အခန်း ၅၈၉
ဒီငရဲဘုရင်ရဲ့ အကူညီအတွက်အတွက် အစပ်ချောင်းတချောင်းပဲ လိုတယ်...
နဂါးမြို့ဟောင်းတိုက်ကြီးနှင့်ငရဲကမ္ဘာတွင် သုံးစွဲသည့် ငွေကြေးများက မတူညီကြပေ။နှစ်ခုက မတူညီသည့် ဇုန်များဖြစ်ကြပြီး ယဉ်ကျေးမှုအလေ့အထများကလည်း ကွဲပြားကြသည်။
နဂါးမြို့ဟောင်းတိုက်ကြီးတွင် သလင်းကျောက်များကို ငွေကြေးအဖြစ် သုံးစွဲကြသော်လည်း ငရဲကမ္ဘာသို့ ဝင်ရောက်လိုက်သည်နှင့် ထိုအရာက အသုံးမဝင်တော့ပေ။ငရဲဘုရင်ကိုယ်တိုင်ကလည်းသူ နဂါးမြို့ဟောင်းတိုက်ကြီးဆီသို့ လာသည့်အခါတွင် သလင်းကျောက်များကို သုံးစွဲရန် လိုအပ်လာဦးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လေထုက ကို့ယို့ကားယားဖြစ်နေလေသည်။ငရဲဘုရင်က နှုတ်ခမ်းဆူ၍ နယ်သာရီကို ကြည့်နေသည်။သူက အကြည့်ဖြင့် သူမကို ဆွဲဆောင်ချင်ပုံရလေသည်။သို့သော်လည်း ကံမကောင်းလှစွာဖြင့်ပင် အချိန်ခဏအကြာ၌ သူစိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။မျက်ရည်များအိုင်နေသလို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေသည့်တိုင်အောင် နယ်သာရီ၏ မျက်နာပေါ်တွင် မည်သည့်ခံစားချက်မှ ပေါ်မလာပဲ ရေခဲတမျှအေးစက်နေတုန်းဖြစ်သည်။စကားပြောတက်သော သစ်သားတုံးကြီးကို ကြည့်နေရသကဲ့သို့ပင် ခံစားလိုက်ရသည်။
"ဘာသလင်းကျောက်လဲ...ရှင်အဲ့ဒါကို စားမလို့လား..."
နယ်သာရီပြောလိုက်သည်။ငရဲ ဘုရင်၏ နှုတ်ခမ်းများရှုံ့မဲ့သွားသည်။သူအနည်းငယ်မပျော်မရွှင်ဖြင့် ပုဖန်ကို ကြည့်လိုက်သည်။
"မင်းက အရမ်းဆိုးသွမ်းတာပဲ...ဒီကောင်မလေးကကျတော့ သလင်းကျောက်တွေ မပေးပဲ စားလို့ရပြီး ငါကျတော့ ဘာလို့ ပေးဖို့ လိုတာလဲ ဘာလဲ ငါကမင်းထက် အများကြီး ချောမောနေလို့လား..."
မလှမ်းမကမ်းတွင်ရှိနေသော ကျန်းလင် ရှုံ့မဲ့သွားလေသည်။ဒီကြီးမြတ်သော အရှင်သခင်က သူမ၏ ဆရာရှာဖွေနေသောသူ မဟုတ်ပါလေစ။
"ဒီလို အရှက်မဲ့တဲ့ လူမျိုး ဟုတ်ပါ့မလား..."
ပုဖန်နှင့် နယ်သာရီတ်ို့နှစ်ယောက်စလုံးက ခံစားချက်မဲ့လှသော မျက်နာသေများနှင့် ဖြစ်သည်။သို့သော် အနည်းဆုံးတော့ ပုဖန်၏ အကြည့်များက အသက်ဝင်လေသည်။သစ်သားတုံးက်ို ကြည့်နေရသည်နှင့် မတူပေ။
"အစပ်ချောင်းတစ်ခုကို သလင်းကျောက် တစ်သောင်းခွဲ..."
ပုဖန်က သူ့၏ လက်ချောင်းလေးများကို မြှောက်လိုက်ပြီး ငရဲဘုရင်ကို မြှောက်လိုက်သည်။ငရဲဘုရင် လေအေးတစ်ချက်ရှိုက်လိုက်မိသည်။ထိုကောင်လေးက နေရာမှပင် မရွှေ့ပဲ စျေးမြင့်ရဲလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ကမ္ဘာကြီးပေါ်တွင် ထိုကဲ့သို့ အဆင့်မြင့်လှသော သူမျိုး မည်ကဲ့သို့ ထွက်ပေါ်လာသနည်း။
"မင်းက တကယ့်ကိုပဲ ငါ့ရဲ့ ချောမောခန့်ညားမှုကို မနာလိုဖြစ်နေတာပဲ..."
ငရဲဘုရင် ထပ်ပြောလိုက်သည်။
"တစ်ခုကို သလင်းကျောက် နှစ်သောင်း..."
ပုဖန် လက်ညှိုးထောင်၍ ထပ်ပြောလိုက်သည်။ငရဲဘုရင် နှလုံးသားလေးများပင် တုန်ယင်လာမိသည်။သူ နယ်သာရီကို ကြည့်လိုက်သည်။ထို့နောက် ပုဖန်၏ မျက်နာကို မျှော်လင့်ချက်မဲ့စွာဖြင့် ထပ်ကြည့်လိုက်သည်။
"ဒီလို ချောမောခန့်ညားတဲ့သူမျိုးကို ဘယ်လိုလုပ်ပြီး ဒီလို ဆက်ဆံနိုင်တာလဲ...ဒီလို ပုံစံမျိုးနဲ့ မင်းဘယ်တော့မှ အချစ်စစ်ကို ရှာတွေ့မှာမဟုတ်တော့ဘူး..."
ငရဲဘုရင်က ကြေကွဲစွာဖြင့် ပြောလိုက်သည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး နောက်တစ်ခေါက် လက်ညှိုးထောင်ရန် ပြင်လိုက်သည်။မလှမ်းမကမ်းတွင်ရပ်နေသော ကျန်းလင်က ထိုမြင်ကွင်းကို ဆက်၍ မကြည့်နိုင်တော့ပေ။
"ကြီးမြတ်သော အရှင်သခင် ကျွန်မမှာ သလင်းကျောက်တွေရှိပါတယ်...ကျွန်မရှင့်ကို ချေးပေးထားနိုင်ပါတယ်..."
ငရဲဘုရင်၏ မျက်ဝန်းများ တောက်ပသွားပြီး ကျန်းလင်ကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီလှပတဲ့ ကောင်မလးက ဘယ်လိုမျိုး ကျေးဇူးပြုရမယ်ဆိုတာကို တကယ်သိတာပဲ...မင်းရဲ့ အနာဂတ်ကတော့ ကောင်းမွန်မှုတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပဲ..."
ငရဲဘုရင်က ညှင်သာစွာပြုံး၍ ပြောလိုက်သည်။
"ကြီးမြတ်သောအရှင်သခင် ကျွန်မက ဒီသလင်းကျောက်ကို ချေးယုံပဲ ချေးတာနော်...သေချာပေါက် ပြန်ပေးဖို့ သတိရရမယ်..."
ကျန်းလင်က ထိုအရှက်မဲ့လှသော သူကို သတိပေးသင့်သည်ဟု ခံစားမိရသည်။ဒီလိုမှမဟုတ်လျှင် သူမ၏ သလင်းကျောက် နှစ်သောင်းက တာ့တာပြသွားပြီး ပလုံပလုံဖြစ်သွားပေလိမ့်မည်။ထိုအချိန်ရောက်လျှင် သူမ အိမ်သာထဲဝင်၍ ငိုကြွေးရုံသာ တက်နိုင်ပေလိမ့်မည်။
ငရဲဘုရင်က သူ့၏ ရင်ဘတ်ကို ကျယ်လောင်စွာ ပုတ်လိုက်ပြီး ထိုသလင်းကျောက်များ ပြန်ပေးမည်ဖြစ်ကြောင်း အာမခံလိုက်သည်။
ပုဖန်က သလင်းကျောက် နှစ်သောင်းကို လက်ခံယူလိုက်ပြီးနောက် ငတုံးတစ်ကောင်ကို ကြည့်သလိုမျိုး ငရဲဘုရင်ကို ကြည့်လိုက်သည်။ထို့နောက် အစပ်ရနံ့များ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်နေသည့် အစပ်ချောင်းတစ်ချောင်းကို ထုတ်ယူ၍ ကမ်းပေးလိုက်သည်။
ငရဲဘုရင်က ပျော်ရွှင်စွာဖြင့် ယူလိုက်ပြီးနောက် လတ်ဆတ်လှသော သိပ်သည်းသည့် အစပ်ရနံ့များကို အားပါးတရ ရှုရှိုက်လိုက်သည်။သူ့၏ မျက်နာပေါ်မှ ယစ်မူးပျော်ရွှင်ဟန် အထင်းသားပေါ်လွင်နေသည်။ထို့နောက် အားလုံး၏ အကြည့်များအောက်မှာပင် အစပ်ချောင်းကို ပါးစပ်ထဲထည့်၍ စုပ်လိုက်သည်။အံ့အားသင့်သွားမိသည်။
"အစပ်ချောင်းကို အဲ့ဒီလိုစားနေတယ်လား...ဒီလူက ဘယ်လိုဖြစ်လို့ ပေါသလို ကြောင်သလို လုပ်နေရတာလဲ..."
"မဆ်ိုးဘူး...ဒီအရသာက တကယ်ကို မဆိုးဘူး...ဒါက အရမ်းပဲ တော်ဝင်ဆန်လွန်းတယ်...အသူတရာ ငရုတ်အနံ့နဲ့ မွှေးရနံ့တွေက လုံးဝ ပြည့်ပြည့်စုံစုံ ရောနှောနေတယ်...မြိုချလိုက်တဲ့အခါမှာ ပြန်ဆန်တက်လာတဲ့ ခံစားချက်က ဒီဘုရင်ရဲ့ ငယ်ဘဝ အတွေ့အကြုံတွေကိုတောင် သတိရသွားစေတယ်..."
ငရဲဘုရင်က မျက်ဝန်းများမှေးစင်း၍ ယစ်မူးပျော်ဝင်နေသော အမူအရာဖြင့် အစပ်ချောင်းကို စုပ်နေလေသည်။ငရဲဘုရင်ကို ပြောစရာစကားမဲ့စွာဖြင့်သာ တစ်ချက်ကြည့်လိုက်ပြီးသူ ဆက်လက်သွားရန် ပြင်လိုက်သည်။စနစ်ပေးအပ်ထားသော တာဝန်ကို လုပ်ဆောင်ရပေဦးမည်။
ထို့အပြင် အစစ်အမှန် နဂါးသစ်သီးကို ရှာဖွေပြီးသည့်နောက်မှာလည်း သူ ဟင်းပွဲကို အဆင့်မြင့်တင်ရန် လိုအပ်နေသေးသည်။ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ချက်ပြုတ်ရမည်က အခက်အခဲကလည်း မသေးကွေးပေ။
အကယ်၍ သူက သူ့၏ စွမ်းအင်များကို ပို၍ မြင့်မြင့် မြှင့်တင်ချင်လျှင် စနစ်ပေးအပ်သော တာဝန်များကို ပြီးမြောက်ရပေမည်။
"ငါက အစစ်အမှန် နဂါးသစ်သီးလို့ခေါ်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးကို ရှာဖို့လိုအပ်နေတယ်...တကယ်လို့ မင်းတို့ ငါ့နောက်ကို လိုက်ခဲ့ချင်တယ်ဆိုရင်တော့... အတူတူသွားကြစို့..."
ပုဖန်က ထိုသို့ ပြောပြီးသည်နှင့် အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ဝှိုက်တီကလည်း သူ့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။နယ်သာရီ၏ ရှည်လျားလှသော မျက်တောင်လေးများက တဖျတ်ဖျတ် လှုပ်ခါသွားပြီးနောက် ပုဖန်နောက်သို့သာ လိုက်သွားလိုက်သည်။
ငရဲဘုရင်က နယ်သာရီ၏ ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ သူ့၏ အစပ်ချောင်းကို စုပ်လျက်ဖြင့် အနောက်က လိုက်ပါသွားလေသည်။ကျန်းလင်ကလည်း သူမ၏ သလင်းကျောက်နှစ်သောင်းကို ချေးထားခဲ့သောကြောင့် ငရဲဘုရင်နောက်သို့သာ ထပ်ကြပ်မကွာလိုက်ပါသွားသည်။
လူတစ်စုက ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေအတွင်းသို့ တဖြေးဖြေးချင်းဝင်ရောက်သွားလေသည်။ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေက အလွန်ပင် ကြီးမားကျယ်ပြန့်လှသည်။ပတ်ပတ်လည်၌လည်း မြင့်မားလှသော တောင်များဖြင့် ဝန်းရံနေသည်။ထို့ကြောင့် အစစ်အမှန် နဂါးသစ်သီးကို ရှာဖွေရန်က အနည်းငယ်တော့ ခက်ခဲပေလိမ့်မည်။
သူတို့ အချိန်အတော်ကြာ လျှောက်လာပြီးသည့်နောက် နေအပုရှိန်က မြင့်တက်လာပြီး ပူလောင်မှုကို ခံစားလိုက်ရသည်။၎င်းက သူတို့၏ လျှာများနှင့် လည်ချောင်းများကို ခြောက်သွေ့သွားစေသည်။
ငရဲဘုရင်က သူ့၏ အစပ်ချောင်းကို စုပ်နေရာမှ လက်သည်းခွံတစ်ခုစာလောက် ကိုက်လိုက်ပြီး ဝါးစားလိုက်သည်။ထို့နောက် ပုဖန်ကို စူးစမ်းစွာဖြင့် ကြည့်လိုက်သည်။
"ကောင်ငယ်လေး...မင်းက ကောင်းကင်ရတနာကို ရှာဖွေချင်တယ်ဆိုရင် နယ်သာရီဆီက အကူအညီယူပါလား...လျှို့ဝှက်နယ်မြေထဲက ကောင်းကင်ရတနာတွေရဲ့ အကြောင်းကို သူမသိပဲ မနေပါဘူး..."
ပုဖန် အနည်းငယ် တောင့်တင်းသွားသည်။နယ်သာရီတွင် စားသောက်သည်မှ လွဲ၍ ထိုကဲ့သို့ ထူးခြားသည့် စွမ်းအင်မျိုးရှိနေလိုက်မည်ဟု မမျှော်လင့်ထားမိပေ။နယ်သာရီက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။
"လျှို့ဝှက်နယ်မြေထဲက ရတနာတွေ ရှာတဲ့နေရာမှာ ငါက နံပါတ်၂ ပြောလိုက်မယ်ဆိုရင် ဘယ်သူမှ နံပါတ်၁ လို့ထပ်ပြောရဲမှာမဟုတ်ဘူး..."
ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း နင်ဘာလို့ အစောထဲက မပြောတာလဲ..."
ပုဖန် မျက်လုံးလှန်ပြလိုက်မိ၏။
"နင်မမေးဘူးလေ..."
နယ်သာရီကလည်း အသာအယာပင် ပြန်တုံ့ပြန်လိုက်သည်။
"ဒါဆိုလည်း အခု ငါ့ကို အစစ်အမှန် နဂါးသစ်သီး ကူရှာပေး...ငါတို့ ပြန်ရောက်တဲ့အခါကျရင် နင့်ရဲ့ အစားအစာကို တိုးပေးမယ်...နဂါးသွေးထမင်းကြော်ကို တိုးပေးမယ်..."
နယ်သာရီ၏ မျက်ဝန်းများက တောက်ပသွားပြီး လှပလှသော နှုတ်ခမ်းလေးကို အနည်းငယ်စုလိုက်သည်။သူမ၏ အလှက အံ့သြသင့်စရာကောင်းလှသည်။
"အစစ်အမှန် နဂါးသစ်သီးက ဒီအရပ်မှာပဲ...ငါ့နောက်ကလိုက်ခဲ့..."
နယ်သာရီက ပျော်ရွှင်စွာဖြင့် နှုတ်ခမ်းဆူပြီးသည်နှင့် ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ထို့နောက် သူမ၏ ကျောက်စိမ်းသဏ္ဍာန်လက်လေးဖြင့် အရပ်မျက်နာကို တစ်ခုကို ညွှန်ပြလိုက်သည်။
ထို့နောက် သူမ၏ ငရဲကမ္ဘာသင်္ဘောကို ထိန်းချုပ်လိုက်ပြီး ထိုအရပ်မျက်နာဆီသို့ ရွက်လွှင့်လိုက်သည်။ပုဖန်ကလည်း သူ့၏ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီးနောက် သင်္ဘောနောက်မှနေ ထပ်ကြပ်မကွာလိုက်ပါလိုက်သည်။
ဝှိုက်တီကလည်း ပို၍ မြန်မြန်ဆန်ဆန်ပြေးလိုက်လာပေသည်။သူ့၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ယပ်တောင်သဏ္ဍာန်လက်များကြောင့် သစ်ပင်များပင် ပိုင်းပိုင်းစစ ကျိုးပဲ့သွားသည်။
ငရဲဘုရင်က ပျင်းရိစွာဖြင့်ပင် တစ်လှမ်းချင်းလှမ်းနေသည်။သူ့၏ ခြေလှမ်းတိုင်းက အလွန်ပင် တည်ငြိမ်လှသည်။သို့သော်လည်း အနည်းငယ်မှပင် နောက်ကျကျန်နေခြင်းမရှိပဲ ပုဖန်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေလေသည်။
ကျန်းလင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေပေသည်။ထိုလူက သာမန်လူမဟုတ်ပေ။ထိုငရဲဘုရင်က အနည်းငယ်အရှက်မဲ့သည်ဆ်ိုသော်လည်း သူ့၏ စွမ်းအင်များကတော့ တကယ်ကို ကောင်းမွန်လှပေသည်။
ကြည့်ရသည်မှာ သူ့နောက်ကို လိုက်ရသည်မှာ မှားယွင်းသည့်အရာမဟုတ်ပေ။ပုဖန်တို့၏။ လူစုက ဆူညံသံများထွက်ပေါ်နေသောကြောင့် မြောက်များလှစွာသော လူများ၏ အကြည့်များက်ို ဆွဲဆောင်သွားလေသည်။
ကောင်းကင်ဘုံနယ်မြေထဲတွင် လူအများအပြားရှိလေသည်။ထိုလျှို့ဝှက်နယ်မြေထဲ၌ အခွင့်အရေးကောင်းများ ပေါများစွာရှ်ိလှသောကြောင့် လူတိုင်းက သူတို့၏ ကိုယ်ပိုင်အခွင့်အရေးအတွက် နေရာအနှံ့၌ ကြိုးစားရှာဖွေနေကြသည်။
လူများစွာက ပုဖန်တို့အဖွဲ့ လုပ်ဆောင်နေကြသည်ကို သိချင်သွားကြပြီး တိတ်တဆိတ်အနောက်မှလိုက်လာကြသည်။ထို့သို့ဖြင့် ခဏအကြာတွင် လူစုက ကြီးမားလာပြီး အသံများပို၍ ဆူညံလာသည်။
"ညီအစ်ကို ဘာဖြစ်နေတာလဲ...ဘာလို့ လူတွေ များနေတာလဲ...ငါလည်းမသိဘူး...ငါလည်းလူအများကြီးပဲ မြင်လိုက်တာနဲ့ လိုက်လာတာ...ဒီလောက်တောင် လူအများကြီးဆိုမှတော့ ကောင်းမွန်တဲ့ အရာတစ်ခုကို ရှာဖွေနေတာပဲဖြစ်ရမယ်...သူတို့နောက် လိုက်မှတော့ ငါတ်ို့အတွက်လည်းကောင်းမှာပဲ...ဒါက ထူထပ်တဲ့ ရွှံ့နွံထဲမှာ ငါးဖမ်းတာမျိုးများ ဖြစ်နိုင်နေမလားဒီလောက်လူအများကြီးပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က သာမန်ပစ္စည်းတစ်ခုဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ..."
မသိနားမလည်စွာဖြင့် နောက်ကလိုက်လာသော လူအုပ်က တဖြေးဖြေးပို၍ များပြားလာခဲ့သည်။ထိုဖိအားမျိုးက လျှို့ဝှက်နယ်မြေထဲရှိ ဝ်ိညာဉ်သားရဲများကိုပင် ကြောက်လန့်ထွက်ပြေးစေသည်။
လမ်းတစ်လျှောက်တွင်လည်း ပုဖန်၏ အဖွဲ့ကြီးက ကြီးမားသော အတားအဆီးများဖြင့် မကြုံတွေ့ခဲ့ရပေ။ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုကို လူတိုင်း ကြားလိုက်ရသည်။ထိုအသံက ရေတံခွန်မှ အရှိန်ပြင်းပြင်းဖြင့် ကျလာသော ရေများက နေရာအနှံ့ကို ပေါက်ကွဲမှုများဖြစ်စေကာ မိုးခြိမ်းသံကဲ့သို့ပင် ဆင်တူနေလေသည်။
"သူတို့ အဲ့ဒီနေရာကို ရောက်လာပြီလား..."
ရှေ့သို့ ဆက်လျှောက်လာပြီးနောက် အလွန်ပင် ကျဉ်းမြောင်းတိတ်ဆိတ်လှသော တောင်ကြားလမ်းတစ်ခုကို တွေ့လိုက်ရသည်။လမ်းကြောင်း၌လည်း ထူးဆန်းသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ကျောက်တုံးများစွာရှိနေသည်မှာ ကြောက်စရာပင်ကောင်းလှသည်။
ပုဖန်နောက်သို့လိုက်ပါလာသော သူများက လက်လျှော့အရှုံးမပေးပဲ ခက်ခက်ခဲခဲတက်၍ လိုက်ပါလာကြသည်။သို့သော်လည်း သူတို့ ထိုတောင်ကြားလမ်းသို့ ဝင်ရောက်ပြီးသည်နှင့် အလွန်အံ့အားသင့်သွားကြသည်။ တောင်ကြားထဲ၌ လုံးဝ သီးခြားဖြစ်တည်နေသော ကမ္ဘာတစ်ခု တည်ရှိနေလေသည်။
၎င်းက အလွန်လှပလှသည်။အရှိန်ဖြင့် စီးဆင်းနေသော ရေတံခွန်မှ ရေများက နေရောင်ခြည်ကြောင့် တောက်ပနေသော စိတ်ဝိညာဉ် စွမ်းအင်ဖြင့် ပြည့်နေသည့် ကျောက်တုံးများပေါ်သို့ တဖြောဖြောကျဆင်းနေလေရာ ပတ်ဝန်းကျင်တွင် ရေမှုန်များဖြင့် အုံ့ဆိုင်းသွားလေသည်။
၎င်း၏ အထက်တွင်လည်း လှပလှသော ရောင်စုံ သက်တံတစ်ခု ဖြစ်ပေါ်နေသည်။တကယ်ကို နတ်ဘုံနတ်နန်းတစ်ခုနှင့်ပင် တူနေလေ၏။လူအားလုံး ထိုမြင်ကွင်းကြောင့် လေအေးတစ်ချက်ပင်ရှိုက်လိုက်မိကြသည်။
ကောင်းကင်ဘုံနန်းဆိုသည်မှာ စိတ်ဝ်ိညာဉ် စွမ်းအင်များသာ သိပ်သည်းကြွယ်ဝလှသည့် နေရာသာ မဟုတ်ပဲ မြောက်များလှသော ကောင်းကင်ရတနာများကိုလည်း ပိုင်ဆိုင်ထားပေသည်။
ကောင်းကင်ဘုံနယ်မြေထဲဤ မြောက်များလှစွာသော ကောင်းကင်ဘုံများစွာရှိသည်။သို့သော်လည်း အများစုက တူးဖော်ခံရပြီးသားဖြစ်နေပေပြီ။သို့သော်လည်း သူတို့ရှေ့မှ နယ်မြေကတော့ မည်သူမှ သတိမပြုမိသေးသည့် အသစ်တစ်ခုဖြစ်လေသည်။ထို့ကြောင့် သူ့ထဲမှ ရတနာများက တူးဖော်ခံရဦးမည်မဟုတ်ပေ။
ပညာရှင်တစ်ချို့၏ အမွေအနှစ်များလည်း ရှိနိုင်ပေသေးသည်။မည်သို့ပင်ဆ်ိုစေ ကောင်းကင်ဘုံနန်းဆိုသည်က မြှုပ်နှံသဂြိုဟ်သည့် နေရာတစ်ခုလည်းဖြစ်နေလေရာ အမွေခံ တစ်ခုခုတော့ ကျိန်းသေပေါက်ရှိနေပေမည်။
တစ်ချို့လူများက ရူးသွပ်သွားကြလေသည်။ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူတို့၏ ဦးတည်ရာဆီသို့ ချက်ချင်း ပြေးလွှားသွားကြ၏ တောင်ကြားလမ်းတစ်ခုလုံး ဆူညံသံများဖြင့် ပွက်လောရိုက်သွားလေသည်။
"ကောင်လေး မင်းဘာလို့ မဝင်တာလဲ..."
ငရဲဘုရင်က တည်ငြိမ်အေးဆေးနေသော ပုဖန်ကိုကြည့်၍ စူးစမ်းလိုက်သည်။ရူးသွပ်သွားသောသူများ၏ အမူအရာနှင့် ပုဖန်၏ အေးဆေးသော အမူအရာက လုံးဝ ကွဲပြားခြားနားနေလေသည်။
"အလျင်မလိုဘူး..."
ပုဖန်က ကျောက်တုံးတစ်တုံးပေါ်တွင်ရပ်နေလိုက်သည်။ရေတံခွန်မှ တဖွားဖွားကျဆင်းလာသော ရေမှုန်ရေမွှားများကြောင့် သူ့၏ နီရောင်စားဖိုမှုးဝတ်စုံပင် တဖျတ်ဖျတ် လွင့်ခါနေသံများဆူညံနေလေသည်။ငရဲဘုရင်က ညှင်သာစွာပြုံးလိုက်သည်။
"ကံကောင်းတာပဲ...ဒီကောင်လေးက စိတ်ရှည်တယ် မဟုတ်လို့ရှိရင်တော့ အခုလောက်ဆိုရင် အန္တရာယ်တွေ့နေလောက်ပြီ..."
ပုဖန် အေးခဲသွားသည်။
"မင်းကို ဒ်ီနေရာကို ခေါ်လာပါတယ်ဆိုမှတော့ ဒီနေရာမှာ အစစ်အမှန် နဂါးသစ်သီးရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ...နဂါးသစ်သီး ရှိတယ်ဆိုရင် ဒီနေရာမှာ ပြန်လည် ဖွဲ့တည်ခြင်းနဂါး သစ်ပင်ရှိနေလို့ပဲ...ပြန်လည်ဖွဲ့တည်ခြင်း နဂါးသစ်ပင်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဒီနေရာမှာနဂါးတစ်ကောင်ကို မြှုပ်နှံထားတာပဲ...ဒာပေမဲ့....ပျက်စီးနေပြီဖြစ်တဲ့ ဒီနယ်မြေက အစစ်အမှန် နဂါးတစ်ကောင်မြှပ်နှံနိုင်တဲ့ နေရာမဟုတ်နိုင်ဘူး...ဒီ အစစ်အမှန် နဂါးသစ်သီးကို နဂါးသွေးမျိုးစက် တစ်ကောင်က ပြုစုပျိုးထောင်ထားတာပဲဖြစ်ရမယ်...အဲ့ဒီ နဂါးသွေးမျိုးစက်က သေဆုံးသွားပြီ ဆိုရင်တောင်မှ စောင့်ရှောက်သူ သားရဲတစ်ကောင်ရဲ့ စွမ်းရည်က မင်းလို ပုရွတ်ဆိတ်တစ်ကောင် ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး..."
ငရဲဘုရင်၏ စကားအဆုံးမှာပင် တောင်ကြားတစ်ခုလုံး တုန်ခါသွားလေသည်။ထိုအခိုက် ရုတ်တရက် ရေတံခွန်မှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်တစ်ခု လွင့်ထွက်လာလေသည်။
သူ့၏ အနက်ရောင်အကြေးခွံများက နေရောင်အောက်တွင် ပြောင်လက်တောက်ပနေလေသည်။လေထဲတွင် ရှည်လျားလှသော ခန္ဓာကိုယ်ကို ပတ်ခွေထား၏။ကျယ်လောင်စွာ မြည်ဟီးသံများကလည်း နေရာတစ်ခုလုံး ပြည့်နှက်နေလေသည်။
တကယ့်ကို အနက်ရောင်ရေလွှမ်းမိုးနဂါးတစ်ကောင်ဖြစ်နေလေသည်။ထိုနဂါးနက်က တောင်ပံကို ပြင်းထန်စွာ ခါလိုက်ပြီး အမြီးကိုဝှေ့ယမ်းလိုက်သည်။
ပညာရှင် ကျင့်ကြံသူတစ်ချို့ကို မှတ်မိသွားပြီးနောက် သူ့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ လတ်ဆတ်သော သွေးများက နေရာအနှံ့ လွင့်စင်သွားလေသည်။
ထိုအခိုက်အတန့် ရေများကြားထဲ၌ တစ်စုံတစ်ခု လှုပ်ရှားပေါ်ထွက်လာသည်။ဦးချွန်နှင့်တူလှသော နက်ဆွေးနေသည့် သစ်သားကိုင်းတစ်ခု တဖြေးဖြေးချင်းပေါ်ထွက်လာ၏။ထိုသစ်ကိုင်း၌ မှောင်မိုက်သည့် အလင်းရောင်များဖြင့် တောက်ပနေသော အနက်ရောင်သစ်သီးသုံးလုံးရှ်ိနေသည်။
"အစစ်အမှန်နဂါးသစ်သီး..."
ပုဖန်၏ မျက်ဝန်းများတောက်ပသွားပြီး သူ စိတ်လှုပ်ရှားလာမိသည်။ဒီသစ်သီးကြောင့် ဒီခရီးကို ထွက်လာရခြင်းဖြစ်သည်။ဒါက အစစ်အမှန် နဂါးသစ်သီးဖြစ်သလို သူ့၏ ကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက် ပါဝင်ပစ္စည်းလည်းဖြစ်သည်။
"ကျွတ်...ကျွတ်...ကျွတ်...အဲ့ဒီ လွှမ်းမိုးခြင်းနဂါးကို ကြည့်ကြစမ်းပါဦး ဘယ်လောက်တောင်သန်မာလိုက်သလဲ..."
"ကောင်လေး မင်း ငါတိုက်ခိုက်ပေးဖို့ လိုအပ်သလား...အဲ့ဒီအတွက် အစပ်ချောင်းတစ်ချောင်းပဲလိုအပ်တယ်..."
ငရဲဘုရင်က ခေါင်းကို အသာစောင်း၍ နက်ရှိုင်းလှသော အကြည့်များဖြင့် ပုဖန်ကိုကြည့်ရင်း ပြောလိုက်သည်။