငယ် ရွေ့သွားလေသည်။


"မင်း မကြည့်ချင်လို့လား..."


ကျင်းစစ် ခေါင်းကို ရှက်ရွံ့စွာ လှည့်လိုက်ပြီး ပြောလိုက်လေသည် "မဟုတ်ဘူး"


ယင်းကျောင်း စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး တစ်ခုခု ပြောတော့မည့်အချိန်တွင် ဝမ်ချုံးသည် အော်ဟစ်ရင်း အမြှောက်ကျည်ဆံသကဲ့သို့ အလျင်အမြန် ပြေးလွှားလာလေသည်။


သူ၏ မျက်နှာသည် နီရဲနေပြီး သူ၏ နှုတ်ခမ်းများသည်လည်း တုန်ယင်နေလေသည်။ စကား တစ်ခွန်းမှ မပြော သူသည် ကျင်းစစ်ကို လှမ်းဖက်လိုက်လေသည်။


မပြင်ဆင်ထားသော ကျင်းစစ်သည် သူ့ကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး သူ၏ ဖုန်းသည် မြေပြင်ပေါ်သို့ လွတ်ကျမလိုပင် ဖြစ်သွားသည်။ သို့သော် သူ၏ စိတ်ထဲတွင် ခန့်မှန်းမိလိုက်သည့်အတွက် ဝမ်ချုံးကို တွန်းမထုတ်ခဲ့ပေ။ 


သူမမေးခင် ဝမ်ချုံးသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် " ငါတို့ ... ငါတို့ ပထမရတယ်"


သူ ကျင်းစစ်၏ ပခုံးများကိုကိုင်ထားရင်း သူ၏ မျက်လုံးများသည် နီရဲနေလေသည်


 " ဆရာက ဂရုထဲမှာ ငါတို့ ပထမရကြောင်း ပြောတယ် ငါတို့က တကယ်ကို ပထမတဲ့ " သူ၏ မျက်နှာကို သုတ်လိုက်ရင်း စိတ်တည်ငြိမ်အောင် လုပ်လိုက်လေသည် " ဆရာက ငါတို့ကို အပေါ်သွားဖို့ ပြောတယ်"


ကျင်းစစ်၏ မျက်လုံးများသည် အလွန်တောက်ပနေပြီး  သူ၏ တည်ငြိမ်သည့် ပုံစံကို ထိန်းထားလေသည်။


သူ သက်ပြင်းရှိုက်လိုက်ပြီး သူ၏ တောင့်တင်းနေသော လက်များကို ကျစ်ကျစ် ဆုတ်ထားပြီး ဖုန်းကို ထပ်မြှောက်လိုက်သည်


 " ကော ငါ..."


"ဂုဏ်ယူပါတယ် " ယင်းကျောင်းသည် ဆိုဖာမှ ဘယ်အချိန်တွင် မတ်တတ်ထရပ်လိုက်သည်ကိုပင် မသိခဲ့ပေ။ သူသည် ကျင်းစစ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ဂုဏ်ယူမှုများကို မဖုံးဖိနိုင်ပေ။


အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သော်လည်း ယင်းကျောင်းသည် ကျင်းစစ်ကြောင့် အံ့အားသင့်နေရတုန်းပင်။


ယင်းကျောင်းသည် သက်ဆိုင်ရာ သတင်းများကို ရှာဖွေ ကြည့်ခဲ့ပြီး အပြင်ဘက်ရှိ တညီတညွတ်တည်း ပါးစပ်ဆိုးသော လူများကြားတွင် ပထမရရန် မည်မျှ ခက်ကြောင်းကို ကြားခဲ့ရလေသည်။


ကျင်းစစ်သည် အလွန်စွမ်းအားကြီးသောကြောင့် သူသည် မကြုံစဖူး စကားပျောက်ဆုံးကာ မည်သို့ ချီးကျူးရမည်ကိုပင် မသိတော့ပေ။


ယင်းကျောင်း သူ၏ ပြင်းထန်နေသော နှလုံးခုန်သံများကို တည်ငြိမ်စေလိုက်ပြီး ဖြည်းဖြည်းလေး ပြောလိုက်လေသည်


 " မင်းက အလုပ်ရှုပ်နေမှာ ကိုယ်အရင် ဖုန်းချနှင့်မယ် ကိုယ်တို့အတွက် စိတ်မပူနဲ့ ကိုယ် ဆရာလျှိုနဲ့ တခြားသူတွေကို ကိုယ်ပြောပြလိုက်မယ်"


ကျင်းစစ်သည် ခေါင်းကို ပြင်းထန်စွာ ငြိမ့်ပြလိုက်ပြီး သူ၏ ဖုန်းကို အဝေးတွင် ချထားလိုက်လေသည်။


စံတော်ချိန် လေးနာရီ ကိုးမိနစ်တွင် နိုင်ငံတကာ ပြိုင်ပွဲရလဒ်များကို အပြည့်အစုံ ကြေငြာလေသည်။


လေးနှစ်ဆက်တိုက် ရှုံးလာခဲ့ပြီးနောက် တရုတ်အသင်းသည် ထိုမာနကြီးသော နိုင်ငံခြားသားများကို စုစုပေါင်း ရမှတ် 213 မှတ်ဖြင့် မျက်နှာ ဖြတ်ရိုက်ခဲ့ပြီး ထိုက်တန်သော ပထမနေရာကို ရခဲ့လေသည်။


ထိုထဲတွင် ကျင်းစစ်၏ မြင့်မားသောအမှတ် 41 မှတ်သည် ပထမနေရာကို ရရန်အတွက် အလွန်အထောက်အကူ ပြုခဲ့လေသည်။


အခြားသူများကိုပင် အနိုင်ယူခွင့်မပေးဘဲ အသင်းသားများသည် တစ်ယောက်နှင့် တစ်ယောက် အမှတ် အများကြီးမကွာပေ။ ချန်းဟိုင်သည်လည်း ကျင်းစစ်နောက်မှ သိပ်မကွာဘဲ ရမှတ် 40 ဖြင့် အမှီလိုက်ခဲ့ပြီး ဝမ်ချုံးသည် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ရမှတ် 38 မှတ်ရခဲ့သည်။


ထိုအဖွဲ့သည် ရွှေတံဆိပ်ဆု ငါး ဆုနှင့် ငွေတံဆိပ်ဆု တစ်ဆုတို့ဖြင့် ပထမဆုံး ထွက်လာကြလေသည်။


ထို့ကြောင့် ယခင်နှစ်များတွင် ရှက်ရွံ့နေခဲ့ရသော တရုတ်သည် ယခုတွင် အနိုင်မခံအရှုံးမပေးသော သဘောထားဖြင့် ဘုရင်၏ ပြန်လည် ရောက်ရှိလာကြောင်းကို တစ်ကမ္ဘာလုံးကို ပြသလိုက်လေသည်။


ပိတ်ပွဲ အခမ်းအနားတွင် အသင်းခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် အသင်းသား ခြောက်ဦးသည် နိုင်ငံအလံကိုယူကာ စင်မြင့်ပေါ်သို့ အလှည့်ကျ တက်ရောက်ခဲ့လေသည်။


သူတို့အပေါ်ရှိ ကြီးမားသော စခရင်ပေါ်တွင် သူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပရိတ်သတ်အား ရှင်းလင်းစွာ ဖော်ပြထားလေသည်

__


တရုတ်ပြည်သူ့သမ္မတနိုင်ငံ 


ကျင်းစစ် 


ချန်းဟိုင်


ဝမ်ချုံး

...........


ကင်မရာဘေးရှိ ခလုတ်ကို နှိပ်လိုက်သည်နှင့် ထိုအခိုက်အတန့်ရှိ ဂုဏ်ကျက်သရေသည် ထာဝရ မှတ်တမ်းတင်ပြီးသား ဖြစ်သွားလေသည်။

ကျင်းစစ်နှင် တခြားသူတို့ စင်ပေါ်မှ ဆင်းလိုက်သည်နှင့် ဒုတိယဆုကို ရရှိသော နိုင်ငံခြားသား အုပ်စုနှင့် ထိပ်တိုက် တိုးလေသည်။


" အဲ့တစ်ယောက်က ငါတို့ရှေ့က ဖြတ်လျှောက်သွားတုန်းက ငါတို့ကို အထင်သေးသလို ကြည့်တဲ့တစ်ယောက်လေ" ဝမ်ချုံးသည် ကျင်းစစ် နားသို့ တိုးတိုးကပ်ပြောလိုက်လေသည် 


" ရလဒ်လည်း ထွက်လာရော ငါတို့က ကျော်တက်သွားတာမလား... ဟားဟားဟား ! "


ကျင်းစစ် သူ၏ မျက်လုံးများကို မော့ကြည့်လိုက်ချိန်တွင် ထိုနိုင်ငံခြားအသင်းသားများ၏ အကြည့်များနှင့် ဆုံလိုက်လေသည်။


သူသည် သရော်သလို ရန်စကာ ကြည့်လိုက်ပြီး သူ၏ ညာဘက်လက်ကို အနည်းငယ် မြှောက်လိုက်ပြီး လက်ထဲမှ အလံကို မြှောက်ပြလိုက်လေသည်။


(Eng T/n : ကျင်းစစ် လုပ်တာလား ဝမ်ချုံး လုပ်တာလား မသေချာဘူး)


အနီရောင်တောက်တောက် အလံသည် သူ၏ မျက်စိရှေ့တွင် အနည်းငယ် ပျံ့ကားသွားပြီး နိုင်ငံခြားသားများသည် ဓါးဖြင့် အထိုးခံလိုက်ရသကဲ့သို့ မှင်သေသေဖြင့် စိုက်ကြည့်နေပြီးနောက် လျှင်မြန်စွာ အကြည့်လွှဲလိုက်လေသည်။


တရုတ်နိုင်ငံသို့ သတင်းရောက်သွားသောအခါ မီဒီယာများနှင့် နိုင်ငံသားများသည်ပင် အံ့အားသင့်ကြောင်အသွားကြလေသည်။ 


သူတို့သည် ပထမရရန် လေးနှစ်တိုင် စောင့်နေခဲ့ရပြီး ၎င်းသည် ပြောမပြတတ်လောက်အောင် အလွန်တန်ဖိုး ကြီးမားလေသည်။


သတင်းမီဒီယာများသည် ထိုအဖြစ်အပျက်အား အလုအယက် တင်ကြလေသည်။ ချီးကျူးဂုဏ်ပြုစကားအပြည့်သာမက သတင်းခေါင်းစဥ်များသည်လည်း မည်းနက် ထင်ရှားနေလေသည်။


[နိုင်ငံတကာ သင်္ချာ အိုလံပစ် တရုတ်အသင်းရဲ့ ဘုရင်အဖြစ် ပြန်လည် ရောက်ရှိလာမှု ! ချန်ပီယံဆုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ခြင်း ]


[သမိုင်း တစ်ကျော့ပြန်လည်လာပြီ ! နိုင်ငံတကာ သင်္ချာအိုလံပစ်မှာ ပထမ ဆုကို ရသွားတဲ့ ရွှေတံဆိပ်ဆု ငါးယောက်နဲ့ ငွေတံဆိပ်ဆု တစ်ယောက် အဖွဲ့ကို ဂုဏ်ပြုပါတယ် ! ]


[ အိုလံပစ်မှာ တရုတ်ရဲ့ နေရာက ပျောက်သွားပြီလို့ ဘယ်သူပြောလဲ တရုတ်တွေရဲ့ ဦးနှောက်က အရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူး ]


( Eng T/n : အဲ့ဒါက မှန်လား မသေချာဘူး)


ပိတ်ပွဲ အခမ်းအနားမှ ကျင်းစစ်နှင့် တခြားသူများကို မီဒီယာများမှ ဓါတ်ပုံရိုက်မှတ်တမ်းတင်ကာ သတင်းတွင် ဖော်ပြကြသည်သာမက TV ပေါ်တွင်လည်း ပြသလေသည်။


နိုင်ငံပိုင်မီဒီယာများကပင် ပထမဆုကို ပြန်လည်ခူးဆွတ်နိုင်ခဲ့သည်အား ဂုဏ်ပြုသည့်အနေဖြင့် weibo ပေါ်တွင် တင်ခဲ့လေသည်။ ထိုအကြောင်း သတင်းများ များပြားလွန်းသောကြောင့် ရှာဖွေမှု နံပါတ်တစ်သို့ တန်းရောက်သွားလေသည်။ ၎င်းသည် နောက်ဆုံးနေရာများတွင် ရှိနေခဲ့သော်လည်း လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။


နိုင်ငံသားများသည်လည်း မှင်သက် သွားကြလေသည်။ သူတို့တွင် အရင်က မျှော်လင့်ချက် နည်းနည်းလေးတောင် မထားခဲ့ပေ။ သူတို့သည် ပြိုင်ပွဲဝင်များကိုသာ အာရုံစိုက်ထားလေသည်။ အဆုံးတွင် ထိုကဲ့သို့ ကြီးမားသော အံ့အားသင့်စရာသည် စောင့်နေမည်ဟု မည်သူမျှ မထင်ထားပေ။


[အားအားအား အရမ်း စိတ်လှုပ်ရှားတာပဲ ! ငါ တက္ကသိုလ် ဝင်ခွင့်ရတုန်းကထက်တောင် ပိုစိတ်လှုပ်ရှားနေတယ် ! တကယ် အံ့အားသင့်စရာပဲ ! ]


[မိုက်လိုက်တာ ! အသင်းသား ခြောက်ယောက်လုံးကို ဂုဏ်ပြုပါတယ် ]


[ဂုဏ်ယူပါတယ် ! ဒီငယ်ရွယ်တဲ့ ညီလေး ညီမလေးတွေက အောင်မြင်မှုအတွက် ကြိုးပမ်းခဲ့ရတာ]


[မယုံနိုင်စရာပဲ ငါအခုမှ အိပ်ယာနိုးတာ ထတောင်ခုန်မိတယ်]


[ ရုတ်တရက် ကြောက်ဖို့ကောင်းတဲ့ အရာကြီးကို ရုတ်တရက် တွေ့လိုက်ရတယ် ဒီပညာရှင်တွေရဲ့ ရုပ်ရည်တွေက ဘယ်လိုလုပ် တစ်ယောက်ထက် တစ်ယောက် ပိုမြင့်နေရတာလဲ...အထူးသဖြင့် အလယ်က တစ်ယောက် ငါတို့ထက်လည်း စာပိုတော်တယ် ငါတို့ထက်လည်း ရုပ်ချောတယ် ... ]


[အပေါ်ထပ်က လူရေ ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပါ ငါမကြားချင်လို့ပါ ကျေးဇူးပဲ]


တုန်းဟိုင်စီရင်စုအထက်တန်းကျောင်းသည် ပို၍ ပျော်ရွှင်နေကြပြီး နောက်တစ်နေ့တွင် ကျောင်းပေါက်ဝတွင် ဂုဏ်ပြုခေါင်းစီးစာတမ်းကြီးကို ချိတ်ဆွဲထားလေသည် __


နိုင်ငံတကာ သင်္ချာ အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရသွားတဲ့ ငါတို့ကျောင်း တန်းခွဲ 7 က ကျင်းစစ်အတွက် ဂုဏ်ယူပါတယ် ! 


ကျောင်း၏ သတင်းတင်သည့် ပေ့ချ် တွင်ပင် သတင်းတင်ခဲ့လေသည်။ ကျောင်းအုပ်ကြီးသည် သူကိုယ်တိုင် ပိုစ့်ကို ရေးသားခဲ့ပြီး ကျင်းစစ်နှင့် ကျောင်းဆရာများ အတူရိုက်ထားသည့် ဓါတ်ပုံကို တွဲတင်လိုက်လေသည်။


နိုင်ငံခြားတွင် ပိတ်ပွဲ အခမ်းအနားပြီးနောက် လူတိုင်းသည် သူတို့၏ အခန်းများသို့ ပြန်သွားကြပြီး သတင်းကောင်းကို မိသားစုများအား ပြောပြကြလေသည်။ ကျင်းစစ်သည် အမှတ်အများဆုံးရသောကြောင့် သူသည် ကိုယ်ရေးကိုယ်တာ အင်တာဗျူး တစ်ခုကို လက်ခံလိုက်ရသည်။


သတင်းသမားများကို နှုတ်ဆက်ပြီးသောအခါ ကျင်းစစ် ထိုင်လိုက်လေသည်။ 


သူ၏ မျက်နှာသည် ယခင်ကဲ့သို့ပင် တည်ငြိမ်နေပြီး သူ၏ မျက်နှာသို့ ကင်မရာနှင့် တည့်တည့်ချ်န်လိုက်ချိန်တွင်ပင် ရှောင်ခြင်း တိမ်းခြင်း မရှိဘဲ သူ့အား ဓါတ်ပုံရိုက်နေသူ မတည်ရှိသကဲ့သို့ပင်။


အင်တာဗျူး မတိုင်ခင်တွင် သူမေးလိုက်လေသည် " ဒါက သတင်းအနေနဲ့ ထုတ်ပြန်မှာလား ဒါမှမဟုတ် ဗီဒီယိုနဲ့လား..."


မျက်နှာချင်းဆိုင်မှ ငယ်ရွယ်သော သတင်းသမားသည် ဘာဖြစ်သည်ကို မသိသော်လည်း ကျင်းစစ်၏ ခပ်တည်တည် အကြည့်များကြောင့် သူသည် ရုတ်တရက် ထိတ်လန့်သွားပြီး သူ၏ နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို ဆန်ကုန်မြေလေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး အလိုအလျောက် သူ၏ ကျောကို မတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်


 " မင်းက ရုပ်ချောတယ်လေ ဗီဒီယိုပဲ လုပ်မှာပါ"


ကျင်းစစ် သိပြီ ဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်လေသည်။


အင်တာဗျူးထဲတွင် မည်သည့် အကြောင်းအရာမျှ မဟုတ်ဘဲ ရွှေတံဆိပ်ဆု ရသည့် အကြောင်းအရာ များနှင့် သူမည်သို့ လေ့လာခဲ့သည်များ အစရှိသည်တို့ မေးမြန်းခြင်းပင်။ ထို့နောက်တွင် သတင်းသမားသည် မေးလိုက်သည် " မင်းရဲ့ ဝါသနာက ဘာလဲ?"


ကျင်းစစ် အမှန်ကို ပြောလိုက်လေသည် " သင်္ချာ "


သတင်းထောက် : " ... "


သတင်းထောက်သည် သူဘတ်စကတ်ဘောကစားခြင်း ဘတ်တံရိုက်ခြင်း သို့မဟုတ် တစ်ခုခုကို ပြော မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုကဲ့သို့သော အဖြေကို ရမည်ဟု မထင်ခဲ့ပေ။ သူသည် ထပ်မေးတော့မည့် အချိန်တွင် ကျင်းစစ် ရုတ်တရက် ပြောသံကို ကြားလိုက်ရလေသည်


 " အခုတလော ဖန်ရှင်လစ်မစ် တွေကို ပိုစိတ်ဝင်စားနေတယ်"


သတင်းသမားသည် ထိုအကြောင်းအရာကို ဘွဲ့ကြို ဝင်ခွင့်စာမေးပွဲအတွက် သင်ကြားခဲ့ရပုံပေါ်သော်လည်း ယခုတွင် ထိုအကြောင်းအရာအားလုံးကို မေ့သွားသည်။ သူသည် မသိစိတ်အရ မေးလိုက်မိလေသည် "ဖန်ရှင်လစ်မစ်..."


"အင်း" စားပွဲပေါ်တွင် ဘောပင်နှင့် စာရွက် ရှိသောကြောင့် ကျင်းစစ်သည် ၎င်းတို့ကို ယူလိုက်ပြီး စာလုံးအချို့ကို လျှင်မြန်စွာ ချရေးလိုက်​လေသည်-


f(x)→A (x→x0)


သူသည် ထိုစာရွက်အား ကင်မရာရှေ့တွင် ထောင်ပြထားပြီး သူ၏ နှုတ်ခမ်းများသည် အနည်းငယ် ပြုံးနေ၏


 " ဒီဟာပါ"


သတင်းထောက်သည် ခြောက်ကပ်ကပ် ရယ်လိုက်လေသည် " ပညာရှင် ဆိုတဲ့အတိုင်း မင်းရဲ့ ဝါသနာတွေက ထူးခြားတာပဲ" ထို့နောက် သူသည် ထိုအကြောင်းကို မြန်မြန် အဆုံးသတ်လိုက်ပြီး နောက်ထပ်မေးခွန်းများကို ထပ်မေးလေသည်။


အင်တာဗျူးသည် ပြီးဆုံးရန် သုံးမိနစ်သာ ကြာလေသည်။ ဖန်ရှင်လစ်မစ်များနှင့် ပတ်သက်သည့်မှ လွဲ၍ ကျင်းစစ်၏ အဖြေများသည် တချိန်လုံး သမားရိုးကျပေ။ 


သတင်းထောက် ပြန်သွားပြီးသောအခါ သူသည် ထိုဗီဒီယိုကို တည်းဖြတ်လိုက်ပြီး weibo ပေါ်တွင် သတင်းနှင့်အတူ တင်လိုက်လေသည်။


များသောအားဖြင့် ထိုသို့သော အင်တာဗျူးများကို လူကြည့်မများသော်လည်း ကျင်းစစ်၏ ကြည့်ကောင်းသော ရုပ်ရည်နှင့် သူ၏ ပြိုင်ပွဲရလဒ်ကို ယှဥ်တွဲလိုက်သောအခါ သတင်းအား ကြည့်နှုန်းသည် အံ့အားသင့်စရာ ကောင်းလောက်အောင် မြင့်တက်လာပြီး အဆုံးတွင် ရှာဖွေ ကြည့်ရှုမှု အများဆုံးစာရင်းသို့ ရောက်လာလေသည်။


[အားအားအား ဒီမောင်လေးက ဖန်ရှင်လစ်မစ်တွေအကြောင်း ပြောတော့မှပဲ ရယ်လိုက်တယ် ! တော်တော် ချောတာပဲ]


[သူ ဝါသနာပါတာတွေကို ပြောတဲ့ အချိန်ပဲ ရယ်တာ ကျန်တဲ့ အချိန်ဆို အေးတိအေးစက်နဲ့ရယ် _(:з」∠)_] 


[စာနတ်ဘုရားရဲ့ ကိုယ်ရောင်ကိုယ်ဝါက ငါတို့လို ဆန်ကုန်မြေလေးတွေနဲ့ ကွာတယ်လေ]


[ဟေး ဖန်ရှင်လစ်မစ်ဆိုတာ ဘာလဲ ငါမသိဘူး ငါအဲ့ဒါကို ဆယ့်ရှစ်ခေါက်လောက် ထပ်ခါထပ်ခါ ကြည့်နေတာတောင် နားမလည်နိုင်ဘူး ! ]


ထို့အောက်တွင် လူများသည် ဖုန်းစခရင်ကို ယက်နေကြပြီး ပညာရှင်နှင့် ဆန်ကုန်မြေလေး ကြား ကွာခြားချက်ကို ဆွေးနွေးနေလေသည်။ 


ယင်းကျောင်းသည် ဗီဒီယိုကို ကြည့်ပြီးသောအခါတွင် weibo မှ ထွက်လိုက်ပြီး အင်တာနက်ပေါ်မှ ရှာဖွေရန် လုပ်လေသည်။


စာရွက်ဖြူဖြူပေါ်တွင် သူနားမလည်နိုင်သော ဖော်မြူလာအပြင် စာရွက်၏ ညာဘက် အပေါ်ထောင့်နားတွင် သေးငယ်သော သင်္ကေတစ်ခုလည်း ပါသေးသည်။


ကျင်းစစ် သူ့ကို တစ်ခုခု ပြောချင်တာလား?


ယင်းကျောင်းသည် ဖန်ရှင်လစ်မစ်ကို ရှာဖွေသည့် နေရာတွင် ရေးထည့်လိုက်ပြီး အင်တာနက်စာမျက်နှာကို ဆွဲကြည့်နေသည်။ မြင်လိုက်သည်နှင့် သူ၏ မျက်စံအိမ်များသည် ရုတ်တရက် ကြုံ့သွားလေသည်။


f(x)→A (x→x0) ကို f(x)=A ဟူ၍လည်း ရေးလို့ ရလေသည်။


f(x) သည် A နှင့် အကန့်အသတ်မရှိ နီးစပ်သည်။ ထို့အပြင် A သည် f(x) ၏ ကန့်သတ်ချက် ဖြစ်သည်။


တချို့သော သိပ္ပံကျောင်းသားများသည် လစ်မစ်(lim) ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရန်အတွက် ထိုသို့ရေးလိမ့်မည် __


lim f(x) = A သည် lim me = you ဟုဆိုလိုသည်။


ငါက မင်းနဲ့ အကန့်အသတ်မရှိ နီးစပ်တယ်။ မင်းက ငါ့ရဲ့ ကန့်သတ်ချက်လေးပါ။ မင်းက တစ်ကမ္ဘာလုံးကို ငါ့ကို ပေးရင်တောင် ငါကတော့ မင်းအနားမှာပဲ ရှိနေမှာပါ။


.....


စာရေးသူမှာ ပြောစရာ ရှိပါတယ် : ပြိုင်ပွဲအကြောင်းက တကယ့်အပြင်ကနဲ့ မတူပါဘူး ဒီတိုင်းသာ ဖတ်လိုက်ပါ 


ဖန်ရှင်လစ်မစ်တွေကို ဖော်ပြထားတာက ဆရာကျန်းယု ရဲ့ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ရှင်းပြထားတဲ့ ဗီဒီယိုကပါ


ယောင်္ကျားတစ်ယောက်အတွက် ဝတ်စုံ ချုပ်မယ်ဆိုရင် သူ့အတွင်းခံကို ဘယ်ဘက်ကဝတ်လား ညာဘက်က ဝတ်လားမေးရတယ်တဲ့


( Eng T/n : မှန်လားမသိဘူး)