အပိုင်း ၅၈၃
Viewers 62k

အခန်း ၅၈၃

ဓားဆယ်သုံးကွက်အရှင်သခင် နှင့် နတ်ဘုရားသတ်ဓား...


ရွှစ်...ရွှစ်...ရွှစ်...


အုံ့မှ်ိုင်းနေသော တောအုပ်အတွင်းတွင် သွယ်လျသော ပုံရိပ်လေးတစ်ခုက မယုံနိုင်စရာ လျှင်မြန်လှသော အရှိန်ဖြင့် သွားနေသည်။သူမ၏ ပုံရိပ်လေးက တုတ်ခိုင်လှသော ငစ်ကိုင်း၏ အဖျားကို ခြေဖြင့် ကန်ပြီး ကြယ်တစ်စင်းအလား ထိုးခွင်းဖြတ်သန်းသွားလေသည်။


ထိုတောအုပ်အထဲတွင် မြောက်များလှစွာသော စိတ်ဝိညာဉ် သားရဲတို့၏ ဆူညံအော်ဟစ်ဟိန်းဟောက်သံများလည်း ပြည့်နှက်နေသည်။သို့သော်လည်း ထိုပုံရိပ်လေးက သူတို့ကို အကြည့်တစ်ချက်မျှပင် မစွန့်ရဲပေ။ထ်ိုရင်းနီးနေသော ပုံရိပ်ကလေးက တောအုပ်၏ အလယ် စိမ်းလန်းစိုပြေနေသည့် သစ်ပင်ကြီးနားတွင် ရပ်လိုက်သည်။


သူ့လက်ထဲတွင် အစိမ်းရောင်အဆောင်ပြားတစ်ခုကို ကိုင်ထားလေသည်။စွမ်းအင်များက အဘက်ဘက်မှနေ၍ သူမဆီ စီးဆင်းနေသကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှ အလင်းရောင်များလည်း ဖြာထွက်နေလေသည်။


သို့သော် ထိုပုံရိပ်လေးက လျို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲသို့ ဝင်ရောက်လာကတည်းက သူမရည်ရွယ်ရာသို့သာ ဦးတည်လာခဲ့သော ကျန်းလင်ဖြစ်သည်။


လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သော သူမ၏ ရည်ရွယ်ချက်က မရိုးရှင်းပေ။ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေအနှစ်ပေါ်ထွက်လာတာတောင်မှ သူမကို လက်လျှော့ရန်သာ ရွေးချယ်ခဲ့သည်။


သိရမည်မှာ ကြီးမြတ်သော ဓားအာဏာရှင်က ရှေးကျလှသော အခ်ျိန်ကတည်းကပင် မသေမျိုးဝိညာဉ်အဆင့် အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သောသူဖြစ်သည်။သူ့၏ အမွေအနှစ်ဆိုသည်မှာ သာမန်လူတစ်ယောက် ငြင်းဆန်နိုင်မည့် အရာမဟုတ်ပေ။


ရုတ်တရက် သူမ၏ ပုံရိပ်လေးက ပြန့်ပြူးသော မြေပြင်တွင် ရပ်တန့်လ်ိုက်သည်။ပတ်လည်၌ စိတ်ဝိညာဉ် သားရဲ အနည်းငယ်သာ ရှိသည်။မြေပြင်က ခြောက်သွေ့ပြီး သစ်ပင်များလည်း ညှိုးရော့ကာ ကမ္ဘာစွမ်းအင်များ ပျောက်ဆုံးနေလေသည်။


ကျန်းလင် စိတ်မသက်မသာ ခံစားနေမိသည်။ဒီနေရာက သူ့ကို အန္တရာယ်ရှိသည့် ခံစားချက်မျိူး ပေးစွမ်းလေ၏။အဆင့် ၄ဆင့် မသေမျိုးခန္ဓာပညာရှင်ပင်လျှင် သူမကို ထိုကဲ့သို့ စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုလှိုင်းများ ခံစားရအောင် လုပ်လိုက်မည်မဟုတ်ပေ။


ဒါက သူမ၏ စိတ်ကို နှိုးကြွလာအောင် လှုံ့ဆော်လိုက်ပုံရသည်။သူမက ထွင်းထုထားသော အနက်ရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။


လူအနည်းငယ်သာလျှင် အနက်ရောင်ကျောက်စိမ်းပေါ်တွင် ပုံသဏ္ဍာန်များ ထွင်းထုနိုင်ကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုအနက်ရောင် ကျောက်စိမ်းက ကမ္ဘာမြေကြီး၏ သိပ်သည်းဆစွမ်းအင်များကို သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။ထိုစွမ်းအင်များက သာမန် မှော်အစီအရင်များအပေါ် အလွန် အကျိုးသက်ရောက်မှုရှိပေသည်။


"ဆရာ နောက်ဆုံးတော့ ဆရာပြောတဲ့ နေရာကို ကျွန်မ ရှာတွေ့သွားခဲ့ပြီ..."


ကျန်းလင်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။သူမ၏ လက်ထဲမှ အနက်ရောင်ကျောက်စိမ်းမှ အလင်းရောင်များ ပေါ်ထွက်လာသည်။ထိုအလင်းရောင်ကို ကြည့်ရင်း သူမကို သူမ စိတ်လှုပ်ရှားနေမိမှန်း သတိပင် မထားတော့ပေ။


သူမ ကောင်းကင်ဘုံ လျှ်ို့ဝှက်နယ်မြေထဲသို့ ဝင်လာခဲ့သည့် အဓိကရည်ရွယ်ချက်မှာ သူမဆရာပေးအပ်လိုက်သော တာဝန်ကို ပြီးဆုံးအောင် ထမ်းရွက်ဖို့သာဖြစ်သည်။သူ့၏ ဆရာက ဒီအရာသည် သူမအတွက် အခွင့်အရေးဖြစ်သည်ဟု ပြောလိုက်သည်။ဆရာက သူမကို ဘယ်တော့မှ လိမ်ညာမည်မဟုတ်သောကြောင့် သူမ ယုံကြည်ပေသည်။


ကျန်းလင် စိတ်တည်ငြိမ်အောင် ထားလိုက်ပြီးနောက် သူမလက်ထဲမှ ကျောက်စိမ်းကို ချိုးချေလိုက်သည်။ထွက်ပေါ်လာသော အစီအရင်စွမ်းအင်လှိုင်းများက နေရာတစ်ခုလုံးကို ဝါးမြိုသွားလေသည်။လှ်ိုင်းများ လွှမ်းခြုံသွားသည့် မြေပြင်က စတင်တည်ငြိမ်လာပြီး သစ်ပင်များလည်း ယိမ်းခါလာလေ၏။


ထိုအစီအရင်မှ အနက်ရောင်စွမ်းအင်များကလည်း နေရာအနှံ့သို့ လွင့်မျောနေသည်။အစီအရင်၏ အလယ်တွင်ရပ်နေသော ကျန်းလင်က အနက်ရောင်စွမ်းအင်များ သူမကို ဖုံးအုပ်သွားသည်ကို ခံစားမိလိုက်သည်။


ထူးဆန်းလှသော စွမ်းအင်များ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အပ်ပေါင်းများစွာဖြင့် ထိုးစွလိုက်သလို နာကျင်မှုကို ခံစားလိုက်ရသည်


အချိန်ခဏမျှ ကြာပြီးနောက် ဖော်မပြနိုင်လောက်သည့် နာကျင်မှုကိုသာ ခံစားနေရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးချွေးများ စ်ိုနစ်နေပေပြီ။သူမ ထ်ိုအစီအရင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်က တစ်ဆက်ဆက် အကြောဆွဲနေသလို တုန်ခါနေ၏။


ရုတ်တရက် မြင့်မားသည့် ပုံရိပ်တစ်ခု သူမရှေ့၌ ထွက်ပေါ်လာသည်။ထိုအနက်ရောင်အရိပ်က သူမကို အုပ်မိုးထားသည်။ကျန်းလင် မူးဝေနေသော ခေါင်းကို အသာမော့၍ ကြည့်လိုက်သည့်အခ်ျိန်၌ ထိုချောမောလှပသည့် မျက်နာကို မြင်လိုက်ရလေသည်။


ထိုပုံရိပ်က အလွန်ချောမောလှပသည့် လုလင်ပျို တစ်ယောက်ဖြစ်သည်။သူ့၏ အနက်ရောင်ဆံပင် မျက်ဝန်းနက်များနှင့် အသားအရည်က ကျောက်စိမ်းကဲ့သို့ ချောမွတ်နေလေသည်။


ကျန်းလင် တွေဝေငေးမောနေမိသည်။ထိုမျှ ချောမောလှပသော သူမျိုးကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။ထိုသူက ကျန်းလင်ကို ကြည့်၍ နူးညံ့စွာ ပြုံးပြလိုက်သည်။ထိုအပြုံးက ကမ္ဘာပင် ပြိုလောက်သည်ဟု ထင်ရသည်။ကျန်းလင်၏ နှလုံးသားက နူးညံ့သွားလေ၏။


"ရွှေ့ပြောင်း အစီအရင်ကို ဖွင့်လိုက်တာမင်းလား...ငါ ငရဲ ကမ္ဘာကနေ မထွက်ရတာတော်တော်ကိုကြာခဲ့ပြီ...လွဲချော်သွားတာတွေ နည်းနည်းလေးရှိ ...အိုး...ကောင်မလေး...မင်း အနက်ရောင် ဆံပင် အနက်ရောင်မျက်ဝန်းနက်တွေနဲ့ ချောမောလှပတဲ့ သူ တစ်ယောက်ကို မြင်ဖူးလားလို့ ငါမေးပါရစေ...မင်းတို့တွေက သူ့ကို ငရဲကမ္ဘာအမျိုးသမီးလို့ ခေါ်ကျတယ်လေ..."


ထိုသူက အပြုံးမပျက်ပင် ပြောလိုက်သည်။


"ကျုပ်ခင်ဗျားကို ကြည့်မရတာ တော်တော်ကြာပြီ..."


ပုဖန်၏ကျယ်လောင်လှသော အသံက မီးဖိုခန်းတစ်ခုကို ဖြတ်ကျော်သွားသောကြောင့် အားလုံးပင် ကြောင်အတောင့်တင်းသွားကြသည်။ကြီးမြတ်သောဓားအာဏာရှငပင်လျှင် ကြောင်အနေ၏။


"ဒီစားဖိုမှူလေးက ဘာပြောလိုက်တာလဲ...သူက ကြည့်မရတာ တော်တော်ကြာနေပြီ သူက ဘယ်ချိန်တည်းကနေ ကြည့်မရနေတာလဲ...ဘယ်သူလဲ ..."


သူက နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခုခုံးကိုပင် လွှမ်းမိုးနိုင်ခဲ့သော ကြီးမြတ်သော အာဏာရှင်ဖြစ်သည်။သူ့၏ ဓားဖြင့် မြောက်များလှစွာသော ပညာရှင်အများအပြားကို သတ်ဖြတ်ပစ်ခဲ့သည်။သူ့၏ ဓားက နတ်ဘုရားတစ်ပိုင်း သားရဲများကိုပင် သတ်ဖြတ်ရဲလေသည်။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ တပည့်များပင်လျှင် သူနှင့် မျက်နာချင်းဆိုငိရလျှင် ထိုစကားမျိုးပြောရဲမည်မဟုတ်ပေ။


"ဒီကောင်လေးက သူရှေ့မှာတောင်မှပဲ အဲဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောရဲနေရတာလဲ...စားဖိုမှူးလေး ငါ့ကို လာနှောက်ယှက်တဲ့သူတွေက ငါ ဓားသခင်ရဲ့ လက်အောက်မှာပဲ သေဆုံးသွားရတယ်ဆိုတာကို မင်းသိထားသင့်တယ်..."


ကြီးမြတ်သောဓားအာဏာရှင်က အေးစက်စွာပြောလိုက်သည်။သူ့နောက်မှ စွမ်းအင်များကလည်း သိပ်သည်းသထက် သိပ်သည်းလာသည်။ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေပေပြီ။ပုဖန်၏ စကားတစ်ခွန်းက သူ့၏ စိတ်ကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး စိတ်ဝိညာဉ် ပင်လယ်တစ်ခုလုံး ပြိုကျတော့မလို ဖြစ်နေသည်။


ရှုရမိန်းမပ်ျိုနှင့် ကျန်သည့်သူများအားလုံးက သူတို့ ငြိမ်သက်စွာပင် မရပ်နေနိုင်တော့သောကြောင့် ထိုစိတ်ဝိညာဉ်ပင်လယ် တည်ငြိမ်မှုမရှိတော့ကြောင်း သတိပြုမိလိုက်သည်။ကြီးမြတ်သော ဓားအာဏာရှင်က တကယ့်ကို ဒေါသထွက်နေပေပြီ။


ဝမ်ရန်ချုံက အေးစက်စွာပင် ပြုံးနေလေသည်။ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေအနှစ်က သူ့အတွက် ဖြစ်လာတော့မည်ကို သိနေပေသည်။အကယ်၍သူသာ ထိုအမွေအနှစ်ကို ရရှိခဲ့လျှင် အစားကြူးတောင်ကြားသို့ ပြန်သွားနိုင်ပြီး သူ့၏ အဆင့်အတန်းကလည်း များစွာ တိုးတက်လာပေလိမ့်မည်။


စတုရန်း မီးဖိုခန်းသို့ ဝင်နိုင်ပြီး ထိုမီးဖိုခန်းထဲမှ စတိုးကိုပင် ဖွင့်ကောင်းဖွင့်နိုင်ပေသည်။မူလက ထိုစားဖိုမှူးသည့် သူ့ကို ရိုက်ချဖို့ အခွင့်ရေးကောင်းကောင်းရှိနေပေသည်။သို့သော်လည်း ထိုသူက ရတနာများကိုမမြင်ပဲ ကြီးမြတ်သော ဓားအာဏာရှင်ကို ရန်စကာ သေဖို့ တောင်းဆိုနေပေသည်။သူ့အတွက် သဘာဝက ပေးလာသည့် အခွင့်ရေးကောင်းတစ်ခုပင်ဖြစ်သည်။


ဝမ်ရန်ချုံ အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်သည်။သူ ခြေထောက်နှင့် မြေကြီးမထိသလိုမျိုး လွင့်မျောနေသလိုမျိုး ခံစားနေမိသည်။နောက်ခဏအတွင်း၌ မီးဖိုခန်းတစ်ခုလုံး ကြီးမားစွာ ပြောင်းလဲသွားလေသည်။ကြီးမားလှသော စွမ်းအင်အပြည့် ဓားကြီးက လွှဲချလာပြီး မီးဖိုခန်းတစ်ခုလုံးကို ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။


အားလုံး၏ အရေပြားများပင် တင်းကျပ်သွားပြီး သူတို့၏ ပုံရိပ်က အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံရတော့မလို ခံစားလိုက်ရပြီး သတိအပြည့် ဖြစ်သွားကြသည်။တကယ်တမ်းတွင် ထိုဓားက ပုဖန်ကိုသာ ရည်ရွယ်ထားသောကြောင့် သူ့အပေါ်တွင် ပို၍ ဖိအားများနေပေမည်။


သို့သော်လည်း ပုဖန်က စနစ်ကို ပိုင်ဆိုင်ထားသောကြောင့် ထိုစွမ်းအင်များကို ခုခံနိုင်စွမ်းရှိပေသည်။အဆုံးအစမဲ့လှသော ဓားစွမ်းအင်များ သူ့အပေါ်သို့ ကျရောက်လာသော်လည်း ပုဖန်က ငြိမ်သက်ဆဲရှိသည်ကို တွေ့လိုက်ရသောကြောင့် ဓားအာဏာရှင် မကျေမနပ်ဖြစ်သွားလေသည်။


ပုဖန်၏ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ကာရပ်လိုက်သည်။သူ့၏ တောင်ပံကို ဖွင့်ထုတ်လိုက်ရာ ကောင်းကင်တစ်ခွင်ကိုပင် ဖုံးလွှမ်းသွားလေသည်။သူ့၏ ပြိုင်ဘက်က မသေမျိုးဝိညာဉ် အထွဋ်အထိပ်အဆင့်ဖြစ်နေသော်လည်း ဝှ်ိုက်တီက အနည်းငယ်မျှပင် နောက်တွန့်ခြင်းမရှိပေ။


ပုဖန်က ဓားအာဏာရှင်ကို အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေပေသည်။ထို့နောက် သူ့၏ လက်၌ အလင်းရောင်တစ်ချက်လက်သွားပြီး နီဆွေးနေသော မီးဖိုချောင်သုံးဓား ပေါ်လာလေသည်။


"ဒါက ခင်ဗျားရဲ့ လက်နက် ဟုတ်တယ်မဟုတ်လား..."


"သေတော့မယ့်လူက ငါ့ရဲ့ လက်နက်ကို ကိုင်ဖို့ မထိုက်တန်ဘူး..."


ကြီးမြတ်သော ဓားအာဏာရှင်က အေးစက်စွာပြောလိုက်သည်။ထိုခဏ၌ သူသည်သာ ကုန်းမြေချိုင့်ကြီးတစ်ခုလုံး၏ အရှင်သခင်ဖြစ်လာပြီး သူ့၏ စိတ်ဝိညာဉ် ပင်လယ်တစ်ခုလုံးကလည်း ဓားစွမ်းအင်များဖြင့် ပြည့်နှက်လာလေသည်။


အဆုံးအစမဲ့လှသော ဓားစွမ်းအင်များက အရာရာအားလုံးကို ဝါးမြိုပြီး ပုဖန်ဆီသို့ လွှဲချလာလေသည်။လွှမ်းမိုးနိုင်စွမ်းသော ဓားစွမ်းရည်များ၏ အောက်တွင် အားလုံး အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက အလွန်တောက်ပလာကာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲလာလေသည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ ဝတ်စုံမှလည်း အလင်းများပို၍ သိပ်သည်းလာသည်။သူ့၏ အမြောက်ဆန်အစီအရင်က စတင်၍ အသက်ဝင်လာသည်။


ရွှစ်...ရွှစ်...ရွှစ်...


ဝှိုက်တီ၏ အစီအရင်မှ ဓားပျံများ ပစ်လွှတ်လိုက်သည်။စွမ်းအင်များက ကောင်းကင်ကိုပင် တဖြေးဖြေးချင်း ခွဲခြမ်းနေပုံရလေသည်။ကျယ်လောင်လှသောပေါက်ကွဲသံများနှင့်အတူ ပေါက်ကွဲမှုများအဆက်မပြတ် ဖြစ်ပွားလာပြီးနေရာတစ်ခုလုံးက ပရမ်းပတာလှုပ်ခါနေသော်လည်း ထိုဓားစွမ်းအင်များကို အနည်းငယ်မျှပင် ဟန့်တားနိုင်ပုံမရပေ။


"အသုံးမဝင်ဘူး...ဒီသခင်ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ဒီသခင်ကသာ အရှင်သခင်ပဲ...ဒီအရှင်သခင်ရဲ့ အမိန့်ကို ဘယ်သူမှ မနာခံလို့မရဘူး..."


ကြီးမြတ်သော ဓားအာဏာရှင်က အေးစက်စွာရယ်မောလိုက်သည်။သူ့၏ ပုံရိပ်က တဖြေးဖြေးလွင့်မျောလာပြီးနောက် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသည်အထိကြီးမားလာလေသည်။


ဟမ်...


ပုဖန်လက်ထဲမှ နီဆွေးနေသော မီးဖိုချောင်သုံးဓားက ပြင်းပြင်းထန်ထန် တုန်ယင်လာပြီးနောက် လက်ထဲမှ လွင့်ထွက်ပျံသန်းသွားလေသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။လေကိုခွင်း၍ ပျံသန်းသွားသော ဓားက မျက်စိကျိန်းလောက်အောင်ပင် တောက်ပလာလေသညိ။


ကြီးမြတ်သောဓားအာဏာရှင်က လက်ဖြင့်ညွှန်လိုက်သည်နှင့် ထိုဓားဦးက ပုဖန်ဘက်သို့ ပြန်လှည့်လာကာ အပိုင်းပိုင်းဖြတ်ရန်အတွက် တိုးဝင်လာလေသည်။


"နတ်ဘုရားသတ်ဓားရဲ့ အောက်မှာ အမြောက်အများသေပြီးသွားပြီ ဒီဓားမှာ နတ်ဘုရားတစ်ပိုင်း သားရဲတွေရဲ့ သွေးတောင် စွန်းထင်းနေတယ်...ဒီတော့ မင်းလိုမျိုး မသေမျိုးခန္ဓာအဆင့်ကို ရောက်ရုံစားဖိုမှူးလေးက ဒီဓားအောက်မှာ သေရမှာကို ကျေနပ်နေသင့်တယ်..."


ကြီးမြတ်သော ဓားအာဏာရှင်၏ အသံက ပတ်ဝန်းကျင်တစ်ခွင်ကိုပင် တုန်ခါသွားစေသည်။ရှုရမိန်းမပျိုနှင့် ကျန်သည့်သူများအားလုံးက အသက်ပင်ရဲရဲမရှုရဲကြပေ။သူတို့က တည်ငြိမ်နေဆဲဖြစ်သော ပုဖန်၏ အသွင်အပြင်ကိုကြည့်၍ သနားမိနေကြလေသည်။ပုဖန် ဒီနေရာတွင် သေရမည်မှာ သံသယဝင်စရာပင်မလိုပေ။


နတ်ဘုရားသတ်ဓား၏ တိုက်ခိုက်မှုကို မသေမျိုးခန္ဓာ မထွဋ်အထိပ်အဆင့် ပညာရှင်များပင်လျှင် မခုခံနိုင်လေရာ ပုဖန်က မည်ကဲ့သို့ ပိတ်ပင်နိုင်ပါမည်နည်း။လျို့လီ ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။ပုဖန်၏ ကိုယ်ပေါ်တွင် ရှုရမျှော်စင်ရှိနေကြောင်း သူသိပေသည်။ဒါကို သူ ပြန်လည် လုယူရပေမည်။


အားလုနှင့် အားဝေတို့ကလည်း စိတ်မကောင်းဖြစ်နေကြသည်။သူတို့က ပုဖန်ကို တရားမျှတမှုရှိစွာ အနိုင်ယူလိုခြင်းဖြစ်ပြီး ဒီလိုအခြေအနေနှင့် မဟုတ်ပေ။သို့သော်လည်း သူတို့၌ အခွင့်အရေးရှိတော့မည့်ပုံမပေါ်ပေ။


ဝမ်ရန်ချုံက လက်ပိုက်၍ ပုဖန်ကို အထင်အမြင်သေးစွာ ကြည့်နေလေသည်။အဆင့် တစ်ဆင့်သာချိုးဖောက်ပြီးသည့် မသေမျိုးခန္ဓာပညာရှင်လေးက မသေမျိုးဝိညာဉ် အထွဋ်အထိပ်အဆင့် ကြီးမြတ်သော ဓားအာဏာရှင်ကို ဆန့်ကျင်ရဲနေပေသည်။ဓားအာဏာရှင်က သေဆုံးသွားပြီဆိုသော်လည်း ဆင်ပိန် ကျွဲလောက်ရှ်ိသည်ဆိုသော စကားအတိုင်း ပုရွတ်ဆိတ်တစ်ကောင်တိုက်ခိုက်နိုင်သည့် အရာမျိုးမဟုတ်သေးပေ။


"သေလိုက် သွားသေလိုက်တော့..."


ပုဖန်က သူ့ကို နှစ်ကြိမ်တောင် ရိုက်ချခဲ့ပေသည်။ဒါက သူ့နှလုံးသားကို တုန်လှုပ်သွားစေ၏။ထိုကဲ့သို့သော သူမျိုးကို သူသတ်ပစ်ရပေမည်။ထိုသို့မဟုတ်လျှင် အကယ်၍ ထိုစားဖိုမှူးကသာ အစားကြူးတောင်ကြားကို ရှာတွေ့သွားခဲ့ပြီး ဝင်ရောက်လာခဲ့မည် ဆိုလျှင် သူ ဝမ်ရန်ချုံအတွက် ကြောက်စရာကောင်းလှသော ပြိုင်ဘက်တစ်ယောက်ဖြစ်လာပေလိမ့်မည်။


သူ့၏ ပြိုင်ဘက်ကို အပြည့်အဝ မသန်မာလာခင် သတ်ပစ်ရမည်က အမှန်ကန်ဆုံး နည်းလမ်းပင်ဖြစ်သည်။နတ်ဘုရာသတ်ဓားသွား ကျဆင်းလာသည်ကိုကြည့်နေရင်းပုဖန်၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး စိမ်းညှို့နေသော လက်ကိုင်ရိုးနှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။


ပုဖန် သူ့၏ စွမ်းအင်များကို စတင်လည်ပတ်စေလိုက်ပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားထဲသို့ အပြည့်အဝထည့်သွင်းလိုက်ကာ ဓားကို ကိုင်ထားလိုက်သည်။နဂါးတစ်ကောင်၏ အော်မြည်သံ ထွက်ပေါ်လာပြီးနောက် ပုဖန်၏ နောက်ကျောဘက်ဆီတွင် ကြီးမားလှသော နတ်ဘုရားတစ်ပိုင်း ပုံရိပ်ကြီး ထွက်ပေါ်လာလေ၏။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း ကြီးသထက် ကြီးမားလာကာ မျက်စိကန်းလောက်ဖွယ်အလင်းတန်းများ ထွက်ပေါ်နေလေသည်။ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို မြှောက်လိုက်သည်။ထို့နောက် ကျဆင်းလာသော သွေးနီရောင်နတ်ဘုရားသတ်ဓားကိုကြည့်၍ အသက်ပြင်းပြင်းရှိုက်လ်ိုက်သည်။


"ဓားဆယ့်သုံးကွက် အရှင်သခင်ရဲ့ ပထမဦးဆုံးဓားချက်..."


ဓားအရိုးကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်ရင်း အားမာန်အပြည့်ဖြင့် လွဲချလိုက်သည်။ရွှေရောင်အလင်းများပျောက်ကွယ်သွားပြီး ဓားစွမ်းအင်များက ကောင်းကင်ယံထက်ဆီသို့ ထိုးတက်သွားလေသည်။


နဂါးအရိုးဓားထဲမှ ရွှေရောင် ဓားစွမ်းအင်များထွက်ပေါ်လာပြီးနတ်ဘုရားသတ်ဓားကို ဆန့်ကျင်ပိုင်းဖြတ်လိုက်လေသည်။ထိုအခိုက်အတန့်၌ နတ်ဘုရားသတ်ဓားက ခဏမျှ တုန်ခါသွားသော်လည်း ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ကျဆင်းလာလေသည်။


"ဟမ်း...အသုံးမဝင်ဘူး...ပုရွတ်ဆိတ်တစ်ကောင်က နတ်ဘုရားသတ်ဓားကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ...သွားသေလိုက်တော့..."


ကြီးမြတ်သော ဓားအာဏာရှင်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သော်လည်း ပုဖန်က တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ထပ်မံ မြောက်တင်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ဒုတိယမြောက်ဓားချက်ကို လွှဲယမ်းလိုက်သည်။


ဒုတိယမြောက် ဓားချက် ၊တတိယမြောက်ဓားချက် လေးချက်မြောက် ခုနှစ်ချက်မြောက်...


ပုဖန်၏ နဖူး၌ ချွေးများသီးနေလေပြီ။ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဖုံးလွှမ်းနေသော ရွှေရောင်ဓားစွမ်းအင်များက ပြင်းထန်စွာဖြင့် ကျဆင်းလာသည်။


နတ်ဘုရားတစ်ပိုင်း နဂါးကြီးက တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် သူ့၏ သွားစွယ်များနှင့် လက်သည်းများကို ထုတ်ကာနတ်ဘုရားသတ်ဓားဆီသို့ တ်ိုးဝင်သွားလေသည်။


ဓားဆယ့်သုံးကွက် အရှင်သခင် ဓားချက်တစ်ချက်စီတိုင်းက အရင်တစ်ခုထက် ပို၍ သန်မာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ခုတ်ပိုင်းပစ်နိုင်စွမ်းရှိလေသည်။


ဘုန်း...


အားလုံး၏ မှင်သက်နေသော အကြည့်များအောက်မှာပင် ရွှေရောင် နဂါးကြီးနှင့် အနီရောင်ဓားစွမ်းအင်များက ထိပ်တိုက် တွေ့ဆုံသွားလေသည်။ငရဲကြီးကိုးထပ်မှ ထွက်ပေါ်လာသော ကျိုးကြေသံကဲ့သို့ အသံတစ်ချက်နှင့်အတူလှိုင်းတစ်ချက် ပြန့်ကားသွားလေသည်။