အခန်း၅၇၄
ဓားသင်္ချိုင်းသို့ရောက်သည်နှင့် အမွေအနှစ်များ ထွက်ပေါ်လာလိမ့်မည်...
"ခေါင်းမရှိတဲ့စားဖိုမှုးလား… ဒီကမ္ဘာထဲမှာ ခေါင်းမဲ့စားဖိုမှူးက ဘာအတွက်ရှိနေတာလဲ..."
လက်တစ်ဖက်က မီးဖိုချောင်သုံးဓားကိုင်ထားသော ခေါင်းမရှိစားဖိုမှူးကိုကြည့်ပြီး ပုဖန် ခေါင်းများပင် ထုံကျင်လာသည်။
ထူးဆန်းသောမြို့ကြီး၌ လူသူတစ်ယောက်မျှမရှိသော်လည်း ခေါင်းမဲ့စားဖိုမှူး ရုတ်ချည်းဆိုသလို ပေါ်ထွက်လာခြင်းဖြစ်သည်။ မည်သူကမထိတ်လန့်ပဲ နေနိုင်မည်နည်း။
အေးဆေးပြီး စိတ်ငြိမ်တတ်သော ပုဖန်ပင်လျှင် အနည်းငယ် တုန်လှုပ်သွားသည်။ သို့သော်လည်းပုဖန်၏ စိတ်မှာခိုင်မာပေသည်။ အစပိုင်းကြောက်စရာကောင်းသော အခြေအနေကြောင့် ထိတ်လန့်သွားသော စိတ်မှာ တဖြည်းဖြည်းပြန်လည်တည်ငြ်ိမ်လာလေ၏။
ပုဖန်၏ လက်အတွင်းမှ အစိမ်းရောင်မီးတောက်ပေါ်ထွက်လာပြီး မဟူရာလိပ်ခုံး ဒယ်အိုးပေါ်ထွက်လာသည်။ အစစ်အမှန်စွမ်းအင်များကြောင့် မဟူရာလိပ်ခုံးဒယ်အိုးမှ ရွှေရောင်အလင်းတန်းများပင် ပေါ်ထွက်လာပေးသည်။
“စထွက်တော့..."
ဒေါင်....
ကျယ်လောင်သော မြည်သံ ပဲ့တင်ထပ်သွားသည်။ မဟူရာလိပ်ခုံးဒယ်အိုးကအသံ တစ်ခုနှင့်အတူ လေထုကိုခွင်းကာ ရွေ့လျားသွားလေ၏။ ရွေ့လျားမှုအရှိန်က မြူများကိုပင်ဖြိုခွင်းလိုက်သည်။ မဟူရာလိပ်ခုံးဒယ်အိုး က ကောင်းကင်ယံမှ ပျံသန်းလာပြီး ခေါင်းမဲ့စားဖို့မှုးကို ရိုက်ချလိုက်သည်။
ခေါင်းမဲ့စားဖိုမှူးမှာ ကျယ်လောင်သောအသံ နှင့်အတူလွှင့်ထွက်သွားပြီး မြေပြင်ပော်သို့ ကျသွားလေသည်။
ပုဖန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနေညက် မဟူရာ လိပ်ခုံးဒယ်အိုးမှာလဲ ရွှေရောင် အလင်းတန်းများထွက်ပေါ်ကာ တလက်လက် တောက်ပနေသည်။ ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်လျှက်ခေါင်းမဲ့စားဖိုမှူးဆီသို့ လျှောက်သွားလေ၏။
လိပ်ခုံးဒယ်အိုး၏ ရိုက်နှက်ခြင်းခံထားရသော ခေါင်းမဲ့စားဖိုမှူးက တုတ်တုတ်မှပင် မလှုပ်ပဲ နြေပြင်၌ လှဲကျနေသည်။ သို့သော်လည်း ပုဖန်တွင်မူ လိပ်ခုံးဒယ်အိုး ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ ရုတ်တရုတ် မလှုပ်ပဲ ရှိနေသော ခေါင်းမဲ့စားဖိုမှူသည် အပေါ်သို့ ခုန်ထွက်သွား ပြီး မီးဖိုချောင်းသုံးဓားဖြင့် ပုဖန်ရှိရာသို့ လွှဲခုတ်ချလာသည်။
ထန်း...
ပုဖန်က ဒယ်အ်ိုးဖြင့် ခေါင်းမဲ့စားဖိုးမှူးကို ထပ်မံ ရိုက်ချလိုက်သောကြောင် မြေပြင်သို့လှဲကျသွားပြန်သည်။
"ဒါက ဘယ်လိုကစားနည်းမျိုးလဲ …”
ခေါင်းမဲ့ စားဖိုမှုးကိုငေးကြည့်ရင်း ပုဖန်ပြောလိုက်သည်။ ခဏအကြာတွင် ထိုစားဖိုမှူးက တစ်ဖန်ပြန်လည်ခုန်တက်လာပြီး သူ့မီးဖိုချောင်သုံးဓားဖြင့် ပုဖန်ကို ခုတ်ပစ်ရန် ကြိုးစားလိုက်သည်။ ပုဖန်ကလည်း သနားညှာတာမှုမဲ့စွာ လိပ်ခုံးဒယ်အိုး ဖြင့်ရိုက်ချလိုက်၏။ နောက်တစ်ကြိမ်ပင် မြေပြင်သို့ အတုံးအရုံးလျဲကျပြန်ပြီဖြစ်သည်။
ပုဖန်က ထိုစားဖိုမှူး၏ လှုပ်ရှားမှုရပ်သွားသည်ကို အချိန်အနည်းငယ်ကြာသည်အထိ ရပ်ကြည့်နေသည်။ ပုဖန်က ခေါင်းမဲ့ စားဖိုမှုးလက်ထဲရှိမီးဖိုချောင်သုံးဓားကို ထုတ်ယူကာ ထိုင်ချလိုက်ပြီးနောက် ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။ ဒီမီးဖိုချောင်သုံးဓားကို ကိုင်လိုက်သင်္ညနှင့် ခန္ဓာကိုယ်ထဲသို့ ၀င်ရန်ကြိုးစားနေသော မှိုင်းညို့သည့်လှိုင်းတစ်ခုကို ပုဖန်ခံစားလိုက်ရသည်။
ထို မီးဖိုချောင်သုံးဓားတွင် ကြမ်းတမ်းခက်ထန်လှသော နတ်ဆိုးဝိဉာဉ်များ ကိန်းအောင်းနေသော ဓားဖြစ်သည်။
"ခေါင်းမဲ့စားဖိုမှူးက ဘယ်ကနေထွက်လာတာလဲ...
ဘာလို့ ကြီးမားလှတဲ့မြို့တော်ကြီးမှာစားဖိုမှူးတစ်ယောက်ရှိနေရတာလဲ...
ဒီစားဖိုမှူးကရော ဘာကြောင့်ခေါင်းမရှိတာလဲ..."
ဘူဖန်၏ ခေါင်းထဲ၌ စူးစမ်းလိုစိတ်များ သိချင်စိတ်များဖြင့် ပြည့်နက်နေသည်။ သို့သော်လည်း ထိုစားဖိုမှူးက ဖြေကြားနိုင်လိမ့်မည်ဟုတ်ပေ။ ထိုကြောင့်ပင် ပုဖန်က ခေါင်းမဲ့စားဖိုမှူးကို ဘာမှ မေးမြန်းခဲ့ခြင်းမရှိချေ။ ထိုအခိုက်အတန့်၌ အဝါရောင်သဲများကထိုမြေကြီး တစ်ခြမ်းလုံးကိုဖုံးအုပ်ပစ်လိုက်သည်။ လေပြင်းများ၏ တိုက်ခတ်မှုကြောင့် ထိုသဲများမှာ နေရာအနှံ့သို့ ပြန့်ကျဲသွားလေသည်။ ထိုကဲ့သို့ပင် သဲများအနှင့်အတူခေါင်းမဲ့စာဖိုးမှူးမှာ ပျောက်ကွယ်သွားပေသည်။ စားဖိုမှူးကိုင်ဆောင်ခဲ့သော မီးဖိုချောင်သုံးဓားမှာမူ ပုဖန်လက်အတွင်းပင် ကျောက်ဖြစ်လျှက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ပုဖန်၏ နားထဲတွင် ညည်းတွားသံများ ကျယ်လော်စွာ ကြားလာရ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသောမြူခိုးကြီးများမှ ဦး ခေါင်းမဲ့ ရုပ်ပုံများ၏ ပုံရိပ်ပေါ်လာလေသည်။
သူ့အနားတွင် ခေါင်းမဲ့စားဖိုမှူးတစ်စုက ဝိုင်းနေသည်ဟု သူခံစားလိုက်ရသည်။
"ဒီမြို့ကြီးမှာ ခေါင်းမဲ့စားဖိုမှူးစစ်တပ်တွေက တကယ်ကြီးရှိနေတာလား... ဟာသလာလုပ်နေတာပဲ..."
ပုဖန်အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ပြီး သူ့၏မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် နဂါးရိုးမီးဖိုချောင်သုံးဓားကို ဆွဲထုတ်လိုက်သည်။ သူ့၏အစစ်အမှန်စွမ်းအင်များကို နဂါးရိုးမီးဖိုချောင်သုံးဓားနှင့် ပေါင်းစည်းလိုက်သောအခါ နဂါးအရိုး မီးဖိုချောင်သုံးဓားသည် ချက်ချင်းဆိုသလ်ို ရွှေရောင်တောက်ပလာပြီး နေရာအနှံ့သို့ပျံ့နှံ့သွားသည်။ နဂါးအရိုးမီးဖိုချောင်ဓားကိုကိုင်လျှက် ပုဖန်ကလွှမ်းမိုးသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။ သူ၏အမြင်အာရုံ၌ ပေါ်ထွက်သောခေါင်းမဲ့စားဖိုမှူးများ၏ ပုံရိပ်များကိုကြည့်လိုက်သည်။
ခေါင်းမဲ့စားဖိုမှူးများ၏ အသွင်အပြင်မှာ အခြေခံအားဖြင့်တူညီကြသည်။ တချို့က တစ်ဖက်၌ မီးဖိုချောင်သုံးဓားကိုကိုင်ဆောင်ပြီး တချို့က ယောက်ချိုဇွန်းများ ကိုင်ဆောင်ထားကြသည်။
ဝတ်ဆင်ထားသောစားဖိုမှူးများဝတ်စုံက ညစ်ပေနေပြီး ထူးဆန်းသောစွမ်းအင်တစ်ခုကိုလည်း တွေ့မြင်ရပေသည်။ ထို့နောက် ဤစားဖိုမှူးများက ပုဖန်ကို ပတ်ပတ်လည် ဝိုင်းထားပေပြီ။ ပုဖန်၏ စိတ်မှာ နှိုင်းယှဉ်စရာမလိုအောင် တည်ငြိမ်နေခဲ့သည်။ သူ၏ နဂါးရိုးမီးဖိုချောင်သုံး ဓားကိုလေထဲသို့ ဝှေ့ယမ်းလိုက်သောကြောင့် ဓားမှာလေထဲ၌လည်နေပေသည်။ ပုဖန်၏ခန္ဓာကိုယ်တွင် စွမ်းအင်လှိုင်းများ ဖြတ်သန်းသွားပေသည်။
စားဖိုမှူးများ အကြားရှိ တိုက်ပွဲဖြစ်လာခဲ့ပေပြီ။
“ လာစမ်းပါ..."
ပုဖန် အေးဆေးစွာပြောလိုက်သည်။
ထိုအချိန်တွင်မှာပင် ပုဖန် အံ့ဩမှင်သက်သွားသည်။ ဘူဖန်က နဂါးရိုးမီးဖိုချောင်ဓားကို ဝှေ့ယမ်းလိုက်သည်နှင့်ပင် ခေါင်းမဲ့စားဖိုမှူးများအားလုံးအေးခဲသွားပြီး ခဏအကြာတွင် မြူခိုးများထဲ၌ ပျောက်ကွယ်သွားကြလေသည်။
"ဟင် ဘာတွေဖြစ်နေတာလဲ...
ဒီစာဖိုးမှုးတွေက တိုက်ခိုက်စရာမလိုပဲ ထွက်ပြေးသွားခြင်းဖြစ်သည်။
ပုဖန်ကမျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် မြူများကကွဲထွက်သွားပြီး တိတ်ဆိတ်ငြိမ်သက်နေသော လမ်းကြောင်းတစ်ခုကို သဲကွဲစွာ မြင်လိုက်ရပေသည်။
ပုဖန်ကြောက်ရွံမှု ကင်းစွာဖြင့် ပေါ်ထွက်လာသော လမ်းကြောင်းဆီသို့ ဝှိုက်တီနှင့်အတူ လျှောက်လှမ်းသွား၏။ ထို့နောက်အမျိုးသားတစ်ယောက်နှင့် ရုပ်သေးရုပ်တစ်ရုပ်တို့သည် မြူအတွင်း၌ လျင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားပေသည်။
....
မြူများကလည်း ဖြည်းဖြည်းနှင့် ပြန်လည်ဆုံစည်းသွားသည်။ ကြီးမားသောမြို့ကြီးတစ်ခုလုံးက ထူထပ်သောမြူများအတွင်း၌ ပျောက်ကွယ်သွားလေသည်။
ရှေ့ကိုလျှောက်လေလေ မြူခိုးများက ပိုပါးလာလေ ဖြစ်သည်။ ပုဖန်နှင့်ဝှိုက်တီတို့မှာ ရှေ့တွင်လမ်းမရှိတော့သောကြောင့် ရပ်တန့်လိုက်ကြသည် ။သူတို့၏ရှေ့တွင် အထပ်ပေါင်းများစွာရှိသော မြင့်မားသည့်အဆောက်အအုံတစ်ခုသာရှိသည်။
"ဝင်ပေါက်မရှိဘူးလား..."
ပုဖန်ရပ်တန့်သွားသည်။ ပုဖန်လှည့်ပတ်ကြည့်လိုက်သောအခါ အလုံပိတ်ထားသည်ကို သူသဘောပေါက်လိုက်၏။ ဝှိုက်တီ၏ခရမ်းရောင်မျက်လုံးများက တောက်ပလာပြီး အဆောက်အအုံရှေ့သို့လမ်းလျှောက်လာလေသည်။ သူ့၏ကြီးမားသော လက်ဖဝါးကြီးဖြင့် ထိုအဆောက်အဦးပေါ်သ်ို့ရိုက်ချလိုက်လေသည်။ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး အဆောက်အဦးတစ်ခုလုံးတုန်လှုပ်သွားသော်လညး နံရံတစ်ခုပင် မကျိုးပဲ့သွားပေ။ အဆောက်အအုံမှာ အလွန်ခိုင်မာလှသည်။
"ဝှိုက်တီ ...ပိုအားစိုက်ပြီး ထပ်ရိုက်ကြည့်လိုက်..."
ပုဖန်က ဝှိုက်တီကို ညင်သာစွာပြောလိုက်သည်။
ဝှိုက်တီ ခေါင်းညိတ်ပြလျှက် အဆောက်အအုံကိုအဆက်မပြတ် ရိုက်လေ၏။
ပုစွန်ပိစိက ပုဖန်၏ ပခုံးထက်မှနေ၍ အဆောက်အအုံကို မနားတမ်း ရိုက်နေသည့် ဝှိုက်တီအား မှင်သေသေဖြင့် စိုက်ကြည့်နေလေသည်။ ထို့နောက် ပုစွန်ပိစိ၏ပုံမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ အဆောက်အအုံဆီသို့ တွယ်ကပ်သွားပြီး ပုစွန်ပိစိထံမှ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပေသည်။ ထို့နောက်တွင် အဆောက်အအုံကို ပြင်းထန်စွာရိုက်ခွဲလိုက်သည်။
ပူးကပ်လျက်ရှိသော ကျောက်တုံးများမှာ တစ်ခုနှင့် တစ်ခု တိုက်မိသွားပြီး အဆောက်အအုံထဲသို့ထိုးကျသွားသည်။ အဆောက်အဦးတစ်ခုလုံးမှပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည် မြေပြင် တစ်ခုလုံးမှာလဲ ပြင်းထန်စွာတုန်ခါလာလေ၏။ ဝှိုက်တီမှာ အလျင်အမြန်ပင် ပုဖန်၏ဘေးသို့ ရောက်လာပြီး ပုစွန်ပိစိမှာလဲ ပုဖန်၏ ပုခုံးစွန်းသို့ရောက်ရှိနေပြီ ဖြစ်သည်။ ပုဖန်က နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ကြီးမားသော အဆောက်အအုံကြီး ရုတ်တရက်ပြောင်းလဲသွားပုံကို ကြည့်ရင်း သဘောပေါက်လိုက်သည်။ နံရံပေါ်ရှိ အုတ်များက အဆက်မပြတ်ပြိုကျသံမှား ပေါ်ထွက်လာပေသည်။
ခတ္တမျှကြာပြီးနောက်တွင် အရာအားလုံး အခြေကျသွားသည်။ ထို့နောက် အလင်းတန်းတစ်ခုက ကောင်းကင်ယံနှင့် အဆောက်အအုံဆီသို့ အပြန်အလှန်ရွေ့လျားနေပေ၏။ ကောင်းကင်မှ အသံများမြည်ဟီးလာပြီး ထိုအလင်းတန်းက မြေအောက်ကမ္ဘာဆီ ပြန်ရွေ့လျားလာသည်။ ထိုတောက်လောင်နေသော အဖြူရောင်အလင်းမှ အရောင်မျိုးစုံ ပေါ်ထွက်လာ၏။
ဘုန်း...
မြေပြင်မှာ အက်ကွဲသွားပြီး နောက်ထပ်ကြီးမားသည့် ချောက်ကြီးတစ်ခုပေါ်ထွက်လာပေသည်။ ထိုအတွင်း စွမ်းအင်များက ပေါ်ထွက်လာနေပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်သိပ်သည်း လေးလံလှသောလေထုနှင့် အတူကြီးမားသောမြို့တော်ကြီးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို တစ်ဖန်ထုတ်လွှတ်လိုက်ပုံရသည်။ကောင်းကင်လျှို့ဝှက်နယ်မြေမှ အလင်းတန်းကြီးတစ်ခုက ကောင်းကင်နှင့် မိုးကုတ်စက်ဝိုင်းဆီသို့ ဖြတ်သန်းသွားလာနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ကောင်ကင်းယံတွင် ရေစီးကြောင်းလှိုင်းကြီးတစ်ခု ဖြစ်နေသလိုပင် ဖြစ်နေသည်။ စွမ်းအင်လှိုင်းတစ်ခုက ချက်ချင်းပင် လွှမ်းမိုးပျံ့နှံသွားပေသည်။ ဓါးစွမ်းအင်များလွှမ်းမိုးနေခြင့် ဖြစ်သည်ဟု ယူဆရသည်။
ဤအချိန်၌ကောင်းကင်လျှို့ဝှက်နယ် မြို့နယ်တစ်ခုလုံးတုန်လှုပ်သွားပုံရသည်။ တောက်ပသောရွှေနန်းတော် အဆောက်အအုံအတွင်း၌အသိပညာသစ်ကိုသိရှိလို၍ ရောက်နေကြသည့် အဂ္ဂိရတ်ပညာရှင်များစွာက အမွေ၏တည်ရှိမှုကိုခံစားပြီးမျက်လုံးများကို ဖွင့်လိုက်ကြသည်။ ၎င်းတို့အနက်ဆံပင်ဖြူအဘိုးအိုတစ် ဦး သည်မှိန်ဖျော့နေသောမျက်လုံးများကိုဖွင့်လိုက်ပြီးအလင်းတန်း၏ ဦးတည်ရာကိုအလွန်စူးစိုက်ကြည့်နေသည်။ သူ၏တွန့်ကြေနေသောမျက်နှာသည်အံ့သြမှုများဖြင့်ပြည့်နှက်နေသည်။
"တစ်စုံ တစ်ယောက်က ကြီးမြတ်သော ဓားအာဏာရှင်ရဲ့ အမွေအနှစ်ကို ဖွင့်လိုက်တာလား..."
ကြီးမားလှသော နန်းတော်မှအဂ္ဂိရတ်ပညာရှင်အားလုံးက မတ်တပ်ရပ်ပြီးခေါင်းကိုမော့ကာကာအလင်းတန်း၏ ဦးတည်ရာကိုကြည့်လိုက်သည်။ လူတိုင်း၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကို
ပြည့်နက်နေသည်။
"ဒါက ကြီးမြတ်သောဓားအာဏာရှင်ရဲ့ အမွေအနှစ်လား..."
"ဓားအာဏာရှင်ရဲ့ အမွေအနှစ်က တကယ် ပေါ်ထွက်လာပြီလား..."
ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေမှာ ကျွမ်းကျင်ပညာရှင်များ မြောက်မြားစွာရှိသော်လည်း ရှာဖွေမတွေ့ခဲ့ကြပေ။
အဂ္ဂိရတ်ပညာရှင် အချင်းချင်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စကားများအပြန်အလှန် ပြောဆ်ိုနေသည်။ မုပိုင်က ဘေးမှလူငယ်အား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"စီနီယာ နတ်ဆိုးဓားသွား အမွေအနှစ်ပိုင်ရှင်က ဘယ်သူလဲ..."
မုပိုင်အား လမ်းညွှန်ပေးနိုင်မည့်လူငယ်လေး၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေပေ၏။
"နတ်ဆိုးဓားသွားက ရှေးခေတ်ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ဖြစ်ပြီးတော့ အဖိုးတန်တယ်... မသေမျိုးဝိညါဉ်အဆင့်ပညာရှင် တစ်ဦးဆီက အမွေအနှစ်ပဲ... ဒါကိုဘယ်သူမှ မသိကြဘူးလား..."
မုပိုင် လေအေးတစ်ချက်ရှူရှိုက်မိလိုက်ပြီး မျက်လုံးများမှာ တောက်လောက်နေသည်။ မည်သူမျှ စကားမဆိုကြတေါ့ပေ။ အဂ္ဂိရတ်ပညာရှင်များအားလုံး ဆေးနန်းတော်အဆောက်အအုံ မှ အလောတကြီးပြေးထွက်လာပြီး အလင်းတန်းကြီးရှိရာသို့ ဦးတည်လိုက်ကြသည်။
ယခုအချိန်တွင် ဆေးနန်းတော်အဆောက်အအုံမှ အဂ္ဂိရတ်ပညာရှင် များသာမကကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေများကို လှည့်လည်နေသော ကျွမ်းကျင်သူများသည်လည်း ဤမှားယွင်းမှုကိုသတိပြုမိသည်။ သူတို့အားလုံးစိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ရှုရမိန်းမပျိုက သူမ၏ တောက်ပသော မျက်လုံးများနှင့် ထိုအလင်းတန်းကြီး၏ ဦးတည်ရာကို စိုက်ကြည့်လိုက်သည်။ သူမ၏ လက်ချောင်းလေးမှ လှိုင်းများက ထိုအလန်းတင်ဆီသို့ အလုအယက် ဦးတည်သွားလေ၏။ သူမဘေးရှိ လျို့လီကသက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူ့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှာများပြည့်နက်နေပေသည်။
....
ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ၏ တောအုပ်အတွင်း၌ သက်လတ်ပိုင်းအမျိုးသားတစ်ဦး က လက်တစ်ဖက်တွင် ကြီးမားသောဝိညာဉ်သားရဲတစ်ကောင်ရဲ့အလောင်းကိုကိုင်ထားပြီး အခြားတစ်ဘက်ကမီးဖိုချောင်သုံးဓားကိုကိုင်ထားပေသည်။
“ကြီးမြတ်သော ဓားအာဏာရှင်ရဲ့အမွေအနှစ်လား... ဘယ်လောက်တောင် အဓိပ္ပာယ်ရှိလိုက်လဲ... ငါက အစားကြူးတောင်ကြားနဲ့ ဆက်သွယ်မှုတွေရှိနေတယ် ...
အဲ့တာကြောင့် ဒီအမွေအနှစ်ကို ရိုင်းပြလို့မရဘူး...."
.....
ကျန်းလင်က အရှိန်ဟုန်ဖြင့်ပျံသန်းလာနေ၏။ ရုတ်တရက်အလင်းတန်းကြီးကို မြင်လိုက်ပြီးနောက် ကြီးမားသော သစ်ပင်တစ်ခု၏ ထိပ်၌ အမြန်ရပ်လိုက်၏။ သူမ၏ မျက်နှာမှာ ကြည်လင်တောက်ပနေပေသည်။
ဤဖိအား အမျိုးအစားမျိုးက ကျွမ်းကျင်သူတချို့၏ အမွေအနှစ်မျိုးပင်ဖြစ်သည်။ ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ၌ရှိ နတ်ဆိုးဓားသွား အမွေအနှစ်မှာ ကျွမ်းကျင်ပညာတစ်ယောက်၏ ပိုင်ဆိုင်မှုဖြစ်သည်။ ထိုအရာထက်သူ့၏ဆရာ မှာကြားထားသည်များက သူ့အတွက်ပို၍ပင် အရေးကြီးလေသည်။
"ဒီလိုမှမဟုတ်ရင် အမွေအနှစ်တွေကို ငါဆိုတဲ့ ကျန်းလင်က အကုန်ဖော်ထုတ်ပစ်မယ်..."
ကျန်းလင်း အသက်ပြင်းတစ်ချက်ရှုထုတ်လိုက်ပြီး အရာရာကို စိတ်ပိုင်းဖြတ်ထားသေအကြည့်ဖြင့်အဝေးသို့လျင်မြန်စွာ ပျံထွက်သွားပေသည်။
....
ပတ်ပတ်လည်၌ကြီးကျယ်ခမ်းနားပြီး စစ်မှန်သောစွမ်းအင် အမျိုးအစားများပြည့်လျှံနေသည်ကို လူတိုင်းသတိပြုမိလိမ့်မည်။ အလင်းတန်းက မည်သည့်အချိန်တွင်မဆို ပြတ်တောက်သွားနိုင်ပေသည်။ အလင်းပညာရှင်များစွာကလည်း ထိုအလင်းတန်းရှိရာ ကောင်းကင်ယံဆီသို့ ရောက်လာကြသည်။ ထိုသူအားလုံးက အမွေအနှစ်ကို လိုချင်တောင်းတနေသူများဆိုလျှင်လည်း မမှားနိုင်ပေ။
ထိုအချိန်တွင် အမွေအနှစ်ရှိရာ သင်္ချိုင်းသို့ရောက်ရှိနေသော ပုဖန်မှာမူချွေးများပင်စို့နေပေသည်။ ပုဖန်က လျင်မြန်စွာ ကြီးမားသော အခန်းလွတ်ကြီးဆီသို့ ဝင်ရောက်သွားသည်။
အခန်းကြီးထဲရှိ မြေပြင် ၌ဓားရှည်ရှည် အမျိုးအစားများစွာရှိသည်။ ဓားများ၏ အပေါ်တွင်သေခြင်းတရားများ၏ လွှမ်းမိုးမှုများ ရှိနေသည်ဟု ခံစားလိုက်ရသည်။ ဤအခန်းကထိုဓါးသွားများ၏သင်္ချိုင်း ဖြစ်ပုံပေါ်သည်။ ရှည်လျားသောဓါးရှည်များ၏အလယ်၌ မီးတောက်ကဲ့သို့နီရဲနေသောမီးဖိုချောင်သုံး ဓားတစ်လက်ကတည်ရှိနေပေသည်။ အမှောင်ထဲတွင်တောက်ပနေပြီး သေခြင်းတရား ရောင်ခြည်တစ်ခုက ပျံ့လွှင့်နေပေ၏။
ပုဖန်၏ ရင်ဘတ်မှာ တင်းကြပ်လာသလိုခံစားလိုက်ရသည်။ဓါးသင်္ချိုင်း၏ ဆွဲဆောင်မှုက ထိုမီးဖိုချောင်သုံး ဓားပင်ဖြစ်သည်။
ဒီနေရာက မီးဖိုချောင်သုံး ဓားတွေကိုမြှုပ်ထားတဲ့သင်္ချိုင်း ဖြစ်နေတာလား။ ပုဖန်အနည်းငယ်ထူးဆန်းသလို ခံစားလိုက်သည်။
ဒီမြေအောက်မြို့တော်ရဲ့ အရှင်သခင်က စားဖို့မှူးဖြစ်နိုင်ပေသည်။