အပိုင်း ၅၇၇
Viewers 53k

အခန်း ၅၇၇

ငါ့ကို အံ့ဩကျေနပ်လောက်အောင် မလုပ်ပြနိုင်ရင် သေရမယ်...


ကြီးမြတ်သော ဓားအာဏာရှင်၏ စိတ်ဝိညာဉ်ပင်လယ်...


အံ့ဩတုန်လှုပ်စရာ ကောင်းလွန်းလှသည့် နေရာပင်ဖြစ်သည်။ သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရပြီးနောက်တွင် ပုဖန်၏ မျက်နှာ၌ထူးဆန်းသော အရိပ်အယောင်များကို တွေ့လိုက်

သည်။ ပင်လယ်က ကျယ်ပြန့်လှသည်။ သူ့၏ မီးဖိုချောင်ထက်ပင် ကျယ်ပြန့်လှသောကြောင့် ပုဖန် ပြောစရာစကားပင် ပျောက်သွားလေသည်။ 


ပတ်ဝန်းကျင်၏ လေထုကဆီနံ့များဖြင့် ဖုံးလွှမ်းနေသည်။ ပုဖန်မျက်လုံးများကို မှိတ်လိုက်သောကြောင့် ထိုသူ၏ နေရာကို သေချာစွာသိလိုက်လေသည်။


မီးဖိုများကို တစ်ခု၏ အနားတွင် တစ်ခုဆီ အစီစဉ်တကျ ထားရှိထားသည်။ မီးဖိုအချို့မှာ အသုံးပြုနေသလိုပင် ဆူဆူညံညံအသံကို ကြားနေရသည်။ မီးဖိုမှ မီးတောက်က ကောင်းကင်သို့တက်လာပြီး မီးခိုးများကလေထုကို ဖုံးလွှမ်းသွားခဲ့သည်။


အင်အားကြီးမား သောသူများပင် ထိုမြင်ကွင်းကိုမြင်လိုက်ပြီးနောက် အံ့အားသင့်သွားကြသည်။ သူတို့ မျှော်လင့်ထားသော အရာများနှင့် ကွာဖြားလှသောကြောင့် မျက်နှာအမူအရာများမှာ ထိုင်းမှိုင်းကုန်ကြသည်။ ကြီးမြတ်သော ဓားအာဏာရှင်၏ ဝိညာဉ်ဘုံပင်လယ်က အန္တရာယ်များပြီး ကြောက်စရာကောင်းလှပေသည်။ သို့သော်လည်း သူတို့၏ ရှေ့တွင်ရှိနေသည်မှာ မီး ဖိုချောင်မှန်း သာထင်ရှားနေပေသည်။


 ရှုရမိန်းမပျိုက ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူမက ကြီးမြတ်သော ဓားအာဏာရှင်၏ ဝိညာဉ်ဘုံပင်လယ်က အန္တရာယ်များပြီး ကြောက်စရာကောင်းလိမ့်မည်ဟု၍ ကျိန်ဆို၍ပင် ပြောခဲ့ခြင်းဖြစ်သည်။ ထိုနေရာမျိုးတွင် ပေါ်ထွက်လာလိမ့်မည်ကို သူတို့ မမျှော်လင့်ခဲ့ကြပေ။ 


သူတို့က ရှေ့တွင်ရှိသော မီးဖိုချောင်၏ မြင်ကွင်းကို ငေးမောကြည့်နေကြသည်။ ရုတ်တရက် ထိုမီဖိုချောင်၏ အမှောင်ကျနေသော ထောင့်မှာ အမှောင်ရိပ်တစ်ခုက ပေါ်ထွက်လာလေသည်။ ထိုပုံရိပ်က သူတို့၏ရှေ့မှ အလျင်အမြန်ပေါ်ထွက်လာသောကြောင့် သူတို့အဖွဲ့မှာ လန့်ဖြန့်သွားကြသည်။ ပုံရိပ်များက စားဖိုမှုး ခေါင်းစွပ်ကို ဝတ်ဆင်ထားသော ခေါင်းမဲ့စားဖိုမှူးများ ဖြစ်၏။ ခေါင်းမဲ့စားဖိုမှူးများက မီးဖိုချောင်သုံးဓားများနှင့် ယောက်ချိုဇွန်းများကို အသင့်ပြင် ကိုင်ဆောင်ထားလျှက်သူတို့အဖွဲ့ကို ကြည့်နေကြပေသည်။ 


သူတို့က တစ်ယောက်ချင်းဆီကို တိုက်ရိုက်ဦးတည်ကြည့်နေခြင်းမျို မဟုတ်သော်လဲ ခန္ဓာကိုယ်မှကြောက်စိတ်ကြောင့် ကြက်သီးများပင်ထနေပေသည်။သေချာသည်မှာ ကြီးမြတ်သော ဓားအာဏာရှင်၏ ဝိညာဉ်ပင်လယ် မီးဖိုချောင်ဖြစ်သော်လည်း သာမန်မီးဖိုချောင်မတူပဲ ကွဲပြားလှသည်။ ခေါင်းမဲ့စားဖိုမှူး၏ အသွင်အပြင်ကို ကြည့်လိုက်သည်နှင့် အန္တရာယ်တစ်ခု၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။ 


ထပ်...ထပ်...ထပ်..


မီးဖိုချောင်မှ ဆူညံသံအချို့က ရုတ်တရက်ပျောက်ကွယ်သွားပြီး အလွန်တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းမဲ့စားဖိုမှူးများကဘေးတစ်ဖက်တစ်ချက်သို့ ကပ်လိုက်ပြီးနောက် ကြီးမားသန်မာလှသည့် ပုံရိပ်တစ်ခုအတွက် လမ်းကြောင်းပေးလိုက်သည်။ သူတို့အားလုံးက သူတို့၏ ရှေ့သို့ လျှောက်လာနေသည့် ပုံရိပ်အား အသက်ပင်ပြင်းပြင်းမရှူရဲပဲ စိုက်ကြည့်နေကြလေသည်။ 


"ကြီးမြတ်သော ဓားအာဏာရှင်..."


သူတို့ရှေ့တွင် ရပ်နေသောသူက မည်သူဖြစ်သည်ကို လူတိုင်းသိသည်။ သူက ခန်းမကြီး၌ ထိုင်နေခဲ့သော ကြီးမြတ်သော ဓားအာဏာရှင် ဖြစ်ပေသည်။ မြေအောက်နန်းတော်၌ ထိုင်လျှက်ရှိခဲ့သော ကြီးမြတ်သောဓား အာဏာရှင်သည် အလောင်းတစ်လောင်းသာဖြစ်ခဲ့သည်။ သို့သော် သူတို့၏ ရှေ့မှလူဟာအသက်ရှင်လျှက်ရှိသော လူတစ်ယောက်ဖြစ်နေပေသည်။


"အဲ့လူက အသက်ရှင်နေတာလား..."

ထိုသူတို့ ခေါင်းများပင်ကြိမ်းသွားပြီး မျက်နှာ

များမှ ကြောက်စိတ်ဖြင့် ပျက်ယွင်းနေပေ၏။


ကြီးမြတ်သော ဓားအာဏာရှင်က ကြယ်များကြားမှလကဲ့သို့ ပတ်ပတ်လည်ရှိ ခေါင်းမဲ့စားဖိုမှူးများနှင့် ဖြည်းဖြည်းချင်းချီတက်လာသည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး အကြည့်များက လူအုပ်ကြားထဲသို့ ပျံ့နှံ့သွားသည်။ ထို့နောက်အကြည့်ကစူးရှလာပြီး လမ်းလျှောက်ခြင်းကိုရပ်တန့်ပစ် လိုက်သည်။ သူ့၏ မျက်ခုံးက အနည်းငယ်မြင့်တက်သွားသည်။


နတ်ဘုရားသတ်ဓားရဲ့ အနှောင်အဖွဲ့တွေက လွတ်မြောက်သွားပြီလား...

မင်းတို့အားလုံးက ငါရဲ့ အမွေအနှစ်ကို ရှာနေပုံရတယ်..."


ရှုရမိန်းမပျိုနှင့် အခြားသူများ၏ ကျောရိုးမှ အေးစိမ်းသွားသည်။ သူတို့ရှေ့တွင်ရှိနေ သည့်လူက အရှိန်အဝါက အလွန်ပြင်းထန်လွန်းသည်။ သူ့၏ဂုတ်အရှိန်အဝါက နှိမ့်ကျခဲ့နည်ဆိုင်လျှင်တောင် ထိုသူ၏ ခန္ဓာကိုယ်မှလာသော ဖိအားက ပြင်းထန်ဆဲပင်ဖြစ်သည်။ 


"မင်းတို့အားလုံး နေရာမှန်ကိုရောက်လာကြတာပဲ...

ဒီနေရာက ငါ့ရဲ့ အမွေအနှစ်ရှိရာနေရာပဲ..."

ကြီးမြတ်သော ဓားအာဏာရှင်က ပြောလိုက်သည်။ 


ထိုသူများ အံ့ဩသွားပြီးနောက်တွင် ဝမ်းသာရွှင်လမ်းနေသော အမူအရာက ထပ်တူလိုက်ပါလာလေသည်။ 


သို့သော် ကြီးမြတ်သော ဓားအာဏာရှင်ထပ်ပြောလိုက်သော စကားပြောင့် ထိုသူတို့ မျက်နှာရှိ ရွှင်ပြမှုများက ပျောက်ကွယ်သွားသည်။


 “ မင်းတို့ ငါ့ရဲ့ အမွေအနှစ်ကို ရရှိဖို့ကံပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အောင်မြင်နိုင်မလားမအောင်မြင်ဘူးလား ဆိုတာကို ပြောရအတော်ခက်တယ်..."


ထိုစကားကို ကြားလိုက်ရပြီးနောက် သူတို့အားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်ပေါ်၌ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။ ယခင်အဝတ်အစားများမှာ ပျောက်ကွယ်သွားပြီး ထိုအဝတ်အစားများ နေရာတွင် စားဖိုမှူးအဝတ်အစားများကအစားထိုး ဝင်ရောက်လာသည်။ ထိုအဝတ်များမှာ အဝေးရှိ ခေါင်းမဲ့စားဖိုမှုးများ၏ ဝတ်စုံနှင် အတူတူပင်ဖြစ်သည်။ 


ခေါင်းမဲ့စားဖိုမှူးတွေနဲ့ အဝတ်အစားက အတူတူပဲလား ...


ဘာကိုဆိုလိုချင်တာလဲ ...


ကြီးမြတ်သောဓားအာဏာရှင် လိုချင်တဲ့အရာက ဘာတွေလဲ...


ထိုအချိန်တွင် ရှုရမိန်းမပျိုကိုယ်တိုင်ပင် အေးစိမ့်သော ခံစားမှုကို ခံစားနေရသည်။ ခြေဖဝါးမှလာသော အအေးဓာတ်က သူမ၏လည်ပင်းသို့တက်သွားလေသည်။


 ပုဖန်၏ မျက်နှာတွင်မသေချာမရေရာသော အမူအရာအပြည့်ဖြင် ထိုသူများကို ကြည့်လိုက်သည်။ အမှန်တကယ်တွင် သူတို့၏ အဝတ်အစားများက မတူညီကြပေ။


ဟန်လီ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်ချပ်ဝတ်တန်ဆာကို စားဖိုမှူးဝတ်စုံ အစားထိုးလိုက်သည်။


ဘူဖန်က သူ့၏ကိုယ်ပေါ်တွင် ရှိနေသောအဝတ်အစားများကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။ 


" အဝတ်အစားတွေက ဘာလို့ မပြောင်းလဲတာလဲ...

အနီရောင် နတ်ဘုရား စားဖိုမှူးဝတ်ရုံ ကြောင့်လား..."


"စိတ်ဝင်စားစရာပဲ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများက အပေါ်သို့ကွေးတက်သွားပြီး နက်ရှိုင်းသောအပြုံးတစ်ခုက မျက်နှာတွင် ပေါ်လာလေသည်။


 ကြီးမြတ်သော ဓားအာဏာရှင်၏အကြည့်က ပုဖန် ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ပုဖန်ဝတ်သောအ ၀တ်က မီးဖိုချောင်သုံး အဝတ်တစ်ခုမျှသာဖြစ်သည်။


 ထိုအရာက ကြီးမြတ်သောဓားအာဏာရှင်၏ အဆုံးအဖြတ်နှင့် မသက်ဆိုင်ချေ။

ကြီးမြတ်သော ဓားအာဏာရှင်က သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စကားမဆက်မီကျန်လူများကို အကဲခတ်လိုက်သည်။


“ ဒီမှာရှိတဲ့ အမွေအနှစ် ကိုငါပိုင်တယ်...

ငါရဲ့ စမ်းသပ်ချက်ကို အောင်မြင်အောင်လုပ်နိုင်ရင် အမွေအနှစ်ကို မင်းတို့ကိုပေးလိုက်မယ် ..."


"စမ်းသပ်မှုလား..."


လူတိုင်း၏နှလုံးများ အနည်းငယ် တုန်ခါသွားပြီး.. လန့်ဖြန့်သွား၏


“ မင်းတို့ရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်...

မင်းတို့က မီးဖိုချောင်ထဲရှိနေတာကို သတိပြုမိလား...

 ငါက အစာစားရတာ နှစ်သက်တယ် ဆိုတာမင်းတို့ သိသင့်တယ်... 

ငါ့အမွေအနှစ်ကိုရဖို့အတွက် ငါ့ကို ကျေနပ်အောင်လုပ်နိုင်ရမယ်...

မဟုတ်ရင် မင်းတို့က ဒီစားဖိုမှူးတွေလိုပဲ ငါ့နောက်မှာရှိနေရလိမ့်မယ်...”


ကြီးမြတ်သောဓား အာဏာရှင်က သူ၏ပြစ်ဒဏ်ကို အဆုံးသတ်ပြောဆို လိုက်ပြီးနောက် ကြောက်စရာကောင်းသောအပြုံး ပေါ်လွင်လာသည်။


 လူတိုင်း၏နှလုံးသားမှာ တုန်လှုပ်သွားသည်။ ထိုအရာက သူတို့၏ဘ၀ ကို ကြိုးတန်းပေါ်တွင် တင်ထားသကဲ့သို့ စမ်းသပ်မှုတစ်ခုဖြစ်သည်။ မအောင်မြင်သူများအတွက် သေခြင်းတရားသာ စောင့်ဆိုင်းနေခဲ့သည်။


ပုဖန်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။


"ဒါက ခေါင်းမဲ့စားဖိုမှူး ဖြစ်စဉ်ရဲ့ မူလအစလား..."


စားဖိုမှူးများကို ကြည့်နေစဉ်မှာပင် ပုဖန် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ ချက်ပြုတ်သူတိုင်း လွတ်လပ်မှုကို ပိုင်ဆိုင်သင့်သည်ဟုသူတွေးမိသည်။ အချက်အပြုတ်က အခြားသူများအား ပျော်ရွှင်စေသော အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်သည်။


ကြီးမြတ်သောဓားအာဏာရှင် ကဲ့သို့တည်ရှိမှုနှင့်ရင်ဆိုင်ရသောအခါ ပုဖန်မသက်မသာခံစားခဲ့ရသည်။


“ အခုငါမင်းတို့ကို မီးဖိုတစ်ခုစီကို သွားခိုင်းမယ်...

လူငါးဆယ့်သုံးယောက် လောက် ရှိပေမယ့် ငါ မီးဖိုငါးဆယ်လောက်ပဲ ပြင်ဆင်ထားတယ်...

တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြီးရင် မီးဖိုမရတဲ့ သူတွေက သေရမယ်...”


ထိုသူများကအားသင့်သွားပြီး မီးဖိုများဆီသို့အပြေးအလွှားသွား ကြလေ၏။ ကြောက်စိတ်ကြောင့် ခန္ဓာကိုယ်များပင်တုန်ယင်လာသည်။


"အဲဒါကြောင့် သေကြတာလား..." 


လူသုံးယောက် သေရမယ်လို့ဆိုလိုတာမဟုတ်ဘူးလား... မီးဖိုနှစ်လုံးက သုံးပြီးသားတွေပဲ 


သေမယ်ဆိုတာကို သူတို့အားလုံးသိနေတာပဲ...

ဒီနေရာမှာ သေရမယ့်သူ ငါးယောက်ရှိနေတာလား...


ဘယ်သူကမှ မသေချင်ကြဘူး... ဘယ်သူမဆိုငရဲကို... ငရဲကိုသွားရနိုင်တယ်..."


ချက်ချင်းဆိုသလိုပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားပေသည်။


ပုဖန်က ဝှိုက်တီ၏ အကာအကွယ်ကို ရယူပြီး မီးဖိုတစ်ခုအား လွယ်လွယ်ကူကူရရှိခဲ့သည်။ ရှုရမိန်းမပျို နှင့်အခြားသူများကလည်း ပင်ကိုယ်စွမိးရည်များကြောင့် မီးဖိုတစ်လုံးစီကို ရယူနိုင်ခဲ့သည်။ အဆုံးသတ်တွင် မီးဖိုကိုရအောင် မယူနိုင်ခဲ့သူများလည်း ရှိနေမှာ သေချာပေသည်။ ရေတွက်မှုပြီးဆုံးချိန် နီးလာလေလေ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့သည်။


အဟွတ်...


တစ်စုံတစ်ယောက်က သွေးချောင်းများ ဆိုးကာနေရာအနှံ့သို့ သွေးများပျံ့နှံ့သွားလေသည်။ ထရန်ကြိုးစားသော်လည်း မမြင်နိုင်သောစွမ်းအင်များက ဖြင့်ချည်နှောင်ထား၏။ 


“ အချိန်စေ့ပြီ…

မင်းတို့ငါးယောက်အတွက် မီးဖိုမရှိတော့ဘူး...

ငါ့အမွေအနှစ်တွေကို တိုက်ခိုက်ယူနိုင်ဖို့ မင်းတို့မှာအရည်အချင်းမရှိဘူး အခုမင်းတို့က ငါ့အပိုင်ပဲ..."


ကြီးမြတ်သောဓား အာဏာရှင်ကပြုံးလိုက်ပြီး မျက်လုံးများက သွေးရောင်များကဲ့သို့ အနီရောင်သန်းနေပေသည်။ ထိုလူငါးဦး၏ ဦးခေါင်းက သူတို့၏ခန္ဓာကိုယ်မှ ကွာသွားကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရသည်။ ထိုသူတို့၏စားဖိုမှူး ဝတ်စုံပေါ်၌ သွေးများစီးကျလာပေသည်။


ဝှစ်...


ထိုနေရာတွင် မီးဖိုချောင်သုံးဓားနှင့် ပစ်သံများ ယောက်ချိုဇွန်းသံများက မြေပြင်ပေါ်သို့ကျကာအလင်းတန်းတစ်ခုမှ အသံကိုကြားလိုက်ရသည်။ 

ထိုငါးဦးတို့၏ ခန္ဓာကိုယ်များကို ကွေးကာမီးဖိုချောင်သုံးဓားနှင့်ဇွန်းကို ကောက်ယူကာခေါင်းမဲ့စားဖိုမှူးများ၏ တပ်ထဲသို့ဖြည်းဖြည်းချင်း ၀ င်ရောက်သွားကြသည်။


အား...


လူတိုင်းက သူတို့၏ ဆံပင်များထောင်သွားပြီးနှလုံးများပင်တုန်ခါသွားစေ နိုင်လောက်သည့် ကြောက်စရာမြင်ကွင်းကို ကြည့်နေမိကြသည်။


"ခေါင်းမဲ့စားဖိုမှူးများ တပ်... "


ကြီးမြတ်သောဓား အာဏာရှင်က သူ့စစ်တပ်က လူတွေကို ဒီလိုလုပ်ထားတာလား..

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ...


ကြီးမြတ်သောဓား အာဏာရှင်က မီးဖိုတစ်လုံးဆီကို ရရှိခဲ့သော သူများကို ကြည့်ပြီးနောက် ပြုံးပြလိုက်သည်။


“ အခုလူတိုင်းမှာ မီးဖိုတစ်လုံးရှိနေလို့

မင်းတို့ အကုန် ချက်ပြုတ်ရတော့မယ်...

ပါဝင်ပစ္စည်းများကို မီးဖိုအောက်မှာ မင်းတို့အတွက်ပြင်ဆင်ထားတယ် ... 

ငါ့ကိုစိတ်ကျေနပ်စေနိုင်မယ့် တစ်ခုခုချက်ပြုတ်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်... 

သတိတစ်ခုရဖို့က မင်းတို့မလုပ်နိုင်ခဲ့ရင်...”


ကြီးမြတ်သောဓား အာဏာရှင်က ရုတ်တရက်စကားမပြောဘဲ ရပ်လိုက်သည်။ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး ဆိုးရွားသောအကြည့်တစ်ခုက အစားထိုးဝင်ရောက်လာသည်။ 


"မလုပ်နိုင်ခဲ့ရင် မင်းတို့အားလုံး ငါနဲ့ဒီနေရာမှာ အတူနေခဲ့ရမယ်..."


သူနှင့်အတူနေရပြီးရင် ခေါင်းမဲ့စားဖိုမှူးများထဲက တစ်ယောက်ဖြစ်လာမှာလား...

ဘယ်သူက ဒီလိုအဖြစ်မျိုး ရောက်ချင်မှာလဲ...


ခေါင်းမဲ့စားဖိုမှူးအဖြစ် လုပ်ခံရသောလူငါးဦးက ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ အဝေး၌ရပ်နေလေသည်။ လက်တစ်ဖက်၌ မီးဖိုချောင်သုံးဓားနှင့် အခြားတစ်ဖက်တွင် ဇွန်းတစ်ဇွန်းကို ကိုင်ဆောင်ထားခဲ့သည်။ သူတို့၏စားဖိုမှူးဝတ်စုံများက သွေးများဖြင့်ရဲရဲနီနေပေသည်။ 


ထိုမြင်ကွင်းက အစမ်းသပ်ခံရမည့် လူတိုင်းကိုကြောက်ရွံ့မှုဖြစ်စေခဲ့သည်။ 

စမ်းသပ်ခံသူများက သူတို့၏အာရုံကို မီးဖိုဘက်ဆီသို့စူးစိုက်လိုက်သည်။


 သူတို့က အောက်တွင်ရှိသော ပုံးကိုဖွင့်လိုက်ပြီး ပါဝင်ပစ္စည်းများကိုထုတ်လိုက်သည်။ သို့သော် ထိုသူများမှာ မီးဖိုရှေ့တွင် အရူးတစ်ယောက်လိုရပ်ကြည့်နေသူများရှိသည်။ အထူးသဖြင့် ဆေးနန်းတော် အဆောက်အဦးမှ အဂ္ဂိရတ်ပညာရှင်အုပ်စု အတွက်ဆိုလျှင် မှန်ပေသည်။ သူတို့ကအဂ္ဂိရတ်ပညာများကို ကျွမ်းကျင်သော်လည်း ... ချက်ပြုတ်ခိုင်းသည့်ကတော့ ကောင်းကင်ဘုံကိုတက်နိုင်ရန် တောင်းဆိုခိုင်းသည်နှင့်ပင်နဲ့တူနေပေသည်။ 


အမွေအနှစ်တစ်ခုအတွက် ချက်ပြုတ်နည်းကိုသင်ယူဖို့ ဘာကြောင့်လိုအပ်ရတာလဲ...

 မချက်ပြုတ်နိုင်လို့ တစ်နေ့မှာ ထိုသူတို့၏ အသက်တွေက အန္တရာယ်ကျရောက်လာလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးထားပါ့မလဲ...


အဂ္ဂိရတ်ပညာရှင်အုပ်စုအားလုံး၏ မျက်နှာမှာ ပျက်ယွင်းနေကြပေသည်။ ရှုရ မိန်းမပျိုသည်လည်း နှေးကွေးနေပေ၏။ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ လက်ကို ရင်ဘတ်ပေါ်သို့ဖိလိုက်သည်။ ငြိမ်သက်သွားပြီးနောက် မီးဖိုအောက်ရှိ အံဆွဲကိုဖွင့်လိုက်ပြီး ပါဝင်ပစ္စည်းများအားလုံးကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ချက်ပြုတ်နည်းကို မသိသော်လည်း သူကြိုးစားချက်ပြုတ်မည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင်သူမသေရမည် ဖြစ်သည်။ 


ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး အရူးကဲ့သို့ရယ်နေသော ကြီးမြတ်သောဓား အာဏာရှင် ကိုမော့ကြည့်လိုက်လေသည်။ စက်ဆုပ်ရွံရှာစိတ်ကို သူ့နှလုံးသား၏ အခြေမှခံစားလိုက်မိ၏

 ခေါင်းမဲ့စားဖိုမှူးများ၏ အသွင်အပြင်ကြောင့် ပုဖန်စိတ်မသက်မသာ ဖြစ်သွားသည်။ ကြီးမြတ်သောဓား အာဏာရှင်၏ အပြုအမူက စားဖိုမှူးများအား လေးစားမှုမရှိပေ။


ပုဖန်က မီးဖိုအောက်ရှိ အံဆွဲကိုဖွင့်လိုက်နောက် ပါဝင်ပစ္စည်းများကို ထုတ်လိုက်သည်။ ကြွယ်ဝသောစိတ်ဝိညာဉ် အနှစ်သာရက ပုဖန်၏ ရှေ့တွင်စတင်ပျံ့နှံ့သွားပြီးနောက်တွင် သူ့၏ မျက်လုံးများကတောက်ပလာပေသည်။ ပုဖန်ထုတ်လိုက်သော ပါဝင်ပစ္စည်းက အသားတစ်ပိုင်းဖြစ်သည်။ ၎င်းကြီးမားလှသော အသားပြားတစ်ခုဖြစ်ပြီး တခမ်းတနားရှိလှသည်။ ပုဖန်က အသား၏ အရည်အသွေးကို အံ့အားသင့်သွား၏။ 


“ စနစ်....ဒါကဘယ်လိုအသားမျိုးလဲ..."


 ပုဖန်က စနစ်အား တိတ်တဆိတ် မေးလိုက်သည်။


“ အသားက မသေမျိုးခန္ဓာနယ်ပယ် အထွတ်အထိပ်တွင် ရှိတဲ့ နတ်သားရဲတစ်ကောင်ရဲ့ ဗိုက်သားပဲ..."


 စနစ်က စိတ်ထက်သန်စွာပြန်ပြောလိုက်၏။ အစားအစာ၏ ပါဝင်ပစ္စည်းများအကြောင်းကို မေးသည့် မေးခွန်းများကို စနစ်ကစိတ်ရောကိုယ်ပါအမြဲဖြေဆိုခဲ့သည်။ 


"မသေမျိုးနယ်ပယ် အထွတ်အထိပ်ရှိ မြင့်မြတ်သော ဝိညာဉ်သားရဲ တစ်ကောင်ရဲ့ အသား..."

 ပုဖန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထိုအာဏာရှင်က ဤကဲ့သို့ ပါဝင်ပစ္စည်းများကိုသုံးရန်မထိုက်တန်ချေ။


.....


 ခပ်လှမ်းလှမ်း၌ရှိနေသော ပိတ်အင်္ကျီဝတ်ထားသောသက်လတ်ပိုင်း လူတစ်ယောက်၏မျက်လုံးများက တောက်ပသွားပြီး သက်ပြင်းချလိုက်သည်။


“ မသေမျိုးနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ စိတ် ဝိညာဉ်သားရဲ၏အသား စိတ်ဝင်စားစရာပဲ... 

ဒီအာဏာရှင်သတ်ခဲ့တဲ့ ဝိညာဉ်သားရဲဘယ်နှစ်ကောင်တောင်ရှိခဲ့တာလဲ... ဒါကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်..."


 သက်လတ်ပိုင်းလူက မျက်လုံးကိုမှိတ်လိုက်ပြီးနှုတ်ခမ်းထောင့်စွန်းများကို တွန့်လိုက်သည်။


သူ၏လက်၌ အပြာရောင်ရေခဲဓားမ ရုတ်တရက်ပေါ်လာသည်။ ဓားကအလွန်တရာအံ့သြဖွယ်ကောင်းပြီး မည်သူမဆိုသူ၏ ဓါးခုတ်စွမ်းရည် ထူးခြားသည်ကိုမြင်တွေ့နိုင်ပေသည်။


"ငါဘာဟင်းချက်ရမလဲ...

 ငါက အစားကြူးတောင်ကြားကဖြစ်တာကြာင့် မည်သူ့ကိုမှ ကြောက်စရာမလိုဘူး ဒီအမွေအနှစ်ဟာ ငါ့လိုလူတစ်ယောက် အတွက်ပဲသေချာပေါက် ဖြစ်ရမယ်..." 


သက်လတ်ပိုင်းအမျိုးသားက နှုတ်ခမ်းကိုတွန့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ ရွှင်ပြလန်းဆန်းနေပြီးနောက် ဓားမှထွက်လာသောအအေးဓာတ်ကိုအပြည့်အဝခံစားလိုက်ရသည်။ ရုတ်တရက် သူ၏ ဓားကတုန်ခါလျှက် မျက်လုံးများပြူးကျယ်လာပြီး ဦးတည်ချက်တစ်ခုတည်းဆီသို့ အာရုံစိုက်လိုက်လေသည်။ 


.....


လူငယ်တစ်ယောက်၏ လက်ဖဝါးပော်တွင်ဓားတစ်လက် ပေါ်လာပြီးနောက် မီးခိုးငွေ့များ ဖုံးလွှမ်းသွားသည်။ ဓားကိုအကြိမ်အနည်းငယ်လှည့်ကာ ဓားစွမ်းရည်ကိုပြသလိုက်သည်။