အပိုင်း ၅၈၈
Viewers 53k

အခန်း ၅၈၈

အသူတရာငရုတ်အနံ့နှင့်အစပ်ချောင်း...


ဝှိုက်တီက ပုဖန်၏ နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။လူတစ်ယောက်နှင့် ရုပ်သေးတစ်ရုပ်၏ အရိပ်က နေရောင်အောက်တွင် ရှည်လျားစွာ ထွက်ပေါ်နေသည်။ပုဖန် အစစ်အမှန် နဂါးသစ်သီးကို ရှာဖွေရပေမည်။ထိုသစ်သီးကို ရှာတွေ့မှသာလျှင် စနစ်၏ တာဝန်ကို ပြည့်စုံပေမည်။


သူ ငရဲဘုရင်နှင့် နယ်သာရီတို့၏ အကြောင်းကို ဂရုစိုက်ရန် ပျင်းရိနေခြင်းဖြစ်သည်။ဒါကလည်း ငရဲဘုရင်၏ နယ်သာရီအပေါ် ဆက်ဆံပုံအပေါ် မူတည်လေသည်။သူတို့၏ ဆက်ဆံရေးက ကောင်းမွန်ပုံရလေသည်။သူတို့ကြား၌ ပြဿနာမရှိလေရာ သူ့၏ ကိစ္စရပ်များကိုသာ အာရုံစိုက်ရပေမည်။


သို့သော်လည်း ပုဖန်၏ စိတ်ထဲ၌ သံသယအတွေးများတော့ ရှိနေတုန်းဖြစ်၏။အဆိုများအရ ငရဲဘုရင်က သူ့၏ နေရာမှ ထွက်ခွာ၍ မရဟု ဆိုကြလေရာ ဘာကြောင့် ဒီနေရာတွင် ထွက်ပေါ်လာသနည်း။ငရဲဘုရင် ဒီနေရာတွင် ပေါ်ပေါက်လာရသောအဓိကအကြောင်းပြချက်က မည်သည်နည်း။


သူ့၏ စကားကို ကြားပြီးနောကိ ငရဲ ဘုရင်၏ အမူအရာက လေးနက်သွားသည်။သူ နယ်သာရီကို သေချာစွာ ကြည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။


"နင် ငါ့ကိုပြော...အဲ့ဒီနင်ပြောတဲ့ ခွေးဘုရင်ဆိုတာက ဟိုအကျင့်သိက္ခာမရှိတဲ့ ခွေးငပျင်းလား..."


နယ်သာရီ တောင့်ခဲသွားလေသည်။


"အကျင့်သိက္ခာမရှိသော ခွေးငပျင်း..."


ခွေးဘုရင်က ဝတုတ်ပြီး အနည်းငယ်လည်း ပျင်းရ်ိသည်ဆိုသော်လည်း သူ့၏ အကျင့်တရားက မပျက်မစီးရှိနေသေးသဖြင့် ထိုစကားနှင့် ဆက်စပ်၍ မရပေ။နယ်သညရီက ငရဲဘုရင်ကို အဖတ်လုပ်ရန် ပျင်းလွန်းသွားသောကြောင့် ဝေးသွားပြီ ဖြစ်သော ပုဖန်၏ ပုံရိပ်ကိုသာ လှမ်းကြည့်လိုက်သည်။


သူမ၏ စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်လာမိသောကြောင့် ငရဲဘုရင်၏ အမေးကို မဖြေတော့ပဲ ပုဖန်၏ နောက်သို့ လိုက်ရန် ငရဲကမ္ဘာသင်္ဘောကို ထိန်းချုပ်လိုက်သည်။


ရှုရမိန်းမပ်ျိုနှင့် ကျန်သည့်သူများအားလုံးလည်း ဝမ်းနည်းကြေကွဲရမည့် အခြေအနေမှ လွတ်မြောက်သွားလေသည်။လျှို့ဝှက်နယ်မြေထဲတွင် ငရဲကမ္ဘာအမျိုးသမီး၏ တိုက်ခိုက်မှု စွမ်းရည်ကို သူတို့ မည်သူမှ ဆန့်ကျင်နိုင်လိမ့်မဟုတ်ပေ။


အပြင်ဘက်ကမ္ဘာတွင် ရှုရမိန်းမပျိုက ငရဲကမ္ဘာအမျိုးသမီးနှင့်အတူ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခြင်းမှာ သူမပေါ်တွင် ကျရောက်နေသော က်ျိန်စာကြောင့် ဖြစ်သည်။ထိုငရဲကမ္ဘာအမျိုးသမီးက သူမ၏ တကယ့်စွမ်းအင်၏ ဆယ်ပုံတစ်ပုံမျှကိုပင် မသုံးစွဲနိုင်ပေ။


သို့သော် လျှို့ဝှက်နယ်မြေအတွင်းမှာမူ သူမက စိတ်ဝိညာဉ် ပင်လယ်ထဲမှ ကြီးမြတ်သော ဓားအာဏာရှင်ကဲ့သို့ပင် သန်မာပေသည်။ဝမ်ရန်ချုံက ရွက်လွှင့်သွားသော ငရဲကမ္ဘာသင်္ဘောကို မျက်လုံးများမှေးစင်း၍ ကြည့်လိုက်သည်။


သင်္ဘောပေါ်တွင်ရပ်နေသော ငရဲဘုရင်နှင့် ငရဲကမ္ဘာအမျိုးသမီးတို့ကိုကြည့်၍ သူ့၏ မျက်ဝန်းထဲ၌ နက်ရှိုင်းနေသည့် အလင်းတစ်ချက် လက်သွားသည်။


"ငရဲကမ္ဘာအမျိုးသမီး ပြီးတော့ သူ့ကိုယ်သူ ငရဲဘုရင်လို့ ရည်ညွှန်းတဲ့ လူတစ်ယောက် သူတို့က တကယ်ပဲငရဲကမ္ဘာနဲ့ ဆက်နွယ်နေတာလား..."


အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ရုတ်တရက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး အဓိပ္ပါယ်ပြည့်ဝလှသော အပြုံးတစ်ခုကို ဖော်ဆောင်လိုက်သည်။


"အခန့်သင့်ပဲ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက လူတွေက ငရဲကမ္ဘာနဲ့ ပတ်သတ်သမျှကို ဂရုစိုက်ကြတော့မှာပဲ ...ဒီလိုအရေးကြီးတဲ့ သတင်းအချက်အလက်သာဆိုရင်တော့ သူတို့ လုံးဝ စိတ်ဝင်စားလိမ့်မယ်လို့ ငါယုံကြည်တယ်..."


ဝမ်ရန်ချုံက တဖြေးဖြေးပျောက်ကွယ်သွားပြီ ဖြစ်သော ပုဖန်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ထို့နောက် သူ့၏ မျက်နာပေါ်တွင် ဉာဏ်များလှသော အပြုံးတစ်ခုပေါ်လာပြီး အမှောင်ထုထဲသို့ ဖြေးဖြေးချင်း လျှောက်ဝင်သွားလေ၏။


"နင် ငါ့မေးခွန်းကို အခုထိ မဖြေရသေးဘူး..."


ငရဲကမ္ဘာအမျိုးသမီးက တကယ့်ကို အကြောက်အလန့် ကင်းမဲ့လှသည်ဟု ခံစားမိလေသည်။သူမက သူ့မေးခွန်းကို မဖြေသောကြောင့် မကျေမနပ်ဖြစ်မှုကို ခံစားလိုက်ရသည်။


အရင်အချိန်ကလည်း ထိုငရဲကမ္ဘာအမျိုးသမီးက သူ့ကို လေးစားမှုမရှိဟု ဆိုသော်လည်း အနည်းဆုံးတော့ သူမေးခွန်းမေးရင် ပြန်ဖြေသေးသည်။ယခုမူ သူမက သူ့ကို ဘယ်လို မျက်လုံးလှန်ပြရမည်ကိုပင် သိနေပေသည်။


မည်သို့ပင်ဆိုစေ သူကငရဲဘုရင်ပင်ဖြစ်သည်။ငရဲကမ္ဘာတစ်ခုလုံးတွင် သူမတူအောင် ပြိုင်ဘက်ကင်းလှသော ငရဲဘုရင်ဖြစ်သည်။


"နင်ကတော့လေ အဲ့ဒီ ခွေးငပျင်းကြောင့် လမ်းအမှားကြီးကို လျှောက်သွားမိပြီ...နင်ပိုပြီးတော့ ဆိုးသွမ်းလာတယ်..."


ငရဲဘုရင်က သေချာမှု အပြည့်ဖြင့် ပြောလိုက်သည်။နယ်သာရီက မျက်လုံးသာလှန်လိုက်မိသည်။သူ ဓာတ်ပြားဟောင်းကြီးကဲ့သို့ တတွတ်တွတ်ဆိုနေသော ငရဲဘုရင်ကို လျစ်လျူရှူထားလိုက်၏မကြာခင်မှာပင် သူတို့ ပုဖန်နှင့် ဝှိုက်တီ၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။


လေပြင်းများနှင့်အတူ ငရဲကမ္ဘာသင်္ဘောက ဆင်းသက်လာသည်။ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံပင် တဖျတ်ဖျတ် လွင့်ခါနေ၏။သူခေါင်းမော့ကြည့်လိုက်သောကြောင့် ဆံပင်များလည်း ရှုပ်ပွနေလေသည်။


သေးသွယ်လှသော နယ်သာရီ၏ ပုံရိပ်လေးက ငရဲ ကမ္ဘာသင်္ဘောပေါ်မှ ခုန်ဆင်းလာပြီး ပုဖန်၏ ဘေးနားသို့ ရောက်လာသည်။ပုဖန် ကြောင်အသွားပြီးနယ်သာရီကို စူးစမ်းမှုအပြည့်ဖြင့် ကြည့်လိုက်သည်။


"ဘာလဲ..."


တဖျတ်ဖျတ်လွင့်ခါနေသောဆံနွယ်ရှည်များနှင့် ဝတ်ရုံကြောင့် သူမ၏ သေးသွယ်လှသော ခန္ဓာကိုယ်လေးက ပို၍ ထင်ရှားနေကာ ပို၍လှပနေလေသည်။သူ့၏ မျက်ဝန်းနက်နက်လေးများက ပုဖန်ကို စူးစိုက်ကြည့်နေသည်။


ငရဲဘုရင်က သင်္ဘောဘောင်ကိုမှီ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။၌လည်း စူးစမ်းမှုအပြည့်ဖြင့် ကြည့်နေသည်။


"ဒီအခြေအနေက ရိုမန့်တစ်ဆန်တာလေးတွေ ဖြစ်တော့မယ်မဟုတ်လား...ငရဲ ကမ္ဘာအမျိုးသမီးတော့ ထိုခွေးငပျင်းကြောင့် တကယ့်ကို လမ်းလွှဲသွားပြီ...ငရဲဘုရင် တစ်ယောက်အနေနဲ့ သူဟန့်တားသင့်တယ်မဟုတ်လား...ဒါပေမယ့်လည်း ဘာကြောင့် အဲ့ဒီအခြေအနေကို မျှော်လင့်စောင့်စားမိသလိုမျိုးခံစားမိနေရတာလဲ..."


နယ်သာရီ၏ မျက်တောင်လေးများက လှုပ်ခတ်သွားသည်။သူမ၏ နူးညံ့သွယ်လှသော ခြေဗလာက ပုဖန်၏ ဘေးနား မြင်ပြင်ပေါ်သို့ ထိတွေ့လိုက်သည်။ထို့နောက် နှင်းဆီရောင် နှုတ်ခမ်းပါးလေးက အသာအယာစကာဆိုလိုက်သည်။


"ပုဖန် ဗိုက်ဆာပြီ..."


အိုး...


ပုဖန် နားလည်မှု အပြည့်ဖြင့် ခေါင်းညိတ်ပြီးအေးဆေးစွာ ပြောလိုက်သည်။


"ငါပြန်လာပြီး နဂါးသွေးထမင်းကြော် ချက်ပြုတ်ပေးမှာကို စောင့်နေလိုက်..."


ပြောပြီးသည်နှင့် သူ့၏ ဦးတည်ရာကို ဆက်လျှောက်ရန် ပြင်လိုက်သည်။


"ငါအခုစားချင်တယ်..."


နယ်သာရီ၏ပုံရိပ်က ပုဖန်၏ လမ်းကြောင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ ပိတ်ဆို့ထားလေသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


"နင် တိမ်ခိုးစားသောက်ဆိုင်ကနေပြီး ဒီ လျှို့ဝှက်နယ်ပယ်ထဲထ်ိ အပြေးလာခဲ့ရတာ ငါ့ကို ထမင်းကြော်ကြော် ခိုင်းဖို့လဲ..."


နယ်သာရီက အလေးအနက်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ပုဖန် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိလေသည်။


"ဒီအစားသရဲ အမျိုးသမီးကတော့..."


ရုတ်တရက် ပုဖန် တစ်စုံတစ်ခုကို တွေးမိသွားပြီး နယ်သာရီကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။


"နင် အစပ်ချောင်းတွေကို တကယ်ပဲ ရောင်းလိုက်တာဟုတ်ရဲ့လား..."


နယ်သာရီ၏ ခန္ဓာကိုယ်တောင့်ခဲသွားပြီးနောက် တည်ငြိမ်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။အလွန်ပင် တည်ကြည်လေးနက်ပြီး ယုံကြည်မှုရှိနေသော အသွင်အပြင်ကြောင့် ပုဖန်၏ နှလုံးသားထဲမှ သံသယများ ပြန်လည် ငြိမ်ကျသွားသည်။


"ကောင်းပြီလေ အဲ့ဒီလိုဆိုရင်လည်း...အရင်ဆုံး ငါနောက်ကို လ်ိုက်ခဲ့လိုက် ငါ အစစ်အမှန် နဂါးသစ်သီးကို ရှာပြီးသွားတဲ့အခါကျရင် နင့်အတွက် နဂါးသွေးထမင်းကြော် ကြော်ပေးမယ်..."


နယ်သာရီ၏ ခေါင်းကို ခပ်ဖွဖွ အသာပုတ်လိုက်ရင်းပြောလိုက်သည်။သူ့၏ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အစပ်ချောင်းတစ်ခု ပေါ်လာလေသည်။သင်းပျံ့လှသော အစပ်ရနံ့များက လေထုထဲ ပြည့်နှက်သွားလေသည်။


"နင် ဗိုက်ဆာနေတယ်ဆိုရင် ဒါကို အဆာပြေစားထားနှင့်..."


နယ်သာရီက ပုဖန်လက်ထဲမှ အစပ်ချောင်းကို တွေဝေစွာဖြင့်ပင် လှမ်းယူလိုက်သည်။အစပ်ချောင်းကိုကြည့်ရင်း သူမ၏ မျက်နာအမူအရာက မဲမှောင်လာပေသည်။


"ဒီအစပ်ချောင်းပဲလား..."


သူမက ထိုအရာကို ပြည့်အင့်သည်အထိ စားပြီးသွားပေပြီ ယခုသူမ နဂါးသွေးထမင်းကြော်၏ အရသာကို တကယ့်ကို လွမ်းဆွတ်နေပေပြီ။


"အဲ့ဒါဘာလဲ..."


ငရဲဘုရင်က မသိလိုက်ခင်မှာပင် သူတို့ နားသို့ ရောက်လာလေသည်။သူလက်နှစ်ဖက်ကိုနောက်ပစ်၍ နယ်သာရီ၏ လက်ထဲမှ အစပ်ချောင်းကို စူးစိုက်ကြည့်နေသည်။


"ဒါ ပုဖန်ရဲ့ ဟင်းပွဲ အစပ်ချောင်း..."


နယ်သာရီက တစ်ချက်လှမ်းကြည့်၍ ပြန်ဖြေလိုက်သည်။


"ဘာလုပ်တဲ့ဟာလဲ စားလို့ရလား အနံ့ကတော့ ပူစပ်စပ် အနံ့ပဲ..."


သူမ၏ မျက်ဝန်းများက တောက်ပသွားသည်။နယ်သာရီ ငရဲဘုရင်၏ အမူအရာကို ကြည့်ပြီးနောက် သူ့လက်ထဲမှ အစပ်ချောင်းကို ထိုးပေလိုက်သည်။


"ရှင်စားလိုက်..."


ငရဲဘုရင်၏ မျက်နာပေါ်တွင်နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာလေသည်။


"မဆိုးဘူး...ဒီငရဲ ကမ္ဘာအမျိုးသမီးက သူ့ကို ဘယ်လို လေးစားမှုပြုရမလဲဆိုတာ သိသေးသားပဲ..."


ငရဲကမ္ဘာအမျိုးသမီးက ခွေးငပျင်း၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်ဆ်ိုသော်လည်း သူတွေးထားသလောက် မဆိုးသေပေ။ငရဲဘုရင် လက်ထဲ အစပ်ချောင်းထည့်ပြီသည်နှင့် နယ်သာရီက မျက်လုံးဝိုင်းလေးများဖြင့် ပုဖန်နောက်သို့ ထပ်ကြပ်မကွာလိုက်သွားလေသည်။


ငရဲဘုရင်၏ မျက်နာပေါ်မှ အပြုံးက တဖြေးဖြေးချင်းပျောက်ကွယ်သွားသည်။သူနှာခေါင်းရှုံ့ပွ ရှုံ့ပွလုပ်၍ ထိုအစပ်ချောင်းကို သေသေချာချာအနံ့ခံလိုက်သည်။


ပြင်းထန်လှသော အစပ်ရနံ့က သူ့နှာခေါင်းထဲ တိုးဝင်သွားပြီး ခန္ဓာကိုယ်ရှိ အကြောအချဉ်များအားလုံး ပွင့်ထွက်သွားလေသည်။သူ့လက်ထဲမှ အရာက သိပ်သည်းလှသော စွမ်းအင်များ စီးဆင်းထွက်ပေါ်နေသလိုပင် ထင်ရသည်။


"ဒါက တကယ့်ကို အသူတရာအနံ့ပဲ...အရမ်းမပြင်းထန်ဘူးဆိုပေမယ့်လည်း သေချာတယ်...နဂါးမြို့ဟောင်းတိုက်ကြီးထဲမှာတောင် အသူတရာရဲ့ အငွေ့အသက်ကို ခံစားနိုင်တယ်...ကျွတ်ကျွတ် အဲ့ဒီစားဖိုမှူးက ဘယ်နေရာကများလဲ..."


ငရဲဘုရင် ခဏမျှ အတွေးနက်နေမိသည်။နောက်ဆုံး၌ သူ ပါးစပ်ဖွင့်ဟ၍ ထိုအစပ်ချောင်းကို ဂျွတ်ခနဲမြည်အောင် ကိုက်ချလိုက်သည်။သို့သော်လည်း တကယ်တမ်းတွင် သူက လုံးဝ ကျိုးကြေသွားအောင် ကိုက်ချလိုက်ခြငိးမဟုတ်ပဲ တဖြေးဖြေးချင်း ဆွဲ၍ စုပ်လိုက်သည်။ငရဲဘုရင်၏ အမူအရာက ပြောင်းလဲသွားလေသည်။


"အရသာရှ်ိတယ် တကယ်ကိုပဲ အစပ်နဲ့ ချိုမြမှုက ပေါင်းစပ်နေတယ် ဒီခံစားမှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး...သင်းပျံ့တဲ့ရနံ့က နှာခေါင်းထဲ တိုးဝင်နေတဲ့အခ်ျိန်မှာ ပူစပ်တဲ့ အရသာကလည်း နက်နက်ရှိုင်းရှိုင်း ခံစားချက်မျိုးကို ပေးစွမ်းတယ်...ဒါက နဂါးမြို့ဟောင်စတိုက်ကြီးရဲ့ စားကောင်းသောက်ဖွယ်တစ်မျိုးလား..."


ငရဲဘုရင် အံ့အားသင့်နေမိသည်။သူပထမဦးဆုံး အနေဖြင့် ထ်ိုကဲ့သ်ို့ ထူးဆန်းလှသော အရာကို စားဖူးခြင်းဖြစ်သည်။အလွန်ပင် ဆန်းကြယ်လွန်းသောအရသာက သူ့၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားပေသည်။


ထို့အပြင် အသူတရာငရုတ်၏ အရသာက သူ့ကို မမေ့နိုင်အောင် ဆွဲဆောင်နေပေတော့မည်။ ထို့နောက် ကျွတ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြန်သည်။သူက ဒီတစ်ကြိမ်တွင် မရပ်တော့ပဲ ကိုက်ဝါးလိုက်၏။ထို့နောက် သူ့၏ မျက်ဝန်းများ မှေးကျင်းလိုက်သည်။


ကျန်းလင် မြေပြင်ပေါ်သို့ အလောတကြီးဆင်းသက်လိုက်သည်။ခပ်လှမ်းလှမ်းတွင် သူနှင့် ရင်းနီးနေသော ပုံရိပ်ကို မြင်လိုက်ရသောကြောင့် သူ့၏ မျက်ဝန်းများ တောက်ပသွားသည်။


"နောက်ဆုံးတော့ ငါ အရှင်သခင်ကို ရှာတွေ့ပြီ..."


ကျန်းလင်က အလွန် စိတ်လှုပ်ရှားနေသည်။သူမ၏ ဆရာပြောခဲ့သည်မှာထိုအရှင်သခင် ထွက်လာလျှင် သူမက ကျောက်စိမ်းပြားကို သူ့ကို ပေးလိုက်ရပေမည်။


ထိုသို့ဆိုလျှင် သူမက ကြီးမားသည့် အခွင့်အရေးတစ်ခုကို ရရှိပေလိမ့်မည်။တခြားတစ်ဘက်တွင်လည်း သူမ ဆရာ၏အလိုဆန္ဒကလည်းပြီးမြောက်ပေလိမ့်မည်။


သို့သော်လည်းထိုအရှင်သခင်က ပေါ်လာသည်နှင့် တစ်ပြိုင်နက် စကားတစ်ခွန်းပင် ပြည့်စုံအောင် မပြောလိုက်ရပဲ ပျောက်ကွယ်သွားမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ထို့ကြောင့် ကျောက်စိမ်းပြားကို ပေးလိုက်ရန် အခွင့်အရေးမရှိပေ။သို့သော်လည်း ကျန်းလင်က လွယ်လွယ်နှင့် အလျှော့ပေးတက်သူမဟုတ်ပေ။


သူမ နေရာအနှံ့ လိုက်ရှာခဲ့ပြီးနောက် နောက်ဆုံး ကြီးမြတ်သော အရှင်သခင်ကို တွေ့ရပေပြီ။ယခုအချိန်၌ ထိုအရှင်သခင်၏ ပုံရိပ်က အနည်းငယ်ထူးဆန်းနေပေသည်။


အနားနီးအောင် လျှောက်သွားလိုက်ပြီးနောက် သူမတူအောင် ချောမောလှသော အရှင်သခင်၏ မျက်နာကို မြင် လိုက်ရသည်။သူ့၏ မျက်ဝန်းများကို မှေးကျင်းထားပုံမှာတစ်စုံတစ်ရာ ခံစားနေပုံပေါ်လေသည်။


သူ့၏ လက်ထဲတွင်လည်း သူမနှင့် ရင်းနီးနေသောစားစရာတစ်ခုကို ကိုင်ထားပြီး အဆက်မပြတ်ဝါးစားနေလေသည်။ဒီအမူအရာက နည်းနည်းတော့ 


"ကြီးမြတ်သောအရှင်သခင် ဘာလုပ်နေတာပါလဲ..."


ကျန်းလင်မေးလိုက်သည်။ငရဲဘုရင်က အပိုင်းသေးသေးသာကျန်တော့သော အစပ်ချောင်းကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် လျက်လိုက်သည်။


ထို့နောက် သူ့၏ မျက်နာက ကျေနပ်မှုအပြည့်ဖြင့် တောက်ပနေလေသည်။ကျန်းလင် ကျောရိုးတစ်လျှောက်အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။


"ဒီအရှင်သခင်ဆိုတာက တကယ်တမ်း ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့လူလား...ပြီးတော့ အဲ့ဒီအရာကလည်း ပုဖန် ရဲ့ အစပ်ချောင်းမဟုတ်ဘူးလား..."


သူမ ထိုအစပ်ချောင်းကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်လေရာ သေသေချာချာမှတ်မိနေပေသည်။နောက်ဆုံး၌ ငရဲဘုရင်က အစပ်ချောင်းစားသောက်၍ ပြီးစီးသွားလေပြီ။သူ့၏ နှုတ်ခမ်းများက ထူအန်းနေပြီး မျက်နာတစ်ပြင်လုံး ရဲရဲနီနေပေသည်။


နောက်ဆုံး၌ သူကျန်းလင်ကို သတိပြုမိသွားပုံပေါ်လေသည်။သူ့၏ ထူအန်းအန်းဖြစ်နေသော နှုတ်ခမ်းပါးများကို လှုပ်ရှားလိုက်သည်။


"အိုး အဲ့ဒီတော့...မင်းပဲ ငါ့ကို ဆင့်ခေါ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်..."


ကျန်းလင်၏ မျက်နာတွင် ချွေးများသီးနေပေပြီ သူမက ကျောက်စိမ်းပြားကို အလျင်အမြန်ဆွဲထုတ်လိုက်ပြီး ငရဲဘုရင်ဆီသို့ ကမ်းလိုက်သည်။


"ကြီးမြတ်သော အရှင်သခင် ဒါက ကျွန်မရဲ့ဆရာက အရှင့်ကို ပေးခိုင်းလိုက်တာပါ..."


ကျောက်စိမ်းပြားကို မြင်လိုက်ပြီးနောက် ငရဲဘုရင်၏ အမူအရာက အေးခဲသွားသည်။ထို့နောက် ခဏအကြာ၌ သူ အသာဖွဖွ ပြုံးလိုက်သည်။


"တကယ်တမ်းတော့ အဲ့ဒီလူရဲ့ ဆက်ခံသူပေါ့...ကောင်းပြီလေ...ငါ့ရဲ့ ကတ်ိကို ငါထိန်းသိမ်းရမှာပေါ့...အရင်ဆုံး ငါနောက်ကိုလိုက်ခဲ့ ငါအရေးကြီးတာ တစ်ခုလုပ်ဖို့ ရှိနေသေးတယ်..."


ငရဲဘုရင်၏ ကတိစကားကို ကြားပြီးနောက်ကျန်းလင် သူမ၏ နှလုံးသားပင် ခုန်ထွက်တော့မတက် စိတ်လှုပ်ရှားသွားလေသည်။


"ကြီးမြတ်သော အရှင်သခင်က အရေးကြီးတာ လုပ်ဖို့ရှိနေတယ် ပြီးတော့ သူက သူမကို အတူတူခေါ်သွားမယ်တဲ့ ဘယ်လောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ..."


ငရဲဘုရင်က အပြုံးတစ်ချက်နှင့်အတူ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့နှစ်ယောက်၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။ကျန်းလင် ပုဖန်၏ ဘေးတွင် ခပ်ပြုံးပြုံးနှင့် ရပ်နေသော ငရဲဘုရင်ကို စွံ့အစွာကြည့်နေမိသည်။


"အရှင်သခင် ပြောတဲ့ အရေးကြီးတဲ့အရာဆိုတာဒါလား...အားလုံးက ဒီအစပ်ချောင်းတစ်ချောင်းစားဖို့အတွက်လား...ဆရာရေ ဆရာရှာချင်နေတဲ့ အရှင်သခင်က ဒီလူကောဟုတ်ရဲ့လား...ကြည့်ရတာ နည်းနည်းတော့ မူမမှန်သလိုပဲ..."'


ကျန်းလင်၏ ခံစားချက်များက ရှုပ်ထွေးနေပေသည်။ပုဖန်က မျက်နာသေဖြင့်ပင် သူ့ကို ပြုံးကြည့်နေသော ငရဲဘုရင်ကို ပြန်ကြည့်လိုက်သည်။ငရဲဘုရင်၏ နှုတ်ခမ်းများက နည်းနည်းထူအန်းနေပြီး သူ့၏ မျက်ဝန်းများကလည်း တောက်ပနေသည်။


နယ်သာရီဘက်သို့ လှည့်ကြည့်လိုက်သည်။ထိုနယ်သာရီက အစပ်ချောင်းကို ငရဲဘုရင်စားဖို့ ပေးလိုက်ပေသည်။


"အိုး...နယ်သာရီက သူမရဲ့ အစားအစာကို တကယ်ပဲ တခြားသူကို ပေးလိုက်တယ် ...ဘုရားရေ မယုံနိုင်စရာပဲ..."


"ညီငယ်လေး...မင်းမှာ ထူးခြားဆန်းကြယ်တဲ့ ဟင်းပွဲရှိသေးလား...ဒီဘုရင်ကို တစ်ခုလောက်ထပ်ပေးနိုင်မလား..."


"နောက်ထပ် အစပ်ချောင်းတစ်ချောင်းလား..."


ပုဖန် သူ့မေးကို ပွတ်သပ်ရင်း ငရဲဘုရင်ကိုကြည့်၍ ပြောလိုက်သည်။


"နောက်ထပ်အစပ်ချောင်းလား ဒါပေါ့ရှိတာပေါ့...တစ်ချောင်းကို သလင်းကျောက် တစ်သောင်း...ငါတို့ရဲ့ စားသောက်ဆိုင်က အသက်ကြီးကြီးငယ်ငယ်ဘယ်သူကိုမဆ်ို မျှမျှတတပဲ ဆက်ဆံတယ်..."


ငရဲဘုရင်၏ မျက်နာက ရှုံ့မဲ့သွားသည်။နယ်သာရီပင်မျက်တောင်ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်မိသည်။ငရဲဘုရင်၏ အပြုံကပို၍ နက်ရှိုင်းလာသည်။


"ဘယ်လောက်တောင် ဆိုးသွမ်းလိုက်သလဲ ဒီလောက်တန်ဖိုးရှိတဲ့ စားကောင်းသောက်ဖွယ်ကို ဘယ်လိုလုပ်များ သလင်းကျောက်တွေနဲ့ တန်ဖ်ိုးဖြတ်နိုင်ရတာလဲ...ငါတို့က အဲ့ဒါကို ရိုးသားစစ်မှန်မှု အပြည့်အဝ ပြသရမယ်လေ...သလင်းကျောက်အကြောင်းပြောလိုက်တာက အရသာရှိတဲ့ ဟင်းပွဲကို အရှက်ခွဲလိုက်သလိုပဲ..."


ပုဖန်က ထိုသူကို အမူအရာမဲ့စွာဖြင့်ပင် စိုက်ကြည့်နေလိုက်သည်။


"ကျေးဇူးပြုပြီး လူစကားပဲ ပြောပေးလို့ရမလား..."


ငရဲဘုရင်၏ နှုတ်ခမ်းများရှုံ့တွသွားသည်။သူ တံတွေးတစ်လုတ်မျိုချလိုက်ပြီးနောက် နယ်သာရီဘက်သို့ လှည့်ကြည့်လိုက်သည်။


"ကောင်မလေး ဒီဘုရင်ကို သလင်းကျောက်နည်းနည်းလောက်ချေးထားပါလား...ငါ မြန်မြန်ထွက်လာခဲ့ရတာနဲ့ သလင်းကျောက်တွေ မယူခဲ့ရဘူး..."