အပိုင်း ၅၈၇
Viewers 53k

အခန်း ၅၈၇

ငရဲဘုရင်နှင့် ခွေးဘုရင်...


ထိုစကားတစ်ခွန်းကို ဆိုလိုက်ပြီးသည်နှင့် သူ့၏ အကြည့်များက ပို၍ နက်နဲလာသည်။သူ မျက်နာကို အနည်းငယ်မော့လိုက်ပြီး ဉာဏ်များသော အပြုံးတစ်ခုကို လှစ်ဟလိုက်သည်။


သူ့၏ အခြေအနေက မြူးကြွနေပုံပေါ်လေသည်။သို့သော်လည်း ပုဖန်က ထိုသူကို မရူးတစ်ယောက်ကို မြင်န

နေရသကဲ့သို့သာ ကြည့်နေလေ၏။


"ငရဲကမ္ဘာအမျိုးသမီးကို ငရဲဘုရင်က ပြည်နှင်ဒဏ်ပေးလိုက်တာ ဒီတော့ ဒီလူက နယ်သာရီကို လျှို့ဝှက်နယ်မြေထဲမှာ အငတ်ခံခိုင်းထားတဲ့လူပေါ့..."


"မင်းအရမ်းအံသြသွားလား...စိတ်မပူပါနဲ့ မင်းသာ ငါ့ကို ငရဲကမ္ဘာအမျိုးသမီးဆီ ခေါ်သွားပေးမယ်ဆိုရင် ငါမင်းကို အန္တရာယ်ပြုမှာမဟုတ်ဘူး...သူ့ရဲ့ ပြည်နှင်ဒဏ်က မပြီးဆုံးသေးဘူး အဲ့ဒီတော့ သူ ဆန္ဒရှိတဲ့အတိုင်း လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားလို့မရဘူး..."


ခပ်လှမ်းလှမ်းတွင်ရှိနေသော ကြီးမြတ်သော ဓားအာဏာရှင်က တွေဝေငေးမောနေမိသည်။သူ့ခံစားချက်များက အနည်းငယ်ရှုပ်ထွေးနေပေ၏။ထိုသူက သူ့၏ နယ်မြေထဲ ပေါ်လာပြီးနောက် လက်ညှိုးလေးတစ်ချောင်းဖြင့်ပင် အရာများစွာကို ဖျက်စီးပစ်လိုက်သည်။


ထို့အပြင် ထိုသူက သူ့ကို နောက်လိုက်အဖြစ် လက်ခံမည်ဟုပင် ပြောနေသေးသည်။ထိုကဲ့သို့ ဝင့်ကြွားလှသော သူမျိုးကို သူပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သည်။


ကြီးမြတ်သော အရှင်သခင်ကလည်း နတ်ဘုရားသတ်ဓားကိုဆွဲကိုင်၍ ကုန်းမြေတိုက်ကြီးတစ်ခွင်တွင် ဝင့်ကြွားစွာ ယှဉ်ပြိုင်တိုက်ခိုက်တက်သည်။ယခု သေသွားပြီဆိုသော်လည်း တစ်စုံတစ်ယောက်ကို သူ့၏ အရှင်သခင်ဟု လက်ခံမည်ဟု မဆိုထားပေ။


"ငရဲကမ္ဘာရဲ့ ဘုရင် သူများတွေက သူ့ကို ငရဲဘုရင်လို့ခေါ်ကြတယ်..."


"ဘာငရဲ ဘုရင်လဲ...ဒီလူက သူ့ကို စာမဖတ်တဲ့ ငတုံးလေးများ ထင်နေလားမသိဘူး..."


ငရဲဘုရင်က ငရဲကမ္ဘာမှ ထွက်ခွာ၍ မရလေရာ မည်ကဲ့သို့ လျှို့ဝှက်နယ်မြေထဲတွင် ပေါ်လာပါမည်နည်း။လူလိမ်ကောင် ...မည်သို့ လိမ်ပြောရမည်ကိုပင် မသိပေ။


ဓားအာဏာရှင်၏ မျက်နာက မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေပြီ။သူ့ကို လုံးဝ လျစ်လျူရှုထားသော လူကိုကြည့်၍ ဒေါသများ ဆူပွက်လာခဲ့သည်။သူက ကြွင်းကျန်ရစ်သော ဝိညာဉ် အပိုင်းအစလေးတစ်ခုဖြစ်သော်လည်း သိက္ခာတရားရှိသော ဝိညာဉ်သာဖြစ်သည်။


ရှုရမိန်းမပျိုနှင့် ဝမ်ရန်ချုံတို့ကလည်း မြင်ကွင်းကြောင့် ကြောင်အနေမိကြသည်။ထွက်ပေါ်လာသော ချောမောခန့်ညားသည့်သူက အားလုံး၏ အကြည့်များကို ဆွဲဆောင်ထားလေရာ သူပြောသည့် စကားကိုလည်း အားလုံး ကြားလိုက်ရလေသည်။


"ငရဲဘုရင်..."


ထိုစကားလေးနှစ်လုံးက အားလုံးကို မှင်သက်သွားစေသည်။အစားကြူးတောင်ကြားထဲတွင် ကြီးပြင်းလာခဲ့သော ဝမ်ရန်ချုံအနေဖြင့် အစားကြူးတောင်ကြား၏ ရှေးဟောင်းမှတ်တမ်းများအားလုံးကို ဖတ်မှတ်ဖူးလေရာ ငရဲဘုရင်အကြောင်း မရင်းနီးပဲ မနေပေ။


ငရဲဘုရင်ဟု ခေါ်ဆို သမုတ်ကြသည့် သူက မည်မျှ ရှင်သန်နေထိုင်ခဲ့မှန်း ဘုရားသာလျှင် သိမည့် ငရဲကမ္ဘာကြီး၏ အုပ်ချုပ်သူဖြစ်သည်။ထိုသူ့၏ စွမ်းရည်များကလည်း တွက်ချက်၍ မရနိုင်အောင် ဉာဏ်များလှသည်။


ငရဲကမ္ဘာဆိုသည်မှာ ဆန်းကြယ်လွန်းလှသော နေရာတစ်ခုဖြစ်၏။ထိုနေရာ၌ မြောက်များလှစွာသော ပညာရှင်များလည်းရှိနေသည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံ၏ မှတ်တမ်းများတွင်ပင် ငရဲကမ္ဘာအကြောင်းကို စာရွက်အနည်းငယ်မျှ မှတ်တမ်းတင်ထားလေသည်။


"သူတို့ရှေ့က လူက တကယ်ကိုပဲ ငရဲက တက်လာတဲ့လူလား...နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့တဲ့ လူအိုကြီးလား..."


"ငါ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ အတားအဆီးအချုပ်အနှောင်တွေကို မည်သူမှ မဖယ်ရှားနိုင်ဘူး...မင်းတို့က ငါလို ဓားအာဏာရှင်ကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား..."


ကြီးမြတ်သော ဓားအာဏာရှင်၏ အက်ရှလှသော အသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။သူ့ခန္ဓာကိုယ်မှလည်း တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာ၏။သူအလွန်ဒေါသထွက်နေလေပြီ။ထိုလူ၏ လှည့်ကွက်များက သူ့ကို အရှက်ရစေသည်။


ဝှစ်...


ကြီးမြတ်သော ဓားအာဏာရှင်၏ ပုံရိပ်က နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ချောမောခန့်ညားသည့် လူရှေ့၌ ပေါ်ထွက်လာသည်။သူ့၏ နောက်ကျောဘက်ဆီမှ ကြီးမားလှသော စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာပြီး အရာရာတိုင်းကို ဆုတ်ဖြဲပစ်တော့မလိုပင်ထင်ရသည်။


"သေပေတော့..."


ကြီးမြတ်သော ဓားအာဏာရှင်က ဒေါသတကြီးဖြင့် ဟစ်ကြွေးလိုက်ပြီးနောက် သူ့လက်သီးဖြင့် အောက်သို့ ခွန်အားအပြည့် ထိုးချလိုက်သည်။လူအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။စိတ်ဝိညာဉ် ပင်လယ်ထဲတွင်ရှိနေသော စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရ၏။


ကြီးမြတ်သောဓားအာဏာရှင်က တကယ့်ကို အားအကုန် သုံးစွဲလိုက်ပေသည်။ထိုအင်အားများကို မသေမျိုးဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်ပင်လျှင် ပိတ်ဆို့နိုင်လိမ့်မည်မဟုတ်ပေ။


ဘန်း...


ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းအင်များက စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးကို လှိုင်းထန်သွားစေသည်။ကြီးမြတ်သော ဓားအာဏာရှင်က စိတ်ဝိညာဉ်ပင်လယ်၏ ဆွဲအားအကုန်ကို ဆွဲယူသုံးစွဲလိုက်သောကြောင့် မှောင်မိုက်သွားလေသည်။


သို့သော်လည်း အချိန်ခဏမျှ ကြာပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့် နေရာမှနေ၍ အလင်းရောင်တစ်စ ထွက်ပေါ်လာလေသည်။ထို့နောက် အလင်းရောင်လေးက တဖြေးဖြေးပြန့်ကားလာပြီး သူတို့အားလုံး အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပေသည်။


သူ့၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသာပွင့်သွားသည်။သူတို့၏ မျက်နာကလည်း လူသေကောင်ကဲ့သ်ို့ ဖြူဖျော့သွားလေသည်။ချောမောခန့်ညားသော သူက အနည်းငယ်မျှပင် ထိခိုက်အနာတရ မရှိပေ။ထိုသူက ကြီးမြတ်သော ဓားအာဏာရှင်၏ လက်သီးချက်ကို လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် ပိတ်ဆို့ကာထားလေသည်။


သူ့၏ မျက်နာပေါ်၌ လေပြေကဲ့သို့ပင် နူးညံ့သိမ်မွေ့လှသော အပြုံးတစ်ခုကို ချိတ်ဆွဲထားပေသည်။ကြောက်စရာကောင်းလှသည်။ထိုအခိုက်အတန့်၌ ကြီးမြတ်သော ဓားအာဏာရှင်၏ နှလုံးသားထဲ၌လည်း ထိတ်လန့်မှုများနှင့်သာ ပြည့်နှက်နေလေသည်။ထိုထိပ်တိုက် တွေ့ဆုံပေါက်ကွဲမှုက မည်မျှပင် အားပြင်းလှကြောင်း သူတစ်ယောက်တည်းသာလျှင် ကောင်းစွာသိပေသည်။


လက်ချောင်လေးတစ်ချောင်းက ကြီးမားလှသော ဓားစွမ်းအင်များအားလုံးကို ပယ်ဖျက်ပစ်လိုက်သည်။အဆုံးအစမဲ့လှသော ဓားစွမ်းအင်များက ထိုသူ၏ အဝတ်ကိုပင် ထိအောင် မလုပ်နိုင်ခဲ့ပေ။သူ သူကိုယ်သူ ငရဲဘုရင်ဟု ကြွေးကြော်နေသော ထိုသူက တကယ်ပဲ ဘယ်လိုလူမ်ျိုးလဲ....


ငရဲဘုရင်က မျက်ဝန်းများမှေးကျင်းလိုက်ပြီး ညှင်သာလှသော အပြုံးတစ်ခုဖြင့် စကားဆိုလိုက်သည်။


"ဘယ်လောက်တောင် ဆိုးသွမ်းလိုက်သလဲ...အကြွင်းအကျန် စိတ်ဝိညာဉ် တစ်ခုအနေနဲ့ စိတ်ဝိညာဉ်ပင်လယ်တစ်ခု ရှိဖို့ဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူး...စိတ်ဝိညာဉ်ပင်လယ်ရဲ့ စွမ်းအင်တွေကို ဒီလိုအတိုင်းပဲ ဖြုန်းတီးလိုက်တယ်ပေါ့...ငါက ငါ့နောက်ကို နာနာခံခံနဲ့ လိုက်ခဲ့ဖို့ ခွင့်ပြုပေးခဲ့တယ် ဒါကို မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်...ဒီတော့ အပြစ်ပေးခံရသင့်တယ်..."


ငရဲဘုရင်၏ စကားဆုံးသည်နှင့် ကြီးမြတ်သော ဓားအာဏာရှင်၏ ခန္ဓာကိုယ်တစ်လျှောက် အေးစက်မှု တစ်ခုဖြတ်သွားသည်ကို ခံစားလိုက်ရသည်။


"ဆိုးသွမ်းတယ်ဟုတ်လား...မင်းညီမဲ ဆိုးသွမ်းနေလိုက် ..."


ထိုသူ၏ အပြုံးမျက်နာကို မြင်ရသည်မှာ အိပ်မက်ဆိုးတစ်ခုလိုပင် ခံစားရသည်။ထိုအခိုက်အတန့်၌ ထိုချောမောလှပလှသော ထိုသူက တခြားလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။လေထဲ၌ အနက်ရောင်ကြိုးစတစ်စ ပေါ်လာပြီး ကြီးမြတ်သော ဓားအာဏာရှင်ကို တုပ်နှောင်လိုက်သည်။


"ဒါကို ဝိညာဉ်သိမ်းကြိုးလို့ခေါ်တယ်...ဒါကို တခြားကုန်းမြေကြီးတွေက စိတ်ဝိညာဉ် အပိုင်းအစတွေကို ဖမ်းဆီးတဲ့နေရာမှာအသုံးပြုတယ်...ငါက ဒါကို အသုံးပြုခဲပါတယ်...စိတ်အေးအေးထာပါ အများကြီးမနာပါဘူး..."


ငရဲဘုရင်က ညှင်သာစွာပြောလိုက်သည်။သို့သော်လည်း သူ့စကားဆုံးသည်နှင့် ဓားအာဏာရှင်ကို တုပ်နှောင်ထားသော ဝိညာဉ် သိမ်းကြိုးဆီမှ မိုးခြုန်းသံကဲ့သို့ပင် ကျယ်လေူင်လှသော အသံများထွက်ပေါ်လာလေသည်။


ကြီးမြတ်သောဓားအာဏာရှင်၏ မျက်ဝန်းများက သွေးနီရောင် ရဲရဲနီလာပြီး နာကျင်ကြေမွစွာ အော်ဟစ်လိုက်လေသည်။၎င်းက ထိုအရာက လူတစ်ယောက်၏ သွေးများကိုပင် အေးစက်သွားအောင် လုပ်နိုင်စွမ်းရှိနေပေသည်။


"လူလိမ်ကောင်..."


" ဒါက မနာပါဘူးလို့ မပြောခဲ့ဘူးလား..."


ကြီးမြတ်သော ဓားအာဏာရှင်က ထိုလူကို သူ့၏ ဓားစွမ်းအင်များဖြင့် အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ချင်နေလေသည်။ငရဲဘုရင်က ကသီကအောင့်ဖြစ်သာ ပြုံးလိုက်သည်။


"ကြည့်ရတာတော့ ငါအသုံးပြုတဲ့ နည်းလမ်းမှားသွားပုံပဲ ခဏလေးစောင့်လိုက်ပါ...ဒီလူက ခွေးနက်ကြီးကပဲ ဖိတ်ခေါ်ထားတဲ့ ဟာသပြောတဲ့လူလား..."


ပုဖန်၏ သူ့၏ ရှေ့မှ ကသီကအောင့်အပြုံးဖြင့် ခေါင်းငုံ့နေသောသူကိုကြည့်၍ ပြောစရာစကားပင် မဲ့နေလေသည်။ဝိညာဉ် သိမ်းကြိုးဖြင့် ချုပ်နှောင်ခံလိုက်ရသော ဓားအာဏာရှင်က လက်တစ်ချောင်းမျှပင် မလှုပ်နိုင်တော့ပေ။


ဝိညာဉ်က တဖြေးဖြေးလွင့်မျောလာပြီး ငရဲဘုရင်၏ လက်ထဲသို့ သက်ဆင်းလာလေသည်။ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသော ငိုသံများအားလုံးလည်း ရုတ်ချည်းပျောက်ကွယ်သွားလေသည်။


"ဒီလူက ပိုပြီး အေးချမ်းသွားပြီ..."


ငရဲဘုရင်က အေးဆေးစွာဖြင့် ပြောလိုက်သည်။ရှုရမိန်းမပျို ဝမ်ရန်ချုံတို့အားလုံးက မှင်သက်ကြောင်အနေကြဆဲဖြစ်သည်။


"အိုး...အခု မင်းအလှည့်ပဲ ...ငရဲကမ္ဘာအမျိုးသမီး ဘယ်မှာလဲဆိုတာကို မပြောပြသေးဘူးလား...ငါ့ကိုပြောင်လိမ်ဖို့ မကြိုးစားနဲ့နော်..."


စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံး၌ ပေါက်ကွဲသံများ နေရာအနှံ့မှ ထွက်ပေါ်နေသည်။ကြီးမြတ်သော ဓားအာဏာရှင်၏ ဝိညာဉ် အပိုင်းအစက ပိတ်သိမ်းခံလိုက်ရပြီဖြစ်သောကြောင့် သူ့၏ စိတ်ဝိညာဉ်ပင်လယ်က ပြိုကျပျက်စီးလာသည်။ရှုရမိန်းမပျိုနှင့် ကျန်သည့်သူများအားလုံး ဖြူဖျော့သွားကြသည်။ထိုကဲ့သို့ များပြားလှသည့် စွမ်းအင်များသာ ပေါက်ကွဲသွားလျှင် မည်ကဲ့သို့ လွတ်မြောက်နိုင်တော့ပါမည်နည်း။


ဒါက မသေမျိုးဝိညာဉ်အဆင့်၏ စိတ်ဝိညာဉ် ပင်လယ်ဖြစ်သည်။သူတို့ အတွက်သာမက မသေမျိုး ဝိညာဉ်အဆင့် ပညာရှင်အတွက်ပင်လျှင် ကြောက်စရာကောင်းလှသည်။


ဝမ်ရန်ချုံ၏ နှလုံးသားထဲ၌ သွေးစိမ်းရှင်ရှင်ထွက်နေပေပြီ။သူက ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေကိုပင် မရှိသေးပေ။


"ဘာလို့ ဒီလိုတွေ ဖြစ်ပျက်သွားရတာလဲ..."


ပုဖန် မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ငရဲဘုရင်ကလည်း နက်ရှိုင်းလှသော အကြည့်များဖြင့် ကြည့်လိုက်၏။


"နှမြောစရာကောင်းလိုက်တာ စိတ်ဝိညာဉ်ပင်လယ်က ပြိုကျသွားရတယ်...အိုး...အခု ငါတို့ငရဲကမ္ဘာအမျိုးသမီးကို သွားရှာရတာပေါ့ မင်းငါ့နောက်က လိုက်ခဲ့..."


ထိုသူက ပြောလိုက်ပြီးနောက် အထင်အမြင်သေးလှသော အမူအရာဖြင့် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။သူ့၏ လက်မှ အနက်ရောင်အလင်းတစ်ချက်ထွက်ပေါ်လာပြီးနောက် စိတ်ဝိညာဉ် ပင်လယ်ထဲတွင်ရှိနေသော သူများအားလုံးကို လွှမ်းခြုံသွားသည်။


ဝီ...ဝှစ်...


အားလုံ အနည်းငယ်မူးဝေမှုကို ခံစားလိုက်ရသည်။ပြန်လည်သက်သာလာပြီးနောက် သူတို့ ပြန့်ပြူးလာသော မြေပြင်ပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သတ်ိပြုမိလိုက်ကြသည်။


တောက်ပလှသောနေရောင်ခြည် ဖြာကျနေပြီး ပတ်ဝန်းကျင်၌ ထူထပ်လှသော တောအုပ်တစ်ခု ရှိနေသည်။


"သူတို့ ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေထဲ ပြန်ရောက်လာတာလား..."


ရုတ်တရက် သူတို့ ကြက်သီးမွှေးညှင်းများ ထလာသည်ကို ခံစားလိုက်ရပြီး အစက်အပျောက်တစ်ခုကို မြင်နေရသော ကောင်းကင်ပေါ်သို့ လှည့်ကြည့်လိုက်ကြသည်။


ဝေးကွာလှသောနေရာမှ အနက်ရောင် သင်္ဘောတစ်စင်းရွက်လွင့်လာလေသည်။၎င်း၏ အရှိန်က မြန်လည်း မမြန်သလိုနှေးလည်းမနှေးပေ။ငရဲကမ္ဘာသင်္ဘောပေါ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ထုတ်လွင့်နေသည်။


ထ်ိုသင်္ဘောဦးပိုင်းပေါ်တွင် လှပလှသော ပုံရိပ်လေးတစ်ခုရှိနေသည်။သင်္ဘောရွေ့လျားနေသော အရှ်ိန်ကြောင့် သူ့၏ အနက်ရောင်ဆံပင်များလည်း တဖျတ်ဖျတ် လွင့်ခါနေသည်။


နယ်သာရီ၏ မျက်ဝန်းများက အနက်ရောင်အဖြစ် ပြောင်းလဲနေပေပြီ။လုံးဝ အနက်ရောင်အဖြစ် ပြောင်းလဲနေပေပြီ။သူမ၏ ဆံနွယ်များက ဝေ့ဝဲနေပြီး အသားအရည်ကလည်း တောက်ပနေ၏။


"ငရဲကမ္ဘာအမျိုးသမီး..."


ရှုရမိန်းမပျိုနှင့် ကျန်သည့်သူများအားလုံး တောင့်ခဲသွားပြီး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ပုဖန်ပင်လျှင် အေးခဲသွားပြီးသင်္ဘောပေါ်မှ နယ်သာရီကို စူးစမ်းစွာ ကြည့်လိုက်မိသည်။


အရှ်ိန်ဖြင့် ရွက်လွင့်လာနေသော ငရဲကမ္ဘာသင်္ဘောကိုကြည့်၍ ချောမောခန့်ညားသောသူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။အားလုံး၏ အကြည့်များအောက်မှာပင် ငရဲကမ္ဘာသင်္ဘောက သူတို့၏ အထက်တွင် ရပ်တန့်သွားလေသည်။


"ကောင်းပြီ အခုတော့ ဒီကောင်လေးက ငါ့ကို ပြောစရာမလိုတော့ဘူး...ငရဲကမ္ဘာအမျိုးသမီးက ငါ့ရှေ့မှာထွက်ပေါ်လာပြီ သူ့ကို ရှာဖို့ အတွက် ဒုက္ခများနေစရာမလိုတော့ဘူး..."


ငရဲဘုရင်က အပြုံးတစ်ပွင့်နဲ့အတူဆိုလိုက်သည်။


"လူအိုကြီး သူ့ကို လွှတ်လိုက်..."


ငရဲကမ္ဘာသင်္ဘောပေါ်တွင် ခြေဗလာဖြင့် ရပ်နေသော နယ်သာရီက ထိုသူကို ငုံ့ကြည့်လိုက်၏။သူ့၏ အကြည့်များ ပုဖန်ဆီသို့ ရောက်သွားသည်နှင့် ငရဲဘုရင်ကို လက်ညှိုးထိုးလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။ပုဖန် တောင့်ခဲသွားသည်။ငရဲဘုရင်ပင် ခဏမျှ တွေဝေသွားမိပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြန်သည်။


"ဒီကောင်မလေးက မှားယွင်းတဲ့ လူတွေနောက်ကို လိုက်သွားမိတာပဲ..."


ထိုသို့ ပြောပြီးသည်နှင့် ရွှေ့ပြောင်းအစီအရင်သုံးလိုက်သလိုမျိုး ငရဲကမ္ဘာသင်္ဘောပေါ်သို့ ရောက်သွားသည်။သူ ငရဲကမ္ဘာသင်္ဘောပေါ် ခြေချလိုက်သည်နှင့် သင်္ဘောက အလေးချိန်ကိုမခံနိုင်သလိုမျိုးမြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာလေသည်။နယ်သာရီက ငရဲဘုရင်ကို အမူအရာမဲ့စွာဖြင့် ကြည့်နေလေသည်။


"အာ...ကြည့်ရတာတော့ ဒီကောင်မလေးရဲ့ အသွင်အပြင်က ပိုကောင်းလာတာပဲ စွမ်းအင်တွေကလည်း ပိုတိုးပွားယှဉ်သန်လာတယ်...ကြည့်ရတာတော့ နင့်ရဲ့ နေ့တွေကိုကောင်းကောင်းကြီး ဖြတ်သန်းနေပုံပဲ..."


ငရဲဘုရင် အံ့အားသင့်သွားပြီးနောက် နယ်သာရီ၏ မျက်နာသေကို ကြည့်၍ ပြောလိုက်သည်။


"ဒီလူအိုကြီးက ဘာလို့ ငရဲကမ္ဘာကနေ ထွက်လာန်ိုင်ရတာ လဲ..."


နယ်သာရီက ငရဲဘုရင်၏ မျက်နာကို စူးစူးရဲရဲကြည့်လိုက်ပြီး တစ်လုံးချင်း ပြတ်သားစွာမေးလိုက်သည်။


"ဆိုးသွမ်းတဲ့ကောင်မလေး ငါ့ကို အိုနေပြီလို့ မပြောနဲ့...ငါ့လိုမျိုး ချောမောခန့်ညားတဲ့ လူအိုမ်ျိုး မြင်ဖူးလို့လား...ငါက ငရဲဘုရင်ပဲလေ မဟုတ်ဘူးလား...ငါထွက်သွားချင်ပြီဆိုမှတော့ အားလုံးက လွယ်လွယ်လေးပါပဲ..."


နယ်သာရီက ငရဲဘုရင်၏ မျက်နာကို မလွှဲတမ်းကြည့်နေလေ၏။


"ရှင်က ခွေးဘုရင် ပြောသလိုမျိုးပဲ တကယ်ကို အရှက်မဲ့တယ် ..."


ခွေးဘုရင် ကြောင်အသွားသည်။


"ခွေးဘုရင် ဘာခွေးဘုရင်လဲ..."


ပုဖန် သူရှေ့၌ စကားစပ်မြည်ပြောနေကြသော သူနှစ်ယောက်ကိုကြည့်၍ နှုတ်ခမ်းတွန့်ကွေးလိုက်မိသည်။နယ်သာရီ ဘာကြောင့် ဒီနေရာ၌ ပေါ်လာသလဲ သူနားမလည်ပေ။ထို့အပြင် သူတို့ နှစ်ယောက်၏ တွေ့ဆုံမှုကလည်း သူတွေးထားသည်နှင့် ကွာခြားနေပေသည်။


"အဲ့ဒီ ငရဲဘုရင်က နယ်သာရီကို ပြန်ခေါ်သွားပြီး အပြစ်ပေးမလို့ မဟုတ်ဘူးလား...နယ်သာရီ အစပ်ချောင်းတွေ ရောင်းလို့ ကုန်သွားပြီလား...."


ပုဖန် ခဏမျှ စဉ်းစားနေပြီးနောက် သူအရေးကြီးဆုံးမေးခွန်းကို မေးလိုက်သည်။နယ်သာရီ၏ ပုံရိပ်က တောင့်တင်းသွားသည်။သူမ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီးနောက် ပုဖန်ဘက်သို့ လှည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"အားလုံး ရောင်းကုန်သွားပြီ..."


နယ်သာရီဆီမှ တိကျသည့် အဖြေက်ို ရလိုက်သောကြောင့် ပုဖန်စိတ်ကျေနပ်သွားသည်။


"အဲ့ဒီလိုဆိုတော့လည်း မင်းတို့ စကားဆက်ပြောနေလိုက်ကြဦး ငါ့မှာ လုပ်စရာတွေရှိသေးတယ်..."


ထို့နောက် ပုဖန်က ဝှိုက်တီ၏ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။ဒီနေရာ၌ ငရဲဘုရင်က ပြဿနာမရှာနေသောကြောင့် သူ စနစ်၏ မစ်ရှင်ဖြစ်သောအစစ်အမှန် နဂါးသစ်သီးကို အမြန်ရှာဖွေရပေမည်။


တာဝန်ပြီးမြောက်သွားမှသာလျှင် သူဆိုင်သို့ ပြန်၍ စီးပွားရေးလုပ်ငန်းကို ပြန်လည်စတင်ရပေမည်။ရှုရမိန်းမပျိုနှင့် အခြားသူများက အနောက်သို့ တိတ်တဆိတ် ဆုတ်ခွာလိုက်ကြပြီး ထိုမြင်ကွင်းကိုသာ ကြည့်နေကြသည်။


သို့သော်လည်း ငရဲဘုရင်က ထိုအရာများအားလုံးကို ဂရုမစိုက်ပေ။ယခုလက်ရ်ှအခ်ျိန်၌ သူသတ်ိပြုမိသည်ဟူ၍ နယ်သာရီ ပြောလိုက်သော ခွေးဘုရင်ဆိုသည့် စကားသာရှ်ိသည်။ထို့အပြင် သူမပြောလိုက်သည့် အစပ်ချောင်းဆိုသည်ကိုလည်းသူစိတ်ဝင်စားနေမိသည်။


ဘာအစပ်ချောင်းဆိုသည်ကို သူမသိသော်လည်း တော်တော်လေးအံ့သြဖို့ ကောင်းပုံရလေသည်။ခွေးဘုရင်ဟုခေါ်ဆိုသောတည်ရှိမှုတစ်ခု ငရဲကမ္ဘာအမျိုးသမီး၏ စကားထဲမှာပင် မျှော်မှန်းနိုင်သည်နှင့် ကျော်လွန်နေသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ခံစားမိလေသည်။


ငရဲကမ္ဘာအမျိုးသမီးကပင် ဘုရင်ဟု တပ်ခေါ်ရသည်ဆိုတည်းက တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းပေလိမ့်မည်။


"နေဦး..."


ရုတ်တရက် ငရဲဘုရင် တောင့်တင်းသွားသည်။


"ခွေးဘုရင်...ငရဲကမ္ဘာအမျိုးသမီးပြောတဲ့ ခွေးဘုရင်ဆိုတာက ဟို ကိုယ်ကျင့်တရားမရှိတဲ့ ခွေးငပျင်းတော့ မဖြစ်နိုင်ပါဘူး...ဟုတ်တယ်မဟုတ်လား..."