အပိုင်း ၅၈၄
Viewers 53k

အခန်း ၅၈၄

ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ စိတ်ခံစားချက်...


ကျိုးကြေသည့်မြည်သံများက်ို အားလုံးရှင်းလင်းစွာ ကြားလိုက်ရသည်။လေပြင်း တိုက်ခတ်လာသည့် တောက်ပလှသော အလင်းရောင်များက နေရာအနှံ့ ဖုံးလွှမ်းသွားသည်။


ကြီးမားလှသော ဓားစွမ်းအင်များက ကောင်းကင်ထက်မှနေ၍ အညှာအတာမဲ့စွာ ကျဆင်းလာလေသည်။ခန္ဓာကိုယ်ကြီးက မြေပြင်နှင့် ရိုက်ခတ်သွားပြီး ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။


သို့သော်လည်း ဝှိုက်တီက အဆင်ပြေနေတုန်းပင်ဖြစ်သည်။ သူက မြေပြင်မှနေ၍ တိုက်ရိုက်ပင် ခုန်ထလိုက်သည်။သူ့၏ ခရမ်းရောင်မျက်ဝန်းများက တလက်လက်တောက်ပနေလေသည်။


သူ့၏ အတောင်ပံများကို ဖွင့်ကားလိုက်ပြီး ငှက်မွှေးတောင်များကဲ့သို့ပော့ပားနေသောဓားများကို ပစ်လွှတ်လိုက်လေသည်။အလင်းရောင်များက တောက်ပလွန်းလှသောကြောင့် မည်သူမှ ဝှိုက်တီကို စေ့စေ့မကြည့်နိုင်တော့ပေ။


တခြားသူများကက ခပ်လှမ်းလှမ်းမှတောက်ပနေသော ဓားစွမ်းရည်များကိုသာကြည့်နေမိသည်။ ပုဖန်က ထိုမျှစွမ်းအားကြီးသော အင်အားမျိုး ထုတ်နိုင်လိုက်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။


နတ်ဘုရားသတ်ဓားနှင့် ဓားစွမ်းအင်များ ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ကျယ်လောင်သော အသံများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေလေသည်။လူတိုင်းက နတ်ဘုရားသတ်ဓားကိုကြည့်၍ အသက်တစ်ချက် ရှိုက်လိုက်မိကြသည်။


"နတ်ဘုရားသတ်ဓားကကျိုးကြေသွားတယ်လား...ဒီစားဖိုမှူးက နတ်ဘုရားသတ်ဓားကိုတောင်ဟန့်တားနိုင်တယ်...ဒါ အရမ်းကြောက်ဖို့ကောင်းတယ်...ကြီးမြတ်သောဓားအာဏာရှင်ရဲ့ နတ်ဘုရားသတ်ဓားတောင်အက်ကွဲသွားတယ် ငါအမြင်တွေမှားနေပြီနဲ့တူတယ်...ဒီစားဖိုမှူးမှာ ဒီလိုလုပ်နိုင်စွမ်းမရှိနိုင်ဘူး..."


ရှုရမိန်းမပျိုနှင့် ကျန်သည့်သူများအားလုံးက သူတို့ မြင်လိုက်ရသော မြင်ကွင်းကို လုံးဝမယုံကြည်နိုင်ဖြစ်နေသည်။နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော နတ်ဘုရားသတ်ဓားက ပုဖန်၏ ခုနစ်ဆင့်မြောက် ဓားချက်ဖြင့် ဖျက်စီးခံလိုက်ရသည်။


တကယ်တမ်းတွင် နတ်ဘုရားသတ်ဓားပေါ်၌ အက်ရာတစ်ခုသာ ထင်သွားခြင်းဖြစ်သော်လည်း ထိုအရာကပင် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။


ကြီးမြတ်သောဓားသခင်၏ အကြည့်များက ရေခဲတမျှ အေးစက်လာသည်။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က ကောင်းကင်တစ်ခုလုံးကို ပင် ဖုံးလွှမ်းသွားအောင် ကြီးမားလာလေရာ နတ်ဘုရားတစ်ပါးအလားပင် ထင်ရလေသည်။


သူ့၏ နတ်ဘုရားသတ်ဓားတွင် ဓားအပ်သွားခြင်းက သူ့စိတ်ကို များစွာအက်ျိုးသက်ရောက်မှုရှိသွားလေသည်။နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခွင် လှည့်လည်သွားလာနေစဉ် တစ်လျှောက်လုံး သူ့၏ ဓားက သူနှင့်အတူ မကွဲမကွာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။


ဒီဓားကိုပင် ဆွဲကိုင်၍ မြောက်များလှစွာသောနတ်ဘုရားအဆင့် သားရဲများကိုပင် သူသတ်ဖြတ်ခဲ့ဖူးပေသည်။ဒီဓား၏ ကိုယ်ထည်ကိုလည်း မြောက်များလှစွာသော ရတနာ ပစ္စည်းများကိုရှာဖွေ၍ ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ဒီဓားကို အစားကြူးတောင်ကြားမှ ဆရာသခင် ကိုယ်တိုင် ပြုလုပ်ပေးထားခြင်း ဖြစ်လေရာ အစားကြူးတောင်ကြားမှ ထွက်ပေါ်လာသောနတ်ဘုရားတစ်ပိုင်းလက်နက်ဟူ၍ပင် ခေါ်ဆိုနိုင်ပေပြီ။


မှန်ပေသည်။ဒီဓားကို လျို့ဝှက်နဂါးတော်ဝင်ခုံရုံးကဟုလည်းဆိုနိုင်လေရာပျက်စီးသွားဖ်ို့ မဖြစ်နိုင်ပေ။အမည်ပင်မသိရသော စားဖိုမှူးတစ်ယောက်က သူ့၏ ဓားကို တကယ်ပဲ အက်ရာထင်သွားအောင် ပြုလုပ်နိုင်ပေသည်။


ဒါက သူ့ကို ထိတ်လန့်မတုန်လှုပ်မိပဲ မနေစေပေ။သူ ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီးနောက် သူ့စိတ်ထဲ၌ ဒေါသများပြည့်နှက်လာလေသည်။


"မင်းက ငါ့ရဲ့ ဓားကို တကယ်ပဲ အက်သွားအောင်လုပ်ရဲတယ် မင်းက သေလမ်းရှာနေတာပဲ..."


ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်ဝန်းများက အလင်းရောင်များ ဖြာထွက်လာပြီး သူ့စိတ်ဝိညာဉ် ပင်လယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာလေသည်။နေရာအနှံ့မှလည်း ဓားစွမ်းအင်များထွက်ပေါ်လာ၏။


ထိုဓားစွမ်းအင်များက အရာရာအားလုံးကို ဝါးမြို ပစ်နေသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားလေပြီ။ထိုဓားစွမ်းအင်များက နတ်ဘုရားသတ်ဓားထဲ ဝင်ရောက်သွားပြီးနောက် ဓား၏ ကိုယ်ထည်မှနေ၍ တောက်ပလှသော အလင်းရောင်များ ထုတ်လွင့်လာသည်။ခဏအတွင်းမှာပင် အလင်းရောင်များက မျက်စိကန်းတော့မတက် ဖြာထွက်လာလေသည်။


နတ်ဘုရားသတ်ဓားတွင် စိတ်ဝိညာဉ်ရှိနေပေသည်။သူက မြောက်များလှစွာသော စွမ်းအင်များက်ို ဝါးမြိုပြီးနောက် ဖိနှ်ိပ်နိုင်စွမ်းသောအော်ရာများကို ထုတ်လွင့်လာပေသည်။ထိုနတ်ဘုရားသတ်ဓားက အစစ်အမှန်ပင်ဖြစ်သည်။နတ်ဘုရားသတ်ဓားက ပြန်လည် ကောင်းမွန်သွားပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။၎င်းက တောင်များကို ခွဲခြမ်းနိုင်ပြီး မြစ်များကိုပင် ပိုင်းဖြတ်နိုင်သော နတ်ဘုရားသတ်ဓားပင်ဖြစ်သည်။


"အဲ့ဒီစားဖိုမှူးလေးကတော့ အခု သေချာပေါက်သေရတော့မယ်..."


ဝမ်ရန်ချုံက ခေါင်းခါယမ်းရင်းပြောလိုက်သည်။မသေမျိုး ဝိညာဉ်အဆင့် ပညာရှင်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောနတ်ဘုရားသတ်ဓားနှင့် ရင်ဆိုင်ရခြင်းက ပုဖန် ခုခံကာကွယ်နိုင်မည့် အရာမျိုးမဟုတ်ပေ။


နတ်ဘုရားသတ်ဓားက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရသည်။ကြီးမြတ်သောဓားအာဏာရှင်ကွယ်လွန်သွားပြီမှာ ကြာမြင့်ပြီဖြစ်သောကြောင့် သူ့ကို စွမ်းအင်ထောက်ပံ့ပေးသူမရှ်ိပဲ စွမ်းအင်များခြောက်ကပ်နေခဲ့သည်။


ယခုတစ်ဖန် စွမ်းအင်များကိုပြန်လည် ရရှိလိုက်လေပြီး ကြီးမားလှသည့် ဓားစွမ်းအင်များ ထွက်ပေါ်လာလေပြီ။ပြင်းထန်စွာတုန်ခါသွားသော နတ်ဘုရားသတ်ဓားက လေဟာနယ်ကိုပင် လှုပ်ယမ်းသွားစေသည်။ကြီးမြတ်သော ဓားအာဏာရှင်က ပုဖန်ကို စိုက်ကြည့်လိုက်ပြီးနောက် ဓားဖြင့် ခွှဲခုတ်ချလိုက်သည်။လေထုပင် အလွန်ဖိအားများသွားလေ၏။


ပုဖန်၏ အမူအရာက ပြောင်းလဲမှုမရှိပေ။သူ တောက်ပနေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပခုံးပေါ်ထမ်းတင်ထားပြီး ကောင်းကင်၏ ဖိအားများနှင့်အတူ ကျဆင်းလာသော နတ်ဘုရားသတ်ဓားကို စိုက်ကြည်ါနေလေသည်။


ဓားစွမ်းအင်များက ပြင်းထန်လှသောကြောင့် သူ့ဆံပင်များပင် တဖျတ်ဖျတ် လွင့်ခါနေ၏။ပုဖန် ထိုဓားဆီမှ ဒေါသလှိုင်းတစ်ခုကို ခံစားမိလေသည်။၎င်းက ဓားအတွင်းမှ စိတ်ဝိညာဉ် ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သိသာပေသည်။


ကျန်နေသည့် သူများအားလုံးက အသက်ပင်ရဲရဲမရှုရဲတော့ပေ။ပုဖန် ထိုနေရာမှာပင် သေတော့မည်ဖြစ်ကြောင်း သူတို့ သိနေကြပေသည်။အချို့သူများ၏ မျက်နာပေါ်တွင် သူ့ကို သနားသည့် အကြည့်များပေါ်လာခဲ့လေသည်။


"ဒီစားဖိုမှူးလေးက သေတွင်းတူးနေတာပဲ...သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင် ကြီးမြတ်သောဓားအာဏာရှင်ရဲ့ အမွေအနှစ်ကို ရရှိဖို့တောင်ဖြစ်နိုင်တယ်...သူက ဘာကြောင့် ပုန်ကန်ရတာလဲ သူ့မှာ အက်ျိုးကျေးဇူးတွေရဖို့ အခွင့်အရေးရှိနေရဲ့သားနဲ့ ဘာလို့ ငရဲတံခါးကို ဖွင့်ရတာလဲ..."


ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်ဝန်းများကလည်း ပြောမပြနိုင်လောက်အောင် အေးစက်နေပေပြီ။သူ့၏ အရူးသွပ်ဆုံး အိပ်မက်ထဲမှာပင် ထိုပုရွတ်ဆိတ်တစ်ကောင်၏ တိုက်ခိုက်မှုကို ခံရလိမ့််ည်ဟု မတွေးခဲ့ဖူးပေ။


ပုဖန် အသက်တစ်ချက်ရှ်ိုက်လိုက်ပြီး သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။သူ့မျက်ဝန်းအကြည့်မျကလည်း ဆုံးဖြတ်ချက်များ ပြတ်သားနေပေပြီ။မိနစ်ပိုင်းလောက်အခ်ျိန်က အေးချမ်းနေသော ပုဖန်၏စိတ်ထဲတွင် အထင်အမြင်သေးသည့် လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


သူပင် အနည်းငယ်စိတ်ရှုပ်ထွေးသွားမိသည်။သို့သော်လည်း သူနှလုံးသားမှ ထူးဆန်းသည့် ခံစားချက်မျိုးကို သူရှင်းရှင်းလင်းလင်းသတ်ိပြုမိလိုက်သည်။ ထိုခံစားချက်က သူထမ်းထားသော ရွေနဂါးအရိုးမီးဖိုချောင်သုံးဓားမှလာခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာသိနေပေသည်။


"ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှာလည်း စိတ်ဝိညာဉ် ရှိတာလား..."


အံ့အားသင့်နေမိသည်။သူ ပထမဦးဆုံးအကြိမ်ဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ဆန်းကြယ်မှုကို သတ်ိပြုမိခြင်းပင်ဖြစ်သည်။


"စနစ် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း စိတ်ဝိညာဉ် ပိုင်ဆိုင်ထားတာလား..."


စနစ်က ထိုအကြောင်းအရာကို မပြောပြခဲ့ဖူးပေ။ပုဖန်က အမြဲတမ်း ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ အရွယ်အစားပြောင်းရမှုကို သူကျေနပ်နေခဲ့မိသည်။သူအမြဲတမ်းလိုလိုပင်ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ သူမတူအောင် ထက်မြက်မှုကိုလည်း ကျေနပ်နေခဲ့မိသည်။


ထိုဓား၏ ထူးခြားဆန်းကြယ်မှူများကိုတော့ သူသတိမပြုမိခဲ့ပေ။စနစ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက်မှ သူ့ကို စကားပြန်လာလေသည်။


"နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတွေမှာ စိတ်ဝိညာဉ် ရှိနေပါတယ်...ဒါပေမယ့်လည်း အရင်က ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်လွန်းတဲ့အတွက် ဘာကိုမှ မခံစားမိတာပါ...အခုခ်ျိန်မှာလည်း ရွှေနဂါးအရိုးမီးဖိုချောင်သုံးကအနီရောင်ဓားရဲ့ စိန်ခေါ်မှုကြောင့် သူ့ရဲ့ ခံစားချက်ကို ဖွင့်လှစ်ပြလာတာပါ...သာမန်အခြေအနေမှာဆိုရင်တော့ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတွေရဲ့ စိတ်ခံစားချက်ကို ပိုင်ရှင် ခံစားနိုင်ဦးမှာ မဟုတ်ပါဘူး..."


အကြောသေနေသလိုပင်ဖြစ်နေသော ပုဖန်၏ မျက်နာသေက ပြောင်းလဲသွားသည်။


"နတ်ဘုရားအဆင့် ပစ္စည်းတွေမှာ စိတ်ဝိညာဉ် ရှိနေတယ်ဆိုတော့ မဟူရာလိပ်ခုံးဒယ်အိုးမှာလည်းရှိတာပေါ့..."


သို့သော်လည်း ထိုနတ်ဘုရားအဆင့် ပစ္စည်းများက သူနှင့် ဆက်သွယ်မှု ပြုလုပ်ရန် ငြင်းပယ်နေပေသည်။


"သူက အဲ့ဒီပစ္စည်းတွေဆီကနေ အထင်အမြင် သေးခံနေရတာလား..."


ဝေါ...


ကျယ်လောင်သောအသံနှင့်အတူ ဓား၏ လွှဲချက်က ရောက်ရှိလာလေသည်။ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံမှ မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများ ထုတ်လွင့်လာသည်။


ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြေ့လှသော ဓားစွမ်းအင်များက ရုတ်ချည်းပြောင်းလဲသွားလေသည်။ကောင်းကင်ထက်ဆီမှနေ၍ လျှင်မြန်လှသော အရှိန်ဖြင့် အနီရောင်အလင်းတန်းတစ်ခု ပုဖန်ဆီသို့ ထပ်မံကျရောက်လာပြန်သည်။


ပုဖန် လေအေးတစ်ချက်ရှ်ိုက်လိုက်ပြီး သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လွှဲယမ်းလိုက်သည်။နဂါးအရိုးဓားမှ ရွှေရောင်အလင်းတန်းများဖြာထွက်လာလေသည်။


အခိုက်အတန့်၌ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဆီမှ လာသော အထင်အမြင်သေးသည့် ခံစားချက်များက ပို၍ ပြင်းထန်လာလေသည်။သူ နဂါးတစ်ကောင်၏ အထင်အမြင်သေး နှာရှုံ့လိုက်မှုကိုပင် ခံစားလိုက်မိသည်။


အားလုံး၏ အံ့အားသင့်နေကြောက်လန့်နေကြသော အကြည့်များအောက်မှာပင် ပုဖန်က သေရမည်ကို မကြောက်သကဲ့သို့ သူ့၏ ဓားကို ဝှေ့ယမ်းလိုက်သည်။မီးဖိုချောင်သုံး ဓားနှစ်လက်က ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားလေသည်။


ကျယ်လောင်သောမြည်ဟီးသံများ ထွက်ပေါ်လာပြီး နတ်ဘုရားသတ်ဓားဆီမှ အလင်းရောင်များ ပြန့်လွင့်လာသည်။သို့သော်လည်း ပုဖန်က သူ့၏ ဓားကို မလွှဲတမ်း ကျစ်ကျစ်ပါအောင် ကိုင်ထားတုန်းဖြစ်သည်။


သူ့၏ အမူအရာကလည်း အခါများစွာကဲ့သို့ပင် တည်ငြိမ်အေးချမ်းနေတုန်းဖြစ်သည်။သူ့၏ ပတ်ဝန်းကျင်မှ ပြင်းထန်လှသော ဓားစွမ်းအင်များကလည်း တဖြေးဖြေးပျောက်ကွယ်လာသည်။


သူ့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုဖြင့် တုန်ရီနေပြီဖြစ်သည်။ထိုမျှ ပြင်းထန်လှသော အားအင်များ၏ အောက်တွင် ထိုစားဖိုမှူးလေး အပိုင်းပိုင်း ဖြတ်ခံလိုက်ရမှာ သေချာပေသည်။


သို့သော်လည်း မကြာခင်မှာပင် သူတို့၏ မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်ဝ်ိုင်းစက်သွားလေသည်။ပုဖန်က အနီရောင်ဓားစွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသော်လည်း ခုခံ တွန်းလှန်နိုင်သည်။


သူ့၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများကလည်း မျက်စိ မလွှဲနိုင်အောင် ကြည့်၍ ကောင်းလှသည်။ရွှေရောင်အလင်းတန်းများက သိပ်သည်းသထက် သိပ်သည်းလာပြီး အားလုံး၏ နားထဲတွင် နဂါးတစ်ကောင်၏ မြည်ကြွေးသံကိုပင် သဲ့သဲ့ကြားလိုက်ရသည်။ထို့နောက် တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး နတ်ဘုရားသတ်ဓားက ထက်ပိုင်းက်ျိုးသွားသည့်အသံကို အားလုံးဟရှင်းရှင်းလင်းလငိးကြားလိုက်ရသည်။


ဓားစွမ်းအင်များပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေသော ဓားစွမ်းအင်များကလည်း ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။ရုတ်တရက် အရာရာတိုင်းက ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားသည်။တစ်ခုတည်းသော သဲလွန်စဟူ၍ သူတို့ဘေးနား၌ ပြန့်ကျဲနေသော နတ်ဘုရားသတ်ဓား အပိုင်းအစများပင် ရှိလေသည်။


ကြီးမြတ်သော ဓားအာဏာရှင် အပါအဝင် အားလုံး အချိန်ခဏမျှ တိတ်ဆိတ်နေကြလေသည်။သူတို့၏ ရှေ့မှ မြင်ကွင်းကို လက်ခံ မယုံကြည်နိုင်ပင်ဖြစ်နေမိသည်။အက်ရာသေးသေးလေးမျှပင် ထင်သည်မဟုတ်ပဲလုံးဝ ပျက်စီးကျိုးပဲ့သွားခြင်းဖြစ်သည်။


ဘုရားရေ...


လူအားလုံး သူတို့၏ စိတ်ဝိညာဉ်ပင် အေးစက်သွားလောက်အောင် အသက်တစ်ချက်ရှိုက်လိုက်မိကြသည်။သူတို့၏ စိတ်အာရုံများက တုန်ရီနေပေ၏။


"ဒီလူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ...သူ့လက်ထဲက မီးဖိုချောင်သုံးဓားကကော ဘယ်လိုနတ်ဘုရားပစ္စည်းမျိုးလဲ အဲ့ဒါက သတ်ဖြတ်ခြင်း နတ်ဘုရားသတ်ဓားကိုတောင်မှကျိုးပျက်သွားအောင် လုပ်နိုင်တာလား..."


ဝမ်ရန်ချုံက ထိတ်လန့်အံ့အားအသင့်ဆုံးသူဖြစ်သည်။ပုဖန်၏ ရွှေရောင်မီးဖိုချောင်သုံဓားက သူတို့ အစားကြူးတောင်ကြားမှ ပိုင်ဆိုင်ထားသော ကြီးကျယ်ခမ်းနားလှသော အထွဋ်အထိပ်ဓားဟုပင် ထင်မိသည်။


"ငါတော့ သေပြီ...အဲ့ဒီစားဖိုမှူးက အစားကြူးတောင်ကြားကအကောင်ကြီးကြီးတစ်ယောက်ရဲ့ တရားမဝင် ကလေးများဖြစ်နေမလား..."


ပုဖန် သက်ပြင်းလေးလေးတစ်ချက်ချလိုက်သည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းရောင်များ ပြန်လည်ပျောက်ကွယ်သွားပြီး သူ မည်သည့် စိတ်ခံစားချက်မှ မရတော့ပေ။မျှော်လင့်ထားသည့်အတိုင်းပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက မောက်မာဝင့်ကြွားနေသော နတ်ဘုရားသတ်ဓားကို အထင်အမြင်သေးနေခြင်းဖြစ်သည်။


ကြီးမြတ်သော ဓားအာဏာရှင်က လုံးဝ မှင်သက်နေမိသည်။သူ့၏ စွမ်းအင်များက စတင်ပြောင်းလဲသွားပြီး စိတ်ဝိညာဉ် ပင်လယ်ပြင် တစ်ခုလုံး အဆက်မပြတ် တုန်ခါလာလေသည်။အချိန်တော်တော်ကြာပြီးနောက် ကြီးမြတ်သော ဓားအာဏာရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ထိုအော်သံ၏ နောက်တွင် နှလုံးကွဲကြေသွားသော ပူဆွေးမှုများဖုံးကွယ်နေပေသည်။


သူ့၏ ကိုယ်ပွားတစ်ခုကဲ့သို့ ဖြစ်နေသောနတ်ဘုရားသတ်ဓားက လုံးဝ ပျက်စီးသွားပေပြီ။၎င်းက နတ်ဘုရားတပိုင်းသားရဲများနှင့် ရင်ဆိုင်ရစဉ်ကပင် အပ်ရာလေးတောင်မှ မထင်ခဲ့ပေ။


ထိုပုရွတ်ဆိတ်စားဖိုမှုးလေးနှင့် တိုက်ခိုက်သည့်အခါ၌ လုံးဝ ပျက်စီးကျိုးပဲ့သွားပေပြီ။ဓားအတွင်းမှ စိတ်ဝိညာဉ်ကလည်း ပျက်သုဉ်းသွားပေပြီ။နတ်ဘုရားသတ်ဓားက လုံးဝ ဥုံဿုန် အဆုံးသတ်သွားပြီဖြစ်သည်။


"မင်း...အား...မင်းသေဖို့ ထိုက်တန်တယ်..."


ကြီးမြတ်သော ဓားအာဏာရှင်က ဒေါသများဖြင့် ရူးသွပ်သွားပြီဖြစ်သောကြောင့် အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။လေဟာနယ်က လှုပ်ခါလာပြီး ဓားစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ကောင်းကင်တစ်ပြင်လုံးကို ဖုံးအုပ်နေသော ကြီးမြတ်သော ဓားအာဏာရှင်၏ခန္ဓာကိုယ်က ပုံမှန်အနေအထားသို့ ပြန်လည်သေးကျုံ့သွားသည်။


သို့သော်လည်း သူ့၏ ခန္ဓာကိုယ်မှ အလွန်တောက်ပနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အရာရာတိုင်းအားလုံးကိုလည်း ဖိနှိပ်ထားပေသည်။ပုဖန် ခက်ခက်ခဲခဲ အသက်ရှူလိုက်ရသည်။ဝှ်ိုက်တီက သူ့၏ ရှေ့မှ မားမားမတ်မတ် ရပ်တန့်ကာကွယ်ပေးထားပေသည် ။


ဒီတစ်ကြိမ်၌မူ ပုဖန် ကြီးမြတ်သော ဓားအာဏာရှင်ကို ပြည့်ပြည့်ဝဝ ဒေါသထွက်စေလိုက်ပြီဖြစ်ကြောင်းအားလုံး သဘောပေါက်လိုက်ကြသည်။


ကြီးမြတ်သော ဓားအာဏာရှင်ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်များကလုံးဝ ရပ်တန့်သွားခြင်းမရှ်ိပေ။


"သေလိုက်တော့..


.သေပေတော့..."


ကြီးမြတ်သော ဓားအာဏာရှင်၏ခန္ဓာကိုယ်က ရွှေ့ပြောင်းအစီအရင်တစ်ခုကို သုံးလိုက်သလိုမျိုး ပုဖန်အနားသို့ ချက်ချင်းရောက်ရှ်ိလာသည်။ဝှိုက်တီ၏ မီးခိုးရောင်မျက်ဝန်းများက အလင်းရောင်တစ်ချက်လက်သွားပြီး သူ့၏ ယပ်တောင်လက်ကို မြှောက်၍ ဓားအာဏာရှင်ကို လွှဲရိုက်လိုက်သည်။


 ဘုန်း...


ကြီးမားလှသော စွမ်းအင်လှ်ိုင်းတစ်ခု ပြန့်နှံ့သွားပြီး ဝှိုက်တီ၏ ခန္ဓာကိုယ်ကြီးက ဘောလုံးတစ်လုံးကဲ့သို့ပင် လွင့်ထွက်သွားလေသည်။ထက်မြေ့လှသော ဓားစွမ်းအင်များက ပုဖန်ကို ပိုင်းဖြတ်ရန် အဆက်မပြတ် ကျဆင်းလာပေသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။ဖိအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပေပြီ။


ထိုအချိန်၌...


ဝှစ်...


လေတိုးသံတစ်ချက်နှင့်အတူ သူ့၏ ပုစွန်ပိစိက ရွှေရောင်အလင်းတန်းများထုတ်ဖော်လာပြီးနောက် ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။


ပုစွန်ပိစိက လေထဲပြည့်နေသော ဓားစွမ်းရည်များကိုအပေါက်ဖောက်လိုက်၏။ထိုပိစိကောင်က အချိန်တိုင်း အိပ်နေခြင်းဖြစ်ပြီး အိပ်ယာမှ နှိုးလာတိုင်းလည်းအရင်ထက် ပိုသန်မာလာပေသည်။


ကြီးမြတ်သော ဓားအာဏာရှင်၏ ရေခဲတမျှ အေးစက်လှသောအကြည့်များက ပုစွန်ပိစိဆီ ရောက်သွားလေသည်။


"အသုံးမဝင်ဘူး...ငါ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ငါကသာ ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးပဲ...ငါ့ကို ဆန့်ကျင်တဲ့ လူတိုင်း သေရမယ်..."


ပုဖန် သက်ပြင်းတစ်ချက် အသာချလိုက်သည်။သူ့၏ အကြည့်များကလည်းမှန်းဆမရနိုင်သော အရိပ်များဖြင့် ပြည့်နှက်နေသည်။


"ကောင်းပြီ...အဲ့ဒါက နတ်ဘုရားဆိုမှတော့ ငါပုဖန်က ဒီနေ့ အဲ့ဒီနတ်ဘုရားကို သတ်ပစ်မယ်..."


ပုဖန်က ထိုစကားကို ဆိုလိုက်ပြီးသည်နှင့် ပုစွန်ပိစိ၏ ပုံရိပ်က ကြီးမားလာသည်။ခပ်လှမ်းလှမ်းသို့ ရောက်သွားသော ဝှိုက်တီကလည်း သူ့၏ အတောင်ပံကို အစွမ်းကုန်ဖွင့်ဟလိုက်သည်။


သူ့၏ အတောင်ပံများက ကျယ်လောင်စွာ မြည်ဟီးနေသော ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားသည်။ဓားပျံများက ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ဝှိုက်တီက ပုစွန်ပိစိ၏ ခန္ဓာကိုယ်ပေါ်သို့ တက်လိုက်သည်။သူ့၏ တ်ိုက်ခးက်မှုစွမ်းရည်များကလည်း ထိုးတက်လာပေသည်။


ပုဖန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီးအငွေ့တထောင်းထောင်းထနေသော စပ်ပြဲလန် ခေါက်ဆွဲနှင့် အမဲသားလုံးကို ထုတ်ယူလိုက်သည်။နီရဲတောက်ပနေသောအစပ်ချောင်းလည်း ထွက်ပေါ်လာပြီးဟင်းပွဲအားလုံး ကောင်းကင်ယဲထက်ဆီသို့ ပျံတက်သွားလေသည်။


"စွယ်စုံရ ဟင်းပွဲများ ခင်းကျင်းပြီးပြီ..


" လျှာကဝေ အစီအရင် အသက်သွင်းမယ်..."