အပိုင်း ၅၆၉
Viewers 62k

အခန်း ၅၆၉

ဟန်လီ၏အကြံ


ပုဖန် မီးဖိုချောင်းထဲသို့ ဝင်လာခဲ့လိုက်သည်။ဒီတစ်ကြိမ်၌ သူက တခြားမည်သည့်ဟင်းပွဲမှ မချက်ပြုတ်ပဲ ရှူးရှဲ အစပ်ချောင်းသာ အများကြီး ချက်ပြုတ်လိုက်သည်။


သူ လျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်ပြီးသည့်နောက် မည်သည့်အချိန်မှ ပြန်လာရမည်ကိုမသိသေးပေ။ထို့ကြောင့် အစပ်ချောင်းများ အများကြီးလုပ်ထားပြီး နယ်သာရီကို ရောင်းခိုင်းရန် ကြံစည်ခြင်းဖြစ်သည်။


ဒီနည်းလမ်းက သူ့၏ စီးပွားရေးလည်ပတ်မှုကို အများကြီး အထောက်အကူ မပြုဟု ဆိုသော်လည်း အနည်းဆုံးတော့ သူ သလင်းကျောက်အချို့ရရှိပေလိမ့်မည်။သူ့ဆိုင်၏ စီးပွားရေးနှင့် သူ့ကျင့်ကြံစဉ်က ဆက်စပ်နေလေရာ အလေးအနက် ထားထားရပေမည်။


အလွန်ကြီးသော ပန်းကန်လုံးကြီးတစ်ခုအတွင်း၌ နီရဲစိုအိနေသော အစပ်ချောင်းများ ပြည့်နှက်နေသည်။မီးဖိုခန်းတစ်ခုလုံးတွင်လည်း အစပ်ရနံ့များ ဖုံးလွှမ်းနေလေ၏။


တစ်ခုတည်းဖြင့်ပင် အနံ့ပြင်းထန်လေရာ အများကြီး စုထားခြင်းက အသေးအဖွဲလေး မဟုတ်တော့ပေ။ပုဖန် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အသက်တစ်ချက် ရှိုက်ထုတ်လိုက်သည်။ထို့နောက် အဝတ်ခြောက်တစ်ခုဖြင့်လက်ကို သုတ်လိုက်ရင်း သူပြင်ဆင်ထားသော အစပ်ချောင်းများကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။


"ဒီလောက် အစပ်ချောင်းတွေအများကြီးဆိုရင် ရက်နည်းနည်းတော့ ရောင်းရသင့်တယ် ဟုတ်တယ်မဟုတ်လား..."


သူ အစပ်ချောင်းပန်ကန်လုံးကို သယ်ဆောင်ရင်း မီးဖိုခန်းထဲမှ ထွက်လာလေသည်။


နယ်သာရီနှင့် ခွေးဘုရင်တို့က သူတို့ထိုင်နေကြ စားပွဲခုံတွင် ထိုင်ရင်း ပုဖန် အစားအစာယူလာမည့်အချိန်ကို စောင့်နေလေသည်။ပုဖန်ကို မြင်လိုက်သည့်အချိန်၌ သူတို့မျက်ဝန်းများက ဝိုင်းစက်သွားလေသည်။


ခွေးဘုရင် စိတ်ရှုပ်ထွေးသွားမိသည်။


"ဒီပုဖန်က ဘာလုပ်နေပြန်တာလဲ သူ့ငါ့ကို နံရိုးချိုချဉ်ကြော် ပေးမယ်လို့ပဲ ကတိပေးထားတယ်မဟုတ်ဘူးလား..."


အခြားတစ်ဘက်တွင် နယ်သာရီကလည်း အနည်းငယ်ကြောင်အသွားသည်။ထို့နောက် သူမ၏ မျက်ဝန်းလေးများ ပုပ်ခတ်ပုပ်ခတ် လုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာလေသည်။သူမက အစပ်ချောင်းကို မြည်းစမ်းပြီးပြီဖြစ်သောကြောင့် သူ့၏ ကောင်းမွန်သော အရသာကို သိနေလေပြီ။


ပုဖန်က ဒီလောက်နားလည်မှု ရှိလိမ့်မယ်လို့ မထင်ခဲ့မိဘူး...ကြည့်ပါဦး သူက သူမအတွက် အများကြီးပဲ ပြင်ဆင်ထားပေးတယ်...


ပုဖန်က ပန်းကန်လုံးကြီးကို စားပွဲပေါ် တင်လိုက်ပြီးနောက် ခုံတစ်ခုံကို ဆွဲယူကာ ထိုင်လိုက်ပြီး နယ်သာရီနှင့် ဘလက်ကီကို ကြည့်လိုက်သည်။


"ပုဖန် ကောင်ကလေး ဒီခွေးဘုရင်အတွက် နံရိုးချိုချဉ်ကြော်က ဘယ်မှာလဲ...မင်းက ဒီနေ့ ဒီခွေးဘုရင်ကို ပေါက်ကရရှစ်ဆယ်တွေ ကျွေးဖို့ ကြံစည်ထားတာလား...ငါ မင်းကို ပြောလိုက်မယ် ဒီခွေးဘုရင်က အသားပဲစားမယ် အသီးအရွက်မစားဘူး..."


ခွေးဘုရင် နှာခေါင်းက ရှုံ့ပွရှုံံပွ ဖြစ်လာလေသည်။သူ နံရိုးချိုချဉ်ကြော်မရှိသောကြောင့် ဒေါသထွက်နေပြီ။


နယ်သာရီကမူ နှုတ်ခမ်းဆူ၍ မျက်လုံးအနည်းငယ် မှေးကျင်းထားလေသည်။ ထို့နောက် သူမ၏ ဖြူဖွေးသွယ်လျသော လက်ကလေးကို အသာထုတ်၍ အစပ်ချောင်းကို လှမ်းယူလိုက်သည်။ပြီးသည်နှင့် ပျော်ရွှင်စွာပင် ပါးစပ်ထဲထည့်၍ တကျွတ်ကျွတ် ဝါးနေတော့သည်။


"ဒီနေ့ နံရိုးချိုချဉ်ကြော်မရှိဘူး ဒီတစ်ခုပဲရှိတယ်..."


 ပုဖန်က အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။


ဘာကို ခွေးဘုရင်က အသီးအရွက်မစားဘူးလဲ...ဒီခွေးကတော့ မဟုတ်တာပြောဖို့ဆို သိပ်တတ်တယ်...


ပထမဦးဆုံးအနေဖြင့် ဖန်ဖန်ဆိုင်ငယ်လေးတွင် နံရိုးချိုချဉ်ကြော် မရခင်က ထိုခွေးဘုရင်မနက်တိုင်း ဥထမင်းကြော်စားနေခြင်းသာဖြစ်သည်။


ခွေးဘုရင် ဒေါသချောင်းချောင်းထွက်သွားသည်။ထိုပုဖန်က အရင်အချိန်များနှင့် မတူတော့ပဲ ပြောင်းလဲသွားသည်ဟု သူခံစားမိလေသည်။


သူ အစွယ်များထုတ်ပြလိုက်ပြီး ပုဖန်ကို ခဏမျှ မာန်ဖီနေလိုက်သည်။သို့သော်လည်းပုဖန်က သူ့ကို လုံးဝ အဖတ်မလုပ်တော့သောကြောင့် စိတ်ပျက်စွာဖြင့်ပင် လက်လျှော့လိုက်ရသည်။ထို့နောက် သူ့၏ဝဝဖြီးဖြီး ခန္ဓာကိုယ်ကို အသာရွေ့လျားရင်း ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်အောက်သာ ပြန်ရန် ဆုံးဖြတ်လိုက်သည်။


သို့သော်လည်း သူထိုင်ခုံပေါ်မှ မဆင်းရသေးခင်မှာပင် ပုဖန်က သူ့ခေါင်းကို လှမ်းဆွဲထားလိုက်ပြီး မျက်နာရှေ့၌ အစပ်ချောင်းကို လာဝှေ့ယမ်းပြလေသည်။


"ငါရှေ့မှာ လာဝှေ့ယမ်းပြနေလည်း အသုံးမဝင်ဘူး...ခွေးဘုရင်က အသီးအရွက် လုံးဝ မစားဘူး...."


သို့သော်လည်း ခွေးဘုရင် ပြောလိုက်သည့်အချိန်မှာပင် ပုဖန်က မျက်ဝန်းမှေးကျင်းလိုက်ပြီး အစပ်ချောင်းကို သူ့ပါးစပ်ထဲ တိုက်ရိုက်ထည့်လိုက်လေသည်။


သူ့၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲ လှိုင်းတစ်ချက်ရိုက်ခတ်သွားသလိုပင် ခံစားလိုက်ရသည်။သူ့၏ မျက်ဝန်းများ တောက်ပသွားပြီး အစပ်ချောင်းကို စတင် ဝါးလိုက်လေသည်။


"ဒီအရသာက အံ့သြစရာပဲ မဆိုးဘူး...ကောင်မလေး ဒီခွေးဘုရင်ကို အစပ်ချောင်းနည်းနည်း ထပ်ပေးဦး..."


နယ်သာရီက အစပ်ချောင်းသုံးခုကို တစ်ပြိုင်တည်း ပါးစပ်ထဲထိုးထည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ပန်းကန်ထဲမှ နောက်ထပ် အနည်းငယ် နှိုက်ယူလိုက်၏။


...


"ကောင်းပြီ ဒီလောက်ဆို တော်လောက်ပြီ..."


ခဏမျှကြာပြီးနောက် ပုဖန်က ထိုနှစ်ယောက်ကို အစားရပ်ခိုင်းလိုက်သည်။


"နယ်သာရီ မနက်ဖြန်ကျရင် သူဌေးဖြစ်တဲ့ငါက လျှ်ို့ဝှက်နယ်မြေထဲသွားရမယ်ဆ်ိုတော့ ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ဖို့က စားပွဲထိုးဖြစ်တဲ့ နင့်ရဲ့ တာဝန်ဖြစ်သွားပြီ..."


ပလုတ်ပလောင်း စားနေသော နယ်သာရီက ပုဖန်ကိုကြည့်၍ သူ့စကားများကို သေချာစူးစမ်းနေလေသည်။


"ဒီမှာကျန်နေတဲ့ အစပ်ချောင်းတွေက မနက်ဖြန် ရောင်းဖို့အတွက်ပဲ နင်မှတ်ထားရမှာက မနက်ဖြန် ဆိုင်ဖွင့်ပြီ ဆိုတာနဲ့ ဒီအစပ်ချောင်းကိုပဲ ရောင်းရမယ် တခြားဘာမှ မရောင်းနဲ့ နားလည်လား..."


နယ်သာရီက သူမပါးစပ်တွင်ကွက်နေသော ဆီများကို လျှာဖြင့် သပ်လိုက်ပြီးမှ တည်ကြည်လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ခွေးဘုရင်ကမူ ပုဖန် တစ်စက်မှ ဂရုမစိုက်ပဲ ကျေနပ်နေသော အမူအရာဖြင့် ဆက်လက်စားနေလေသည်။


ပုဖန် နယ်သာရီ၏ အလေးအနက် အမူအရာကိုကြည့်၍ ကျေနပ်သွားသည်။ယခုတော့ ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေထဲသို့ စိတ်အေးချမ်းသာစွာ သွားနိုင်ပေတော့မည်။


ပုဖန်က လက်ဝှေ့ယမ်း၍ စားပွဲပေါ်မှ ပန်းကန်လုံးကို သိမ်းယူလိုက်ပြီးနောက် နယ်သာရီနှင့် ခွေးဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အခန်းဆီသို့ ပြန်သွားလေသည်။


....


နောက်တစ်နေ့ မနက်ခင်းတွင် နေရောင်ခြည်က အခန်းထဲ ဖြာကျလာသောကြောင့်ပုဖန် ခန္ဓာကိုယ် အနည်းငယ်ပူလာသလို ခံစားလိုက်ရသည်။


သူ အိပ်ယာနိုးလာပြီးနောက် ဆေးကြောသန့်စင်လိုက်ပြီး မီးဖိုခန်းထဲသို့ ဆင်းလာခဲ့လိုက်သည်။ထို့နောက် မနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် မနက်စာစတင် ပြင်ဆင်လိုက်သည်။မကြာခင်မှာပင် မီးဖိုခန်းထဲမှ မွှေးရနံ့များထွက်ပေါ်လာပြီး နေရာအနှံ့ ပြန့်နှံ့သွားလေသည်။


ပုဖန်က မီးဖိုချောင်ထဲမှ ဟင်းပွဲများသယ်၍ ထွက်လာပြီး အစားသရဲ နှစ်ယောက်ရှေ့၌ ချပေးလိုက်သည်။သူတို့နှစ်ဟောက်သား ပြည့်အင့်သည်အထိ စားပြီးမှ ဆိုင်အတွက် လိုအပ်သည်များကို ညွှန်ကြားလိုက်သည်။


"လာ...လာဦး ဒါကို သေချာယူထား အခုကစပြီး နောက်ရက်အနည်းငယ်လောက်ထိ ဒီဆိုင်က နင့်ရဲ့ လက်အောက်မှာ ရှိနေမှာနော်...ဆိုင်ရဲ့ စီးပွာရေးကို ကောင်းကောင်းဂရုစိုက်ထား ကြားလား..."


နယ်သာရီက ပန်းကန်လုံးကြီးကို သေချာကိုင်ထားရင်း အလေးအနက် ခေါင်းထပ်ညိတ်ပြလိုက်သည်။နယ်သာရီ၏ အလေးအနက် ဖြစ်နေသော အမူအရာက တကယ်ကိုချစ်စရာကောင်းလှကြောင်း သူဝန်ခံရပေမည်။


ပုဖန်ပြောပြီးသည့်အချိန်မှာပင် မီးဖိုခန်းဆီမှ ဝဝတုတ်တုတ် ဝှိုက်တီထွက်လာလေသည်။ဝှိုက်တီက လျှို့ဝှက်နယ်မြေထဲသွားမည့် ခရီးစဉ်တွင် အစောင့်အဖြစ် လိုက်ပါမည်ဖြစ်ကြောင်း မေးစရာမလိုပေ။


နယ်သာရီကလည်း ဆိုင်ကို စောင့်ရှောက်မည်ဖြစ်ပြီး ဒီခွေးငပျင်းကတော့ လှုပ်ရမည်ကိုပင် ပျင်းရိနေလေသည်။


သူ့၏ နောက်သို့ ဝှိုက်တီနှင့် သူ့ပခုံးပေါ်မှ ပုစွန်ပိစိသာ လိုက်ပါလာလေသည်။မှန်ပေသည်။သူ့လက်ထဲ၌လည်း ရတနာရှစ်သွယ်ကြက်ကို ကိုင်ထားပေးသေးသည်။တကယ်တမ်းတွင် ထိုကြက်ကို လျှို့ဝှက်နယ်မြေထဲ ခေါ်သွားစရာမရှိဟုလည်း ခံစားမိပေသည်။


ဆိုင်တံခါး ပွင့်သွားသည်နှင့် စူးရှလှသော နေရောင်ခြည်များ ဖြာကျလာသောကြောင့် ပုဖန် မျက်နာကို လက်ဖြင့် ကာလိုက်မိသည်။သူ မလှမ်းမကမ်းတွင်ငြိမ်သက်စွာရပ်နေသော နယ်သာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် ဆေးအဆောက်အဦးဆီသို့ ဦးတည်သွားလိုက်တော့သည်။


ဒီနေ့အတွက် စုရပ်က ဆေးအဆောက်အဦးတွင်ဖြစ်သည်။သူ ပထမဦးဆုံးအနေဖြင့် ဆေးအဆောက်အဦးထဲ ဝင်ရမည့် အချိန်ဖြစ်သည်။မြူကောင်းကင်မြို့တွင် နေခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း ပထမဦးဆုံး ဝင်ရန် အခွင့်အရေး ရရှိခြင်းသာဖြစ်သည်။


ဆေးအဆောက်အဦးသည် ဆေးမြို့တော်၏ အထင်ကရ အဆောက်အဦးတစ်ခုဖြစ်သည်။အဆောက်အဦးထဲတွင် အဂ္ဂိရတ်ပညာရှင်များစွာ နေထိုင်ကြသည်။သူတို့က တိတ်ဆိတ်စွာကျင့်ကြံရင်း သူတို့၏ အဂ္ဂိရတ်ပညာစွမ်းရည်များကို တိုးတက်လာအောင် ပြုလုပ်ကြသည်။


ဆေးအဆောက်အဦးဆိုသည်မှာလည်း အဂ္ဂိရတ်ပညာရှင်များ၏ နှလုံးသားထဲက မြင့်မြတ်သော နေရာဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိမည်ကိုလည်း သူတို့ အလွန်အမင်း ကြောက်ရွံ့တက်ကြသည်။


ပုဖန် အဆောက်အဦးရှေ့သို့ ရောက်သည်နှင့် အရှေ့တွင် စောင့်နေသော ဒိုင်လူကြီးချုပ်က သူ့ကိုအထဲသို့ ခေါ်ဆောင်သွားလေသည်။ကျယ်လောင်သည့် တကျွီကျွီမြည်သံနှင့် ဆေးအဆောက်အဦး၏ ကြီးမားလှသော သံတံခါးကြီး ပွင့်လာပြီးနောက် တဖြေးဖြေးချင်း ပြန်လည် ပိတ်ဆို့သွားလေသည်။


တိတ်ဆိတ်လှသောလျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ လူတစ်စု ရောက်ရှိလာသည်။ထိုဖုံးကွယ်နေသော အခန်းငယ်လေးက အလွန်ပင် ကြီးမားပြီး လေထုထဲတွင်လည်း စွမ်းအင်များ သိပ်သည်းနေလေသည်။


ထိုအခန်းထဲတွင်လည်း လူအများကြီးရှိနေသည်။မဟာသခင်ရွှမ်မင်က ပုဖန်ကို မြင်လိုက်သည်နှင့် ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။မုပိုင်ကလည်း ညှင်သာသည့် အပြုံးတစ်ပွင့်နှင့်အတူ ထိုစားဖိုမှူးကို နှုတ်ဆတ်လိုက်သည်။


ကျန်းလင်ကမူ သူမ၏ အမူအရာက အေးစက်နေလေသည်။ပုဖန်၏ အနိုင်ယူခြင်းကို ခံရပြီးသည့်နောက် သူမကြည့်သော အကြည့်များကပင် ထူးဆန်းနေခဲ့၏။


"အားလုံးစုပြီဆိုမှတော့ လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲကို သွားမယ့် အစီအရင်ကို အသက်သွင်းသင့်ပြီ..."


မဟာသခင်ရွှမ်မင်က ပြောလိုက်သည်။


"လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေက အလွန် ကြီးပြီးတော့ အဲ့ဒီမှာမြောက်များလှစွာသော သက်ရှိတွေလည်း နေထိုင်တယ်...သူတို့ကြားထဲမှာမှ ဆေးနန်းတော်က ပါရမီရှင် အဂ္ဂိရတ်ပညာရှင်တွေလည်း ရှိနေတယ်...သူတို့က အဲ့ဒီမှာ သီးခြားလေ့ကျင့်ရေးကို လေ့ကျင့်နေကြတာ...ပြီးတော့ လျှ်ို့ဝှက်နဂါး ခုံရုံးက ပါရမီရှင်တပည့်တွေလည်း အဲ့ဒီမှာ လေ့ကျင့်နေကြတယ်...ဘာလို့လဲဆိုတော့ အဲ့ဒီထဲမှာ မြောက်များလှစွာတဲ့ အခွင့်အရေးတွေကို ရရှိနိုင်လို့ပဲ မင်းတို့လည်း ကိုက်ညီတဲ့တစ်ခုကို ရလာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်..."


"အဲ့ဒီကို ရောက်တာနဲ့ လမ်းပြပေးမယ့် လူတစ်ယောက်ရှိနေလိမ့်မယ်...ပြီးတော့သူကပဲ လျှ်ို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲက ဘယ်လို ပြန်ထွက်ရမယ်ဆိုတာကို ပြသလိမ့်မယ်..."


မဟာသခင်ရွှမ်မင်၏ ညွှန်ကြားချက်ဆုံးသည်နှင့် သူတို့အားလုံး ခေါင်းညိတ်ပြလိုက်သည်။ထိုအချိန်မှာပင် မဟာသခင်ရွှမ်မင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များစတင် ထွက်ပေါ်လာပြီး အခန်းထဲ၌ လှည့်ပတ်လာလေသည်။


မဟာသခင်ရွှမ်မင်၏ ခန္ဓာကိုယ်မှ မုန်တိုင်းတစ်ခု တိုက်ခတ်လာသလိုမျိုး သူ့၏အဝတ်အစားများပင် တဖျတ်ဖျတ် လွင့်ခါနေသည်။လျှို့ဝှက်ခန်းထဲ၌ အလင်းရောင်များတောက်ပလာပြီးနောက် အခန်းအလယ်၌ အစီအရင်တစ်ခု ပေါ်လာသည်။ထိုအစီအရင်အလယ်၌ သိပ်သည်းလှသော အလင်းတန်းများ ထွက်ပေါ်လာပြီး စက်ဝိုင်းအကြီးထဲတွင် စက်ဝိုင်းသေးသေးလေးများ ထပ်နေသလိုမ်ျိုး ပုံသဏ္ဍာန်ပေါ်လာလေသည်။


သာမန်လူတစ်ယောက်၏ မျက်စိဖြင့်ပင် ထိုအစီအရင်၏ လည်ပတ်နေပုံကို မြင်နိုင်ပေသည်။ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေက နန်ကုန်းမိသားစုပိုင်ဆိုင်သော တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထက် ကြီးမားပေသည်။ထို့ကြောင့် သူ့၏ ရွှေ့ပြောင်းအစီအရင်ကလည်း အလွန်ပင် ဆန်းကြယ်လှသည်။


ပုဖန်တို့ အစီအရင်သို့ လျှောက်ဝင်သွားသည်နှင့် အလင်းရောင်များက သူတို့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားလေသည်။သူတို့အားလုံး ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းများကို ခံစားမိလိုက်ပြီး ခဏချင်းမှာပင် မျက်စိရှေ့မှ အရာရာက ပြောင်းလဲသွားလေသည်။


သူတို့၏ စိတ်က မူးနှောက်ရီဝေနေသည်။သူတို့ ဆန်းကြယ်လှသည့် လေဟာနယ်တစ်ခွင် ဖြတ်သန်းလာခဲ့ရသလို ခံစားလိုက်ရသည်။


အစီအရင်မှ အလင်းရောင်များ ပြန်လည် ငြိမ်သက်သွားသည်နှင့် မဟာသခင်ရွှမ်မင်၏ အဝတ်များကလည်း ငြိမ်သက်သွားသည်။အခန်းငယ်အတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားလေသည်။


ဒိုင်လူကြီးချုပ်က သူ့လက်ထဲမှ သက်စောင့်ဆေးတစ်လုံးကို မဟာသခင်ဆီသို့ လှမ်းပေးလိုက်သည်။မဟာသခင်ရွှမ်မင်က ထိုဆေးလုံးကို တိုက်ရိုက်ပင်မြိုချလိုက်လေသည်။


"မဟာသခင်ရွှမ်မင်...လျှို့ဝှက်နယ်မြေကို ဒီလိုမျိုး အစောကြီး ဖွင့်လိုက်တာ အဆင်ပြေရဲ့လား...နန်းတော်သခင်ကို အကြောင်းကြားစရာမလိုတော့ဘူးလား..."


"ပြဿနာမရှိပါဘူး...လျှို့ဝှက်နယ်မြေက အန္တရာယ်တွေ အများကြီး ပြည့်နေတဲ့ နေရာလို့လည်း ပြောလို့တော့ မရပါဘူး...အဲ့ဒီမှာ ငါတို့ ဆေးအဆောက်အဦးက ပါရမီရှင်တွေလည်း ရှိနေတယ်လေ...ပြီးတော့ ကြယ်ဆေးအဆောက်အဦးက လေ့ကျင့်နေတဲ့ အဂ္ဂိရတ်ပညာရှင်တွေလည်း ရှိနေသေးတယ် အဲ့ဒီမှာ အန္တရာယ်မရှိပါဘူး...အန္တရာယ်တွေက အခွင့်ရေးကောင်းတွေ ရှိတဲ့ နေရာမှာပဲ ရှိနေမှာပါ...သူတို့ လျှို့ဝှက်နယ်မြေထဲက ထွက်လာတာနဲ့ ကြယ်ဆေးအဆောက်အဦးက သူတို့ကို လက်ခံလိမ့်မယ်...ဒါပေမယ့်လည်း အဲ့ဒီအတွက် ဒီအဘိုးကြီးက ခေါင်းကိုက်နေရသေးတယ်...ဒီတစ်ခေါက် ချန်ပီယံက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးဆိုတော့ ကြယ်ဆေးအဆောက်အဦးက အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်ဦးမလဲတော့ မသိဘူး..."


ဒိုင်လူကြီးချုပ်လည်း ထိုစကားကြောင့် တောင့်ခဲသွားလေသည်။သူ့နဖူးမှပင် ချွေးများသီးလာလေသည်။


ကောင်းပြီလေ ဘယ်သူက ဂရုစိုက်နေမှာလဲ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ကြယ်ဆေးအဆောက်အဦးက ပူပန်ရမယ့် အရာပဲ...


....


မြူကောင်းကင်မြို့အတွင်းရှိ မြင့်မားလှသော အဆောက်အဦး တစ်ခုအတွင်းတွင် ဟန်လီက ပြတင်းပေါက်တစ်ခုရှေ့တွင်ရပ်၍ ဆေးအဆောက်အဦးရှိရာဆီကို ကြည့်နေလေသည်။ဆေးအဆောက်အဦးပေါ်၌ သိပ်သည်းလှသော စွမ်းအင်များ ပြိုကွဲသွားသည်ကို မြင်လိုက်ပြီးနောက် သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။


"နောက်ဆုံးတော့ သူတို့ လှုပ်ရှားလာပြီပဲ..."


"အုပ်ချုပ်သူဟန် ဒီငယ်သားက စစ်ဆေးပြီးသွားပြီ ပုဖန်က နယ်သာရီကိုကော ခွေးဘုရင်ကိုကော လျှို့ဝှက်နယ်မြေထဲ ခေါ်မဆောင်သွားပါဘူး...ရုပ်သေးရုပ်တစ်ရုပ်တည်းသာ သူနှင့်အတူ လျှို့ဝှက်နယ်မြေထဲ လိုက်ပါသွားပါတယ်..."


ဟန်လီ၏ ဘေးတွင်ရှိနေသောအစောင့်က ထိုစကားပြောလိုက်သည်နှင့် ဟန်လီမျက်နာပေါ်ကအပြုံးက ပို၍ ကြီးမားပြန့်ကားလာလေသည်။


အဲ့ဒီရုပ်သေးပဲ ...သူ့ကို လူပုံအလယ်မှာ အဝတ်ချွတ်ပြီး အရှက်ရအောင်လုပ်ခဲ့တဲ့ ရုပ်သေးပဲ...ကြည့်ရတာတော့သူက တစ်ပြိုင်တည်းနဲ့ ပွဲအသစ်ရောမကျေပွဲရော နွှဲလို့ရသွားတာပေါ့...


"သွားကြစို့ ...မင်းရဲ့ လက်နက်ကို ယူပြီးငါ့နောက်လိုက်ခဲ့...ခွေးဘုရင် မရှိဘူးဆိုမှတော့ အဲ့ဒီပုဖန် ငါ့ကို ဘယ်လိုတားမလဲ သိချင်သေးတယ်...အခုတော့ ရှုရမျှော်စင်က ငါ့ဟာပဲ... ပြီးတော့ မှတ်ထားဦး...အဲ့ဒီရုပ်သေးရုပ်ရဲ့ သတ္တုအရေပြားတွေကို တစ်စစီ ချွတ်ပစ်ရမယ်...အဝတ်အစားတွေ ချွတ်ခံရတာ ဘယ်လို ခံစားရလဲဆိုတာကို အဲ့ဒီရုပ်သေးသိအောင်လုပ်ပေးရမယ်..."