အခန်း ၅၈၅
မရပ်နဲ့... လုံးဝ မရပ်လိုက်နဲ့...
"စပ်ပြဲလန် ခေါက်ဆွဲတစ်ပွဲ...အမဲသားလုံး တစ်လုံး...အစပ်ချောင်းတစ်ခု..."
ဟင်းပွဲသုံးပွဲက မွှေးပျံ့လှသော ရနံ့များနှင့်အတူ တောက်ပလှသော အလင်းတန်းများကို ထုတ်လွင့်နေလေသည်။ပုဖန်သူ့၏ စိတ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။လည်ပင်း၌ဆွဲထားသော အနက်ရောင်ရှုရမျှော်စင်ဆီမှလည်း စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပြန့်နှံ့လာသည်။
ထိုဟင်းပွဲသုံးပွဲ၏ စွမ်းရည်များက တစ်ခုနှင့်တစ်ခု ဆွဲဆောင်နေကြသလိုမျိုး ချိတ်ဆတ်လာလေသည်။ဟင်းပွဲသုံးပွဲ၏ စိတ်ဝိညာဉ် စွမ်းအင်များက တဖြေးဖြေးသိပ်သည်းလာပြီးနောက် ပုဖန်၏ လက်ပေါ်တွင် ဟင်းပွဲအသစ်ပေါ်ထွက်လာလေသည်။
စွယ်စုံရ ဟင်းပွဲသုံးပွဲကို လျှာကဝေအစီအရင်အဖြစ်ပေါင်းစပ်လိုက်ခြင်းက ပုဖန်ကို ကြီးကြီးမားမား သက်ရောက်မှုရှိပေသည်။ဟင်းပွဲသုံးပွဲကို လျှာကဝေအစီအရင်ဖြစ်အောင် ထိန်းချုပ်ရခြင်းက သူ့၏ စိတ်စွမ်းအားများပင် ဖောင်းကားလာသည်ဟု ခံစားလိုက်ရသည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့်ပင် သူ့၌ ရှုရမျှော်စင်ရှိနေသည်။
ရှုရမျှော်စင်၏ သက်ရောက်မှုကြောင့် ထိုဟင်းပွဲများကို သူ အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်သွားလေသည်။ရှေးဟောင်းရှုရမြို့တော်၏ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော မျှော်စင်ကလည်း အသုံးဝင်လှပေသည်။
ခပ်လှမ်းလှမ်းတွင်ရှိနေသော လျို့လီနှင့် ရှုရမိန်းမပျိုတို့က ထို ပုဖန်၏ လည်ပင်းမှ မျှော်စင်ကိုကြည့်လိုက်ပြီး စိတ်လွတ်သလိုပင် ဖြစ်သွားကြသည်။
ဒါ ရှုရမျှော်စင်ပဲ...လျို့လီ နှုတ်ခမ်းသပ်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကာ ရှေ့သို့ တိုးလိုက်သည်။
"မှန်တယ်...အဲ့ဒါက ရှေးဟောင်းရှုရမြို့တော်ရဲ့ ရှုရမျှော်စင်ပဲ ...အဲ့ဒီမျှော်စင်က စားဖိုမှူးရဲ့ လက်ထဲကို ရောက်သွားရတယ်...ပိုပြီးအံ့သြဖို့ကောင်းတာက အဲ့ဒီစားဖိုမှူးက မျှော်စင်ကို ထိန်းချုပ်နေနိုင်တယ်...ဒါက မယုံနိုင်စရာကောင်းလှတယ်..."
မိန်းမပျိုက ပုဖန်ကို ကြည့်လိုက်သည်။ထိုလူ၌ ရှုရမျှော်စင်၏ အထောက်အကူရှိနေလျှင်ပင် ကြီးမြတ်သော ဓားအာဏာရှင်၏ ပြိုင်ဘက်မဟုတ်နိုင်သေးပေ။သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် ရှုရအရှင်သခင်က အရာအားလုံး၏ အထက်မှ သူတစ်ယောက်သာဖြစ်သည်။ပုဖန်မည်မျှပင် ရုန်းကန်လှုပ်ရှားနေသော်လည်း နောက်ဆုံးရလဒ်က ပြောင်းလဲသွားမည်မဟုတ်ပေ။
သူကသေတွင်းတူနေမှတော့ သေခြင်းတရားကိုသာ ရရှိပေလိမ့်မည်။
စိတ်ဝိညာဉ် ပင်လယ်၏ အလယ်တွင် ပုစွန်ပိစိက ကြီးမြတ်သော ဓားအာဏာရှင်၏ စည်းမျဉ်းများကို လျစ်လျုရှုထားပြီး အောင်အောင်မြင်မြင်ပင် ပျံသန်းသွားလေသည်။
သူ့၏ ကျောပေါ်၌ ဝှိုက်တီက စီးနှင်းလိုက်ပါလာသည်။ဝှိုက်တီက သူ့၏ တောင်ပံနှစ်ခုကို အရှိန်အဟုန်ဖြင့် ဖြန့်ခတ်ထားရင်း မြောက်များလှစွာသော ဓားပျံများကို အဆက်မပြတ် ပစ်လွှတ်နေသည်။
ကြီးမြတ်သော ဓားအာဏာရှင်၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကြောက်စရာကောင်းလှပေသည်။သူက စိတ်ဝိညာဉ် ကြီးသာ ကျန်ရစ်ခဲ့သည်ဆိုသော်လည်း သူ့၏ စိတ်ဝိညာဉ် နယ်ပယ်ထဲတွင် မသေမျိုးခန္ဓာ စိတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ကောင်းစွာ ရင်ဆိုင်နိုင်ပေသည်။
မသေမျိုးခန္ဓာ စိတ်ဝိညာဉ် အဆင့် မည်သူဖြစ်ဖြစ် သူ့ရှေ့မှောက်တွင် သေခြင်းတရားနှင့် မျက်နာချင်းဆိုင်ဖို့ကလွဲ၍ ရွေးချယ်စရာရှိမည်မဟုတ်ပေ။ထိုသို့ဖြစ်လေရာ ပုဖန်သည်လည်း မလွဲမသွေ သေရပေမည်။ပုစွန်ပိစိဖြစ်စေ ဝှိုက်ဆီဖြစ်စေ လုံးဝ ပိတ်ဆို့တားဆီးနိုင်မည်မဟုတ်ပေ။
ဟမ်...
အားလုံးမျှော်လင့်ထားသည့်အတိုင်းပင် ပုစွန်ပိစိနှင့် ဝှိုက်တီတို့နှစ်ယောက်လုံး ရိုက်ချက်တစ်ချက်ဖြင့် မြေပေါ်သို့ လွင့်ကျသွားလေသည်။ပုစွန်ပိစိက သူ့၏ ခြေထောက်များကို အားအပြည့်ဖြင့် လှုပ်ရှားရုန်းကန်လိုက်ရင်း မြေပြင်မှ ထရပ်ရန် ကြိုးစားလိုက်သည်။သူ့၏ ပါးစပ်မှလည်း အဖြူရောင်အမြှုပ်များ တစ်စီစီထွက်နေလေ၏။
ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပလာသည်။သူ့၏ သံချပ်ကာဝတ်စုံပေါ်မှ အစီအရင်ကလည်း အလင်းတန်းများပို၍ပင် ထုတ်လွင့်လာ၏။ထိုအမြောက်ဆန်အစီအရင်မှ တောက်ပလှသော အလင်းလုံးများက ကြီးမြတ်သော ဓားအာဏာရှင်ဆီသို့ အဆက်မပြတ် ပစ်လွှတ်လာလေသည်။
သို့သော်လည်း ကြီးမြတ်သော ဓားအာဏာရှင်က အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိပေ။သန့်စင်လှသော ဓားစွမ်းအင်စီကြောင်းတစ်ခုက သူ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်စီဆင်းနေလေသည်။
၎င်းက မယှဉ်နိုင်လောက်အောင်ပင် မြန်ဆန်လာကာ ဝှိုက်တီနှင့် ပုစွန်ပိစိတို့၏ တိုက်ခိုက်မှုအလုံးစုံကို လုံဝ ပိတ်ဆို့ တားဆီးနေလေသည်။တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုအားလုံးကလည်း ဓားအာဏာရှင်ပေါ်တွင် သက်ရောက်ခြင်းမရှိပေ။
လေထဲတွင် ရပ်တည်နေသော ဓားအာဏာရှင်က သူ့၏ လက်ဖဝါးကို အသာပင့်မြှောက်လိုက်သည်။တဖြေးဖြေးချင်းသိပ်သည်းလာသော ဓားစွမ်းအင်များက လေဟာနယ်ကိုပင် အပိုင်းပိုင်းဖြတ်ပစ်တော့မလို ထင်ရသည်။
ဝှိုက်တီနှင့် ပုစွန်ပိစိတို့နှစ်ယောက်လုံး မြေပြင်ပေါ်သို့ နောက်တစ်ခေါက် ရိုက်ချလိုက်ပြန်သည်။ထို့နောက် ကြီးမြတ်သော ဓားအာဏာရှင်၏ အကြည့်များက ပုဖန်ဆီသို့ ကျရောက်သွားသည်။
"ဒါက မင်းရဲ့ ဝှက်ဖဲပေါ့လေ အရမ်းကိုပဲ အားနည်းလွန်းတယ်..."
ကြီးမြတ်သော ဓားအာဏာရှင်ကပုဖန်ကို လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ကြည့်၍ အသာပင်ပြောလိုက်သည်။ပုဖန် သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။သူ့၏ လက်ဖဝါးပေါ်တွင် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်လုံးသုံးလုံး လွင့်မျောနေ၏။
ထိုစွမ်းအင်လုံးများက စပ်ပြဲလန်ခေါက်ဆွဲ အမဲအသားလုံး အစပ်ချောင်းအဖြစ်သို့ တစ်ခုပြီးတစ်ခု ပြောင်းလဲနေလေသည်။ပုဖန်က လက်ကို မြင့်မြင့်မြှောက်လိုက်ပြီး ကြီးမြတ်သော ဓားအာဏာရှင်ဆီသို့ ညွှန်လိုက်သည်။ရုတ်တရက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ဝှိုက်တီနှင့် ပုစွန်ပိစိတို့၏ ပုံရိပ်ကို ဖုံးကာထားလေသည်။
"ဒါက ဘယ်လို လှုပ်ရှားမှုမျိုးလဲ..."
အားလုံးသိချင်စိတ်ပြင်းပြသွားကြသည်။ဝမ်ရန်ချုံပင်လျှင် ဇဝေဇဝါဖြစ်သွားမိ၏။သူသည်လည်း အစားကြူးတောင်ကြားမှလူ ဖြစ်သော်လည်း ပုဖန်၏ လှုပ်ရှားမှုမျိုးကို မမြင်ဖူးပေ။ထိုသူက ဟင်းပွဲများကို အသုံးပြု၍ မှော်အစီအရင်တစ်ခုကိုပင် ဖန်တီးနေနိုင်ပေသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဟင်းပွဲများရှိ စွမ်းအင်များက အလွန်ပင် ကြမ်းတမ်းလှသည်။တစ်ခုနှင့်တစ်ခု ချိတ်ဆက် ပေါင်းစည်းဖို့ မဖြစ်နိုင်ပေ။
"ဘယ်လိုလုပ် အစီအရင်တစ်ခု ဖြစ်တည်လာနိုင်မှာလဲ..."
သို့သော်လည်း ဝမ်ရန်ချုံ မည်မျှပင် သံသယဝင်နေစေကာမူ ပုဖန်၏ လက်ချောင်းထိပ်ကလေးများမှ အစီအရင်တစ်ခု ထွက်ပေါ်သွားပြီးပြီဖြစ်သည်။
မြေပြင်ပေါ်မှ ပြန်ထလာသော ဝှိုက်တီနှင့် ပုစွန်ပိစိတို့၏ ခန္ဓာကိုယ်မှ တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာသည်။ဝှိုက်တီ၏ မျက်ဝန်းများက ငရုတ်ပန်းကန်ပြားတစ်ချပ်စာမျှ ကြီးမားဝိုင်းစက်လာသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံမှလည်း အသံများ ထွက်ပေါ်လာ၏။သူ့လက်ထဲမှ ကြီးမားတောက်ပလှသော ခုတ်ဓားတစ်ချောင်းပေါ်လာ၏။ထိုဓားမှလည်းအေးစက်လှသော အလင်းရောင်များ ထုတ်လွင့်နေလေသည်။
ဝှိုက်တီက ပုစွန်ပိစိ၏ ကိုယ်ပေါ်မှပင် ခုန်လိုက်ပြီး ဓားအာဏာရှင်ဆီသို့ တရှိန်ထိုး ဦးတည် လွှဲခုတ်လိုက်သည်။ဓားအာဏာရှင်၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားသည်။သူ့၏လက်ကို ဖြန့်ကားလိုက်သည်နှင့် စိတ်ဝိညာဉ်ပင်လယ်အတွင်းတွင်ရှိနေသော ဓားစွမ်းအင်များက စုစည်းလာပြီး ဝှိုက်တီ၏ ခန္ဓာကိုယ်ကို တိုးဝင်တိုက်ခိုက်လေသည်။
အဘက်ဘက်မှ အင်အားများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဝှိုက်တီ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ထပ်မံပြုတ်ကျသွားပြီး မီးခိုးငွေ့များပင် ထွက်ပေါ်လာလေသည်။
ပုဖန်က ရပ်နေရာ နေရာမှပင် အတွေးတစ်ချက် တွေးလိုက်ရုံဖြင့် လျှာကဝေအစီရင်ဆီမှ စွမ်းရည်များက ဝှိုက်တီဆီသို့ ထပ်မံကျရောက်သွားသည်။မြေပြင်ပေါ်မှ ပြန်လည် ခုန်ထလာပြီး ဓားအာဏာရှင်ဆီသို့ နောက်ထပ်လွှဲခုတ်လိုက်ပြန်သည်။
ခပ်လှမ်းလှမ်းတွင်ရှိနေသော လျို့လီက ပုဖန်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ပုဖန်၏ လည်ပင်းမှ နက်ဆွေးနေသော မျှော်စင်ငယ်လေးကို ကြည့်နေရင်း သူ့၏ အသက်ရှုသံများပင် ပြင်းထန်လာလေသည်။ရှုရမိန်းမပျိုပင် သူ့ဘက်သို့ သိချင်စိတ်အပြည့်ဖြင့် လှည့်ကြည့်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
လျို့လီက နှုတ်ခမ်းများတွန့်ရုံ ပြုံးလိုက်ပြီးနောက် ပုဖန်ကို လက်ညှ်ိုးညွှန်၍ ပြောလိုက်သည်။
"ငါတို့ အခုပဲ ရှုရမျှော်စင်ကို လုယူလိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ..."
ထိုစကားကြောင့် ရှုရမိန်းမပျို မျက်လုံးပါလှန်လိုက်မိတော့သည်။
"ရှင်ရူးနေတာလား...အခု ပုဖန်က ကြီးမြတ်သော ဓားအာဏာရှင်နဲ့ တိုက်ခ်ိုက်နေတာလေ သူရှုရမျှော်စင်ကို လိုတယ်...ပြီးတော့ ငါတို့သာ အခုလုလိုက်မယ်ဆိုရင် အသက်ရှင်လျက်တောင် ပြန်သွားနိုင်မှာမဟုတ်တော့ဘူး..."
"ငါတို့ မျှော်စင်ကို လုလိုက်ပြီးတာနဲ့ ရှုရအရှင်သခင်ရဲ့ ဓားစွမ်းအင်ကို ချက်ချင်းအသက်သွင်းလိုက်မယ်လေ...အဲ့ဒီလိုဆိုရင် စိတ်ဝိညာဉ်ပင်လယ်ကို ဆုတ်ဖြဲနိုင်ပြီး ငါတို့ ပြန်သွားနိုင်မယ်မဟုတ်ဘူးလား ..."
"ရှုရအရှင်သခင်ရဲ့ ဓားစွမ်းအင်တွေက ဒီစိတ်ဝိညာဉ်ပင်လယ်ကို ဆုတ်ဖြဲနိုင်မယ်လို့ ရှင်ယုံကြည်တယ်လား...တကယ်လို့ မဖြစ်ခဲ့ဘူးဆိုရင်ကော..."
လျို့လီ၏ မျက်ဝန်းများက စူးရှထက်မြက်လာသည်။
"တကယ်လို့ ဆိုတာမျိုးမရှိဘူး...အဲ့ဒီစားဖိုမှူးက ကြီးမြတ်သော ဓားအာဏာရှင်ကို တကယ်ပဲ အနိုင်ရလိမ့်မယ်လို့ ထင်နေတာလား...သူသေခြင်းတရားကနေ လွတ်မြောက်ဖို့အတွက် အရမ်းပဲ ခက်ခဲလိမ့်မယ်...အခု သူတို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတုန်းမှာ ငါတို့ လွတ်မြောက်အောင် ကြံဆောင်ရမယ်...အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဒီနေရာမှာသေဖို့ စောင့်နေရုံပဲရှိတော့တယ်..."
ရှုရမိန်းမပျို လန့်ဖြန့်သွားသည်။လျို့လီ၏ စကားက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိနေသည်။သူမက လျို့လီကို တစ်စုံတစ်ခု ပြောချင်သေးသည်။
သို့သော် လျို့လီက စတင် လှုပ်ရှားလိုက်လေပြီ။သူ့၏ ပုံရိပ်က ပုဖန်ဆီသို့ မြှားတစ်စင်းအလား တိုးဝင်သွားသည့်အခိုက် အားလုံး၏ မျက်ဝန်းများ ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားလေသည်။
"သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
အားလုံး အလွန်ပင် သိချင်သွားကြသည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင်သူတို့အားလုံး လျို့လီကို အထင်အမြင်သေး စပ်ဆုပ်သွားကြသည်။
ထိုသူက တိုက်ပွဲအတွင်း၌ရှိနေသော ပုဖန်ကို ခ်ိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန်ကြံနေလေသည်။ရှေးဟောင်းရှုရမြို့တော်မှသူများက မယှဉ်နိုင်အောင် အရှက်မဲ့လှသည်။လျို့လီက မည်သည့်ထင်မြင်ချက်ကိုမှ ဂရုမစိုက်ပေ။သူ့၏ မျက်နာ၌ ရူးသွပ်မှုနှင့် လောဘများသာ ပြည့်နှက်နေသည်။
သူ ပုဖန်၏ လည်ပင်းမှ ရှုရမျှော်စင်ကို စိုက်ကြည့်လိုက်ရုံဖြင့် သူ့မျက်ဝန်းများက သွေးနီရောင်ရဲတောက်လာသည်။သူ့၏ အရှ်ိန်ကို ပို၍ မြင့်တင်လိုက်သည်။သူ့အနောက်မှ စိတ်ဝိညာဉ်ကြိုး ငါးချောင်းကလည်း အဆက်မပြတ်လှုပ်ခါယမ်းနေလေ၏။
သွေးနီရောင် ဓားစွမ်းအင်များက အရှိန်အဟုန်ဖြင့် တစ်ယောက်တည်းအကူအညီမဲ့စွာ ရပ်နေသော ပုဖန်ဆီသို့ တိုးဝင်သွားလေသည်။
ထိုအချိန်၌ ဝှ်ိုက်တီနှင့် ပုစွန်ပိစိတို့က ဓားအာဏာရှင်နှင့် တိုက်ခိုက်နေသောကြောင့် ပုဖန်ကို ကာကွယ်နိုင်စွမ်းမရှိတော့ပေ။
ထို့ကြောင့်ပင် လျို့လီကလည်း ပုဖန် အားနည်းနေသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ခြင်းဖြစ်သည်။ပျံသန်းသွားနေသော လျို့လီ၏ လက်တစ်ဖက်တွင်လည်း သွေးနီရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။သူ့၏လက်မှ ချွေးစီးများထွက်နေလေသည်။သူ့၌ တစ်ကြိမ်သာ အခွင့်အရေးရှိသည်ကို သူသိပေသည်။
နောက်ဆုံး၌...
ပုဖန်ကလည်း သူ့ဆီသို့ တရှိန်ထိုးတိုးဝင်လာသော လျို့လီကို သတ်ိပြုမိသွားပြီး ခဏမျှ ကြောင်အသွားလေသည်။ယခုကဲ့သို့ အရေးကြီးနေသောအချိန်၌ လျို့လီ တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားမိပေ။
သူပြန်လည်အသိဝင်လာသည့်အခ်ျိန်၌ လျို့လီက သူ့ရှေ့သို့ ရောက်နေပေပြီ။လျို့လီ၏ မျက်နာ၌ ရက်စက်ကြမ်းကြုတ်မှုများပြည့်နှက်နေသည်။သူ့၏ လက်မှ အစစ်အမှန်စွမ်းအင်များ တလိမ့်လိမ့်ထွက်ပေါ်လာသည်။သူ့၏ လက်က သွေးနီရောင် ဓားရှည်တစ်လက်အဖြစ် ပြောင်းသွားသလို ထင်လိုက်ရပြီး ပုဖန်၏ လည်ပင်းကို ဖြတ်တောက်လိုက်လေသည်။သူ့၏ ပစ်မှတ်က ရှုရမျှော်စင်ပင်။
"မကြာခင်ပဲ ငါ ရှုရမျှော်စင်ကို ရတော့မယ်...ရှုရမျှော်စင်ကို ငါရလိုက်တာနဲ့ ရှေးဟောင်း ရှုရမြို့တော်မှာရှိတဲ့ ငါ့ရဲ့အဆင့်အတန်းကလည်း မြင့်တက်လာလိမ့်မယ်...ငါက ရှုရအရှင်သခင်ရဲ့ လူယုံတောင်ဖြစ်လာနိုင်တယ်..."
လျို့လီ၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူ့၏ နှုတ်ခမ်းများကလည်း ပြန့်ကားနေသည်။သူ့၏ မျက်နာ၌ စိတ်လှုပ်ရှားမှုများက ပြည့်နှက်နေသည်။လောဘတကြီး အကြည့်များက ပုဖန်ကျောရိုးတစ်လျှောက်စိမ့်တက်သွားစေသည်။သူ့၏ နှလုံးသားပင် တုန်ယင်လာလေ၏။
ထက်မြေ့လှသော ဓားစွမ်းအင်များ၏ အောက်တွင် ပုဖန် နာကျင်မှုတစ်ချို့ကိုပင် ခံစားလိုက်ရသည်။သူ လျို့လီ၏ သွေးနီရောင်ဓားရှည်ကို တည်ငြိမ်စွာဖြင့် ကြည့်နေလိုက်သည်။
၎င်းက တဖြေးဖြေးချင်း နီးကပ်သထက် နီးကပ်လာပေပြီ။လျို့လီ၏ နှလုံးသားကစိတ်လှုပ်ရှားမှုကြောင့် အပြင်သို့ပင် ခုန်ထွက်တော့မလို ခံစားနေရသည်။သူ့၏ မျက်ဝန်းထဲတွင် ရှုရမျှော်စင်ကိုသာ မြင်တော့သည်။
"ရှုရမျှော်စင်အတွက် အဲ့ဒီစားဖိုမှူးက သေရမယ်..."
စုစည်းသိပ်သည်းလာသော ဓားစွမ်းအင်များက ပုဖန်၏ လည်ပင်းကို ဖြတ်ချလိုက်သည်။အန္တရာယ်၏ အငွေ့အသက်ကြောင့် ပုဖန်၏ နှလုံးသားထဲမှ တုန်ယင်လာလေသည်။ထ်ိုအခိုက်မှာပင် ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံက စူးရှလှသည့် အလင်းရောင်များ ထုတ်လွင့်လာပြီး ဖီးနစ်တစ်ကောင်၏ အော်မြည်သံကို လူတိုင်းကြားလိုက်ရသည်။
ရုတ်တရက် နီဆွေးလှသောငှက်မွှေးလေးများက ပုဖန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လွင့်မျောလာသည်။ ထိုပေါ့ပါးလှသော ငှက်မွှေးလေးများက ပုဖန်၏ ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခုအဖြစ် ပုံသဏ္ဍာန်ဖြစ်တည်လာသည်။
သွေးနီရောင်ငှက်မွှေးလေးများက ဓားရှည်ကို ရိုက်ခတ်လိုက်သောကြောင့် ပုဖန်၏ ပခုံးကိုသာ ထိမိသွားလေသည်။လျို့လီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူ့၏ နှလုံးးပင် တုန်ယင်သွားသည်။သူ ပုဖန်ကိုမယုံနိုင်စွာဖြင့် ကြည့်လိုက်မိသည်။
"ဒါဘယ်လ်ိုလုပ် ဖြစ်နိုင်မှာလဲ..."
လျို့လီ ထိတ်လန့်မှုအပြည့်ဖြင့် အော်လိုက်မိသည်။သူ့၏အားအပြည့်ဖြင့် တိုက်ခိုက်မှုသည်။စားဖိုမှူး၏ အရေပြား ကိုပင် မထိုးဖောက်နိုင်ပေ။
ပုဖန်က လျို့လီကို ခံစားချက်မဲ့စွာဖြင့်ပင် ကြည့်လိုက်သည်။ထို့နောက် သူဓားရှည်ကို ဆုပ်ကိုင်လိုက်ပြီး တဖြေးဖြေးချင်း မယူလိုက်သည်။
ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များပေါ်ထွက်လာပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။သူ၏ လက်တစ်ဖက်ဖြင့် ဒယ်အိုးကို ဆုပ်ကိုင်ထားလိုက်သည်။
"မရပ်လိုက်နဲ့...လုံးဝ မရပ်လိုက်နဲ့...ကျုပ်ကို ဆက်တိုက်ခိုက်နေလိုက်...ခင်ဗျားစွမ်းအားရှ်ိသလောက် ကျုပ်ကိုဆက်တိုက်ခိုက်နေလိုက်..."
ပုဖန်က တည်ငြိမ်စွာပြောလိုက်သည်။သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် လေတိုးသံတစ်ချက်နှင့်အတူမဟူရာလိပ်ခုံးဒယ်အိုးက လျို့လီ၏ ခေါင်းဆီသို့ ပြင်းထန်စွာကျရောက်သွားလေသည်။