အပိုင်း ၅၇၉
Viewers 62k

အခန်း ၅၇၉


သူတို့ ချက်ပြုတ်ရမည့်အကြောင်း သိလိုက်ရသောအခါ၌ လျို့လီ စိတ်ထဲမှနေ၍ သက်ပြင်းတစ်ချက်ချလိုက်မိသည်။သူ မချက်ပြုတ်တက်ခြင်းဆိုသည်ထက် ချက်ပြုတ်ရခြင်းကို မကြိုက်ခြင်းဖြစ်သည်။


ယခုလက်ရှိ၌ သူကရှေးဟောင်းရှုရမြို့တော်၏ ထိပ်သီးပညာရှင်ထဲမှ တစ်ယောက်ဖြစ်သော်လည်း ချမ်းသာသော မိသားစုလာခြင်းမဟုတ်ပေ။သူငယ်စဉ်က ဆင်းရဲနွမ်းပါးသည့် လယ်သမားမိသားစုထံတွင် ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။သူက ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သော ရှုရအပျိုစင်နှင့် ကွာခြားလေသည်။


သူမက မွေးဖွားလာစဉ်ကတည်းကပင် ကြယ်ပွင့်လေးတစ်ပွင့်ကဲ့သို့ပင် လင်းလက်ခဲ့ပြီး တောက်ပလှသော အနာဂတ်ရှိလေသည်။သို့သော်လည်း သူလျို့လီကမူ အောင်မြင်မှုရရန်အတွက် သွေးချွေးရင်း၍ ကြိုးစားခဲ့ရသည်။သူမ မွေးဖွားလာကတည်းက ရရှိခဲ့သော အရာတစ်ချို့ကိုပင် ရရန်ပင် သူက များစွာ အနစ်နာခံခဲ့ရသည်။


ထိုကလေးဘဝကမှတ်ဉာဏ်များက မေ့ပစ်ရန် ခက်ခဲလွန်းလှသည်။ချက်ပြုတ်ခြင်းနှင့်ပတ်သတ်သည့် အဖြစ်အပျက်တစ်ခုကလည်း သူ့မှတ်ဉာဏ်ထဲ ဖြစ်တည်လာလေသည်။ထိုအချိန်၌ သူက စားသောက်ဆိုင်တစ်ခု၌ စားပွဲထိုးလုပ်နေခဲ့လေသည်။


လျို့လီ ခေါင်းခါယမ်းလိုက်ပြီး လက်ရှိအခြေအနေသို့ ပြန်အာရုံစိုက်လိုက်သည်။သူ့၏ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ရင်းနီးနေသော မွှေးရနံ့များထွက်ပေါ်လာသောကြောင့် စိတ်ကျေနပ်သွားမိသည်။


သူ ချက်ပြုတ်ရခြင်းကို မကြိုက်သော်လည်း ဘယ်လိုချက်ပြုတ်ရမည်ကိုတော့ သိပေသည်။သူဟင်းပွဲကို ဒယ်အိုးထဲမှ ထုတ်လိုက်သည်။အလင်းရောင်လေးများ ထုတ်လွင့်နေသောဟင်းပွဲက အနားရှိ လူများအားလုံး၏ အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။


ရှုရအပ်ျိုစင်ပင်လျှင် အံ့အားသင့်သွားလေသည်။လျို့လီ၌ ထိုကဲ့သို့ အရည်ချင်းများရှိလိမ့်မည်ဟု သူမ မသိခဲ့ဖူးပေ။ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ခဲ့သည်အချိန်မှသာလျှင် ချက်ပြုတ်ခြင်းက မည်မျှ ခက်ခဲကြောင်း သိပေလိမ့်မည်။သူမက ပုဖန်၏ လှုပ်ရှားမှုတိုင်းကို တစ်ခုမကျန် လိုက်မှတ်ထားခဲ့ပြီး တသွေမတိမ်းလိုက်လုပ်ခဲ့သော်လည်း သူမ၏ ဟင်းပွဲက ပုဖန်၏ ဟင်းပွဲနှင့် ယှဉ်လိုက်လျှင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကဲ့သို့ ရှင်းရှင်းလင်းလင်းကွဲပြားခြားနားနေလေသည်။


ဟင်းပွဲ၌ မွှေးရနံ့လေး အနည်းငယ်ရှိနေသည်ဆိုသော်လည်း ပုဖန်၏ အနီရောင်အသားနှပ် ဟင်းပွဲနှင့် ယှဉ်လိုက်လျှင်မူ လပြည့်ညနှင့် လမိုက်ည ကဲ့သို့ ကွာခြားနေသည်။


...


ပုဖန်က သူ့၏ ဟင်းပွဲကို ဒယ်အိုးထဲမှ ထုတ်လိုက်ပြီး နီရဲစိုအိနေသည့် အသားနှပ်များကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။အဖြူရောင်ကြွေပန်းကန်များကို သုံးရခြင်းထက် ပန်းကန်လုံးကို အသုံးပြုရခြင်းက ပို၍ စတိုင်ကျသည်ဟု သူထင်မိသည်။


အချိန်များကုန်ဆုံးလာပြီးနောက် မကြာခင်မှာပင် ချက်ပြုတ်ခြင်းက လုံးဝ ရပ်တန့်သွားလေပြီ။ပြိုင်ပွဲဝင်ငါးဆယ်ထဲ၌ အောင်မြင်သူကော ရှုံးနိမ့်သူပါရှိနေလေသည်။ရှုံးနိမ့်သူများက ပြိုင်ပွဲအဆုံး၌ ခေါင်းမဲ့စားဖိုမှူးများ ဖြစ်လာပေလိမ့်မည်။


အောင်မြင်သွားသူများအနေဖြင့်လည်း စိတ်အေးသက်သာရသွားခြင်းမရှိပေ။အဘယ့်ကြောင့်ဆိုသော် တကယ့်စစ်ဆေးမှုအစစ် မလာသေးကြောင်း သူတို့ သိနေပေသည်။ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်နာက ပြုံးချိုနေသည်။သူက လေထဲတွင် ဝေ့ဝဲနေသော မွှေးရနံ့များကို အသာရှုရှ်ိုက်နေသည်။ခန္ဓာကိုယ်ကိုဖြေလျော့ထားပြီး စိတ်လျှော့ထားကာ ထိုမွှေးရနံ့များကို စုပ်ယူရန် ကြိုးစားနေသည်။


"ဒါက အတိတ်ကိုတောင် ပြန်ပြောင်းသတ်ိရစေတယ်...သူ့ရဲ့ အနံ့က အရမ်းကိုပဲ ကောင်းတယ်..."


ကြီးမြတ်သော ဓားအာဏာရှင်က ပြောလိုက်သည်။ခဏအကြာ၌ သူ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။သို့သော်လည်း သူ့မျက်လုံးများက နဂိုအတိုင်း အေးစက်နေတုန်းပင်ဖြစ်သည်။


သူအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပထမဆုံးတစ်ယောက်ကို စတင်အကဲဖြတ်လိုက်သည်။ထိုကျင့်ကြံသူ၏ မျက်နာနှင့် ချွေးများ ပြည့်နှက်နေပြီး နဖူး၌ အရေးကြောင်းများကိုပင်မြင်နိုင်နေပေပြီ။


ကြီးမြတ်သော ဓားအာဏာရှင်၏ ခြေလှမ်းများ နီးကပ်လာသည်နှင့်အမျှ သူ မူးမေ့လဲကျသွားတော့မလိုပင် ခံစားနေရသည်။


"မစိုးရိမ်ပါနဲ့ ငါ မင်းဟင်းပွဲကို ကြည့်ပါရစေဦး..."


ကြီးမြတ်သောဓားအာဏာရှင်က ညှင်သာစွာပြောလိုက်သည်။သို့သော်လည်း ထိုနူးညံ့ ညှင်သာမှုက သူ့ကို စိုးရိမ်ပူပန်မှုများ ပိုများလာစေပြီး နှလုံးသားပင် အခုန်မြန်လာလေသည်။


ထိုသူပြင်ဆင်ထားသည့် ဟင်းပွဲက ဆိုးရွားနေသည်။ဆော့စ်ကလည်း နည်းနေသည့်အပြင် ဟင်းကလည်းလောင်ကျွမ်းထားသလို မဲနေလေသည်။ကြီးမြတ်သော ဓားအာဏာရှင်က ဟင်းပွဲကို မယူလိုက်ပြီး နှာခေါင်းနားကပ်၍ အနံ့ခံလိုက်သည်။


ထိုကျင့်ကြံသူက ကြီးမြတ်သော ဓားအာဏာရှင်ကို စိုးရိမ်ပူပန်မှုများဖြင့် ကြည့်နေလေသည်။ရုတ်တရက် သူ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး မျက်နာအရောင်က ဖြူဖျော့သွားလေသည်။အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဓားအာဏာရှင်က ဟင်းပွဲကို အနံ့ခံပြီးသည့်နောက် သူ့ကို စိုက်ကြည့်လာလေသည်။


"ဒီအမှိုက်က မင်းချက်ထားလား...မင်းက ငါ့ရဲ့ အမွေအနှစ်ကိုယူချင်ပြီးတော့ ဒီလိုအမှိုက်လိုဟင်းပွဲမျိုး စားဖို့ ယူလာရဲသေးတယ်ပေါ့လေ...ဒါကို သေချာ ကြည့်ပြီးတော့ အနံ့ခံကြည့်စမ်းပါဦး...ဒါက အသားကို ကောင်းကောင်းမချက်ထားဘူးဆိုတာ သိသာနေတာပဲ မင်းအနောက်မှာပဲနေပြီးတော့ ဘယ်လိုချက်ရမယ်ဆိုတာကို သင်ယူလိုက်ဦး..."


ကြီးမြတ်သော ဓားအာဏာရှင်က အေးစက်စွာပြောလိုက်သည်။ကျင့်ကြံသူက ခဏမျှ တုန်လှုပ်နေပြီးနောက် သူ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။


"မဟုတ်ဘူး...ငါမသေချင်ဘူး... ငါအမွေအနှစ်တွေလည်း မယူချင်တော့ဘူး...ငါကို သွားခွင့်ပေးပါ..."


ထိုကျင့်ကြံသူက သူ့၏ အစစ်အမှန်စွမ်းအင်များကိုဟဖော်ထုတ်လိုက်ပြီး လှုပ်ရှားလိုက်သည်။


ဘုန်း...


သို့သော်လည်း ကြီးမြတ်သော ဓားအာဏာရှင်က ထိုသူကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး အေးစက်စွာပြုံးလိုက်သည်။သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် သူကသာ ဘုရားသခင် ဖြစ်ပြီး မည်သူမျှ သူ့ကို မဆန့်ကျင်နိုင်ပေ။


သူ လက်ကလေးအသာမြှောက်လိုက်သည်နှင့် ထို ကျင့်ကြံသူ၏ အော်သံက တိခနဲရပ်သွားပြီး တောင့်တောင့်ကြီး ဖြစ်နေလေသည်။ထို့နောက် သူ့ခေါင်းက ပေါက်ကွဲသွားပြီး မြေပြင်၌ သွေးများ ပြန့်ကျဲသွားသည်။


နောက်ထပ် ခေါင်းမဲ့ စားဖိုမှူးတစ်ယောက်မွေးဖွားလာလေပြီ။


ကြီးမြတ်သောဓားအာဏာရှင်က ဟင်းပွဲများကိုဆက်လက်ပြီးစစ်ဆေးလာလေသည်နှင့်အမျှ ခေါင်းမဲ့ စားဖိုမှူး အဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်လာသူ ပို၍ များပြားလာပေသည်။ထိုခေါင်းမဲ့စားဖိုမှူးအဖွဲ့ကြီးက လူအားလုံး၏ ကြောက်စိတ်ကို ပိုမိုတိုးပွာလာစေသည်။


"ဒီကြီးမြတ်သောအာဏာရှင်က တကယ့်ကို ရူးသွပ်နေတဲ့လူပဲ..."


ဝတ်ရုံကြမ်းတစ်ထည်ကို ဝတ်ဆင်ထားသည့် သူတစ်ယောက်က ကြီးမြတ်သော ဓားအာဏာရှင်သူ့ရှိရာသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ ယုံကြည်မှုရှိရှိဖြင့် စကားပြောလိုက်သည်။


"ဆရာအရှင် ကျွန်တော်ရဲ့ ဟင်းပွဲကို မြည်းကြည့်ပါဦးဒါက ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့ ဟင်းပွဲ သလင်းနီ အသားနှပ်..."


ထိုသူက သူ့၏ လက်ဖဝါး၌ အစစ်မမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီးနောက် ဟင်းပွဲ၏ အောက်ခြေမှ မတင်လိုက်ပြီးကြီးမြတ်သော ဓားအာဏာရှင်ဆီသို့ ပို့ဆောင်လိုက်သည်။ဟင်းပွဲကို တစ်ချက်ကြည့်လိုက်သည်နှင့် ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်ဝန်းထဲ၌ စားချင်သောက်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။


"သလင်းနီ အသားနှပ်...အင်း ဒီဟင်းပွဲက ရင်းနီးနေသလိုပဲ..."


သူ့လက်ထဲ၌ အစစ်အမှန် စွမ်းအင်များမှ ဖြစ်တည်လာသော တူနီတစ်စုံပေါ်လာလေသည်။ထို့နောက် ကြည်လင်နေသည့် အသားဖတ်တစ်ဖတ်ကို အသာကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။


အင်း...


ပါးစပ်ထဲ ရောက်သွားသည်နှင့် အရမ်းဆီမများပဲ အရသာကလည်း ရင်းနီးနေသည်က်ို သတိပြုမိလိုက်သည်။ကြီးမြတ်သော ဓားအာဏာရှင် မျက်ခုံးပင့်သွားပြီး သူ့မျက်နာပေါ်၌ ပျော်ရွှင်သည့် အရိပ်အယောင်ပေါ်လာလေသည်။


"အစားကြူးတောင်ကြားထဲက အရသာလိုပဲ ရင်းနီးနေတဲ့ အရသာပဲ...မင်းက အစားကြူးတောင်ကြားထဲကလား..."


ကြီးမြတ်သော ဓားအာဏာရှင်က ထိုအထည်ကြမ်းကိုသာ ဝတ်ဆင်ထားသောသူကို မေးလိုက်သည်။


"ကျွန်တော်က တကယ်တော့ အစားကြူးတောင်ကြားထဲက မျိုးဆက်သစ် လေ့လာစူးစမ်းသူ ဝမ်ရန်ချုံပါ..."


သူက ကြီးမြတ်သော ဓားအာဏာရှင်ကို အရိုအသေပေးပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆတ်စကားဆိုလိုက်သည်။သူက သူ့၏ အချက်အပြုတ်စကေးကို ယုံကြည်မှူရှိပေသည်။အစားကြူးတောင်ကြားထဲ၌ မည်သူမှ သူ့၏ ပြိုင်ဘက်မဟုတ်ပေ။


သူသည်သာ အမွေအနှစ်ကို ရရှိမည့်သူ ဖြစ်ရပေမည်။ပြောရမည်ဆိုလျှင် သူတို့ ကြီးမြတ်သောဓားအာဏာရှင်နှင့် အစားကြူးတောင်ကြားထဲ၌ လျှို့ဝှက် အဆက်အသွယ်များရှိနေပေသည်။


"အစားကြူးတောင်ကြားရဲ့ မျိုးဆက်သစ် မဆိုးဘူး...မဆိုးဘူး..."


ဓားအာဏာရှင်က ပန်းကန်ကို ပြန်ချလိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ဝမ်ရန်ချုံ၏ သလင်းနီ အသားနှပ်က ယခုလက်ရှိ သူမြည်းစမ်းခဲ့သမျှထဲတွင် အကောင်းဆုံးဖြစ်သည်။သို့သော်လည်း ထိုသူက အစားကြူးတောင်ကြား၏ အဖွဲ့ဝင်ဖြစ်နေသောကြောင့် ထိုအရာက မထူးဆန်းတော့ပေ။


ဝမ်ရန်ချုံ၏ စကားများက တခြားသူများ၏ အာရုံကိုလည်း ဆွဲဆောင်သွားနိုင်ပေသည်။ဒီနေရာ၌ အစားကြူးတောင်ကြားကိုမသိသည့်သူဟူ၍ မည်သူမှ မရှိပေ။


အဘယ့်ကြောင့်ဆိုသော် အစားကြူးတောင်ကြားကလည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ ပိုင်နက်နယ်မြေလေးအတွင်းတွင်တည်ရှိနေပေသည်။၎င်းက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ လက်အောက်ခံတစ်ခုဖြစ်ပြီး စားဖ်ိုမှုးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။


ထို့အပြင် ထိုအဖွဲ့အစည်းက အလွန်လည်းအားကောင်းလှသည်။ကောလဟာလများအရလျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ လက်အောက်ခံ အဖွဲ့အစည်းများအားလုံးက မကောင်းဆိုးဝါးများကဲ့သို့ အားကြီးသည်ဟုဆိုကြလေသည်။


ရှေးဟောင်းရှုရမြို့တော်ပင် ထိုလက်အောက်ခံ အဖွဲ့များနှင့် ယှဉ်လိုက်ပါက အနည်းငယ်အားနည်းသွားပေသည်။ရှုရမိန်းမပျိုကလည်း ထိုအစားကြူးတောင်ကြား အကြောင်းကို ကြားဖူးပေသည်။အမွေအနှစ်များကို ရယူရန် အစားကြူးတောင်ကြားထဲမှ တစ်စုံတစ်ယောက် ရှိနေသည်ဟု စဉ်းစားလိုက်လျှင် ထိုဝမ်ရန်ချုံက အစားကြူးတောင်ကြားမှ လူဆိုလျှင် ပုဖန်ဟုခေါ်သော စားဖိုမှူးက ထိုနေရာမှ မဟုတ်နိုင်တော့ပေ။


"ထိုသို့ဆိုလျှင် ပုဖန်က ဘယ်နေရာမှ လာတာလဲ...သူက ဒီစားဖိုမှူး ပညာတွေကို ကိုယ်တိုင်သင်ယူထားလား..."


အစားကြူးတောင်ကြားမှ မျိုးဆက်သစ်ကလည်း ဒီနေရာတွင် တစ်ယောက်တည်းသာရှိရပေမည်။တစ်ချိန်တည်းတွင် နှစ်ယောက်ရှိနေခြင်း မဖြစ်နိုင်ပေ။ရှုရမိန်းမပျို၏ စိတ်ထဲတွင် သံသယများ တိုးပွားလာလေသည်။ကြီးမြတ်သော ဓားအာဏာရှင်က မည်သည့်စကားမှမဆိုပဲ နောက်တစ်ယောက်၏ ဟင်းပွဲဆီသို့ ကူးပြောင်းသွားလေသည်။


လျို့လီက သူ ပြင်ဆင်ထားသော ဟင်းပွဲကိုသာ အာဏာရှင်ဆီသို့ လှမ်းပေးလိုက်သည်။အနီရောင် ဆော့စ်များဖြင့် လွှမ်းခြုံထားသော အနီရောင်အသားနှပ်ဟင်းပွဲက အလွန်ပင်တောက်ပနေလေသည်။


ထိုဟင်းပွဲကို မြည်းကြည့်ပြီးနောက် ဓားအာဏာရှင် မျက်ခုံးပင့်လိုက်လေသည်။ထို့နောက် သူ မည်သည့်စကားမှမဆိုပဲ လျို့လီကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။


ဒီလူ၏ ဟင်းပွဲက ဝမ်ရန်ချုံ၏ သလင်းနီအသားနှပ်ကို မမှီသော်လည်း တကယ်ကို ခက်ခက်ခဲခဲကြိုးစားထားပေသည်။ဟင်းပွဲများ မြည်းစမ်းလာသည့်တစ်လျှောက်တွင် တစ်ချို့ကလည်းအောင်မြင်စွာဖြတ်ကျော်သွားနိုင်ပြီးတစ်ချို့ကလည်း ဖိနှ်ိပ်ခံလိုက်ရသည်။ခေါင်းမဲ့ စားဖိုမှူးအဖွဲ့၌ လူဦးရေလည်းတိုးပွားလာလေသည်။


ကျန်နေသေးသည့် သူများကလည်း ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြပေသည်။အထူးသဖြင့် အဂ္ဂိရတ်ပညာရှင်များပင်ဖြစ်၏။သူတို့က လုံးဝကို ရှုံးနိမ့်သွားကြပြီး အများစုက ခေါင်းမဲ့စားဖိုမှူးများဖြစ်သွားကြလေသည်။


စားဖိုမှူးများဖြစ်သော အားလုနှင့် အားဝေတို့က ကြီးမြတ်သော ဓားအာဏာရှင်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပြီး သူတို့၏ အသက်ကလေးကိုထိန်းသိမ်းထားနိုင်သည်။ကြီးမြတ်သော ဓားအာဏာရှင်က ရှုရမိန်းမပျို၏ဟင်းပွဲကို မြည်းစမ်းသည့်အခ်ျိန်၌ သူမ၏ နှလုံးသားက ရင်ဘတ်ထဲမှ ဖောက်ထွက်တော့မလို ခံစားလိုက်ရသည်။


ထို့နောက် သူမကျရှုံးပြီဟူ၍ တွေးလိုက်မိသည်။သို့သော်လည်း မထင်မှတ်ထားစွာပင် ကြီးမြတ်သောဓားအာဏာရှင်က သူမကို ခေါင်းတစ်ချက်ဆက်ပြလ်ိုက်ပြီးနောက် နောက်ထပ် ဟင်းပွဲဆီသို့ ကူးပြောင်းသွားလေသည်။


"ဒီတော့ သူမ ကျော်ဖြတ်နိုင်သွားတာလား..."


ရှုရမိန်းမပ်ျို ခဏမျှ ဘာလုပ်ရမည်မသိ ဗျာများသွားလေသည်။ထို့နောက် သူမ၏ နှလုံးးထဲ၌ စိတ်အာရုံလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


"ကြည့်ရတာတော့ ဟင်းချက်တာ အဲ့ဒီလောက်လည်း မခက်ပါဘူး..."


ထို့နောက် ကြီးမြတ်သော ဓားအားဏာရှင်က ပုဖန်ရှေ့သို့ ရောက်လာပေပြီ။သူက အမူအရာမဲ့နေသော မျက်နာကိုကြည့်လိုက်သည်။


ထိုမောက်မာလှသော လူနှင့် မျက်နာချင်းဆိုင်ရချိန်တွင် ပုဖန်က ထိုသူအပေါ် အမြင်ကောင်း လုံးဝ မရှိပေ။


"မင်းရဲ့ ဟင်းပွဲက ဘယ်မှာလဲ..."


"စားပွဲပေါ်မှာ ..."


ပုဖန် ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။


ပုဖန်ကိုကြည့်၍ ဓားအားဏာရှင်၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူ အနီရောင်အသားနှပ်ပန်းကန်ကိုကြည့်လိုက်၏။


သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။အဘယ့်ကြောင့်ဆိုသော် ထိုဟင်းပွဲက သူ့မျက်စိထဲတွင် အလင်းရောင်များထွက်နေသည်ဟု ထင်မှတ်လေသည်။


"ဒီဟင်းပွဲက တောက်ပနေတာလား..."


ကြီးမြတ်သော ဓားအာဏာရှင် ထိတ်လန့်အံ့အားသင့်သွားမိသည်။သူ ထိုကဲ့သို့ အတွေ့အကြုံမျိူးကို ကြုံဖူးသည်ဟု ထင်မိလေသည်။သူ အစားကြူးတောင်ကြားထဲသို့ ရောက်ရှိခဲ့စဉ်က ထိုကဲ့သို့ အလင်းရောင်များ ထုတ်လွင့်နေသည့် ဟင်းပွဲမျိုး စားခဲ့ဖူးသည်။


ဟင်းပွဲ၏ ကောင်းမွန်လှသော အရသာက ယခုချိန်ထိပင် မေ့မရအောင် ပြုလုပ်ထားနိုင်ပေသည်။ခပ်လှမ်းလှမ်းတွင်ရှိနေသော ဝမ်ရန်ချုံကလည်း ပုဖန်၏ ဟင်းပွဲကို လှမ်းကြည့်နေလေသည်။သူ့၏ မျက်နာအမူအရာကလည်းအလွန် တည်ကြည်လေးနက်နေ၏။


"ဟင်းပွဲက အလင်းရောင်တွေ ထွက်နေတယ်လား...သူရှေ့ကလူရဲ့ အချက်အပြုတ်စွမ်းရည်က တော်တော်သန်မာတာပဲ..."


သူက အစားကြူးတောင်ကြားမှ ဖြစ်သော်လည်း သူ့ဟင်းပွဲမှအလင်းရောင်များထုတ်လွင့်နေခြင်းမရှိပေ။ထိုကဲ့သို့ အခြေအနေမျိုးရောက်ရှိရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားရပေဦးမည်။သို့သော်လည်း သူရှေ့မှ လူကမူ ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိပေလေသည်။


သူ ထိုစားဖ်ိုမှူးအား တစ်လျှောက်လုံး အထင်အမြင်သေးခဲ့သည်ကို ဝမ်ရန်ချုံ အမှတ်ရသွားမိသည်။တူနီတစ်စုံက အနီရောင်အသားနှပ်နှင့် ထိလိုက်သည်နှင့် တွန်းကန်ခံလိုက်ရသလိုမျိုးအသားက တုန်ခါသွားလေသည်။သူအသာလေးအားစိုက်ဖိလိုက်သည်နှင့် အသားထဲသို့ ဖောက်ဝင်သွားပြီး အချိုရည်လေးများ စိမ့်ထွက်လာပြီး သိပ်သည်းလှသော မွှေးရနံ့လေးများ ထွက်ပေါ်လာလေသည်။


ထိုရနံ့ကို ရကြသောသူများအားလုံး တံတွေးတစ်လုတ်မြိုချလိုက်ရသည်။ကြီးမြတ်သော ဓားအာဏာရှင်လည်း အသက်ပြင်းပြင်းတစ်ချက်ချလိုက်ပြီး အသားဖတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။


အသားမှ တစ်စက်စက်ကျနေသောအချိုရည်လေးများကပင် အမျှင်တန်းနေလေသည်။အပူလှိုင်းများက ဧရိယာတစ်ခွင်လုံး ပြည့်နှက်သွား၏။ပါးစပ်ထဲ အသားရောက်သည်နှင့် ကြီးမြတ်သောအာဏာရှင်၏မျက်ဝန်းများ တောက်ပသွားလေသည်။သူ့မျက်နာကလည်း နှစ်သက်ချစ်ခင်သည့် အမူအရာမျိုး ပြောင်းလဲလာလေသည်။


ရှလွတ်...ရှလွတ်...


သူ အသားဖတ်ကို မြိုချပြီးနောက် မသိလိုက်စွာပင် သူ့လက်က နောက်ထပ် အသားဖတ်ဆီသို့ ရောက်သွားလေသည်။သူအသားဖတ်ကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် နှုတ်ခမ်းပေါ် ပေကျံခဲ့သော အဆီရည်လေးများကို ယစ်မူးနေသောအမူအရာဖြင့် လျှာဖြင့်သပ်လိုက်လေသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော သူများအားလုံး ဆာလောင်လာကြလေသည်။


"အဲ့ဒီ အသားနှပ်က အရမ်းပဲ အရသာရှိနေတာများလား..."


ဝမ်ရန်ချုံ အသက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ပြီး မျက်ဝန်းများမှေးကျင်းလိုက်မိသည်။သူက ရှုံးနိမ့်သွားသူဖြစ်ကြောင်း သူသ်ိလိုက်ပေသည်။


အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဓားအာဏာရှင်က သူ့ဟင်းပွဲကို တစ်ဖတ်သာ မြည်းစမ်းခဲ့သည်။သို့သော်လည်း ထိုစားဖိုမှူး၏ ဟင်းပွဲကိုတော့နောက်တစ်ဖတ်မြည်းစမ်းနေလေသည်။


သူလို အစားကြူးတောင်ကြားမှ စားဖိုမှူးတစ်ယောက်က ဂုဏ်သတင်းမရှိသည့် တခြားစားဖိုမှူးတစ်ယောက်ကို ရှုံးနိမ့်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။၎င်းက အလွန်ပင် အရှက်တကွဲဖြစ်ရပေ၏။


သူ့နှလုံးသားထဲ၌ မီးတောက်ကြီး လောင်ကျွမ်းနေသလိုပင် ခံစားလိုက်မိသည်။သို့သော်လည်း ပုဖန်၏ အဖြေစကား ကြားလိုက်သည်နှင့် ထိုမီးတောက်က ပို၍ ကြီးမားသထက် ကြီးမားလာတော့သည်။


"မင်းက အစားကြူးတောင်ကြားကလား..."


ကြီးမြတ်သော ဓားအာဏာရှင်က နှုတ်ခမ်းများသပ်လိုက်ရင်း ပုဖန်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်မိသည်။ပုဖန်က ထိုသူကိုတစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


"အစားကြူးတောင်ကြား ဟုတ်လား...အဲ့ဒါ ဘယ်လိုအရာမ်ျိုး လဲ..."