အပိုင်း ၂၅
Viewers 12k

၀မ်မင်ယီကုန်ကားထဲမှထွက်လာသည်နှင့် လူအုပ်ထဲမှ စစ်ကျွင်းတောက်ကိုလှမ်းမြင်လိုက်ရသည်။ သူလှမ်းခေါ်တော့မလို့ပဲ။ သို့သော် သူ့ရှေ့မှခွေးအုပ်ကြီးမှာ လမ်းဖယ်ပေးရန်အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
၀မ်မင်ယီက လက်ခုပ်တီးလျက် ခွေးများကိုခေါ်လိုက်သော်လည်း ဟက်စကီးတစ်ကောင်မှလွဲ၍ ကျန်ခွေးများမှာလှည့်ပင်မကြည့်ချေ။ သူကအသံကျယ်ကျယ်ဖြင့် ဟက်စကီးအားအော်ပြောလိုက်ရုံသာတတ်နိုင်သည်။
"Garden baby"
သူသုံးကြိမ်ခန့်အော်လိုက်ပြီးနောက် ခွေးများမှာအနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
ခွေးများကသူအားလှည့်ကြည့်လာပြီး ခေါင်းငုံ့လျက်တီးတိုးပြောကုန်ကြသည်။
"ဒီလူများလား။ သူကအချက်ပြကုဒ်ကိုအော်လ်ုက်တယ်။ အကိုကြီးကဒီလူကိုတွေ့ရင်သူ့နောက်ကလိုက်ဖို့ပြောခဲ့တယ်မလား"
ခွေးညိုလေးနှင့် လာဘရာဒေါကအပြန်အလှန်မေးခွန်းထုတ်လိုက်ကြသည်။
လာဘရာဒေါကတွန့်ဆုတ်နေမိစဉ် ကုန်ကားပေါ်မှ ဂျာမန်ခွေးက ခုန်ချလာသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် သူကနှစ်ကြိမ်ခန့်ဟောင်လျက်'ဒီကိုလာ'ဟုခေါ်လိုက်သည်။ ဒီတော့မှ ခွေးအုပ်လည်းချက်ချင်းဆိုသလိုပြေးလာကြကာ တစ်ကောင်ပြီးတစ်ကောင်ဆိုသလို ဂျာမန်ခွေးနဲ့၀မ်မင်ယီကိုဝိုင်းလိုက်ကြတော့သည်။
ခွေးပေါက်လေးများက ၀မ်မင်ယီအနားကိုကပ်လျက်အနံ့ခံကြည့်သည်။ ထို့နောက်သူ့ဘော်ဒါများအားပြောလိုက်သည်။ " သူ့ဆီက ခွေးနတ်ဘုရားရဲ့အနံ့ရတယ်"
ချီဟွားဟွားမလေးကမူ စိတ်ပူနေဆဲဖြစ်ပုံပင်။
"ဒါဆိုခွေးနတ်ဘုရားကရော၊ သူဘာလို့ဒီမှာမရှိတာလဲ"
ဂျာမန်ခွေးကြီးက ရှင်းပြလာသည်။
"သူကပြောတယ်။ ဟက်စကီးလေးက ဒဏ်ရာရနေလို့ဆေးရုံကိုအရင်ပို့ပေးလိုက်တယ်တဲ့။"
ချီဟွားဟွားလေးမှာငိုသံဖြင့်
"ဒဏ်ရာအရမ်းများလား။ ဝူး ဝူး ဝူး"
ခွေးညိုလေးကလည်း
"ငါ့ယောကျာ်းအများကြီးစွန့်စားခဲ့ရတယ်"
၀မ်မင်ယီ 'ပါးစပ်ပိတ်ထားစမ်း '
သူက ခွေးများကိုဦးဆောင်၍ ကုန်ကားနောက်ဘက်တံခါးကိုဖွင့်ရန်ပြင်လိုက်စဉ် ကားနောက်ခန်းမှ ခွေးဖမ်းသမားသုံးဦးကိုသတိရသွားသည်။
၀မ်မင်ယီက လက်ခုပ်တီးလျက်ခွေးများကိုခေါ်လိုက်သည်။
"ခွေးထီးတွေကဘယ်ဘက် အမတွေကညာဘက်မှာစီမယ်။ ကြီးစဉ်ငယ်လိုက်နော် ။ အကောင်ကြီးတွေကရှေ့ အကောင်ကြီးတွေကနောက်ကို၀င်မယ်"
သူသုံးကြိမ်ခန့်ရှင်းပြပြီးနောက်မှာတော့ ခွေးများလည်း သူ့ကိုနားလည်လာပုံဖြင့် နေရာတကျစီလိုက်ကြသည်။
ဘေးမှကြည့်နေသူများမှာ အလွန်ထူးဆန်းနေကြပြီး
တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသူများကလည်း တအံ့တသြကြည့်ရှုနေကြသည်။
၀မ်မင်ယီလည်းခွေးများကိုနေရာချပြီးနောက် စစ်ကျွင်းတောက်ထံပြေးသွားတော့သည်။နောက်ဆုံးတော့ သူ့ကောကောနှင့်ပြန်တွေ့ရပြီ။
စစ်ကျွင်းတောက်လည်း သူ့ထံပြေးလာနေသော ၀မ်မင်ယီအားကြည့်ပြီး သူ့လည်းရှေ့သို့လျှောက်သွားလိုက်သည်။ သူကပြေးလာနေသော၀မ်မင်ယီအားခေါ်တော့အချိန်တွင် ကောင်ငယ်လေးကသူ့ထံခုန်၀င်ပြီး တိုးဖက်လာခဲ့သည်။
စစ်ကျွင်းတောက် နှလုံးကလျင်မြန်စွာခုန်သွားခဲ့သည်။ သူ့ကိုဖက်ထားရင်းနှင့် ၀မ်မင်ယီ၏တီးတိုးသံလေးကိုကြားလိုက်ရသည်။
"ကျွန်တော်အဆင်ပြေတယ်နော်၊ စိတ်ပူစေမိလို့တောင်းပန်ပါတယ်"
ထိုခဏတွင် စစ်ကျွင်းတောက်မှာဘာကိုမှမပြောနိုင်တော့။
သူ့လက်ကိုဆန့်ထုတ်၍ ၀မ်မင်ယီအား တင်းစွာဖက်လိုက်သည်။ ဖက်ထားသည်မှာ တင်းကြပ်လွန်း၍ ဝမ်မင်ယီမှာ နာကျင်မှုအနည်းငယ်ကိုပင်ခံစားရသည်။
စစ်ကျွင်းတောက်မှာရင်ခွင်ထဲမှလူကိုဖက်ထားရင်း မိမိစိတ်အားတည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့ခွန်အားကိုလျော့လိုက်ကာ လူငယ်လေး ၏ကျောကို သာသာလေးပုတ်လိုက်သည်။
"မင်းအဆင်ပြေလို့တော်သေးတာပေါ့"
မင်းအဆင်ပြေရင်ပြီးတာပါပဲ။ မင်းအဆင်ပြေရင်ရပြီ။
ကြီးစဉ်ငယ်စီထားသောခွေးများမှာ ခေါင်းများထိုးထိုးထောင်ထောင်နှင့် ခွေးနတ်ဘုရား၏သခင်ဖြစ်သူအား လှမ်းကြည့်ကြသည်။ ခွေးကြီးများကလည်း အကြံများပြည့်နေသောအပြုံးဖြင့် ရယ်လျက်"အိုင်း ဖက်နေကြတယ်၊ ဖက်နေကြတယ်"
ငယ်ငယ်ရွယ်ရွယ်ခွေးမလေးများကမူအရှက်သည်းစွာ " ရှက်စရာကြီး ရှက်စရာကြီး"
ခွေးညိုလေးကလည်းပြုံးလိုက်သည် ။ ၄င်း၏ ချောကလက်ရောင် အမွှေးခွေခွေများအောက်မှ မျက်လုံးနက်နက်များက ၀မ်မင်ယီနှင့် စစ်ကျွင်းတောက်အား အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
၀မ်မင်ယီလည်း အသေးစိတ်ကို ရဲများအားပြောပြလိုက်ပြီး ခွေးဖမ်းသမားသုံးဦးကိုလည်းအပ်နှံလိုက်သည်။ ကုန်ကားပေါ်ပြန်တက်ပြီး ခွေးများနှင့်အတူ ရဲစခန်းကိုမောင်းကာ အမှုကို သက်သေခံပေးဖို့ပြင်လိုက်သည်။
စစ်ကျွင်းတောက်လည်း သူနဲ့အတူ ကားပေါ်တက်လိုက်သည်။ ကားမောင်းသူနေရာတွင်၀င်မထိုင်ခင် ၀မ်မင်ယီ ၏ ခွေးများအား နေရာတကျထိုင်ရန် လမ်းညွှန်နေမှုအား ကြည့်နေခဲ့သည်။သူကလည်း ၀မ်မင်ယီအပေါ်အလွန်နာခံမှုရှိနေသောခွေးများကိုကြည့်လျက် မျက်မှောင့်ကျုံ့မိသည်။
အပြင်ဘက်တွင် လူများစွာရှိနေသဖြင့် သူဘာကိုမှမပြောလိုက်ပဲ ကားပေါ်တွင်သာ၀င်ထိုင်နေလိုက်သည်။
၀မ်မင်ယီလည်း သူ့ဘေးတွင်၀င်ထိုင်ပြီး တက်ကြွစွာဆိုလာသည်။ "သွားကြစို့"
စစ်ကျွင်းတောက်လည်း ကားကိုစက်နှိုးလိုက်တော့သည်။
တိတ်ဆိတ်နေသောကားထဲသို့ နေရောင်က နေရောင်ကာမှတဆင့်တိုး၀င်နေသည်။ ၀မ်မင်ယီလည်း နေရောင်ကာမျက်မှန်ကိုချွတ်လျက် စစ်ကျွင်းတောက်အားကမ်းပေးလိုက်သည်။စစ်ကျွင်းတောက်လည်း သူ့လက်ထဲမှ မျက်မှန်ကိုကြည့်လိုက်ကာ လက်ခံလိုက်သည်။ မျက်မှန်ကိုလက်ခံရင်းကပင် သူကလေသံအေးအေးဖြင့်မေးလိုက်သည်။
"မင်းငါ့ကိုတွေ့တွေ့ခြင်းပြောတဲ့စကားကလွဲလို့ တခြားပြောစရာမရှိဘူးလား..."
၀မ်မင်ယီလည်း ချောင်းအနည်းငယ်ဟန့်လိုက်ပြီး မျက်နှာငယ်ဖြင့်တောင်းပန်လာခဲ့သည်
"ကျွန်တော်မှားပါတယ်"
"ပြီးတော့" စစ်ကျွင်းတောက်မှာလေသံအေးအေးဖြင့်ပင်မေးလိုက်သည်။
၀မ်မင်ယီမှာအလွန်စိတ်ဓါတ်ကျစွာပင်
"ကျွန်တော်အန္တရာယ်ကိုမစူးစမ်းပဲ ကျားဂူထဲ၀င်ပြီးမစွန့်စားသင့်ပါဘူး။ ကျွန်တော်ခွေးတွေကို ကယ်ချင်ခဲ့လို့ပါ။ ကောကောကိုမပြောပဲလုပ်ခဲ့တာတောင်းပန်ပါတယ်။"
"ကျားဂူထဲကို၀င်ရုံပဲလား" စစ်ကျွင်းတောက်ကမေးလိုက်သည်။
၀မ်မင်ယီခေါင်းကိုကပြာကယာငြိမ့်လိုက်သည်။
မနေ့ကကျွန်တော်အိမ်ပြန်လာတော့ ခွေးတစ်ကောင်လိုက်ဖမ်းခံနေရတာတွေ့လိုက်တယ်လေ။ ကျွန်တော်ကူညီတော့မလို့လုပ်တုန်းမှာ ဖြစ်ချင်တော့ကျွန်တော် အသွင်ပြောင်းသွားတယ်။ ဒီတော့ကျွန်တော်တွေးလိုက်တယ်။ ကယ်မယ့်ကယ် ခွေးအကုန်လုံးကယ်တာပေါ့ဆိုပြီးတော့။ ကောင်းကင်ဘုံကကျွန်တော့်ကို ကောင်းတာလုပ်စေချင်လို့ လမ်းညွှန်ပေးခဲ့တာလည်းဖြစ်နိုင်တာပဲ။ ဒါကြောင့်ကျွန်တော် တမင်းဖမ်းခံရချင်ယောင်ဆောင်လိုက်တယ်။ ကျွန်တော်သာ ကျားဂူထဲမ၀င်ရင် ကျားကိုဘယ်ဖမ်းနိုင်မလဲ။ မဟုတ်ဘူးလား.... အခုကြည့်လေ ဒီမသမာသူတွေကို ကျွန်တော်အမြစ်ဖြတ်ချေမှုန်းလိုက်ပြီ"
စစ်ကျွင်းတောက် "..."
စစ်ကျွင်းတောက်ခေါင်းကိုလှည့်ပြီး သူ့စွန့်စားခန်းကို စမြုံ့ပြန်နေသော ၀မ်မင်ယီအားကြည့်လိုက်သည်။
သူသာ ဗီဒီယိုကိုမမြင်ခဲ့ဘူးဆိုရင် ယုံမိသွားလောက်တယ်။
"မင်းလုပ်တာမှန်တယ်" စစ်ကျွင်းတောက် ဒီလူလိမ်လေးအားမဖော်ထုတ်လိုက်တော့ပေ။ "မင်းကခွေးတွေရဲ့ဟီးရိုးကြီးပဲ။ တော်တယ်၊ မင်းဘာအပြစ်မှမလုပ်ထားပါဘူး"
၀မ်မင်ယီကမူ အလွန်လိမ်လိမ်မာမာလေသံလေးဖြင့်
"ဒါပေမယ့် ကျွန်တော်ကောကောကိုစိတ်ပူအောင် လုပ်မိတဲ့အပြစ်ရှိသေးတယ် ရယ်"
သူကစစ်ကျွင်းတောက်အား အလွန်အလေးအနက်ကြည့်လျက်" တကယ်တော့လေ ကျွန်တော်ခွေးတွေကို မနေ့ညကတည်းကလွှတ်ပေးလိုက်လို့ရတယ်။ ဒါပေမယ် ခွေးလေးတွေကအားကုန်နေတာ ပြီးတော့ကျွန်တော်လည်း လူပြန်မပြောင်းနိုင်သေးဘူးလေ။
ဒီတော့အားလုံးရဲ့လုံခြုံရေးအတွက် မနက်ရောက်အောင်ပဲစောင့်လိုက်တာ။ ကျွန်တော်ကောကိုစိတ်ပူအောင်လုပ်မိသွားတယ်။ ကောအိပ်ရေးပျက်သွားမှာပဲ"
"မင်းပျောက်သွားပြီးတော့ ငါကအိပ်ပျော်နိုင်ဦးမယ်ထင်လား"
၀မ်မငိယီက ခေါင်းကိုအမြန်ခါလိုက်ပြီးမှာ ထိတ်လန့်စွာပင်
"ဒါဆိုကော တစ်ညလုံးမအိပ်ခဲ့ရဘူးပေါ့"
စစ်ကျွင်းတောက်လက်ကိုမြှောက်ပြီး သူ့ခေါင်းအားပွတ်လိုက်သည်။ ပြုံးသာနေပြီးပြန်မဖြေခဲ့ပေ။
ဝမ်မင်ယီမှာပို၍ပင် အပြစ်ရှိသလိုခံစားလိုက်ရသည်။
သူကစစ်ကျွင်းတောက်ကို နူးညံ့စွာကြည့်ကာပြောလိုက်သည်။
"ပြန်ရောက်ရင် ကျွန်တော်ကောနဲ့တူတူအိပ်ပေးမယ်။ ကျွန်တော်လည်း ကောင်းကောင်းမအိပိရသေးဘူး"
ဒါကိုကြားတော့ စစ်ကျွင်းတောက်ရယ်မိတော့သည်။
"ဘာလို့လဲ၊ ခွေးသားဟော့ပေါ့အဖြစ်ပြောင်းသွားမှာစိုးလို့လား"
"မဟုတ်ပါဘူးနော်၊ ကျွန်တော့်ရဲ့ညီငယ်လေးတွေအတွက်ပဲစိတ်ပူနေတာပါနော်"
"နောက်ခန်းကခွေးတွေကိုပြောတာလား"
၀မ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်တွင် ထူးဆန်းသောအမူအယာဖြင့်ပြောလာသည်။
"ကော ကျွန်တော်တစ်ခုပြောစရာရှိတယ်၊ လန့်မသွားနဲ့နော်"
"ပြောလေ"
၀မ်မင်ယီမှာ သူ့နားနားကပ်လျက်
"ကျွန်တော်ခွေးစကားကိုနားလည်တယ်သိလား"
စစ်ကျွင်းတောက် ဘရိတ်အား ဆောင့်နင်းလိုက်တာ အလန့်တကြားပင် "ဘာပြောတယ်"
၀မ်မင်ယီကမူဖြုံတောင်မဖြုံ။ အလွန်ဂုဏ်ယူစွာမော်ကြွားလျက်ဖြေလာသည်။
"ကျွန်တော်ခွေးတွေဘာပြောနေလဲ နားလည်နိုင်တယ်"
စစ်ကျွင်းတောက်မှာ အလွန်မယုံနိုင်ဖြစ်လျက် ကားနောက်ခန်းကိုထိုးပြကာ "သူတို့အခုဘာပြောနေတာလဲ"
"ကျွန်တော်တို့ သူတို့ကိုဘယ်ခေါ်သွားမလဲ ခန့်မှန်းနေကြတာ။ ကျွန်တော်တို့ကသူတို့ကို အိမ်ပြန်ပို့ပေးမှာပါတဲ့။ သူတို့ဗိုက်လည်းဆာတယ်။ သခင်ကိုလည်းလွမ်းတယ်တဲ့"
စစ်ကျွင်းတောက် "..."
"မင်းအတည်ပြောနေတာလား"
၀မ်မင်ယီခေါင်းကိုငြိမ့်လျက်ပင်
"အင်း တကယ်ပါဆို"
စစ်ကျွင်းတောက်သူ့အားကြည့်လိုက်သည်။ ၀မ်မင်ီးအမူအယာမှာစနောက်နေပုံမပေါ်ချေ။ သူလည်းနားထင်ကိုနှိပ်နယ်လျက် သူ့ညီငယ်လေးကို သတိပေးလိုက်သည်။
"မင်းနဲ့ငါပဲဒီအကြောင်းကိုသိပါစေ။ ကျန်တဲ့သူတွေကိုလျှောက်ပြောမနေနဲ့ဦး"
၀မ်မငိယီကခေါင်းကိုငြိမ့်လျက်
"ကျွန်တော်ပြောလည်းယုံမှာမှမဟုတ်တာ။ ကျွန်တော့်ကိုရူးနေတယ်ပဲထင်မှာ"
စစ်ကျွင်းတောက်ဘာမှမပြောပဲ ခဏမျှငြိမ်ငြိမ်လေးတွေးတောနေခဲ့သည်။ထို့နောက်တစ်ခုခုအား သတိရသွားပုံဖြင့် "မင်းက ခွေးပုံတစ်ခါပြောင်းဖူးသွားပြီဆိုတော့ သူတို့ဘာသာစကားကိုနားလည်နိုင်စွမ်းရှိသွားတာဖြစ်မယ်။ ဒါဆို မင်း ကြောင်ဘာသာစကားလည်း နားလည်မှာမဟုတ်ဘူးလား"
၀မ်မင်ယီလည်းအခုမှတွေးမိသွားပုံဖြင့်
"ဟုတ်တယ်နော်။ ကျွန်တော်ပြန်ရောက်မှ ကြောင်တစ်ကောင်ရှာပြီးစမ်းကြည့်လိုက်ဦးမယ်။"
စစ်ကျွင်းတောက်ခေါင်းငြိမ့်လိုက်သည်။
မီးပွိုင့်ကပြန်စိမ်းသွားတော့ စစ်ကျွင်းတောက် ကားကိုမောင်းထွက်လိုက်တော့သည်။သူယခုလောလောဆည် အတွေးလွန်နေသည်။ သူနေသောကမ္ဘာကြီးမှာ ထူးဆန်းမှုများနှင့်ပြည့်နှက်နေသလိုခံစားရသည်။ ဘာပဲဖြစ်ဖြစ်သူသည် ခွေးနဲ့ကြောင်ပုံပြောင်းနိုင်တာပဲဖြစ်ဖြစ် သူတို့စကားကိုနားလည်နိုင်တာပဲဖြစ်ဖြစ် မကောင်းတဲ့ကိစ္စလို့တော့မထင်ပါ။ ၀မ်မင်ယီစိတ်ချမ်းသာနေသ၍အဆင်ပြေပါသည်။
တချိန်တည်းမှာပဲ ၀မ်မင်ယီနှင့် စစ်ကျွင်းတောက်မှာ
ရဲကားနောက်သို့လိုက်၍ စခန်းကိုရောက်လာခဲ့ပြီဖြစ်သည်။ ၀မ်မင်ယီမသိသည်မှာ သူသည် လိုင်းပေါ်တွင် အလွန်နာမည်ကြီးနေခြင်းဖြစ်သည်။
《၀မ်မင်ယီက သောက်ရမ်းမိုက်တယ်! ခွေးတွေရဲ့ကယ်တင်ရှင်ကြီးဟေ့》
မိန်းပို့စ်: ပို့စ်ပိုင်ရှင်က ဒီမနက်ကတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ခဲ့ပြီး ပေါ်ပျူလာဖြစ်နေတဲ့ခွေးဗီဒီယိုတွေကိုလည်းတွေ့ခဲ့တယ်။ ၀င်ကြည့်မိတော့ ဘယ်သူ့ကိုတွေ့လိုက်တယ်ထင်လဲ။ (youth flying) အစီအစဉ်က ၀မ်မင်ယီကိုတွေ့ခဲ့တာ။ သူက သနားစရာခွေးလေးတွေကိုကယ်တင်ပြီး ခွေးဖမ်းသမားတွေကိုလည်း ဖမ်းပေးခဲ့တယ်။ ဘယ်လောက်မိုက်လိုက်လဲ.
ဒါကိုတွေ့တော့၀မ်မင်ယီဖန်တွေမှာ အမြီးကိုခါလျက်.
"ဒါကမထူးဆန်းပါဘူး။ မောင်ငယ်လေးက သဘောကောင်းပြီး ကြင်နာတတ်တဲ့သူ။ ဒီလိုကူညီတယ်ဆိုတာ ပုံမှန်ပဲ"
"ငါတို့မိသားစုရဲ့မောင်ငယ်လေးက ခွေးလေးကြောင်လေးတွေ တိရစ္ဆာန်လေးတွေကိုအရမ်းချစ်တတ်တာ။ သူတို့လေးတွေအဖမ်းခံရတာကိုမကြည့်ရက်လို့၀င်ကူညီရုံပါပဲ။ သာမန်ကိစ္စပါ"
"ငါ့ရဲ့မောင်ငယ်လေးက လူကောင်းလေးပဲ။ ငါပြိုင်ပွဲစကတည်းက သိပြီးသား။ဒါပေမယ့် ခွေးဖမ်းသမားတွေကိုတောင် အမိဖမ်းပေးနိုင်မယ်လို့ မထင်ထားဘူး ။ ဒါတော့ သောက်ရမ်းမိုက်သွားပြီ"
ဒါကိုတွေ့တော့ဖြတ်သွားဖြတ်လာတွေလည်း ၀မ်မင်ယီကိုမချီးကျူးပဲမနေနိုင်တော့ပေ။ သူတို့ကစိတ်၀င်တစားမေးမြန်လာကြသည်။
"၀မ်မင်ယီက ခွေးချစ်တတ်တာလား"
"ဒါနဲ့ ၀မ်မင်ယီက တိဖုန်းနဲ့ စာချုပ်မချုပ်ခဲ့ဘူးလား...
ဒုတိယနေရာကနေ ပဉ္စမနေရာရတဲ့သူတွေအကုန် မကြာခင်ကပဲပွဲဦးထွက်နေပြီလေ။ ၀မ်မင်ယီကသူတို့ထဲဘာလို့မပါတာလဲ။ သူတကယ် တိဖုန်းနဲ့ စာချုပ်မချုပ်ခဲ့တာလား"
ဖန်တစ်ဦးက အမြန်စာပြန်လာခဲ့သည်။
"ငါတို့လည်းသေချာမသိဘူး။ ဒါပေမယ့် မောင်ငယ်လေးမှာ သူ့အကြောင်းနဲ့သူရှိမယ်လို့ ငါတို့ယုံတယ်"
"၀မ်မင်ယီမနေ့ကကျောင်းပြန်တက်တယ်မဟုတ်ဘူးလား"
တစ်စုံတစ်ယောက်ကမေးလိုက်သည်။
"ဒီနေ့ကျတော့ဘယ်လိုလုပ် ခွေးဖမ်းသမားတွေကိုဖမ်းနိုင်သွားရတာလဲ၊ ဒါကတကယ်လား၊ သက်သက်ဇာတ်လမ်းဆင်တာလား"
"ဇာတ်လမ်းဆင်တာပဲဖြစ်ရမယ်" ၀မ်မင်ယီရဲ့ ဘလက်ဖန်လေးက စိတ်မရှည်ပဲ၀င်ပြောလာသည်။
"တမင်သက်သက်လုပ်တာ၊ နှစ်ရက်လောက်ကပဲ ကျန်တဲ့အဖွဲ့၀င်လေးယောက်က သူမပါပဲ ပွဲဦးထွက်တယ်၊ ပြီးကျတော့ ဒီနေ့ကျသူက ခွေးဖမ်းသမားတွေကိုဖမ်းမိတယ်တဲ့လား။ ခွေးဖမ်းသမားတွေက ဘာလို့မနေ့ညက ခွေးတွေရုတ်တရက်ထဖမ်းမှာလဲ၊ ပြီးတော့ သူတို့ကိုမိတဲ့အချိန်ကလည်း ဒီနေ့မနက်မှတဲ့"
"ဟား ဟား၊ အဲခွေးဖမ်းသမားတွေက အတုတွေလား အကြံအဖန်တွေလား ဘယ်သူသိမှာလဲ။ သူတို့က၀မ်မင်ယီငှားထားတဲ့အကြံအဖန်တွေပဲဖြစ်လိမ့်မယ်။ ခွေးတွေကသက်သက်အခွင့်ကောင်းယူခံရတာ"
"အမှန်ပဲ၊ လုပ်ဇာတ်ဆိုတာအသိသာကြီး
၊၀မ်မင်ယီကသူတို့ကိုတိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိစရာအကြောင်းကိုမရှိတာ ။ ဘာလဲ သူတံခါးကိုဖွင့်လိုက်တာ တိုက်တိုက်ဆိုင်ဆိုင် သူ့အမေအိမ်ဖြစ်နေတာမျိုးလား ဟမ်"
"အပေါ်ထပ်ကအစ်မတွေလည်း အတော်အားယားနေပုံပဲနော်၊ ဘာလဲ ကျန်းဖုန်းတစ်ယောက်နဲ့တင်အားမရလို့ တို့မ်သားစုရဲ့မောင်ငယ်လေးကိုပါ မျက်စိတောက်ထောက်လိုက်ကြည့်နေတာလား။ နင့်မိသားစုကအမြဲအကြံအဖန်တွေလုပ်နေကျဆိုတော့ လူတိုင်းကိုလိုက်ပြီးအကြံအဖန်တွေလို့ထင်နေတာလား... နင်ပြောသလိုမဟုတ်ဘူးဆို၊ ဘာလုပ်မလဲ၊ ငါတို့မိသားစုမောင်ငယ်လေးကို ဒူးထောက်တောင်းပန်နိုင်လားပြော"
"ဒီရေသေအစ်မကြီးကပါးစပ်ဖွင့်လိုက်တာနဲ့ ရေကဘယ်ကနေစီးလာလဲဆိုတာအသိသာကြီးနော်၊
ဘာကိုရေနွေးလဲ ပွက်ပွက်ဆူနေတာအသိသာကြီး ။ "
၀မ်မင်ယီဖန်က အေးစက်စွာပြုံးလိုက်သည်။
"ဒါဆိုလည်း ဒီရေသေအမကြီးကိုရန်လာစရဲသေးလား၊ ဒီရေသေအစ်မကြီးက နင်တို့လို လူလိမ်အုပ်စုကို နောက်ဘ၀ကိုဖြူစင်စွာကူးနိုင်အောင် ရေလုံပြုတ်ပေးလိုက်ဦးမယ်"
"သူတို့က၀က်သေတွေလေ၊ ရေလုံပြုတ်ခံရဖို့ ဘယ်ကြောက်တော့မလဲ၊ ငါပြောတာဟုတ်လား ၀က်သေတွေ"
ကျန်းဖုန်းစိတ်တိုစွာ စာအမြန်ရိုက်တော့သည်။
"နောက်ခံကုမ္ပဏီတောင်မရှိတဲ့ မင်းတို့ မောင်ငယ်လေးထက်အများကြီးသာတယ်ကွ။ မင်းတို့ကဖိုရမ်ပေါ်ဇာတ်လမ်းရိုက်ဖို့အချိန်ပေါနေရင်လည်း တိဖုန်းက ဘာလို့သူနဲ့စာချုပ်မချုပ်ခဲ့သလဲဆိုတာ စဉ်းစားဆင်ခြင်နေလိုက်"
"မလိုအပ်ပါဘူး။ တိဖုန်းနဲ့စာချုပ် ချုပ်ချုပ် မချုပ်ချုပ် ၀မ်မင်ယီခွေး ချစ်တာပြောင်းလဲမသွားဘူး။မင်းသာစောင့်နေစမ်းပါ။ ဒီအကြောင်းက hot searchကို၀င်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၀မ်မင်ယီက အဆင်းရောအချင်းရောလှတဲ့သူပဲ"
"မေ့လိုက်တော့ ဒါကလွန်ခဲ့တဲ့ ဆယ်မိနစ်ကတည်းက hot search၀င်ပြီးသားဆိုတာ ခုမှသတိရတယ်။ ငါ့မိသားစုမောင်ငယ်လေးက လူတိုင်းဆီကအချစ်ခံရလို့မနာလိုဖြစ်နေပြီမလား။ ဒါပေါ့ဘယ်တတ်နိုင်မလဲ၊ ကျန်းဖုန်းဆိုရင် ဒီလိုအခြေအနေမျိုး စိတ်ကူးတောင်ယဉ်လို့မရဘူးလေ"
သို့သော် ၀မ်မင်ယီဖန်များပြောပြီးပြီးချင်းပင်
Hot search၀င်နေသော 《ခွေးများ၏ကယ်တင်ရှင် ၀မ်မင်ယီ》 တွင် ရေတပ်အကောင့်များတွဲလျက်ဖြင့် အဓိကပို့စ်တွင်ဖော်ပြခံထားရသည်ကိုတွေ့လိုက်ရသည်။
ဖြော်ဖြေရေးအသိုင်းအဝိုင်း၏နောက်ဆုံးရသတင်းများ: မနေ့က ငါးနာရီကသူအတန်းထဲမှာပဲရှိသေးတယ်။ ခွေးတွေကို ကယ်ပြီး ခွေးဖမ်းသမားတွေကို ဖမ်းလာတာက ကိုးနာရီတဲ့ ကိုးနာရီလေးဆယ်ကျတော့ hot searchပေါ်တက်လာတယ်။ လူတစ်ယောက်က တစ်ညတည်းနဲ့ ခွေးဖမ်းသမားတွေနဲ့တိုးနိုင်တာလား? အရမ်းတိုက်ဆိုင်လွန်းနေတယ်မထင်ဘူးလား"
ပိုစ့်တွင် ၀မ်မင်ယီမနေ့ကအတန်းထဲမှပုံကိုပါတွဲတင်ထားခဲ့သည်။ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုကိုscreen shotရိုက်ထားသောပုံများနှင့် hot searchအဆင့် ၁၀ကို၀င်ထားသောပုံများဖြစ်သည်။
ဤရေတပ်အကောင့်က ဝေ့ပေါ်တွင်ပို့စ်တင်ပြီးနောက် တခြားသူများက၏ ၀မ်မင်ယီအား တက်ညီလက်ညီဝေဖန်နေသော ကောမန့်များကလည်းဆက်တိုက်တက်လာခဲ့သည်။
:"အတုကြီးမှန်းအသိသာကြီး။ ခွေးတွေကိုဗန်းပြပြီး အတန်းရှင်းယူနေတာ။ ပေါ်ပျူလာဖြစ်ချင်လို့ လုပ်ဇာတ်ခင်းနေတာ"
လျင်မြန်စွာပဲ ၀မ်မင်ယိကိုချီးကျူးနေခဲ့သူများမှာ မျက်စိလည်သွားကြသည်။ ၀မ်မင်ယီဖန်များမှာ ကောမန့်များကိုထိန်းချုပ်ရန်ကြိုးစားသော်လည်း
များစွာသော အကောင့်တုများနှင့် ရေတပ်အင်အားကိုမလွန်ဆန်နိုင်ချေ။
"ဒါတိဖုန်းရဲ့ အကြံအစည်ဆိုတာ ၈၀ရာခိုင်းသေချာတယ်"
ဖန်တစ်ဦးက ဂရုထဲတွင်ပြောလာသည်။
"ကြည့်ရတာ တိဖုန်းက မောင်ငယ်လေးက သူတို့နဲ့စာချုပ်မချုပ်ခဲ့လို့ သူ့ဘာသူကြော်ကြားလာတာကိုလည်း လက်မခံချင်တာဖြစ်မယ်။ဒါကြောင့်နာမည်သက်သက်ဖျက်ချင်နေတာဖြစ်မယ်။ ဒါပေမယ့် ငါတို့သူတို့နဲ့ငွေအင်အားကိုမယှဉ်နိုင်ဘူးလေ။ ဘယ်လိုလုပ်ကြမလဲ"