အပိုင်း ၅၇၃
Viewers 53k

အခန်း ၅၇၃

သင်္ချိုင်းမြို့တော်နှင့် ခေါင်းမဲ့ စားဖိုမှူး...


အော်ဟစ်သံကြောင့် ပုဖန်ကြောက်လန့်တုန်လှုပ်သွားသည်။ ပုဖန်က အမြစ်များတွယ်နေသော မြေပြင်ပေါ်၌ရပ်နေခြင်းဖြစ်သည်။ 


ပိန်ပိန်က အလောတကြီးဖြင့်ဒယ်အိုးကိုဝှေ့ယမ်းကာ ပုဖန်ဆီသို့ ပြေး၍လာနေပေ၏။ ပုဖန်က အများအားဖြင့် တခြားသူများကိုသာ ဒယ်အိုးဖြင့်ရိုက်နှက်ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူပြောင်းပြန်ဖြစ်နေပြီး ထူဆန်းလှသော လှည့်ကွက်ကြောင့် ပုဖန်စကားပင် မပြောနိုင်တော့ချေ။ 


ထိုပိန်ပိန် ၏ မျက်မှာတွင်မုန်းတီးခြင်းများ ပြည့်နက်နေပုံပေါ်နေသည်။ သေးငယ်သော်လည်းသူ၏ပုံမှာ ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ သူက ဒယ်အိုကိုကိုင်ဆောင်လျက် လေအလျင်ကိုပင် အပိုင်းပိုင်းကွဲသွားအောင် လုပ်မည့်ပုံသဏ္ဌာန်ပေါ်နေ၏။ အရှိန်အဝါကမကြီးမြတ်လှသော်လည်း စိတ်အားထက်သန်နေသည်။


 ပုဖန်၏ စွမ်းအင်ယခုအဆင့်နှင့်ယှဉ်လျှင် ပြိုင်ဘက်၏ အဆင့်ထက်အမြင့် တွင်ရှိနေသည်ကို အလွယ်တကူသဘောပေါက်လိုက်သည်။ ဤမျှလောက်သော စိတ်အားထက်သန်မှုနှင် လုပ်ရည်ကိုင်ရည် များရှိသူ တစ်ဦးလောက်က သူ့ကိုအန္တရာယ်မပေးနိုင်ချေ။ 


ပုဖန် ထိုသူ့ကိုအေးစက်စွာကြည့်လိုက်သည်။ 


သူ့နောက်တွင်ရှိ ခရမ်းရောင်မျက်လုံးတစ်စုံကတောက်ပလျက်ရှိနေသည်။ 

ဝှိုက်တီက သူ့၏ယပ်တောင်ပုံသဏ္ဌာန် လက်များကိုကြမ်းတမ်းစွာဝှေ့ယမ်းကာ ရှေ့သို့တစ်လှမ်းတိုးလိုက်၏။ 


ပေါက်ကွဲသံတစ်ခုကလေထဲတွင်ပျံ့လွင့်သွားပြီး ပိန်ပိန်၏ ဒယ်အိုးကပျံဝဲသွားလေသည်။ ကျယ်လောင်သောအသံ တစ်ခုနှင့်အတူ အဝေးသို့ ကျဆင်းသွားသည်။ 


ထိုလူ၏ အမူအရာမှာပြောင်းလဲသွားပြီး နောက်သို့ ပြန်လှည့်ကာ ဒယ်အိုးကို မြေပြင်ပေါ်မှ ကောက်ယူလိုက်သည်။ 


သူ့၏ ဒယ်အိုးနက်က သာမန်မျှမဟုတ်ပဲ ခွန်အားကြီးမားသော ဝိဉာဉ်လက်နက်တစ်ခုဖြစ်သည်။ သို့သော်ထိုဒယ်အိုးက သူရှေ့တွင်ပင်ရုပ်သေးရုပ်တစ်ရုပ်ကြောင့် ပြောင်းလဲသွား၏။ 


"မင်းကိုငါ မင်းဖူးသလိုပဲ..." 


ပုဖန်က မျက်ခုံးကိုပင့်ကာ စူးစမ်းနေပုံဖြင့် မေးလိုက်သည်။ 


 ဖက်တီးက အမောတကောပြေးလာကာ ပါးစပ်က ကြက်ခြေထောက်ကို ကိုက်ရင်းတန်းလန်းနှင့်ပင် ပုဖန်ကိုပြုံးပြလိုက်၏။ 


"ပိုင်ရှင်ပု မတွေ့တာကြာပြီ..."


သူက ကြက်ခြေထောက်ကို ဝါးနေရင်းပင် ပုဖန်ကို နှုတ်ဆက်လိုက်သည်။


ပုဖန်က ထိုဖက်တီးနှင့် ပိန်ပိန်လူကို ပြန်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများက တခုခုကို သတိရသွားသည့်ဟန်ဖြင့် တောက်ပလာသည်။


"အော် မင်းတို့ကို ... တကယ်ကြာခဲ့ပြီပဲ..."

 ပုဖန်က နောက်ဆုံးတွင် ထိုနှစ်ယောက်မည်သူဖြစ်သည်ကို သတိရသွား၏။ လေအလင်းအင်ပါယာတွင် သူနှင့်နည်းတူ အချက်အပြုတ်ပြိုင်ခဲ့သော ညီအစ်ကိုနှစ်ယောက်ဖြစ်ပေသည်။ ထိုနှစ်၏ အချက်အပြုတ်စွမ်းရည်မှာ မဆိုးဘူးဟု သူ ကောက်ချချက်မိသည်။ ထိုနှစ်ယောက်သာ မိသါးစုတစ်ရါ စုဝေးပွဲတွင် သူနှင့် ရင်မဆိုင်ခဲ့ရလျှင် ပထမနေရာကိုပင် ရကောင်းရနိုင်ပေသည်။ 


“ အမှန်ပဲမတွေ့တာကြာခဲ့ပြီ မကောင်းတဲ့ကောင်…ငါဆိုတဲ့အားဝေက မင်းကိုတစ်ရက်လောက်တောင် မေ့မရခဲ့ဘူး..."


 အားဝေက မတ်မတ်ရပ်လိုက်ပြီး ပုဖန်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်ကာအေးစက်စွာပြောလိုက်သည်။


"တော်လိုက်တော့...မင်းတို့ကဘာလို့ ဒီနေရာကို ရောက်နေရတာလဲ..."


ပုဖန်ကမေးလိုက်သည်။ 


“ ငါတို့လည်းမသိဘူး...

 ငါတို့ လမ်းလျှောက်နေရာကနေ ဘာမှမသိလိုက်ပဲ ဒီနေရာက်ို ရောက်လာခဲ့တာ..." 


အားလုက ပြန်ဖြေလိုက်သည်။


ပုဖန်၏မျက်ခုံးများ တွန့်ကွေးသွားသည်။ သူ့မျက်လုံးများက အဝေးမှခမ်းနားထည်ဝါသောမြေအောက်မြို့တော်ကို ကြည့်လိုက်ပြီးနောက်တစ်စုံတစ်ခုလွဲမှားနေသလို ခံစားလိုက်ရသည်။


"ကောင်းပြီ ငါတို့က လေအလင်းအင်ပါယာမှာအရင်ထဲကက သိကျွမ်းခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ငါတို့အတူတူပူပေါင်းပြီး ဆက်သွားသင့်တယ်...

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက်မြို့တော်အတွင်းမှာ လျှို့ဝှက်ချက်များများစွာရှိ နေတယ်....အဲ့ဒာကြောင့် ငါတ်ို့အတူတူ ရှာဖွေကြရအာင်..."


 ပုဖန်က ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်းပြောလိုက်သည်။


အားဝေ၏မျက်နှာမှာ မည်းမှောင်သွားသည်။ သူက မဟူရာဒယ်အိုးကိုကိုင်ပြီး အားရပါးရလှောင်ရယ်လိုက်သည်။


"ငါတို့ကမင်းရဲ့အသိမိတ်ဆွေတွေမဟုတ်ဘူး...မြို့ကိုငါတို့ကိုယ်တိုင်စူးစမ်း ရှာဖွေမယ်...ငာတို့မင်းနဲ့ပူးပေါင်းစရာ ဘာအကြောင်းမှမရှိဘူး... အဲ့တာကို မင်းမြဲမြဲမှတ်ထား... ငါဆိုတဲ့အားဝေက တနေ့ကျ ငါ့ဆရာအတွက် လက်စားချေပြမယ်..."


ပုဖန်တချက်မဲ့လိုက်မိသည်။ 


 ထိုအချိန်အတွင်းမှာပင် အားဝေက ဒယ်အိုးနက်ဖြင့် အားလုကိုတစ်ချက်ရိုက်ပုတ်လိုက်ပြီး နှစ်ယောက်စလုံး အဝေးမှမြို့တံခါးဆီသို့ အလျင်အမြန်ပြေးသွားလေ၏။ ကျယ်လောင်သော အသံတစ်ခုက ပဲ့တင်ထပ်သွားပြီးကြီးမားသောကျောက်တံခါးကြီးသည် ရုတ်တရက်ပွင့်လာလေသည်။


"ညီအစ်ကိုနှစ်ယောက်က တံခါးကြီးက်ို ဖွင့်လိုက်တာလား..." 


ပုဖန်က ကြီးမားလှသော မြေအောက်မြို့တော်ကြီးကို တွေ့လ်ိုက်ရပြီးနောက် အံ့အားသင့်သွားသည်။ ဝှိုက်တီက သူ့၏ခြေလှမ်းများကို ထိုမြို့တော်ကြီးဆီိသို့ ဦးတည်လိုက်သည်။ မြို့တော်နှင့် နီးလာလေလေ အကန့်အသတ်မဲ့ ဖိအားလှိုင်းက ပိုပြင်းထန်လေ ဖြစ်သည်။ ပုဖန်က ဖိအားကြောင့် ထိခိုက်မှုမရှိသော်လည်း ထိုဖိအားမျိုးကိုထုတ်လွှတ်သောမြို့က သူ့နှလုံးသားအားအနည်းငယ် ကြောက်ရွံ့ထိတ်လန့်စေပေသည်။ သေးသွယ်သောလက်ဖဝါးများဖြင့် မြို့တော်၏ နံရံများမှကျောက်တုံးကိုထိလိုက်သည်။ ကျောက်တုံး၏ချောမွေ့မှုက မြို့၏ဗိသုကာစံနှုန်းကိုသက်သေပြရန်လုံလောက်နေပြီဖြစ်သည်။ 


ခမ်းနားထည်ဝါသော မြို့တံခါးများ၏ ထိပ်တွင် သွေးမြေကျမှုနှင့် အကြမ်းဖက်မှုများ၏ ပုံသဏ္ဌာန်ကို သရုပ်ဖော်ရေးဆွဲထားသည်။သရုပ်ဖော်ပုံများမှာ စိတ္တဇဖြစ်ဖွယ်ကောင်းလှသည်။ ဤသရုပ်ဖော်ပုံတွေက မြေအောက်မြို့တော်ကြီးရဲ့အနှိုင်းမဲ့သခင်ရဲ့ဇာတ်လမ်းကိုပြောပြနေခြင်း ဖြစ်လိမ့်မည်ဟု ပုဖန်နားလည်လိုက်သည်။ ထိုသူ့ကိုဆန့်ကျင်သူမည်သူမဆို ဓါးဖြင့်ခုတ်ခံရပေလိမ့်မည်။ ထိုပုံများမှ လွှမ်းမိုးမှုအငွေ့အသက်များကို ပုဖန်ခံစားလိုက်ရသည်။ 


မြို့၏အခြေအနေကို အကဲဖြတ်ရန်တံခါးကြီးကိုဖြတ်ကျော်၍သွားသော အားလုနှင့်အာဝေ ပျောက်ကွယ်သွားသည်ကိုလဲ သူသတိပြုမိသည်။


ထို့နောက် ပုဖန်က ဝှိုက်တီ၏ အဆီရွှဲရွှဲဗိုက်ကိုရိုက် လိုက်ပြီးမြို့ထဲသို့ လျှောက်ဝင်လာခဲ့သည်။ ဝင်၀င်ခြင်းပင် ဖိအားလှိုင်းတစ်ခုကို သူ့၏ခန္ဓာကိုယ်မှ ခံစားလိုက်ရသည်။ ဖိအားသည်တစ်စုံတစ်ယောက်၏ စိတ်ကိုရိုသေကျိုးနွံမှု လှိုင်းတစ်ခုနှင့် ဖိနှိပ်ထားပုံပေါ်နေသည်။ သို့သော်လည်း စနစ်ကြောင့် ပုဖန်အတွက် ဤဖိအားကို လျစ်လျူရှုထားနိုင်ခဲ့သည်။


ဘုတ်.... ဘုတ်... ဘုတ်...

 

မြို့၏အတွင်းပိုင်းက ကျယ်ဝန်းသော်လည်း တိတ်ဆိတ်လွန်းလှသည်။ တစ်စုံတစ်ယောက်မျှပင် မရှိသလိုပင်။ မြို့တော်ကြီးအတွင်းမှအဆောက်အအုံများက ခမ်းနားထည်ဝါစွာတည်ရှိပြီး မိုးမျှော်တိုက်များ စျေးဆိုင်များက အစီအရီရှိနေခြင်းက ထိုမြို့တော်ကြီး ခမ်းနားတင့်တယ်နေရခြင်း၏ အကြောင်းပြချက်များပင်ဖြစ်သည်။ ထူးဆန်းသည်မှာ လူသူတစ်ဦးတစ်ယောက်မျှရှိမနေခြင်းဖြစ်၏။ ဆိုးဝါးသောစွမ်းအင်လှိုင်းတစ်ခုက မြို့အတွင်းသို့ပျံ့နှံ့သွားလေသည်။ 


ရုတ်တရက်ပုဖန်၏စိတ်၌ တစ်စုံတစ်ခုကို ခံစားမိလိုက်သောကြောင့် အမြန်လှည့်ကာ ထိုနေရာသို့ကြည့်လိုက်သည်။ သို့ပေမယ့် ဘယ်အရာမှရှိမနေခဲ့ပေ။


 ပုဖန်က သူ့အားတစ်စုံတစ်ယောက် စိုက်ကြည့်နေသည်ကိုတော့ တပ်အပ်ပြောနိုင်ပေသည်။ သူ၏စိတ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့်အခြားသူများ၏အကြည့်ကို အလွယ်တကူခံစားနိုင်သည်။ ဒီမြို့တော်နဲ့ပတ်သတ်ပြီး မရိုးရှင်းသည့်ခံစားချက်က ထူးဆန်းနေပေသည်။ အန္တရာယ်မှာ သူတို့နှင့်နီးသထက် နီးလာပေပြီ။ ခဏအကြာ လှည့်လည်ကြည့်ရှုနေရင်း ပတ်ဝန်းကျင်သို့ သတိထားမိလိုက်သောအခါ ပုဖန်၏နှလုံးများပင်တုန်ရီသွားသည်။ မြို့တော်ကြီးတစ်ခုလုံးကို မြူခိုးများက ဖုံးလွှမ်းသွားသည်။


"မြေအောက်မြို့တော်မှာ မြူခိုးတွေ ဖုံးနေတာလား..."


မြူခိုးများက မြို့တော်တစ်ခုလုံးကို တဖြည်းဖြည်းဝါးမြိုလိုက်၏။ မကြာခင်ပုဖန်ကိုပင် ဖုံးလွှမ်းသွားလေသည်။


........


" အုပ်ချုပ်သူဟန်... အဝေးမှာမြို့ကြီးတစ်မြို့ရှိနေပုံရတယ်..."


 စစ်သည်တော်တစ်ယောက်က သူ့နောက်မှာရှိနေသောဟန်လီကိုအော်လိုက်၏။ သူ၏အော်သံက မြေအောက်နေရာတစ်လျှောက်လုံးတွင် အဆက်မပြတ်ပဲ့တင်ထပ်သွားလေသည်။


“ အနှောင့်အယှက်ဖြစ်အောင် အော်မနေနဲ့ ငါမြင်တယ်..."


ဟန်လီ အဝေးကို သေချာစွာ စူးစိုက်ကြည့်လိုက်ရင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့စိတ်များတုန်လှုပ်သွားသည်။


"မြေအောက်မြို့တော်… 

ဒါကတကယ် မြေအောက်မြို့တော်လား..."


ဟန်လီက အသက်ပြင်းပြင်းရှူလိုက်သည်။ စိတ်လှုပ်ရှားမှုအရိပ်အယောင်များကို သူ့၏ မျက်လုံးတွင်တွေ့လိုက်ရသည်။ ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေအတွင်း၌ ကြီးမားသောမြေအောက်မြို့တော်ရှိခဲ့သည်။ 


ဆိုလိုသည်မှာ သူကပညာရှင်တစ်ဦး၏ သင်္ချိုင်းကိုရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဂူသွင်းသည့်နေရာအဖြစ် ထားခဲ့သောကြောင့် ပညာရှင်၏အမွေအနှစ်ကို သေချာစွာရှာဖွေတွေ့ရှိနိုင်သည်။ထို့ပြင်မြေအောက်မြို့တော်၏ လက်ရာများကိုကြည့်ခြင်းအားဖြင့် အမွေအနှစ်များမှာလည်း အလွန်ထူးခြားသော အရာတစ်ခုဖြစ်လိမ့်မည်ကို တွက်ဆနိုင်ပေ၏။


"သွားကြမယ်... ငါတို့ မြန်မြန်သွားဖို့ လိုမယ် အမွေအနှစ်တွေကို ကိုယ့်အရည်အချင်းနှင့်ကိုယ်ရှာကြ..."


ဟန်လီကအော်ဟစ်လိုက်ပြီးနောက် မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။ ကြီးမားသောမြေအောက် မြို့တော်ရှိသင်္ချိုင်းတစ်ခုသည် ထူးခြားမည်မှာအသေအချာပင်ဖြစ်သည်။ 


ဟန်လီ၏ နှလုံးသားတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုဖြင့်တုန်ခါနေသည်။ 


ထိုလူယုတ်ကလေး ပုဖန်ကို လိုက်ရှာနေစဉ် ကံကြမ္မာက သူ့ကိုမျက်နှပေးမည့်အခွင့်အလမ်းကို သူရရှိကောင်း ရရှိနိုင်ပေပြီ။


 မကြာမီ သူတို့ မြို့တံခါးရှေ့သို့ရောက်လာသည်။ သရုပ်ဖော်ပုံများကိုကြည့်ပြီးနောက်တွင် အားလုံး ကြက်သေသေသွားကြ၏။ ဟန်လီသည်အေးစက်သောလေကိုရှုရှိုက်မိသောကြောင့် မျက်နှာများပင်နီမြန်းသွားသည်။


“ ဒါက…ဒါက ကြီးမြတ်သောဓားအာဏာရှင်ရဲ့အမွေအနှစ်လား...

ဘုရားရေ ကြီးမြတ်သောဓားအာဏာရှက်ရဲ့အမွေအနှစ်ကို ငါတို့တွေ့လိုက်ရတာလား.... " 


ဟန်လီက အလွန်အံ့ဩသွားကာ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားလေ၏။ သူ့၏ ငွေဦးထုပ်ကို ခေါင်းမှဖယ်လိုက်ပြီး မျက်လုံးများတောက်ပသွားလေသည်။ 


သူ့၏နောက်မှ စစ်သည်တော်များကလဲ တအံ့တဩဖြင့်ငေးကြည့်နေကြပြီး ပါးစပ်မှတအံ့တဩ သည်းတွားနေကြ၏။ 


ထိုသူက မသေမျိုးဝိညဉ်နယ်ပယ်တွင် ထိပ်ဆုံးအဆင့်ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ပြီး ဆေးနန်းတော်ကြီးမှ ဆေးဘုရင်နှင့်ယှဉ်လျှင်ပင် များစွာသာလွန်နေပေသည်။ ထိုအဆင့်မျှရှိသော အမွေအနှစ်က အလွန်ထူးခြားပေသည်။ 


အကယ်၍ ထိုအမွေအနှစ်များကိုသာ ရရှိခဲ့လျှင် ကြီးမားသော အောင်မြင်တစ်ခုအဖြစ် ပြောနိုင်ပြီး ကောင်းကင်ကိုပင် ခုန်တက်ပျံတက်သွားနိုင်ပေမည် ဖြစ်သည်။ ဟန်လီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်ငြိမ်အောင်ပြုလုပ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ့၏မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး အနောက်မှ စစ်သည်တော်များကို ကြည့်လိုက်သည်။


"မင်းတို့တွေထဲမှာ ချက်ပြုတ်တတ်တဲ့သူ တစ်ယောက်မှမရှိကြဘူးလား..."

ဟန်လီက တည်ကြည်စွာမေးလိုက်သည်။


စစ်သည်တော်များမှာ ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားကြ၏။ 


"အချက်အပြုတ်လား...

အုပ်ချုပ်သူဟန်က ဘာကြောင့်မေးရတာလဲ..." 


သူတို့က ဆေးနန်းတော်၏ အစောင့်များဖြစ်ကြသည်။ ထို့ကြောင့် ဆေးပြားများကိုမည်သို့သန့်စင်ရမည်ကို သိရှိခြင်းက ယုတ္တိရှိပေလိမ့်မည်။ သို့ပေမယ့် ချက်ပြုတ်ခြင်းက သူတို့နှင့်လုံးဝမသက်ဆိုင်သော အရာတစ်ခုဖြစ်ပေသည်။


ဒဏ္ဍာရီများအရ ထိုဓားသည် ဆာလောင်နေသော သားရဲတစ်ကောင်ကဲ့သိုပင် အသတ်ပေါင်းများစွာကိုပင် သတ်ဖြတ်ခဲ့သည်။ ထိုဓားဖြင့် နတ်ဘုရားများနှင့်သားရဲများကိုပင် သတ်ဖြတ်ခဲ့ပေသည်။ ဝိဉာဉ်နှင့် နတ်သားရဲများ၏ အလောင်းများမှာရရှိရန်မှာ ခက်ခဲလှသည်။ 


ကြီးမြတ်သော ဓားအာဏာရှင်၏ အမွှေအနှစ်ကို ရယူနိုင်ရန် ချက်ပြုတ်ခြင်းနှင့် သက်ဆိုင်သော အရာများကိုလဲ သိရှိထားရမည် ဖြစ်သည်။ 


စစ်သည်တော်များ အံ့အားသင့်သွားကြသည်။ ဒီလိုနောက်ခံသမိုင်းကြောင်းရှိသည်ကို သူတို့ တကယ်မသိခဲ့ကြပေ။


ဟန်လီက စစ်သည်တော် များကိုကြည့်လိုက်ပြီး ချက်ပြုတ်နည်းကို သူတို့မသိကြသည်ကို သတိပြုမိသည်။ သူကစိတ်ပျက် အားငယ်မှုတစ်ခုကိုခံစားလိုက်ရ၏ သို့သော်လည်း ဒီနေရာအထိရောက်ရှိခဲ့ပြီး ဖြစ်သည်။ အရှုံးမပေးပဲ ဆက်သွားနိုင်မည်ဆိုလျှင် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုရှိနိုင်လောက်မည်ဖြစ်သည်။ အန္တရာယ်မတွေ့နိုင်အောင် သတိထားပြီး သွားရမည်ဖြစ်သည်။ 


“ ငါတို့မြို့ထဲကိုသွားကြမယ်...

ဘယ်လိုနည်းနဲဖြစ်ဖြစ် အမွေအနှစ်ကိုရအောင် ယူရမယ်... စောင့်ဆိုင်းနေမယ်ဆိုရင် အဲ့ဒီအမွေအနှစ် နိုးထလာတာကို ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေတစ်ခုလုံး သတိထားမိသွားလိမ့်မယ်... ။ 


ထိုသို့ပြောပြီးနောက် မြို့တော်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားလေ၏။ စစ်သည်တော်များက အော်ဟစ်လျက် ဟန်လီ၏ နောက်မှ လိုက်သွားလေသည်။ မသေမျိုးခန္ဓာအဆင့်ပင် ဖြစ်လင့်ကစား ထိုအမွေအနှစ်ကိုရယူရန်မှာ ထင်သလောက်လွယ်ကူမည် မဟုတ်ပေ။ 


.....


ထူထပ်လှသော မြူခိုးများက သူ၏မြင်ကွင်းအတွင်းရှိအရာအားလုံးကို မှုန်ဝါးဝါးဖြစ်စေခဲ့သည်။ အဆင့်မြင့်စွမ်းအင်ရှိသောပုဖန်၏ အမြင်အာရုံကြောင့်ပင် ငါးမီတာအတိုင်းအတာလောက်ကို မြင်ရလေသည်။ ထိုမျှကျော်လွန်၍ မမြင်ရပေ။ ရှေ့တွင်ရှိသမျှ အရာအားလုံးကမှုန်ဝါးဝါးနှင့်ပင် ဖြစ်နေ၏။ထုထည်ကြီးမားသောလှ မြူခိုးများကထူးခြားလှပေသည်။ လူတစ်ဦး၏ အမြင်အာရုံကိုပင်အားနည်းစေနိုင်သည်။ ဝှိုက်တီက ပုဖန်၏နောက်မှနေ၍ စမ်းတဝါးဝါးဖြင့် လိုက်လာ၏။ တောက်ပသော ခရမ်းရောင်မျက်လုံးများ၏ အလင်းကြောင့် မြူများကြားထဲတွင် ခရမ်းရောင်အလင်းတန်းနှစ်ခုကထိုးဖောက်နေပေ၏။ 


ဟင်း...ဟင်း....ဟင်း...


မြူခိုးများကြားထဲမှ ညည်းတွားသံတစ်ချို့က ထွက်ပေါ်လာလေသည်။ 


ထိုအသံက ပုဖန်ကိုအံ့ဩတုန်လှုပ်သွားစေသည်။ ထူထပ်သောမြူခိုးများကြားထဲမှ ပုံရိပ်တစ်ခုက ချဉ်းကပ်လာသည်။ ပုံရိပ်ကအစပိုင်းမှာ မှုန်ဝါးဝါးရှိသော်လည်းတဖြည်းဖြည်းနှင့် သိသာလာသည်။ ခြေသံများက ပိုမြန်ဆန်လာပြီး ပုဖန်ဆီသို့နီးကပ်လာလေသည်။ 


ပုဖန်၏အမူအယာသည် ထိုပုံရိပ်ကို သေချာစွာမြင်တွေ့လိုက်ချိန်တွင် အံ့ဩမှင်သက်သွားလေသည်။ ပုံရိပ်က ခေါင်းမရှိသော လူတစ်ယောက်ဖြစ်ပြီး စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားလျှက် လက်ထဲရှိသံဓားကို ကိုင်ဆောင်ကာ ပုဖန်၏ ရှေ့တည်တည့်ဆီသို့ တဟုန်ထိုး ပြေးဝင်လာလေ၏။ ကျောချမ်းစရာကောင်းလှသေး အသံတစ်ချို့ကလည်း ထိုစားဖိုမှူး၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာပေသည်။