အပိုင်း ၅၇၈
Viewers 53k

အခန်း ၅၇၈

အချက်အပြုတ်ပြိုင်ပွဲ...


ဒီဓားက သူ့၏ မီးဖိုချောင်သုံးဓားမကြီး ဖြစ်ပေသည်။


သက်လတ်ပိုင်းအရွယ်လူက မျက်လုံးများ မှေးကျင်းလိုက်သည်။ထိုဓားကို အနီးကပ်ကြည့်ပြီးနောက်သူ အံ့အားသင့်သွားသည်။ထိုဓားက သာမန်မဟုတ်ပေ။


ထိုဓားက အစားကြူးတောင်ကြားမှ ရှားပါးလှသော ဓားတစ်လက်ဖြစ်သည်။ဓား၏ ကိုယ်ထည်တွင်သာမဟုတ် အထူးသဖြင့် ဓားသွားများကိုပါ ပညာရှင်များက စိတ်ဝိညာဉ် စွမ်းအင်များဖြင့် အရောင်တင်ထားခဲ့ခြင်းဖြစ်သည်။ထိုဓားကို အစားကြူးတောင်ကြားအပြင်ဘက်တွင် ရှာတွေ့ရန် မဖြစ်နိုင်ပေ။


အရိုးရှင်းဆုံးပြောရလျှင် အာဏာရှင်၏ နတ်ဘုရားသတ်ဖြတ်သူ ဓားက စိတ်ဝိညာဉ် စွမ်းအင်များ ထက်မြလှသော ဓားတစ်လက်ဖြစ်သည်သူက ထိုဓားကို ဖန်တီးနိုင်ရန် အစားကြူးတောင်ကြားသို့ သွား၍ လိုအပ်သည့် ပစ္စည်းများကို ယူမည်ဆိုလျှင်တောင် သူ့၌ ကျွမ်းကျင်သည့် ဓားဖန်တီးသူတစ်ယောက်ရှိဖို့ လိုအပ်ပေသည်။


သူမြောက်များလှစွာသော စိတ်ဝိညာဉ်သားရဲများနှင့် နတ်ဘုရားတစ်ပိုင်း သားရဲများကိုပင် သတ်ဖြတ်ပြီးနောက် အာဏာရှင်ဓား၏ နတ်ဘုရား သတ်ဖြတ်မှု စွမ်းရည်က ပို၍ပင် တိုးပွားလာလေသည်။


သို့သော်လည်း ထိုလူငယ်လေး၏ လက်ထဲမှ ဓားက သူ့၏ နတ်ဘုရား သတ်ဖြတ် ဓားကိုပင် ပြန်လည် တွန်းကန်နိုင်သည်။


"ဒါက ဘယ်လို ဓားမျိုးပါလိမ့်..."


ထိုသက်လတ်ပိုင်းလူကြီးက ပုဖန်၏ ဓားကို ထွင်းဖောက် မြင်ချင်သကဲ့သို့ စူးစူးရဲရဲစိုက်ကြည့်နေလေသည်။သူ မည်မျှပင် စိုက်ကြည့်နေစေကာမူ ထိုဓားအနက်က အနက်တိုင်းပင်ရှိနေပြီး မည်သည့် မသင်္ကာစအငွေ့အသက်မှ မရှိပဲ သာမန်ဓားတစ်ချောင်းနှင့်သာတူနေလေသည်။


နတ်ဘုရားသတ်ဓားကို သိုလှောင်နယ်မြေထဲ ပြန်ထည့်လိုက်ပြီးနောက် ကြမ်းတမ်းလှသော ဓားစွမ်းရည်များက ပျောက်ကွယ်သွားသည်။ပုဖန်က သူ့၏ ဓားစွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြသပြီးနောက် သူ့အကြည့်များက အဆင့်မြင့်သားရဲ၏ ဝမ်းဗိုက်သားပေါ် ရောက်သွားလေသည်။


မသေမျိုးခန္ဓာအထွဋ်အထ်ိပ်အဆင့် သားရဲ၏ အသားက သန်မာမှုရှိလှ၏။၎င်းက သူချက်ဖူးခဲ့သမျှ ပါဝင်ပစ္စည်းများထဲတွင် တန်ဖိုးအရှိဆုံးဟု ပြောနိုင်ပေသည်။မှန်ပေသည်။စနစ်မှ ထောက်ပံ့ပေးထားသော ရွှေရောင်ဖီးနစ်ဥကို ထည့်မတွက်ထားပေ။


သို့သော်လည်း သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသောကြောင့် ထိုလားရာဆီသို့ လှည့်ကြည့်လိုက်သည်။ပုဖန်၏ အကြည့်များက ထိုသက်လတ်ပိုင်းလူကြီး၏ အကြည့်များနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။


လူကြီး၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ရှက်ကိုးရှက်ကန်း အပြုံးတစ်ခု လှစ်ဟလာလေသည်။သူ့၏ ရေခဲသလင်းဓားမကြီးမှလည်း တောက်ပလှသော အလင်းများကို ထုတ်လွင့်နေ၏။


ထိုလူကြီး၏ တောက်ပနေသော ဓားကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်မိသည်။သူက ပုဖန်၏ အကြည့်ကို ခံစားမိရုံဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြုံးပြလာလေသည်


။သို့သော်လည်း ပုဖန်က အမူအရာမဲ့စွာဖြင့်ပင်မျက်နာလွှဲလိုက်သည်။ထိုလူကြီး၏ ဓားအသွင်အပြင်ကို သူစိတ်ဝင်စားမိသည်ဆိုသော်လည်း ထိုလူ၏ အပြုံးက သူ့ကို မသက်မသာ ခံစားရစေသည်။


ထို့ကြောင့် ပုဖန်က သူ့၏ ပါဝင်ပစ္စည်းများကိုသာ အာရုံစိုက်ပြီး ပြင်ဆင်လိုက်သည်။တန်ဖိုးရှိလှသော အဆင့်မြင့်ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်ရန်အခွင့်အရေးရခြင်းကလည်း မဆိုးလှဟု သူ ထင်မြင်မိပေသည်။


ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းကိုင်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။တခြားလက်တစ်ဖက်ဖြင့် စဉ်းနှီတုံးပေါ်မှ အသားကို မြဲမြဲကိုင်ထားလိုက်၏။


ထိုအသားတွင် အနက်ရောင်အလွှာပါးတစ်ခု ရှိနေပြီး ထိုအောက်၌ ဆီအိနေသော အသားကမူ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေလေသည်။


ပုဖန်က အသားကို အသာဖိကိုင်လိုက်ပြီးနောက် သူ့၏ ဓားဖြင့် အပေါ်ယံ လွှာအရေပြားကို ကျွမ်းကျင်ပိုင်နိုင်စွာ ခွာလိုက်သည်။သူ့၏ လှုပ်ရှားမှုများက ရွှံ့နွံမရှိသော စမ်းချောင်းကလေးမှ ရေများကဲ့သို့ ညှင်သာချောမွေ့နေလေသည်။


ခပ်လှမ်းလှမ်းတွင်ရှိနေသာ ထိုသက်လတ်ပိုင်းအရွယ်လူကြီးက မျက်ဝန်းများကို မှေးကျင်း၍ ပုဖန်၏ ကျွမ်းကျင်မှုများကို ကြည့်ရှုနေလေသည်။


"ဒီကောင်လေးက စားဖိုမှူးတစ်ယောက်များ ဖြစ်နေမလား..."


ထိုလူကြီး၏ နှုတ်ခမ်ထောင့်များ အနည်းငယ်တွန့်ကွေးသွားပြီး သူ့နှလုံးသားထဲ၌ စိတ်ဝင်စားမှုများ ပြည့်နှက်လာလေသည်။အကယ်၍ ထိုကောင်လေးသာ စားဖိုမှုးတစ်ယောက်ဖြစ်နေလျှင် ပြိုင်ပွဲအချိန်သို့ရောက်လျှင် ပျင်းစရာကောင်းတော့မည်မဟုတ်ပေ။


ထို့နောက် သူ့၏ အလုပ်ကိုသာ ပြန်လည် အာရုံစိုက်လိုက်ပြီး ပုဖန်ကဲ့သို့ပင် အသား၏ အပေါ်ယံလွှာအလွှာပါးကို ချောမွေ့စွာဖယ်ထုတ်လိုက်လေသည်။ပြီးသည်နှင့် သူ့၏ အမူအရာက လေးနက်လာလေသည်။သူ ဓားကို ကြိမ်ဖန်များစွာ ဝှေ့ယမ်းလိုက်ပြီး အတုံးလေးတွေ ဖြစ်အောင် လှီးဖြတ်လိုက်သည်။


ထိုလှီးထားသော အသားတုံးလေးများက ချောမွေ့ ညီညာနေလေသည်။အကယ်၍ တစ်စုံတစ်ယောက်ကသာ အနီးကပ်ကြည့်ရှုလိုက်မည်ဆိုလျှင် ထိုအသားတုံးလေးများအပေါ်၌ ရေခဲအလွှာပါးတစ်ခု ဖုံးအုပ်နေသည်ကို တွေ့ရပေလိမ့်မည်။


တခြားတစ်ဖက်တွင် ပုဖန်ကလည်း အေးဆေးတည်ငြိမ်စွာဖြင့်ပင် အသားများကို ဖြတ်တောက်နေသည်။သူ့၏ ကျွမ်းကျင်ပိုင်နိုင်မှုအရ ထိုအသားများကို ကောင်းမွန်စွာ ဖြတ်တောက်နိုင်ပေသည်။


"ဒီအသားအတွက် အသင့်တော်ဆုံး အကောင်းမွန်ဆုံး ဟင်းပွဲက ဘာဖြစ်မလဲ..."


အနီရောင်အသားနှပ်ဖြစ်ကြောင်း သံသယဖြစ်စရာပင်မလိုပေ။ထိုအသားထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များစွာ ရှိနေလေရာ အသားနှပ်အဖြစ် ပြောင်းလဲပြီးသည်နှင့် အရသာကလည်း ထူးကဲကောင်းမွန်နေပေလိမ့်မည်။


မူလက သူ မဟူရာလိပ်ခုံးဒယ်အိုးကိုသာ အသုံးပြုချင်ခဲ့သော်လည်း မီးဖိုပေါ်၌ ဒယ်အိုးတစ်ခု တင်ထားသည်ကို တွေ့လိုက်ရသောကြောင့် ထိုဒယ်အိုးကိုသာ သုံးရန် ဆုံးဖြတ်လိုက်သည်။


သူ ကောင်းကင်ကမ္ဘာမြေမီးလျှံကိုလည်း အသုံးမပြုပဲ ထိုမီးဖိုမှ ရှိနေသည့် ရိုးရှင်းသည့် မီးတောက်တစ်ခုကိုသာ အသုံးပြုလိုက်သည်။လိုအပ်သည့် အပူချိန်ကို ရောက်လာသည်နှင့် အသားများကို အိုးထဲ လောင်းထည့်လိုက်သည်။


ရွဲ...


တခြားတစ်ဖက်မှ သက်လတ်ပိုင်းလူကြီးကလည်း သူ့၏ဒယ်အိုးကို အပူပေးလိုက်သည်။သူ့၏ ရေခဲသလင်းဓားကို စဉ်းနှီးတုံးပေါ်တွင်သာ အသာတင်ထားလိုက်ပြီး ဒယ်အိုးပူလာသည်နှင့် အသားများကို ဒယ်အိုးထဲ လောင်းထည့်လိုက်သည်။


အံ့အားသင့်စရာကောင်းလှစွာပင် သူကလည်း ပုဖန်ကဲ့သို့ပင် အနီရောင်အသားနှပ်ကိုသာ ချက်ပြုတ်ရန် ရွေးချယ်လိုက်သည်။သို့သော် ပုဖန်နှင့် မတူညီသည်က သူကတော့ ကိုယ်ပိုင် မီးလျှံကိုသာ အသုံးပြုခဲ့လေသည်။


ဒယ်အိုးထဲမှ ပြန့်လွင့်လာသော အသားနှပ်များက ပတ်ဝန်းကျင်ကို အလျှင်အမြန် လွင့်ပျံသွားလေသည်။သူ စိတ်ကျေနပ်သွား၏။ရှားပါးလှသော မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့်၏ အသားကို အစားကြူးတောင်ကြား၏ လျှို့ဝှက်ချက်များနှင့်အတူ ပေါင်းစပ်လိုက်သောအခါတွင် ၎င်း၏ အနံ့ကိုသာမက အရသာကိုပါ တိုးမြင့်သွားစေနိုင်လိမ့်မည်။


ဒယ်အိုးကို အနည်းငယ်စောင်းလိုက်သောအခါတွင် အလျှံညီးညီးတောက်လောင်နေသော မီးတောက်များက ကောင်းကင်ထက်ဆီသို့ပင် ထိုးတက်နေလေသည်။တောက်ပလှသော မီးတောက်များက သူ့၏ ယုံကြည်မှု ရှိရှိ ပြုံးနေသော မျက်နာကို အလင်းပြန်ဟပ်နေလေသည်။


အသားကြူးတောင်ကြားမှ စားဖိုမှူးတစ်ဦးအနေဖြင့် သူ့၏ အချက်အပြုတ်စွမ်းရည်များက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးအပြင်ဘက်တွင် အကောင်းဆုံးဟု ယုံကြည်ထားလေသည်။သူ့ကို ဘယ်သူမှ ဖိနှိပ့်နိုင်မည်မဟုတ်ပေ။


ပုဖန်နှင့် ထိုသက်လတ်ပိုင်းလူကြီးတို့ အာရုံစိုက်နေကြသည့်အချိန်တွင် တခြားတစ်ဖက်တွင် မြင့်မြတ်အပ်ျိုစင်ကလည်း တုန်တုန်ယင်ယင်ဖြင့်သူမ၏ ဓားကို ကိုင်ထားလေသည်။ထို့နောက် အသားများကို ဂရုတစိုက်ဖြင့် ဖြေးဖြေးချင်းလှီးဖြတ်လိုက်သည်။ပထမဦးဆုံးအကြိမ် သူမ ဓားကိုင်ဖူးခြင်းဖြစ်ပြီး သူ့လက်ထဲမှ ဓားက မှော်ဆန်နေသလိုပင် ခံစားနေရသည်။


သူမအနည်းငယ် ခါးကုန်းထားသောကြောင့် ပြေလျော့နေသော ဆံနွယ်များက သူမမျက်နာကို ဖုံးကာနေပြီး ပို၍ပင် ဆန်းကြယ်သည့် အသွင်အပြင်ဖြစ်နေစေသည်။ချက်ပြုတ်ခြင်းက ရှေးဟောင်းရှုရမြို့တော်မှ မြင့်မြတ်သော အပ်ျိုစင်သူမ အတွက် တကယ့်ကို မလွယ်ကူပေ။


သို့သော်လည်း ဒုက္ခအရောက်ဆုံးသူများများမှာအဂ္ဂိရတ်ပညာရှင်အုပ်စုဖြစ်လေသည်။သူတို့က သူတို့ရှေ့မှ အသားကို ဗလာမျက်ဝန်းများဖြင့်သာ စူးစိုက်ကြည့်နေကြလေသည်။


စူးစိုက်မကြည့်ဘူးဆိုရင်ကော သူတို့ ဘာလုပ်ရမှာလဲ...အဲ့ဒီအသားကို ဆေးလုံးအဖြစ်ပြောင်းပစ်ရမှာလား...


ရယ်စရာကောင်းလှပေသည်။


"အကယ်၍ ထိုအသားကို ဆေးလုံးအဖြစ်သန့်စင်နိုင်ခဲ့ရင်တော့ ဘယ်လိုဆေးလုံးမျိုးဖြစ်လာမလဲ...အဲ့ဒီဆေးလုံးကိုကော စားလို့ကော ရပါ့မလား..."


ထိုအတွေးက အဂ္ဂိရတ်ပညာရှင်များကို စိုးရိမ်ပူပန်စေလေသည်။သို့သော်လည်း သူတို့၌ တခြား ရွေးချယ်စရာအခွင့်အရေးလည်းမရှိသောကြောင့် ဓားတစ်ချောင်းစီ ယူလိုက်ကြပြီး သူတို့၏ အသားများကို လှီးဖြတ်လိုက်လေသည်။တကယ်တမ်းတွင် ပွက်လောရိုက်သံများ ဆူညံသွားလေသည်။တစ်ခ်ျို့ အဂ္ဂိရတ်ပညာရှင်များက မတော်တဆ သူတို့၏ လက်များကိုပင် လှီးဖြတ်မိကြလေသည်။သူတို့ အရင်ကထက်ပင်ပို၍ ကပ်သီးကအောင့် ရှက်ရွံ့နေမိကြသည်။


တစ်ချို့ အဂ္ဂိရတ်ပညာရှင်များက သူတို့ကိုသူတို့ ပို၍ပင် မရှက်ရမိစေလေသည်။သူတို့က အသားပေါ်မှ အလွှာပါးကို ဖယ်ရမည့်အစား အိုးထဲသို့ ဒီတိုင်းပစ်ထည့်လိုက်လေသည်။ထို့နောက် လောင်ကျွမ်းသွားသော အသားညှော်နံ့က လေထဲ ပြည့်လာလေသည်။ထိုသူက သူ့အသားလောင်သွားသည်ထိတိုင်အောင် ကြောင်အအဖြင့် ရပ်နေဆဲဖြစ်သည်။


"မီးဖ်ိုခန်းထဲမှာ ဘယ်လိုအရာတွေများ ပြသနေတာလဲ..."


ခပ်လှမ်းလှမ်းတွင်ရှိနေသော ကြီးမြတ်သော ဓားအာဏာရှင်က ထိုပြိုင်ပွဲဝင်များကို ခပ်ပြုံးပြုံးဖြင့် ကြည့်နေလေသည်။အချိန်ကုန်လာလေလေ သူ့မျက်နာပေါ်က အပြုံးက ပို၍ ကြီးမားလာလေလေပင်။


ဘန်း ...


ရုတ်တရက် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။တစ်စုံတစ်ယောက်၏ အနက်ရောင်ဒယ်အိုးက ပေါက်ကွဲသွားလေသည်။လေထဲလွင့်ပြယ်သွားသည့် အဖုံးနှင့်အတူ အနံ့ဆိုးတစ်ချို့လည်း ကပ်လျက်လိုက်ပါလာလေ၏။


ထ်ိုဒယ်အိုး၏ ပိုင်ရှင်က ဘာမှ မလုပ်နိုင်ပဲ ကြောင်အစွာဖြင့်ပင် ထ်ိုလေထဲလွင့်တက်သွားသော အိုးအဖုံးကို စိုက်ကြည့်နေမိသည်။သူအမြဲတမ်း ယုံကြည်ထားခဲ့သည်က ဆေးလုံးသန့်စင်နေချိန်တွင်သာ ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဟုပင်။ထိုကဲ့သို့ တူညီသည့် ဒုက္ခရောက်မှုမျိုး တခြားအခြေအနေတွင်လည်း ရှိနေသည်ဟု မထင်ထားခဲ့မိပေ။


"ဘယ်လိုတောင် လုပ်လိုက်တာပါလိမ့်...မင်းက အရည်အချင်း မပြည့်မီဘူး...ဒါကြောင့် မင်း ဒီမှာပဲ ငါနဲ့ အတူ နေရလိမ့်မယ်..."


ကြီးမြတ်သော ဓားအာဏာရှင်က စပ်ဖြီးဖြီးအမူအရာဖြင့် ပြောလိုက်သည်။ထိုစကားကြားလိုက်သော အဂ္ဂိရတ်ပညာရှင်၏ မျက်ဝန်းများက ပြူးကျယ်သွားပြီးနောက် အော်ဟစ်၍ ထွက်ပြေးလေတော့သည်။


သို့သော်လည်းသူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သူ့ခေါင်းက ပေါက်ကွဲထွက်သွားသည်။သူက နောက်ထပ် ခေါင်းပြတ်ချက်ပြုတ်သူ တစ်ယောက်ဖြစ်လာပြန်လေပြီ။


လတ်ဆတ်သော သွေးများက ပြိုင်ပွဲဝင်များသို့ လွင့်စင်သွားလေသည်။တစ်ချို့က ထိတ်လန့်မှုကြောင့် သူတို့လက်ထဲမှ ပစ္စည်းများပင် လွတ်ကျသွားလေသည်။


"ကြီးမြတ်သော ဓားအာဏာရှင်က တကယ့်ကို သူရူးတစ်ယောက်ပဲ ..."


အမွေအနှစ်တစ်ခုအတွက် ပြိုင်ပွဲဝင်ရာတွင် သေခြင်းတရားက ရှောင်လွှဲ၍မရဟုဆိုသော်လည်း ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ရက်စက်ခြင်းကတော့ ပြိုင်ပွဲဝင်များကို ကြောက်လန့်စေလေသည်။


ထိုမြင်ကွင်းကြောင့် ပုဖန် ဒေါသထွက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။သက်လတ်ပိုင်းလူကြီးက ခေါင်းမဲ့ ချက်ပြုတ်သမားကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ ပြုံးလိုက်သည်။ထိုအရှုံးသမားများက အားနည်းလွန်းလှသည်။


ထိုလူလတ်ပိုင်းကြီးက သူ့ အိုးအဖုံးကို ဆုပ်ကိုင်ထားလိုက်သည်။မီးတောက်များက ငြိမ်းသက်သွားပြီး အိုးအတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံများထွက်ပေါ်လာလေသည်။လူလတ်ပိုင်းကြီးက မျက်မှောင်ကြုတ်၍ ထိုအသံများကြားလိုက်သည်နှင့် မျက်ဝန်းများမှေးကျင်းလိုက်သည်။ထို့နောက် အိုးအဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သိပ်သည်းလှသော မွှေးရနံ့များထွက်ပေါ်လာလေသည်။အနား၌ရှိနေကြသော သူများက ထိုမွှေးရနံ့များကြောင့် သူတို့ကို သူတို့ပင် မထိန်းချုပ်နိုင်တော့ပဲ ခဏမျှ ရပ်တန့်သွားလေသည်။


"ဝါး...ဘယ်လိုတောင် အံ့အားသင့်စရာကောင်းလိုက်တဲ့ ရနံ့လဲ အဲ့ဒီတော့ ဒီအသားကို ဒီလိုမျိုး မွှေးရနံ့တွေ ချက်လာတဲ့အထိ ချက်လို့ရတယ်ပေါ့ ဒါဆိုရင် ဘာလို့ ငါ့ရဲ့ အနံ့ကကျတော့ နည်းနည်းခါးသက်နေရတာလဲ..."


အဓိပ္ပါယ်မရှိဘူး ငါ့ဟာကျတော့ နည်းနည်းချဉ်နေတုန်းပဲ..."


လူများက သူတို့ချက်ပြုတ်နေဆဲဖြစ်သည့် အိုးများကို ကြည့်လိုက်ရင်း တီးတိုးတီးတိုး ပြောဆိုနေကြလေသည်။တစ်ချို့က ပြောစရာစကားပင် မဲ့နေကြလေသည်။သူတို့၏ ချက်ပြုတ်ခြင်းနည်းလမ်းက ကွဲပြားခြားနားနေသည်ဟု ခံစားမိလေသည်။


ပုဖန် ထိုမွှေးရနံ့များကို ရှူရှိုက်လိုက်မိသောအခါ၌ သူ့နှလုံးသားပင် အနည်းငယ်တင်းကျပ်သွားသည်။သူ့မျက်လုံးများဖွင့်လိုက်မိပြီး ထိူလူလတ်ပိုင်းကြီးကို လှမ်းကြည့်လိုက်၏။


ထ်ိုအနံ့က အနီရောင်အသားနှပ်၏ အစစ်အမှန် မွှေးရနံ့ပင်ဖြစ်လေသည်။၎င်းက ပုဖန်ကိုပင် ခဏမျှ တုံ့ဆိုင်းသွားအောင် ပြုလုပ်နိုင်လေသည်။သို့သော်လည်း သူချက်ချင်းပင် သတိဝင်လာသည်။သူ့၏ ကိုယ်ပိုင် အသားရနံ့ကလည်း အနည်းငယ်မျှပင် နိမ့်ကျလိမ့်မည်မဟုတ်ပေ။


သို့သော်လည်း နဂါးမြို့ဟောင်းတိုက်ကြီးထဲတွင် ထိုကဲ့သို့သောဟင်းပွဲမျိုးကို ချက်နိုင်မည့်သူ ရှိလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားမိပေ။လူလတ်ပိုင်းကြီးက ပုဖန်ကို ခပ်ပြုံးပြုံးဖြင့် လှမ်းကြည့်လိုက်သည်။


သူက အိုးကို ခဏမျှ စောင်းထားလိုက်ပြီးနောက် ဇွန်းဖြင့် မွှေလိုက်သည်။ပြီးသည်နှင့် အိုးထဲမှ အသားများကို ခပ်ယူလိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။သူ့၏ ဟင်းပွဲက အစောကြီးပြင်ဆင်ပြီးသွားလေပြီ။


ပြီးနောက် ပန်းကန်လုံးထဲသို့ ဆော့စ်တစ်ချို့ လောင်းထည့်လိုက်သည်။သူ့၏ အနီရောင်အသားနှပ်ဟင်းပွဲက ပြီးပြည့်စုံသွားလေပြီ။အနီးအနားရှိ သူများက ထိုဟင်းပွဲကို အံ့အားသင့်စွာကြည့်နေကြသည်။၎င်းက အနုပညာလက်ရာမြောက်လှသည်။


မြင့်မြတ်အပ်ျိုစင်က သူမ၏ အသားများက်ို လှီးဖြတ်ပြီးသွားလေပြီ ထိုအသားလွှာများက မညီမညာဖြစ်နေသော်လည်း အနည်းဆုံးတော့ သူမ လှီးဖြတ်ပြီးသွားလေပြီ။


သူမက ပုဖန်၏ လှုပ်ရှားမှုများကို သေချာစွာ အာရုံစိုက်ထားပြီး အဆင့်များကို မှတ်သားလေသည်။ထိုပုဖန်ကို နမူနာယူထားပြီဖြစ်လေရာ ယခု ချက်ပြုတ်ရန်အတွက် သူ အနည်းငယ် ယုံကြည်မှုရှိနေပေသည်။


ဒီနေရာ၌ ပုဖန်တစ်ယောက်တည်းသာလျှင် တစ်ဦးတည်းသော စားဖ်ိုမှူးဖြစ်လိမ့်မည်ဟု သူမယုံကြည်ထားလေသည်။တကယ်လို့ ပုဖန်ဆီကမှ မသင်ယူရင် မည်သူဆီကမှ သင်ယူနိုင်ပါတော့မည်နည်း။


သို့သော်လည်း သူမ၏ ယုံကြည်မှုများက ပျက်စီးသွားလေပြီ။ဒီနေရာ၌ ပုဖန်တစ်ယောက်တည်းသာလျှင် မဟုတ်ပဲ အခြားစားဖ်ိုမှူးများလည်း ရှိနေပေသေးသည်။သူ့၏ အရှေ့မှ ပြိုင်ပွဲဝင်နှစ်ယောက်ကလည်း သူတို့၏ ဟင်းပွဲများကို ပြင်ဆင်ပြီးသွားလေပြီ။


သူတို့၏ ဟင်းပွဲများကလည်း အလွန် မွှေးပျံ့ကြိုင်လှ်ိုင်လှပေသည်။ထိုပြိုင်ပွဲဝင်နှစ်ယောက်က တစ်ယောက်က ပိန်ပါးပြီး တစ်ယောက်က ဝဖြီးလေသည်။ထိုသူနှစ်ယောက်က အားလုနှင့် အားဝေတို့ဖြစ်သည်။


"အကို ဟိုကိုကြည့်လိုက်...အဲ့ဒါ ဦးလေးမဟုတ်လား..."


အားဝေ၏ ဟင်းပွဲပြင်ဆင်ပြီးသွားသည်နှင့် ကြက်ပေါင်တစ်ချောင်းကို ထုတ်ယူလေပြီး ပါးစပ်ထဲထည့်လိုက်လေသည်။ဘေးပတ်ဝန်းကျင်ကို ကြည့်ရှူလိုက်ခ်ျိန်၌ လူလတ်ပိုင်းကြီးကို သတိထားမိသွားပြီး သူ့ဘေးနားမှလူ၏ ပခုံးကို ပုတ်လိုက်သည်။


သို့သော်လည်း အားဝေက သူ့၏ စကားများကို မကြားပုံပေါ်လေသည်။သူ့၏ တောက်ပနေသော မျက်ဝန်းများက ပုဖန်ကိုသာ စူးစိုက်ကြည့်နေလေသည်။


"ပိုင်ရှင်ပုတောင် ဒီမှာရှိနေတယ်လား...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ နောက်ဆုံးတော့ ငါတို့တွေ ပိုင်ရှင်ပုနဲ့ နောက်ထပ်တစ်ပွဲ ယှဉ်ပြိုင်နိုင်တော့မယ်..."


ဒါက စားဖိုမှူးများကြားထဲမှ အစစ်အမှန် ပြိုင်ပွဲပင်ဖြစ်သည်။ထိုအခ်ျိန်ံ ပုဖန် သူ့၏ အိုးအဖုံးကို ဖြေးဖြေးချင်းဖွင့်ဟလာသည်။တစ်ပြိုင်နက်တည်းမှာပင် ပူပြင်းလှသော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။