အခန်း ၅၇၂
စားဖိုမှူးနှင့် မြေအောက်မြို့တော်
လတ်ဆတ်သောသွေးများ စိမ့်ဝင်ထားသောမြေပြင်က ပုံမှန်မဟုတ်သောပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာပြီး ပြင်းထန်စွာစတင်တုန်လှုပ်လာသည်။တခဏမျှတုန်လှုပ်ပြီးနောက်မြေပြင်သည် ရုတ်တရက်ကွဲအက်လာသည်။ အပျက်အစီးများက ချောက်ထဲသို့စိမ့်ဝင်သွားသည်။ကြောက်စရာကောင်းလှသော ဆွဲငင်မှုကြောင့် ပုဖန်နှင့် ဝှိုက်တီတို့အနည်းငယ်အံ့သြသွားကြသည်။
မြေပြင်မှာအက်ကွဲသွားပြီး ပုဖန်နှင့်ဝှိုက်တီတို့အား နတ်ဆိုး၏ပါးစပ်ကြီးကဲ့သို့ ချောက်အတွင်းဝါးမျိုချလိုက်လေသည်။
ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးများက တောက်ပလာပြီး နောက်ဘက်ရှိသတ္တုအတောင်ပံများကိုထုတ်လိုက်သည်။ ထို့နောက် ဝှိုက်တီ၏ခရမ်းရောင်မျက်လုံးများကချက်ချင်းပင်မီးခိုးရောင်အဖြစ်ပြောင်းလဲသွားသည်။ ကြီးမားပြီး ယပ်တောင်ပုံသဏ္ဌာန်ဖြစ်နေသော လက်ဖဝါးကြီးဖြင့် ပုဖန်ကိုဖမ်းဆွဲကာချောက်ကြီး၏ ဝါးမြိုခံရခြင်းမှဆွဲယူလိုက်သည်။ သတ္တုအတောင်ပံများကို လျင်မြန်စွာရွေ့လျားလျက် ပုံနှစ်ခုသည်မြေပြင်အထက်သို့ အမြန်နှုန်းဖြင့်ပျံတက်သွားပေသည်။
ပုဖန်အနည်းငယ်အံ့ဩသွားလေသည်။ သူသည် မသေမျိုးနယ်ပယ်၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း ဤစုပ်ယူနိုင်စွမ်းအောက်တွင်မူ သူ့၏အစွမ်းကို ပြသနိုင်ခြင်းမရှိကြောင်း သူသဘောပေါက်လိုက်သည်။ ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သောကြောင့် ပျံသန်းနိုင်မည် မဟုတ်ပေ။ ဝှိုက်တီကမူ သူ၏ အတောင်ပံများကို လေစီးဆင်းမှုနှင့်လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ထိုချောက်အတွင်းမှ ဆွဲငင်အား ပိုမိုအားကောင်းလာသည်နှင့်အမျှ ပုဖန်နှင့်ဝှိုက်တီတို့အတွက် အက်ကွဲကြောင်းများနှင့် နီးစပ်လာလေဖြစ်သည်။ ပုစွန်ပိစိက ဝှိုက်တီ၏ ခေါင်းပေါ်မှနေ၍ သူ့၏မျက်လုံးသေးသေးလေး များဖြင့် ကြောက်လန့်တကြားကြည့်ကာ ခြေထောက်လေးများက ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ကုပ်တွယ်ထားပြီး ချောက်ထဲသို့စိမ့်ဝင်ခြင်းမှ လွတ်မြောက်အောင် ကြိုးစားခဲ့သည်။
သို့သော်လည်း စုပ်ယူနိုင်သောစွမ်းအားတိုးလာသည်နှင့်အမျှ ပုစွန်ပိစိသည်ခံနိုင်ရည်မရှိတော့ပဲ ကုပ်တွယ်ထားရန်ပင် ခက်ခဲလာလေသည်။
နောက်ဆုံးတွင် ပုစွန်ပိစိသည်ဝှိုက်တီ၏ ခေါင်းပေါ်တွင် ခံနိုင်ရည်မရှိတော့သောကြောင့် ချောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။ နှစ်ခြိုက်စွာအိပ်ပျော်နေပြီးတံတွေးများ ပူဖောင်းမှုတ်သလိုဖြစ်နေသည့်ပုံစံအဖြစ်မှ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်အဖြစ်ပြောင်းလဲသွားလေ၏။
ဘာလို့ ဒီအခြေနေတွေက ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ...ဘယ်လိုဖြစ်ရတာလဲ ဒီပုစွန်ပိစိကိုကောင်းကောင်းအိပ်ခိုင်းဖို့က အဲ့လောက်ခက်သလား...
ဝီ...ဝီ...
ကြောက်စရာကောင်းလှသော ဆွဲအားရှိလေပြင်းတစ်ခုက လှုပ်ခတ်လိုက်သည်မှာ ပုဖန်၏ဆံပင်များကိုကျွတ်ထွက်နိုင်သည်အထိ ပြင်းထန်လေသည်။ ထိုလေပြင်းကြောင့် ပုဖန်၏ဆံပင်များပြေကျလာလေသည်။
ထိုအချိန်တွင်လေထဲရှိ ဝှိုက်တီသည်ပင်လျှင် သူ့၏အတောင်ပံများကို ထိန်းချုပ်တောင့်ခံနိုင်စွမ်းမရှိတော့ချေ။ ထို့နောက်လူသားတစ်ဦး နှင့်ရုပ်သေးရုပ်တစ်ရုပ်မှချောက်အတွင်းသို့ ဆွဲယူခြင်းခံလိုက်လေပြီ။
.....
မှောင်မည်းထူထပ်လှသော တောအုပ်တွင်းမှပုံရိပ်နှစ် ပေါ်ထွက်လာသည်။ တစ်ယောက်မှာ ပြည့်ဖြိုးပြီး နောက်တစ်ယောက်မှာ ပိန်ပါးသွယ်လျ သည်။ ပြည့်ပြည့်ဖြိုးဖြိုးနှင့်သူက အိတ်ကပ်ထဲရှိ ကြက်ခြေထောက်ကို ဆွဲယူပြီးပါးစပ်ထဲသို့ထည့်ကာ ကျယ်လောင်စွာ ဝါးစားလိုက်သည် ထို့နောက်အရိုးအပါအဝင် ကြက်ခြေထောက်တစ်ခုလုံးကိုမျိုချစားသောက်လိုက်သည်။
ခပ်ပိန်ပိန်နှင့်သူကမူ နောက်ကျောတွင် မဟူရာ ဒယ်အိုးကို တင်ဆောင်လာပြီး မျက်နှာအှူအရာမှာ ပျက်ယွင်းနေလေ၏။
"အစ်ကို ငါတို့နောက်ထပ်လမ်းလျှောက်ဖို့ဘယ်လောက်လိုသေးလဲ...စီနီယာ ဦးလေးမပျောက်ကွယ်သွားခင် ငါတို့ကို ဒီအရပ်မှာ ဘာကြောင့် ပစ်ထားခဲ့တာလဲ..."
ဖက်တီးက ပိန်ပိန်နှင့်တစ်ယောက်ကိုမေးနေရင်း အိတ်ထဲမှ အခြားကြက်ခြေထောက်ကိုထုတ်၍ ပါးစပ်အတွင်းသို့ ထည့်လိုက်ပြန်သည်။
"ပါးစပ်ပိတ်ထားစမ်း... အနှောက်အယှက်လာမပေးနဲ့ စီနီယာ ဦးလေးက ဒီကောင်းကင်ဘုံလျှို့ဝှက်နယ်မြေမှာ အမွေအနှစ်များစွာ ရှိတယ်လို့ပြောတယ်...
သူက ငါတို့ကို အဲ့ဒီအမွေအနှစ်တွေကို ကိုယ်တိုင်ရှာဖွေစေချင်တာ ...မင်းကြက်ခြေထောက်စားတာကို ရပ်လိုက်တော့... ရန်သူတွေကိုလက်စားချေဖို့မင်းရဲ့ စွမ်းအင်တွေကို ထုတ်သုံးနိုင်အောင်ပဲ လုပ်စမ်းပါ ”
ပိန်ပိန်နှင့်တစ်ယောက်က နောက်သို့လှည့်ပြီး ဖက်တီးကို အော်လိုက်သည်။ဖက်တီးလန့်၍ခုန်လိုက်သောကြောင့် ကိုက်ထားသော ကြက်ခြေထောက်မှာ မြေပြင်ပေါ်သို့ လွတ်ကျသွားလေသည်။
"အစ်ကိုကြီး မင်းငါ့ကိုဘာလို့ လန့်အောင်လုပ်လိုက်တာလဲ ငါ့ကြက်ခြေထောက် ပြုတ်ကျသွားပြီကြည့်စမ်းပါအုံး"
ဖက်တီးက နှမြောသောလေသံကလေးဖြင့် ပြောလိုက်သည်။
ပိန်ပိန်နဲ့ သူလဲ မည်သည့်စကားမျှ မပြောတော့ပဲ သူ့ခေါင်းကိုသာ ပွတ်သပ်လိုက်သည်။ ဘာလို့ ဒီလောက်မိုက်မဲတဲ့ညီ သူ့မှာရှိနေရတာလဲ။
"ဆရာသေသွားပြီးနောက်မှာ ငါတို့က ဆရာ့အတွက် လက်စားချေပေးရမယ်...
ဒါပေမယ့်ငါတို့မှာ အင်အားလုံလုံလောက်လောက်မရှိဘူး..ဦးလေး လေ့ကျင့်သင်ကြားပေးထားတဲ့ အချက်အပြုတ်အနုပညာနဲ့ လေအလင်းအင်ပါယာကိုပြန်ယူရမယ် ..."
"ငါတို့က ...အချက်အပြုတ်စွမ်းရည်နဲ့ သူ့ရဲ့ကျွမ်းကျင်မှုကိုဂုဏ်ယူဝင်ကြွားနေတဲ့ ကောင်ကို အနိုင်ယူရမယ်... ငါတို့က သူထက်သာလွန်တဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်ရင် အဲ့ဘဝမြင့်နေတဲ့ ကောင် သူ့ကိုယ်သူ သတ်သေသွားမှာ သေချာတယ်... "
ပိန်ပိန်နှင့်လူက အံကိုကြိတ်ကာပြောလိုက်လေသည်။
"အစ်ကိုကြီးမင်းက ပိုင်ရှင်ပု အကြောင်းပြောနေတာလား ...သူ့ရဲ့အချက်အပြုတ် ကျွမ်းကျင်မှုတွေက တကယ်ကိုသန်မာလွန်းတယ်...ဒီ့အပြင် ငါတို့စွမ်းရည်တွေ မြင့်မားလာသလို ပိုင်ရှင်ပုရဲ့ စွမ်းရည်တွေကလဲ ရပ်တန့်နေမယ် မထင်ဘူး ...ငာတို့သူ့ကို အနိုင်ယူနိုင်ပါ့မလား ”
ဖက်တီးကအခြားကြက်ခြေထောက်ကိုဆွဲထုတ်လိုက်ပြီး အားရပါးရ ကိုက်စားလိုက်သောကြောင့် အရိုးများနေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
"မင်းရူးနေပြီလား ငါတို့မှာစီနီယာ ဦးလေးရှိတယ်နေတာပဲ...ဦးလေးက အရင်က အစားကြူးတောင်ကြား ရဲ့တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတာပဲ "
ပိန်ပိန်တစ်ယောက်က အော်လိုက်လေသည်။
ဖက်တီးက ကြက်ခြေထောက်ကိုက်နေရင်း ခေတ္တမှင် သက်သွားသည်။
“အစ်ကို အဲ့ဒီ အစားကြူး ဆိုတာ ဘာကြီးလဲ"
ပိန်ပိန်နှင့်လူက ရပ်တန့်သွားပြီး မျက်နှာမှာတင်းမာလျှက် နှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည်။
"မင်းက ဘာကိုစိတ်ဝင်စားနေတာလဲ မင်းကြက်ထောက်ကိုပဲ မင်းစားစမ်းပါ...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနေရာက အံ့ဩဖွယ်များနဲ့ ပြည့်နက်နေတဲ့နေရာလို့ ဦးလေးက ငါ့ကို ပြောထားပြီးသား...."
"သူငါတို့ကို လိမ်တာလဲ ဖြစ်နိုင်တာပဲ..."
ဖက်တီးကပြောလိုက်သည်။
"စီနီယာဦးလေးက ငါတို့ကို လိမ်တော့ ဘာအကျိုးရှိမှာလဲ"
ပိန်ပိန်က ဖက်တီးကို အရူးတစ်ယောက်လို စိတ်ပျက်စွာကြည့်၍ပြောလိုက်ပြီး ပါး ရိုက်လိုက်လေ၏။
" အားလု မင်းကြက်ခြေထောက်တွေကို စားတာရပ်သင့်ပြီ မင်းထပ်စားနေသရွေ့ မင်းရဲ့အဆီတွေက တိုးလာနေမှာပဲ..."
ဖက်တီးအားလုက အသက်မဲ့သော ရယ်သံဖြင့်ရယ်လိုက်ပြီး ကြက်ခြေထောက်တစ်ချောင်းကို ထပ်မံထုတ်ယူ လိုက်လေသည်။
သူတို့နှစ်ဦးသည် ငြင်းခုန်လျှက် တော်အုပ်အတွင်းသို့ လျှောက်သွားကြလေ၏။ မကြာခင်အချိန်တွင် ထိုနှစ်ဦးသည် စုပ်ယူမှုလှိုင်းတစ်ခုဆီသို့ရောက်ရှိသွားကြသည်။ ပိန်ပိန်နှင့်အားဝေလဲ မျက်လုံးပင်ပြူးများဖြင့် လန့်ဖြန့်သွားလေ၏။ သူအလောတကြီးနှင့် ကျောဘက်မှာ သယ်လာသော ဒယ်အိုး ကိုလွှတ်ချကာ ဖက်တီးကိုဖမ်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မြေပြင်ရှိချောက်ကြီးမှာ တဖြေးဖြေး ကြီးမားလာပြီး အားဝေကိုယ်တိုင်ပင် ကျွံကျနေပြီဖြစ်သည်။ အားဝေနောက်မှ ဒယ်အိုးလည်း ထက်ကြပ်မကွာလိုက်ပါသွားလေ၏။
.......
ဟောင်သံအချို့နဲ့အတူ နီးကပ်လာသော အဖြူရောင်အရိပ်တစ်ခုက တောအုပ်အတွင်းသို့ ဝုန်းဒိုင်းကြဲ ပျံဝဲ ဝင်ရောက်လာသည်။
ထိုအရာ၏နောက်တွင် အဖြူရောင် ကာကွယ်ရေးဝတ်စုံဝတ် ကျင့်ကြံသူတစ်ယောက်ရှိနေလေသည်။
ထိုအဖြူရောင်အရိပ်သည် ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်ပြီး တစ်နေရာထဲ၌ လှည့်ပတ်နေ၏။
"ဒီနေရာမှာလား..."
ဟန်လီကသူ၏လက်အောက်ငယ်သားများကိုရပ်တန့်ရန်အမိန့်ပေးလိုက်သည်။
ပုံသဏ္ဌာန်မှာတည်ငြိမ်နေပြီး ကြမ်းပြင်၌လူးလှိမ့်နေသောခွေးဖြူ၏ ခေါင်းကိုပွတ်သပ်နေရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဤနေရာမှာတောကြီးမျက်မည်း ဖြစ်၍ တိတ်ဆိတ်ပြီး နက်ရှိုင်းလှသည်။ လေထဲတွင်ပျံ့လွင့်နေသောသိပ်သည်းသည့် အရသာလှိုင်းတစ်ခုအနံ့ကြောင့် ဟန်လီကသူ့၏ မျက်ခုံးများကိုကျုံ့လိုက်သည်။
“ ဒီနေရာက စိတ်ရှုပ်စရာကောင်းတယ်…ဒီဘာလို့ဒီလောက်သိပ်သည်းတဲ့ သွေးစွမ်းအင်တွေ ပြည့်နက်နေတာလဲ ...ဒါက သတ်ကွင်းလား...ဒီကောင်စုတ် ပုဖန်က ဘာလို့ ဒီလိုနေရာကိုလာရတာလဲ "
သူအသက်ပြင်းပြင်း တစ်ချက်ရှိုက်ရှူလိုက်သည်။
ထိုနောက် ခွေးဖြူက သူ့ရဲ့လျှာကိုထုတ်လိုက်ပြီးဟန်လီရဲ့မျက်နှာကိုယက်လိုက်၏။
“မင်းက အရမ်းတော်တာပဲ
ပြန်ပြီးခဏလောက်အနားယူလိုက်အုံး ”
ဟန်လီကပြုံးလျက် ပြောလိုက်သည်။
ကျောက်စိမ်းတံဆိပ်တစ်ခုပေါ်လာပြီး ခွေးဖြူသည်ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။ ဟန်လီက ကျောက်စိမ်းတံဆိပ်ကို သိမ်းဆည်းပြီး မတ်တပ်ရပ်ကာ သူ့ပတ်၀န်းကျင်ကိုကြည့်လိုက်သည်။
"သွားရှာကြစမ်း..."
ဟန်လီက အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။
"ပုဖန် ဒီနေရာတစ်ဝိုက်မှာရှိတာ သေချာတယ်... မင်းတို့မြေကြီးထဲကိုသုံးပေလောက်တူးပြီးမှ သူ့ကိုသွားရှာတာပိုကောင်းလိမ့်မယ်"
စစ်သည်တော်များက တညီတညွတ်ထဲ နာခံကြသည်။ သို့သော်လည်း အခြေအနေအတိအကျမသိရပဲ ဘာမှ မလုပ်နိုင်မည်မဟုတ်ပေ။
တချိန်တည်းမှာပင် မြေပြင်သည် တုန်ခါလာလေ၏။ ဟန်လီနှင့် သူ၏နောက်မှ စစ်သည်တော်အပေါင်းအပါအားလုံးတို့သည် ပုဖန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားလှိုင်းဖြင့် ဝါးမြ်ို ခံလိုက်ရလေသည်။ သူတို့အားလုံးပျောက်ကွယ် သွားကြပေပြီ။
.......
ပုဖန်တအံ့တဩဖြစ်သွားသည်။ သူ့၏ ခန္ဓာကိုယ်က နွေးနေသော်လည်း မျက်နှာမှာ အနည်းငယ်စိုစွတ်နေ၏။ သူမျက်လုံးကို အားယူ၍ပင်ဖွင့်နေရသည်။ ပုစွန်ပိစိက သူမျက်နှာပေါ်၌လှဲနေသည်ကိုတော့ သူသတိထားမိလိုက်သည်။ သေးငယ်သောခြေထောက်ကလေးများက ဆတ်ခနဲ တုန်သွားသောကြောင့် ပုဖန်လှုပ်လှုပ်ရွရွပင် ဖြစ်
သွားသည်။
ဝှိုက်တီက စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့်ခေါင်းကိုပွတ်သပ်ကာ အဝေး၌ထိုင်နေလေ၏။ ခရမ်းရောင်မျက်လုံးကလေးများက တောက်ပနေဆဲဖြစ်သောကြောင့် မည်သည့်ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရှိဟုပင် ကောက်ချက်ချနိုင်ပေသည်။
"ဒါက ဘယ်နေရာလဲ"
ပုဖန် ထထိုင်လိုက်သည်။ သူ့၏ပတ်ဝန်းကျင် ပတ်ပတ်လည်က လုံးဝမှောင်မိုက်နေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိအနီရောင် ဝတ်ရုံက အနီးနားပတ်ဝန်းကျင်ကိုအလင်းရောင် အနည်းငယ်ပေးနိင်ပေသည်။ မျက်နှာပေါ်မှပုစွန်ပိစိကို ကြမ်းတမ်းစွာခွာယူပြီး ပခုံးပေါ်သို့ တင်လိုက်သည်။ ပတ်ဝန်းကျင်သည်ကြမ်းတမ်းသောကျောက်တုံးများနှင့် ပြည့်နေပြီး သွေးရောင်များလွှမ်းကာ ဆိုးဆိုးရွားရွား ဖြစ်နေပေသည်။
"ဒါကဘယ်နေရာလဲ ဘာလို့ဒီလောက်တောင်ထူးဆန်းနေရတာလဲ "
ပုဖန်ကစူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။
ဝှိုက်တီမှာမူ ပုဖန်၏နောက်တွင် ဘာမှမသိသလိုရပ်ကြည့်နေ၏။
ပုဖန် ထိုနေရာရှိတာင်များမှ အဓိပ္ပာယ်မဖော်နိုင်သော ထူခြားဆန်းကြယ်လှသည့်ဖိအားတချို့ကို ခံစားမိလိုက်၏။ ပုဖန်၏ စွမ်းအင်များမှာ နည်းငယ်အားနည်းသွားပုံပေါ်နေသည်။ ဤနေရာတွင့ လေပေါ်လျှောက်လှမ်းနိုင်ရန်အတွက် မလွယ်ကူပေ။ ဒီနေရာက ပျံသန်းနိုင်စွမ်းကို ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။
ပုဖန်က ဝှိုက်တီနှင့်အတူ မြေအောက်မြို့တော်ဆီသို့လျှောက်လှမ်းသွား၏။ နံရံပေါ်ကအနီရောင်ကျောက်တုံးများက ကြောက်စရာကောင်းပြီး အနီရောင်အပင်များဖြင့်ဖုံးအုပ်ထားသည်။ စိုစွတ်ပြီး စေးကပ်သော လေလှိုင်းများကလဲ ထိုးဖောက်နေပေ၏။ အနီရောင်အပင်ငယ်တစ်ပင်ကိုနုတ်လိုက်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။ဒီအပင်က အစေ့အဆံအများကြီးနဲ့ လုပ်ထားသည်ကိုတွေ့မြင်ရသာ်။
"ဒီနေရာက တကယ့်ကိုထူးဆန်းတယ်..."
အချိန်တော်တော်ကြာလမ်းလျှောက်ပြီးနောက် အလင်းတစ်ခုကိုမြင်လိုက်ရသည်။ ထိုအလင်းတန်းက နေရာတစ်ခုလုံးကို လင်းသွားစေပြီးနောက် ပုဖန်ကလျင်မြန်စွာ နေရာယူလိုက်သည်။
ထိုအပေါက်က အရမ်းမကြီးလှသော်လည်း လူတစ်ယောက်စာ ဝင်ဆန့်သည်။ ပုဖန်က အပေါက်ကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်သည်ဖြစ်သော်လည်း ဝှိုက်တီ၏ ခန္ဓာကိုယ်ကြီး အတွက်မူ ခက်ခဲပေမည်။ ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးကလေးများက တောက်ပလာပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်က ကြီးမားလှသောလက်သီးဖြင့် ထိုအပေါက်က်ို ထိုးလိုက်လေသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ပြိုကျလာပြီးနောက် ထိုအပေါက်မှ ဝှိုက်တီထွက်လာကာ ပုဖန်ဘေး၌လာရပ်လေ၏။
"ဒါကလမ်းလား..."
သူ သေသပ်လှသော မြေပြင်ကိုကြည့်လိုက်သည်။သူ့ရှေ့ကိုကြည့်လိုက်လျှင် ကြီးမားတဲ့မြို့ကြီးတစ်ခုကို မြင်နေရပြီး ခမ်းနားထည်ဝါလှသည်။ ထို့နောက် ပုဖန်၏ မျက်နှာ၌ရှုပ်ထွေးသောအမူအရာတစ်ခုကိုလဲ တွေ့မြင်ရသည်။
"ဘာလို့မြေအောက်ထဲမှာ ဒီလောက်ကြီးမားတဲ့ကျောက်တုံးတွေ ရှိနေရတာလဲ..."
သူတို့ကအက်ကွဲနေတဲ့ အပေါက်တစ်ခုရှေ့မှ ထွက်ပြီးနောက် ရှေ့တွင်လမ်းတစ်ခုရှိနေသေးသည်ကိုတွေ့ရပေသည်။ အထူးသဖြင့် လမ်း၏နှစ်ဖက် စလုံးတွင်မြို့ရိုးအဖြစ်တည်ဆောက်ထားသည့် အုတ်များတည်ရှိနေသည်။ ထိုအုတ်များအတွင်း၌ အနီရောင်ကျောက်များကိုလည်းမြင်နိုင်သည်။ ကျောက်များကို အနီရောင်အပင်များက ထပ်မံဖုံးလွှမ်းထားပေသည်။
"ဒီနေရာက အံ့သြစရာတွေနဲ့ ပြည့်နက်နေတယ်..."
ပုဖန်နှင့်ဝှိုက်တီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် မဆိုင်းမတွပဲထိုဧရာမမြို့ကြီးဆီသို့လျှောက်သွားကြသည်။ သူတို့ဒီမြို့ကို စိတ်အေးအေးထားပြီး စူးစမ်းရှာဖွေရမည်ဖြစ်သည်။
"ဒီနေရာက လူတွေ ဘယ်ရောက်သွားတာလဲ..."
မြို့တော်ရဲ့ ဧရိယာကကြီးမားကျယ်ပြန့်လှသည်။ အထူးသဖြင့် မြေပြင်ကို ကြည်လင်လှသောသလင်းကျောက်များဖြင့် ထူထပ်စွာ ဖုံးအုပ်ထားသည်။ ပျော့ပျောင်းနူးညံ့သောအလင်းတန်းများက ထိုးဖောက်ထားသာကြောင့် မြေပြင်မှာ ကြည်လင်ဖွေးစွတ်နေပေ၏။ မြို့တံခါးများမှာလဲ နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားလှသည်။ ပုဖန်နှင့်ဝှိုက်တီတို့က မြို့တံခါး၏ အရှေ့တွင် အံ့ဩမြင်သက်ကာရပ်နေလေ၏။
"ဒီမြို့က ဘာလို့နာမည်မရှိတာလဲ မြို့တံခါးရှေ့မှာ နာမည်ကို မတွေ့ရဘူး...
မြို့က အရင်ခေတ်ဟောင်းမြို့ကြီးတွေလိုပဲ..."
ပုဖန်က ထိုမြို့၏ မှိုင်းညှို့နေမှုကို သတိထားမိလိုက်သည်။ ပြင်းထန်သော သေမင်းစွမ်းအင်လှိုင်းတစ်ခုက လေထဲတွင်ရစ်ဝဲနေသလိုပင် ဖြစ်သည်။
ဘုတ်...ဘုတ်...ဘုတ်...
ရုတ်တရက် တနေရာဆီမှ ခြေသံ သဲ့သဲ့က ပုဖန်၏ နားထဲသို့ ဝင်ရောက်လာလေသည်။
"ဘယ်သူလဲ လူရှိနေတာလား..."
ပုဖန်မျက်မှောင်ကျုံ့လျက် နေရာအနှံသို့ကြည့်ရှုလိုက်သည်။
ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်းလျှောက်လာလေသည်။ခြေလှမ်းသံနှင့် အရိုးများကို တကြွပ်ကြွပ် ဝါးစားသောအသံမှလွဲ၍ မကြားရပေ။
ဂျွတ်...ဂျွတ်...
အရိုးများကို အပိုင်းပိုင်းဖြတ်တောက်လိုက်သောအသံဖြစ်သည်။
ပုဖန်၏ မျက်ခုံးများမျာ အပေါ်သို့ပင့်တက်သွားပြီး တဆက်ထဲမှာပင် နှလုံးသားထဲမှ ကြောက်ရွံ့မှုကိုခံစားလိုက်ရ၏။
ဤမြို့က သေမင်းစွမ်းအင်များနှင့်ပြည့်နှက်နေသော သေမင်းမြို့တော်ဖြစ်သည်။ ယခုတော့ အရိုးကိုက်နေသောအသံတစ်ခု ထွက်ပေါ်လာပြန်ပြီ။ သူဘယ်လိုမကြောက်ပဲနေနိုင် မည်နည်း။
"အဲ့ဒီအရာက ညစ်ပတ်တဲ့ အရာမျိုးလား ..."
ငေးကြည့်နေသောပုံရိပ်နှစ်ခုက အဝေးမှ လျှောက်လှမ်းလာသည်ကိုတော့ ပုဖန်မသ်ိခဲ့ချေ။
ပုံရိပ်နှစ်ခုက မြူများကြားထဲမှ လျင်မြန်စွာပေါ်ထွက် လာလေသည်။ ထိုနှစ်ယောက်အနက်မှ တစ်ယောက်မှာ ဝဖြိုးပြီး နောက်တစ်ယောက်မှာ ပိန်လျနေပေသည်။ ဖက်တီး၏ လက်တစ်ဖက်ထဲတွင် ကြက်ခြေထောက် တစ်ချောင်းကို ကိုင်ထားပြီး သူ၏မျက်နှာမှာ စိတ်လှုပ်ရှာမှာများပြည့်နက်နေလေ၏။
ပုဖန်က ထိုသူတို့ကိုမြင်လိုက်သည်နှင့် သူ့ကို လာရောက်ရှာဖွေကြခြင်းဖြစ်လိမ့်မည်ဟု တွက်ဆမိလိုက်သည်။ သူတို့အချင်းချင်း အတန်ကြာကြည့်လျှက် ရပ်တန့်နေကြသည်။
ထို့နောက်တွင် ဒယ်အိုးနက်ကို သယ်ဆောင်လာသော ပိန်ပိန်ပါးပါးလူတစ်ယောက် အလောတကြီး ပြေးလာသည်ကိုပုဖန်မြင်တွေ့လိုက်ရသည်။