အပိုင်း ၅၈၆
Viewers 62k

အခန်း ၅၈၆

ငါက ငရဲကမ္ဘာအမျိုးသမီးကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့သူပဲ...


တ်ိမ်ခိုးစားသောက်ဆိုင်ထဲတွင်...


 နယ်သာရီက ခြေဗလာဖြင့်ပင် ဆိုင်၏ ပတ်ပတ်လည် လွင့်မျောနေသည်။သူ့၏ အနက်ရောင် ဆံနွယ်ရှည်များကလည်း လွင့်ဝဲနေသည်။


ရုတ်တရက် တင်းတင်းစေ့ပိတ်ထားသော သူမ၏ မျက်ဝန်းများ ဖျက်ခနဲ ပွင့်သွားသည်။သူမ၏ နှလုံးသားထဲ၌ တစ်စုံတစ်ခိုကို ခံစားလိုက်မိသည်။အစဉ်သဖြင့် အေးစက်နေသော မျက်နာတွင်လည်း သိချင်စိတ်များပေါ်ပေါက်လာသည်။


ဘလက်ကီက သစ်ပင်အောက်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။သူအသက်ရှူလိုက်တိုင်းထွက်ပေါ်လာသည့် ဆန်းကြယ်သည့် စွမ်းအင်လှိုင်းများက ငါးလမ်းကြောင်းသိမြင်မှုသစ်သီးပင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။


အသာအယာလှုပ်ရမ်းနေသော ငါးလမ်းကြောင်းသိမြင်မှုသစ်သီးပင်မှလည်း ကြယ်အလင်းရောင်ကဲ့သို့သော အလင်းရောင်ဖျဖျလေးများထွက်ပေါ်နေသည်။


ခွေးဘုရင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် သန်းဝေလိုက် မျက်လုံးဖွင့်လိုက်သည်။


" တော်တော်ရင်းနီးနေတဲ့ အငွေ့အသက်ပဲ အဲ့ဒာက နင့်ဆီက လာတာမဟုတ်လား..."


နယ်သာရီ၏ အကြည့်များက သူ့ဆီသို့ရောက်လာပြီး ခေါင်းညိတ်ပြလိုက်သည်။


"လျှို့ဝှက်နယ်ပယ်ထဲက. .."


နယ်သာရီပြောလိုက်သည်။


"လျှို့ဝှက်နယ်မြေထဲက... တိုက်ဆိုင်လိုက်တာ ဟိုကောင်လေးပုဖန်ကလည်း လျှို့ဝှက်နယ်မြေထဲမှာ မဟုတ်လား...အဲ့ဒီလူက ပုဖန်ကို ရှာနေတယ်လို့ နင်ထင်လား...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူက ပုဖန်ရဲ့ ကိုယ်ပေါ်က စွမ်းအင်တွေကို အာရုံခံမိမှာပဲ...သူ့ရဲ့ စွမ်းအင်တွေက နင့်ကို ဆက်သွယ်နေတာပဲ..."


နယ်သာရီနှင့် ခွေးဘုရင်တို့နှစ်ယောက်စလုံး အခ်ျိန်ခဏမျှ တိတ်ဆိတ်သွားကြသည်။ခဏကြာပြီးမှ နယ်သာရီက အသာအယာပင် ထပ်ပြောလိုက်သည်။


"အဲ့ဒီလိုဆိုရင်တော့ ငါ လျှို့ဝှက်နယ်မြေထဲကို သွားရမယ်...အဲ့ဒီလူ ပုဖန်ကို နာကျင်အောင်လုပ်မှာမျိုးခွင့်မပြုနိုင်ဘူး...ငါ့ရဲ့ နဂါးသွေးထမင်းကြော်လေးကို ထပ်စားချင်သေးတယ်..."


နယ်သာရီ ပြောပြီးသည်နှင့် ငါးလမ်းကြောင်း သ်ိမြင်မှု သစ်ပင်ရှေ့တွင် ရှိနေသော ငရဲကမ္ဘာသင်္ဘောက သူ့ဆီသို့ ရွှေ့လာလေသည်။ထို့နောက် လေထဲသို့ မြှောက်တက်လာပြီး လေဟာနယ်ကို ဖွင့်လိုက်သည်။နယ်သာရီက လေထဲသို့ ထောက်ခုန်လိုက်သည်နှင့် ငရဲကမ္ဘာသင်္ဘောဆီသို့ ညှင်သာစွာကျသွားသည်။


အသံနှင့်အတူ ငရဲကမ္ဘာသင်္ဘောက လေဟာနယ် အက်ကွဲကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ပျောက်ကွယ်သွားသော သင်္ဘောက်ို ဆက်မကြည့်တော့ပဲ သန်းဝေလိုက်ပြီး သစ်ပင်အောက် ပြန်လှဲလိုက်သည်။သို့သော်လည်း သူ တီးတိုးပြောဆိုနေမိသည်။


"အဲ့ဒီကောင်မလေးကတော့ သူ့ရဲ့ နဂါးသွေးထမင်းကြော်အကြောင်းပဲ စဉ်းစားတယ်...ဒီခွေးဘုရင်ကလည်း နံရိုးချိုချဉ်ကြော်ကို အဆုံးရှုံးမခံနိုင်ပါဘူး..."


မလှမ်းမကမ်းတွင်ရှိနေသော ရှစ်လေးက သူ့၏ တောင်ပံများကို တဖျတ်ဖျတ် လှုပ်ရှားနေသောကြောင့် အမွှေးအတောင်လေးများ တဖွားဖွားလွင့်စင်ကျနေ၏။ရုတ်တရက် ငရဲကမ္ဘာသင်္ဘောပျောက်ဆုံးသွားသောကြောင့် အနည်းငယ်လည်း ဇဝေဇဝါဖြစ်နေပုံရသည်။


......


လျို့လီ၏ မျက်ဝန်းများက ရူးသွပ်နေပေပြီ။သူ့၏ လှုပ်ရှားမှုများက အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။ရှုရမိန်းမပျိုက ခပ်လှမ်းလှမ်းကပင် လျိူ့လီကို ကြည့်နေသည်။


ထိတ်လန့်အံ့အားသင့်သွားသော ဝမ်ရန်ချုံက သူ့၏ စိတ်ခံစားချက်များကို အေးစက်စက်အပြုံးတစ်ခုဖြစ် ဖုံးကွယ်လိုက်သည်။ပုဖန် သေသည်ကို ကြည့်ရမည်မှာလည်း မဆိုးလှပေ။


အားလု ၊အားဝေနှင့် တခြားသောသူများက အနည်းငယ်ရှက်ရွံ့နေသလိုမျိုးခံစားနေရသည်။


ထိုလျို့လီက သူ့၏ ကျင့်ကြံဆင့်ကိုပင် ထည့်မတွက်ပဲ ပြိုင်ဘက် အာရုံ မစိုက်ချိန်၌ ခိုးကြောင်ခိုးဝှက် အလစ်တိုက် ရဲပေသည်ဟေ


မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ကျင့်ကြံသူ၏ ချောင်းမြောင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလေရာ ပုဖန်မည်ကဲ့သို့ လွတ်မြောက်နိုင်ပါတော့မည်နည်း။ပုဖန် ဒီနေရာမှာပင် ရှင်သန်ခြင်းရပ်တန့်ဖို့ ဖိအားပေးခံရပုံပေါ်သည်။


လျို့လီ တစ်ယောက်တည်းသာလျှင် ပထမဦးဆုံး တိုက်ခိုက်မှုမှနေ၍ ပုဖန်၏ သန်မာမှုကို ခံစားလိုက်ရပြီး နှလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။


သူ့၏ အားအပြည့် တိုက်ခိုက်မှုကို အဆင့်ချင်းတူနေသော ကျင့်ကြံသူပင်လျှင် လုံးဝ ပိတ်ဆို့ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။သို့သော်လည်း ယခုမူ သူ့၏ ဓားက ပုဖန်၏ အဝတ်ကိုပင် ထိုးဖောက်ဖြတ်သန်းမသွားနိုင်ပေ။


အနီရောင်ဓားကိုဖမ်းဆုပ်ထားသော ပုဖန်၏ မျက်ဝန်းအကြည့်များက ရေခဲတမျှ အေးစက်နေပေသည်။သူက လက်ရှိအခြေအနေတွင် ထိတ်လန့်နေဆဲဖြစ်သော လျို့လီကို စိုက်ကြည့်နေသည်။


သူ့လက်ထဲတွင် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာပြီး လျို့လီဆီသို့ လွှဲရိုက်ချလိုက်သည်။စိတ်ရှုပ်ထွေးနေသော လျို့လီက ဒေါသများထွက်ပေါ်လာပြီး တုံ့ဆိုင်းမနေပဲ သူ့လက်ဝါးကို မြှောက်လိုက်သည်။


"အသုံးမဝင်တဲ့ ဒယ်အိုးပဲ ငါအဲ့ဒါကို လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်မယ်..."


သို့သော်လည်း ကျယ်လောင်လှသည့် ဒေါင်ခနဲ အသံ ထွက်ပေါ်လာသည်။သူ့၏ လက်ဖဝါးက မာကြောလှသော ကျောက်တုံးကို ရိုက်မိလိုက်သလိုခံစားလိုက်ရ၏။


ဒယ်အိုးက မရွှေ့ပြောင်းနိုင်သော တောင်အကြီးကြီးကဲ့သို့ပင် အနည်းငယ်မှ လှုပ်ခါသွားခြင်းမရှိပေ။ထိုမဟူရာလိပ်ခုံးဒယ်အိုးက ကျယ်ပြန့်လှသော လယ်ကွင်းပြင်ထဲတွင် အရှိန်ပြင်းပြင်းဖြင့် ဖြတ်မောင်းလာသော ကားတစ်စင်းကဲ့သို့ လျို့လီ၏ ခေါင်းကို ရိုက်ခတ်သွားလေသည်။


လျို့လီ သူ့ခေါင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်းမြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။


ပုဖန်၏ခန္ဓာကိုယ်ပေါ်မှ နီရောင်စားဖိုမှူးဝတ်စုံကလည်း အလင်းရောင်များ တောက်ပနေသည်။ဝတ်စုံမှ ငှက်မွှေးလေးများက သူ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လွင့်မျောနေသည်။


ထိုဝတ်ရုံက သူ့၏ စွမ်းအင်များကိုငါးစက္ကန့်ခန့် တိုးမြင့်နိုင်ခြင်းကြောင့် လျို့လီ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခုခံလိုက်နိုင်ခြင်းဖြစ်သည်။ထိုသို့သော ကိစ္စရပ်မျိုးကို လျို့လီ၏ တွေးပင် တွေးကြည့်မိမည်မဟုတ်ပေ။


ယခုလက်ရှိအချိန်၌ ပုဖန်ဒေါသထွက်နေမိသည်။သူ ခက်ခဲနေသည့် အချိန်တွင် လျို့လီက ချောင်းမြောင်းတိုက်ခိုက်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။


ပုဖန်က ဒယ်အိုးကို ဆုပ်ကိုင်၍ အခုထိ မလှုပ်နိုင်ဖြစ်နေသော လျို့လီကို ထပ်မံ ရိုက်ချလိုက်သည်။သူက လုံးဝ ရပ်တန့်ပေးရန် စိတ်ကူးမရှိပဲ တစ်ကြိမ်ပြီးတစ်ကြိမ်ရိုက်ချနေလေသည်။


"လုံးဝမရပ်လိုက်နဲ့လို့ ကျုပ်ပြောခဲ့တယ်မဟုတ်လား...ဘာလို့ ကျုပ်ပြောသလိုမလုပ်တာလဲ...အခုဘယ်လိုနေလဲ... အခု ကျုပ်ကို ယုံကြည်ပြီလား..."


ပုဖန်က ပါးစပ်မှလည်း တတွတ်တွတ်ပြောရင်းဖြင့် အဆက်မပြတ် လွှဲရိုက်နေလေသည်။မြင်နေရသူများအားလုံးက ပြောစရာစကားပင်မဲ့သွားပြီး လျို့လီအတွက် သနားကြင်နာမှုကိုပင် ခံစားလိုက်ရသည်။


လျို့လီ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်များက ဖောင်းကားလာသည်။သူ့၏ ခေါင်းမှလည်းသွေးများစီးကျနေပြီးမူးဝေနေပေပြီ။သို့သော်လည်း သူ့နှလုံးသားထဲ၌ မီးပင်လယ်ကြီးတောက်လောင်နေသလို ဒေါသများ ဆူပွက်လာလေ၏။


ကျယ်လောင်လှသော ရိုက်ခတ်သံက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။


...


ဝှိုက်တီနှင့် ပုစွန်ပိစိတို့ကလည်းခပ်လှမ်းလှမ်းမြေပြင်ပေါ်သို့ ပြုတ်ကျလာပြန်၏။သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော အလင်းရောင်များကလည်းအားလျော့သွားသည်။


ပုစွန်ပိစိ၏ ကြီးမားလှသော ခန္ဓာကိုယ်ပင် အနည်းငယ်ပြန့်ကျုံ့သွားသည်။သူ့ပါးစပ်ထဲမှ အမြှုပ်များတစ်စီစီ ထွက်နေပြီး မျက်ဝန်းများကလည်း တရစပ်လည်နေလေ၏။


"ဒီပုစွန်နဲ့ ရုပ်သေးရုပ်က လွဲရင် မင်းလက်ထဲမှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေသေးလဲ..."


နားကွဲလောက်ဖွယ်အသံကျယ်တစ်ခု ထွက်ပေါ်လာသည်။ကြီးမြတ်သောဓားအာဏာရှင်က လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသည်။သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် သူက တန်ခိုးအကြီးဆုံး လူဖြစ်နေဆဲပင်။


 လျို့လီ ရူးသွပ်စွာ ရယ်မောလိုက်သည်။သူ့၏ ခေါင်းတစ်ခုလုံးကလည်း သွေးများဖြင့် ဖုံးလွှမ်းနေပေပြီ။ပုဖန်ဆီမှ ရိုက်နှက်ခံလိုက်ရမည်ဟု လုံးဝ မထင်ထားမိပေ။သူက မသေမျိုးခန္ဓာအထွဋ်အထိပ်ဖြစ်ရုံသာမက သူ့ခန္ဓာကိုယ်ကလည်း အလွယ်တကူ မထိခိုက်နိုင်သည့် အရာဖြစ်သည်။

သို့သော်လဲယခုမူ...သူ

ပုဖန်ကို ရူးသွပ်စွာကြည့်ရင်း ရယ်မောနေမိသည်။


ပုဖန်က တည်ငြိမ်စွာဖြင့်ပင် ဓားအာဏာရှင်ကို လှမ်းကြည့်လိုက်သည်။ဝှိုက်တီနှင့် ပုစွန်ပိစိတို့ကလည်း ပုဖန်ဘေးနားသို့ ပြန်ရောက်လာပေပြီ။


ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပနေဆဲဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက အရှိန်အဟုန်ဖြင့် လှည့်ပတ်လာပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။


"အသုံးမဝင်ဘူး ဒီသခင်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ဒီသခင်ကသာ ဘုရားပဲ...ဘယ်သူမှ မင်းကို လာမကယ်နိုင်ဘူး...အဲ့ဒီတော့ လိမ်လိမ်မာမာနာနာခံခံနဲ့ ပျော်ပျော်ကြီး သေလိုက်တော့..."


ကြီးမြတ်သော ဓားအာဏာရှင်က လက်တစ်ချက်လှုပ်ရမ်းလိုက်ရုံနှင့် ဝှိုက်တီ မြေပြင်ပေါ်သို့ ထပ်မံ ပြုတ်ကျသွားသည်။သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ရှိနေသမျှအရာရာအားလုံးကို သူသာလျှင် ထိန်းချုပ်နိုင်ပေသည်။ထို့ကြောင့် ပုဖန်က်ို မည်သူမှ လုံးဝ ကယ်နိုင်ဖို့ မဖြစ်နိုင်ပေ။


ကြီးမြတ်သော ဓားအာဏာရှင်ဆီမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် အားလုံး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကြသည်။ဒီတစ်ကြိမ်၌ ပုဖန် သေခြင်းတရားမှ မည်သို့မှ မလွတ်မြောက်နိုင်တော့ပေ။


သူမည်မျှပင် ရုန်းကန်ကြိုးစားစေကာမူဓားအာဏာရှင်၏ ရက်စက်မှုများထဲမှ လုံးဝ မလွတ်မြောက်နိုင်တော့ပေ။ပုဖန် မျက်ဝန်းများမှေးကျင်းလိုက်သည်။ဝှ်ိုက်တီကလည်း သူရှေ့၌ ရပ်လာလေသည်။


သို့သော်လည်း ထိုအခိုက်အတန့်၌ ပုဖန်၏ ပုံရိပ်ဘေးမှ လေဟာနယ်က စတင်၍ လှုပ်ခတ်လာလေသည်။ရုတ်တရက် လေဟာနယ်ထဲမှ ဖြူဖွေးလှသော လက်ဖဝါးလေးတစ်ဖက် ထွက်ပေါ်လာပြီး အထက်အောက် တဖြေးဖြေးချင်းဆွဲဖြဲနေလေသည်။


လေဟာနယ်က တဖြေးဖြေးချင်းအပေါက်ကြီး ဖြစ်သွားသည်နှင့် လက်နှစ်ဖက်ပေါ် လာပြီးနောက် ဝေဝါးလှသောပုံရိပ်တစ်ခု တဖြေးဖြေးချင်းလျှောက်ထွက်လာလေသည်။


ထိုပုံရိပ်က လွှမ်းခြုံနေသော ဓားစွမ်းအင်များအောက်မှာပင် ရုတ်တရုက်ကြီး ထွက်ပေါ်လာလေသည်။ထ်ိုပုံရိပ်က အက်ကွဲကြောင်းထဲမှ လျှောက်ထွက်လာပြီးသည်နှင့် ကျဆင်းလာသော ဓားစွမ်းအင်များကို ခံစားမိလိုက်ပုံဖြင့် လှည့်ကြည့်လိုက်သည်။သူက ဓားစွမ်းအင်များကိုပင် ကြောက်ရွံ့သွားခြင်းမရှိပေ။


 ထို့နောက် ဖြူဖွေးလှသော လက်ဝါးလေးကိုမြှောက်၍ လက်ညှိုးလေးဖြင့် အသာတောက်လိုက်သည်။


ဒင်...


လေဟာနယ် တစ်ခုလုံး အေးခဲသွားသလ်ိုပင် ထင်ရသည်။ကမ္ဘာလောက တစ်ခုလုံးကိုပင် ဖျက်စီးနိုင်စွမ်းရှိသော ဓားစွမ်းရည်များက ရေခဲထဲပိတ်မိသွားသကဲ့သို့ လေထဲတွင် ရပ်တန့်သွားလေသည်။


ထိုသူက ဓားစွမ်းအင်များကို သေချာစွာ စူးစမ်းလိုက်ပြီးနောက် လက်ကလေးဖြင့် အသာတောက်လိုက်ရုံဖြင့် ဖန်ခွက်တစ်ခုကဲ့သို့ အစိတ်စိတ်ကွဲကြေသွားလေသည်။


လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဓားစွမ်းအင်များကလည်း ရုတ်ချည်းပျောက်ကွယ်သွားလေ၏။ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းအင်များက ဖျက်ဆီးခံလိုက်ရလေသည်။


အားလုံး ကြောင်အမှင်သက်နေကြသည်။ပုဖန်ပင်လျှင် ပြောစရာစကားမဲ့စွာဖြင့် ကြည့်နေမိသည်။


ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်နာကလည်း ရှက်ရွံ့မှုဖြင့် နီရဲသွားသည်။သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ မည်သူမှ ဝင်လာပြီး ပုဖန်ကို မကယ်နိုင်ဟု ပြောလိုက်သည့်အချိန်မှာပင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။


ထိုပုံရိပ်က သေရမည်မှာ သေချာနေသော ပုဖန်ကို လက်ဖျောက်တစ်ချက်ဖြင့်ပင် ကယ်တင်လိုက်သည်။လက်ချောင်းလေးတစ်ချောင်းက သူ့၏ ဓားစွမ်းအင်များကို ရုတ်ချည်းပျောက်ကွယ်သွားစေသည်။


ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်ထိ မျက်နာရိုက်တဲ့နေရာမှာ ကျွမ်းကျင်နေရတာလဲ...အဲ့ဒီလောက် ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုလို့လား...


"ဒီဓားစွမ်းအင်လေးက ဆိုးတော့မဆိုးပါဘူး...ဒါပေမယ့်နှမြောစရာကောင်းတာက အရေးကြီးတဲ့ တစ်စုံ တစ်ရာပျောက်ဆုံးနေတယ်..."


ထိုပုံရိပ်က နူးညံ့စွာပြုံးလိုက်သည်။သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိလှသော အသံဖြင့် စကားပြောလိုက်၏။ထိုခဏမှာပင် မြူခိုးငွေ့များက ပြယ်ပျောက်သွားပြီး ထိုပုံရိပ်၏ သွင်ပြင်က ပို၍ ကြည်လင်လာသည်။


အခြားသူများအားလုံး ထိုသူ၏ မျက်နာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအချိန်၌ လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။သူတို့ရှေ့မှ အမျိုးသား၏ ပုံရိပ်က လုံးဝ ပြီးပြည့်စုံနေလေသည်။သူ့၏ သွင်ပြင်က အရပ်မြင့်မြင့်နှင့် ခန့်ညားချောမောလှသည်။


ထို့အပြင်သူ့၏ ပုံပန်းက နတ်ဆိုး အသွင်ကဲ့သို့ ချောမောခြင်းမဟုတ်ပဲ နှစ်လိုဖွယ်ကောင်းကာ ယောက်ကျားပီသ ခန့်ညားတင့်တယ်ခြင်းဖြစ်သည်။ဝတ်ဆင်ထားသော အဖြူရောင်ဝတ်ရုံရှည်ကလည်း လုံးဝ လိုက်ဖက်တင့်တယ်နေပေ၏။စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လေပြင်းများ တိုက်ခတ်နေသောကြောင့် ထိုလူ၏ အနက်ရောင်ဆံနွယ်ရှည်များကလည်း တဖျတ်ဖျတ်လွင့်ခါနေသည်။


ထိုသူက ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ညှင်သာစွာပြုံးလိုက်သည်။အပြုံးတစ်ချက်ဖြင့်ပင် အားလုံးညှို့ဓာတ်မိနေလေသည်။


"မင်းက ဘယ်သူလဲ..."


ကြီးမြတ်သော ဓားအာဏာရှင်က မျက်ဝန်းများမှေးကျင်းလိုက်ပြီး အေးစက်စွာမေးလိုက်သည်။ထိုသူက အပြုံးမျက်နာဖြင့်ပင် ကြီးမြတ်သော ဓားအာဏာရှင်ကို လှည့်ကြည့်၍ ပြောလိုက်သည်။


"စိတ်ဝိညာဉ် အကြွင်းအကျန်တစ်ခုလား...အရမ်းဆိုးသွမ်းနေတာပဲ...အခုကစပြီးတော့ ငါ့နောက်လိုက်ခဲ့..."


ထိုသို့ပြောပြီးသည်နှင့် သူက ပုဖန်ကို ခပ်ပြုံးပြုံးဖြင့်ပင် ဆက်လက်ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းအကြည့်များက အဓိပ္ပါယ်မဖော်နိုင်လောက်အောင် နက်ရှိုင်းလှပေသည်။


"မင်းရဲ့ ကိုယ်ပေါ်ကနေ ရင်းနီးနေတဲ့ အငွေ့အသက်မျိုး ငါခံစားရတယ်...မင်းက မျက်ဝန်းနက်နက် ဆံနွယ်နက်နက် အမျိုးသမီးနဲ့ တွေ့ဆုံခဲ့တယ်လို့ ထင်တယ်...ဟုတ်တယ်မဟုတ်လား...မင်းတို့က သူ့ကို ငရဲကမ္ဘာအမျိုးသမီးလို့ခေါ်ကြတယ်လေ..."

ထိုသူကအေးဆေးစွာပြောလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး အလွန်အမင်း ချောမောနေသော ထိုသူကို ကြည့် လိုက်သည်။ထို့နောက် သူ့၏ နှုတ်ခ်းထောင့်စွန်းလေးများ အသာအယာတွန့်ကွေးသွားသည်။


သူ့အရှေ့မှလူက သူ့ထက်ပင် ခန့်ညားချောမောလှသော်လည်းထိုသူနှင့်ပတ်သတ်၍ ခံစားချက်ကောင်းမရပေ။ထို့အပြင် ထိုလူက အလွန်အမင်း မျက်စ်ိနောက်စရာကောင်းနေသည့် အကြောင်းကိုပင် ထည့်မပြောရသေးပေ။ထိုသူ၏ မေးစကားကို ကြားလိုက်သည်နှင့် ပုဖန်နှလုံးသားထဲ၌ တင်းကျပ်သွားလေသည်။


"ငရဲကမ္ဘာအမျိုးသမီးလား...ငါမသိဘူး ပြီးတော့ ခင်ဗျားကကော ဘယ်သူလဲ ..."


ပုဖန်ကအမူအရာကင်းမဲ့စွာဖြင့်ပင် ပြန်လည် မေးခွန်းထုတ်လိုက်သည်။ထိုသူက ပုဖန်၏ ခန္ဓာကိုယ်ပေါ်မှနေ၍ အနက်ရောင်စွမ်းအင်များကို ခံစားမိပေသည်။ထိုအနက်ရောင်စွမ်းအင်များက ကျိန်စာ စွမ်းအင်များဖြစ်သည်။ထိုကျိန်စာ၏ အရင်းအမြစ်က ငရဲကမ္ဘာအမျိုးသမီးမှလွဲ၍ တခြားမဖြစ်နိုင်ပေ။


"အရမ်းကို ပြောင်လိမ်လိုက်တာပဲ ...ဒါပေမယ့်လည်းမင်းလိမ်နေတဲ့အခါ တော်တော်လေးချစ်ဖို့ကောင်းတယ်..."


ထိုသူက မျက်ဝန်းများမှေးကျင်းပြီး ပြုံးလိုက်သည်။သူ့၏ အပြုံးက ပန်းတစ်ပွင့်ပွင့်လန်းလာသကဲ့သို့ ကြည့်၍ ကောင်းလှ၏။


"မင်းရဲ့ မေးခွန်းက အရမ်း အဓိပ္ပါယ်ရှိတယ်...ငါဘယ်သူလဲ ဟုတ်လား...ငါက ငရဲကမ္ဘာအမျိုးသမီးကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့သူပဲ...အခြားသူတွေက ငါ့ကို ငရဲကမ္ဘာအရှင်သခင်လို့လည်း ခေါ်ကြတယ်...ငါ့ကို ငရဲဘုရင်လို့ ခော်တယ်..."