အခန်း ၅၉၂
အဆင့်နိမ့်သောငရဲဘုရင်...
ငရဲဘုရင်ပေါ်လာခြင်းကို အံ့အားဖြစ်သည်ထက် သံသယဖြစ်သည်ကိုသာ ခွေးဘုရင် ခံစားလိုက်ရသည်။သူတစ်ချက်သန်းဝေလိုက်ပြီးနောက် ပြန်လည်လှဲချလိုက်၍ အိပ်စက်လိုက်သည်။
ငရဲဘုရင်က စိတ်သက်သာရာရသွားပြီးနောက် သူ့မျက်နာက ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်သွားသည်။ထို့နောက် နယ်သာရီ၏နောက်မှနေ၍ လိုက်ဆင်းသက်လိုက်လေသည်။
သူဆိုင်ထဲသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်သည်။ဆိုင်၏ အပြင်အဆင်က တကယ့်ကို ရိုးရှင်းသပ်ရပ်နေလေသည်။မည်သည့်နေရာတွင်မှ ဖုန်လေးတစ်စက်ပင် မတွေ့ရပေ။ထို့အပြင် လေထုထဲတွင်လည်း ဟင်းပေါင်းမြောက်များစွာ၏ အမွှေးရနံ့များက လွင့်ဝဲနေသေးသည်။ငရဲဘုရင်သည်လည်း နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သေးသည်။
ငရဲဘုရင်က ခုံတစ်ခုံက်ိုယူ၍ ထိုင်လိုက်ပြီးနောက် ဆိုင်ထဲကို အေးအေးဆေးဆေးထပ်မံကြည့်ရှုလိုက်သည်။ရုတ်တရက် သူ့၏ အကြည့်များက သိမြင်မှု သစ်သီးပင်အောက်တွင်အိပ်နေသော ခွေးဖက်တီးပေါ်သို့ ကျရောက်သွားလေသည်။
"ဒီခွေးနက်ကြီးက အရမ်းကို ဝတာပဲ...ဒီလိုပေါများနေတဲ့ အသားတွေကတော့ မျက်စိစူးစရာပဲ...ဟိုခွေးငလိမ်ကောင်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့... တကယ်တမ်း ခွေးငလိမ်ကောင်ကမှ ပိုပြီးတော့ ခန့်ညားသေးတယ်..."
ငရဲဘုရင်က သူ့၏ မေးစေ့ကို ပွတ်သပ်ရင်း မှတ်ချက်ပြုနေလေသည်။ငရဲဘုရင်က မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ခွေးဘုရင်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။
သူက ခွေးဘုရင်နားသို့ အနီးကပ်သွား၍ သေချာစွာအကဲခတ်ကြည့်လိုက်ပြီးနောက် ခေါင်းအသာညိတ်လိုက်သည်။
"ငါ ဝန်ခံရမယ်ဆိုရင်တော့ ဒီခွေးက တော်တော်ကြီးဝနေပေမယ့် ဟိုခွေးငလိမ်ကောင်နဲ့ တော်တော်လေးတော့ ဆင်တူတယ်...သူရဲ့ အော်ရာတွေကတောင်မှ ဟိုခွေးငလိမ်ကောင်နဲ့ လုံးဝ နီးပါးဆင်တူနေတယ် ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ..."
ငရဲဘုရင်က မီးဖိုချောင်းဘက်ဆီသို့ လျှောက်သွားသော ပုဖန်ဘက်ဆီသို့ လှည့်၍ ပြောလိုက်သည်။
ပုဖန်၏ မျက်ဝန်းထောင့်စွန်းလေးများ တွန့်ကွေးသွားသော်လည်း သူက မည်သည့်စကားမှ မဆိုပေ။ထိုသူက ခွေးဘုရင်ကို သွားရှုပ်ချင်သည်ဆိုလည်းရှုပ်ပစေ။
မည်သို့ပင်ဆိုစေ သူကလည်း ငရဲဘုရင် ဖြစ်လေရာ သူ့၏ အရေပြားက အခြားအရာများထက် ပိုမာကြောပေလိမ့်မည်။ခွေးဘုရင်၏ ကုတ်ခြစ်မှုဒဏ်မှ လွတ်မြောက်ကောင်းလွတ်မြောက်နိုင်ပေသည်။
ငရဲဘုရင်ကမူ ပုဖန်၏ အေးစက်လှသောစိတ်ထားကို အသားကျနေလေပြီ ထိုကောင်လေးက သူ့၏ ချောမောခန့်ညားမှုက်ို မနာလိုဖြစ်နေခြင်းဖြစ်သည်။ငရဲဘုရင်က ခွေးဘုရင်နားတွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သူ့၏ ခေါင်းကို အသာထိလိုက်သည်။
" ဟမ်း...ဒီခွေးက တော်တော်လေးဝတယ်ဆိုပေမယ့် သူ့ကို ထိရတာတော့ တော်တော်ကောင်းတယ် ..."
ငရဲဘုရင်က ခွေးဘုရင်၏ ခေါင်းကို အသာအယာ ပွတ်နေလေသည်။အညစ်အကြေးကင်းလှသော အမွှေးလေးများက နူးညံ့လွန်းလှသည်။နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်၍ ငရဲဘုရင်ကိုကြည့်နေလေသည်။သူမက အရူးတစ်ယောက်ကို မြင်နေရသည်ဟုသာ တွေးနေမိသည်။
"တကယ့်ကိုပဲ ဒီလူအိုကြီးရဲ့ စိတ်အခြေအနေက မကောင်းတော့ဘူးလား..."
ခွေးဘုရင်က မျက်လုံးဖွင့်ကြည့်ရန် အလွန်ပြင်းနေသော်လည်း သက်ပြင်းတစ်ချက်အသာချလိုက်ပြီး ငရဲဘုရင်ကို ကြည့်လိုက်သည်။
"ဟေး...အီးပေါလောကြီး မင်း အခု ငါ့ကို လုပ်နေတာ မရပ်လိုက်ဘူးဆိုရင် နောက်ဖြစ်လာမယ့် အရာအတွက် ငါ့ကို အပြစ်မတင်နဲ့နော်..."
နူးညံ့သော်လည်း ဆွဲဆောင်မှု ပြည့်လှသည့် အသံတစ်သံက်ို ကြားလိုက်ရသည်။ငရဲဘုရင်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။
"သောက်ကျိုးနဲ... ချီးလိုပဲ... ဒါက ဟို ခွေးငပျင်းပဲ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဝလာတာလဲ..."
ပြောစရာစကားမဲ့သွားမိသည်။
"ဒီလူအိုကြီးက ခွေးဘုရင်ကို မမှတ်မိဘူးလား..."
ခွေးဘုရင်လည်း ပြောစရာစကားမဲ့သွားသည်။ထို့နောက် သူ့၏ လက်သည်းများကို ငရဲဘုရင်၏ မျက်နာဆီသို့ ဆန့်ထုတ်လိုက်သည်။ငရဲ ဘုရင်က ချက်ချင်းပင် မချိတင်ပဲ ရေရွတ်လိုက်သည်။
"မင်း... ခွေးငပျင်း...မင်းသူများရဲ့ မျက်နာကို တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့ ကလေးတွေ အလှည့်ကျရင် ဝဋ်ပြန်လည်လိမ့်မယ်...မင်းက တကယ်ပဲ ဒီဘုရင်ရဲ့ ချောမောခန့်ညားမှုက်ို မနာလို ဖြစ်နေတယ်..."
ငရဲဘုရင်က စက္ကန့်ပိုင်းအတွင်းတွင် ခွေးဘုရင်၏ ကုတ်ချက်ကို ရှောင်ဖယ်လိုက်သည်။
ဝုန်း...
ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် တွန့်လိမ်သွား၏ ခွေးဘုရင်၏ လက်ဝါးရိုက်ချက်က မည်မျှ သန်မာလှကြောင်း မြင်နိုင်ပေသည်။
ငရဲဘုရင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။ထိုလက်ဝါးရိုက်ချက်သာ ထိမိသွားလျှင် သူ့၏ မျက်နာလုံးဝ စုတ်ပြတ်သွားမည်မှန်း တွေးစရာတောင်မလိုတော့ပေ။ထိုခွေးငပျင်းင အရင်တုန်းက အတိုင်းပင်။
"အဖိုးကြီးက ဒီကို ခန္ဓာကိုယ်အစစ်နဲ့လာတာပဲ ကိုယ်ပွားမဟုတ်ဘူးလား..."
ခွေးဘုရင်က သူ့၏ လက်ဖဝါးလေးကို လျှာဖြင့် သက်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။သူ့၏ မျက်နာအမူအရာက အလွန်ပင် ဂုဏ်ယူနေဟန် ပေါက်လေသည်။
"မင်း ငါ့ကို အဖိုးကြီးလို့ ခေါ်နေတာ ရပ်လိုက်နော် ...ငါအခုထိ အရမ်းကို ငယ်ရွယ်နေသေးတယ် ...ငရဲဘုရင်က သူ့့ အဝတ်အစားကို သေသပ်အောင် ဆွဲဆန့်ရင်းဖြင့် ရုပ်ဆိုးလှသော မျက်နာအမူအရာဖြင့် ပြောလိုက်သည်။
ခွေးဘုရင် မျက်လုံးလှန်ပြလိုက်သည်။
"အရှက်မရှိတဲ့ အဖိုးကြီး မင်းအသက်ရှင်လာတာ နှစ်ပေါင်းတစ်သောင်းလောက်ရှိနေပြီ ဒါတောင်မှ အခုထိ ငယ်ရွယ်နုပျိုဟန်ဆောင်နေတုန်း...နည်းနည်းလေးမှ ရှက်တယ်လို့ မခံစားရဘူးလား..."
"ဟမ်...ဖက်တီးပုပ် ခွေးငပျင်း မင်းကလည်း ဝတာမှ ဘောလုံးတစ်လုံးတောင်ဖြစ်နေပြီ ဘာလို့ အခုထိ မသေသေးတာလဲ..."
ငရဲဘုရင် ဒေါသချောင်းချောင်းထွက်လာလေသည်။
"ငါက ပြည့်ဖြိုးတာ ဝတာမဟုတ်ဘူး...မင်း အဲ့ဒီအကြောင်းနဲ ပတ်သတ်ပြီး ဘာတွေ ပြောချင်သေးတာလဲ...ချချင်လို့လား...အပြင်ဘက်မှာ ထွက်ချကြမယ်ဆိုရင်ကော ဘယ်လိုလဲ..."
ခွေးဘုရင်က စူးစူးရဲရဲ စိုက်ကြည့်ရင်း မတ်တပ်ထရပ်လိုက်သည်။သူ့၏ အဆီပြင်များပင် တလှုပ်လှုပ်ခါနေ၏။
"ဟုတ်လား...ဒီဘုရင်က မင်းကို ကြောက်မယ်လို့များ ထင်နေလား...ဒီနေ့ငါ မင်းရဲ့ အဆီပိုတွေ လျော့သွားအောင် မလုပ်နိုင်ဘူးဆိုရင် ငါ့ရဲ့ မ်ျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်..."
ငရဲဘုရင်က သူ့၏ အနက်ရောင်ဆံနွယ်များကို နောက်သို့ တွန်းပို့ရင်း ဟန်ကျကျ ပြောလိုက်သည်။ဒီအဖိုးကြီးက တကယ့်က်ို ရူးသွပ်နေပေသည်။ခွေးဘုရင်ကလည်း အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်က မီးပွင့်မတက် အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။သူတို့က အကြည့်ချင်း ရန်ဖစ်နေကြပုံပေါ်လေသည်။
နယ်သာရီက ခြေထောက်လေးအသာလွှဲယမ်းရင်း သူ့ရှေ့မှရမြငိကွင်းကို အမူအရာမဲ့စွာဖြင့် ကြည့်နေလေသည်။
ရှစ်လေးက ခေါင်းတလှုပ်လှုပ်ခါယမ်းရင်း အနောက်သို့ ဆုတ်လိုက်သည်။ထို့နောက် သူ့၏ ရှေ့မှ မြင်နေရသည့် မြင်ကွင်းကို မျက်လုံးပြူးလေးများဖြင့် ကြည့်နေလေသည်။
သို့သော်လည်း လေထုက ပေါက်ကွဲမတက် ဖြစ်နေသည့် အချိန်တွင် မီးဖ်ိုချောင်ဘက်ဆီမှ သင်းပျံ့မွှေးကြိုင်သည့် ရနံ့များပြန့်လွင့်လာလေသည်။ခွေးဘုရင်၏မျက်ဝန်းများက တောက်ပလင်းလက်သွားလေသည်။ခွေးဘုရင်က နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်ပြီးနောက် မော်ကြွားလှသော မျက်နာအမူအရာမျိုးဖြင့် ငရဲဘုရင်ကို အကြည့်လွှဲလိုက်သည်။
ခွေးဘုရင်က တင့်တယ်လှသော ခြေလှမ်းမျိုးဖြင့် ငရဲဘုရင်ကို ဖြတ်ကျော်၍ လျှောက်သွားလိုက်သည်။ခွေးဘုရင်က ထိုင်ခုံပေါ်တွင် ထိုင်ပြီးသည်နှင့် စားပွဲကို ခွေးလက်ဖဝါးလေးများဖြင့် ရိုက်လိုက်သည်။
ငရဲဘုရင်က အေးစက်စွာရယ်မောလိုက်သည်။ထိုခွေးက အရင်ဆုံး နောက်ဆုတ်သွားပေသည်။သို့သော်လည်း ထိုခဏမှာပင် ပြင်းထန်လှသော မွှေးရနံ့များက နှာခေါင်းထဲ လုယက်တိုးဝင်လာသောကြောင့် သူ့ခန္ဓာကိုယ်တောင့်တင်းသွားသည်။
မွှေးရနံ့များထွက်ပေါ်လာသည့် နေရာကို လှည့်ကြည့်လိုက်သည်။ထိုအခ်ျိန်၌ မီးဖိုခန်းဝမှနေ၍ ပိန်ပါးသွယ်လျသည့် လူတစ်ယောက်ပေါ်လာသည်။ပုဖန်က အငွေ့တထောင်းထောင်းထွက်နေသော ပန်းကန်ပြားနှစ်ချပ်ကို သယ်ဆောင်လာ၏။
"ဘလက်ကီ နယ်သာရီ ဒီမှာ မင်းတို့ရဲ့ အစားအစာကို လာစားကြ..."
ပုဖန်က နံရိုးချိုချဉ်ကြော်နဲ့ ထမင်းကြော်ကို စားပွဲပေါ်တင်ပေးလိုက်သည်။နယ်သာရီနှင့် ဘလက်ကီက နေရာကြိုတင်ယူပြီးသားဖြစ်သည်။သူတို့က ကြိုတင်မျှော်လင့်စောင့်စားနေသည့် အကြည့်များဖြင့်ပင် ပုဖန်ကို ကြည့်နေကြသေးသည်။
ဘလက်ကီ၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေလေသည်။နံရိုးချိုချဉ်ကြော်ကသာ အကောင်းဆုံးဖြစ်သည်။အစပ်ချောင်းကလည်း ကောင်သည်ဆိုသော်လည်း အများကြီးစားပါက ကျန်းမာရးအတွက်မကောင်းပေ။
နယ်သာရီကမူ စကားတစ်ခွန်းမှမဆိုတော့ပဲ ထ်ိုထမင်းပန်းကန်ပွဲကို ဆွဲယူလိုက်ကာ အစားကြူးလူရိုင်းတစ်ယောက်ကဲ့သို့ပင် စားသောက်နေပြီဖြစ်သည်။
ခွေးဘုရင်က သူ့ရှေ့မှ မြင်ကွင်းကိုကြည့်၍ကြောင်အမှင်သက်နေသည်။
"ဘာတွေ ဖြစ်နေကြတာလဲ သူတို့နှစ်ယောက်က ဘာတွေစားနေကြတာလဲ ဘာလို့ အရမ်းစားချင်စရာကောင်းတာလဲ..."
ရှလွတ်...ရှလွတ်...
နံရိုးချိုချဉ်ကြော်ကို အဆက်မပြတ်ဝါးနေသောကြောင့် ခွေးဘုရင်ရဲ့ မျက်နာပေါ်မှ အဆီများက မထိန်းချုပ်နိုင်စွာဖြင့် လှုပ်ခါနေလေသည်။သူ့မျက်နာတွင်လည်း အလွန်စိတ်ကျေနပ်နေသည့် အမူအရာမျိုး ပေါ်လွင်နေ၏။
၎င်းက သူ ကောင်းကင်ဘုံတွင် စံစားနေသကဲ့သို့ပင် ထင်မြင်ရစေသည်။ခွေးဘုရင်က နံရိုးချိုချဉ်ကြော်ကို ဝါးရင်းဖြင့် ငရဲဘုရင်ကို လှောင်ပြောင်မှုအပြည့်ဖြင့် ကြည့်နေသည်။
ငရဲဘုရင် တံတွေးတစ်လုတ်မျိုချလိုက်သည်။သူက နံရိုးချိုချဉ်ကြော်ပန်းကန်ကို တောင်းတ လိုချင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ခွေးဘုရင်နှင့် နယ်သာရီတို့ စားသောက်နေပုံကိုကြည့်၍ သူတည်တည်ငြိမ်ငြိမ် ထပ်မနေနိုင်တော့ပေ။
"ကောင်ငယ်လေး...ငါ့အတွက်ကရော... မင်းမှာ ဒီဘုရင်အတွက် တစ်ခုခုများမရှိဘူးလား...သူတို့ စားနေကြတယ်ဆိုမှတော့ ဒီဘုရင်အတွက်လည်း တစ်ခုခုစားဖို့ပေးသင့်တယ်လေ မဟုတ်ဘူးလား..."
ငရဲဘုရင်က နွေးထွေးစွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။ပုဖန် ကြောင်အသွားသည်။သူက ငရဲဘုရင်ကို အရူးတစ်ယောက်ကို ကြည့်ရသကဲ့သို့ ကြည့်လိုက်သည်။
"ခင်ဗျားဘာပဲစားချင်ချင် မှာလိုက်လေ...နယ်သာရီကို ပြောလိုက် မီနူးက အနောက်ဘက်မှာ စျေးနှုန်းတွေလည်း ရေးထားပြီးသား...စျေးဆစ်လို့တော့မရဘူး..."
ပုဖန် ပြောပြီးသည်နှင့် မီးဖိုချောင်ဘက်သို့ ဝင်ရန်ပြင်လိုက်သည်။နယ်သာရီနှင့် ဘလက်ကီတို့အတွက် စားစရာ ပြင်ပြီးသွားပြီ ဖြစ်လေရာ အခုက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက် ပြင်ဆင်ရမည့်အခ်ျိန်ပင်။
ထိုဟင်းပွဲက သူ့၏ အဆင့်တက်နိုင်မတက်နိုင်ကို ဆုံးဖြတ်ပေးမှာ ဖြစ်သည်။ငရဲဘုရင်က ပျောက်ကွယ်သွားသော ပုဖန်၏ ပုံရိပ်ကိုကြည့်၍ ရှုံ့မဲ့သွားသည်။ထို့နောက် နံရံပေါ်မှ မီနူးကို လှမ်းကြည့်လိုက်သည်။သူ့၏ မျက်ဝန်းများက လင်ကွင်းလောက် ပြူးကျယ်သွားလေသည်။
"သောက်ကျင့် မကောင်းတဲ့ ကလေး အစပ်ချောင်း တစ်ချောင်းကို သလင်းကျောက် ၁၅၀၀ပဲရှိတာမဟုတ်ဘူးလား...ချီးလိုပဲ ငါဘုရင်ကို တစ်ချောင်း နှစ်သောင်းနဲ့ ရောင်းတယ်ဟုတ်လား...မင်းက ဒီဘုရင်ကို အခွင့်အရေးယူလိူက်တာလား..."
သူလူလည်ကျခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ငရဲဘုရင်၏ မျက်ဝန်းများ နီရဲလာလေသည်။မီနူးကို ထပ်ခါထပ်ခါ စူးစိုက်၍ ကြည့်နေလေသည်။
မှန်ကန်နေပေသည်။
မီနူးပေါ်၌ အစပ်ချောင်းတစ်ချောင်းကို သလင်းကျောက် ၁၅၀၀ သာကျသင့်ပေသည်။တကယ်ကြီး ၁၅၀၀ သာကျသင့်ပေသည်။ငရဲဘုရင် ဝမ်းနည်းကြေကွဲသွားသည်။
"သူက နုံအနေတာလား..."
သူက အစပ်ချောင်းတစ်ချောင်းကို သလင်းကျောက် နှစ်သောင်း ပေးဝယ်ခဲ့ရသည်။ဒါက ပုဖန်ကို မျက်ဝန်းအကြည့်လေးများဖြင့် ဖမ်းစားခဲ့သည့်အကြောင်းကိုတောင် ထည့်မပြောရသေးပေ။
"အခုခေတ်လူငယ်တွေက အရမ်းကိုပဲ လှည့်စားကောက်ကျစ်လာတယ်..."
ငရဲဘုရင် သူ့၏ ဝမ်းနည်းကြေကွဲမှုများကိူ ထိန်း၍ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရသည်။နယ်သာရီက ထိုမြင်ကွင်းကို အေးအေးသာသာ သာ ကြည့်နေသည်။သူ ထမင်းကြော်ကို အသာအယာဝါးစားရင်းဖြင့် အေးစက်စွာ လှမ်းမေးလိုက်သည်။
"ဟေး...လူအိုကြီး ဘာမှာမှာလဲ..."
"ငါအကြွေးစားလို့ရမလား...ငါ အကြွေးတင်ထားသမျှကို ပြန်ပေးပါမယ်ဆိုတဲ့အကြောင်းကို ငါ့မျက်နာနဲ့ အာမခံတယ်..."
သူက ဆီများကွက်နေသည့် နယ်သာရီ၏ ပါးစပ်ကို ကြည့်လိုက်သည်။ထို့နောက် မွှေးရနံ့များသင်းကြိုင်စွာ ထွက်ပေါ်နေသော ထမင်းကြော်ပွဲကို ကြည့်ပြီး တံတွေးတစ်ချက်မြိုချလိုက်သည်။
"ရှင်ရဲ့ မျက်နာကို စားလို့ရလား..."
နယ်သာရီက မျက်လုံးလှန်ပြလိုက်ရင်း မေးလိုက်သည်။ငရဲဘုရင်၏ နှလုံးသားထဲတွင် မြှားများ စိုက်ဝင်သွားသလို ခံစားလိုက်ရသည်။ထိုအချိန်၌ ပုဖန် မီးဖိုခန်းထဲမှ လျှောက်ထွက်လာလေသည်။သူ့၏ လက်ထဲမှ ပန်းကန်လုံးလေးတစ်လုံးကို သယ်လာ၏
"ရှစ်လေး ဒီမှာအစားလာစား...ငါမင်းကို မေ့သွားတော့မလို့ ..."
ပုဖန်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ခုံလက်ရန်းပေါ်၌ ငြိမ်ငြိမ်လေးထိုင်နေသော ရှစ်လေးက ပုဖန်၏ အသံကို ကြားလိုက်သည်နှင့် ပျော်ရွှင်စွာပြေးလာလေသည်။
ငရဲဘုရင်က ထိုမြင်ကွင်းကို ကူကယ်ရာမဲ့စွာသာကြည့်နေလေသည်။သူ့၏ အဆင့်အတန်းက ကြက်ထက်ပင် နိမ့်ကျနေသေးသည်။
"ခင်ဗျားဘာမှာရမလဲလို့ မစဉ်းစားရသေးဘူးလား ...ဟင်းပွဲတွေရဲ့ စျေးနှုန်းက အရမ်းပဲ သင့်တော်ပါတယ်...ကျုပ်တို့က ခင်ဗျားရဲ့ ပိုက်ဆံတွေကို လိမ်မှာမဟုတ်ဘူး ...စိတ်အေးအေးထားပြီး မှာလို့ရတယ်..."
ပုဖန်၏ တည်ကြည်လေးနက်လှသော မျက်နာကို ကြည့်၍ ငရဲဘုရင် သွေးတစ်လုတ်အန်မိတော့မလိုပင်ဖြစ်သွားသည်။ငရဲဘုရင်က သူအစပ်ချောင်းသာ ထပ်စားချင်နေသေးသည်။သူ့၌ သလင်းကျောက်မရှိသော်လည်း သူပိုင်ဆိုင်ထားသော ရတနာများစွာ ရှိလေသည်။
ငရဲဘုရင်က စိတ်ဝိညာဉ် အရည်တစ်မျိုးမျိုးထည့်သိမ်းထားပုံရသော အနက်ရောင်ပုလင်းတစ်လုံးကို ထုတ်လိုက်သောကြောင့် ပုဖန်အံ့သြသွားမိသည်။
ထိုပစ္စည်းနှင့် အစပ်ချောင်းကို လဲလှယ်ရန် ပုဖန် ခွင့်ပြုပေးလိုက်သည်။ပထမဦးဆုံးအကြိမ်အဖြစ် အစားအစာအတွက် ပစ္စည်းတစ်ခုခုနှင့် လဲလှယ်ခြင်းကို ခွင့်ပြုခြင်းဖြစ်သည်။
ငရဲဘုရင်ဆီမှ ထိုပုလင်းကို လက်ခံယူလိုက်သည်နှင့် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များနှင့် အချဉ်ရနံ့များ ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။
"ဒါက တကယ်တော့ ငရဲကမ္ဘာရဲ့ ကောင်းကင်ရတနာဖြစ်တဲ့ မဟူရာ စိတ်ဝိညာဉ် ဇီးသီးအရည်ပဲ...ဒါက အရမ်းတန်ဖိုးမရှိဘူးဆိုပေမယ့် ဒါကို စားသုံးပေးမယ်ဆိုရင် လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သန်မာစေတယ်..."
ထိုမဟူရာ ဇီးသီးရည်က အရမ်းတန်ဖိုးမရှိဟုဆိုသော်လည်း လျှော့တွက်၍တော့ မရပေ။၎င်းကို ရိတ်သိမ်းရသည်မှာ အလွန်ခက်ခဲသည်။မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့် ပညာရှင်များပင်လျှင် ၎င်းအပင်ကို ခက်ခက်ခဲခဲ ရိတ်သိမ်းရမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုသစ်သီးများကို မြွေနဂါးနက်ဟုခေါ်သော သားရဲများက စောင့်ကြပ်နေကြခြင်းကြောင့် ဖြစ်သည်။ထိုသားရဲများက ငရဲကမ္ဘာမှ လာခြင်းဖြစ်ပြီး အလွန်ပင် ရင်ဆိုင်ရခက်ခဲသည်။
ငရဲဘုရင်သာလျှင် ထိုမဟူရာဇီးသီးများကို အများကြီး ရိတ်သိမ်းနိုင်ခဲ့ပြီး ဇီးသီးရည်အဖြစ် ပြုလုပ်ထားခြင်းဖြစ်သည်။ငရဲကမ္ဘာတွင်တော့ ထိုကဲ့သို့သော ပစ္စည်းမျိုးကို အလွန်ပင် တန်ဖိုးရှိသည်ဟု ဆို၍ ရပေသည်။ငရဲဘုရင်က သူ့၏ ရတနာကို ထုတ်ယူလိုက်သောကြောင့် နှလုံးသားထဲမှ ကိုက်ခဲမှုပင် ခံစားလိုက်ရသည်။
ပုဖန် ထိုမဟူရာဇီးသီးရည်ကို တစ်စုပ်သာက်လိုက်သည်။နက်ရှိုင်းလှသော သူ့၏ မျက်ဝန်းအကြည့်များထဲ၌ အလင်းရောင်တစ်ချက်လက်သွားသည်။ဇီးသီးရည်၏ တမူထူးခြားလှသော အရသာက ပါးစပ်ထဲမှ တစ်ဆင့် အစာအိမ်ထဲသို့ စီးဝင်သွားသည်။
ချက်ချင်းပင် သူ လန်းဆန်းတက်ကြွလာလေသည်။ထိုအရသာက သူ့၏ အရင်ကမ္ဘာမှ ဇီးသီးရည်အရသာနှင့် ဆင်တူသည်ဟု ဆိုနိုင်ပေသည်။
"ဇီးသီးရည်တစ်ခွက်ပဲ မဟုတ်ဘူးလား..."
ပုဖန် တီးတိုးရေရွတ်လိုက်သည်။သို့သော်လည်း သူ အစားအစာနှင့် လဲခွင့်ပြုလိုက်သည်။ငရဲဘုရင်က သူ့လက်ထဲမှ အစပ်ချောင်းကို နှာခေါင်းနားကပ်၍ အနံ့ပြင်းပြင်းရှိုက်လိုက်သည်။သူ မည်ကဲ့သို့ ခက်ခက်ခဲခဲရယူခဲ့ရသည့်အကြောင်းကို ခံစားမိပြီး မျက်ရည်များပင် ဝိုင်းလာမိသည်။
နယ်သာရီနှင့် ဘလက်ကီတို့က ထိုမြင်ကွင်းကိုကြည့်၍ မျက်လုံးလှန်လိုက်မိကြသည်။သူတို့နှစ်ယောက်က စားသောက်ပြီးစီးသွားပြီဖြစ်၍ စိတ်ကျေနပ်စွာဖြင့် လေချဉ်တစ်ချက်တက်လိုက်ပြီး သိမြင်မှု သစ်သီးပင်အောက်သို့ ပြန်သွားလိုက်ကြသည်။ယစ်မူးပျော်ဝင်နေသော ငရဲဘုရင်ကို လုံးဝ လျစ်လျူရှူထားလေသည်။
ပုဖန်က မဟူရာစိတ်ဝိညာဉ် ဇီးသီးရည်များကို ယူ၍ မီးဖိုခန်းထဲသို့ ပြန်ဝင်သွားသည်။သူက ထိုဇီးသီးရည်အများကို အရသာရှိလှသောဇီးဖျော်ရည်အဖြစ် ပြောင်းလဲပစ်လိုက်ဖို့ ပြင်ဆင်ထားသည်။ထို့အပြင် ပုဖန်က နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက်လည်း စတင်ပြင်ဆင်နေပြီဖြစ်သည်။