အပိုင်း ၅၇၀
Viewers 61k

အခန်း ၅၇၀ 

တစ်ခုက မင်းအတွက် တစ်ခုက ငါ့အတွက် ကျန်သုံးခုက်ို ငါတို့ ရောင်းကြတာပေါ့...


 တိမ်ခိုးစားသောက်ဆိုင်၌...


နယ်သာရီက ကြွေအိုးကိုပွေ့ပိုက်ကာ

ဆိုင်ငယ်လေးအတွင်းမှ လမ်းလျှောက်လာနေသည်။ သူမပါးစပ်တစ်ခုလုံး အဆီပြန်သည်အထိ စားခဲ့သောကြောင့် သူမ၏လှပသောမျက်နှာလေးက အနီရောင်အဖြစ်သို့ ပြောင်းသွားလေသည်။ ထိုပုံစံက သူမ ဒေါသထွက်နေသကဲ့သို့ ထင်ရစေသည်။ 


 သိမြင်မှုသစ်သီးပင်အောက်တွင် လှဲနေသော ခွးဘုရင်က မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး လေချဉ်တက်လိုက်လေသည်။


“ ကောင်မလေး...ဒီ ခွေးဘုရင်ကိုနောက်တစ်ချောင်းပေးဦး... ”


နယ်သာရီ ခေတ္တမျှရပ်တန့်သွားပြီး သူမ၏သေးသွယ်သော လက်ချောင်းလေးများက အိုးထဲသို့ရောက်ရှိသွားသည်။ထို့နောက် နီရဲတောက်ပနေသော အစပ်ချောင်းက ခွေးဘုရင် ရှိရာအရပ်သို့ ပျံတက်သွားသည်။


ခွေးဘုရင် ဝါးစားလိုက်သည်နှင့် ကြွပ်ရွလှသောအသံနှင့်အတူ အနံ့များ သင်းပျံ့သွားကာ ထိုနေရာတစ်ခုလုံး ပြည့်နက်သွားသည်။ 


နယ်သာရီကသူမနှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည့်ပုံမှာ စိတ်ထက်အားထက်သန်မှုကို ပြသနေသည်။ သူမကြွေအိုးကိုပွေ့ပိုက်လာရင်း လျှောက်လှမ်းလာသည်။ထိုသို့ လျှောက်လာနေသည့်တစ်ချိန်လုံး အစပ်ချောင်းများကိုဆက်တိုက် စားနေလေသည်။ ထိုကြောင့် သူမ၏အနီရောင်နှုတ်ခမ်းလေးများသည် အစပ်ရှိန်ကြောင့် အလွန်တောက်ပလာပြီး နှင်းဆီပန်း လိုဖြစ်နေပေပြီ။ သူမထိုအစပ်ချောင်းက်ို အလွန်အမင်း နှစ်သက်နေပုံပေါ်သည်။


ရုတ်တရက်ဆိုသလိုပင် နယ်သာရီ လမ်းလျှောက်နေရာမှ အေးခဲသွားသကဲ့သို့ ရပ်တန့်သွားသည်။ သူမနောက်သို့ ချာကနဲလှည့်လိုက်ချိန်တွင် ရှည်လျားဖြောင့်စင်းနေသော အနက်ရောင်ဆံနွယ်များ ရေတံခွန်များ စီးဆင်းချိန်တွင် ယိမ်းထိုးကာ တသွင်သွင်စီးသကဲ့သို့ ဖြစ်နေသည်။ 


သူမ၏ အပြစ်ကင်းသောအကြည့်များက ခွေးဘုရင်ဆီ ကျရောက်သွားလေသည်။ 


“ခွေးဘုရင်...ပုဖန် မထွက်သွားခင် ဒီအစပ်ချောင်းတွေကို ရောင်းဖို့ ပြောခဲ့တယ်မဟုတ်လား...''

နယ်သာရီက အေးစက်စွာမေးလိုက်သည်။ 


ထိုအချိန်တွင် ခွေးဘုရင်က လေချဉ်တက်လိုက်သောကြောင့် ပူစပ်သော အနံ့ပြင်းများသည် လေထဲသို့ ပျံ့နှံ့သွားလေသည်။ 


'' ဟမ့်... ကောင်မလေး အခု သတိရသွားပြီလား... ကိစ္စမရှိပါဘူး နင်ကြိုက်သလောက်စားလို့ရတယ် နင်ကဘာကိုကြောက်နေတာလဲ...အဲ့ကောင်လေးက နင့်ကို အစပ်ချောင်းရောင်းပေးဖို့တောင်းဆိုရဲတယ်ဆိုမှတော့ .... တစ်ချောင်းမှ မရောင်းရမှာ ကိုလည်း သူ ကြိုပြင်ဆင်ထားသင့်တယ်..."


ခွေးဘုရင်က အစပ်ချောင်း အပိုင်းအစကို စားနေရင်း နယ်သာရီထံ မျက်လုံးပင့်၍ကြည့်လိုက်သည်။နယ်သာရီ၏ မျက်လုံးကလေးများသည် ဝိုင်းစက်သွားသည်။


"အဲ့လို ရလား..."


"နင်က ဘာကိုကြောက်နေပြန်တာလဲ ငါ့ကိုနောက်ထပ် အစပ်ချောင်းပေးစမ်းပါ အကယ်၍တခုခု ဖြစ်ခဲ့ရင် ငါတာဝန်ယူပါ့မယ်..."


ခွေးဘုရင်က ပါးစပ်တချက်သပ်ကာ သူ့ ၏ခြေဖဝါးဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။


 ထိုအနီးနားတွင်ထိုင်နေသော ရတနာရှစ်သွယ်ကြက်သည် ခွေးဘုရင်၏စကားများကို နားလည်ပုံပေါ်နေသည်။ သူသည် အထင်မြင်သေးသကဲ့သို့ ခေါင်းကို တသွင်သွင်ယမ်းနေသည်။ ထို့နောက်အသံကုန်ခြစ်ကာ အော်ဟစ်လိုက်သည်။


"ဟေ့ မင်းကကြက်ကလေးတစ်ကောင်ပဲ ခွေးဘုရင်ကိုဘယ်လိုသတ္တိနဲ့ လှောင်ပြောင်ဝံ့တာလဲ မင်းရဲ့အမွေးအားလုံးကို ငါနှုတ်ပစ်ပြီး မင်းကိုအမွေးမဲ့ ရှစ်သွယ်ကြက်အဖြစ်မလုပ်ခိုင်းမိစေနဲ့..."


 ခွေးဘုရင်သည် သူပြောပြီးသည်နဲ့ ရတနာရှယ်သွယ်ကြက်ကို ကြည့်လိုက်သည်။ 


ရှစ်လေး တခဏအတွင်း ကြောက်ရွံ့သွားသည်။ သူသည်အတောင်ပံများကို တဖျတ်ဖျတ်ခပ်နေရင်း သူ့၏ မျက်လုံးကလေးများမှာ ကြောက်စိတ်ဖြင့် ပြူးကျယ်လာသည်။ ထို့နောက်အလန့်အတကြား ပြေးထွက်သွားလေသည်။ 


“ခွေးဘုရင်... အကယ်၍ ပုဖန်ပြန်လာခဲ့ရင် သူငါတို့အတွက်အစားအစာ ထပ်လုပ်ပေးတော့မှာ မဟုတ်ဘူးမလား... နင်ရဲ့ နံရိုးချိုချဉ်၊ငါရဲ့ နဂါးသွေးထမင်းကြော် အဲ့တာတွေ အကုန် ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ ''


နယ်သာရီက သူမစကားဆုံးသည်နှင့် တုန်လှုပ်သွားသည်။ 


ခွေးဘုရင်လဲ ရပ်တန့်သွားကာ သူ့၏ မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။


 ထိုအရာက ဖြစ်နိုင်နေပေသည်။ အဘယ်ကြောင့်ဆိုသော် ပုဖန်ဆိုသော ကောင်လေးက ဒေါသထွက်လာလျှင်ထိုကဲ့သော အကြင်နာမဲ့သော လုပ်ရပ်မျိုးကို လုပ်နိုင်ပေသည်။ 


"ဟုတ်တယ်... ကောင်မလေး အိုးထဲမှာ အစပ်ချောင်း ဘယ်နှချောင်း ကျန်နေသေးလဲ ငါတို့အခု စလုပ်မယ်ဆိုရင် သူတို့ထဲက လူတချို့ကိုရောင်းနိုင်လိမ့်မယ် ငါတို့အမှန်တကယ်အလုပ်လုပ်ပေးတယ်ဆိုရင် သူကငါတို့အတွက်ချက်ပြုတ်ပေးဖို့ကို မငြင်းသင့်တော့ဘူး..."


ခွေးဘုရင်က ပါးစပ်ကို သပ်လိုက်ရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ 


နယ်သာရီက ကြွေရည်အိုးထဲက အစပ်ချောင်းများကို လှန်လိုက်ပြီး ခေါင်းမော့ကာ ခွေးဘုရင်ကိုကြည့်လိုက်သည်။


"အစပ်ချောင်းက ငါးခုပဲကျန်တော့တယ်..."


"အဲ့လောက်တောင် ကျန်နေသေးတာလား ...ဒါဆို နင့်အတွက် တစ်ခု ငါ့အတွက်တစ်ခုယူပြီးရင် ကျန်သုံးခုကို ငါတို့ရောင်းကြမယ်… ငါတို့က တကယ် သဘောထားကြီးတဲ့ သူတွေပဲ..."


ခွေးဘုရင်က အစပ်ချောင်း ငါးခုကျန်သေးသည်ကို ကြားလိုက်သည်နှင့် အံ့ဩသွားသည်။ ကောင်လေးပုဖန်က အစပ်ချောင်း ဘယ်လောက်လုပ်ခဲ့သလဲ... သူနှင့်နယ်သာရီ အစပ်ချောင်းများကို မရေမတွက်နိုင်အောင်စားထားသည်ကိုပင် အခုချိန်ထိ ငါးခုကျန်နေပေသေးသည်။ 


"ခွေးဘုရင် ပြောတဲ့ စကားက အဓိပ္ပာယ်ရှိတယ်'' 


နယ်သာရီက ခေါင်းကိုလေးနက်စွာ ငြိမ့်လိုက်သည်။ သူမ၏သေးသွယ်သော လက်ချောင်းကလေးများဖြင့် နောက်တစ်ကြိမ်အိုးဆီသို့ ရောက်ရှိသွားပီး ဆီဖြင့်ဖုံးအုပ်ထားသော အစပ်ချောင်းတစ်ခုကို ထုတ်လိုက်ပြီး ခွေးဘုရင်ကို ပေးလိုက်လေသည်။ 


သူမ ပါးစပ်ထဲသို့လဲ တစ်ချောင်း ထည့်လိုက်လေသည်။ သူမစားနေစဉ် အချိန်တွင်းမှာပင် ကျေနပ်စွာဖြင့်လက်ကို ဝှေ့ယမ်းနေပေသည်။ 


ထို့နောက် တံခါးကို ချက်ချင်းဆိုသလို ဖွင့်လိုက်သည်။ အပြင်ဘက်မှအလင်းရောင်သည် ဆိုင်အတွင်းသို့ ကျရောက်လာပြီး အပြင်ဘက်မှ တန်းစီနေသော လူများသည် စိတ်ရှုပ်စရာကောင်းအောင် ဝင်ရောက်လာကြသည်။ ကြေးတံခါးကို ဖွင့်လိုက်သည်နှင့် ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်နေပေသည်။ 


ထိုလူအုပ်၏ အရှေ့တွင် နန်းကုန်ဝမ်၏မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရှိနေလေသည်။ 


"ဟားဟား ပိုင်ရှင်ပု မင်းရဲ့ ဆိုင်ကို နောက်ဆုံးတော့ ဖွင့်လိုက်ပြီးပေါ့..." 


နန်ကုန်းဝူချယ်သည် ပျော်ရွှင်သော မျက်နှာထားဖြင့် အလောတကြီး လာလေသည်။ သို့သော် သူသည်အေးစက်လှသော မျက်နှာထားနှင့် နယ်သာရီကို မြင်လိုက်သောအခါ သူ ခေတ္တမျှ ရပ်တန့်သွားသည်။ 


"အစ်မကြီး နယ်သာရီ မင်္ဂလာနံနက်ခင်းပါ 

ဟင်... အစ်မကြီး နင့်နှုတ်ခမ်းကဘာလို့ ဒီလောက်တောင် နီနေတာလဲ''


နန်ကုန်းဝူချယ်က နယ်သာရီကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလိုက်သည်။


နယ်သာရီက သူ့ကိုအေးစက်စွာကြည့်လိုက်ပြီး ကြွေအိုးကိုစားပွဲပေါ်သို့ ကျယ်လောင်စွာတင်လိုက်သည်။


"ပုဖန် ဒီနေ့ ဒီမှာမရှိဘူး... ဒါပေမယ့် သူက ဒီနေ့တာဝန်ခံက ငါပဲလို့ပြောခဲ့တယ်... ငါတို့က ဒီမှာ စီးပွားရေး အတွက် အစပ်ချောင်းတွေရောင်းဖို့လိုသေးတယ်..."


 "ဂေ့...“


နယ်သာရီက သူမစကားပြောပြီးသည်နှင့် တပြိုင်နက် လေချဉ်တက်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်တွင် ငရုပ်သီးနံ့များဖြင့်ပြည့်နက်သွားလေ၏။ သို့သော်လည်း သူမ၏မျက်နှာတွင် ရှက်ရွံ့မှု တစက်မျှမရှိပဲ တည်ကြည်နေလေသည်။ 


“အစပ်ချောင်း...” 


နန်ကုန်းဝူချယ်၏မျက်နှာထားက ထူးဆန်းသွားသည်။သူ၏မျက်လုံးများတွင်စိတ်လှုပ်ရှားမှုအရိပ်အယောင်များရှိနေသည်။ 


ဗိုလ်လုပွဲမှာ ပုဖန်က အဲဒါ့ကိုပြင်ဆင်ခဲ့တာမဟုတ်ဘူးလား ထိုဟင်းပွဲက သူကြိုးစားရခဲ့တဲ့အရာပဲလေ...ဘယ်လောက်အဓိပ္ပါယ်ရှိလိုက်သလဲ…


"ငါ့ကိုလဲ အစပ်ချောင်း တစ်ခုပေးပါ....နတ်ဆိုးဖြူ ကျန်းလင် ရဲ့အမှတ်ခြောက်လုံးဆေးကို အနိုင်ယူနိုင်တာ... သာမန်ဟင်းပွဲ မဟုတ်တာသေချာတယ်..."


နန်ကုန်းဝူချယ်က ပြောလိုက်သည်။ နန်ကုန်းဝမ်နောက်ရှိ လူများစွာတို့သည် အလွန်စိတ်လှုပ်ရှားနေကြသည်။


"အစပ်ချောင်း..."


အကဲဖြတ်သူငါးရာ ဟင်းပွဲစင်မြင့်ပေါ်၌ ငြင်းခုန်နေသည့် မြင်ကွင်းက ထင်ရှားပေါ်လွင်နေပေသည်။ အသိစိတ်ရှိတဲ့သူကဘယ်သူမဆို ဒီလောက်အရသာရှိတဲ့ အစားအစာကို မည်သူကိုမျှ ပေး၍မြည်းစမ်းချင်မှာမဟုတ်ပေ။


 အန်းရှန့်က ဝင်ပေါက်တွင်မစောင့်နိုင်တော့ပဲ သူမ၏တင်ပါးကလေးကိုယိမ်းကာ နန်ကုန်းဝူချယ်ကို ဘေးသို့တွန်းပို့လိုက်သည်။


"ငါ့ကို အစပ်ချောင်း တစ်ခုပေးပါ ဘယ်လောက် ကုန်ကျမယ်ဆိုတာ အရေးမကြီးဘူး..."


 နန်ကုန်းဝမ်လဲ သူ၏ခေါင်းကိုထုတ်လိုက်ပြီး နယ်သာရီကို ပြုံးပြလိုက်သည်။


နယ်သာယီကသည် သုံးယောက်လုံးကိုလေးနက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက်သူမကပါးစပ်လေးကိုအသာအယာဖွင့်လိုက်ပြီး...


“ မင်းတို့ ကံကောင်းတယ်... ဒီတစ်ခါတော့ပုဖန်က မင်းတို့တစ်ယောက်ချင်းစီအတွက် အစပ်ချောင်း သုံးခုပြုလုပ်ပေးခဲ့တယ်...ကွက်တိပဲ... ဂေ့..."


အပြင်ရှိ လူအုပ်ကြီးများက အားလုံးကအံ့နေကြသည်။ အပြင်မှာခိုးနားထောင်နေကြတဲ့ ဖောက်သည်များလဲ အံ့အားသင့်သွားကြလေသည်။


"အဲ့နေရာမှာ အစပ်ချောင်းတွေ ရာနှင့်ချီပြီးရှိနေသင့်တာကို သူမ အစပ်ချောင်း သုံးခုပဲ ရှိတယ်လို့ ပြောချင်နေတာလား ... ပိုင်ရှင်ပုက ရူးနေလို့လား...သူခြေထောက်နဲ့ စဉ်းစားရင်တောင် ဒီနေ့မှာ စားသုံးသူ အများကြီးရှိနေမှာကို သူသိသင့်တယ်..."


နန်ကုန်ဝူချယ်၏ မျက်နှာကလည်း သံသယအပြည့် ဖြစ်နေသည်။ အကယ်၍ နယ်သာရီသာ လေချဉ်မတက်ခဲ့လျှင် သူအမှန်တကယ် ထိုမိန်းကလေးကို ယုံကြည်လိုက်မှာ ဖြစ်သည်။ သို့သော်လည်း သူမလေချဉ်တက်လိုက်ကတည်းက သူအရာအားလုံးကို ထုတ်ဖော်ပြောပြလိုက်သလိုပင်ဖြစ်နေပေပြီ။ 


" ဂေ့... "


ထိုအချိန်တွင်ရုတ်တရက် အဝေးမှ လေချဉ်တက်သံ တစ်သံထွက်ပေါ်လာလေသည်။ ထိုအသံနှင့်အတူ ငရုတ်နံများလဲ ပါဝင်နေပေ၏။ 


နန်ကုန်းဝူချယ်သည်အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခွေးဘုရင် ရဲ့အနေအထားကိုကြည့်ရင်းသူ့မျက်လုံးတွေပြူးကျယ်သွားလေသည်။ 


 "အဲဒါဖြစ်နိုင်ရဲ့လား... ထိုနှစ်ယောက်သည် အစပ်ချောင်းများကို မည်မျှတောင်စားခဲ့သလဲ.. တစ်စက္ကန့်အတွင်းမှာပင် သူ၏နှလုံးသားက ပိုင်ရှင်ပု အတွက်နာကျင်သွားလေသည်။


"ဒါဆို ငါပြောတာကို မင်းတို့မယုံဘူးလား

 မင်းတို့ဝယ်အုံးမှာလား..." နယ်သာရီကအေးစက်စွာပြောလိုက်သည်။ သူမ၏မျက်လုံးများသည် ချက်ချင်းပင်အနက်ရောင်ဖြစ်သွားပြီး ပြူးကျယ်လာသည်။ နန်ကုန်းဝူချယ်၏တစ်ကိုယ်လုံး အေးစက်ကာရပ်တန့်သွားသည်။ 


မိန်းကလေး နယ်သာရီရေ ငါတို့ကိုရုတ်တရက်ကြီး ယုံကြည်ခိုင်းတာမျိုးလုပ်မဲ့အစား 

ဘာလို့ ကိုယ့်ဘာသာကိုယ်ပဲ အရင် ယုံကြည်အောင်မလုပ်တာလဲ...


"ငါ မင်းကို ယုံပါတယ်... ငါနန်ကုန်းဝူချယ်က အစ်မကြီး နယ်သာရီကိုမှ မယုံကြည်ရင် ဘယ်သူ့ကို ယုံကြည်ရပါ့မလဲ... အစပ်ချောင်း သုံးခုရှိတယ်မလား သုံးခုလုံး ငါအကုန်ယူမယ်..."


နန်ကုန်းဝူချယ်က အပိုင်စီး၍ပြောလိုက်လေသည်။


"တစ်ယောက်ကို တစ်ခုစီပဲ... ငါ မျှမျှတတပဲ လုပ်ချင်တယ်...တစ်ခုကို သလင်းကျောက် ၁၅၀၀၀ "


 နယ်သာရီက ပြောလိုက်သည်။


မှော်ဆရာအန်းရှန့်က သူ့၏ ရင်ဘတ်မို့မောက်သွားသည့်အထိ အသက်ပြင်းပြင်းတစ်ချက်ကို ရှိုက်ရှူလိုက်ပြီး ခဏအကြာတွင် ပြန်လည်၍ရှူထုတ်လိုက်လေသည်။ 


ပုဖန်၏ အစပ်ချောင်း ဈေးနှုန်းမှာတစ်ခုကို သလင်းကျောက် သောင်းငါးထောင်ရှိပေသည်။ 


“ငါတို့က လူငယ်ရောလူကြီးပါမကျန် တန်းတူရရှိနိုင်အောင် ညီမျှတဲ့အခွင့်အရေးတွေကို ပေးထားတယ်..."


နယ်သာရီက ဆက်လက်၍ ပြောကြားလိုက်လေသည်။ 

 

"ဖူး..."


နန်ကုန်းဝူချယ်၏ သွေးအန်မတတ် ဖြစ်သွားသည်။


 အစ်မကြီးရေ... ငါတို့ကို မျက်စိမမြင်တဲ့ အကန်းတွေလို့ ထင်နေတာလား... မင်းအနောက်မှာရှိတဲ့ မီနူးဟာ ပုဖန်ရဲ့ ဈေးနှုန်းတွေ မလား... အစပ်ချောင်းတစ်ခုကို သလင်းကျောက်တစ်ထောင့်ငါးရာပဲ ကျသင့်ရမည်ဖြစ်သည်။


"ဒါဆို ငါပြောတာကိုမင်းတို့ မယုံဘူးပော့...မင်းတို့ ဝယ်ရော ဝယ်အုံးမှာလား " 


နယ်သာရီ၏မျက်လုံးများသည် ပြန်၍မည်းနက်လာပြန်သည်။


အဆုံး၌ နန်ကုန်းဝူချယ်နှင့်အခြားနှစ်ယောက်သည် အစပ်ချောင်း တစ်ခုတည်းကို ၀ယ်ရန် သလင်းကျောက် တစ်သောင်းငါးထောင်ကို သုံးစွဲခဲ့ရသည်။ သူတို့ကအစပ်ချောင်းကို တစ်ကိုက်လိုက်သည့်အခါတွင် နတ်ဆေးလုံးတစ်လုံးကိုဝါးနေသလိုခံစားရလိုက်ပြီး သူတို့၏ နှလုံးများတွေတုန်လှုပ်သွားသကဲ့သို့ ဖြစ်ပေသည်။ 


ဘလက်ကီသည် နားလည်မှုသစ်ပင်အောက်၌သူ၏မျက်လုံးများကို လှည့်လည်၍ကြည့်နေပေသည်။ ဒီမိန်းကလေးကို ပုဖန်ကဆိုးဆိုးဝါးဝါးကြီးပြင်းလာစေခဲ့ခြင်းဖြစ်နေပေသည်။ အစပိုင်းမှာသူမဟာသန့်ရှင်းစင်ကြယ်ပြီး နူးညံ့တဲ့ ငရဲကမ္ဘာ ကအမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုသူမ၏စိတ်ထားက အရမ်းဆိုးဝါးလာခဲ့လေပြီ။ 


သို့သော်လည်း ခွေးဘုရင်က အလွန်ကျေနပ်နေပေသည်။ 


.....


အလင်းရောင်တစ်ချက် တောက်ပလာလေသည်။ အသိမရှိသောစိတ်လှိုင်းများ ဖြတ်သွားပြီးနောက် ပုဖန်သည် ပို၍ ရှင်းလင်းပြတ်သားသောစိတ်ခံစားချက်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သောအခါ ရုတ်တရက်စူးရှသောတောက်ပသောအလင်းရောင်ကြောင့် ပြင်းထန်သောနာကျင်မှုကိုသူခံစားလိုက်ရသည်။


"မင်းအဆင်ပြေလား ...မင်းသက်သာနေပြီဆိုရင် ငါ့နောက်လိုက်ခဲ့..."


ပုဖန်သည်သူ၏မျက်လုံးများကိုဖွင့်လိုက်သောအခါသူ့ရှေ့မှရှုခင်းများကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသကဲ့သို့အေးစက်သောအသံကသူ့နားမှရုတ်တရက်ထွက်ပေါ်လာသည်။ သူ့ပတ်၀န်းကျင်ကိုကြည့်ရှုလိုက်ရာလေဟာပြင်ခန်းမတစ်ခုတွင် နဂါးများနှင့် ဖီးနစ်ငှက် ပန်းပုများရှိသည်ကိုသတိပြုမိသည်။ ၎င်းတို့ကိုခိုင်ခံ့လှသော ကျောက်သားဖြင့်အလွန်အသေးစိတ်ကျစွာထွင်းထုထားပေသည်။


 ကြမ်းပြင်ကို ဆေးသခင်၏ လျို့ဝှက်အခန်းနှင့် နဲ့တူသောမှော်အခင်းတစ်ခုနဲ့ ထွင်းထုထားသည်ကိုတွေ့လိုက်ရသည်။


"ဒါဘယ်နေရာလဲ..." ပုဖန်မေးလိုက်သည်။


 ထိုသူက ပုဖန်ကိုကြည့်လိုက်ပြီး 


"ပို့ဆောင်ရေးလုပ်ငန်းစဉ်က မင်းကို ရူးသွားစေတာလား...ဒါက ကောင်းကင်ဘုလျှို့ဝှက်နယ်မြေ တခြားဘယ်နေရာဖြစ်မယ်လို့ မင်းကထင်နေတာလဲ...."


ထိုသူသည်အဂ္ဂိရတ်ပညာရှင်ဝတ်စုကိုဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သို့သော် ပုဖန်ပုံမှန်မြင်ခဲ့သည့်အဂ္ဂိရတ်ဝတ်စုံ များနှင့် ကွာခြားချက်မှာဤလူ၏အ၀တ်များပေါ်တွင် တောက်ပသောတိမ်များနှင့် သူ့၏ရင်ဘက်တွင်ရွှေဖြင့်ပြုလုပ်ထားသော ကြယ်ပုံတံဆိပ်ပါရှိနေသည်။ 


"ပိုင်ရှင်ပု ဒီလူက ကြယ်ဆေးမျှော်စင်က လူကြီးမင်းဖြစ်မယ်ထင်တယ်.."


မုပိုင်သည် ညင်ညင်သာသာပြုံးကာ ထိုလူငယ်ကို ခေါင်းငြိမ့်ပြလိုက်လေသည်။ 


"မင်းကဘာကို ပြုံးပြနေတာလဲ၊ စကားတွေအများကြီးပြောနေတာကို ရပ်ပြီးမြန်မြန်သွားပါ...မင်းတို့ ငါ့ကိုသခင် ဟွမ်ဖူဟဲရဲ့အမွေစကားလက်လွတ်သွားစေခဲ့ရင်... ဒီလူက မင်းတို့အရမ်းအဆင်ပြေအောင် ကြီးကြပ်ပေးရလိမ့်မယ် " 


လူငယ်သည် မုပိုင် ၏နှုတ်ဆက်မှုကိုပင် လျစ်လျူရှုပြီးသူတို့သုံးဦးကိုအေးစက်စွာကြည့်လိုက်လေသည်။ 


"ဟွမ်ဖူဟဲ...အဲဒါကဖြစ်နိုင်လို့လား ... အဲ့ဒါအရင်ဆေးဘုရင် သခင် ဟွမ်ဖူဟဲ တကယ်ဖြစ်နိုင်လား..." 


မုပိုင်သည်ခဏမျှအေးခဲသွားပြီး အထိတ်တလန့်ဖြစ်သွားသည်။


"အိုး...မင်းက သခင်ဟွမ်ကိုတကယ်သိတာလား " 


လူငယ်လည်းအံ့သြသွားလေသည်။


“ ဆေးဘုရင် အရှင်သခင် အကြောင်းကိုငါကြားဖူးတယ်…” မုပိုင်ကပြုံး၍ ပြောလိုက်သည်။


ဒီလူက ဆေးဘုရင်နဲ့တကယ် အဆက်အသွယ်ရှိတယ် ပဉ္စလက်ပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်သုံးနေရာကဖြစ်တဲ့အတွက် သာမန်မဟုတ်တာ သေချာတယ်...


ထိုလူငယ်က သူ့၏စိတ်ထဲ၌တွေးနေရင်း သူ့၏မျက်နှာအမူအရာက ပို၍နူးညံလာသည်။


"အိုး ဂျူနီယာက သခင်ဟွမ် အကြောင်းအရင်ထဲက ကြားဖူးခဲ့တာပဲ... အဲ့တာဆို အတူတူသွားကြတာပေါ့ ဒါက ကံကြမ္မာကပေးတဲ့ အခွင့်အရေးတစ်ခုပဲ..."


ထိုလူငယ်က ပြောလိုက်သည်။


"ဒါဆို လမ်းပြဖို့အတွက် စီနီယာကိုပဲ ဒုက္ခပေးရတော့မယ်..." 


မုပိုင်က တလေးတစားပြောလိုက်လေသည်။ လူငယ်မှာနွေးထွေးပြီး ကြည်လင်သန့်စင်နေပေသည်။


မာန်မာနကြီးသည့် လူငယ်နှင့် တောက်လျှောက်နေပြောနေခဲ့သော မုပိုင်ကိုကြည့်ရင် ပုဖန်အံ့ဩသင့်နေမိသည်။ 


"မင်းတို့နှစ်ယောက်လည်း အတူတူလိုက်သင့်တယ်” 


လူငယ်ကစိတ်မရှည်သောမျက်နှာဖြင့်ပုဖန်နှင် ကျန်းလင် ကိုကြည့်လိုက်သည်။ 


 ပုဖန်က ဝှိုက်တီ၏ပြည့်ဖြိုးလှသော ဗိုက်ကိုပွတ်၍ လူငယ်အား လျစ်လျူရှုလိုက်သည်။ 


ထိုကြောင့် လူငယ်နှာခောင်းရှုံ့ကာ တဖက်ကိုလှည့်ကာ ထွက်သွားလေသည်။


 ကျန်းလင် သည်လူငယ်ကိုအေးစက်စွာကြည့်လိုက်ပြီးမဲ့လိုက်သည်။ ထို့နောက်အေးစက်သော ရယ်မောသံနှင့်အတူသူမလည်းထွက်သွားလေသည်။


"ပိုင်ရှင်ပု...ကျန်းလင်... ငါတို့နဲ့မလိုက်ဘူးလား သခင်ဟွမ်ရဲ့ စကားကိုနားထောင်ရဖို့က ငါတို့အတွက် အလွန်ခက်ခဲတယ် မဟုတ်ဘူးလား” 


မုပိုင်ကအလျင်အမြန်ပြောလိုက်သည်။ 


ပုဖန် နှုတ်ခမ်းကိုသာကွေးလိုက်ပြီးသူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။


ကျန်းလင်ကလဝ မုပိုင်ကိုစိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။ 


ထိုသို့ဖြင့် သုံးဦး တစ်နေရာစီ လမ်းခွဲလိုက်ကြသည်။


 ကျန်းလင်ကရပ်တန့်မနေပဲ ဦးတည်ချက်အတိုင်း လျှောက်လှမ်းနေပေသည်။ 


သို့သော်လည်း ပုဖန်ကမူရည်ရွယ်ချက်မဲ့စွာ လျှောက်သွားနေသည်။ သူလျှို့ဝှက်နယ်မြေကို ရောက်နေခြင်းမှာ အစစ်အမှန်နဂါးသစ်သီးကို ကိုရှာရန်သာဖြစ်သည်။ နယ်သာရီ အစပ်ချောင်းများကို သူ့အစား တိ ရောင်းချပေးနေသောကြောင့် ပုဖန် ပူပန်နေစရာမလိုပဲ အတော်ပင် သက်တောင့် သက်သာဖြစ်နေသည်။ 


"ဟမ့် အခုလူ အသစ်တွေက တော်တော်လေးကိုရိုင်းစိုင်းကြတယ်... လမ်းညွှန်မပါဘဲကောင်းကင်လျှို့ဝှက်နယ်မြေမှာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သူတို့မကြာခင် သိလာလိမ့်မယ်...အိုး...ဟုတ်သား မင်းက ဒီတစ်ကြိမ် ပြိုင်ပွဲရဲ့ ချန်ပီယံလား... စီနီယာ ဝူကျန်းက မင်းကိုတွေ့ဖို့ဆန္ဒရှိနေတယ်..."


လူငယ်က ပုဖန်နှင့်ကျန်းလင်တို့၏ပျောက်ကွယ်သွားသောအရိပ်များကိုမကြည့်တော့ဘဲ မုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။


မုပိုင် အေးခဲသွားသည်။ ထိုခဏအတွင်းမှာပင် သူ၏ပါးပြင်များ နာကျင်လာသလိုခံစားလိုက်ရသည်။