အပိုင်း ၅၇၁
Viewers 62k

အခန်း ၅၇၁

ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ...


 ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေသည် ဆေးမြ်ို့တော်အတွင်းရှိ အကြီးဆုံး လျှို့ဝှက်နယ်မြေဖြစ်သည်။ နယ်မြေအတွင်း၌ အခွင့်အလမ်းများစွာနှင့် ရှေးကျလှသော ရှေးဟောင်းအမွေအနှစ်များစွာရှိနေပေသည်။


မှန်ပေသည်။အခွင့်အလမ်းများ၊အန္တရာယ်များ ဖြင့် ပြည့်နက်နေသော လျှို့ဝှက်နယ်မြေတိုင်းကို ပျက်ဆီးနေသော ကမ္ဘာငယ်တစ်ခုအဖြစ် မြင်နိုင်ပေသည်။ ထိုကဲ့သို့ အာကာသအတွင်း ပျက်ဆီး လွင့်မြောနေသည်ဟု ယူဆရသော ကမ္ဘာငယ်များကို ပုန်းကွယ်နဂါးတိုက်ကြီးမှ ကျွမ်းကျင်သူတစ်ချို့က အစွမ်းထက်သော နည်းလမ်းများဖြင့် စုစည်းခဲ့ကြသည်။ 


ထို့ကြောင့်လျှို့ဝှက်နယ်မြေများက ပုန်းကွယ်နဂါးတိုက်ကြီး၏ မရေမတွက်နိုင်သော ရတနာသိုက်များအဖြစ် အနီးအနားတွင် ပြောင်းလဲဖြစ်ပေါ်လာပေသည်။ တိတိကျကျပြောရလျှင် လျှို့ဝှက်နယ်မြေများက အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာခြင်းဖြစ်ပေသည်။ နယ်မြေများတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော အမွေအနှစ်များရှိသည်။ ထိုနယ်မြေများ၌ပင်သင်္ဂြိုဟ်ရန် ရွေးချယ်ခဲ့ကြသော ကျွမ်းကျင်သူအချို့လည်းရှိခဲ့ပြီး ထိုသူတို့က အမွေအနှစ်တချို့ကိုလဲ ချန်ထားခဲ့ကြသည်။ 


ထို့ကြောင့်ပင်လျှို့ဝှက်နယ်မြေများကို ရှာဖွေခြင်းသည် ပုန်းကွယ်နဂါးတိုက်ကြီးအား အင်အားကြီးမားလာစေသော အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။ နောက်ဆုံးတွင် လျှို့ဝှက်နယ်မြေရှာဖွေသူများထဲမှ ကျွမ်းကျင်သူကိုအချို့ကို ရှေးဟောင်းအမွေနှစ်များဆီမှ ဖြတ်ကျော်စေပြီး ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေသို့ရောက်ရှိစေခဲ့သည်။


ယခင်က ကောင်းကင်ဆေးမြို့တော်၏ ဆေးဘုရင်ဟွမ်ဖူဟဲကဲ့သို့ပင် ဖြစ်သည်။ ဤကောင်းကင်ဘုံလျှို့ဝှက်နယ်မြေတွင် သူ့ကိုယ်သူမြုပ်နှံဖို့ ရွေးချယ်ဆုံးဖြတ်ထားလေသည်။ သူသည် အမွေအနှစ်များနှင့်ပတ်သတ်ပြီး ဗဟုသုတရရှိစေရန်အတွက် နန်းတော်တစ်ခုက်ိုဖွင့်လှစ်ခဲ့ပြီး ထိုအမွေအနစ်များအကြောင်း အမွေစကားများ ပြောခဲ့သည်။


ကောင်းကင်ဆေးမြို့တော်မှ မရေမတွက်နိုင်လှသော ကျွမ်းကျင်ပညာရှင်များက ဆေးဘုရင်ဟွမ်ဖုဟဲ၏ အမွေစကားများကို နားထောင်လိုသောကြောင့် ကောင်းကင်ဘုံဆေးမြို့တော်သို့ ခြေချချင်သူများပြားလှသည်။


 ဆေးဘုရင်ဟွမ်ဖုဟဲက အဂ္ဂိရတ်ပညာတစ်ခုတည်းကို ပြောကြားခြင်းမျိုးမဟုတ်ပေ။ သူကမီးတောက်များကို ထိန်းချုပ်ရမည့်နည်းကိုပါ မျှဝေပေးသည်။ အဘယ့်ကြောင့်ဆိုသော် ဆေးဘုရင်ဟွမ်ဖုဟဲ၏ အဂ္ဂိရတ်မီးတောက်သည် အလွန်အဆင့်မြင့်လှသော ကောင်းကင်နှင့်ကမ္ဘာမြေ မီးတောက်ဖြစ်သည်။ထိုမီးတောက်က ကောင်းကင်ပေါ်တွင် ထောင်ပေါင်းများစွာသော မီးတောက်များအဖြစ်ပြောင်းလဲနိုင်သောကြောင့်အဂ္ဂိရတ်ပညာရှင်များအမြောက်အများ ကို ဆွဲဆောင်နိုင်သည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်နေပေသည်။ 


ပုဖန်က ဆေးဘုရင်၏အမွေးစကားကို စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်ပုဖန်က အဂ္ဂိရတ်ပညာရှင် မဟုတ်ချေ။


သူကကမ္ဘာတစ်ဝန်း လုံးတွင်ထိပ်တန်း ဟင်းချက်နတ်ဘုရားအဖြစ် ရပ်တည်လိုခြင်းဖြစ်သည်။ ထိုအမွေစကားက အစစ်အမှန်နဂါးသစ်သီးကိုရှာဖွေမည့် စိတ်လှုပ်ရှားမှုကိုတောင် မထိုးဖောက်နိုင်ပေ။


 ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေက ကြီးမားကျယ်ပြန့်ပြီး အခြားသောလျှို့ဝှက်နယ်မြေများနှင်မတူပဲ ကွာပြားခြားနားပေသည်။ ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေအတွင်း နယ်မြေမြောက်မြားစွာ ရှိနေပုံပေါ်ပြီး ပြာလဲ့နေသောကောင်းကင်နှင့်အတူ နွေးထွေးသော နေရောင်ခြည်က ပြီးပြည့်စုံစွာ တည်ရှိနေလေသည်။


အကြည့်တစ်ချက်ရောက်သွားသည့် နေရာတိုင်းတွင်ကြီးမားသောသစ်ပင်ကြီးများက တောင်တန်းများပေါ်တွင် အစီအရီတည်ရှိနေသည်ကိုမြင်ရသည်။ ထိုမြင်ကွင်းက မဖော်ပြနိုင်သော စိတ်ခံစားချက်အချို့ကိုပင်ပေးစွမ်းနေပေသည်။ ဝှိုက်တီက တောက်ပရွှန်းလဲ့သော မျက်လုံးကလေးများဖြင့် ပုဖန်၏ဘေး၌ ရပ်လိုက်သည်။ ဝှိုက်တီ၏ ခေါင်းပေါ်တွင် လှဲလျောင်းလိုက်ပါလာသော ပုစွန်ပိစိက ပါးစပ်မှ ပူဖောင်းများမှုတ်ထုတ်နေလေသည်။ 


"ငါတို့ဒီကိုလာရတဲ့ အကြောင်းရင်းက အစစ်အမှန်နဂါးသစ်သီးကိုရှာဖွေဖို့ပဲ တောင်တန်းအမြောက်အမြားရှိတဲ့ တောအုပ်တွေက ဖုံးကွယ်ထားသလိုဖြစ်နေလိမ့်မယ်..."


ရှေ့သို့ဆက်မလျှောက်ခင် ပုဖန်က ဝှိုက်တီ၏ ပြည့်ဖြိုးလှသော ဗိုက်ကိုရိုက်၍ပြောလိုက်သည်။ တခဏအတွင်းမှာပင် လူတစ်ယောက်နှင့် ရုပ်သေးရုပ်တစ်ရုပ်က တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ 


....


ကျန်းလင်၏ခန္ဓာကိုယ်မှ အလွန်ကြောက်စရာကောင်းသောစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး မျှားတစ်စင်းကဲ့သို့ပျံသန်းသွားသည်။ ကျန်းလင်က တောအုပ်အတွင်းထဲသို့ ပုံရိပ်ပင်မဖမ်းနိုင်လောက်သော အမြန်နှုန်းနှင့်ဖြတ်သန်းသွားလေသည်။ ဆံနွယ်ဖြူများ ပြန့်ကျဲသွားပြီ မျက်လုံးထဲမှ ဒေါသတကြီးအမူအရာက ဦးတည်ရာဆီသို့သာ ကြည့်နေ၏။


"လွန်ခဲ့တဲ့နှစ်က ဆရာက ကာင်းကင်ဘုံလျှို့ဝှက်နယ်မြေကနေ လျှို့ဝှက်ချက်တစ်ခုအတွက်ထုတ်ပယ်ခံခဲ့ရတယ်... 

ငါကဒီလျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး ဆရာရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်

အမွေအနှစ်တွေကို ရအောင်လုယူရမယ်...''


အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး နောက် ကျန်းလင်၏ မျက်နှာက အနီရောင်ပြောင်းသွားသည်။ 


........


ရွှတ်~ 


သစ်ရွက်အပိုင်းအစများက လွှင့်မြောသွားပြီးနောက်တွင် ပုံသဏ္ဌာန်တစ်ခုပေါ်လာသည်။ တစ်ချိန်ထဲမှာပင် အလင်းစီးကြောင်းက မှော်အခင်းကျင်းမှတဆင့် ကောင်းကင်သို့ထိုးဖောက်ပြီး အလင်းများပြန့်ကျဲလာနေသည့်ကြားထဲတွင် ဟန်လီ၏ရုပ်အသွင်ပေါ်လာလေသည်။ 


"ကောင်းကင်လျှို့ဝှက်နယ်မြေ...

ဒီနယ်မြေမှာထဲမှာ ကြောက်စရာကောင်းတဲ့ ခွေးက ဟိုစားဖိုမှူးကို ကူညီနိုင်မှာ မဟုတ်ဘူးမလား...အားလုံး သတိနဲ့နေကြ ငါတို့အခုလာတာက အဲ့ဒီ့ကောင်စုတ်လေးကိုဖမ်းဖို့ပဲ..."


ဟန်လီက အေးစက်စွာပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဟန်လီနောက်မှ စစ်သည်တော်များသည် လက်နက်များကို ကိုင်ဆောင်ပြီး ချီတက်လာကြလေသည်။ 


စုရုံးမှုပြီးဆုံးပြီးနောက်ဟန်လီသည်ကြီးမားသောခြေလှမ်းများဖြင့်ကောင်းကင်နယ်မြေ၏အလယ်ဗဟိုသို့ ဦး တည်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် သူ့၏လက်ကိုလှန်လိုက်သည်နှင့် ကျောက်စိမ်းနဂါးရုပ်ပေါ်ထွက်လာသည်။ ထိုကျောက်စိမ်းနဂါးရုပ်ကိုချိုးဖြတ်လိုက်သည့်အချိန်တွင် ခွေးဖြူတစ်ကောင်ပေါ်ထွက်လာသည်။


ထို ခွေးဖြူက ပေါ်ထွက်လာသည်နှင့် မြေပြင်ပေါ်လှိမ့်နေလေ၏။ 


ဟန်လီ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတတ်သွားသည်။ထို့နောက် ခွေးဖြူ၏ခေါင်းကိုပွတ်သပ်ရင်း အနက်ရောင်ဆေးလုံး က်ိုပေးလိုက်သည်။ 


“မင်းသခင်ရှာဖွေနေတဲ့ ပစ်မှတ်ကိုသွားရှာတော့..." 


ဟန်လီကခွေး၏ နားရွက်နားကပ်၍ ဖြေးညှင်းစွာပြောလိုက်သည်။


 ပြောပြီးသည်နှင့်တပြိုင်နက် ထိုခွေးဖြူ၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို တောက်ပလာပြီး ခန္ဓာကိုယ်မှအမွှေးဖြူများသည် အနီရောင်သို့ပြောင်းလဲသွားသည်။ သူ့၏ ခြေသည်းရှည်များဖြင့် မြေကြီးကိုကုတ်ယက်ကာ လေကဲ့သို့ အပြေးထွက်သွားလေသည်။


"အားလုံး ခွေးရဲ့ နောက်ကိုလိုက်သွားကြ..."


ဟန်လီအော်ဟစ်လိုက်ပြီးအနောက်မှ လျင်မြန်စွာ လိုက်လေသည်။


 အနီရောင်အဖြစ်ပြောင်းလဲသွားသောခွေးက သူ့၏လျှာကိုထုတ်ကာ လျင်မြန်စွာသွားနေလေသည်။ လျှာမှတံတွေးများကလဲ နေရာအနှံသို့ ပျံ့နှံ့သွားသည်။ 


ထိုခွေးက ပုဖန်ဝင်ရောက်ပျောက်ကွယ်သွားရာ လမ်းကြောင်းဆီသို့ဦးတည်သွားနေသည်။


.....


ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေအတွင်းရှိတောင်တန်းတစ်ခုတွင် လေပြင်းတစ်ချက်ရုတ်တရက်ရိုက်ခတ်လိုက်သောကြောင့် အက်ကွဲသံတချို့ပေါ်ထွက်လာသည်။


 ကောင်းကင်တွင် အက်ကွဲစများပြည့်လျှံနေသလ်ိုဖြစ်နေပြီး ထိုကြားထဲမှ ပုံရိပ်နှစ်ခု ဝိုးတဝါးပေါ်ထွက်လာလေသည်။ ဤပုံရိပ်နှစ်ခုက သွေးကဲ့သို့အနီရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ဆံနွယ်များမှာလဲ ရဲရဲနီနေပေသည်။ 


ထိုပုံရိပ် နှစ်ခုမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အမျိုးသမီး၏ အသွင်အပြင်လှုပ်ရှားမှုများက သာမန်မျှမဟုတ်ပဲ ထူးခြားတင့်တယ်နေပေသည်။ သေးသွယ်သောခြေတံလေးများက ဖြောင့်စင်းပြီး ကြည်လင်တောက်ပသောကြောင့် သူမ၏ ခြေထောက်များကို တလဲ့လဲ့တောက်ပနေသော ကျောက်စိမ်းဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ထင်ရပြီးစွဲဆောင်မှုရှိလှပေသည်။


ဤအမျိုးသမီးက ရှုရအရှင်သခင်၏ ခေါ်ဆောင်သွားခြင်းခံရသော မြင်မြတ်သောအပျိုစင် ဖြစ်ပေသည်။ သူမ၏နံဘေး၌အနီရောင်ဆံပင်တိုနှင့်ချောမောလှသော လူငယ်တစ်ယောက်ရှိနေပေသည်။ ထိုသူ၏ခန္ဓာကိုယ်မှာအချိုးအစားပြေပြစ် ကောင်းမွန်လှသည်။ အသားရည်မှာလဲ ကြေးဝါရောင်ဖြစ်နေပြီး ကျောတွင် အနီရောင်မှိန်းတစ်ခုကိုတွေ့လိုက်ရသည်။မှိန်း၏ထိပ်ချွန်မှာ သမင်၏ ဦးခေါင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချွန်မြေ့ တောက်ပနေလေသည်။ 


"မြင်မြတ်အပျိုစင်... ယခင်ကကျရှုံးခဲ့ရခြင်းကအရှင့်အပြစ်မဟုတ်ပါဘူး... ရှုရအရှင်သခင်ရဲ့ကိုယ်ပွားက ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်ပြိုင်ဘက်ရဲ့စွမ်းရည်ကို သင်ကိုင်တွယ်ခဲ့တာမှ မဟုတ်ပဲ...ကိုယ့်ကိုကိုယ် အပြစ်တင်စရာမလိုပါဘူး.." 


ထိုလူကညင်သာစွာပြောလိုက်သည်။

သူမက မြူကောင်းကင်မြို့တော်တွင် ဖြစ်ပျက်ခဲ့သောအရာများကိုတွေးတောနေရင်း ရည်လျားကော့ညွတ်သော မျက်တောင်ကလေးများကတုန်ရီလာလေသည်။ သူမ မထိန်းချုပ်လိုက်နိုင်ပဲ နှလုံးသားမှ အေးစက်မှုကိုခံစားလိုက်ရသည်။ထိုခွေးက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက သခင်ရှုရ၏ ကိုယ်ပွားကိုကိုက်ဖြတ်နိုင်ခဲ့သည်။ရှုရမျှော်စင်ကို မူလအတိုင်း သူမလက်ထဲ ပြန်ရောက်ရှိအောင် မည်သို့ လုပ်ရမည်နည်း။ 


"လျှို့လီ မင်းငါ့ကို နှစ်သိမ့်နေတယ်ဆိုတာ ငါသိတယ်... 

မင်းအဲဒီလိုလုပ်ဖို့မလိုပါဘူး.. ရှုံးနိမ့်ခြင်းပဲဆိုတာကိုငါ၀န်ခံပါတယ်..." 


ရှရမိန်းမပျိုက တည်ကြည်စွာပြောလိုက်သည်။


ထို့နောက် လူငယ်ကပြုံးလျှက် နောက်သို့လှည့်ကာ တောင်များထူထပ်နေသော ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေကိုလှည့်ကြည့်လိုက်သည်။ ပြုံးလျှက်ပင်

 

"အရှင်မ ငါတို့အရင်တုန်းကမအောင်မြင်ခဲ့ကြဘူး ဒါကြောင့် ကြီးမြတ်သောဓားအာဏာရှင် ရဲ့အမွေကိုရယူပြီး ငါတို့ ကိုယ့်ကိုကိုယ် ပြန်အဖတ်ဆယ်ရအောင် ...

ရှုရအရှင်သခင်က ငါတို့ကို အပြတ်ရှင်းခဲ့ဖို့အတွက် အထူးမှာကြားခဲ့တာပဲ...


ရှရမိန်းမပျို ၏ စိတ်ထဲတင်းကြပ်သွားသည်။


 ရှေးဟောင်းပညာရှင်တစ်ယောက်ရဲ့အမွေအနှစ်လား... 


ဓားအာဏာရှင်၏အမွေသည်အမှန်တကယ်ပင် ရ်ိုးရိုးသာမန် မဟုတ်ပေ။ကြီးမြတ်သောဓားအာဏာရှင်ပိုင်သည့် နတ်ဘုရားသတ်ဓားသည်အမွေအနှစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သူကြားဖူးသည်....


"မှန်တယ်..ငါတို့ဒီအမွေကိုရခဲ့ရင်....

အဲဒီအချိန်ရောက်ရင် ငါတို့ရှုရမျှော်စင်ကိုယူဖို့ ပြန်မသွားခင် ကောင်းကင်ဆေးမြို့တော်ကို ဖျက်ဆီးပစ်ခဲ့မယ်... 


လျှိုလီ ၏နှုတ်ခမ်းထောင့်စွန်းမျာက အပေါ်သို့ကွေးသွားသည်အထိ ပြုံးလိုက်သည်။ ထိုအပြုံးကစိတ်လှုပ်ရှားမှုက်ို အထင်းသားဖော်ပြနေပေသည်။


ရှူရမိန်းမပျိုက သူ့ကိုအေးစက်စွာကြည့်ရင်း ပေါ့ပျက်စွာပြုံးလိုက်သည်။


တကယ်တမ်းတွင် အမွေအနှစ်များကိုအရယူ ပြီးနောက်တွင်ပင် ခွေးနက်ကိုသတ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်မှုမရှိခဲ့ချေ။


ထိုခွေးသည် နားလည်ရခက်လောက်အောင် ကြောက်စရာကောင်းပေသည်။ 


.....


ဝေါင်း~


ဝိညာဉ်သားရဲ၏ဒေါသတကြီးအော်ဟစ်သံသည်ပဲ့တင်ထပ်နေသည်။ ရုတ်ချည်းဆိုသလိုတောအုပ်အတွင်း၌ အံ့သြဖွယ်ကောင်းလောက်အောင် ငှက်များက အစုလိုက်အပြုံလိုက် ထွက်ပြေးပျံသန်းသွားကြသည်။

ထို့နောက်တွင် ထူထပ်သောတောအုပ်အတွင်း၌ကြီးမားသော အနက်ရောင်ဒယ်အိုး တစ်ခု ရုတ်တရက်ပေါ်လာပြီး ရိုက်ခတ်သံတစ်ခုနှင့်အတူမြေတစ်ပြင်လုံး တုန်ခါသွားလေသည်။


ပုဖန်ကသူ၏လက်ချောင်းများဖြင့် မဟူရာလိပ်ခုံးဒယ်အိုးကို ဖမ်းဆုပ်လိုက်သည်နှင့် သေးငယ်သည့် ပုံမှန်အရွယ်အစားသို့ချက်ချင်းပြောင်းလဲသွားလေ၏။ 


အဝေးတနေရာရှိ မြေကြီးပေါ်တွင် မီးခိုးရောင်ဝံပုလွေကြီးက ၎င်း၏နောက်ဆုံးထွက်သက်အထိတိုက်ခိုက်မည့်ပုံပေါ်နေသည်။ 


ထိုဝံပုလွေက မသေမျိုးခန္ဓာ အဆင့်နှစ် ဝိညာဉ်သားရဲဖြစ်ပေသည်။ သနားစရာကောင်းသည်မှာ ပုဖန်၏မဟူရာ လိပ်ခုံးဒယ်အိုး၏ ရှေ့၌ အညှာအတာမဲ့စွာအရိုက်ခံလိုက်ရသည်။


အဆင့်တဆင့်သာ ချိုးဖြတ်ထားရသေးသော ပုဖန်က အနက်ရောင်ဒယ်အိုးကိုအသုံးပြုပြီး ခြေချောင်းသုံးချောင်းပျက်ဆီးပြီးသူ့၏ရှေ့တွင် မရပ်နိုင်အောင် ပြုလုပ်ခဲ့သည်။


လမ်းတစ်လျှောက်တွင်လဲ ပုဖန်က နတ်ဆိုးသားရဲ ဆယ်ကောင်ကျော်ကို သတ်ခဲ့ပြီးသားဖြစ်သည်။ ၎င်းတို့အားလုံးက မသေမျိုးခန္ဓာအဆင့် စိတ်ဝိညာဉ်သားရဲများဖြစ်သည်။


လျှို့ဝှက်နယ်မြေက အရမ်းအန္တရာယ်များသည်ဟု သူတို့ပြောကြတာ အံ့သြစရာမလိုပေ။ 


ဤလျှို့ဝှက်နယ်မြေထဲတွင် သာမန်လူတစ်ယောကနတ်ဆိုးသားရဲများစွာရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးလျှင်အသက်ရှင်နိုင်မည် မဟုတ်ပေ။


ပုဖန်က မီးခိုးရောင် ဝံပုလွေရှေ့သို့လျှောက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို လက်ဖြင့်ပုတ်လိုက်သည်။ သူကမျက်ခုံးကိုပင့်ကာ“ ဒီအသားကအရမ်းမာတယ် ဒီအသားနဲ့ ချက်တဲ့ ဟင်းတစ်ခွက်က အရသာကောင်းမယ်မထင်ဘူး... ငါဒီဝံပုလွေသားက်ို မယူတော့ဘူး"


ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးများသည်တောက်ပလျှက် ပုဖန် နောက်သို့လိုက်သွားလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုး ကိုကိုင်၍ ရှေ့သို့ဆက်လက်လျှောက်လာလေ၏။


ရုတ်တရက်ပုဖန်၏ ခြေလှမ်းများနှေးကွေးသွားသည်။ သူကမျက်ခုံးပင့်လိုက်ပြီး သူ့ဘေးပတ်လည်ရှိတောအုပ်များကို ကြည့်လိုက်သည်။ အနီရောင်အလင်းတန်းများက ဖြာထွက်လာပြီးဟုန်းခနဲမြည်ဟည်းလာသည်။ အမှောင်ကျနေတောအုပ်အတွင်းမှ ဝံပုလွေများသည်တစ်ကောင်ပြီးတစ်ကောင် လျှောက်လှမ်းလာကြသည်။ ဤမီးခိုးရောင်ဝံပုလွေများ၏ အင်အားက ကွဲပြားကြသော်လည်း မသေမျိုးနယ်ပယ် တွင်တည်ရှိနေကြသူများပင်ဖြစ်သည်။ 


ပုဖန်၏နှလုံးသားမှာ အေးခဲသွားသည်။ 

သူကဝံပုလွေတစ်အုပ်နဲ့တွေ့ခဲ့တာလား.. ကံကဘာလို့ ဒီလောက်ဆိုးရွားနေရတာလဲ ...


ဝေါင်း~


သာမန်ဝံပုလွေထက်ပိုကြီးမားတဲ့ မီးခိုးရောင်ဝံပုလွေက ကျောက်တုံးကြီးတစ်ခုရဲ့ထိပ်တွင်ရပ်လျှက် ဟိန်းဟောက် လိုက်သည်။ သူ့၏အနီရောင်မျက်လုံးများက ဒေါသတကြီးဖြင့် ပုဖန် ကိုစိုက်ကြည့်နေပေသည်။ ထို့နောက် တခြားသော ဝံပုလွေများ၏ ဟိန်းဟောက်သံများက ပဲ့တင်ထပ်လာပေသည်။ 


အကယ်၍ သာမာန်လူတစ်ယောက်သာဆိုလျှင် ထို မြင်ကွင်းကို မြင်သည်နှင့် သူတို့၏ခြေထောက်များ ပျော့ခွေသွားသည် အထိကြောက်ရွံ့နေပြီဖြစ်သည်။ 


အကယ်၍ အဆင့်သုံးဆင့် ချိုးဖျက်ပြီးသူတစ်ဦးဖြစ်လျှင်ပင် သွားရမည့်လမ်းက လမ်းမပေါ်၌အသက်ရှင်လျှက်ကျန်ရှိမည့်လမ်းနှင့် ငရဲသို့သွားသောလမ်းသာ ရှိပေလိမ့်မည်။


နောက်ဆုံး၌ ဝံပုလွေအုပ်တစ်အုပ်ကိုရင်ဆိုင် ရပြီ ဖြစ်သည်။ ထို့ကြောင့် ပြင်းထန်ပြီးကြောက်စရာကောင်းသည့် တိုက်ခိုက်မှုမျိုးဖြစ်လိမ့်မည်ဟုထင်ရသည်။ 


သို့သော်လည်းပုဖန်က ငြိမ်သက်သွားသည်။ သူက မျက်လုံးမှေး၍ ဦးခေါင်းဆောင်ဝံပုလွေကို ကြည့်လိုက်သည်။


စွမ်းအားသန်မာသည်ကို သတိထားမိသွားပြီးနောက်တွင် ပုဖန်၏ မျက်လုံးကလေးများအနည်းငယ်တောက်ပလာလေသည်။


“ ဟမ်…ဒီဝံပုလွေအသားက တော်တော်ကောင်းလောက်တယ် ငါအဲဒါ့ကိုပါဝင်ပစ္စည်းအဖြစ်သုံးမယ်ဆိုရင် မဆိုးလှဘူး..."


မီးခိုးရောင် ဝံပုလွေဘုရင်က ပုဖန်သူတို့အား အပေါ်အောက် ကြည့်ကာတွေးတောနေသည်ကို သတိထားမိသည်။


 ဒီမျက်လုံးအကြည့်တွေက ဘာကို ရည်ညွှန်းနေတာလဲ။


 အတိတ်မှယခုအထိ ဝံပုလွေဘုရင်သာလျှင်ဆုံးဖြတ်ခွင့်ရှိသူဖြစ်သည်။ မိုက်မဲတဲ့လူသားတွေကဘယ်အချိန်ကတည်းကဒီလိုကြည့်ဝံ့တာလဲ။ ထိုလူသားက သူတို့ကိုပါဝင်ပစ္စည်းတစ်ခု၏ အပိုင်းအစတစ်ခုကဲ့သို့ တကယ်ကြည့်နေတာလား။ 


"ဝေါင်း...


နေဦး ငါရဲ့မီးခိုးရောင်ဝံပုလွေသုံးရာနဲ့ ဒီလူသားကိုအပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်အောင် လုပ်ကြမယ်... သူ့က ငါတို့ရဲ့ အစာပဲ...


အချိန်ခဏမျှကြာပြီးနောက် ...


ဝှုက်တီ၏နောက်ဘက်ရှိ သတ္တုအတောင်ပံများသည်ဖြည်းဖြည်းချင်းပြန်စုသွားသည်။ သူ၏ခရမ်းရောင်မျက်လုံးများတွင် အရောင်လက်သွားပြီး ပုဖန်၏ရှေ့၌ပင် မီးခိုးရောင်ဝံပုလွေ၏အသားကို ဆွဲယူလိုက်သည်။ ပုဖန်ကဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အသားကိုလက်နှင့်အုပ်လိုက်ပြီးနှုတ်ခမ်းထောင့်စွန်းလေးများက အပေါ်သို့ကွေးညွှတ်သွားသည်။


 "မဆိုးပါဘူး၊ ဒီညငါတို့ ဝံပုလွေဘုရင်ရဲ့ အသားကိုစားရနိုင်တယ်..."


ပုဖန်က မြေပြင်တပြင်လုံးရှိဝံပုလွေ အလောင်းကိုတစ်ချက်ကြည့်လိုက်သည်။


"သွားကြရအောင် ငါတို့ အစစ်အမှန်နဂါးသစ်သီးကိုရှာတွေ့ပြီးတာနဲ့ အမြန်ပြန်ရမယ်”

 

ပုဖန်က ပြောပြီးသည်နှင့် ထွက်ခွာရန်အဆင်သင့်ဖြစ်နေလေပြီ။ သို့သော်တခဏအတွင်းမှာပင် သူရပ်တန့်သွားသည်။ 


ပုဖန်၏ နှလုံးသား၌ အံ့သြမှုလှိုင်းတစ်စုံတစ်ရာကို သူခံစားလိုက်ရသည်။သူ ဝံပုလွေတို့၏အလောင်းများနှင့် ပြည့်နေသောမြေပြင်ကိုကြည့်လိုက်သည်။ အလောင်းမှ သွေးများကြောင့် မေပြင်ကအနီရောင်အတိလွှမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။ 


ခဏအကြာတွင် သွေးများက မြေကြီးထဲသို့ စိမ့်ဝင်သွားပြီးနောက်တွင် မြေပြင်က တုန်ခာလာသည်။


"ဘုန်း..."