သူသုံးကြိမ်ခန့်ပြောလိုက်တော့ ဂျာမန်ခွေးကတစ်ခုခုကိုနားလည်သွားပုံဖြင့် သူ၏သတိထားနေသော မျက်လုံးအကြည့်များက အနည်းငယ်နားမလည်နိုင်ဟန်သို့ပြောင်းသွားမိသည်။
ဝမ်မင်ယီလည်း ၄င်း၏အနီးကိုလျှောက်သွားလိုက်သည်။ ဂျာမန်ခွေးမှာခြေတစ်လှမ်းခန့်ပိုစောကာ သူ့အားအနားကပ်၍ အနံ့ခံလာသည်။ အနံ့မှ စောစောက ဟက်စကီး၏အနံ့နှင့်တူသည်။ ဟက်စကီးလေးရဲ့ သခင်များလားဟု သူတွေးမိသွားသည်။
"မင်း garden babyလို့ပြောလိုက်တာလား" ဂျာမန်ခွေးကမေးလိုက်သည်။
၀မ်မင်ယီ ၄င်းအားအံ့သြစွာကြည့်လိုက်မိသည်။ ကြည့်ရတာ မနေ့ကသူတွေးမိတာအမှန်တကယ်အလုပ်ဖြစ်ပုံရသည်။ သူကလူပုံပြောင်းသွားလျှင် ခွေးစကားနားလည်နေဆဲပင်။
၀မ်မင်ယီခွေးငြိမ့်ပြလိုက်သည်။
ဂျာမန်ခွေးကထပ်မေးလာသည်။
"မင်းဆီက ဟက်စကီးလေးရဲ့အနံ့ရတယ် ။ မင်းကဟက်စကီးလေးရဲ့ သခင်လား..."
၀မ်မင်ယီနားမလည်နိုင်တာက သူကဘာလို့ ဟက်စကီးလေး လဲ။ သူကအငယ်မဟုတ်တာ အသိသာကြီးလေ။
သို့သော်သူခေါင်းငြိမ့်ပြဆဲ။
ဂျာမန်ခွေးမှာ သူခေါင်းငြိမ့်တာကိုတွေ့တော့ သူ့စကားကိုနားလည်မလည် မသေချာဖြစ်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ်ဤလူထံမှ ဟက်စကီးလေး၏အနံ့ရသည်။ သူကမှန်ကန်သောအချက်ပြမှုကိုလုပ်ခဲ့ပြီး ခွေးဖမ်းသမားများကိုလည်း ရိုက်နှက်ခဲ့သည်။ ဒီတော့ လူကောင်းပဲဖြစ်လိမ့်မည်
ဂျာမန်ခွေးလည်း သူ၏လက်ဖြင့် ၀မ်မင်ယီ၏ခြေထောက်ကိုထိကာ လက်ခံကြောင်းပြလိုက်သည်။
၀မ်မင်ယီက ဂျာမန်ခွေး၏ ခေါင်းကိုပွတ်သပ်လိုက်ကာ...
"သွားကြစို့ ရှီဖာ့လေး ဒီလူဆိုးကောင်တွေကို ရဲလက်အပ်ပြီးရင် မင်းကိုအိမ်ပြန်ပို့ပေးမယ်"
ပြောပြီးသည်နှင့် ၀မ်မင်ယီလည်း ဂျာမန်ခွေးအား ကုန်ကားခေါင်းခန်းတွင် ၀င်ထိုင်စေလိုက်သည်။ ဂျာမန်ရှီဖာ့လေး၏ရှေ့မှာပဲ ခွေးဖမ်းသမားသုံးဦးအား ကုန်ကားနောက်ခန်းထဲ ပစ်ထည့်ပြီး တံခါးပိတ်လိုက်သည်။
ထို့နောက်သူကမောင်းသူနေရာတွင်၀င်ထိုင်လိုက်ပြီး
ကားထဲမှ နေရောင်ကာမျက်မှန်ကိုယူကာ ရှီဖာ့လေးအား တပ်ပေးလိုက်သည်။
ဂျာမန်ခွေးကမူ နေသားမကျတာကြောင့် လက်ဖြင့်ကုတ်ခြစ်နေသည်။
၀မ်မင်ယီလည်းပြုံး၍သာ ပြန်ချွတ်ပေးလိုက်ရတော့သည်။
"မင်းမကြိုက်မှတော့ ငါပဲ၀တ်လိုက်တော့မယ်"
သူကလက်ကိုမြှောက်လျက် နေကာမျက်မှန်အား၀တ်ဆင်လိုက်ပြီးနောက် အလွန်အထာကျစွာဆိုလိုက်သည်။
၀မ်မင်ယီ ကားစက်ကိုနှိုးလိုက်သည်။
ရှီလီကျေးရွာမှာ Xမြို့တော်အပြင်ဘက် တွင်ရှိသည့်ကျေးရွာဖြစ်သည်။ မြို့တော်သစ်စီမံကိန်းအတွက် ဆောက်လုပ်ရေးများနှင့် အလုပ်သမားများ ကနေထိုင်ကြသည်။ မနက်ခင်းတွင် ရှီလီရွာ၏မနက်စာဆိုင်လေးကလည်း စဖွင့်နေပြီဖြစ်သည်။ ဆိုင်တိုင်းတွင် အလုပ်သွားရန်အလျင်လိုနေသော လူအုပ်ကြီးကတိုးဝှေ့နေကြသည်။
ရုတ်တရက် အနီးအနားမှ ခွေးတစ်အုပ်၏ဟောင်သံထွက်ပေါ်လာသည်။ လူများမှာ ခွေးတစ်ဒါဇင်ခန့်က သူတို့ထံပြေးလာနေသည်ကိုတွေ့လိုက်ရသည်။
ခွေးအုပ်အား လာဘရာဒေါနှင့်ဟက်စကီးတစ်ကောင်က ဦးဆောင်ပြီးတရှိန်ထိုးပြေးလာနေခဲ့သည်။
အကုန်လုံးနောက်သို့အလျင်စလိုဆုတ်မိကြသည်။
သူတို့မှာတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ဤများပြားသော ခွေးအုပ်ကြီးက မည်သည့်နေရာကလာသလဲ မတွေးတတ်အောင်ပင်။အထူးသဖြင့် ၄င်းတို့မှာ အလွန်မျိုးကောင်းမျိုးသန့်ခွေးများဖြစ်၏။
ခွေးအုပ်ကသူတို့အားဖြတ်ကျော်သွားခဲ့သည်။ လူတချို့ဆိုလျှင် ကော်ဂီလေးကိုသယ်ပြီးပြေးနေသော
Golden retriverလေးကိုပင်တွေ့လိုက်ရသည်။
လူငယ်တချို့ကထိုအချင်းအရာကိုစိတ်၀င်စားစရာကောင်းသည်ဟုထင်သဖြင့် ဖုန်းကိုထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုစတင်လိုက်ကြသည်။
"ဒါ ပထမဆုံးအကြိမ် ဒီလောက်ခွေးတွေအများကြီး တစ်စုတည်းပြေးနေတာကို မြင်ဖူးတာပဲ၊ ထူးဆန်းလိုက်တာ"
ချစ်စရာကောင်းသောခွေးများက တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသော လူများစွာ၏အာရုံကိုဖမ်းစားလိုက်သည်။ ထုတ်လွှင့်မှုကိုကြည့်ရှုသူအရေအတွက် ပိုများလာပြီး လူငယ်ကလည်းခွေးအုပ်နောက်ကိုပြေးလိုက်၍ ဆက်ရိုက်ကူးနေဆဲပင်။ ပြေးနေသောခွေးအုပ်ကြီးက ဘေးဘီဝဲယာမှလူများ၏အာရုံကိုဖမ်းစားနေသည်မို့ အများစုမှာမိမိတို့ဖုန်းများဖြင့် ဗီဒီယိုအတိုလေးများနှင့် ပုံများအဆက်မပြက်ရိုက်မိကြသည်။
စစ်ကျွင်းတောက်နှင့်တခြားသူများမှာ ကားထဲတွင်ထိုင်လျက်။ အဝေးမှပင်လူအများစုရုံးစုရုံးဖြစ်နေတာကိုမြင်နိုင်လေသည်။ ဘာဖြစ်နေတာပါလိမ့်ဟုတွေးနေတုန်း ခွေးအုပ်ကြီးက တစ်စုတစည်းထဲပြေးလာသည်ကို တွေ့လိုက်ရတော့သည်။ ထက်ရှသောအမြင်အာရုံကြောင့် ပြေးလွှားနေသော ဟက်စကီးတစကီးတစ်ကောင်အား စစ်ကျွင်းတောက်ချက်ချင်းတွေ့လိုက်သည်။ သူစိတ်လှုပ်ရှားစွာနှင် ကပြာကယာကိုယ်ကိုကိုင်း၍ပင်လိုက်ကြည့်မ်သည်။ သို့သော်ဒုတိယအကြိမ်ကြည့်မိစဉ်မှာပင် ၄င်းမှာသူ၏၀မ်မင်ယီမဟုတ်မှန်းသိလိုက်ရသည်။
"ဒါတွေကမနေ့ကအဖမ်းခံရတဲ့ခွေးတွေမလား..."
ရဲမေတစ်ဦးက ရှေ့မှပြေးနေသောခွေးများကိုကြည့်ကာဆိုသည်။
"ခေ့းတွေကနည်းနည်းရင်းနှီးနေသလိုပဲ။ အုပ်လိုက်ကြီးပြေးနေပေမယ့် နောက်ကလိုက်ဖမ်းတဲ့သူမရှိဘူး။ မသင်္ကာစရာပဲ"
တွန့်ဆုတ်မနေတော့ပဲ ကားပေါ်ကချက်ချင်းဆင်းလိုက်ကြသည်။ ထို့နောက် ရှေ့မှခွေးနှစ်ကောင်လိုက်တော့သည်။
လမ်းကြားလေးမှာမကျယ်၀န်းလှပေ။ ရပ်ကားရပ်လိုက်စဉ်၌ပင် လမ်းတစ်၀က်ခန့်ပိတ်နေပြီဖြစ်သည်။
ထို့အပြင် ရှေ့မှာပိတ်၍ ဓါတ်ပုံရိုက်နေသူတို့ကြောင့် ခွေးများအားလမ်းပိတ်စေသည်။ခွေးကြီးများ ခွေးငယ်များမှာ တဝုတ်ဝုတ်နှင့် ပြိုင်တူအသံပြုလာကြသည်။
လူတချို့ကတော့အလန့်တကြားနှင့်ဘေးဖယ်ပေးကြသော်လည်း အများစုကတော့ဖယ်မပေးပဲရိုက်ကူးနေဆဲပင်။
ရဲများရောက်လာပြီး လူအုပ်အားရှဲစေကာ ရှေ့မှခွေးများအားကြည့်လိုက်သည်။ ထို့နောက် ၄င်းတို့မှာ မနေ့ကအဖမ်းခံလိုက်ရသော ခွေးများဖြစ်ကြောင်းအတည်ပြုနိုင်သွားသည်။
"ဒါအကုန်ပဲလား..." ရဲမေကမေးလိုက်သည်။
"မဟုတ်သေးဘူး" စစ်ကျွင်းတောက်၏ သူငယ်ချင်းဖြစ်သူ ကျိုးယောင်ကဆိုလာသည်။
"ဟက်စကီးတစ်ကောင်ကတော့ပျောက်နေတုန်းပဲ"
"ဒီဟက်စကီးမဟုတ်ဘူးလား..." ရဲမေကမူ ခွေးပေါက်လေးများကို ကျောပေါ်တင်ထားသော ဟက်စကီးအားညွှန်ပြလျက်မေးလိုက်သည်။
ကျိုးယောင်လည်း စစ်ကျွင်းတောက်ကိုကြည့်လိုက်မိသည်။
"မဟုတ်ဘူး" စစ်ကျွင်းတောက်ကအမူအယာမဲ့စွာဆိုလာသည်။
သူသည်သူ့ရှေ့မှဟက်စကီးနှင့်တခြားခွေးများကိုကြည့်လိုက်သည်။ သူနားမလည်ပေ။ ခွေးတွေအကုန်လွတ်လာပြီမဟုတ်ဘူးလား။ ၀မ်မင်ယီကဘယ်ရောက်နေတာလဲ။ ဘယ်ကိုသွားနေတာလဲ။ စစ်ကျွင်းတောက်မှာထိုထက်ပိုမတွေးရဲပါချေ။ အပြင်ပန်းတွင်တည်ငြိမ်နေပုံပေါ်သော်လည်း သူ၏ရင်တွင်းမှအလွန်ပူလောင်နေခဲ့သည်။ သူကလက်သီးကိုတင်းတင်းဆုပ်လျက် မိမိကိုယ်ကိုစိတ်ငြိမ်အောင်ကြိုးစားလိုက်သည်။
လာဘရာဒေါနှင့် ခွေးတစ်အုပ်မှာ မိမိတို့လမ်းအပိတ်ခံရသဖြင့် စိုးရိမ်တကြီးဟောင်လိုက်ကြသည်။ သို့သော်မည်သူမှလမ်းမဖယ်ပေးချေ။
လူအုပ်ကြီးလည်းထိုအခါမှ သတိ၀င်ကာ
" ဒီခွေးတွေအကုန်ဘယ်ကရောက်လာတာလဲ"
"ဒီလောက်အများကြီး။ သခင်ရောမပါဘူးလား"
"ဒါတွေက အိမ်မွေးခွေးရောင်းတဲ့ဆိုင်ကများလား
ဒီမှာ အိမ်မွေးခွေးရောင်းတဲ့ဆိုင်ရှိလား"
လာဘရာဒေါနှင့်ကျန်ခွေးများမှာ လူတွေ၏ဆွေးနွေးနေမှုကိုနားမလည်။ ထို့ကြောင့် အဆက်မပြတ်ဟောင်ကာ လမ်းဖယ်ပေးဖို့သာတောင်းဆိုနေခဲ့သေည်လည်း အလုပ်မဖြစ်ချေ။ ဤသည်မှာအားလုံး အိမ်မွေးခွေးများဖြစ်ကာ တချို့ဆိုအရွယ်ပင်မရောက်သေးသော ခွေးပေါက်လေးများဖြစ်သည်။ သူတို့ထဲကမည်သည့်ခွေးကမှ ရှိန်စရာအသွင်အပြင်မရှိကြပေ။ ခေါင်းဆောင်ဖြစ်သော လာဘရာဒေါပင်လျှင် မိမိငယ်စဉ်က သခင်ငယ်လေးတစ်ယောက်သာရှိဖူးသည်။
ထိုစဉ်တုန်းက အလွန်ကျယ်အောင် ဟောင်မိလျှင် ထိုသခင်ငယ်လေးက လန့်သွားတတ်ပြီး လူတွေကိုမကိုက်ရန်အမြဲပြောတတ်သည်။ နောက်ပိုင်းတွင် သူတို့ကွဲသွားတာတောင်မှာ၊ မြို့အနှံ့လျှောက်သွားပြီးဘသူ့သခင်ငယ်လေးကိုပြန်မတွေ့တော့တာဆိုရင်တောင်မှ သခင်လေးမှာခဲ့သော လူတွေကိုမကိုက်ဖို့အမိန့်ကို သတိရနေဆဲပင်။ ထို့ကြောင့် ၄င်းမှာ အလွန်စူးရှစွာဟောင်ရုံအပြင် မည်သည့်ရန်လိုသောအမူအယာမှမလုပ်နိုင်ချေ။
စစ်ကျွင်းတောက်ကမူဆက်မကြည့်လိုတော့ပေ။ လောလောဆည် သူ့မှာ ၀မ်မင်ယီအတွက်အလွန်စိတ်ပူနေသည်။ သူသည် ကျိုးယောင်အား မိမိအရင်သွားနှင့်တော့မည်ဖြစ်ကြောင်း ပြောခါနီးတွင် ဟွန်းသံတစ်ခုအားကြားလိုက်ရတော့သည်။ ကုန်ကားတစ်စီးရောက်လာပြီး လးအုပ်ကိုရှဲစေကာ ခွေးများနံဘေးတွင်ရပ်လိုက်သည်။
ကျိုးယောင်မျက်လုံးများကတောက်ပသွားသည်။
"ဒါခွေးဖမ်းတဲ့ကားမလား။ ဒီလူတွေ ဒီခွေးတွေကိုလိုက်နေတာဖြစ်မယ်၊ ဟမ့် ဒီလူတွေက ကျားဂူထဲပြေး၀င်လာတာပဲ။ တစ်ခါတည်းအမိဖမ်းပေးရမှာပေါ့"
သို့သော်စစ်ကျွင်းတောက်ကမူ တစ်စုံတစ်ခုမှားနေတာကို ခံစားမိလိုက်သည်။
သူသည်မသေချာသော်လည်း ကုန်ကားအား အပြင်းအထန်စိုက်ကြည့်နေမိသည်။ ထို့နောက် ကုန်ကား၏တံခါးပွင့်လာတာကိုတွေ့လိုက်ရသည်။ ချောမောသောလူရွယ်လေးတစ်ဦးက နေရောင်ခြည်လိုတောက်ပသောအပြုံးဖြင့်ကားထဲမှထွက်လာခဲ့သည်။
ထိုအခိုက်အတန့်မှာ စစ်ကျွင်းတောက်၏ ရင်ထဲမှအပူမီးမှာ ငြိမ်သက်သွားရ၏။
သူ့မှာ ၁၂နာရီလုံးလုံး သယ်ပိုးထားခဲ့ရသော ပူပန်မှုကြီးကို နောက်ဆုံးလွှတ်ချနိုင်ခဲ့ချေပြီ။