အပိုင်း ၅၉၁
Viewers 62k

အခန်း ၅၉၁

ခွေးဘုရင်နှင့် ငရဲဘုရင်ကြားမှ အကြည့်များ...


ပုဖန်က ငရဲဘုရင်ပြောသမျှကို မသိကျိုးကျွံ ပြုထားလေသည်။သူ အစပ်ချောင်းကို ပါးစပ်ထဲ ဖြေးဖြေးချင်းထည့်ကာ ဝါးစားလိုက်သည်။မြိုချလိုက်သည်နှင့် သိပ်သည်းလှသည့် စွမ်းအားများက ခြေလက်များဆီသို့ ပြန့်နှံ့သွားပြီး အနည်းငယ်မှအားနည်းသည့် လက္ခဏာမျိုးမရှိတော့ပေ။


သူ့၏ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်၏။သူ နဂါးဗိုက်ထဲမှနေ၍ လွတ်မြောက်အောင် ခက်ခက်ခဲခဲ တိုးထွက်ခဲ့ရသည်။သူ့၏ ကျင့်ကြံဆင့်က အားနည်းလွန်းလှသောကြောင့် သူ့၏ ဒန်တန်ထဲမှာ ရှိနေသော စွမ်းအင်အားလုံး ခြောက်ခမ်းသွားအောင် သုံးစွဲလုနီးပါးဖြစ်သွားလေသည်။


အစပ်ချောင်း၏ အရသာက တကယ်ကိုအံ့အားသင့်ဖို့ကောင်းသည်။သို့သော်လည်း သူ့၏ အကျိုးသက်ရောက်မှုက ထိုထက်ပင် ပိုလေသည်။မည်သို့ပင်ဆိုစေ ငရဲပင်လျှင် ထိုအစပ်ချောင်း၏ အနံ့အရသာ၏ ဆွဲဆောင်မှုတွင် ကျဆုံးသွားပြီ ဖြစ်သည်။


သို့သော်လည်း ငရဲဘုရင်တွငိ ပိုက်ဆံမရှိပေ။သူက ပုဖန် စားနေသမျှကို သရေမြိုချ၍သာ ကြည့်နေရလေသည်။ပုဖန်က တစ်ကိုက်စာလောက်မျှပင် ချန်မထားခဲ့ပေ။


ဂလု...


ထိုအရသာကို မြည်းစမ်းပြီးပြီဖြစ်သော ငရဲဘုရင်က ကြာရှည်မတွန်းလှန်နိုင်တော့ပေ။ခပ်လှမ်းလှမ်းတွင်ရှိနေသော ကျန်းလင်ကို လှမ်းကြည့်လိုက်၏။ကျန်းလင်ကလည်း ငရဲဘုရင်၏ အကြည့်ကို သတိထားမိသွားပြီး သတိအပြည့်ဖြင့် ပြန်ကြည့်လိုက်လေသည်။


"အရှင်သခင် အဲ့ဒီအကြောင်းကို ထပ်မစဉ်းစားပါနဲ့တော့ ရှင်အခုတောင် ကျွန်မကို သလင်းကျောက် နှစ်သောင်း အကြွေးတင်နေပြီ..."


ကျန်းလင်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ငရဲဘုရင်၏မျက်နာပေါ်၌ အင်တင်တင်ဖြစ်နေသော အမူအရာမျိုးပေါ်လာလေသည်။


"ဒီလောက် အသက်ငယ်ငယ်လေးနဲ့ဘာလို့ အဲ့ဒီလောက် တွက်ချက်နေရတာလဲ...ဒီငရဲဘုရင်က မင်းကို ပြန်မပေးဘူးလို့များ ပြောမိလို့လား..."


ငရဲဘုရင်က သလင်းကျောက်များအတွက် ကျန်းလင်အပေါ် မှီခိုခြင်းကလည်း အလုပ်မဖြစ်တော့ပေ။သို့သော်လည်း ငရဲဘုရင်က လက်မလျှော့သေးပေ သူ့အကြည့်များက နယ်သာရီဆီသို့ ရောက်သွားလေသည်။


"သောက်ကျိုးနဲ ဘယ်လိုတွေ လာကြည့်နေတာလဲ ဒီအစပ်ချောင်းကို စားဖို့အတွက် ငါက ဘာသလင်းကျောက်မှ မလိုဘူး..."


နယ်သာရီက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။မြှားအစင်းတစ်ထောင် စိုက်ဝင်သွားသလိုမျိုး ငရဲဘုရင်၏ နှလုံးသားလေး ကြေကွဲသွားလေသည်။


ဝေါ...


ရုတ်တရက် မြေပြင်က သိမ့်သိမ့်တုန်ခါသွားသည်။ရေတံခွန်၏ နောက်ဘက်တွင်ရှိသော ရေသံကလည်း ပြင်းထန်စွာ တုန်ခါလာ၏။ရေတံခွန်အလယ်မှနေ၍ စတင်ကာ နှစ်ခြမ်းကွဲလာသည်။


ထိုရေတံခွန်၏ နောက်တွင် မှောင်မဲနေသော လှိုဏ်ဂူတစ်ခု ထွက်ပေါ်လာ၏။တောင်ကြားထဲတွင် တကယ်ကြီး နောက်ထပ် ဂူတစ်လုံးရှိနေပေသည်။


အားလုံး သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်၍ အလွန်အံ့အားသင့်သွားသည်။နောက်ခဏအတွင်း၌ ဆူညံ ပွက်လောရိုက်သံများနှင့် ပြည့်နှက်သွားလေ၏။


"ဒါက တကယ့်စွမ်းအားကြီးတဲ့ အဓိက အမွေအနှစ်ဖြစ်နေမလား...ကံကြမ္မာရဲ့ရိုက်ချက်ကောင်းလွန်းတယ်..."


လူအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။အနက်ရောင်လှိုင်းလုံးမှနေ၍ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်တွင်ရှိနေကြသော လူများအားလုံး စိတ်လှုပ်ရှားမှုများဖြင့် ရူးသွပ်သွကြလေသည်။သူတို့က ရေတံခွန်နောက်ဘက်ရှိ ဂူထဲသို့ အလျင်စလိုပင် ခုန်ချသွားကြသည်။


အခုလက်ရှိအချိန်၌ ကျင့်ကြံသူများက နဂါးသစ်ပင်ကို ဖြစ်စေ နဂါးသစ်သီးကို ဖြစ်စေ မည်သည်ကိုမှ ဂရုမစ်ိုက်တော့ပေ။သူတို့က အဓိက အမွေအနှစ်၏ ရှေ့တွင် မည်သို့မှ စိတ်အေးအေးမထားနိုင်ကြတော့ပေ။


ထိုထဲတွင် မည်သည့်အမွေအနှစ်မျိုးရှိနေသည်ကို မည်သူမှ မသိသော်လည်း သူတို့ စိတ်မပျက်စေမည့် အံ့သြလောက်စရာ တစ်ခုပင် ဖြစ်မည်မှာ ကျိန်းသေပေသည်။


ဒါကအားလုံးပိုင်ဆိုင်သည့် ကံကောင်းသည့် အခွင့်အရေးသာဖြစ်သည်။သူ့၏ရှေ့မှ မြင်ကွင်းကို အံ့အားသင့်စွာပင်ကြည့်နေမိသည်။ရေတံခွန်၏ နောက်ကွယ်မှ လှိုဏ်ဂူတစ်ခု ပေါ်လာသောကြောင့် သူမှင်သက်နေမိ၏။တကယ်တမ်းတွင် ထိုလှိုဏ်ဂူတွင် အံ့အားသင့်စရာ အမွေအနှစ်များရှိနိုင်ပေသည်။


နဂါးသစ်သီး နဂါးသစ်ပင်နှင် ရေလွှမ်းမိုးနဂါးက ဂူ၏ အဝတွင်ရှိနေခဲ့သည်။ယခု ရေလွှမ်းမိုးနဂါး သေသွားပြီဖြစ်သောကြောင့် အမွေအနှစ်များက အလိုအလျောက်ပေါ်လာလေသည်။


"ကောင်လေး မင်းဘာလို့ မလှုပ်ရှားသေးတာလဲ အဲ့ဒီမှာအရမ်းကောင်းမွန်တဲ့ ပစ္စည်းတွေလည်း ရှိကောင်းရှ်ိနိုင်တယ်..."


ငရဲဘုရင်က အံ့အားသင့်နေသော ပုဖန်ကိုကြည့်၍ လှုံ့ဆော်လိုက်သည်။သူ့စိတ်ထဲတွင်လည်း ပုဖန်က ထိုအမွေအနှစ်များကို စိတ်ဝင်စားသည့်ပုံမရှိသောကြောင့် အနည်းငယ် စ်ိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။


အစောပိုင်းအခ်ျိန်က ပုဖန် ကြီးမြတ်သော ဓားအာဏာရှင်၏ ဂူသင်္ချိုင်းထဲသို့ အတင်းဆွဲသွင်းခံခဲ့ရခြင်းဖြစ်သည်။သူ့တွင် ထိုအမွေအနှစ်များအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိပေ။


သင်္ချိုင်းဂူကို တူးရမည်နှင့် ယှဉ်လျှင် သူ့၏ ဆိုင်သို့သာ ပြန်၍ အဆင့်မြင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကိုသာ ချက်လိုလှသည်။


"စိတ်မဝင်စားဘူး..."


ပုဖန်က သူ့၏ နဂါးသစ်သီးများကို သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။သူဝှိုက်တီ၏ ဗိုက်ကို တစ်ချက်ပုတ်လိုက်ပြီး တောင်ကြားထဲသို့ ဝေ့ဝဲကြည့်လိုက်သည်။


တောင်ကြားထဲတွင် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေပြီး အာဟာရပြည့်လှသည့် မြောက်များလှစွာသော ဆေးပင်များလည်းရှိလေသည်။


တစ်ချို့ဆေးပင်များက တန်ဖိုးဖြတ်၍ မရလောက်အောင်ပင် အဖိုးထိုက်တန်သောကြောင့် အလဟဿဖြုန်းတီး၍ မဖြစ်နိုင်ပေ။ပုဖန် ဆေးပင်တစ်ချို့ကို ရွေးချယ်ယူလိုက်ပြီးနောက် လက်နှစ်ဖက်က်ိုခါလိုက်ပြီး သက်ပြင်းချလိုက်သည်။


"နယ်သာရီ ငါတို့ သွားကြစို့ ..."


ပုဖန်က နွေးထွေးစွာ ပြောလိုက်သည်။နယ်သာရီ အနည်းငယ်ပင် ဇဝေဇဝါဖြစ်သွားသည်။


ပုဖန်က အမွေအနှစ်ဂူထဲကို ဝင်ဖို့ စိတ်ကူးမရှိဘူးလား...အဲ့ဒါက အဓိက အမွေအနှစ်ကြီးလေ...


"ကောင်းပြီလေ..."


သို့သော်လည်း သူမက မေးခွန်းမထုတ်ပဲ သူ့၏ ငရဲကမ္ဘာသင်္ဘောကိုသာ အသက်သွင်းလိုက်သည်။သူမတွင် ငရဲကမ္ဘာသင်္ဘောရှိနေသောကြောင့် ထိုကဲ့သို့ ဆန်းကြယ်လှသော နေရာမှထွက်ခွာရန် ရွှေ့ပြောင်းအစီအရင် မလိုအပ်ပေ။


"သွားမယ်...ဘယ်ကိုသွားမှာလဲ ကောင်မလေး နင်အဲ့ဒီလိုမျိုး ထွက်သွားချင်တိုင်း ထွက်သွားလို့မရဘူး...ငရဲကမ္ဘာက အဖိုးကြီးတွေက နင်စကားတစ်ခွန်းမှမဆိုပဲ ထွက်သွားတဲ့အတွက် မပျော်မရွှင်ဖြစ်နေကြပြီ..."


ငရဲဘုရင်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။ငရဲကမ္ဘာမှ ပြည်နှင်ဒဏ်ပေးခြင်းခံထားရသော နယ်သာရီတွင် ကြီးမားစွာ အက်ျိုးသက်ရောက်သော ကျိန်စာရှိနေပေသည်။ထိုကျိန်စာက သူမ ငရဲကမ္ဘာသို့ ပြန်လာမှသာလျှင် ပျောက်ပြယ်သွားမည်ဖြစ်သည်။


ထိုအချိန်မတိုင်ခင် သူမက ထူးခြားဆန်းကြယ်လှသော နယ်မြေအတွင်းတွင် ငရဲကမ္ဘာသင်္ဘောပေါ်တွင်သာ နေထိုင်သင့်ပေသည်။သူက ငရဲကမ္ဘာ၏ အုပ်ချုပ်သူ ဘုရင်ဖြစ်နေသော်လည်း ကျိန်စာအပေါ်တွင် သူဆန္ဒရှိသလို ရေး၍ မရပေ။


ထို့အပြင် အဖိုးအိုကြီးတွေကလည်း ထ်ိုသို့ လုပ်လိုက်လျှင် ကျေနပ်ကြမည်မဟုတ်ပေ။နယ်သာရီက သူ့ကို တင်းမာသော မျက်နာထားဖြင့် စူးစူးရဲရဲကြည့်နေသော ငရဲဘုရင်ကို လှည့်ကြည့်လိုက်သည်။


"ငါတို့ ပုဖန်ရဲ့ စားသောက်ဆိုင်ကို ပြန်ရမယ်...အဲ့ဒီမှာ အစပ်ချောင်းတွေ အများကြီးရှိတယ်..."


သူမတည်ကြည်လေးနက်သော အသံဖြင့်ပြောလိုက်သည်။


"နင်သွားနိုင်တယ်...ဒီလိုမျိုး စိတ်ကျေနပ်စရာမကောင်းတဲ့ နေရာမှာ နေရတာ တော်တော်လေးစိတ်ရှုပ်ဖို့ကောင်းတယ်...ငါတို့က အိမ်ရဲ့ နွေးထွေးမှုကို ခံစားရဖို့ လိုအပ်တယ်...လာလေ သွားကြစ်ို့...ငါတို့ရဲ့ ဦးတည်ရာက တူနေတာပဲဟာ တူတူသွားကြတာပေါ့..."


ငရဲဘုရင်က တကယ်က်ို တရားနည်းလမ်းကျလှသော အသံဖြင့် ပြောလိုက်သည်။ပုဖန် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေသည်။


သူက တကယ်ကော ငရဲဘုရင် ဟုတ်ရဲ့လား...တကယ်ကြီး မြေအောက်ကမ္ဘာရဲ့ အုပ်ချုပ်သူအစစ်ဟုတ်ရဲ့လား...ဘာလို့ လူကြီးလူကောင်းတစ်ယောက် ရဲ့ အပြုအမူအမျိုးမရှိတာလဲ...


နန်ကုန်းဝူချယ်ထက်ပင် ပိုဆိုးသည့် လူပြက်တစ်ကောင်ဖြစ်နေပေသည်။ထိုနှစ်ယောက်ကိုသာ တစ်နေရာထဲတွင် အတူထားလိုက်လျှင် မည်သည့် အရာများဖြစ်လာမည်ကို တွေးကြည့်နိုင်သည်။


"အရှင်သခင် ဒီတိုင်းပဲ ထွက်သွားတော့မှာလား..."


ကျန်းလင် ကြောင်အမှင်သက်နေမိသည်။


ဒီအတိုင်းပဲ ထွက်သွားတော့မယ် ငါတို့ ကျန်နေတဲ့ အမွေအနှစ်တွေကိုတောင် မကြည့်ရသေးဘူးလေ...အဲ့ဒါအတွက်ကို နည်းနည်းလေးမှတောင် အားစိုက်မထုတ်ရသေးဘူးလေ အဲ့ဒါကို ဒီတိုင်းပဲ သွားတော့မှာလား...


ဒါက အလွန်ပင် ကြီးမားသည့် အခွင့်အရေးမျိုးဖြစ်သည်။ကျန်းလင်ရူးသွပ်သွားတော့မလိုပင် ခံစားလိုက်ရသည်။ဒါက သူမအတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်နေကြောင်း သူမ ရှင်းရှင်းလင်းလင်း သိပေသည်။


"အရှင်သခင် ကျွန်မက အစောပိုင်းက အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးခဲ့ပြီးပြီ ဒီတစ်ခုကိုတော့ လုံးဝ လက်လွတ်မခံနိုင်ဘူး..."


ကျန်းလင်၏ မျက်နာအမူအရာက တည်ကြည်လေးနက်သွားပြီး ငရဲဘုရင်ကို ဦးတည်၍ ပြောလိုက်သည်။အစောပိုင်းကလည်း ငရဲဘုရင်ကို ဆင့်ခေါ်နေရသောကြောင့် ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေအနှစ်ကို သူမမရနိုင်ခဲ့ပေ။


ယခုနောက်ထပ် ကြီးမားလှသည့် အခွင့်အရေးက သူမရှေ့၌ ရောက်နေပြီဖြစ်လေရာ ဒီတိုင်းလက်လွတ်မခံနိုင်တော့ပေ။သင်္ဘောပေါ်သို့ပင် ရောက်နေပြီဖြစ်သော ငရဲဘုရင်က ကျန်းလင်၏ အခက်အခဲကို ကြည့်လိုက်ရုံဖြင့် ခံစားမိလိုက်သည်။


"ငါနားလည်ပါတယ်...မင်းရဲ့ နှလုံးသားထဲက ဆန္ဒအတိုင်း သွားတိုက်ခိုက်ချေ သွား...သွားပြီးတော့ မင်းကို စောင့်နေမယ့် ကံကြမ္မာကောင်းတွေကို သွားရှာဖွေချေ...သလင်းကျောက် နှစ်သောင်းအတွက်ကတော့ နောက်တစ်ကြိမ် ငါတို့ တွေ့တဲ့အခါကျရင် ငါပြန်ပေးမယ်..."


ငရဲဘုရင်က ကျန်းလင် စိတ်အေးရစေရန်အတွက် နောက်ဆုံးစကားတစ်ခွန်းကိုပါ ထပ်ပေါင်းပြောလိုက်သည်။သို့သော်လည်း ကျန်းလင်ဆိုလိုသည့် အဓိပ္ပါယ်က ဒီလိုမဟုတ်ပေ။


"အရှင်သခင် ရှင်ကျွန်မကို အခွင့်အရေးကောင်း တစ်ခုပေးမယ်လို့ ကတိပေးထားတယ်လေ...ကျွန်မပြန်လာတဲ့အချိန်ကျရင် ကျိန်းသေပေါက် ရှင့်ကို လာရှာမယ်..."


ကျန်းလင်က ပြောပြီးသည်နှင့် လေထဲခုန်တက်လိုက်သည်။သူ့၏ နောက်ဘက်မှလည်း စိတ်ဝိညာဉ် ကြိုးလေးချောင်းပေါ်လာလေသည်။


ငရဲဘုရင်က ကျန်းလင်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကိုကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်သည်။


"ဟင်း...အခုခေတ်လူငယ်တွေက အရမ်းကိုပဲ ပြောရဆိုရခက်တယ်"


ထိုအချိန်တွင်


ကောင်းကင်ပေါ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသော လှိုင်းလုံးများ ကျဆင်းလာသည်။သိပ်သည်းလှသော စွမ်းအင်များက နေရာအနှံ့ကိုဖုံးလွှမ်းသွားပြီး ကောင်းကင်ပေါ်မှနေ၍ ကြီးမားသောအရိပ်ကြီးတစ်ခု တဖြေးဖြေးချင်း ကျဆင်းလာသည်။


ကြည့်ရသည်မှာ အမွေအနှစ်က သာမန်မဟုတ်ပေ။ကောင်းကင်ပြင်မှ ပေါ်ထွက်လာသောအရိပ်က အားလုံးကို တပ်လှန့်လိုက်သကဲ့သို့ပင်။ထိုနေရာ၌ နောက်ထပ် အားကောင်းလှသောတည်ရှ်ိမှုလည်းရှိနေပေသည်။


ကောင်းကင်မှနေ၍ ဆန်းကြယ်လှသောအနီရောင်ဓားစွမ်းရည်များ ထွက်ပေါ်လာပြီး သူ့၏ လမ်းကြောင်းရှိ အရာရာအားလုံးကို ဖျက်စီးပစ်လိုက်လေသည်။ထိုဓားပျံနေပေါ်တွင် ထန်းဆန်းကြယ်သော အော်ရာများကို ထုတ်လွင့်နေသော လူတစ်ယောက် လိုက်ပါလာသည်။


ထိုနှစ်ယောက် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူတို့ဆီမှ ထုတ်လွင့်နေသော ကြောက်မက်ဖွယ်အော်ရာများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ပုဖန် ထ်ိုမြင်ကွင်းကိုကြည့်၍ ထိတ်လန့်အံ့အားသင့်သွားမိသည်။


"ငါ့စကားကို မှတ်မိတယ်မဟုတ်လား....ဒီလောက် တုန်လှုပ်ဖွယ်ရာကို မင်းလျစ်လျူရှူလိုက်မယ်ဆိုရင် အခွင့်အရေးကောင်းကို ဆုံးရှုံးသွားလိုက်မယ်...စွမ်းအားကြီးတဲ့ လူတွေတောင် ဒီကျန်ရှိနေသေးတဲ့ အမွေအနှစ်အတွက် အပြေးအလွှားလာနေကြတယ်...အခုမင်းနောင်တရပြီလား..."


ငရဲဘုရင်ကမေးခွန်းထုတ်လိုက်သည်။သို့သော်လည်း ပုဖန်က အေးဆေးတည်ငြိမ်စွာဖြင့်ပင် ခေါင်းခါပြလိုက်သည်။ထိုကဲ့သို့ အလွန်အမင်းဖိနှိပ်နိုင်စွမ်းသော အော်ရာမျိုးကို ထုတ်လွင့်နိုင်သည့် သူမ်ျိုးနှင့် ပုဖန်တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။ထိုသူများက မသေမ်ျိုးဝိညာဉ်အဆင့်များ ဖြစ်နိုငိပေသည်။


ထိုစွမ်းအားမျိုးနှင့် ရင်ဆိုင်ရလျှင် သူ လွတ်မြောက်ရန်ပင် ဖြစ်နိုင်မည်မဟုတ်ပေ။ထိုသို့ဖြစ်လေရာ သူ့၏ ကံကြမ္မာကောင်းကို စုပ်ကိုင်မည့်မည့် အခွင့်အရေးကလည်း ဇီးရိုးရာခိုင်နှုန်းသာရှိလေသည်။အမွေအနှစ်အတွက် သွားရန် ရွေးချယ်မည်မဟုတ်ပေ။သူ့၏ ဆိုင်သို့သာပြန်၍ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက် ပြင်ဆင်ချင်ပေသည်။


ငရဲကမ္ဘာသင်္ဘောက ကောင်းကင်ယံထက်ဆီသို့ ဖြေးဖြေးချင်းတက်သွားသည်။နယ်သာရီက သင်္ဘော၏ဦးပိုင်းတွင် လက်ပိုက်၍ ရပ်နေသည်။သင်္ဘောအတွင်းမှ စွမ်းအင်များက စတင်လည်ပတ်လာလေပြီ။


ခဏအတွင်းမှာပင် ငရဲကမ္ဘာသင်္ဘောက အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သလိုမျိုး မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။


.....


လခြမ်းကွေးလေး နှစ်ခုက ကောင်းကင်ယံထက်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။


ထိုအခ်ျိန်၌ လေဟာနယ်၌ ဝဲဂယက်များဖြစ်ပေါ်လာသည်။ဆုတ်ပြဲသွားသောလေဟာနယ်ထဲမှ သင်္ဘောကြီးတစ်စင်းထွက်ပေါ်လာလေ၏။ခဏအတွင်းမှာပဲ အရာရာအားလုံးက ပုံမှန်အတိုင်း ပြန်လည်တိတ်ဆိတ်သွားသည်။


ငရဲကမ္ဘာသင်္ဘောဆင်းသက်လိုက်သည့်အချိန်တွင် ကြီးမားလှသည့် လှိုင်းတစ်ခုက အဘက်ဘက်သို့ ရိုက်ခတ်သွားသည်။


"ဝါး...အခုမှပဲ အိမ်ပြန်ရောက်တဲ့ ခံစားချက်မျိုးခံစားရတယ်...ဒီနေရာရဲ့ စွမ်းအင်တွေက ငရဲကမ္ဘာနဲ့ယှဉ်လိုက်လျှင် ပိုပြီး အားပျော့တယ်ဆိုပေမယ့်လည်း တော်တော်လေးလန်းဆန်းစေတယ်...ဒါက ငါ့ရဲ့ စိတ်ကို လုံးဝ ကြည်လင်လန်းဆန်းသွားစေတယ်..."


ငရဲဘုရင်၏ မျက်နာပေါ်တွင် အောက်မေ့ လွမ်းဆွတ်သည့် အရိပ်အယောင်မျိုးပေါ်လာလေသည်။နယ်သာရီ ပုဖန်နှင့် ဝှိုက်တီတို့က သင်္ဘောပေါ်မှ ခုန်ဆင်းလာသောကြောင့် ဘုန်းခနဲမြည်သံတစ်ခုနှင့်အတူ ကြမ်းပြင်က လှုပ်ခါသွားသည်။


တောက်ပလှသော အလင်းရောင်က တိမ်ခိုးစားသောက်ဆိုင်အပေါ် ဖြာကျနေသောကြောင့် စားသောက်ဆိုင်ကို အဝတ်ဖြူစတစ်စဖြင့် လွှမ်းခြုံထားသလို ထင်ရစေသည်။မျက်ဝန်းများကိုမှေးကျင်း၍ သူ့၏ စားသောက်ဆိုင်ကို ကြည့်လိုက်သည်။သူ့နှလုံးသားထဲ၌ ရင်းနီးကျွမ်းဝင်နေသော ခံစားချက်ကို ခံစားလိုက်ရသည်။ထိုခံစားချက်ကို သူတကယ်ကို နှစ်ခြိုက်ပေသည်။


မြောက်များလှသော ရတနာများနှင့် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေနှင့်ယှဉ်လိုက်လျှင်လည်း ပုဖန်က သူ့၏ မီးဖ်ိုခန်းလေးကိုသာ ပို၍ နှစ်သက်မြတ်နိုးဆဲဖြစ်သည်။


တံခါးဖွင့်လိုက်ပြီး ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်။နယ်သာရီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ငရဲကမ္ဘာသင်္ဘောက ဆ်ိုင်ထဲသို့ ပျံသန်းဝင်သွားပြီး ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ဘေးနားသို့ ဆင်းသက်သွားလေသည်။


ကျယ်လောင်သံတစ်ချက်နှင့်အတူ သိမြင်မှု သစ်သီးပင်က ပြင်းပြင်းထန်ထန် လှုပ်ခါသွား၏ သစ်ရွက်တစ်ရွက်ကြွေကျသွားပြီး ခွေးဘုရင်၏နှာခေါင်းပေါ်သို့ ပြုတ်ကျသွားလေသည်။


ခွေးဘုရင်က နှာတစ်ချက်ချေလိုက်ပြီးနောက် သူ့၏ ငိုက်မြည်းနေသော မျက်ဝန်းများကို အားတင်းဖွင့်ကာ ပုဖန်ကို ကြည့်လိုက်သည်။လရောင်က ပုဖန်၏ ဝတ်ရုံပေါ် ဖြာကျနေသောကြောင့် သူ့ရဲ့ ရုပ်အသွင်အပြင်က အလွန်ပင် အံ့သြစရာကောင်းလှသည်။


သို့သော်လည်း ခွေးဘုရင်က ပုဖန်၏ အသွင်အပြင်ကို ဂရုမစိုက်ပေ။သူအတွေးတစ်ချက်ကို ပုဖန်၏ ခေါင်းထဲသို့ လျင်လျင်မြန်မြန်လွှဲပြောင်းပို့လိုက်သည်။


"ကောင်စုတ်လေး...နောက်ဆုံးတော့ ပြန်လာပြီပေါ့..."


ဆိုင်၏ အပြင်ဘက်တွင် ငရဲဘုရင်က လေထဲတွင် လွင့်မျောနေသည်။ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရရုံဖြင့် မျက်လုံးများဖွင့်လိုက်သည်။သူ့၏ နားရွက်ဖျားလေးများက လှုပ်ခတ်သွားပြီး ချောမောခန့်ညားသောမျက်နာပင် တုန်ယင်သွားလေသည်။


သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တိမ်ခိုးစားသောက်ဆိုင်အတွင်းသို့ ကြည့်လိုက်သည်။တိမ်ခိုးစားသောက်ဆိုင်အတွင်းရှိ အရာရာတိုင်းကိုထွင်းဖောက်မြင်နေရသကဲ့သို့ မျက်ဝန်းထဲ၌ နက်ရှ်ိုင်းလှသော အလင်းရောင်တစ်ချက် တောက်ပလာသည်။


သိမြင်မှု သစ်သီးပင် အောက်တွင်ရှိနေသော ခွေးဘုရင်ကလည်း တစ်စုံတစ်ခုကို ခံစားလိုက်မိပုံဖြင့် အလျင်အမြန် ခေါင်းထောင်ကြည့်လိုက်သည်။လူတစ်ယောက်နှင့် ခွေးတစ်ကောင်က အချင်းချင်းစူးစမ်းနေကြသည်။


"အဲ့ဒါက တကယ်ပဲ ဟို အီးပေါလောကြီးလား..."

 

ခွေးဘုရင်က တီးတိုးရေရွတ်လိုက်သည်။ငရဲဘုရင်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


"ဟူး...ဒီခွေးနက်ကြီးက ဘောလုံးတစ်လုံးလို လုံးဝန်းနေတာပဲ သူက ဟို သိက္ခာမရှိ အရှက်မဲ့တဲ့ ခွေးတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး..."