အပိုင်း ၅၇၆
Viewers 53k

အခန်း၅၇၆

မသေမျိုး ဝိဉာဉ်ဘုံနယ်ပယ်...


..


မိန်းမပျိုက သူမကို အရှက်ရစေခဲ့သည့်ပုဖန်အား မေ့နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်းသူမကကောင်းကင်ဘုံလျှိုဝှက် နယ်မြေ၌ ပုဖန်ကို မြင်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ပုဖန်နှင့် ဤနေရာက မည်သို့မျှမအက်စပ်သည်ကို သူမ တွေးလိုက်မိသည်။ 


ထိုလူပြက်ကောင်က မှော်ညီလာခံ အစည်းအဝေး၌ချန်ပီယံ ဖြစ်ခဲ့သောကြောင့် ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့်ရခဲ့ပေသည်။သို့သော်လည်း ကြီးမြတ်သောဓားအာဏာရှင်၏ အမွေအနှစ်နယ်မြေ၌ ပုဖန်ကိုတွေ့လိုက်ရခြင်းက သူမကိုယ်အနည်းငယ် ထိတ်လှန့်တုန်လှုပ်စေခဲ့သည်။


 

ပုဖန်က ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ခွင်ရသည်နှင့် တစ်ပြိုင်နက် အမွေအနှစ်နယ်မြေဖြစ်သော မြေအောက်မြို့တော်အတွင်းသို့ ဝင်နိုင်ခဲ့သူဖြစ်သည်။ ကြီးမြတ်သောဓားအာဏာရှင်၏ အမွေအနှစ်နယ်မြေမှာ ကျွမ်းကျင်ပညာရှင်အများအပြား ရှာဖွေနေကြသော နယ်မြေတစ်ခုဖြစ်သည်။ 


အမွေအနှစ်နယ်မြ၌ ရှုရအမျိုးသမီး၏ လှပကြော့ရှင်းသော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ပုဖန်လဲအံ့အားသင့်သွားသည်။


ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေနဲ့ ဆေးအဆောက်အဦးက ကဆက်စပ်နေတာမဟုတိလား...

သူမက ဒိနေရာကို ဘယ်လိုလုပ် ရောက်နေတာလဲ... 

ဆေးအဆောက်အဦးက ကျွမ်းကျင်ပညာရှင်များက မျက်ကွယ်ပြုထားတယ်ဆိုတာဖြစ်နိုင်ပာ့မလား...

 

ထိုမိန်းမပျိုကမြူ ကောင်းကင်မြိုတော်ကို ရုန်းရင်းဆန်ခတ် ဖြစ်စေယုံသာမက မှော်ညီလာခံအခင်းအကျင်းတွင်လည်း ဆိုးရွားသာ အငွေ့အသက်များကို သယ်ဆောင်လာသူဖြစ်ပေသည်။ သူမထိုကဲ့သို့လုပ် နေချိန်တွင်ဆေးအဆောက်အဦးမှ ပညာရှင်များအနေဖြင့် ဖမ်းဆီးကာ ခေါ်သွားသင့်ပေသည်။


 လျိုလီက ရှုရမိန်းကလေး၏ ဘေး၌ စူးရှသောအကြည့်များဖြင့်ရပ်နေလေ၏။ သူက ရှုရမိန်းကလေး၏ ခံစားချက်များကိုပင်ထိန်းချုပ်ချင်နေသည့်မျက်နှာအမူအရာဖြင့်ကြည့်နေလေ၏။

  


"မိန်းကလေးဘာဖြစ်နေတာလဲ..."


လျိုလီ၏စိတ်မှာ သံသယဖြစ်မှုများဖြင့် ပြည့်နှံနေလေ၏။ သို့ သော် ရှုရမိန်းကလေးက သူ့အားပြန်လည် ဖြေကြားချင်းမရှိခဲ့ပေ။ သူမကအနီ ရောင်မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသည့် ပုဖန်ကို နှုတ်ခမ်း တင်းတင်းစေ့၍ကြည့်၍သာကြည့် နေလေ၏။ 


 ပုဖန်၏လက်အတွင်းမှကိုင်ဆောင်ထားသော မီးဖိုချောင်သုံးဓားကို ကို သတ်ဖြတ်ခြင်း နတ်ဖုရားဓားသွား (သို့) နတ်ဘုရားသတ်ဓားဟု ခေါ်တွင်ပေသည်။ ထိုမီးဖိုချောင်သုံးဓားမှ ထုတ်လွှတ်လိုက်သော ကျောချမ်းစရာလေထုကို ပုဖန်ခံစားမိ လိုက်သောကြောင့် ခဏမျှပင်ရပ်တန့်သွားလေသည်။ 


ထိုဓားက အင်အားပြင်းထန်လွန်းလှ၏။ မီးဖိုချောင်သုံးဓား၏ အသွင်သဏ္ဌာန်ရှိ သော်လည်း ထိုဓား၏သြဇာလွှမ်းမိုးမှုမှာ ကြီးမားလှ ပေသည်။ဓားရှိ သေမင်းစွမ်းအင်ကြိုးများက ပျက်တောက်သွားပြီး ကောင်းကင်ယံသို့ထိုးဖောက်ထွက်သွားကာ ဆုတ်ကိုင်ထားသောပုဖန်၏လက်ထဲတွင် ပေါက်ကွဲလုမတက်တုန်ရီသွားလေ၏။ ပုဖန်ကမီးဖိုချောင်သုံးဓားကို မာန်မဲလိုက်သည်။ ထိုမာန်မဲသံက သားရဲတစ်ကောင်ဟိန်းဟောက်သံနဲ့ပင်တူလေ၏။ 


" နတ်ဘုရားသတ်ဓားသွားကို နှိမ့်ချ ပြောဆိုစမ်း...မင်းကဓားကို ဘယ်ကရတဲ့သတ္တိတွေနဲ့ ကိုင်ထားတာလဲ..."

 

ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်ပညာရှင်များ၏မျက်လုံးများမက ဒေါသအရှိန်ကြောင့် နီရဲနေ၏။ နတ်ဘုရားသတ်ဓားသွား၏ အမွေအနှစ်မှာ ထွက်ပေါ်လာပြီဖြစ်သည်။ သို့သော်အခက်ခဲကိုယ်ချိုးဖြတ်နိုင် သောသူသာလျှင် ဓားကိုကိုင်ဆောင်ခွင့် ရနိုင်ပေသည်။


သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားက ဓားသွားအမွေအနှစ်၏ အမြင့်ဆုံးအဖြစ်သတ်မှတ်ထားခြင်းခံထား ရသောဓားဖြစ်သည်။

ထိုအမွေအနှစ်ကို သေမျိုးဝိညာဉ်နယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင် တစ်ဦးကပိုင်ဆိုင်ပေသည်။သူကမြင့်မြတ်သောဝ်ညာဉ်ဘုံ၏ အထွတ်အထိပ်တွင်တည်ရှိနေပြီး ဝိဥာဉ်လှေခါး၏ အလွှာဆယ်လွှာ အဆင့်ကိုချိုးဖြတ်နိုင်ခဲ့သူလဲ ဖြစ်ပေသည်။ 


ပုရွက်ဆိတ် သာသာလောက်ရှိသော ပုဖန်က သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားကို လွယ်လွယ်ကူကူပင် ကိုင်ဆောင်ထားခြင်းဖြစ်သည်။

    

ဘုံး ဘုံး ဘုံး...


အစစ်အမှန် စွမ်းအင်များက တစ်ရွေ့ရွေ့ လှိမ့်တက်လာကာ ပေါက်ကွဲထွက်သွားပြီး တစ်ခန်းလုံးသို့ပျံ့နှံသွားလေသည်။ ပညာရှင်များ၏ မာန်မဲပြောဆိုမှုများက ပုဖန်ဆီသို့ ဦးတည်သွားပြန်သည်။


 သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားကို သူတို့အားလုံး ဂရုတစိုက်ဖြင့်ကြည့်ရှူနေကြသည်။ ဝှိုက်တီ၏အကြည့်က တခဏအတွင်းမှာပင် အလွန်နက်ရှိုင်းလာသည်။ ပြင်းထန်သောအရှိန်နှင့် လက်သီးချက်တစ်ခုက ရုတ်တရက် ပြန်ဝဲလာပြီးနောက် လေထုထဲ၌ပေါက်ကွဲသံတချို့

ပျံ့နှံ့သွားပြီးပြိုကျသွားလေသည်။

 

ဘုန်း...

     

ဝှိုက်တီ၏လက်သီးပြင်းအားကြောင့် ဝေဖန်ကဲ့ရဲနေသော ကျွမ်းကျင်ပညာရှင်များ၏ ပါးစပ်မှသွေးများ ဖျာခနဲထွက်သွားသည်။ ရှေ့သို့ခြေတစ်လှမ်းလှမ်းလျှင်ပင် အဝေးသို့ပျံဝဲ သွားနိုင်သည်အထိ တိုက်ခိုက်ရန် ဝှိုက်တီဆုံးဖြတ်လိုက်သည်။ ကြီးမားလှသော လက်ဖဝါးကြီးဖြင့် ထိုလူများထဲမှတစ်ဦးအား ခေါင်းမှတရွတ်တိုက်ဆွဲခေါ်လျှက် မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်ချလေသည်။ထို နောက်ဝှိုက်တီက ပုဖန်၏ရှေ့သို့ရပ်လိုက်ပြီးနောက် မီးခိုးရောင်မျက်လုံးများဖြင့် ကျွမ်းကျင်ပညာရှင်များရှိရာ လူအုပ်သို့ကြည့်လိုက်သည်မှာ ထိန်းချုပ်ရန်ပင် ခက်ခဲမည့် အငွေ့အသက်ကိုယ်ခံစားလိုက်မိ၏။ 


သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွား၏ အလင်းရောင်ကြောင့် ကျွမ်းကျင်ပညာရှင်များ အံဩမှင်တက်သွားပြီး လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။ ကြောက်ရွံ့တုန်လှုပ်သော အကြည့်များဖြင့်ဝှိုက်တီကို ကြည့်နေကြလေ၏။ ထိုအရာကသာမန် ရုပ်သေးရုပ်တစ်ရုပ်မဟုတ်ပေ။ သူတို့က မသေမျိုးခန္ဓာ နယ်ပယ်၏ အထွတ်အထိပ်တွင် တည်ရှိနေသော သူသာလျှင်ထို ရုပ်သေးရုပ်တ ကိုတိုက်ခိုက်နိုင်လိမ့်မည်ဟု တွေးမိလိုက်ကြသည်။ သေမျိုးခန္ဓာနယ်ပယ်အဆင့်တွင် အထွတ်အထပ်၌ရှိသော ကျွမ်းကျင်ပညာရှင်များမှာလဲ များစွာရှိနေကြသည်။


 ရှုရအမျိုသမီး၏ အကြည့်များက ပို၍ပင်နက်ရှိုင်းလာလေသည်။လျှိုလီကသူမ၏ နှုတ်ခမ်းထောင့်စွန်းလေး များ၏ အသွင်သဏ္ဌာန်ကိုသတိထားလိုက်မိသည်။ သူတို့နှစ်ဦးစလုံးရုပ်သေရူပ်တစ်ခုကိုယ် ကြည့်နေကြသည်။ 


....


အခန်း၏တံခါးဝသို့ ဟန်လီနှင့်သူ၏စစ်သည်တော်များကပင်ပန်းနွမ်းလျှ သောပုံသဏ္ဌာန်ဖြင့်ဝင်လာကြသည်။ သူတို့ကဝှိုက်တီနှင့်ပုဖန်တို့ကို တွေ့ဆုံပြီးနောက် သူတို့၏မျက်လုံးများအတွင်းမှ လက်ကနဲ ဖြစ်သွားသော အလင်းတန်းတစ်ခုကိုမြင်လိုက်ရလေသည်။ 


ထို့အချိန်တွင် အဝေးတစ်နေရာမှ အဝတ်ကြမ်းတစ်ခုကို ပတ်၍ ဝတ်ဆင်ထား အသက်လက်ပိုင်း လူတစ်ယောက်က ပုဖန်လက်ထဲ၌ ကိုင်ဆောင်ထားသော ဓားကို တစ်စိုက်မက်မက် စောင့်ကြည့်နေလေ၏။ထိုသူက ပေါ့ပါးစွာ ပြုံးရယ်လိုက်ပြီး မျက်လုံးများမှာတောက်ပနေသည်။ထိုသူများက မသေမျိုးခန္ဓာနယ်ပယ်တွင်အမြင့်ဆုံးနေရာတွင် ရှိနေကြသောသူများဖြစ်သည်။ထိုသူများဘက်မှတန်ပြန်တိုက်ခိုက်မှုမရှိခြင်းကဝိုက်တီကိုယ်ကြောက်ရွှံ့နေခြင်းတစ်ခုထဲကြောင့်ပင်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ထို နတ်ဘုရားသတ်ဓားက ကြီးမြတ်သောဓားအာဏာရှင်၏ အမွေအနှစ်မဟုတ်သည်ကိုယ်ကောင်းစွာ သိသောကြောင့်ဖြစ်သည်။အစစ်အမှန် အမွေအနှစ် ရတနာမှာမထွက်ပေါ်လာသေးချေ။


ဟန်လီက ပုဖန်ကိုမြင်လိုက်သည်နှင့် တိုက်ခိုက်ရန်တွေးတောနေမိသည်။ စိတ်ထဲမှ တွန်းအားပေးမှုများကိုပင် ချုပ်ထိန်းထားပေသည်။အဝေးမှနေ၍ပုဖန်ကို သားရဲတစ်ကောင် ဆာလောင်မွတ်သိပ်နေသော အကြည့်များဖြင့်ကြည့်နေသည်။ ရှုရမျှော်စင်က ပုဖန်၏ကိုယ်ပေါ်တွင် ရှိနေ၏။ ထိုနည်းတူစွာ သတ်ဖြတ်ခြင်းနတ်ဘုရား ဓားသွားမှာလည်း ပုဖန်၏လက်ထဲ၌ တည် နေခဲ့ပြီဖြစ်သည်။ထိုစားဖိုမှူး ရှာဖွေတွေ့ရှိခဲ့သည့်ရတနာများမှာ များပြားလွန်းလှသည်။ ပုဖန်အား ထိန်းချုပ်ချယ်လှယ် နိုင်ရန်မည်သည့်နည်းလမ်းမျှမရှိချေ။ 


ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေ၌ ပုဖန်ကို သတ်ပစ်ရန်ရမည်ဟု စွဲမှတ်ထားလေသည်။ ပုဖန်ကို သတ်ပြီးလျှင် ရှုရမျှော်စင်နှင့် သတ်ဖြတ်ခြင်းနတ်ဘုရား ဓားသွားက သူ၏လက်တွင်းသို့ မလွှဲမသွေရောက်လာနိုင်မည်ဖြစ်သည်။ ဟန်လီက စောင့်ဆိုင်းရန်စိတ်မရှည်တော့ပေ။


 တစ်ခုမှအကောင်အထည် မဖော်ရသေးခင်မှာပင် ထိုအမွေအနှစ်က ပေါ်ပေါက်လာသောကြောင့် သူစောင့်ဆိုင်း ရတော့မည်ဖြစ်သည်။အမွေအနှစ်များ အနက်မှသတ်ဖြတ်ခြင်းနတ်ဘုရားဓားသွားက ဟန်လီကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအမွေအနှစ်ကို သူရရှိခဲ့လျှင်ရှေ့သို့တစ်ဆင့်တက်နိုင်ပြီး စိတ်ဝိဥာဉ်လှေကား၏ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ထိုအခါသူက မြင့်မြတ်သော ဝိဥာဉ်ဘုံအဆင့်ကိုရောက်ရှိနိုင်မည်ဖြစ်သည်။ 


မသေမျိုးခန္ဓာအဆင့်နှင့် မသေမျိုးဝိဥာဉ်ဘုံ နယ်ပယ်တို့၏ ကွဲပြားခြားနားပြီး မသေမျိုးဝိဉာဉ်ဘုံ နယ်ပယ်က ပို၍အင်အား ကြီးမားလှပေသည်။ မသေမျိုးခန္ဓာနယ်ပယ်တွင် ပညာရှင်များကအခက်အခဲ အဟန့်အတားမျိုးစုံကို ကျော်ဖြတ်ရသည်။ မသေမျိုးဝိဥာဉ်ဘုံတွင်မူ ဝိဉာဉ်လှေခါးအဖွဲ့အစည်းများကို ကျော်ဖျက်ရသည်။ ထိုလှေခါး၌ အဆင့်ဆယ်ဆင့်ရှိပြီး ထိုအဆင့်များကို ကျော်ဖြတ်နိုင်သူ မှန်သမျှက မသေမျိုး ဝိဥာဉ်ဘုံ၏ အထွတ်ထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။မသေမျိုးဝိညာဉ် နယ်ပယ်မှ မည်သည့်တည်ရှိမှုမျိုးကိုမဆို လျှို့ဝှက်နဂါးတိုက်ကြီး၏ အထွတ်အထိပ်နေရာ၌ တည်ရှိသည်ဟု မှတ်ယူနိုင်ပေသည်။


ပုဖန်၏စိတ်မှာ ခိုင်မာလွန်းလှသည်။ အထူးသဖြင့်မသေမျိုးခန္ဓာနယ်ပယ် အဆင့်ကိုယ်ချိုးဖြတ်ဝင်ရောက်နိုင်သူ ဖြစ်သောကြောင့် သူ၏စိတ်မှာ တဆင့်ခြင်း မာကျောလာခြင်း ဖြစ်သည်။ထိုကြောင့်ပင် သတ်ဖြတ်ခြင်းနတ်ဘုရားဓားသွား၏ စွမ်းအင်များကို ပုဖန်ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်သည်။ ကြည့်နေချိန် အတွင်းမှာပင် ထိုသတ်ဖြတ်ခြင်း နတ်ဘုရားဓားသွား၏ စွမ်းအင်များကပေါ်ထွက်လာပေသည်။ ဓားစွမ်းအင်များကပုဖန်၏ ဆန့်ကျင်ဘက်တွင် ရှိနေသော နံရံအတွင်းသို့ ဖြတ်သန်းသွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထို့နောက် တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာလေ၏။ အလင်းတန်းက ပန်းတပွင့်ကဲ့သို့ ဖြာထွက်လာကာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေသည်။


ဖြတ်သန်းသွားသောနံရံ၏ တစ်လျှောက်တွင် လမ်းကြောင်း တစ်ခုပေါ်ပေါက်လာသည်။ လမ်းကြောင်းမှတစ်ဆင့် ဝိဥာဉ်စွမ်းအင်လှိုင်းများထွက်ပေါ်လာကာ လွှမ်းမိုးချုပ်ကိုင်လိုက်သည်။လူများ၏မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။ နောက်ဆုံး၌ သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွား၏ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာသည်ကို ရိပ်မိလိုက်ကြသည်။ 


ပုဖန်ကသတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားကို ကိုင်လျှက်ပင် အနောက်မှသူများကို ကြည့်လိုက်သည်။


သူတိုကပုဖန်ကို သားရဲကောင် တစ်ကောင်ကို ကြည့်သကဲ့သို့ စူးရှစွာ ကြည့်နေလေ၏။ ကြမ်းကြုတ်လှသောအကြည့်များက ပုဖန်ကိုအစိပ်စိပ်အမွှာမွှာ ဖြစ်အောင် လုပ်ပစ်ချင်နေကြသည်ကို မှန်းဆနိုင်ပေသည်။ 


ပုဖန်က အေးဆေးတည်ငြိမ်စွာပင် သတ်ဖြတ်ခြင်းနတ်ဘုရား ဓားသွားကိုကိုင်ဆောင်လျှက် ထိုနံရံကြီးရှိရာအရပ်သို့ ဦးတည်သွားလေသည်။ဝှိုက်တီ၏ ခရမ်းရောင်မျက်လုံးများက တောက်ပလာပြီး မီးခိုးရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ပုဖန်၏အနောက်မှ လိုက်ကာနှစ်ဦးစလုံးဝင်ရောက် ပျောက်ကွယ်သွားလေသည်။


"လျိုလီ...သူတို့နဲ့အတူလိုက်သွားမယ်..." 


ပုဖန်ပျောက်ကွယ်သွားသည်နှင့် ရှုရမိန်းမပျို၏ အသွင်သဏ္ဌာန်မှာပြောင်းလဲသွားပြီး အေးစက်စက် စကားတစ်ခွန်းကိုပြောလိုက်သည်။ 


 လျိုလီ မျက်လုံးအပြူးသားဖြစ် သွားကာ ရှုရမိန်းကလေးနောက်သို့ အလျင်အမြန် လိုက်လာခဲ့ပေသည်။ 


ဟန်လီနှင့် သူ၏အနောက်မှသူများက မျက်လုံးများ ကျဉ်းမြောင်းလျှက် ဝင်ရောက်ပျောက်ကွယ်သွားသော လူသုံးယောက်ကို ကြည့်နေကြသည်။ ဤနေရာက ပျံသန်းခြင်းကိုကန့်သတ်ထားသော နယ်မြေဖြစ်သည်။ သို့သော်လည်းပညာရှင်များ ဖြစ်သောကြောင့် အလျင်မှာ မြန်ဆန်လွန်းလှပြီး ဖြတ်သန်းရမည့် လမ်းကြောင်းကို သိရှိကြပေသည်။ 


မသေမျိုးခန္ဓာ နယ်ပယ်အဆင့်၏ထွတ်အထိပ်တွင်ရှိသော ပညာရှင်များစွာက သူတို့၏ အရှိန်အဝါများဖြင့် စွမ်းအင်များကို ထုတ်လွှတ်လိုက်သောကြောင့် အချို့သော ကျွမ်းကျင်သူများက အထိတ်တလန့်သွားဖြစ်သွားကြသည်။ ဘေးဘက်သို့လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးနောက်တွင် သန်မာသော ကျွမ်းကျင်သူများသာ လမ်းကြောင်းဆီသို့ ၀င်ရောက်သွားကြလေ၏။

လျှော်တေအဝတ်စကြမ်းကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားက ဖြတ်လမ်းမှသွားရောက်ကြသည့် ကျွမ်းကျင်သူများနောက်သို့ မျက်နှာမှ ခန့်မှန်းရခက်သော အပြုံးကို ပြုံးလိုက်လေသည်။ နံရံ၌ ရှိနေသော အပေါက်ထဲသို့ အလျင်စလို ဖြစ်ဟန်မပြပဲ ဖြည်းညင်းစွာလျှောက်လှမ်း သွားပေသည်။


ထိုသူများဝင်ရောက် ပျောက်ကွယ်သွားချိန်တွင် သူတို့၏ ရှေ့မှမြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားလေသည်။ ဖြတ်လမ်းမှ အလျင်အမြန်ဝင်ရောက်သွားပြီးနောက်တွင် သူတို့က ကြီးမားကျယ်ပြန့်သော မြေအောက်နန်းတော်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ယခင်က တွေ့ရှိခဲ့ရသည့် အခန်းသေးသေးလေးနှင့် ယှဉ်ကြည့်လိုက်လျှင် ကြီးမားသော အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ 


ခမ်းနားထည်ဝါလှသော မြေအောက်မြို့တော်ကြီးကို ရွှေနှင့်ကျောက်စိမ်းများဖြင့် အလှဆင်ထားသည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ကြီးမားသော တိုင်များက မြေအောက်မြို့တော်ကြီး၏ အလယ်၌ မြင့်မားစွာတည်ရှိနေပြီး ခမ်းနားကြီးကျယ်မှုများဖြင့် တည်ဆောက်ထားသည်။ မြို့တော်၏ ခေါင်မိုးပေါ်တွင် အရောင်မျိုးစုံ များရေးဆွဲထားပုံမှာ အလွန်အေးမြပြီး လှပပေသည်။ သူတို့က သူတို့မျက်လုံးပင် မယုံကြည်နိုင်ဖြစ်ကာ အမြင်မှားသသကဲ့သို့ပင် ဖြစ်နေလေသည်။ 


ပုဖန်က မြို့တော်၏အဝင်ဝ၌ နတ်ဘုရားသတ်ဓားသွားကို ကိုင်ကာ ရပ်နေလေသည်။ ပုဖန်က ဆန့်ကျင်ဘက်နေရာရှိ အဖိုးမဖြတ်နိုင်သာ ပစ္စည်းများဖြင့် လုပ်ထားသည့်ထိုင်ခုံ၌ ထိုင်နေသော ဂုဏ်သရေကြီးမြင့်လှသော ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။ ထိုပုံရိပ်က မျက်လုံးများမှိတ်လျှက် ရှိနေပြီး ပတ်ပတ်လည်ကို ကြောက်ရွံစေနိုင်သည့် ဖိအားများ ထုတ်လွှတ်ထားပေသည်။


 ပုဖန်၏ နှလုံးသားက အနည်းငယ် တုန်ရီသွားလေသည်။ ပုံရိပ်၏ ဖိအားများကို ပုဖန် ခံစားလိုက်မိသည်။ 


သတ်ဖြတ်ခြင်း နတ်ဘုရားဓားသွားက ထိုင်နေတဲ့ ပုံရိပ်နဲ့ သက်ဆိုင်တာလား...

သူက ပိုင်ရှင်လား..."


ပုဖန်၏နောက်မှ ပညာရှင်များက လမ်းကြောင်းအတိုင်း အစီစဉ်တကျ လျှောက်လှမ်းလာကြသည်။ 


ရှုရ မိန်းမပျိုက ပုဖန်ကိုကြည့်လိုက်ရင်း သူမ၏ လှပသော မျက်လုံးကလေးများက ကျဉ်းမြောင်းသွားသည်။ နီမြန်းနေသော နှုတ်ခမ်းလေးများက အပေါ်သို့ကွေးညွတ်သွားပြီး ချစ်စဖယ် အပြုံးတစ်ခုဖြစ်ပေါ်ပေါက်လာ၏။ 

တချိန်တည်းမှာပင် နားလည်ရန် ခက်ခဲသော အပြုံးဖြင့်ပုဖန်ကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။ 

ထိုအချိန်တွင် ပညာရှင်များ၏ အာရုံစိုက်မှုက ခန်းမ အတွင်းကျရောက်သွားပြီး သူတို့၏ နှလုံးများမှာ တုန်ရီလာကြသည်။


"ကြီးမြတ်သောဓားအာဏာရှင်ရဲ့အမွေမနှစ်...

ဒီအမွေအနှစ်က မသေမျိုး ဝိဉာဉ်ဘုံနယ်ပယ်ရဲ့ ထိပ်ဆုံးကိုရောက်ရှိသွားတာလား...

နှစ်တွေအများကြီး ကုန်လွန်ပြီးတာတောင်မှ အထိအခိုက်မရှိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား..."


"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ဖိအား မျိုးလဲ... 

ဒီဖိအားတွေက မသေမျိုး ဝိဉာဉ်ဘုံအထွတ်အထိပ်မှာရှိနေတဲ့သူ ပိုင်ဆိုင်တာလား...

သူရဲ့ တည်ရှိမှာက ကမ္ဘာမြေကို ကြောက်ရွံ့တုန်လှုပ်စေတယ်..."


မြို့တော်သို့ ၀င်ရောက်လာသော ပညာရှင်များက အသက်ရှူသံများက အေးစက်လှပေသည်။ အချင်းချင်း စိတ်လှုပ်ရှားလျှက် ကြည့်ကာ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ကြည့်နေသူများလဲရှိခဲ့သည်။ 


 အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဓားအာဏာရှင်၏ ရုပ်ကြွင်းများမှလွဲ၍ အခြား မည်သည်မျှ မတွေ့ရသောကြောင့် ဖြစ်သည်။ 


"အမွေအနှစ်လား... ဟေ့လူ ရှေ့တလှမ်းလောက်တိုးပြီး ကြည့်လိုက်စမ်းပါ..."


ရှုရမိန်းမပျိုက သူမ၏ ဘေး၌ ပြောနေသူများ၏ စကားများကို ကြားပြီးနောက် အေးစက်စွာပြုံးလိုက်သည်။ ထိုအချိန်တွင် ပညာရှင်၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နက်သွားသည်ကို တခြားလူများ မြင်တွေ့လိုက်ရသည်။ အားလုံး အလန့်တကြားအော်ဟစ်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။ တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ တုန်လှုပ်နေကြ၏။ 


ပုဖန်ပင်လျှင် တုန်လှုပ်သွားသည်။ ထူးဆန်းသည့်အရာ တစ်ခု ဖြစ်လာတော့မည်ဟု သူဘောပေါက်လိုက်သည်။ 


 မသေမျိုးဝိညာဉ်ဘုံမှာ ပေါ်ထွက်လာတဲ့ ဝိဉာဉ် လှေခါးလား... 

ဝိညာဉ်လှေခါးဆိုတာဘာလဲ မင်းတို့သိကြလား။ အဲ့တာက တစ်စုံတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဝိညာဉ်စွမ်းအင်တွေပဲ...

တစ်စုံ တစ်ယောက်ရဲ့ စွမ်းအင်တွေ ကျဆင်းသွားပြီးတဲ့ နောက်မှာ ဝိညာဉ်လှေခါးပေါ်လာတာပဲ..

အဲ့တာကဝိညာဉ်စွမ်းအင် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ပြောဖို့အတွက် လုံလောက်တဲ့ သက်သေပဲ ...

ဒီပညာရှင် ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းအားမုန်တိုင်းက ငါတို့ မသေမျိုး ခန္ဓာနယ်ပယ်မှာ အထွတ်အထိက်ရှိနေခဲ့ာင်တောင်မှ အားလုံးကိုအလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်..."

 

ရှုရမိန်းမပျိုက ထိုသူအားလုံးကို ပြောလိုက်သည်။ သူမက ရှေးဟောင်း ရှုရမြို့တော်၏ မြင့်မြတ်သောအပျိုစင်ဖြစ်ပေသည်။ ငယ်စဉ်ကတည်းက မသေမျိုးခန္ဓာနယ်ပယ်၌ အစစ် အမှန်ပညာရှင်များက ဝန်းရံလျက်ရှိခဲ့လေသည်။ ဝိညာဉ်ဘုံ အဆင့် လှေခါးငါးဆင့်ကို စီမံခန့်ခွဲနိုင်သော မည်သည့်ကျွမ်းကျင် သူမဆို စိတ်ဝိညာဉ် ပင်လယ်တစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ စိတ်ဝိညာဉ်ပင်လယ်က သူတို့၏ပိုင်နက်သဖွယ် ဖြစ်ပြီး ထိုနေရာ၏ ပိုင်ရှင်မှာ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လေ၏။


 မည်သူမဆို ရှေ့တလှမ်းလှမ်းလိုက်ရုံဖြင့် ကြီးမြတ်သောဓားအာဏာရှင်၏ စိတ်ဝိညာဉ်ဘပင်လယ်အတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်သည်။ 


မသေမျိုး ဝိညာဉ်ဘုံ၏ အထွတ်အထိပ်တွင်တည်ရှိခဲ့သော ဖြစ်တည်မှုတစ်ခုအနေဖြင့်သူ၏ဝိညာဉ်ဘပင်လယ်က အလွန်ကြောက်စရာကောင်းပေသည်။ 


သံသယဖြစ်စရာမလိုပင် ကြီးမြတ်သောဓားအာဏာရှင် ၏အမွေအနှစ်က သူ၏ဝိညာဉ် ပင်လယ်၌တည်ရှိပေလိမ့်မည်။ 


ရှုရမိန်းမပျို၏ စကားများကို ကြားလိုက်ရသောအခါ အားလုံးမျက်လုံးပြူး သွားကြသည်။ အားလုံးက အတွေးကိုယ်စီဖြင့် တွေးတောနေကြ၏။ 


ဓားအာန်ှင်သ က်ရှိထင်ရှားရှိစဉ်အချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ သူကသွေးဆာနေသည့် ပညာရှင်တစ်ယောက်ပင်ဖြစ်သည်။ သူ သတ်ဖြတ်သည်က အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ သူတို့၏ ခြေထောက်များ သုံးပြီးစဉ်းစားလျှင်ပင် စိတ်ဝိညာဉ်ပင်လယ်မှာ အန္တရာယ်များလှသည်ကို မည်သူမဆ်ို သိနိုင်ပေသည်။ 


သို့သော်လည်း အခွင့်အရေးရနိုင်မည့် လမ်းဖြစ်သည့်အတွက် ဘယ်အရာကိုမှ ကြောက်တော့မည်မဟုတ်ပေ။ ပညာရှင်များ၏ မျက်လုံးအတွင်းမှ လောဘအသွင်အပြင်မှာ ပေါ်လာပြီးနောက် ရှေ့သို့တိုးလိုက်ကြသည်။ သူတို့က စိတ်ဝိညာဉ်ပင်လယ် အတွင်းသို့ တိုးဝှေ့ ဝင်ရောက်ကြလေသည်။


ဝှစ်...ဝှစ်...ဝှစ်...


အလင်းတန်းများ ဖြာထွက်လာပြီး မြို့တော်ကြီး တစ်ခုလုံးကိုထွန်းညှိလိုက်သလိုပင်ဖြစ်သည်။

ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက်ထိုအပေါက်ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။


"စားဖိုမှူးလေး... မင်းလိုက်မသွားဘူးလား..."


 ပုဖန်ကိုကြည့်ရင်း ရှုရမိန်းမပျိုက ပြုံးလ်ိုက် သည်။ သူမ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခုထွက်ပေါ်လာလေ၏။ 


သေချာပေါက်ကို ဝင်ရမှာပေါ့... ခဗျားက အတူတူလိုက်ဝင်မလို့လာ..."


 ပုဖန်က မိန်းမပျိုအားမျက်လုံးထောင့်ကပ်ကြည့်၍ ပြောလိုက်သည်။


 ပုဖန်၏ စကားကြောင့် လျိုလီ မျက်မှောင်ကြုတ်သွားသည်။ မျက်လုံးများမှ လူသအငွေ့အသတ်များထွက်ပေါ်လာသည်။ 


ပုဖန်က နတ်ဘုရားသတ်ဓား ကိုကိုင်ပြီး ရှေ့သို့ လျှောက်လာခဲ့သည်။ထို့နောက် သူက ပါးလွှာသောအရာဝတ္ထုကို ဖြတ်သွားသကဲ့သို့ထင်လိုက်ရသည်။ ထို့သူတို့၏ မြင်ကွင်းများမှာ ပြောင်းလဲသွားခဲ့တယ်။


ဘူဖန်က ရုတ်ရက် သူ့၏မှတ်ဉာဏ်အတွင် တခုခုကို သတိရသွားသောကြောင့် ထူးဆန်းသောအမူအရာတစ်ခုက မျက်နှာတွင်ပေါ်လာသည်။


"ဒါက စိတ်ဝိညာဉ် ပင်လယ်ဆိုတာ လား..."