အပိုင်း ၅၉၀
Viewers 53k

အခန်း ၅၉၀

အစပ်ချောင်း တစ်ခုတောင်မပေးချင်ဘူး


 ငရဲဘုရင်၏ တည်ကြည်လေးနက်လှသော အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။သူ့၏ ကမ်းလှမ်းမှုကို ပုဖန် လက်ခံလိုက်မည်ဟု သူယုံကြည်ပေသည်။


ဒီတစ်ကြိမ်၌ ထိုအနက်ရောင်ရေလွှမ်းမိုးနဂါးက အလွန်ပင် ဒေါသထွက်နေလေသည်။သူ့၏ အနက်ရောင်အကြေးခွံများဖြင့် ပြည့်နေသော ခန္ဓာကိုယ်ကိုအဆက်မပြတ် ခါယမ်းနေလေရာပြင်းထန်လှသော လေပွေများကိုပင် ဖြစ်ပေါ်စေလေသည်။


လျှပ်တစ်ပြက် ဖြစ်ပေါ်လာတက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကလည်း လူတစ်ယောက်၏ ခံစားချက်များကို ဖိနှိပ်ထားစေရန် လုံလောက်နေပေပြီ။


ကျင့်ကြံသူအမြောက်အများက ထိုနဂါး၏ ထက်မြေ့လှသော အမြီးရိုက်ချက်အောက်တွင် အပိုင်းပိုင်းပျက်သွားသည်။မြေပြင်ပေါ်တွင် ခန္ဓာကိုယ်အပိုင်းအစများ ပြန့်ကျဲနေပေ၏။


ထိုမြင်ကွင်းက အလွန် ကြောက်စရာကောင်းလှသည်။ထိုကောင်လေးပုဖန်က အနည်းဆုံးတော့ ကြောက်ရွံ့နေလိမ့်မည်ဟု ယုံကြည်ပေသည်။


"အစပ်ချောင်းတစ်ခုထဲ မင်းဘက်က အရှုံးမရှိပါဘူး..."


ထိုစကားကို ကြားပြီးနောက် ပုဖန်က ငရဲဘုရင်ကို ထူးဆန်းသည့်အကြည့်တစ်ချက်ဖြင့်လှမ်းကြည့်လိုက်သည်။


"ဘာလို့ ကျုပ်က ခင်ဗျားတိုက်ခိုက်ပေးဖို့ လိုအပ်တာလဲ..."


ထိုအခိုက်အတန့်၌ ပုဖန်ဘေးတွင်ရပ်နေသော ဝှိုက်တီ၏ အမူအရာက ပြောင်းလဲသွားလေသည်။သူ့၏ မျက်ဝန်းများက မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ပံများကို ဖြန့်ကားလိုက်သည်။


သူ့၏ ပုံစံက ရက်စက်ကြမ်းကြုတ်နေဟန်ပင် ပေါ်နေသည်။ထိုမြင်ကွင်းကိုကြည့်၍ ငရဲဘုရင် အေးခဲသွာလေသည်။ဝှိုက်တီက ကျောက်တုံးတစ်တုံးပေါ်တွင် ထောက်ကန်လိုက်ပြီးနောက် လေထဲသို့ တဟုန်ထိုးထိုးတက်လိုက်ကာ အနက်ရောင်ရေလွှမ်းမိုးနဂါးဆီသို့ ဦးတည်လိုက်သည်။


ဘန်း ...


ကျယ်လောင်သောအသံတစ်ချက်ထွက်ပေါ်လာပြီးနောက် လေထဲတွင် ကျောက်တုံးကျောက်စများ ပြည့်နှက်သွား၏။ဝှိုက်တီ၏ မီးခိုးရောင်မျက်ဝန်းများက အလင်းရောင်တစ်ချက်လက်သွားပြီး သူ့၏ ကြီးမားလှသော လက်ဖြင့် အနက်ရောင်ရေလွှမ်းမိုးနဂါး၏။ ခေါင်းကို ရိုက်ချလိုက်သည်။


သူ့၏ တိုက်ခိုက်မှုများက ပြင်းထန်ရက်စက်လှသည်။ဝှိုက်တီက ခြေတစ်လှမ်းမျှပင် နောက်ဆုတ်ခြင်းမရှိပဲ အနက်ရောင်ရေလွှမ်းမိုးနဂါးကို အဆက်မပြတ် တိုက်ခိုက်နေလေသည်။ထိုမြင်ကွင်းက လူအားလုံးကို ထိတ်လန့်အံ့အားသင့်သွားစေလေသည်။ပုဖန်၏ ပခုံးပေါ်တွင်ရှိနေသော ပုစွန်ပိစိက အမြှုပ်များတစ်စီစီ မှုတ်ထုတ်ရင်း ထိုမြင်ကွငိးကို ကြည့်နေလေသည်။


နယ်သာရီကလည်း အေးဆေးစွာ ရပ်နေတုန်းဖြစ်သည်။အဆက်မပြတ် တိုက်ခိုက်နေသော လေပြင်းများနှင့် ရေမှုန်များကြောင့် သူမ၏ ဝတ်ရုံက တဖျတ်ဖျတ် လွင့်ခါနေသော်လည်း သူ့၏ အမူအရာက တည်ငြိမ်လှသည်။ထိုမြင်ကွင်းက သူမကို အံ့အားသင့်စေခြင်းမရှိပေ။


"ခင်ဗျားမြင်လား...ဘာလို့ ကျုပ်အစား ခင်ဗျားကို တိုက်ခိုက်ခိုင်းရမှာလဲ...ဘာလို့များ အစပ်ချောင်းတစ်ချောင်းဆုံးရှုံးခံဖို့ လိုသေးလဲ..."


ငရဲဘုရင်ပြောစရာစကားမဲ့သွားလေသည်။ထိုရုပ်သေးက သာမန်မဟုတ်ပေ။သူထုတ်ဖော်ပြသလိုက်သော စွမ်းအင်ကပင် အရာရာအားလုံးကို ဖျက်စီးနိုင်နေပေပြီ။ထို့ကြောင့် သူ မပျော်မရွှင် ဖြစ်သွားလေ၏။ထိုရုပ်သေးကြောင့် ပုဖန်က သူ့ကို အစပ်ချောင်းတစ်ချောင်းပင် မပေးတော့ပေ။


အရသာကောင်းမွန်လှပြီး အသူတရာစွမ်းအင်များဖြင့် ပြည့်နှက်နေသော အစပ်ချောင်းကို နောက်တစ်ကြိမ် အရသာခံခွင့်မရှိတော့ပေ။


ဟင်း .. 


ငရဲဘုရင် ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းတစ်ချက်ချလိုက်သည်။


"အစပ်ချောင်းလေးတစ်ချောင်းတောင်မှပဲ မပေးချင်ဘူးပေါ့လေ..."


ငရဲဘုရင်၏ ချောမောလှပသော မျက်နာက မှောင်မဲနေပြီး ပုဖန်ကို ခေါင်းလေးစောင်း၍ ကြည့်နေလေသည်။အနက်ရောင်ရေလွှမ်းမိုးနဂါးကို တိုက်ခိုက်ပေးနေသော ဝှိုက်တီကြောင့် ကျင့်ကြံသူများ၏ မျက်ဝန်းများ တောက်ပသွားသည်။ထို့နောက်သူတို့၏ အကြည့်များက ပြန်လည်ဖွဲ့တည်ခြင်း နဂါးသစ်ပင်ဆီသို့ ကျရောက်သွားလေသည်။


သူတို့က လောဘရောင်တောက်ပြောင်နေသော မျက်ဝန်းများဖြင့် အစစ်အမှန်နဂါးသစ်သီးကို ကြည့်လိုက်၏။အစ်အမှန် နဂါးသစ်သီးများရှိနေသော ပြန်လည်ဖွဲ့တည်ခြင်းနဂါးသစ်ပင်က အလွန်ပင် တန်ဖိုးရှိလှသည့် ကောင်းကင်ရတနာတစ်ခုဖြစ်သည်။


သူတို့၏ စိတ်များ လှုပ်ရှားတုန်ယင်နေကြသည်။ရုတ်တရက် စွမ်းအင်များထွက်ပေါ်လာပြီးနောက် ထိုနဂါးသစ်ပင်ဆီသို့ ဦးတည်ရွှေ့လျားလိုက်ကြသည်။လူများစွာ တစ်ပြိုင်နက်တည်း အလျင်စလို လှုပ်ရှားလိုက်သောကြောင့် လေဟာနယ်ပင် တုန်ခါသွားလေသည်။


ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ငရဲဘုရင်က သူ့အတွက် အခွင့်အရေးတစ်ခုပေါ်လာပြီဟု ယုံကြည်လိုက်လေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးလိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။


"မင်းက ဒီဘုရင်ကို တိုက်ခိုက်မပေးစေချင်တာသေချာရဲ့လား...ဒီဘုရင် လှုပ်ရှားလိုက်တာနဲ့အားလုံးက သပိတ်ဝင် အိတ်ဝင်ဖြစ်သွားပြီနော်...အစစ်အမှန်နဂါးသစ်သီးတွေက မင်းဟာပဲ အဲဒီအတွက် အစပ်ချောင်းလေးတစ်ချောင်းပဲ ပေးဖို့လိုတယ်..."


ပုဖန်က ငရဲဘုရင်ကို အရူးတစ်ယောက်ကို မြင်ရသလိုမျိူးကြည့်လိုက်သည်။သူ့နှုတ်ခမ်းထောင့်စွန်းလေးမျာတွန့်ကွေးသွားပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်ထွက်လာသည်။


ရွှေနဂါးအရိုမီးဖိုချောင်သုံးဓားကို ဝှေ့လိုက်ပြီးနောက် ငရဲဘုရင်၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် မရှေ့သို့ တဟုန်ထိုးတိုးဝင်သွားလိုက်သည်။


ပုဖန်၏ လှုပ်ရှားမှုကို ကြည့်လိုက်ပြီး ငရဲဘုရင် တကယ်ကို အခွင့်အရေးဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။သူ့၏ ချောမောခန့်ညားလှသော မျက်နာက မဲမှောင်သွားပြန်သည်။


"တကယ့်ကို ခေါင်းမာတာပဲ...အစပ်ချောင်းလေးတစ်ချောင်းပေးဖို့ကိုတောင်မှ ငြင်းဆန်နေတယ်..."


ပြန်လည်ဖွဲ့တည်ခြင်း နဂါးသစ်ပင်၏ ပတ်ပတ်လည်၌ နဂါးဟစ်ကြွေးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ကျင့်ကြံသူများ ရေတံခွန်အလယ်၌ရှိနေသော နဂါးသစ်ပင်ဆီ သွားသည်ကို မြင်လိုက်သည်နှင့် ဝှ်ိုက်တီနှင့် တိုက်ခိုက်နေသော အနက်ရောင်ရေလွှမ်းမိုးနဂါးက ပို၍ ပြင်းထန် ရက်စက်လာသည်။


သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရေုင်အကြေးခွံများပင်ထောင်ထသွားပြီး ဝှိုက်တီ၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်အောင် ရုန်းကန်လိုက်သည်။ဒေါသတကြီး ဟိန်းဟောက်လိုက်သော အသံက လေပြင်းများပင်ဖြစ်ပေါ်သွားစေသည်။


အနက်ရောင်ရေလွှမ်းမိုးနဂါး၏ လှုပ်ခတ်မှုတစ်ခုကြောင့် ကျင့်ကြံသူများစွာ ပြင်းထန်စွာ ဒဏ်ရာရသွားလေသည်။ထိုသူများကြားထဲ၌ အသန်မာဆုံးသောသူမှာ အဆင့် ၄ မသေမျိုးခန္ဓာ ပညာရှင်ဖြစ်သည်။သို့သော်ထိုသူသည်လည်း အနက်ရောင်ရေလွှမ်းမိုးနဂါး၏။ ပြိုင်ဘက်ဟုတ်မဟုတ် မသေချာပေ။လူများက ထိပ်တိုပ်ရင်ဆိုင်မှုကို ရှောင်ရှားလိုက်ကြသည်။


ဖတ်... ဖတ်... ဖတ်...


ပုဖန်က အစစ်အမှန် စွမ်းအင်များဖြင့် သူ့၏ ခြေဖဝါးကို အုပ်ကာလိုက်ပြီးနောက် ရေပြင်ပေါ်၌ တရှိန်ထိုးပြေးသွားသောကြောင့် ရေများပင် တဖွားဖွားလွင့်စင်နေသည်။


လူများကလည်း ပြန်လည်ဖွဲ့တည်ခြင်း နဂါးသစ်ပင်ကို မလွှဲတမ်းကြည့်နေသည်။အထူးသဖြင့် အစစ်အမှန် နဂါးသစ်သီးများကို ဖြစ်သည်။ကျင့်ကြံသူများက ပုဖန်၏ လှုပ်ရှားမှုကို မြင်လိုက်သောကြောင့် အံ့အားသင့်သွားကြသည်။ထိုရုပ်သေးက အလွန်ပင် သန်မာလှသော်လည်းပုဖန်က အလွန်အားနည်းပေသည်။


အဆင့် တစ်ဆင့်ကိုသာ ချိုးဖောက်ထားရသေးသည့် ကလေးတစ်ယောက်သာဖြစ်သည်။ထိုကဲ့သို့သော ပုရွတ်ဆိတ်လေးတစ်ကောင်က အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ရှေ့တွင် တကယ့်ကိုပင် လှုပ်ရှားမှု ပြုရဲပေသည်။


အစပ်ချောင်းလေးတစ်ချောင်းပင်မစားလိုက်ရသော ငရဲဘုရင်က တကယ့်ကို စိတွကျေမနပ်ဖြစ်နေလေသည်။ယုတော့ ပုဖန်က တကယ့်ကို ကပ်စီးနဲသည့် လူတစ်ယောက်ဖြစ်ကြောင်း သူသိသွားပေသည်။အစပ်ချောင်းလေးတစ်ချောင်းဖြင့်ပင် သူ့လို စွမ်းအားကြီးလှသော ငရဲဘုရင်ကိုယ်တိုင်တိုက်ခိုက်ပေးမည်ံအခွင့်အရေးအား ငြင်းဆန်လိုက်ပေသည်။


အဆင့်တစ်ဆင့်သာချိုးဖောက်ထားရသည့် သူက မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် အနက်ရောင်ရေလွှမ်းမိုးနဂါးကို တကယ့်ကို ရင်ဆိုင်ချင်နေလေသည်။


"အစပ်ချောင်းတစ်ချောင်းနဲ့ ခေါင်းပြုတ်မဲ့ အရေးက ထိုက်တန်လို့လား...အခုခေတ် လူငယ်တွေက တကယ့်ကို ခေါင်းမာတာပဲ..."


ငရဲဘုရင် သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။သူကမူ အမူအရာမပြောင်းလဲသေးပဲ ပုဖန်ကိုသာ ကြည့်နေသည်။အနက်ရောင်ရေလွှမ်းမိုးနဂါးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက ထောင်ထသွားပြီးနောက် တရှိန်ထိုးပစ်လွှတ်လိုက်လေသည်။


ထိုအကြေးခွံများက ရေတံခွန်ထက်မှ ကျောက်တုံးများဖြင့် ထိခတ်မိသွားပြီး ပေါက်ကွဲသံများပင် ထွက်ပေါ်လာသည်။ပုဖန်က အေးဆေးတည်ငြိမ်နေတုန်းဖြစ်သည်။ရှုရမျှော်စင်၏ ထောက်ပံ့ ကူညီမှုဖြင့် သူ့၏ စိတ်စွမ်းအားများကို ထုတ်လွင့်လိုက်သည်။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က အနေအထားပြောင်းသွားပြီး လျှင်မြန်စွာ လှုပ်ရှားလိုက်လေသည်။


လှုပ်ရှားမှုတိုင်းက ထိုနဂါးကြေးခွံများကို ရှောင်ရှားပြီးသား ဖြစ်နေလေသည်။ဝှ်ိုက်တီကလည်း သူ့၏ တောင်ပံက်ို ဖြန့်၍ လှည့်ပတ်ပျံသန်းလိုက်ပြီးရေလွှမ်းမိုးနဂါးပေါ်သို့ ဆင်းသက်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း အလွန်အမင်းတောက်ပလင်းလက်နေလေသည်။


ဝှ်ိုက်တီ၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်က တောက်ပလာသည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အနက်ရောင်ရေလွှမ်းမိုးနဂါး၏ နာကျင်စွာ အော်သံက ထွက်ပေါ်လာသည်။ဝှိုက်တီ၏ အမြောက်ဆန် အစီအရင်က သူ့ကို ချိန်ရွယ်တိုက်ခိုက်လိုက်သောကြောင့် ရေတံခွန်အလယ်သို့ ပြုတ်ကျသွားလေသည်။


ရေလှိုင်းများက ကောင်းကင်ထိတိုင်အောင်ပင် ထိုးတက်သွားလေသည်။ပုဖန်က ထိုရေလှိုင်းများကို လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။သူက ပြန်လည်ဖွဲ့တည်ခြင်း နဂါးသစ်ပင်နှင့် အလွန်ပင် နီးကပ်နေပေပြီ။


ကြောင်အမှင်သက်နေကြသည်။ထိုကောင်လေးက အနက်ရောင်ရေလွှမ်းမိုးနဂါး၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ပြီး နဂါးသစ်ပင်နားသို့ ကပ်နိုင်သွားမည်ဟု မထင်ထားခဲ့မိပေ။


သူတို့ တွေးနေစဉ်မှာပင် နဂါးသစ်ပင်၏ ပတ်ပတ်လည်လေဟာနယ်က စတင် လှုပ်ခါလာပြီး ရေဝဲတစ်ခု ထွက်ပေါ်လာလေသည်။ပါးစပ်ကြီးတစ်ခုကို ဖွင့်ဟလိုက်သလိုမျိုး ထိုရေဝဲက လျင်မြန်စွာ လှည့်ပတ်လာသည်။ရေဝဲ၌ရှိနေသော အနက်ရောင်ရေလွှမ်းမိုးနဂါးက ပုဖန်ကို စုပ်ယူမြိုချနေလေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။သူက ထိုရေဝဲမှနေ၍ ရှောင်ရှားလိုသည်။သို့သော်လည်း အားကောင်းလှသော စုပ်ယူမှုတစ်ခုကြောင့် သူ ရှောင်မလွတ်နိုင်ဖြစ်နေလေ၏။သူ့၏ မြင်ကွင်းမှနေ၍ နဂါးသစ်ပင် တဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။


သူ့၏ မြင်ကွင်းက ရုတ်တရက်ကြီးအမှောင်ထုနှင့် အစားထိုးသွားလေသည်။အံ့အားသင့်နေသော လူစုက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။တစ်ချို့ပါရမီရှင်များပင်လျှင် ထိတ်လန့်ကြောင်အနေကြသည်။တစ်ချို့က ပုဖန်၏ ကံမကောင်းမှုအတွက် စိတ်မကောင်းဖြစ်နေကြလေသည်။


အဆင့် တစ်ဆင့်သာ ချိုးဖောက်ပြီးထားသည့် လူတစ်ယောက်က အနက်ရောင်ရေလွှမ်းမိုးနဂါးရှေ့တွင် လှုပ်ရှားမှု ပြုရဲသည်မှာ ဦးနှောက်မဲ့လွန်းလှသည်။ထိုကလေးက ရဲရင့်သည်လား တုံးအသည်လား မည်သူမှ မပြောနိုင်ပေ။


ငရဲဘုရင် ခဏမျှ အံ့အားသင့်သွားပြီး မျက်တောင်ပုတ်ခတ်လိုက်မိသည်။ထို့နောက် သူ့မျက်နာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။ပုဖန် ရှိနေရာအရပ်သို့ လက်ညှိုးထိုး၍ ပြောလိုက်သည်။


"ကြည့် ငါ့ကို အစပ်ချောင်းလေးတစ်ချောင်းပဲ ပေးဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား...အခုကြည့်စမ်း အစားခံလိုက်ရပြီ..."


နယ်သာရီမျက်မှောင်ကြုတ်လိုက်သည်။သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များပင် ထွက်ပေါ်လာပြီး လှုပ်ရှားရန် အသင့်ဖြစ်နေပေပြီ သို့သော်လည်း ထိုအချိန်၌ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်များက ပြန်လည်ပျောက်ကွယ်သွားသည်။


"ငါပြောဦးမယ်...ကောင်မလေး...ဒီဘုရင်က အဲ့ဒီလူငယ်လေးကို သွားကယ်လိုက်မယ်ဆိုရင် သူ ငါ့ကို အစပ်ချောင်းပေးမယ်လို့ နင်ထင်လား..."


ငရဲဘုရင်က ခဏမျှ စဉ်းစားပြီးနောက် နယ်သာရီကို သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။နယ်သာရီက သူ့ကို တစ်ချက်သာကြည့်လိုက်၏။ 


"မှန်းကြည့်ပေါ့..."


 ငရဲဘုရင် မျက်လုံးသာလှန်လိုက်မိလေသည်။ထိုကောင်မလေးက ပို၍ပင် ခံစားချက်ကင်းမဲ့လာလေသည်။


သို့သော်လည်း သူက ထိုကောင်လေး၏ အမူအကျင့်များကို ပြန်လည် တွေးလိုက်မိပြီးနောက် အစပ်ချောင်းတစ်ချောင်းမျှပင် ပေးမည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။


ထိုကောင်လေး၏ အကျင့်အရ သူသာသွားကယ်လိုက်လျှင်လည်း သူသာ ဆုံးရှုံးသွားရပေလိမ့်မည်။ထိုသူကတော့ အစပ်ချောင်းတစ်ချောင်းမျှပင် ထုတ်မည်မဟုတ်ပေ။


"မလိုဘူး...ပုဖန် အဆင်ပြေတယ်..."


နယ်သာရီ ထပ်ပြောလိုက်သည်။


"အိုး..."


 ထိုအခိုက်အတန့်၌ ငရဲဘုရင် နှလုံးခုန်နှုန်းပင်ရပ်သွားသလို ခံစားလိုက်ရသည်။ထိုကောင်စုတ်လေးက အနက်ရောင်ရေလွှမ်းမိုးနဂါး၏ မြိုချခြင်းကို ခံလိုက်ရပြီး အဆာပြေစားစရာတစ်ခုဖြစ်သွားပေသည်။ဒါတောင်သူက အဆင်ပြေနေသေးသည်လား...


ကောင်မလေးက လူငယ်လေးအပေါ်တွင် အလွန်ပင် ယုံကြည်မှု ထားလွန်းလှသည်။ရုတ်တရက် ငရဲဘုရင် အေးခဲသွားပြီး သူ လှည်ကြည့်လိုက်သည်။ရေထဲမှ အနက်ရောင်ရေလွှမ်းမိုနဂါးက ပြင်းထန်စွာ လှုပ်ရှားရုန်းကန်နေလေသည်။သူ့ကိုယ်တွင်းမှ တစ်စုံတစ်ရာက ကြီးထွားလာသလိုမျိုး သူ့ရင်ဘတ်က ဖောင်းကားလာသည်။


ရွှစ်...


ရုတ်တရက် လေထုကိုပင် ထွင်းဖောက်သွားသည့် အော်ဟစ်သံကို ကြားလိုက်ရသည်။အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ဝမ်းဗိုက်က အတွင်းမှနေ၍ ဆွဲခွဲခြင်းခံလိုက်ရသည်။လတ်ဆတ်သောသွေးများက အနှံ့ပြယ်ချင်သွားပြီး လေထုထဲတွင် သွေးနှံ့များပြန့်သွားသည်။


ထိုအနက်ရောင်ရေလွှမ်းမိုးနဂါး၏ ဝမ်းဗိုက်အပေါက်မှ အနက်ရောင်ဒယ်အိုးတစ်အိုးထွက်ပေါ်လာ၏။ထိုဒယ်အိုး၏ဘေးတွင် ရွှေရောင်တောက်ပနေသောမီးဖိုချောင်သုံးဓားကို ဆွဲကိုင်ထားသည့် လူတစ်ယောက်ရပ်နေပေသည်။


ပုဖန်က မျက်နာသေဖြင့် ရပ်နေလေ၏။သူ့၏ ခန္ဓာကိုယ်မှလည်း စွမ်းအင်များ ထွက်ပေါ်နေသည်။အနီရောင် စားဖိုမှူးဝတ်စုံကလည်းအနက်ရောင်ရေလွှမ်းမိုးနဂါး၏ သွေးများပေကျံခြင်းမှနေ၍ ကာကွယ်ပေးထားလေသည်။


အစောပိုင်းက ထွက်ပေါ်ခဲ့သော နားကွယ်လောက်ဖွယ် နဂါးဟိန်းဟောက်သံက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ဓားမှ ထွက်ပေါ်လာသော ပြင်းထန်လှသော ဖိအားအောက်တွင် နဂါးသွေးမျိုးစက်ဖြစ်သောအနက်ရောင်ရေလွှမ်းမိုးနဂါးက မည်သည့်အရာမှ ပြန်လည်မတုံ့ပြန်ရဲတော့ပေ။


တုန်ခါနေလေ၏။ပုဖန်က ကောင်းကင်မှနေ၍ ဆင်းသက်လာပြီး အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ထို့နောက် တစ်ချက်ပြီးတစ်ချက် ဆက်လက်ထိုးနှက်နေလေရာ ဗုံတီးသလိုမျိူး ရိုက်ခတ်သံများအဆက်မပြတ် ထွက်ပေါ်နေလေ၏


ကြောက်မက်ဖွယ်ကောင်းလှသောစွမ်အင်များက အဘက်ဘက်သို့ ပြန့်နှံ့နေလေသည်။သို့သော်လည်း ခဏအကြာ၌ ပုံမှန်အနေအထားအတိုင်း ပြန်လည်တည်ငြိမ်သွားလေသည်။စွမ်းအင်များက ရေကို အငွေ့ပျံစေသောကြောင့် မြူခိုးများ ပိုမိုထွက်ပေါ်လာသည်။


ကျင့်ကြံသူများက ရေတံခွန်ကို သေချာစွာ ရှင်းရှင်းလင်းလင်းမမြင်ရတော့သောကြောင့် မည်သို့သော ရလဒ် ထွက်ပေါ်လာမှန်းမသိလိုက်ကြတော့ပေ။လူများ၏ နှလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ပုဖန် သူ့၏ ဓားဖြင့် နဂါးဝမ်းဗိုက်ကို ခွဲလိုက်သည်အား ပြန်လည် တွေးမိသွားပြီး တုန်ယင်သွားကြ၏။


ထိုအခ်ျိန်၌ မြူငွေ့များကြားထဲမှ ဝှိုက်တီ၏ ကြီးမားလှသော ခန္ဓာကိုယ်ထွက်ပေါ်လာသည်။ထိုအချိန်မှာပင် ပုံရိပ်များက ရှင်းလင်းလာပြီး နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော ပုဖန်ကို တွေ့လိုက်ရသည်။


ရေများကြားထဲမှနေ၍ လျှောက်ထွက်လာသည်။လက်တစ်ဘက်ဖြင့် နဂါးသစ်ပင်ကို ဆုပ်ကိုင်ထားပြီး တစ်ခြားလက်တစ်ဘက်ဖြင့် သစ်သီးလေးများကို အသာအယာ ထိတွေ့နေသည်။


ပြန့်နှံ့လာသော သိပ်သည်းလှသည့် စွမ်းအင်များက ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ဝှိုက်တီက သူ့၏ အတောင်ပံများကို ပြန်လည် ခေါက်သိမ်းပြီဖြစ်ရာနဂါးသေကောင်ကိုဆွဲ၍ ထွက်လာသည်။


နဂါး၏ ကြေးခွံအနက်များက ကျိုးကြေနေပြီဖြစ်ကာခန္ဓာကိုယ်တစ်ခုလုံးကို နီရဲသောသွေးများဖြင့် စွန်းထင်းနေလေသည်။လူအားလုံး ထိတ်လန့်သွားကြပြန်သည်။ပုဖန်က ကုန်းမြေပေါ်သို့ ပြန်ခြေချလိုက်သည့်အခါတွင် သူ့၏ ခန္ဓာကိုယ်ပေါ်တွင် ရေတစ်စက်မှ မထင်ပဲ ခြောက်သွေ့နေလေသည်။


တည်ငြိမ်အေးဆေးလှသောမျက်နာထားဖြင့်ပင် နဂါးသစ်ပင်ကို သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်။သစ်ပင်ပေါ်တွင် အစစ်အမှန် နဂါးသစ်သီးတစ်လုံးသာကျန်တော့သည်။ကျန်သည့် နှစ်လုံးကို သူ့၏ လက်ထဲတွင် ဆော့ကစားနေလေ၏။ပုဖန်က နဂါးအသေကောင်ကို သေချာစွာစစ်ဆေးလိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


"ဒါက အရမ်းကောင်းတဲ့ ပါဝင်ပစ္စည်းပဲ ငါပြန်ရောက်တဲ့အခါကျရင် ဒါကို အသုံးပြုပြီးတော့ ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော် လုပ်ပေးရမယ်..."


ထို့နောက် သူလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူနဂါးအသေကောင် ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။ပတ်ဝန်းကျင်ရှိ သူများက ပုဖန်လက်ထဲမှ နဂါးသစ်သီးများကိုကြည့်ရင်း တံတွေးတစ်ချက်မြိုချလိုက်ကြသည်။သူတို့၏ စိတ်ထဲ၌ သက်ပြင်းတစ်ချက်သာချလိုက်မိသည်။တကယ်တမ်းတွင် သူတို့ ပုဖန်၏ သစ်သီးများကို လုယူချင်နေသည်။


သို့သော်လည်း ပုဖန်၏ဘေးနားတွင်ရှိနေသောဝှ်ိုက်တီကို စိတ်ဆိုးနေသော ကျားတစ်ကောင် ကဲ့သို့ အမူအရာမျိူးဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည့် ငရဲဘုရင်အား တွေ့ပြီးနောက် ထိုအကြံဉာဏ်ကို လက်လွတ်လိုက်ကြသည်။


နဂါးသစ်သီးများကိုဆော့ကစားရင်းဖြင့် ငရဲဘုရင်ဘေးနားသို့ ပြန်ရောက်လာသည်။ငရဲဘုရင်က ပုဖန်ကိုခါးသီးလှသောအမူအရာဖြင့် ကြည့်လိုက်သည်။


"ဒီကောင်စုတ်လေးကတော့လေ တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ်...ဒီမှာအရာရာအားလုံးကို ရှုပ်ထွေးသွားအောင် လုပ်ပစ်လိုက်တယ်...ဒီ ဘုရင်ကိုသာအစပ်ချောင်းလေးတစ်ချောင်းပေးလိုက်ရှိရင် စက္ကန့်ပိုင်းတွင်းဖြေရှင်းပြီးသွားမယ့် ပြဿနာတွေကြီးပဲ...အဲ့ဒီနဂါးကို လက်ချောင်းလေးနှစ်ချောင်းတည်းနဲ့တောင် ညှစ်သတ်လို့ရတယ်..."


ပုဖန်က ငရဲဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက်သူ့၏ လက်ထဲတွင် အစပ်ချောင်းတစ်ချောင်းပေါ်လာလေသည်။ငရဲဘုရင်က ပုဖန်၏ လက်ကိုအကြည့်စူးစူးများဖြင့် စိုက်ကြည့်နေလိုက်သည်။


"အစပ်ချောင်းတစ်ချောင်းကို သလင်းကျောက် နှစ်သောင်း...အရမ်းကို သင့်တော်တဲ့ စျေးနှုန်းပဲ ခင်ဗျားစားချင်သေးလား..."


ပုဖန်က အစပ်ချောင်းကို ဝှေ့ယမ်းပြရင်း မေးလိုက်သည်။ငရဲဘုရင် တံတွေးတစ်လုတ်မြိုချလိုက်သည်။သူ့၏ ချောမောခန့်ညားလှသော မျက်နာကလည်း နောက်တစ်ကြိမ် မဲမှောင်သွားပြန်သည်။


"မင်း....ကောင်စုတ်လေး တအား စိတ်ဒုက္ခပေးလွန်းတယ်..."