အပိုင်း ၂၆
Viewers 12k

စစ်ကျွင်းတောက်မှာ ကားကို ရဲစခန်းဆီမောင်းလိုက်သည်။
ရဲများမှာ ကင်မရာများကိုထုတ်လျက် ကယ်တင်ခံရသောပျောက်ဆုံးခွေးများကိုဓါတ်ပုံရိုက်ပြီး ဝေ့ပေါ်တွင်တင်လျက် ပိုင်ရှင်ရှာရန်ဆုံးဖြတ်လိုက်သည်။
ဤသည်ကိုတွေ့လျှင် ၀မ်မင်ယီလည်း သူ့ဝေ့ပေါ်ကို၀င်ကာ ထိုရဲများကိုပို့စ်ကိုရှယ်ပေးချင်ခဲ့သော်လည်း ၀င်လိုက်သည်နှင့် သူ့နာမည်က ရှာဖွေမှုအများဆုံးစာရင်း၀င်နေတာကိုတွေ့လိုက်ရလေသည်။
သူသေချာကြည့်လိုက်မိသည်။
တစ်ခုတည်းတောင်မဟုတ် နှစ်ခုပင်။
သို့သော် ရှာဖွေမှုအများဆုံးနံပါတ်တစ်ချိန်သော သတင်းခေါင်းစဉ်မှာ [၀မ်မငိယီရဲ့ လိင်တူချစ်သူကိုဖော်ထုတ်လိုက်ပြီ]ဟူ၍။ ယှဉ်ကြည့်လျှင် လေးနေရာမြောက်တွင်ရှိနေသော [၀မ်မင်မှခွေးများကို ကယ်တင်ခြင်း]ကသိပ်ပေါ်ပျူလာမဖြစ်လှပါ။
၀မ်မင်ယီနှင့်သူ့ဖန်များမှာ အံ့အားသင့်လျက်။
သူ့ဖန်များကပင် ၀မ်မင်ယီတစ်ယောက် ဆယ်မိနစ်ထဲနှင့် ရှာဖွေမှုအများဆုံးစာရင်း၀င်သွားမည်မထင်ထားချေ။ အထူးသဖြင့်နံပါတ်တစ်နေရာမှပို့စ်ပင်။
ရေတပ်ကြီးမှာ၀မ်မင်ယီ၏လိင်စိတ်တိမ်းညွတ်မှုကို ပုတ်ခတ်ပြောဆိုကြပြီး သူ့ကိုအသရေဖျက်ရန် သတင်းမှားများကိုပင် ဖြန့်လိုက်ကြသေးသည်။
ဖြော်ဖြေရေးလောကသတင်းထူးများ:
[၀မ်မင်ယီဖက်လိုက်ပုံကအရမ်းမူမမှန်ဖြစ်မနေဘူးလား၊ ဒီလောက်ပြင်းပြင်းပြပြဖက်လိုက်တာ၊ သာမာန်သူငယ်ချင်းရောဟုတ်လို့လား။ တွေးကြည့်လိုက်တော့ ပြိုင်ပွဲမှာတုန်းကလည်း ၀မ်မင်ယီအဆင့်တက်တာမြန်လွန်းတယ်။ သူ့နောက်မှာ စပွန်ဆာရှိနေလို့လား]
ထို့ပို့စ်တွင်ဗီဒီယိုအတိုလေးတစ်ခုတွဲတင်ထားခဲ့သည်။ ၀မ်မင်ယီ ကားပေါ်ကဆင်းလာပြီး ခွေးများကနေရာတကျစီလိုက်သည်။ထို့နောက်သူကစစ်ကျွင်းတောက်ထံပြေးသွားကာခုန်ဖက်လိုက်ခြင်း။
စစ်ကျွင်းတောက်၏အကြည့်ဖြင့်ပင် လူတိုင်းကပြောနိုင်သည်။ သူကခေါင်းကိုငုံ့လျက် ၀မ်မင်ယီအား နူးညံ့စွာကြည့်ကာ အသောလေးပြန်ဖက်လိုက်သည်မဟုတ်လော။
သိပ်မကြာခင်မှာပင် ဤပို့မှာ ၀မ်မင်ယီ၏ များစွာသော ဝေ့ပေါ်အကောင့်တိုင်းတွင်ပေါ်လာခဲ့သည်။
တချို့ရေတပ်အကောင့်များမှာ [၀မ်မင်ယီကအမည်မသိအမျိုးသားကို တင်းကြပ်စွာဖက်လိုက်]ဟုပင်ပါသေးသည်။ တချို့ကမူ [စပွန်စာပေးနေတဲ့လူလား၊ လိင်တူချစ်သူလား]ဟူ၍။
၀မ်မင်ယီအားမုန်တီးသောဖန်များမှာ ဆူနာမီလှိုငိးလုံးတမျှကြီးမားသော အရှိန်ဖြင့် မှတ်ချက်ကို၀င်ရေးထားကြကုန်သည်။
("ဒီလောက်တင်းတင်းကြပ်ကြပ်ဖက်ထားတာ ချစ်သူပဲနေမှာ")
"(စပွန်ဆာမဟုတ်ရင် သူပြိုင်ပွဲကိုဘယ်လိုနိုင်မှာလဲ")
"(ရိုး... ဖက်လိုက်တဲ့ပုံစံကိုကြည့်စမ်း။ ၀မ်မီယီကအတော်ကျွမ်းကျင်နေတာပဲဟ")
("ငါ့ရဲ့ ဂေးအာရုံခံစက်ကဘယ်လိုမှမမှားနိုင်ဘူး။ သူကဂေးပဲ")
၀မ်မင်ယီဖန်များကလည်း ပြန်လည်ထေ့ငေါ့လာသည်။
()"ရိုးရိုးဖက်တာလေးကိုမြင်လည်း စပွန်ဆာလို့ပြောလိုက် ဂေးလို့ပြောလိုက်နဲ့ ၊ ဆရာလုရွှမ်ပြောခဲ့သလိုပဲ ' အင်္ကျီလက်တိုတိုကိုမြင်တာနဲ့ လက်ကလေးကလည်းသေးမယ် ဟိုဟာလေးကလည်းသေးမယ် 'ထင်သလိုဖြစ်နေပြီ။ တရုတ်လူမျိုးလို့မပြောရဘူး ကျော်တွေးနိုင်စွမမးကအံ့မခန်းပဲ"
("မြင်မြင်သမျှအကုန်ဂေးလား အပေါ်ထပ်က အကောင့်ပိုင်ရှင်ရဲ့ အမြင်အာရုံတော့ရှယ်ပဲနော်")
"(ပို့စ်တင်တဲ့လူကအရမ်းတဖက်ပိတ်မနေဘူးလား၊
လူတိုင်းကိုအဆိုးဘက်ကပဲမြင်နေတာလား၊ ၀မ်မင်ယီမှာ ရင်းနှီးတဲ့သူငယ်ချင်းတို့ အမျိုးတို့လည်းရှိနိုင်တာပဲ")
"(နင်နဲ့နင့်သူငယ်ချင်းလည်းဒီလိုဖက်မလား" )
anti ဖန်ပြန်ချေပလာသည်။
၀မ်မင်ယီဖန်များကလည်း မနေနိုင်ကြတော့ပဲ
"(ဖက်တယ်၊ ဘာဖြစ်လဲ၊ နင်အဲလိုမဖက်တာနဲ့ပဲ ကမ္ဘာပေါ်ကတခြားလူတွေလည်း ဒီလိုမဖက်ဘူးဆို မဆိုလိုဘူး။ နင်အသားကင်မစားတာနဲ့ပင် တစ်ကမ္ဘာလုံးကလူတွေလည်းအသားကင်မစားတော့ဘူးလို့ထင်နေလား။ နင်ကကမ္ဘာလုံးဆိုင်ရာရဲမင်းကြီးမို့လား")
ဖြတ်သွားဖြတ်လာများကမူ သက်ပြင်းချမိကြသည်။
"(ဘာပဲဖြစ်ဖြစ် ဒီလူကအရမ်းချောလွန်းတယ်၊ သူကတကယ်ပဲစပွန်ဆာဖြစ်နေခဲ့ရင်တောင် ၊ ပိုက်ဆံတွေ အခွင့်အလမ်းတွေပေးရုံမကပဲ ဒီလိုရုပ်လေးလည်းရှိဦးမယ်ဆိုရင် ငါလည်းစပွန်ဆာတစ်ယောက်လိုချင်တယ်")
၀မ်မင်ယီ "..."
၀မ်မင်ယီတိတ်တိတ်လေးခေါင်းငုံ့ရင်း ဝေ့ပေါ်စာမျက်နှာကိုဆွဲချနေခဲ့သည်။ သူ့ဖန်လေးတွေမှာ anti များ၏ ပုတ်ခတ်မှုများကို အတတ်နိုင်ဆုံးဖြေရှင်းနိုင်အောင်ကြိုးစားနေကြသော်လည်း မကောင်းသော မှတ်ချက်များပေးနေသော ရေတပ်အင်အားမှာကြီးမားလှသည်။
ထို့နောက်၀မ်မင်ယီမှာနောက်ထပ် ရှာဖွေမှုထိပ်ဆုံးဖြစ်နေသောပို့စ်တစ်ခုကိုဖွင့်ကြည့်လိုက်သည်။
[၀မ်မင်ယီ ခွေးများကိုကယ်တင်ခြင်း] အဆိုပါခေါင်းသည့်အောက်မှ ပို့စ်များစွာကိုလည်းတွေ့လိုက်ရသည်။ သူ့ဖန်လေးများမှာ အလုပ်ကြိုးစားကြသော်လည်း တဖက်မှပုတ်ခတ်စော်ကားသော ရေတပ်အကောင့်များမှာလည်း ထပ်တူအလုပ်ကြိုးစားကြသည်ပင်။ ဤရှာဖွေမှုထိပ်ဆုံး၀င် ခေါင်းစဉ်နှစ်ခုလုံးမှာတစ်ယောက်ယောက်ကထိန်းချုပ်ထားသော် ၀မ်မင်ယီတစ်ယောက်ကိုသာတွေးမိသည်။
ယန်ရွှီ ။ အဆုံးမှာတော့ ဤအခြေအနေတွင် သည်လိုဖြစ်အောင်လုပ်နိုင်သည်မှာ သူတစ်ယောက်သာရှိသည်။
သူ ဖြော်ဖြေရေးလောကထဲသို့ပင်ခြေမချေရသေးချေ။ ယန်ရွှီအပြင် သူ့အပေါ် တခြားမုန်းတီးနေသူများမရှိနိုင်။ သူမထံတွင်စာချုပ်မချုပ်လို၍ ဤကဲ့သို့အငြိုးထားလိုက်ပုံရသည်။
သူခန့်မှန်းကြည့်နိုင်သည်။ ဤကိစ္စတွေအပြီး သူ၏ဂုဏ်သတင်းကပျက်စီးသွားကာ သူမထံဒူးထောက်ပြီးပြန်ရောက်လာဖို့တွက်ထားခြင်းဖြစ်လိမ့်မည်။ ထိုသိူ့မလုပ်ခဲ့လျှင် သူမကမကောင်းသော သတင်းမှားများကို တချိန်လုံးဖြန့်ပြီး လူအများမှသူ့အပေါ် မကောင်းသောအမြင်များကျန်ရှိနေအောင် လုပ်ပြီး သူ့တက်လမ်းကိုလည်းပိတ်စေလိမ့်မည်။
ဤသည်မှာသူမအတွက်အမှန်တကယ်ကို အရှုံးမရှိချေ။ ဒါကိုတွေးမိလျှင် ၀မ်မင်ယီမှာရယ်မိတော့သည်။
စစ်ကျွင်းတောက်ကမေးလာခဲ့သည်။
"မင်းဘာတွေရယ်နေတာလဲ"
"အတွေ့အကြုံနုတဲ့တစ်ယောက်ကိုလေ၊ ကျွန်တော့်ကိုငပျော့လေးထင်နေလို့"
"ဘာကိုဆိုလိုတာလဲ"
၀မ်မင်ယီကသူ့အားကြည့်လျက်
"ကော ကျွန်တော်တို့ ငယ်ငယ်ကပုံလေးကို လိုင်းပေါ်ကိုတင်လိုက်လို့ရမလားဟင်"
"ရတာပေါ့"
"​ေက်းဇူး"
အလွန်လျှို့ဝှက်သလိုပြမူနေသည်ကိုမြင်လျှင် စစ်ကျွင်းတောက်မှာမနေနိုင်ပဲ မေးမိတော့သည်။
"ဘာတွေဖြစ်နေတာလဲ သာပြောစမ်းပါ"
၀မ်မင်ယီလည်းမနေနိုင်တော့ပဲ အွန်လိုင်းပေါ်မှာ ၀င်တိုက်နေသောဆူနာမီအကြောင်းကိုပြောပြလိုက်ရသည်။
"စိတ်မပူပါနဲ့ ကျွန်တော်ရှင်းလိုက်မယ်"
"မင်းကဘယ်လိုများရှင်းမှာလဲ" စစ်ကျွင်းတောက်ကမေးလိုက်သည်။
၀မ်မင်ယီကပြုံးလျက် ဖုန်းကိုဖွင့်က ယန်ရွှီထံသို့ဖုန်းခေါ်လိုက်သည်။
ယန်ရွှီကမကိုင်ပေ။
၀မ်မင်ယီလက်မလျှော့ခဲ့ ။ သုံးခါမြောက်တွင် ယန်ရွှီမှာအလွန်ပျင်းရိနေသောအသံဖြင့် ဖုန်းကိုဖြေလာခဲ့သည်။
"အိုး ရှောင်ရီပါလား ယန်ကျဲကိုဖုန်းဆက်ဖို့ ဘယ်လိုသတိရသွားတာလဲ"
၀မ်မင်ယီမှာ ၀မ်းနည်းနေသယောင်ဟန်ဆောင်လိုက်သည်။ သူ၏အသံမှာ အငိုတ၀က်ဒေါသတ၀က်ဖြင့်
"ရှာဖွေမှုထိပ်ဆုံးကိုဝယ်လိုက်တာ အစ်မမလား။ ရေတပ်ကိုလည်းအမ၀ယ်ထားတာမလား။ ယန်ကျဲ ကျွန်တော့်အပေါ်ဘာလို့ဒီလိုလုပ်ရက်တာလဲ"
စစ်ကျွင်းတောက်မှာ ထိုခံစားချက်များပြည့်နေသောအသံကိုနားထောင်ရင်း နည်းနည်းမှ၀မ်းနည်းမနေသော ၀မ်မင်ယီမျက်နှာအားကြည့်လိုက်သည်။
သူတို့မိသားစု မင်မင်လေးမှာ ဤမျှသရုပ်ဆောင်ကောင်းမည်မထင်ထားခဲ့ချေ။
ယန်ရွှီမှာ ၀မ်မင်ယီ၏ဟန်ဆောင်မှုကိုအမှန်တကယ်ယုံသွားခဲ့ပြီး နူးညံ့စွာမေးလာသည်။
"ရှောင်ယီဘာတွေပြောနေတာလဲ၊ အစ်မကမင်းပြိုင်ပွဲ၀င်ကတည်းကစောင့်ကြည့်လာခဲ့တာ။ အစ်မဘယ်လိုလုပ်ရက်မှာလဲ၊ ဒါပေမယ့်အစ်မမင်းကို ပြောပြီးသားလေ ။ စာချုပ်ချုပ်လိုက်တာကမင်းအတွက် အကောင်းဆုံးပဲလို့။ မင်းကဒီကျဲနောက်ကိုမှ နာနာခံခံလေးလိုက်မလာတာ၊ ကျဲကမင်းကို ဘယ်လိုကာကွယ်ပေးလို့ရတော့မှာလဲ"
"ဘာလို့ဒီလောက်လုပ်ရက်ရတာလဲ"
"အိုင်း... ရှောင်ယီလေး မင်းကငယ်ပါသေးတယ်၊ မင်းကဘာမှမသိလို့ ဒီလောကကအစတည်းက ရက်စက်တယ်၊ ဒါပေမယ့်စိတ်ချ မင်းရဲ ယန်ကျဲက သူ့လူတွေဆို ဘယ်တော့မှပစ်မထားဘူး။ မင်းသာ ငါနဲ့စာချုပ်ချုပ်ဖို့ဆန္ဒရှိတာနဲ့ အစ်မကတိပေးတယ်။ အဲဒီရေတပ်အကောင့်တွေလည်းနက်ဖြန်ဆိုငြိမ်သွားစေရမယ်။ ငြိမ်သွားရုံတင်မကဘူး မင်းရဲ့ဖန်အင်အားတောင်ပိုတောင့်လာဦးမယ်"
၀မ်မင်ယီဘာမှမပြောတော့ချေ။
ယန်ရွှီကထပ်မံသိမ်းသွင်းလာသည်။
"အစ်မကမင်းကောင်းဖို့ပဲပြောနေတာ။ မင်းတွေ့တယ်မလား ကုမ္ပဏီနောက်ခံမရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာ ဒုက္ခရောက်ဖို့လွယ်လွယ်လေးပဲ၊ မင်းဒီလိုတွေဖြစ်ရင် ကူညီပေးမယ့်သူမရှိဘူး။ တခြားကုမ္ပဏီတွေကိုစဉ်းစားနေမယ့်အစား အမနဲ့စာချုပ်ချုပ်လိုက် ။ တခြားကုမ္ပဏီတွေကမင်းကို နာမည်ကြီးတဲ့ငပျော့လေးပဲထင်ကြမှာ။ မင်းကိုလည်းကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူး။ စာချုပ်မှာလည်း အကျိုးခံစားခွင့်နည်းမှာနော်၊ အဲဒါကြောင့် သေချာစဉ်းစားဦး"
၀မ်မင်ယီကတစ်ချက်ရှိုက်သံပြုလျက်
"ဒါဆိုကျွန်တော်တို့ ဘယ်တော့စာချုပ်ချုပ်ရမှာလဲ"
"ဘယ်အချိန်ဖြစ်ဖြစ်ရတယ်" ယန်ရွှီကအလွန်ကျေနပ်စွာဖြေလိုက်သည်။
"မင်းအဆင်ပြေရင် ခုညနေဆိုရင်လည်းရတယ်"
သူမ၏အသံအနေအထားကိုကြားတော့ ၀မ်မင်ယီလည်းအလွန်တည်ငြိမ်စွာတုန့်ပြန်လိုက်သည်။
"အခုတော့ကျေနပ်သွားပြီပေါ့"
ပြောပြီးတော့ ၀မ်မင်ယီရယ်လိုက်သည်။
သူ့အသံတွင်၀မ်းနည်းမှူအနည်းငယ်မျှပင်ရှိမနေချေ။
"ယန်ရွှီ မင်းအိပ်မက်မက်လို့မှကောင်းရဲ့လား၊ ပျော်နေရဲ့လားဟင်"
"မင်းဘာတွေပြောနေတာလဲ" ယန်ရွှီကမူယခုထိနားမလည်သေးချေ။
"ဘာတွေပြောနေတာလဲဟုတ်လား၊ မင်းစိတ်ကူးတွေယဉ်နေတယ်လို့ပြောနေတာလေ၊ ဟမ် အရူးလို နေ့ခင်းကြောင်တောင်ကြီး အိပ်မက်တွေမက်နေတယ်၊ ငါအဲလိုပြောလာဖို့ စောင့်နေတာမလား။ သိအောင်ပြောပြလိုက်မယ် နောက်ဘ၀အထိ ဆုတောင်းလိုက်"
၀မ်မင်ယီမှာ နံရံတွင်မှီလျက် ခပ်မိုက်မိုက်ပြောလိုက်သည်။
"မင်းက ရှာဖွေမှုထိပ်ဆုံးနဲ့ရေတပ်အကောင့်တွေ ၀ယ်လိုက်ရုံနဲ့ ငါမင်းဆီအပြေးပြန်လာမယ်များထင်နေလား။ ဟာသပဲ၊ ဘုရားကျောင်းကဖြင့်သေးသေးလေးနဲ့ ဗုဒ္ဓကိုပင့်ချင်နေသေးတယ်။ ယန်ရွှီမင်းရဲ့ခွေးမျက်လုံးတွေကိုသေချာဖွင့်ထားပြီး ဒီကိစ္စဘယ်လိုအဆုံးသတ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်။ မင်းဖြုန်းခဲ့တဲ့ပိုက်ဆံတွေအတွက်လည်း ဆုတော့မရဘူး။ ဂျောင်တစ်ဂျောင်မှာသာသွားငိုနေလိုက်"
ပြောပြီးသည်နှင် ၀မ်မင်ယီဖုန်းချလိုက်တော့သည်။
စစ်ကျွင်းတောက်မှာ သူ၏အညှာအတာမဲ့သော စကားများကိုနားထောင်ပြီး သူ့အားစိတ်၀င်စားစွာကြည့်လာခဲ့သည်။
၀မ်မင်ယီလည်းရဲစခန်းထဲသို့၀င်သွားပြီး အလုပ်များနေသောရဲမေရှေ့သို့လျှောက်သွားလိုက်သည်။
သူမထိုင်နေသည်ကိုမြင်လျှင် ကိုယ်ကိုကိုင်းကာမေးလိုက်သည်။
"ကျဲကျဲ၊ အရင်ကျွန်တော်တွေ့ဖူးတာ အမှုကိုကူညီပြီးဖြေရှင်းပေးတဲ့ ပြည်သူတွေအတွက် ဂုဏ်ပြုကြောင်းတင်တဲ့အစီအစဉ်လေ၊ အဲဒီမှာကျွန်တော်ပို့စ်တစ်ခုလောက်တင်လို့ရမလားဟင်"
သူ၏ရှာဖွေမှုထိပ်ဆုံး၀င်[၀မ်မင်ယီ ခွေးများကိုကယ်တင်ခြင်း]တွေ့ပြီးပြီဖြစ်လောက်သော ရဲမေအား သူကမတရားခံရသောပုံစံလေးဖြင့်
"ပုံမှန်ဆို ကျွန်တော်ဒါမျိုးတွေအပြောခံရလည်း ဂရုမစိုက်ပါဘူး။ သူတို့က ဒါကိုအတုအယောင် လို့ပြောချင်ပြောလို့တယ်။ ကျွန်တော်ကို့ဆူလို့လည်းရတယ်၊ ဒါပေမယ့်ကျွန်တော့်ဖန်လေးတွေကတော့ အပြောမခံရသင့်ဘူး။ သူတို့နဲ့ ဘာမှမဆိုင်တာကို"
ရဲမေလည်းအလွန်ဒေါသဖြစ်လျက်
"ဒီလူတွေကတော့ ကိစ္စကိုလည်းသေချာမသိပဲ ပြောချင်တာလျှောက်ပြောနေကြတာ။ ပုံမှန်ဆို အစ်မတို့ဒီလိုလုပ်လေ့တော့မရှိဘူး။ ဒါပေမယ့် မောင်လေးက နာမည်ကြီးတစ်ယောက်တလည်းဖြစ်တော့ အဆင်မပြေဖြစ်မှာစိူးလို့ ဘာပို့စ်မှမတင်ခဲ့တာ။ အခြေအနေကဒီလိုဖြစ်လာမှတော့ အစ်မတို့တင်မှာပါ"
ပြောပြောပြီးခြင်း၌ပင် သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးအားခေါ်၍ ပို့စ်တစ်ခုတင်ပေးဖို့ပြောလိုက်သည်။
တာ၀န်သိပြည်သူ မစ်စတာ ၀မ်ဟု ခေါင်းစဉ်တပ်လျက် ခွေးဖမ်းသမားများအား ဖမ်းဆီးနေသောပုံများဖြင့်ပါတွဲ၍တင်လိုက်တော့သည်။
ကျိုးယောင်မှာ စစ်ကျွင်းတောက်၏ပုခုံးကိုမှီလျက် တိုးတိုးလေးပြောလိုက်သည်။
"မင်းရဲ့ တိတိလေးက ထက်လှချည်လား"
"တက္ကသိုလ်၀င်တန်းကို အမှတ်အများဆုံးရခဲ့တာ"
စစ်ကျွင်းတောက်မှာ မျက်တောင်ပင်မခတ်ပဲ ကြွားလိုက်သည်။
"အဲဒါကိုပြောနေတာမဟုတ်ဘူး။"
ကျိုးယောင်ကစစ်ကျွင်းတောက်ပုခုံးအားတိုက်လိုက်သည်။
"မင်းရဲ့တိတိရဲ့ကိုင်တွယ်ဖြေရှင်းပုံက လှတယ်ပြောတာ။ သူ့ဘက်ကိုသူအကျိုးရှိအောင် ဘယ်လိုလုပ်ရမလဲသိတယ်လို့ ။ ကြည့်ပါလားအခုတောင် ငါ့ကိုလာမရှာပဲ ရှရုန်ကိုသွားရှာတာလေ"
စစ်ကျွင်းတောက်ကမူအေးစက်စွာကြည့်လျက်...
"သူကမင်းကိုဘာလို့ရှာရမှာလဲ၊ မင်းစကားလည်းတည်တဲ့ကောင်မဟုတ်ဘူး။ ရဲမေရှကိုရှာတာ မှန်တဲ့ရွေးချယ်မှုပဲ"
ကျိုးယောင် "..."
ဒီကျိုးပဲ့နေတဲ့ သူငယ်ချင်းဆက်ဆံရေးကြီးကတော့။
၀မ်မင်ယီမှာ ပြည်သူ့ရဲ တရား၀င်ဝေ့ပေါ်မှာ ပို့စ်တက်လာတာကိုတွေ့လိုက်ရသည်။ ပထမဦးစွာ
ပျောက်ဆုံးခွေးများအတွက်ပိုင်ရှင်ရှာသော ပို့စ်ကိုအရင်ရှယ်လိုက်ပြီး နောက်ထပ် တာ၀န်သိပြည်သူ ၀မ် ဟူသည့်ပို့စ်ကိုရှယ်လျက် စကားလုံးအချို့ကိုပါထပ်ထည့်လိုက်သည်။
"အိုင်ကျူနိမ့်တဲ့သူတွေ သွားပြီးသေချာကြည့်လိုက်ဦး။ ကိုယ်တုံးကြောင်းသူများသိအောင်လုပ်မနေနဲ့"
ထို့နောက်သူက နောက်ထပ် ဝေ့ပေါ်ပို့စ်တစ်ခုကို ပြန်ပြင်လိုက်သည်။
"ကျွန်တော်နဲ့အတူ ဒီကိစ္စတွေကိုဖြေရှင်းပေးဖို့ ကူညီလို့ကောကောကိုကျေးဇူးတင်ပါတယ်။
PS. ငါ့ကောကအချောဆုံးပဲ၊ မွေးကတည်းကချောလာတာ"
တွဲတင်ထားသောပုံမှာ သူနှင်စစ်ကျွင်းတောက် ငယ်ငယ်ကခြံရှေ့တွင်အတူရပ်နေသောပုံဖြစ်သည်။
စစ်ကျွင်းတောက်လည်း၀မ်မင်ယီပို့လိုက်သော ပုံကိုကြည့်လိုက်သည်။ ၄င်းမှာအမှန်တကယ်ကို ဟိုးတုန်းကပုံပင်။ ဤပုံမှာ ၀မ်မင်ယီ၏အမေဖြစ်သူ ၀မ်ဝေ့ရိုက်ပေးထားခြင်းဖြစ်သည်။ ထိုစဉ်က ၀မ်ဝေ့မှာ အလုပ်ကိုမသွားခင် သူနှင့်၀မ်မင်ယီအား ပုံမကြာခဏရိုက်လေ့ရှိသည်။ ထိုစဉ်က ကလေးငယ်လေး ၀မ်မင်ယီမှာ အားအင်အပြည့်နှင့် ဓါတ်ပုံရိုက်ရန် တနေကုန်လည်းရပ်နိုင်သည်။ ၀မ်ဝေ့ကပင် တခါတလေ 'အဆင်သင့်မဖြစ်သေးဘူး မင်မင်မလှုပ်နဲ့ဦးနော် 'ဟု သူ့ကို စနောက်လေ့ရ်ှသည်။
၀မ်မင်ယီလည်းငြိမ်ငြိမ်လေးရပ်နေလိမ့်မည်။
ပုံတွင် ၀မ်မင်ယီမှာစစ်ကျွင်းတောက်အားမှီလျက် စစ်ကျွင်းတောက်ကလည်း ၀မ်မင်ယီပုခုံးအားဖက်ထားခဲ့သည်။ ဥယျာဉ်ထဲမှ နှင်းဆီများမှာ နူးညံ့စွာပွင့်လန်းနေကြလျက် ၀မ်မင်ယီမှာထိုနှင်းဆီများထက် လှပအောင်ပြုံးနေခဲ့သည်။ ၀မ်မင်ယီမှာ ဤပုံကိုမမှတ်မိလောက်တော့ဘူးဟု သူထင်ခဲ့သည်။ သူကထိုပုံကိုရိုက်ပြီးဖုန်းထဲတွင်သိမ်းထားလိမ့်မည်မထင်ထားခဲ့။
စစ်ကျွင်းတောက်ပြုံးလျက် သူလည်းထိုပုံကို သိမ်းထားလိုက်သည်။
၀မ်မင်ယီ၏ပို့စ်သုံးခုတက်လာသည်နှင့် သူ့ဖန်များလည်း လက်သီးလက်မောင်းတန်းလျက် လက်စားပြန်ချေရန်ပြင်ကြတော့သည်
"အလိမ်အညာဟုတ်လား။ လုပ်ကြံံထားတဲ့ပြဇာတ်ဟုတ်လား။ ရဲတွေကတောင် တရား၀င်ပို့စ်တင်ပြီး ချီးကျူးထားတာ။ နင်တို့မျက်နှာ နာမှနာရဲ့လား"
ဖြတ်သွားဖြတ်လာများလည်း ထိုရဲများ၏တရား၀င်ပို့စ်ကိုမြင်လျှင် ၀မ်မင်ယီအားချီးကျူးကုန်ကြသည်။
ထို့အပြင်ကို ချီလီရွာသားတစ်ဦးကလည်း၀င်ပြောလာသည်။
"၀မ်မင်ယီကလုပ်ကြံထားတာမဟုတ်ပါဘူး။ဒီနေ့မနက်ကတောင် ဒီကိစ္စကြောင့်တော်တော်ရှုပ်ထွေးသွားသေးတယ်၊ ခွေးဖမ်းသမားတွေက ရွာထဲကဆိုပေမယ့် ဘယ်သူမှသူတို့နဲ့မရင်းနှီးကြဘူး၊ သူတို့ဒီလိုမကောင်းတဲ့အလုပ်ကိုလုပ်နေမှန်းတောင်မသိကြဘူး"
"ငါပြောသားပဲ ဒါကအမှန်ပါလို့၊ ၀မ်မင်ယီကဇာတ်လမ်းဆင်ဖို့ဆိုဒီလောက်ခွေးအများကြီးနဲ့ဒုက္ခခံနေစရာမလိုဘူး။ လေးငါးကောင်ဆိုရင် အလုပ်ရှုပ်လည်းသက်သာပြီး ဇာတ်လမ်းလည်းဆင်လို့ရနေပြီ။
ဒီလောက်ခွေးအများကြီးနဲ့ဆို တကူးတကထိန်းကြောင်းပြီး အဆင်မပြေမခြင်းအစကနေပြန်ရိုက်နေရလိမ့်မယ်"
"ဒါနဲ့ ဒီခွေးတွေက သူ့စကားအရမ်းနားထောင်တာပဲ မသိရင်သူ့ခွေးလိုပဲ"
"ဒါတွေက ၀မ်မင်ယီရဲ့ခွေးတွေတော့မဟုတ်ဘူးမလား။ ကိုယ်တိုင်သင်ပေးထားပြီး သရုပ်ဆောင်ခိုင်းထားတာလား"
၀မ်မင်ယီဖန်များမှာစိတ်မရှည်တော့ချေ။
"လာ လာ လာ နင် လာ ၊ ငါနဲ့အတူ ဝေ့ပေါ် idကိုလာဖတ်၊ ရဲတွေကိုယ်တိုင်က ဒီခွေးတွေကို ခွေးဖမ်းသမားတွေကဖမ်းသွားတာလို့အတည်ပြုပြီးပြီ၊ နင်ကအခုထိ ကိုယ်တိုင်သင် ကိုယ်တိုင်ရိုက် အကြောင်းပြောနေတုန်းပဲလား။ နင်ကိုယ်တိုင်ကပဲ ကိုယ်တိုင်သင် ကိုယ်တိုင်ရိုက်ဖြစ်နေတာလား"
"သူ့ခွေးတွေတော့မဖြစ်နိုင်ဘူး။ သူအင်တာဗျူးတစ်ခုမှာဖြေဖူးတာက သူ့အိမ်မှာခွေးမရှိဘူးတဲ့။ ခုတလောမှာ ခွေးတွေကြောင်တွေမွေးပြပြီး ဖန်တွေရအောင်လုပ်တာကခေတ်စားနေတာကို သူ့မှာသာတကယ်မွေးထားရင် မရှိဘူးလို့လိမ်စရာအကြောင်းမရှိဘူး"
"အမှန်ပဲ အဲဒီအင်တာဗျူးကလည်း သြဂုတ်လကဆိုတော့ သိပ်မကြာသေးဘူး။ ဒီလောက်အချိန်အတွင်းမှာ ခွေးတွေအများပြီး သူ့စကားနားထောင်ပြီး လိမ္မာအောင်လုပ်နိုင်ရအောင် သူကခွေးနတ်ဘုရားမို့လား"
"အဲဒါသူ့ခွေးတွေမဟုတ်ဘူး"
ထိုကိစ္စနှင့်ရင်းနှီပုံရသော တစ်စုံတစ်ယောက်က ၀င်ပြောလာသည်။
"အဲဒီခွေးညိုလေးက ငါ့သူငယ်ချင်းဟာ။ သူအခုသူ့ခွေးကိုခေါ်ဖို့ ရဲစခန်းကိုသွားနေပြီ။ မနေ့ကသူ့ခွေးလေးပျောက်သွားလို့ တညလုံးမအိပ်ပဲ ငိုနေခဲ့တာ။
ဒီနေ့ရှာဖွေမှုထိပ်ဆုံးစာရင်းကိုတွေ့တော့လည်း ၀မ်းသာလို့ငိုပြီး အခုရဲစခန်းကိုသွားနေပြီ။ ၀မ်မင်ယီကို အရမ်းကျေးဇူးတင်မိတယ်။ သူကပဲခွေးလေးကို နှစ်တွေအများကြီးမွေးလာတာ။ သူကတိုက်ခန်းလေးထဲမှာ တစ်ယောက်တည်းနေပြီး ဒီခွေးလေးနဲ့အဖော်ပြုနေရတာ။ ဒီခွေးလေးက သူ့အတွက် အရမ်းအရေးပါတယ်။ ၀မ်မင်ယီရေ ကျေးဇူးပါပဲ"
ဒီမှတ်ချက်ကိုတွေ့လျှင် မိမိတို့အိမ်တွင်ခွေးများကိုယ်စီမွေးထားသော သူများလည်း သက်ပြင်းချမိကြတော့သည်။
၀မ်မင်ယီဖန်များမှာလည်း အခြေအနေမှာရုတ်ချည်းပြောင်းပြန်လှန်သွားတာကိုတွေ့လိုက်ရတော့သည်။
ထို့နောက်သူတို့ ဝေ့ပေါ်ထဲပြန်၀င်ပြီး ထိုရေတပ်အကောင့်များနှင့် အမှန်တကယ် ဖိုက်နေကြစဉ်
ကံကြမ္မာမှာ သူတို့ဘက်မှပါနေကြောင်း မယုံကြည်နိုင်စွာတွေ့လိုကိရဆော့သည်။
သူတို့မျက်လုံးရှင်ရှင်ထားမိကြည့်မိကြသောအခါ
ဝေ့ပေါ်မှ ရေတပ်အကောင့်များမှာ တခြားတစ်အုပ်စုနှင့်အစားထိုးခံလိုက်ရသည်ကိုတွေ့လိုက်ရသည်။ ထိုရေတပ်အသစ်လေးများမှာ [၀မ်မင်ယီက ဂုဏ်ယူစရာကောင်းတဲ့လူငယ်လေးပဲ။ ခွေးလေးတွေကိုကယ်တင်ပေးခဲ့တာ။ ငါတို့မိသားစု မင်မင်လေးကအတော်ဆုံး] ဟုခေါင်းစီးအောက်တွင် သူ့အားအလွန်အမင်းအမွှန်းတင်နေကြကုန်သည်။
တွဲတင်ထားသည့်ပုံမှာ ရဲဌာနတွင်အကယ်ခံခွေးလေးများဖြင့်တွဲရိုက်ထားသောပုံဖြစ်သည်။ ထို့နောက် ခွေးဖမ်းသမားများကိုအပ်နှံသောပုံနှင့် သူရှိုးတွင်ပါ၀င်ယှဉ်ပြိုင်စဉ်ကပုံများဖြစ်သည်။
ဖြတ်သွားဖြတ်လာများကအော်လိုက်ကြသည်။
"ခွေးလေးတွေကချစ်စရာကောင်းလိုက်တာ၊ မောင်ငယ်လေးကချစ်စရာကောင်းလိုက်တာ ၊ ခွေးဖမ်းသမားတွေသွားသေလိုက်"
၀မ်မင်ယီဖန်များလည်းတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြတော့သည်။ထို့နောက် [၀မ်မင်ယီရဲ့ လိင်တူချစ်သူဖော်ထုတ်ခံရ]ဟူသော ခေါင်းစည်းမှာ ရှာ ဖွေမှုထိပ်ဆုံးစာရင်းမှပျောက်ကွယ်သွားခဲ့သည်။
ထိုအကြောင်းကိုပြောဆိုနေကြသော ရေတပ်အကောင့်များလည်းမရှိတော့ချေ။ တချို့ဇွဲမလျှော့သော antiတချို့ကယခုခိန်အထိ တဖက်ပိတ်နေမှလွဲ၍။
ထို့ကြောင့် ရေသေအစ်မ မှာလည်းထပ်မံလှုပ်ရှားလာပြန်သည်။
"တွေ့ပြီလား ဝါးမြင်းအစ်ကိုရေ ၊ သူတို့ကငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတာ။ ဒီလောက်မရင်းနှီးမှတော့ ဘယ်လောက်ရင်းနှီးစေချင်လို့လဲ"
"ဝါးမြင်းလား ရွှေသခင်လေးလားဆိုတာ ဘယ်သူသိမှာလဲ"
"ဒီတော့နင်က ဒီစပွန်ဆာကြီးနဲ့ငယ်ငယ်ကတည်းကသိလာတာလို့ထင်နေသေးလား။ ဘယ်စပွန်ဆာကများဒီလိုကြည့်ကောင်းနေမှာလဲ၊ နင်တို့အကုန် ကန်းကုန်ကြလို့လား။ ဦးနှောက်တွေပျက်ကုန်ကြတာလား"
ဖြတ်သွားဖြတ်လာတစ်ဦးကလည်း၀င် ထောက်ခံလာသည်။
"သူကစပွန်ဆာနဲ့မတူပါဘူးဟ။ စပွန်ဆာသာဒီလောက်ကြည့်ကောင်းနေမှတော့ ငါသာဆို ဝှက်ထားမနေဘူး"
"အမှန်ပဲ၊ဒီလိုရုပ်မျိုးနဲ့စပွန်ဆာဆို ပိုက်ဆံမရှိလဲ ငါလက်ခံဦးမှာ"
မိနစ်အနည်းငယ်မှာပဲ အခြေအနေမှာပြောင်းပြန်လှန်သွားချေပြီ။ မကြာခင်လေးကတင် ၀မ်မင်ယီမှာ ဘလက်ဖန်များ၏ ကြိမိးမောင်းခြင်းကိုခံနေရပြီး သနားစရာကောင်းနေခဲ့သည်။
"သူကစေတနာနဲ့ခွေးလေးတွေကိုကယ်ပေးခဲ့ရုံပါ။ အဲဒါကိုလူတွေကရှိုးလုပ်နေတယ်လို့ပြောကြသေးတယ်။ ၀မ်မင်ယီကသနားစရာလေး"
"သူ့မှာစပွန်ဆာရှိနေတယ်လို့တောင်သတင်းဖြန့်လိုက်ကြသေးတယ်။ ငါသူရှိုးမှာပြိုင်တုန်းကကြည့်ဖူးပါတယ်။ အဲဒီအရည်အချင်းနဲ့တောင်ပထမမရခဲ့ရင် အဲဒီရှိုးကပြသနာရှိနေလို့ပဲ "
၀မ်မင်ယီမှာ တမဟုတ်ချင်းပြောင်းလဲသွားသော အခြေအနေကိုကြည့်ရင်း သူ့နှုတ်ခမ်းလေးကအသာတွန့်ကွေးသွားခဲ့သည်။ သူ့အတွက်၀င်ပြောပေးလာသော ဝေ့ပေါ်အကောင့်ကိုကြည့်ပြီး ၀မ်မင်ယီစဉ်းစားမိသွားရသည်။ သူဤလူကိုမသိချေ။ တစ်ယောက်ယောက်က သူ့ကိုတင်ခိုင်းခြင်းဖြစ်နိုင်သည်။
သူကနံဘေးမှစစ်ကျွင်းတောက်အားကြည့်လိုက်ပြီး
"ကောလုပ်တာလား"
စစ်ကျွင်းတောက်ကခေါင်းညိတ်လိုက်ကာ
"သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းလိုက်တာ"
၀မ်မင်ယီကခန့်မှန်းလိုက်သည်။ "ကျောက်ယန်လား"
"အင်း"
"ဒါဆို ကျွန်တော်တကယ်ကြီး ကျောက်ယန်နဲ့ စာချုပ်ချုပ်ရမှာပေါ့"
"မင်းသဘောမကျရင် နောက်တစ်ခုရှာပေးမယ်လေ။
ဒါပေမယ့်ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောက်ယန်ကဆိုတော့ မင်းသာအဲဒီမှာဆို ကိုယ်ပိုစိတ်ချရလိမ့်မယ်"
၀မ်မင်ယီကခေါင်းညိတ်လျက်
"ဖြော်ဖြေရေးကုမ္ပဏီတွေက ကျွန်တော့်အတွက်အကုန်အတူတူချည်းပါပဲ။ ကျောက်ယန်ကလည်း မဆိုးပါဘူး"
ပြောပြီးနောက် ဖုန်းကိုဖွင့်လိုက်ပြီး ယန်ချီအားထပ်မံခေါ်ဆိုလိုက်ပြန်သည်။
ယန်ချီလည်း လိုင်းပေါ်မှထိုရေတပ်အကောင့်များကိုကြည့်နေခဲ့သည်။ သူမမှာ ပရိုမိုးရှင်းနှင့် marketingကို ထိန်းချုပ်ရသူဖြစ်တာကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုရေတပ်အကောင့်များမှာ ကျောက်ယန်အပိုင်ဖြစ်ကြောင်းတန်းသိလိုက်သည်။
ကျောက်ယန်က အဘယ်ကြောင့် မိမိကိုယ်ပိုင် marketingအဖွဲ့အား ၀မ်မင်ယီအတွက်အသုံးချနေပါသနည်း။ ၀မ်မင်ယီနှင့်များ စာချုပ်ချုပ်လိုက်ပြီလော။
သူမရှုပ်ထွေးနေမိစဉ် ဖုန်းမြည်သံကိုကြားလိုက်ရသည်။
ယန်ချီလည်း ဖုန်းမျက်နှာပြင်ပေါ်မှာ ၀မ်မင်ယီဟူသော စကားလုံးကိုကြည့်လိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်။
သူမဘာမှမပြောနိုင်ခင် ၀မ်မင်ယီမှဦးစွာပြောလာခဲ့သည်။
"ဘယ်လိုလဲ ကျေနပ်ရဲ့လား ဟင်။ ဟား ဟား ဟား"
"၀မ်မင်ယီ" သူမမှာ၀မ်မင်ယီဤမျှကလေးဆန်ပြီး သူမကိုပင် ဖုန်းဆက်ကာရန်စလာဖို့မျှော်လင့်မထားမိချေ။
အားရပါးရရယ်ပြီးနောက် ၀မ်မင်ယီပျင်းရိစွာဆိုလိုက်သည်။
"ခင်ဗျားလည်းတွေးမိလောက်ပြီပေါ့။ ကျွန်တော်ခင်ဗျားအစား အခြားတစ်ယောက်နဲ့ စာချုပ်ချုပ်လိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်လို အရည်အချင်းရှိတဲ့သူကနေရာတိုင်းမှာပေါ်ပျူလာဖြစ်တယ်လေ။ ဒီနေ့ရဲ့ hot searchတစ်ခု အလကားပေးလို့ကျေးဇူးနော်၊ ကျွန်တော့် ဝေ့ပေါ်followerတွေတောင် အတော်လေးတိုးလာတယ်။ ယန်ကျဲကကျွန်တော့်အပေါ် တကယ်ကောင်းတာပဲ"
ယန်ချီ အံကြိတ်လိုက်မိသည်။ ၀မ်မင်ယီသာ ကျောက်ယန်နှင့်စာချုပ်ချုပ်ပြီးမှန်းသိခဲ့လျှင် သူမလှုပ်ရှားခဲ့မိမည်မဟုတ်။
'အခုတော့ ပိုက်ဆံတွေလည်းကုန်ပြီ၊'
သူမ ၀မ်မင်ယီအတွက် မင်္ဂလာ၀တ်စုံဖိုး စိုက်ပေးလိုက်ရသလိုခံစားရသည်။ ကျောက်ယန်၏ရေတပ်အကောင့်များမှာ ကိစ္စအားသေသပ်စွာ ရှင်းလင်းပြီးချေပြီ။ သူမသာရေတပ်အကောင့်များ ထပ်၀ယ်ဖို့ဆုံးဖြတ်လိုက်လျှင် ကျောက်ယန်ဖက်မှလည်း သည်အတိုင်းငြိမ်နေမည်မဟုတ်။ အချေအတင်ဆက်ဖြစ်လျှင်လည်း ကျောက်ယန်၏နောက်ခံမှာ ကြီးမားပြီး သူမ၏လုပ်ဆောင်နိုင်စွမ်းမှာမူ အကန့်အသတ်ရှိတာ သူမသာလျှင်ဒုက္ခရောက်လိမ့်မည်။
ယန်ချီမှာ အံကိုသာကြိတ်လျက် ဘာမှမလုပ်နိုင်ချေ။
၀မ်မင်ယီက စိတ်ကြီး၀င်နေသောအသံဖြင့်
"ပြောစရာမရှိရင်ကျွန်တော်ဖုန်းချလိုက်တော့မယ်။ ဒါပေမယ့်ကျွန်တော်တို့အချင်းချင်းသိလာတာကြာပြီဆိုတော့ သူငယ်ချင်းလို့ခင်လို့သတိပေးလိုက်မယ်။
ကျွန်တော့်ကိုလာပစ်မှတ်မထားနဲ့။ အစ်မနှစ်ဆခံစားစေရမယ်။ ငိုချင်ရင်တောင် ငိုမယိ့နေရာရှာတွေ့မှာမဟုတ်ဘူး။ အစ်မမှာ ကျွန်တော့်အတွက် hot search၀ယ်ပေးဖို့ အချိန်နဲ့ပိုက်ဆံတွေပေါနေရင် ကျန်းဖန်တို့ကိုလည်းတစ်ယောက်တစ်ခုစီ၀ယ်ပေးလိုက်။ သူတို့ကကျွန်တော့်လောက်လည်း နာမည်မကြီးဘူးလေ။ အဲဒီလိုနဲ့ဖန်လည်းမရှိပဲ ပွဲဦးထွက်တဲ့အခါအရှက်ကွဲနေဦးမယ်"
"၀မ်မင်ယီ၊ ကျောက်ယန်ကို၀င်နိုင်ရုံလောက်နဲ့ ဘ၀င်သိပ်မြင့်မနေနဲ့၊ ကျောက်ယန်မှာမင်းထက်သာတဲ့ သူတွေအပုံကြီး ၊ လောလောဆယ်မင်းကို ပိုက်ဆံအကုန်ခံပြီးကူညီပေးနေရင်တောင် ၊ မနက်ဖြန်ကျရင် မင်းရဲ့ ရှေ့နာမည်ကိုတောင်မေ့သွားလိမ့်မယ်"
အခုဘယ်ခုနှစ်ကိုရောက်နေတယ်ထင်လဲ။ ကုမ္မဏီအကြီးကြီးကလူတွေတော်တော်များများ ရှေ့ထွက်ခွင့်တောင်မရပဲပျောက်သွားတာမှအများကြီး။ မင်းလည်းအဲလိုဖြစ်လာမှာပဲ။"
"တကယ်လား။ ဒါဆိုစောင့်ကြည့်လိုက်လေ"
ထို့နောက်၀မ်မင်ယီမှာဖုန်းကိုချလိုက်ပြီး ရယ်တော့သည်။
တဖက်တွင်ယန်ချီမှာစိတ်တိုလွန်း၍ ဖုန်းကိုကောက်ပေါက်လုနီးပါးပင်။ထိုစဉ်မှာပင် ကျန်းဖန်မှာ သူမကိုဖုန်းခေါ်လာပြီး 'ဘာလို့ ၀မ်မင်ယီကို hot search ၀ယ်ပေးတာလဲ'ဟုမေးလာသည်။
"မင်းကအရူးလား" ယန်ချီပေါက်ကွဲတော့သည်။
"စစချင်းhot searchခေါင်းစီးကဘယ်လိုလဲဆိုတာမသိဘူးလား"
ကျန်းဖန်ကမူထေ့ငေါ့လျက်
"မြင်တယ်လေ အဲတော့ဘာဖြစ်လဲ၊ ၀မ်မင်ယီဘာဖြစ်
ဖြစ် အစ်မဘာလို့အရမ်းဂရုစိုက်နေရတာလဲ၊ သု့အတွက် hot searchတောင်၀ယ်ပေးလိုက်သေးတယ်၊ ယန်ချီ ခင်ဗျား သူ့ကိုစာချုပ်ချုပ်စေချင်နေတာမလား၊ ကျွန်တော်တို့လေးယောက်က ၀မ်မင်ယီလောက်တောင်အရေးမပါဘူးလား။ အစ်မမှာပိုက်ဆံတွေပေါနေရင် ကျွန်တော်တို့နောက်လာမယ့်သီချင်းအသစ်အတွက် ကြေညာပေးလေ"
ထို့နောက် ကျန်းဖန်ဖုန်းကိုချလိုက်ပြီး အိပ်ယာဘေးမှာ ခုံပုလေးကိုပြင်းစွာကန်လိုက်သည်။
အဖွဲ့၀င်များက သူ့အားနားချလာသည်။
"ကျန်းကော တွေးမနေပါနဲ့တော့ ၀မ်မင်ယီရဲ့စရိုက်က ဖြော်ဖြေရေးလောကနဲ့မအပ်စပ်ဘူးလို့ ယန်ကျဲပြောခဲ့တယ်လေ အဲဒါကြောင် ကုမ္ပဏီက သူနဲ့စာချုပ်မချုပ်ခဲ့တာပေါ့၊ ဒါပေမယ့်အကျိုးအမြတ်သာရမယ်ဆိုရင် လူတွေကစွန့်စားချင်ကြတာပဲလေ။ အဲဒါကြောင့် သူ့ကိုစာချုပ်ချုပ်စေချင်ခဲ့တာနေမှာပါ။ ယန်ကျဲကအဲလိုလူပဲလေ"
"ငတုံး ဘာတွေဖြစ်နေလဲ မင်းမမြင်ဘူးလား
၀မ်မင်ယီအတွက် မင်္ဂလာ၀တ်စုံဖိုးတောင် သူကစိုက်ပေးလိုက်သေးတယ်၊ သူအတော်ပျော်နေမှာပဲ မဟုတ်ဘူးလား"
"ဘယ်တတ်နိုင်တော့မလဲ၊ ၀မ်မင်ယီကဒီလောက်လည်ပြီး အခြားကုမ္ပဏီတစ်ခုနဲ့တောင်စာချုပ်ချုပ်နိုင်မယ်လို့မှမထင်ထားတာ"
"ဘယ်ကုမ္ပဏီလဲ" ကျောက်ဖန်ကမေးလာသည်။
လုစုန့်မှာလည်း အဖွဲ့ထဲ၀င်ခါစဖြစ်ကာ ဤကဲ့သို့ကိစ္စတွေနှင့်မရင်းနှီးချေ။ ဘယ်ရေတပ်အကောင့်က ဘယ်ကုမ္ပဏီကမှန်းမပြောနိုင်ပဲ ခေါင်းကိုသာယမ်းလိုက်သည်။
"ကျွန်တော်လည်းမသိဘူး"
ကျောက်ဖန်းမျက်ခုံးပင့်လျက် စုန့်ဟယ်အားကြည့်လာခဲ့သည်။
"မသိဘူးဟုတ်လား။ မင်းနဲ့သူနဲ့ကဆက်ဆံရေးကောင်းတယ်မဟုတ်ဘူးလား"
စုန့်ဟယ်ကရိုးသားစွာပြန်ဖြေလိုက်သည်။
"မသိဘူး သူတစ်ခါမှမပြောဖူးဘူး"
"အရမ်းလျှို့ဝှက် နေတယ်ပေါ့ ဟမ်"
ကျန်းဖန်မှာ ယန်ချီနှင့်ယခုလေးတင်ရန်ဖြစ်ထားတာမို့ သူမာနကိုချပြံးသူမကိုမမေးချင်သေးပေ။ ထို့ကြောင့် သူက ရှုံ့မဲ့စွာစာပို့လိုက်သည်
"ဟေ့ ခွေးတွေရဲ့ ဟီးရိုးကြီး ၊ မင်းဘယ်သူနဲ့ စာချုပ်ချုပ်လိုက်တာလဲ"
၀မ်မင်ယီမှာ သူ့ wechatအား စာပြန်ဖို့အားမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ခွေးညိုလေး၏ ပိုင်ရှင်မှာ ခွေးညိုလေးကိုဖက်ပြီး ငိုလျက် သားသားလေးဟုခေါ်နေ၍ပင်။
ခွေးညိုလေးကမူ သူ့သခင်ထက်ပို၍တည်ငြိမ်သေးသည်။ သူကဝုတ်ခနဲဟောင်လျက်
" ကျွန်တော်အဆင်ပြေတယ် ဘာမှမဖြစ်ဘူး။ ကျွန်တော်ကဥာဏ်ကောင်းတယ်ဟုပင်ပြောနေသေးသည်"
၀မ်မင်ယီပြုံးလိုက်မိတော့သည်။
သူငုံ့ပြီးတုန်ခါနေသော ဖုန်းအားကြည့်လိုက်စဉ် ကျန်းဖန်း၏စာအားတွေ့လိုက်တော့သည်။
၀မ်မင်ယီ: ယန်ချီမင်းကိုမပြောဘူးလား။
ကျန်းဖန်: လျှာမရှည်နဲ့ ပြောလိုက်တော့။
၀မ်မင်ယီကပြုံးလျက်: ငါအခုပြောလိုက်ရင် မင်းအရမ်းမခံစားနိုင်ဖြစ်သွားမှာစိုးတယ်၊ အဲဒါကြောင့် ယန်ချီပြောလာအောင်သာစောင့်လိုက်တော့။
ထို့နောက်သူကား ကျန်းဖန်ကို အဖက်မလုပ်တော့ပေ။
၀မ်မင်ယီဆက်မပြောတော့တာကိုမြင်လျှင် ကျန်ဖန်မှာသည်းမခံနိုင်တော့ပဲ စုန့်ဟယ်အားကြည့်လိုက်ပြီး
"မင်းနဲ့၀မ်မင်ယီက ဆက်ဆံရေးကောင်းတာပဲ။
မင်းမေးရင်သူပြောမှာ"
စုန့်ဟယ်"..."
စုန့်ဟယ်လည်းခေါင်းကိုငုံ့လျက်စာပို့လိုက်ရတော့သည်။
ကျန်းဖန်လည်းကိုယ်ကိုကိုင်းလျက် ထိုစာကိုကြည့်လိုက်လျှင်
'ကျန်းဖန်ကငါ့ကို မင်းဘယ်သူနဲ့စာချုပ်ချုပ်လိုက်လဲ မေးခိုင်းလို့'
သူကလက်ကိုဆန့်လျက် ရှစုန့်ဟယ်၏ခေါင်းနောကိအား ရိုက်လိုက်သည်။
"မင်း ရူးနေလား။ ငါမေးခိုင်းတယ်လို့ ပြောခိုင်းလို့လား"
စုန့်ဟယ်ကမူ သူ့ခေါင်းကိုပွတ်သပ်လျက် တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"ငါထည့်မပြောလည်း မင်းသူ့ကိုမေးမေးပြီးချင်း ငါလာမေးတယ်ဆို အလိုလိုခန့်မှန်းမိမှာပဲ"
ကျန်းဖန်မှာစိတ်ဆိုလွန်း၍ဘာကိုမှမဆိုနိုင်တော့ချေ။
အနည်းငယ်ကြာတော့ ၀မ်မင်ယီမှာ အသံမက်ဆေ့တစ်ခုကိုပို့ပေးလာခဲ့သည်။
စုန့်ဟယ်၄င်းအားဖွင့်လိုက်သည်နှင့် ၀မ်မင်ယီ၏တမင်လုပ်ပြောသံကြီးကိုကြားလိုက်ရတော့သည်။
"ကျန်းဖန်ကိုပြောလိုက်၊ သူသိချင်လေလေ ငါသူ့ကိုပိုတောင်ပေးမသိလေပဲလို့၊ စပ်စုချင်တဲ့စိတ်က ကြောင်တစ်ကောင်ကိုသေစေလားတော့မသိဘူး၊ သူကတော့သေမှာသေချာတယ်၊ ဟက် ဟက် "
စုန့်ဟယ်"..."
ကျန်းဖန်"..."
ကျန်းဖန်မှာအလွန်စိတ်တိုရကား ခုံပုလေးအားထပ်ကန်လိုက်ပြန်သည်။
၀မ်မင်ယီမှာ မင်းငါနဲ့ PKနိုင်မယ့် အကွာအဝေးမှာရှိရင်တော့လား...
၀မ်မီယီ ထိုမက်ဆေ့ကိုပို့ပေးသည့်နောက် ကျန်းဖန်၏ နီရဲနေမည့် မျက်နှာကြီးကိုမြင်ယောင်နေမိသည်။ သူအဖွဲ့ထဲတွင်မရှိသည်မှာအတော်ဆိုးသည် နို့မို့ဆို သူကျန်းဖန်၏ ရယ်စရာမျက်နှာကြီးကို လှောင်ရယ်နိုင်လိမ့်မည်။
ရဲတပ်ဖွဲ့များကိုကျေးဇူးတင်ပြီးသည်နှင့် ခွေးညိုလေး၏ပိုင်ရှင်မှာ ၀မ်မင်ယီထံလျှောက်လာပြီး ကျေးဇူးတင်စကားဆိုခဲ့သညိ။
ခွေးညိုလေးကလည်းဟောင်လျက်...
"ဘိုင့်ဘိုင် ငါအိမ်ပြန်တော့မယ်၊ ဒါပေမယ့်ငါ့ယောကျာ်းကိုသတိရနေမှာပါ...သူ့ကိုသေချာစောင့်ရှောက်ထားပေးပါဦး..."
၀မ်မင်ယီ "..."
မလိုဘူး မင်းမေ့လိုက်တာအကောင်းဆုံးပဲ။ လက်လျှော့လိုက်ပါတော့။
သူလည်း နှုတ်ဆက်စကားဆိုလိုက်သည်။ ထို့နောက်နောက်ထပ်ခွေးပိုင်ရှင်တစ်ဦးကလည်းထပ်ရောက်လာပြီးသူ့ ခွေးကိုလာခေါ်ခဲ့သည်။
ကော်ဂီလေး၏ပိုင်ရှင်မှာ ကောင်ငယ်လေးဖြစ်ကာ သူကသူ့အမေနှင့်အတူရောက်လာခဲ့သည်။ ကော်ဂီလေးကိုမြင်သော်သူက မျက်ရည်များနှင့်ရယ်ပြီးပွေ့ဖက်လိုက်တော့သည်။ ချီဟွားဟွားလေး၏ပိုင်ရှင်မှာမူ ဂန္တ၀င်တွင်မယ့်အလှလေးဖြစ်ပြီး သူမ၏ခွေးလေး ထိခိုက် ဒဏ်ရာမရှိတာတွေ့မှ သက်ပြင်းချနိုင်လေသည်။
အလွန်တက်ကြွနေသော ဟက်စကီးကမူ ခုန်စွခုန်စွ နှင့် သူ့အရပ်ကြီးဖြင့် ရဲစခန်း၀င်ပေါက်ကိုပင် ပိတ်တော့မတတ်ပင်။ သူ၏ပိုင်ရှင်မှာ ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်လှသည်။
"အစ်ကိုကြီး "
လူငယ်လေးက သူ့လက်ကိုမြှောက်ပြီး ဟက်စကီးနှင့် လက်ဝါးချင်းရိုက်လိုက်သည်။
ဂျာမန်ခွေးကြီး၏ပိုင်ရှင်ကတော့ မမျှော်လင့်ထားစွာဆယ့်သုံးနှစ်ခန့်သာရှိသောမိန်းမငယ်လေးဖြစ်နေခဲ့သည်။ ဂျာမန်ခွေးကြီး၏ဒဏ်ရာများကိုမြင်လျှင် သူမမှာ ငိုမဲ့မဲ့နှင့်ပင် ချော့မော့စွာမေးလာသည်။
"အရမ်းနာနေလားဟင်... နာမှာပဲကို... ဆေးခန်းကိုခေါ်သွားပေးမယ်နော်..."
ဂျာမန်ခွေးကြီးမှာသူ့ကိုယ်သူ သူမထံညင်သာစွာပွတ်သပ်လိုက်သည်။
ပိုင်ရှင်များကိုယ်စီခွေးများကိုလာခေါ်ပြီးသည့်နောက်တွင် ညနေခင်း ၆နာရီခန့်ပင်ရှိခဲ့လေပြီ။
လေးငါးကောင်ခန့်သာ ပိုင်ရှင်များလာအခေါ်ကိုစောင့်နေကြဆဲ။
စခန်းတွင် ခွေးများကိုထားခဲ့၍မရသဖြင့် ရဲမေမှ တိစောင့်ရှောက်ရေးစခန်းကိုဖုန်းဆက်၍အပ်နှံရန်လုပ်လိုက်သည်။ ၀မ်မင်ယီမှာ မိမိသည် ထိုခွေးများအတွက် တာ၀န်ရှိသည်ဟုခံစားမိသည်မို့ ထိုစခန်းသို့ထပ်မံလိုက်သွားခဲ့သေးသည်။ ခွေးများထံမှ အဆင်ပြေကြောင်း ပြောသည်ကိုကြားတော့မှ သူလည်းစိတ်ချလက်ချထွက်သွားနိုင်တော့သည်။
သူထွက်မသွားခင်တွင် ခွေးပေါက်လေးများနှင့်ကစားနေသော လာဘရာဒေါအားကြည့်လိုက်မိသည်။
၄င်းတွင်ပိုင်ရှင်မရှိချေ။ ထို့အပြင်သူ့ပိုင်ရှင်ကလည်း သူ့ကိုလာခေါ်နိုင်မည်မဟုတ်။
ထရပ်ကားထဲတွင်တုန်းက လာဘရာဒေါ၏စကားကိုမှတ်မိနေသော ၀မ်မင်ယီမှာ သူ့ခေါင်းလေးကိုထိလျက် ပြောလိုက်သည်။
"ငါနဲ့လိုက်ခဲ့ချင်လား"
သူသုံးကြိမ်ခန့်မေးလိုက်သည်တွင် လာဘရာဒေါကနားလည်လာပုံဖြင့် မင်းကငါ့ပိုင်ရှင် ဖြစ်ချင်လို့လား။
၀မ်မင်ယီကခေါင်းညိတ်လိုက်လျှင် လာဘရာဒေါမှာ အနည်းငယ်စိတ်ကြီး၀င်နေဟန်ဖြင့်
"ဒါပေမယ့် ငါက လေလွင့်ကဗျာဆရာလေ"
၀မ်မင်ယီကပြုံးလျက် "ဒါဆိုလည်း မင်းအိမ်ရှိတဲ့ ကဗျာဆရာဆက်လုပ်လို့ရတာပဲ"
လာဘရာဒေါမှာ အိမ်ရှိဟူသော စကားလုံးကိုနားမလည်သော်လည်း မျက်နှာမာန်ချီလျက်ပင်။
"မင်းကဒီလောက်တောင်တောင်းဆိုနေမှတော့ သဘောတူပေးရမှာပေါ့"
၀မ်မင်ယီကလည်း သူ့ကိုလိုက်လျောစွာဆိုလိုက်သည်။
"သွားကြစို့ ငါအိမ်ရောက်တဲ့အခါမင်းကို ကဗျာရေးနည်းသင်ပေးမယ်"
လာဘရာဒေါမှာခွေးပညာတတ်ပေမို့ ဤသည်ကိုကြားလျှင် ချက်ချင်းစိတ်ယိုင်သွားပြီး ၀မ်မင်ယီ၏ခြေထောက်ကိုပွတ်သပ်ကာ လိုက်ဖို့ရန်အသင့်ဖြစ်နေခဲ့သည်။ မသွားခင်တွင် ၄င်းကနှစ်ချက်ခန့်ဟောင်လျက် ခွေးပေါက်လေးများအား သူတို့သွားတော့မည်ဖြစ်ကြောင်းနှင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မှာလိုက်သည်။
သို့သော် သူတို့ထွက်သွားတော့မည်ကိုကြားလျှင် ခွေးပေါက်လေးများမှာ ၀မ်းနည်းစွာမျက်ရည်များ ကျလာခဲ့သည်။ ပိုမရေနီယမ်လေးမှာလည်း လာဘရာဒေါ၏နောက်သို့သာတချိန်လုံးလိုက်နေခဲ့တာဖြစ်သည်။ ၄င်းမှာ တခြားသူများကို ပိုင်ရှင်အသီးသီးကလာခေါ်သွားသည်ကိုကြည့်နေခဲ့ရပြီး ယခု လာဘရာဒေါကပါသွားတော့မည်ဆိုသည့်အခါ စိတ်မခိုင်တော့ပဲ ငိုတော့သည်။
ခွေးပေါက်လေးများမှာ လာဘရာဒေါ၏အနားတွင်၀န်းရံလျက် ငိုကြွေးကြကုန်သည်။
"အမကြီးသွားရင် သမီးတို့ဘာလုပ်ရတော့မှာလဲ"
လာဘရာဒေါမှာ သူ့ရှေ့မှ ခွေးပေါက်လေးများကိုကြည့်နေပြီးနောက် သူတို့၏ခေါင်းလေးများအား နူးညံ့စွာပွတ်သပ်ပေးလိုက်သည်။
"အမလိမ်တာ အမဘယ်ကိုမှမသွားပါဘူး"
၀မ်မင်ယီကအံ့အားသင့်သွားသည်။
လာဘရာဒေါကသူ့အားကြည့်လျက်ပြောလာသည်။
"တွေ့လား ၊ ငါကလေလွင့်ကဗျာဆရာဖြစ်ဖို့ ပိုသင့်တော်ပါတယ်"
၀မ်မင်ယီကသူ့အားသေချာကြည့်လျက်မေးလိုက်သည်။
"မင်းဆုံးဖြတ်ပြီးပြီလား"
၀မ်မင်ယီ သက်ပြင်းကိုချလိုက်ပြီး လာဘရာဒေါ၏ခေါင်းကိုပွတ်ကာဆိုလိုက်သည်။
"ဒါဆိုလည်းနက်ဖြန်မှထပ်တွေ့ရအောင် အဲကျလိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့ပေါ့"
လာဘရာဒေါမှာ သူ့လက်ပေါ်ခေါင်းကိုပွတ်သပ်လိုကိသော်လည်း ပြန်မဖြေခဲ့ပေ။သူဆုံးဖြတ်ပြီးသည်နှင့် နောက်တစ်ကြိမ်မွေးစားခံရဖို့ကိုစွန့်လွှတ်လိုက်ပြီးဖြစ်ချေပြီ။
ညလည်းနက်ပြီမို့ ၀မ်မင်ယီမှာခွေးလေးများကို ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ပြန်ဖို့ပြင်လိုက်တော့သည်။
သူကြောင်လေးတစ်ကောင်နားကဖြတ်သွားစဉ် ထိုကြောင်လေး၏ စိတ်ကြီး၀င်နေသောအသံကိုကြားလိုက်ရသည်။
"ဒီနေ့ဘာငါးခြောက်မှမရှိဘူးပေါ့ ဟုတ်လား"
၀မ်မင်ယီက သူ့ခေါင်းအားခပ်ဖွဖွလေးပွတ်သပ်လိုက်လျှင် သူ့ထံမှပြင်းထန်သောခွေးနံ့များကြောင့် ၄င်းကကြောက်လန့်တကြားဆိုလာသည်။
"မင်း.. မင်း.. မင်း.. ဘာလုပ်မလို့လဲ"
"ဘာမှမလုပ်ပါဘူး။ မင်းကချစ်ဖို့ကောင်းနေလို့ပါ"
သေချာတာပေါ့။
သူကြောင်စကားကိုလည်းနားလည်နိုင်သည်ပင်။
သူနှင့်စစ်ကျွင်းတောက်မှာအပြင်တွင်သာညစာစားလိုက်ကြပြီး ညနက်နေပြီမို့ အိမ်ပြန်ရောက်သည်နှင့် ၀မ်မင်ယီမှာ အိပ်ခန်းသို့ပြေးတော့သည်။ သူပုံစံပြန်မပြောင်းခင် ရေချိုးသန့်စင်ခြင်းအမှုကိုအလျင်စလိုပြုလိုက်ပြီး ကိုကာကိုလာတစ်ဘူးဖောက်ကာ စစ်ကျွင်းတောက်နှင့် စကားပြောနေလိုက်သည်။ သူနှစ်ခွက်မျှသောက်ပြီးသည်နှင့် ရင်းနှီးနေသောခံစားချက်ကတဖန်ရောက်လာခဲ့ပြီး လိမ္မော်ရောင်ကြောင်လေးအဖြစ်ပြောင်းသွားတော့သည်။
ကိုကာကိုလာဘူးမှာ ဘုန်းခနဲ့ ကြောင်ခေါင်းပေါ် ပြုတ်ကျသွားပြီး ၄င်း၏ခေါင်းမှာလည်း ကိုလာရည်များဖြင့်ရွှဲရွှဲစိုသွားခဲ့သည်။
၀မ်မင်ယီ "..."
စစ်ကျွင်းတောက်မှာ မထိန်းနိုင်ပဲရယ်မိတော့သည်။
၀မ်မင်ယီ မကျေမနပ်ဖြင့် မြောင်ဟုအော်လိုက်သည်။
"ဘာတွေရယ်ရလို့လဲ အခုပြန်သုတ်ပေး"
စစ်ကျွင်းတောက်လည်းထရပ်လိုက်ပြီး ကြောင်လိမ္မော်လေးကိုရင်ထဲတွင်ပွေ့ကာ တစ်ရှူးများနှင့် သုတ်ပေးလိုက်သည်။ သို့သော် ကိုလာတွင်ပါ၀င်သော သကြားဓါတ်ကစေးကပ်စေသဖြင့် စစ်ကျွင်းတောက်မှာ အချောင်းလိုက်ဖြစ်နေသော ကြောင်မွှေးများကိုကြည့်လျက်
"သုတ်လို့မပြောင်ဘူး ၊ ရေပဲထပ်ချိုးလိုက်ရအောင်"
၀မ်မင်ယီကတကယ့်ကြောင်အစစ်မဟုတ်တာကြောင့် ရေချိုးပေးသည်ကိုသည်းခံနိုင်ပြီး ရေချိုးကန်ထဲတွင် အေးဆေးထိုင်လျက် သူ၏ ကိုလာများဖြင့်စေးကပ်နေသောခေါင်းအား စစ်ကျွင်းတောက်မှ ရှန်ပိုနှင့်ကုတ်လျှော်ပေးနေသည်ကို ဇိမ်ခံနေမိသည်။
စစ်ကျွင်းတောက်လည်းသူ့ကိုကြည့်ပြီး သူနှင့်၀မ်မင်ယီငယ်ငယ်က ရေအတူချိုးခဲ့သည်ကိုသတိရသွားမိသည်။ သူ၀မ်မင်ယီ၏ အမြီးကိုပွတ်ဆွဲလိုက်ပြီး
"မင်မင်မှာ ငါးအမြီးတော့မရှိပေမယ့် ကြောင်မြီးတော့ရှိသားပဲ"
၀မ်မင်ယီကသေချာပေါက် ငယ်စဉ်ကရူးကြောင်ကြောင် စကားဝိုင်းကိုမမှတ်မိချေ။ စစ်ကျွင်းတောက်က ၄င်း၏လက်ဖဝါးလေးကိုဖိ၍ဖွင့်ထားစေပြီး ကိုင်ထားလိုက်သည်။
ရေချိုးပြီးသည်နှင့် ကြောင်လေးအား သူ၏ပေါင်ပေါ်တွင်တင်လျက် ဒရိုင်ယာဖြင့်မှုတ်ပေးလိုက်သည်။ ၀မ်မင်ယီမှာလေးနွေးနွေးလေးများတွင် မျက်လုံးကိုမှေးလျက်ဇိမ်ခံနေရင်း တဖြည်းဖြည်းအိပ်ချင်လာခဲ့သည်။
စစ်ကျွင်းတောက်လည်း မိမိပေါင်ပေါ်မှကြောင်လေး၏ဟောက်သံသေးသေးလေးကိုကြားလျှင်
လက်ကလေးဆန့်လျက်အသာပွတ်သပ်လိုက်သည်။
'ပင်ပန်းနေရှာမှာ'
ခွေးဖမ်းသမားဆီကအဖမ်းခံရလိုက်၊ ခွေးတွေကိုကယ်ရလိုက်၊ ခွေးဖမ်းသမားကိုဖမ်းရလိုက်၊ လိုင်းပေါ်ကမဟုတ်မမှန်သတင်းတွေကိုဖြေရှင်းရလိုက်နှင့်ဤတစ်နေ့လုံးတစ်ညလုံး သူ့၏မင်ယီလေးအတော် ပင်ပန်းနေရှာမှာပင်။
ဒရိုင်ယာအားဘေးတွင်အသာတင်လိုက်ပြီး ကြောင်လေးအားပွေ့ချီကာ အိပ်ယာထံသို့သွားလိုက်သည်။
ထို့နောက်ကြောင်လေး၏ သူ၏ဘေးရှိခေါင်းဦးတွင် တင်ပေးလိုက်သည်။ ထို့နောက်မိမိသည်လည်းဘေးတွင် ၀င်လှဲလျက် နားရန်ပြင်လိုက်တော့သည်။
မနက်လင်းသောအခါ ၀မ်မင်ယီလည်းမိမိမှာထရပ်ကားထဲတွင်မဟုတ်တော့ကြောင်းသတိရသွားပြီး စိတ်များလည်းပေါ့ပါးသွားခဲ့သည်။
သူကဆက်အိပ်ရန်ပြင်လိုက်သော်လည်း နံဘေးမှအိပ်နေသောစစ်ကျွင်းတောက်၏မျက်နှာအားတွေ့လိုက်တော့သည်။ ဤသည်မှာသူကြောင်လိမ္မော်ဖြစ်နေစဉ်
စစ်ကျွင်းတောက်၏အိပ်နေသောမျက်နှာကိုအနီးကပ်မြင်ဖူးတာပထမဆုံးအကြိမ်ဖြစ်သည်။
သူကအကြာကြီးစိုက်ကြည့်နေမိသည်။
၀မ်မင်ယီ၏ စိုက်ကြည့်နေမှုကြီးကြောင့် စစ်ကျွင်းတောက်မှာနိုးလာခဲ့သည်။ သူ၏ရှေ့မှ လိမ္မော်ရောင်ကြောင်လေးမှာ သူ့အားစိုက်ကြည့်နေသည်ကိုမြင်လျှင် လက်ကိုဆန့်လျက် သူ၏ခေါင်းအားပွတ်သပ်လိုက်သည်။
"ဒီနေ့ဘာလို့အစောကြီးနိုးနေတာလဲ"
"မနေ့ကအတွေ့အကြုံကြောင့် သတိ၀င်နေတာ" ၀မ်မင်ယီကပြန်ဖြေလိုက်သော်ငြား စိတ်မကောင်းစရာကောင်းလှစွာပင် စစ်ကျွင်းတောက်ကကြောင်လိုနားမလည်တာမို့ မြောင်မြောင်မြောင်ဟုသာကြားလိုက်ရသည်။
၀မ်မင်ယီလည်း လက်ကလေးကိုဆန့်လျက် ခေါင်းဦးပေါ်တွင်ရေးပြလိုက်သည်။
ဖတ်ကြည့်လိုက်ပြီးနောက် စစ်ကျွင်းတောက်မှာ ၀မ်မင်ယီမနေ့ကခံစားခဲ့ရမည့်အတွေ့အကြုံကိုတွေးမိလျှင် အပြစ်ရှိသလိုခံစားလာရသည်။
"ကိုယ့်အမှားပါ မင်းကိုလာခေါ်လိုက်ရမှာ၊ နောက်ဒီလိုထပ်မဖြစ်စေရဘူးနော်"
၀မ်မင်ယီကမူဤပြသနာမှာ စစ်ကျွင်းတောက်နှင့်ဆိုင်သည်ဟုမထင်ခဲ့ချေ။ စစ်ကျွင်းတောက်လာမကြိုလျင်လည်း သူကိုယ်တိုင်အိမ်ကိုဖြောင့်တန်းစွာပြန်တတ်သည်ပင်။ အကူအညီတောင်းသံကြားလို့သာ ၀င်ကြည့်မိရင်းနောက်ဆက်တွဲကိစ္စများဖြစ်လာရခြင်းဖြစ်သည်။ ထို့အပြင်ဤကိစ္စကအဆိုးကြီးလို့တော့သူမထင်ပေ။ သူသာအဖမ်းမခံရခဲ့လျှင် ထိုကားထဲမှာခွေးများမှာ ရောင်းခံရရင်ရောင်းခံရ မရောင်းခံရလျှင် ခွေးသားတုတ်ထိုးများဖြစ်နေလောက်ပြီ။
ထို့ကြောင့် ခွေးများကိုကယ်တင်နိုင်လိုက်ခြင်းမှာ သိပ်ကောင်းသည်ဟု၀မ်မင်ယီခံစားရသည်။ သူကစစ်ကျွင်းတောက်ကိုသက်သက်စိတ်ပူအောင်လုပ်မိ၍ စိတ်မကောင်းခြင်းသာ။
၀မ်မင်ယီက သူ့ကိုယ်လေးဖြင့်ပွတ်သပ်ရင်း စစ်ကျွင်းတောက်လက်တွင်စာရေးလိုက်သည်။
"ကောကိုယ့်ဘာကိုအပြစ်မတင်ပါနဲ့... ကျွန်တော်ကသာကောကိုစိတ်ပူအောင်လုပ်မိတာ... ကျွန်တော့်အပြစ်ပါ"
စစ်ကျွင်းတောက်ကသူ့အားဆွဲယူ၍ ညင်သာစွာဖက်လိုက်သည် ။
"ရပါတယ် မင်းအဆင်ပြေရင်ရပြီ။ မင်းအဆင်ပြေနေသ၍တောင်းပန်ဖို့မလိုဘူး"
၀မ်မင်ယီလည်း စစ်ကျွင်းတောက်မှာ သူအပေါ်အလွန်နားလည်ခွင့်လွှတ်ပေးသည်ကိုတွေ့လိုက်သောအခါကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက်သူ့ခေါင်းလေးဖြင့်စစ်ကျွင်းတောက်၏မေးစေ့အား အကြိမ်ကြိမ်ပွတ်သပ်လိုက်သည်။
ထိုသို့ပွတ်သပ်နေစဉ် ရင်းနှီးသောခံစားချက်မှာတဖန်ပြန့်နှံ့လာခဲ့သည်။
စစ်ကျွင်းတောက်မျက်စိတမှိတ်အတွင်းမှာပဲ ရင်ခွင်ထဲမှကြောင်လေးမှာ လူအဖြစ်ပြောင်းသွားသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်နှုတ်ခမ်းပေါ်မှာ နွေးထွေးသောအထိအတွေ့လေး..
စစ်ကျွင်းတောက်အေးခဲသွားခဲ့သည်။
၀မ်မင်ယီလည်းကျောက်ရုပ်ကဲ့သို့တောင့်နေခဲ့သည်သည်။ သူ၏ရှေ့မှ အဆုံးမရှိသောအမှောင်ထုလို မဲနက်နေသည့် စစ်ကျွင်းတောက်၏မျက်လုံးများကိုကြည့်ရင်း တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ စစ်ကျွင်းတောက်ကသူ့အားတွန်းထုတ်လိုက်တော့မှ ယခုလေးတင် သူ၏နှုတ်ခမ်းမှာစစ်ကျွင်းတောက်၏နှုတ်ခမ်းနှင့်ထိနေခဲ့သည်ကို သတိထားမိလိုက်တော့သည်။