အခန်း၅၇၅
မီးဖိုချောင်သုံး ဓားကိုထုတ်လိုက်...
"ဒါကမီးဖိုချောင်သုံးဓား မြှုပ်ထားတဲ့ဂူသင်္ချိုင်းလား ..."
ပုဖန်ကသက်ပြင်းချလိုက်သည်။
"မီးဖိုချောင်သုံးဓားကို မြုပ်ထားတဲ့ သင်္ချိုင်းတစ်ခုရဲ့ သခင်က စားဖိုမှူးဖြစ်နိုင်ပါ့မလား..."
ပုဖန် ဆက်တိုက် ထိုအကြောင်းကိုတွေးနေရင်း... ပို၍ဖြစ်နိုင်ချေရှိပုံပော်လာသည်။ မီးဖိုချောင်သုံးဓားက တောက်ပပြောင်လက်နေပါသော်လည်း သေမင်း၏အလင်းရောင်က ထိုတောက်ပမှုကို စည်းတံဆိပ်ခတ်နှိပ်ထားပေသည်။
ပုဖန်ဖြည်းဖြည်းချင်း ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အခန်းထဲရှိလေထုက ထူးဆန်းပေသည်။ လေထုကဓား၏စွမ်းအင်နှင့် ပြည့်နှက်နေပြီးလူတစ်ဦး ၏အရေပြားကိုပင် စူးရှနာကျင်စေနိုင်သည့်အထိ ပြင်းထန်လှသည်။ ဓားများက ပုံသဏ္ဌာန် အမျိုးမျိုးဖြင့်တည်ရှိနေပြီး အချို့ဓားများက မွဲခြောက်လျက်ရှိပြီး အနီရောင် မီးဖိုချောင်သုံးဓားကမူ မှေးမိန်ခြင်းမျိုးမရှိပေ။ မီးဖိုချောင်သုံးဓား၏ ရှေ့တွင်ရှိနေသော ဓားများ၏အရောင်အသွေးမှာ မှေးမှိန်နေလေသည်။
သူ ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ပမျက်လုံးများ ကျဉ်းမြောင်းလျှက် သူ့၏အနီးဆုံးနေရာမှ ဓားကိုကြည့်ကာ ဆုပ်ကိုင်လိုက်သည်။ သေခြင်းတရားများ လွှမ်းခြုံထားသော အေးစက်မှုက ပုဖန်၏ ခန္ဓာကိုယ်အတွက်သို့ ဝင်ရောက်သွားသလိုပင်ခံစားလိုက်ရသည်။ သို့သော်၏ ခန္ဓာကိုယ် အတွင်းစွမ်းအား အဆင်မြင့်မှုကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ မီးတောက်အလင်းတန်းများက လောင်ကျွမ်းသွားပြီးနောက် ပုဖန်၏ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားပေသည်။
"ဒီဓားက တော်တော်အံ့ဩဖို့ကောင်းတာပဲ ..."
ပုဖန်က ထိုဓားကိုကောက်ယူလိုက်ပြီး မျက်လုံးအကြည့်ဖြင့် တိုင်းတာကြည့်လိုက်သည်။ ဓားကို လှည့်လိုက်ပြီးနောက် ကြည်လင်သောအသံတစ်ခုပေါ်ထွက်လာပေသည်။
ချွင် ချွင် ချွင်...
သတ္တုများ အချင်းချင်း တိုက်မိသောအသံက အဆက်မပြတ်ပျံ့နှံ့သွားပြီး အခန်းထဲရှိဓား၏စွမ်းအင်မှာ ယခင်ကထက်ပင် ပိုပြတ်သားလာသည်။ ရုတ်တရက်ကြီးမားသော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ဓားများတစ်လက်ပြီး တစ်လက်လေထဲသို့ မြောက်တက်လာလေသည်။
ဓားများက ဓားပျံများအဖြစ် ပုဖန်ဆီသို့ လျင်မြန်စွာ ပျံသန်းလာလေသည်။ ထိုဓားများက ကြည်လင်နေသော ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်ပြီး တွေ့မြင်သူမှန်သမျှ ကြောက်
ရွံ့သွားနိုင်စေမည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သလိုပင် ဖြစ်နေသည်။
ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးများက တောက်ပလာပြီး ပုဖန်ကိုကာကွယ်ရန်ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ကန့်လန့်ကာတစ်ခုနှင့်တူသောသတ္တုအတောင်ပံတစ်စုံ နောက်တွင်ဖြန့်ကြက်ထားသည်။ ရုပ်သေးရုပ်၏ အတောင်ပံများမှ မြောက်များလှသော ဓားများ.ချက်ချင်းပျံတက်သွားပြီး သတ္တုအချင်းချင်း ထိမှန် ပွတ်တိုက်မိကာ မီးပွားများနေရာအနှံ့ မိုးကဲ့သို့ ရွာသွန်းနေပေ၏။ ပျံဝဲနေသောဓားများက ဝှိုက်တီထံသို့ပြန်လည်ရောက်လာလေ၏။ ခရမ်းရောင်မျက်လုံးများနှင့် ရုပ်သေးရုပ်က အလွန်ကြီးမားသော လက်ဖဝါးဖြင့် အကာကွယ်ယူလိုက်ပေသည်။
ဘန်း... ဘန်း....ဘန်း
အလွန်ကြီးမားသော လက်ဖဝါးကြီးက ဓားများကို တင်းကြပ်စွာ ဖမ်းဆုပ်လိုက်သော ကြောင့် ကျယ်လောင်သော အသံများထွက်ပေါ်နေပေသည်။ ခိုင်မာသောညှစ်အားဖြင့် ဖမ်းဆုပ်ပြီး ထိုဓားပျံများအား သတ္တုဘောလုံးတစ်လုံးကဲ့သို့ ညှစ်လျှက်လုံးလိုက်လေသည်။ သတ္တုလုံးအပိုင်းအစများကို ပစ်လိုက်ပြီးနောက် ဝှိုက်တီ၏ မျက်လုံးများမှာ တောက်ပမှုမှေးမှိန်သွားပြီးအဝေးမှအနီရောင်ဓားကိုစိုက်ကြည့်နေသည်။
.....
ဘုန်း...
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး အနီးနားရှိပတ်ဝန်းကျင်တစ်ခုလုံး မီးတောင်ဝအဖြစ်သို့ ပြောင်းလဲသွားသည်။ ပညာရှင်များက လေးနက်သောအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် မီးတောင်ဝသို့လျင်မြန်စွာပျံတက်သွားကြသည်။ သိပ်မကြာခင်မှာပင် သူတို့ကမီးတောင်၏ အောက်ခြေသို့ ရောက်ရှိသွားလေသည်။ အနီရောင် ကျောက်တုံးများကို ထုတ်လွှတ်လိုက်ပြီးနောက်တွင် ဧရာမမြို့ကြီးတစ်မြို့ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။
မြို့ကြီးရဲ့ သင်္ချိုင်းနေရာက ကြီးမြတ်သောဓားအာဏာရှင် ရဲ့ အမွေအနှစ်ထားရာ နယ်ပယ်လား။ တနည်းအားဖြင့် အမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ်ထားတာလား။ ထိုကဲ့သို့ ကောက်ချက်ချမှုများဖြင့် ကျွမ်းကျင်ပညာရှင်များက မြို့ကြီးဆီသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အာရုံစိုက်မိနေကြ၏။ သူတို့ မြေအောက်မြို့တော်ထဲသို့ ဝင်သွားကြသည်နှင့် မြူများမြင့်တက်လာပြီး အားလုံးကိုဖုံးလွှမ်းသွားပေသည်။ ထ်ိုအမွေအနှစ်ကို စိတ်ဝင်စားကြနေသူအားလုံးမှာမူ မည်မျှ အန္တရာယ်များကြောင်းကိုလဲ ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သောကြောင့် သူတို့၏ အစောင့်များကို မထားခဲ့နိုင်ကြချေ။
ပတ်ဝန်းကျင်ရှိအခိုးအငွေ့များကြားမှ ညည်းတွားသံများနှင့်အတူ ခေါင်းမဲ့ပုံရိပ်က ပေါ်ပေါက်လာလေသည်။
ထို ခောင်းမဲ့အလောင်းကောင်များက မီးဖိုချောင်သုံးဓားကို လက်တစ်ဖက်၌ ကိုင်ထားပြီး ကျန်တစ်ဖက်မှ ယောက်ချိုဇွန်း တစ်ချောင်းကိုကိုင်ထားသည်။ ရုတ်တရက် ခေါင်းမဲ့စားဖိုမှူးများ၏ ပုံရိပ်က အခိုးအငွေ့များအတွင်း ပေါ်လာသည်မှာ ပညာရှင်များကို ခြောက်လှန့်လိုက်သလ်ိုပင်ဖြစ်နေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ခေါင်းမဲ့စားဖိုမှူးများက တစ်ယောက်ပြီးယောက် အပိုင်းအစများကဲ့သ်ို့ ကြေပျက်သွားက အဝါရောင်သဲအဖြစ်သို့ ပြောင်းသွားသည်။ ပညာရှင်အချို့မှာလည်း စားဖိုမှူးများ၏ ဓားဖြင့် ခုတ်ဖြတ်ခြင်းခံသောကြောင့် နာကျင်စွာ အော်ဟစ်ကြပေသည်။
လတ်ဆတ်သောသွေးများ မြေပြင်သို့စွန်းထင်းသွားပြီး လျင်မြန်စွာစိမ့်ဝင်သွားလေသည်။မြို့တော်ရှိ ကြီးမားသော သက်ရှိအရာတစ်ခုက အသက်ပြန်ရှင်လာခဲ့ပြီဖြစ်သည်။
သေခြင်းတရား၏ အမွေအနှစ်အားလုံး ထွက်ပေါ်လာခဲ့ပေပြီ။
ထိုအချိန်တွင် လဲကျနေကြသော် ပညာရှင်များ၏ အလောင်းများမှ သွေးများသည် ခြောက်သွေ့သွားပြီး မြေကြီးပေါ်တွင်အလောင်းများက ခြောက်ကပ်စွာ ကျန်ရစ်ခဲ့သည်။ ဤမျှဆိုးဝါးသော မြင်ကွင်းကသူတို့၏ နှလုံးသားထဲသို့ ကြောက်ရွံမှုများကို ဖြစ်ပေါ်စေသည်။ ကံကောင်းထောက်မစွာပင် ခေါင်းမဲ့စားဖိုမှုးများက ပျက်ဆီးသွားပြီးနောက် မြူခိုးများကွဲလာကာ သူတို့နှင့် နီးစပ်သော နေရာဆီမှ လမ်းကြောင်းတစ်ခုပော်လာလေသည်။
ပညာရှင်များမှာ ကယောင်ချောက်ချားဖြင့် ထိုလမ်းရှိရာဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားကြလေ၏။ မကြာမီ ကြီးမားလှသောအဆောက်အဦး တစ်ခုဆီသို့ ရောက်သွားလေသည်။
အမှောင်ထုဖြင့် ပြည့်နက်နေသော နေရာရှေ့၌ ပညာရှင်များက အဓိပ္ပာယ်မဖော်နိုင်သော အကြည့်များဖြင့် အပြန်အလှန်ကြည့်နေကြပေ၏။ ထို့နောက် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့သည့်အသွင်အပြင်ဖြင့် အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားပေ၏။
.....
ဝီ....
အနီရောင် မီးဖိုချောင်သုံးဓားက သံကြိုးများဖြင့်ချည်နှောင်ခြင်း ခံထားရသည်မှ လွတ်မြောက်ရန် ရုန်းကန်နေရသကဲ့သို့ ပြင်းထန်စွာတုန်ခါနေသည်။ ချည်နှောင်ထားသော သံကြိုးများကသေမင်း စွမ်းအင်အနက်ရောင်ကြိုးများဖြင့် ပြုလုပ်ထားသောကြောင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ပုဖန်က အနီရောင် မီးဖိုချောင်သုံးဓား၏ အနီးသို့ချဉ်းကပ်သွားပြီး ထိုဓား၏ အနုစိတ်ရှုပ်ထွေးမှု အနုပညာများကို လေ့လာသုံးသပ်လိုက်သည်။ ထိုအနီရောင် မီးဖိုချောင်သုံးဓား၏ အရှေ့တွင် ပုဖန်၏ ရွှေရောင် မီးဖိုချောင်သုံး နဂါးအရိုး ဓားသွားက ကြမ်းတမ်းလာသည်ဟု သူခံစားလိုက်မိသည်။
အနီရောင် မီးဖိုချောင်သုံးဓားက ပတ္တမြားများကဲ့သို့တောက်ပနေသည်။ ကနုတ်လက်ရာများဖြင့် ထွင်းထုထားပြီ အလယ်ဗဟိုတွင် ဝိဉာဉ်စွမ်းအင်များကြောင့် အနီရောင်မီးဖိုချောင်သုံး ဓားမှ လွှမ်းမိုးနိုင်သောစွမ်းအင်များ ကိုထုတ်လွှတ်နေပေသည်။သို့သော်လည်း ထိုဓားအား သေခြင်း၏စွမ်းအင်များဖြင့် ထိန်းချုပ်ထားလေ၏။
“ ဒီအနီရောင် မီးဖိုချောင်သုံးဓားက မလောင်ကျွမ်းနိုင်ဘူးလား..."
ပုဖန်က သက်ပြင်းချလိုက်သည်။ စားဖိုမှူးတစ်ယောက်အနေဖြင့် ထိုဓားကို လွတ်မြောက်ပေးရန် တာဝန်ရှိနေသည်ဟု ခံစားလိုက်ရသည်။
သူ့ပါးစပ်မှ ရွှေရောင်မီးတောက် တစ်ခုကိုထုတ်လွှတ်လိုက်သည်။ မီးတောက်က လက်ထဲ၌ထူးခြားဆန်းကြယ်စွာ ရစ်ဝဲနေပေ၏။ လက်ကို တစ်ချက် လှည့်လိုက်ပြီး ရွှေရောင်မီးတောက်များက သေမင်းစွမ်းအင်လှိုင်းများ၏ အလယ်ဗဟိုသို့ ကျရောက်သွားလေ၏။
မီးတောက်က သေမင်းစွမ်းအင်များနှင့်အတူ ချက်ချင်းပင် လောင်ကျွမ်းသွားပြီး သံကြိုးဆီမှ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ပုဖန်က အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည့် မီးတောက်အား ငေးကြည့်လျက် တုန်လှုပ်သွားလေသည်။ ထို့နောက် တံခါး၏ အပြင်မှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ လူများကဆူညံစွာဖြင့် နေရာအနှံ့ကို ကြောက်ရွံ့စွာ သတိထား၍ရောက်လာကြ၏။ ထိုလူများကအနီရောင် မီးဖိုချောင်သုံးဓားရှေ့၌ ရပ်နေသောပုဖန်ကို သတိထားမိလိုက်ကြသည်။ ခဏတာမျှမှင်တက်သွားပြီးနောက် သဘောပေါက်သွားကြည်။
ထိုလူငယ်က ကြီးမြတ်သော ဓားအာဏာရှင်သ၏ အမွေအနှစ်ကိုအသက်သွင်းသူ ဖြစ်လိမ့်မည်။ အမွေအနှစ်ကို အသက်သွင်းသူတရားခံက လူငယ်တစ်ယောက်ဖြစ်လိမ့်မည် ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ၏။
အကြည့်များက ပုဖန်၏ ရှေ့မှအနီရောင် မီးဖိုချောင်သုံးဓားသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သေမင်းစွမ်းအင်ကို မီးရှို့ ဖျက်ဆီးလိုက်သောကြောင့် ဓားနီက ပြန်လည်တောက်ပလာပေ၏။
" နတ်ဘုရားသတ်ဓားသွား..."
"ဘုရားရေ... "
"ကြီးမြတ်သော ဓားအာဏာရှင်ရဲ့ အမွေအနှ စ်ဖြစ်တဲ့ နတ်ဘုရားသတ်ဓား ထွက်ပေါ်လာတာက မမြန်ဆန်လွန်းဘူး လား..."
"ဒာက သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ လက်နက်ပဲ...ဒီလက်နက် ဝိဉာဉ်များနဲ့ သားရဲများကို သတ်ဖြတ်ခဲ့တယ်..."
ပညာရှင်များက သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြပဲ မျက်လုံးအပြူးသားနှင့် တုန်ရီစွာ ကြည့်နေကြသည်။ ကြည့်နေသည့် မျက်လုံးများထဲတွင် လိုအင်တောင်းတမှု လောဘတို့ဖြင့် ပြည့်နေလေ၏။
“လူလိမ်ကောင်...
သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားနဲ့ ဝေးဝေး နေစမ်း ...
ကြီးမြတ်လှတဲ့ အမွေအနှစ်ရတနာ ထားရာကို ချိုးဖြတ်တဲ့ သူတစ်ယောက်က ထိခွင့်မရှိဘူး..."
အနီရောင် မီးဖိုချောင်သုံးဓားက ကြီးမြတ်သော ဓားအာဏာရှင်၏ အစစ်အမှန် အမွေအနှစ် ဖြစ်မှန်း သူတို့သိရှိသွားပြီးနောက်တွင် ဓား၏ ဘေး၌ရပ်နေသော ပုဖန်ကို ဒေါသကြီးစွာအော်ဟစ်နေကြလေသည်။
"နတ်ဘုရားသတ်ဓား...." ပုဖန်အံဩသွားသည်။ သူက အစိမ်းရောင်မီးတောက်များကြားတွင် တဖြည်းတဖြည်း တောက်ပလာနေသည့် အနီရောင် ဓားကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချ လိုက်သည်။ ထိုဓား၏နာမည်က အလွန်လွှမ်းမိုးထားပေသည်။ ပုဖန်၏ ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားထက် အဆပေါင်းများစွာ လွှမ်းမိုးနိုင်ပေသည်။ ပုဖန်က ပညာရှင်များ၏ စူးစူးဝါးဝါးအော်ဟစ်နေမှုက်ို လျစ်လျူရှုကာ အနီရောင်ဓားကိုပင် ဆက်လက်ကြည့်နေလေသည်။
ဓား၏ပတ်လည်ရှိ သေမင်းစွမ်းအင်လှိုင်းများက ပျက်ဆီးလုနီးပါ ဖြစ်နေသည်။ အနီရောင်မီးဖိုချောင်သုံးဓားက ပြင်းထန်စွာတုန်ခါလာပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ရန် ကောင်းကင်ဆီသို့ ဦးတည်နေလေ၏။ ထိုဓားက ခံစားသိမြင်မှုရှိသော ဓား ဖြစ်ပေသည်။
"ခံစားသိမြင်နိုင်တဲ့ ဓားသွား... "
ပုဖန်က ထိုတွေ့ရှိမှုကို အမှန်တကယ် အံ့အားသင့်သွားသည်။ ပညာရှင်များက ဒေါသထွက်နေကြပေသည်။ ထိုသူများထဲမှ အများစုက မသေမျိုး ခန္ဓာအဆင့် နှစ်နှင့် အဆင့်သုံးကို ကျော်ဖြတ်ပြီးကြသူများ ဖြစ်သောကြောင့် ပုဖန်ကို မကြောက်ရွံကြသည်မှာ သာမန်ပင်ဖြစ်သည်။
သူတို့က သိမ်ငယ်သောစိတ်ကို ဒေါသအဖြစ်ပြောင်းလဲပစ်လိုက်လေသည်။
ဒီလိုအခွင့်အရေးမျိုးနှင့် ကြုံတွေ့ခွင့်ရသည်ကို သူတို့ဘာလို့ အေးဆေးတည်ကြည်စွာ နေနေရမှာလဲ...
ဘုန်း...ဘုန်း...ဘုန်း...
ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် သူတို့၏ စွမ်းအားများကို လျင်မြန်စွာ ထုတ်ဖော်လိုက်သောကြောင့် သူတို့၏နောက်မှ သံကြိုးများက ပြင်းထန်စွာ ယိမ်းထိုးနေပေသည်။ သူတို့က ထိုမြို့တော်ကြီး၌ပျံသန်း၍မရနိုင်သော်လည်း မသေမျိုးခန္ဓာနယ်ပယ်၏ ပညာရှင်များ ဖြစ်သောကြောင့် အပြေးနှုန်းက သာမန်နှင့် မတူပဲ ထူးခြားလှပေသည်။
ထိုသူများက ချက်ချင်းဆိုသလိုပင် ပုဖန်၏ရှေ့သို့ ရောက်လာကြသည်။
သူတို့ နီးကပ်လာလေလေ နတ်ဘုရားသတ်ဓားသွား၏ နက်ရှိုင်းမှုကို ခံစားရလေဖြစ်သည်။ ဓား၏ တောက်ပသာ အနီရောင် အလင်းတန်းက ထိုသူများ၏ စိတ်ဝိဉာဉ်ကို တချိန်တည်းမှာပင် ထိန်းချုပ်လိုက်ပေသည်။
"ဟေ့ လူယုတ်မာ... မင်းဝေးဝေးကို သွားစမ်း..."
လောဘစိတ်များ တစ်ဟုန်းဟုန်းတောက်လောင်နေသော ပညာရှင်တစ်ယောက်က ဒေါသတကြီးပြောလိုက်သည်။
ရုတ်တရက် အေးစက်လှသော လက်ဖဝါး၏ရိုက်ချက် တစ်ခုကြောင့် မျက်နှာမှာ အေးစက်သွားပြီး အမြင်အာရုံများပင် ဝေဝါးသွားလေသည်။
ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးများက တောက်ပလာပြီး ကြီးမားလှသော သတ္တုလက်ဖဝါးကြီး နှစ်ခုဖြင့် ပညာရှင်နှစ်ယောက်၏ ခေါင်းကိုဆွဲကိုင်လျှက် ပြင်းထန်စွာရိုက်ချလိုက်လေသည်။
ဘုန်း ဘုန်း ဘုန်း...
ထို့နောက်ဝှိုက်တီက ထိုသူများကို လွှတ်ပစ်လိုက်သောကြောင့် အဝေးတစ်နေရာရှိ မြေပြင်၌ အတုံးအရုံးလဲကျ နေလေသည်။ သူတို့ သွေးတပွက်ဆီ အန်လိုက်ရသည်။
ဝှိုက်တီက ပုဖန်အားစောင့်ရှောက်ရန် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများနှင့် ပြည့်နေသည့် ခရမ်းရောင်မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းအောင်တောက်ပနေသည်။ ကျငိ့ကြံသူနှစ်ဦးက ကြောက်လန့်တကြားဖြင့် တွားသွားကာ ဝှိုက်တီ၏လက်မှလွတ်အောင် ရှောင်တိမ်းလိုက်ကြသည်။
သူတို့က ရုပ်သေးရုပ်တစ်ခုကို အမှန်တကယ်ရှုံးနိမ့်ခဲ့ဖြင်းဖြစ်ပေသည်။
"သေစမ်း... အဲ့ဒီ ကောင်စုတ်မှာ အကာအကွယ်အရုပ်တစ်ရုပ် ရှိနေတာပဲ ...သူက ရုပ်သေးဂိုဏ်းကဖြစ်နိုင်လား... "
ကျင့်ကြံသူများ၏ စိတ်ထဲသို့ အမျိုးမျိုးသော တွေးတောမှုများ ဝင်ရောက်လာပေသည်။ သို့သော်လည်း သူတို့ယခု ကြုံတွေ့နေရခြင်းက နတ်ဘုရားသတ်ဓားသွား၏ ဆွဲဆောင်မှုပင်ဖြစ်သည်။ ချည်နှောင်ထားသော သံကြိုးများက ဒီတကြိမ်တွင် မီးရှိုဖျက်ဆီးလိုက်လျှင် အနှောင်အဖွဲ့မှ ကင်းလွှတ်သွားနိုင်ပြီဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် ဓားသွားအား သူတို့ယူဆောင်သွားနိုင်မည်ဖြစ်ပေသည်။
ဘုန်း...
ရုတ်တရက်ဆိုသလိုပင် သင်္ချိုင်း အတွင်းသို့ ဝင်ရောက်လာကြသော ကျွမ်းကျင်ပညာရှင်များထံမှ ပြင်းထန်၍ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါ်ထွက်လာပေသည်။
တချိန်တည်းမှာပင် ဂူအတွင်းသို့ ဝင်ရောက်လာသော ပုံရိပ်ကို မြင်လိုက်ရ၏။
ဝှိုက်တီက သူ့၏ခန္ဓာကိုယ်ကိုကွေးညွှတ်လိုက်ပြီးနောက် သတ္တုအတောင်ပံနှစ်ခုကို ဖြန့်ကျက်လိုက်သည်။ မျက်လုံးထဲရှိ ခရမ်းရောင်တောက်ပမှုက ဖြူဖျော့မသွားချေ။
“ ရှေ့တစ်လှမ်းတိုးရဲတဲ့ ဘယ်သူ့ကိုမဆို သတ်မယ်... ”
ဝှိုက်တီ အသံက ထွက်ပေါ်လာလေသည်။
ကျွမ်းကျင်ပညာရှင်များကမူ စကားလုံးနှစ်လုံးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
“သတ်လိုက်စမ်းပါ..."
ဘုန်း...
ဝှိုက်တီ၏ သွင်ပြင်က ချက်ချင်းဆိုသလို ပျက်ယွင်းသွားကာ လက်သီးကို တင်းတင်းဆုတ်လျှက် ပြင်းထန်စွာ ထိုးချလိုက်ပေသည်။ ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ ရင်ဘတ်က အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီ အခြားကျွမ်းကျင်သူအားလုံး ထိုရိုက်ချက်၏ အရှိန်ကြောင့် အဝေးသို့ ပျံထွက်သွားလေသည်။
သူတို့၏ အမူအရာများက ကြောက်ရွံ့ခြင်းသို့လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုရုပ်သေးရုပ်က အဆင့်ငါးဆင့်ကို ချိုးဖြတ်ထားသော ပညာရှင်တစ်ဦးထက်ပင် ပိုမိုသန်မာလေသည်။
"အဲ့ဒီလူငယ်က ဘယ်သူလဲ..."
ရှုရမိန်းမပျို ၏လှပသောမျက်လုံးများက အံ့သြမှုကြောင့်ပြူးကျယ်သွားပြီး နောက်သို့ လှမ်းကြည့်လိုက်.သည်။
"စားဖိုမှုးက ဒီလိုနေရာမှာ ဘာလို့ရှိနေတာလဲ...''