အပိုင်း ၅၉၃
Viewers 62k

အခန်း ၅၉၃

ဇီးဖျော်ရည်နှင့်နတ်မင်းစွေ့စွေ့ခုန်


ပုဖန် ဇီးသီးအရည်ပုလင်းကိုယူ၍ မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။သူပထမထဲက ပြင်ဆင်ထားခဲ့သောပန်းကန်လုံးထဲသို့ ထိုဇီးရည်များကို လောင်းထည့်လိုက်သည်။


ဖန်ကြည်ရောင်အဆင်းရှိသော ဇီးသီးအရည်များ၏ ချဉ်စူးသော ရနံ့က နှာခေါင်းထဲ တိုးဝင်လာလေသည်။သူ့၏ အနံ့က အရင်ကမ္ဘာမြေပေါ်က ဆားငံသီးဖျော်ရည်အနံ့နှင့် တူလေသည်။သို့သော်လည်း ဒီအနံ့က ပို၍ ပြင်းသည်။


ထို့ကြောင့်ပင်လျှင် သူ ဒီဇီးသီးအရည်ကို ဆားငံသီးဖျော်ရည်အဖြစ်ပြောင်းဖို့ အလွန်စိတ်အားထက်သန်နေပေသည်။အကယ်၍ ပြုလုပ်၍ရခဲ့လျှင်လည်း သူ့အတွက်သူသာ သိမ်းထားမည်ဖြစ်သည်။


ထိုကဲ့သို့သော ဖျော်ရည်ကို ရွေးချယ်သောက်မည့်သူက အနည်းငယ်မျှသာ ရှိနိုင်ပေသည်။စားသောက်ဆိုင်ထဲတွင် အလိုက်ဖက်ဆုံးက ဝိုင်သာဖြစ်သည်။ထို့ကြောင့် သူ့ဆိုင်၏ မီနူးထဲသို့ ပေါင်းထည့်လိုက်ရင်လည်း ထူးခြား၍ ကောင်းမွန်လာမည်မဟုတ်ပေ။


သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။သူက ဒယ်အိုးကို ရွှေဝါရောင်သန်းနေသော မီးတောက်များပေါ်သို့ တင်လိုက်သည်။ထိုရွှေဝါရောင်မီးတောက်များ၏ အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသောကြောင့် ခဏချင်းမှာပင် ဒယ်အိုးက ပူလာလေသည်။


ပုဖန် ဇီးသီးအရည်များကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပြီးနောက် မီးအပူချိန်ကို လျှော့ချလိုက်ကာ ဖြေးဖြေးချင်းဆူပွက်စေလိုက်သည်။ထို့နောက် သူ့၏ သိုလှောင်နယ်မြေထဲမှ လုံးဝန်းနေသော ဘောလုံးကဲ့သို့ ဆေးပင်များကို ထုတ်ယူလိုက်သည်။ထိုဆေးပင်များကို ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေထဲမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။


ထိုစိတ်ဝိညာဉ် ဆေးပင်များ၏ ဆေးဖက်ဝင်မှုက မပြင်းထန်သော်လည်း အားလည်းမနည်းပေ။သူတို့ကို ဆားငံသီးဖျော်ရည်လုပ်ပစ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။


ထိုဆေးပင်ကြီးသာ ပေါင်းထည့်ရသည်က သိပ်မလုံလောက်သလို ခံစားလိုက်မိသောကြောင့် ပုဖန် ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်သည်။ထို့နောက် ပန်းပွင့်နှင့်ဆင်တူလှသော ဆေးပင်ကို ရွေးချယ်လိုက်ပြီး ဓားဖြင့် နုတ်နုတ်စင်းကာ ဒယ်အိုးထဲ ထပ်ထည့်လိုက်သည်။


မှန်ပေသည်။ပုဖန်က ဆေးပင်တစ်ခုတည်းကိုသာ အသုံးပြုခဲ့ခြင်းမဟုတ်ပေ။သူက စိတ်ဝိညာဉ် ဆေးပင်၏ အကိုင်းများ အသီးများ အရွက်များအားလုံးကိုပါ အသုံးပြုခဲ့သည်။ပါဝင်ပစ္စည်းများအားလုံး ရောထည့်ပြီးနောက် ဆေးရည်များက စတင် ဆူပွက်လာသည်။


ဇီးသီးအရည်က ပူဖောင်းလေးများထအောင်ပင် ဆူပွက်နေသောကြောင့် အချဉ်ရနံ့များလည်း ပြည့်နှက်နေလေ၏။ပုဖန်က လူခေါင်းတစ်လုံးစားမျှ အရွယ်ရှိသော စိတ်ဝိညာဉ် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။


ထိုအသီးကို ခွဲဖြတ်လိုက်သည်နှင့် ကြည်လင်လှသော သစ်သီးရည်လေးများ စိမ့်ထွက်လာလေ၏။ဒယ်အိုးထဲစီးဝင်သွားသော ထိုသစ်သီးရည်များက ဇီးသီးရည်များနှင့် တဖြေးဖြေးချင်း ရောနှောပေါင်းစပ်သွားသည်။


မူလက ဖန်ရောင်အဆင်းရှိသော ဇီးသီးရည်များက ပို၍ပင် ကြည်လင်လာ၏။သစ်သီးရည်ကို ပေါင်းစပ်ပြီးသည်နှင့် သူမီးအပူချိန်ကို မြှင့်လိုက်သည်။


ဇီးသီးရည်များက တဗွမ်းဗွမ်းဆူပွက်လာပြီး ချိုမြမှုနှင့် အချဉ်ရနံ့ ပေါင်းစပ်နေသော ရနံ့များ လေထဲ ပြည့်နှက်လာလေသည်။ပုဖန် အသက်တစ်ချက်ရှိုက်ရှူလိုက်သည်။ထို ချိုချဉ်ရနံ့လေး နှာခေါင်းထဲဝင်သွားသည်နှင့် သူအဆက်မပြတ် တံတွေးမြိုချနေမိသည်။


"မဆိုးဘူး...အချိုအချဉ် ပေါင်းစပ်မှုက လုံးဝကို ထိပ်တန်းပဲ...ဒါက သူတို့ကို ယစ်မူးစေဖို့ လုံလောက်နေပြီ သူ့ရဲ့အရသာက ပြင်းလည်းမပြင်းသလို ပျော့လည်းမပျော့ဘူး..."


တကယ့်ကို ကောင်းမွန်သည့် ပစ္စည်းကောင်းလေးသာ ဖြစ်သည်။ငရဲဘုရင်က ထိုကဲ့သို့သော ပစ္စည်းကောင်းမျိုးကို အစောကြီးထဲက ထုတ်လာခဲ့သင့်ပေသည်။


သူသာ အစောထဲကထုတ်လာလျှင် ပုဖန် ကျိန်းသေပေါက် အစပ်ချောင်းကို ပေးမည်သာဖြစ်သည်။ဒါက အရမ်းကိုကောင်းမွန်သည့် လဲလှယ်မှုမျိုးပင်။


ပုဖန်က ထိုဇီးသီးရည်များ ဘယ်အခ်ျိန်တွင် ခပ်ထုတ်ရမည်ကို ကောင်းစွာသိပေသည်။သူ့၏ အရောင်က အနီရောင်သို့ ပြောင်းသွားလျှင် ပြီးမြောက်ပြီဟု ယူဆ၍ ရသည်။သို့သော်လည်း အခ်ျိုအရသာအတွက် ပျားရည်အနည်းငယ်လည်း ပေါင်းထည့်ပေးရန် လိုအပ်ပေသည်။သို့သော်လည်း ယခုလက်ရှိအချိန်တွင် ပုဖန်၌ ပျားရည်မရှိပေ။


သူကစနစ်ပေးထားသည့် သကြားခဲများကိုသာ အသုံးပြုလိုက်သည်။ပုဖန်က ကျိုချက်ပြီးသွားသော ဇီးသီးရည်ကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။ပတ္တမြားရောင်သန်းနေသော ဇီးရည်လေးများက စိတ်ကျေနပ်စရာကောင်းလှသည်။


သို့သော်လည်း သူက ချက်ချင်း သောက်လိုက်ဖို့ မကြံစည်ထားခဲ့ပေ။ယခုအခ်ျိန်တွင် အရမ်းပူနေသောကြောင့် သူ့၏ အရသာကို သွားပြီး သက်ရောက်သွားပေလိမ့်မည်။အေးမြသွားသည့် အခ်ျိန်မှသာလျှင် တစ်ငုံချင်းဖြေးဖြေးချင်းသောက်သင့်ပေသည် ။


ထိုဇီးသီးရည်များကို တစ်ဘက်တွင်ထားလိုက်ပြီးနောက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲကို ပြင်ဆင်ရန် ပြင်လိုက်သည်။


"သာမန် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် ယှဉ်လိုက်လျှင် ဒီကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က ပိုပြီး ချက်ရတာ ခက်တယ်...ဒီပစ္စည်းတွေရဲ့ အရည်အသွေးက အရမ်းမြင့်တဲ့အတွက် ချက်ပြုတ်တဲ့အခါမှာလည်း စိတ်ဝိညာဉ် စွမ်းအင်အများကြီး လိုအပ်တယ်...ပြီးတော့လည်း ဒီဟင်းပွဲရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို ထိန်းသိမ်းဖို့ကလည်း ငါ့အတွက် အရမ်းပဲ ခက်ခဲလိမ့်မယ်ထင်တယ်..."


ပုဖန် သူ့၏ မေးစေ့ကို ပွတ်ရင်း အတွေးနက်နေမိသည်။ပုဖန် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သိုလှောင်နယ်မြေထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။


သလင်းရောင်အဆင်းရှိသော အစစ်အမှန် နဂါးသစ်သီးထွက်ပေါ်လာသည်။သစ်သီး၏ ပတ်ပတ်လည်တွင် နဂါးတစ်ကောင် ဝဲပျံနေသကဲ့သို့ စွမ်းအင်လှိုင်းများကို ထုတ်လွင့်နေသည်။


ထို့နောက်ရှားပါးလှသော စိတ်ဝိညာဉ် ဆေးပင်များနှင့် အဆင့် မြင့်လှသော စိတ်ဝိညာဉ်သားရဲများ၏ အသားကို ထုတ်ယူလိုက်သည်။အစစ်အမှန် နဂါးသစ်သီး၏ အစောင့်အရှောက်ဖြစ်သော အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခန္ဓာကိုယ်မှလည်း အးအနည်းငယ်လှီးယူလိုက်သည်။ထိုနဂါးအသားက အဆင့်မြင့် ပါဝင်ပစ္စည်းဖြစ်သည်။ထိုအသား၏ အရည်အသွေးက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ချက်ရန်အတွက် အသင့်တော်ဆုံးပင်။


ပုဖန်က သူချက်ပြုတ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။အားလုံးက အဆင့်မြင့်လှသည့် ပါဝင်ပစ္စည်းများပင်ဖြစ်သည်။တစ်စုံတစ်ယောက်သာ ထိုပစ္စည်းများအားလုံ၏ အဆင့်ကို မြင်လိုက်လျှင် အံ့အားသင့်မှုဖြင့် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။


"ငါကြက်ခြေထောက်လိုနေသေးတာပဲ ရှစ်လေးဆီက တစ်ချောင်းလောက်သွားပြီးတော့ ချေးလိုက်သင့်လား ..."


ပုဖန် သူပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကိုကြည့်၍ ခဏစဉ်းစားလိုက်သည်။ထို့နောက် မီးဖ်ိုခန်းထဲမှ ထွက်လာခဲ့လေသည်။


မီးဖိုချောင်၏ အပြင်ဘက်တွင် ရှစ်လေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် ထမင်းကြော်များကို စားနေလေသည်။


မလှမ်းမကမ်းတွင် ငရဲဘုရင်က သူ့၏အစပ်ချောင်းကို ပျော်ပျော်ကြီး စုပ်၍ စားသောက်နေသည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောထဲသို့ ပြန်၍ အနားယူနေပေသည်။


ရှစ်လေးက အရင်ကမူ စားသောက်ဆိုင်ထဲတွင် နေရခြင်းက ကံမကောင်းလှဘူဟု ထင်ခဲ့မိသည်။သို့သော်လည်း ထိုဆိုင်ရှင်က သူ့အတွက် စိတ်ကျေနပ်စရာ အံ့အားသင့်စရာလေးများကို ပြင်ဆင်ပေးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


မသိလိုက်ချိန်မှာပင် သူဝိတ်တက်လာခဲ့သည်။သို့သော်လည်း အဆင်ပြေလေသည်။ကြက်တစ်ကောင်အနေဖြင့် ဝဝတုတ်တုတ်လေးဖြစ်နေခြင်းက ကောင်းပေသည်။ သူကြက်ဝဝလေး ဖြစ်လာသည်ကို ဂုဏ်ယူနေမိပေသည်။


ရှစ်လေးက သူ့၏ တင်ပါးကို ယမ်းခါ၍ နှစ်ခါ သုံးခါမျှ ကတော်ကတော် အသံပြုလိုက်သည်။ထို့နောက် ပန်းကန်လုံးထဲမှ ထမင်းကြော်များကို ပြန်စားလိုက်သည်။


ရုတ်တရက်

သူ့ ခန္ဓာကိုယ် တောင့်တင်းသွားသည်။သူခေါင်းမော့လိုက်ပြီး တဖြေးဖြေးချင်းလှည့်ကြည့်လိုက်ရာ သူ့ကို တောက်ပသောမျက်ဝန်းတစ်စုံဖြင့် ကြည့်နေသော ပုဖန်ကို မြင်လိုက်ရသည်။သူ့၏ မျက်နာတွင်လည်း လောဘအရိပ်ယောင်များ အထင်းသားပေါ်လွင်နေသည်။


သူ့၏ အကြည့်က သူနှင့် အရမ်းကို ရင်းနီးကျွမ်းဝင်နေပေသည်။အချိန်ကြာမြင့်စွာ ရှင်သန်ခဲ့ရသော ကြက်တစ်ကောင်အနေဖြင့် လူတွေ၏ ထိုကဲ့သို့သော အကြည့်များကို ရင်းနီးနေပေပြီ။နန်ကုန်းဝူချယ်ကလည်း သူ့၏ တောင်ပံတစ်ဖက်ကို ဖြုတ်ယူမသွားခင်တုန်းက ထိုကဲ့သို့ ကြည့်ခဲ့ဖူးသည်။


ထိုအကြည့်ကြောင့် ကြောက်စရာကောင်းလှသော အဖြစ်အပျက်များကို သူသတိရသွားသည်။ယခုပုဖန်ကကော ဘာကြောင့်သူကို အဲ့ဒီလို ကြည့်နေရပါသနည်း။


ကတော် ...ကတော်...


ရှစ်လေး ပုဖန်ကို စူးစိုက်ကြည့်ရင်း ပါးစပ်ထဲမှ ထမင်းကြော်များကို မြိုချလိုက်သည်။ထို့နောက် အနောက်သို့ အလျအမြန်ဆုတ်လိုက်၏။


"မစိုးရိမ်ပါနဲ့...အဲ့ဒီ နဂါးသွေးထမင်းကြော်က အရသာမရှိဘူးလား...ငါမနက်ဖြန်ကျရင် မင်းကို ပိုပြီးတော့ ပေးမယ်လေ..."


ပုဖန်က ကြင်နာသော အပြုံးလေးတစ်ခုကို အားတင်း၍ ပြုံးလိုက်သည်။သူ့၏ အပြုံးက နွေးထွေးသော်လည်း သူ့၏ အမူအရာကမူ တောင့်တင်းနေပေသည်။


တစ်စုံတစ်ခုတော့ မှားယွင်းနေပြီ။


ရှစ်လေးက သူ့၏ အမောက်ကလေး ယမ်းခါနေအောင်ပင် ခေါင်းကို လှုပ်လိုက်ပြီး တောင်ပံနှစ်ခုကို တဖြေးဖြေးချင်း မြှင့်လိုက်သည်။


"ဒါက ..."


"ရှစ်လေးက လိမ်မာပါတယ် ငါ့ကို မင်းရဲ့ ခြေထောက်လေးတစ်ဖက်လောက် ငှားပါနော်..."


ပုဖန်က အလေးအနက်အသံဖြင့် ပြောလိုက်သည်။ရှစ်လေး၏ခန္ဓာကိုယ်က အမွှေးပမျှင်များအားလုံး ထောင်ထသွားပြီး ကျောရိုးတစ်လျှောက်စိမ့်တက်သွားလေသည်။


ခြေထောက်တစ်ဖက်ငှားရမယ်...ငါသိတယ် မင်းကလည်း တခြားသူတွေလိုပဲ... မင်းကမကောင်းဆိုးဝါးပဲ...ဘယ်လိုလုပ်ပြီး သူ့ကို ခြေထောက်တစ်ချောင်းချေးလို့ရမှာလဲ ...ကြက်တစ်ကောင်က ပြေးဖို့အတွက် ခြေထောက်လိုတယ်လေ...ကတော်


ရှစ်လေးက ပြင်းထန်စွာအော်လိုက်သည်။သူ့၏ အတောင်ပံများကို အပြင်းအထန်ခတ်လိုက်သောကြောင့် အမွှေးများပင် လွင့်စင်ကြကုန်၏။ထို့နောက် ဖုန်မှု့များဖြင့် လွင့်စင်သွာအောင် တန်းနေအောင်ထွက်ပြေးလေတော့သည်။


သူ၏ အသက်လေးအတွက် ပြေးရပေမည်။


ပုဖန် ထိုမြင်ကွင်းကိုကြည့်၍ ကြောင်အသွားသည်။ရှစ်လေးက သူ့၏ ဖင်လေးကိုယမ်း၍ လျင်အမြန် ပြေးသွားပြီးနောက် အစပ်ချောင်းကို စားနေသော ငရဲဘုရင်၏ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။


"ဒါ ကြက်ခြေထောက်လေးတစ်ချောင်းပဲ မဟုတ်ဘူးလား...ဘာတွေများ ကြီးကျယ်ခမ်းနားနေလို့လဲ...ဘာလ်ို့ သဘောမတူရတာလဲ..."


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းမျာမဲ့ကျသွားသည်။အသာအယာခါင်းခါယမ်းလိုက်ရင်းရှစ်လေး၏ ခြေထောက်ကို လှမ်းကြည့်လိုက်သည်။ထို့နောက် မီးဖိုချောင်ဘက်သို့သာ ပြန်ဝင်သွားလိုက်သည်။


"ဒီငှက်မွှေးတွေက ဘယ်ကရောက်လာတာလဲ..."


 ငရဲဘုရင် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။ထို့နောက် သူ့၏ အစပ်ချောင်းကိုသာ ပြန်လည်ဂရုစိုက်ထားလေ၏


မီးဖိုချောင်ထဲသို့ ပြန်ရောက်စဉ်၌ ပုဖန်ခဏမျှစဉ်းစားနေလိုက်သည်။ထို့နောက်သူ သာမန် ကြက်ခြေထောက်ကိုသာ သုံးရန် ဆုံးဖြတ်လိုက်၏။ထိုကြက်ခြေထောက်က ရတနာရှစ်သွယ်ကြက်ကို မယှဉ်နိုင်ဘူးဆိုသော်လည်း နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက် ကြက်ခြေထောက်တစ်စုံက လိုကိုလိုအပ်ပေသည်။


သူ့လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာပြီး အရှိန်မြင့်စွာဖြင့် လှည့်လည်နေလေသည်။ထို့နောက် သူ အစစ်အမှန် နဂါးသစ်သီးကို ထုတ်ယူလိုက်ပြီး သေချာစွာဆေးကြောသန့်စင်လိုက်သည်။


ပြီးသည်နှင့် အခွံများကို ပါးပါးခွာချလိုက်ပြီးနောက် အလွှာလေးများဖြစ်အောင် လှီးလိုက်သည်။တစ်စုံတစ်ယောက်သာ ကြည့်နေလျှင် ပုဖန်၏ လှုပ်ရှားမှုများက မြန်ဆန်လှသောကြောင့် မူးဝေသွားပေလိမ့်မည်။


သစ်သီးကို လှီးလိုက်သည်နှင့် အလယ်မှနေ၍ ရွှေဝါရောင်အရည်လေးများ စီးထွက်လာလေသည်။သူကြိုတင်ပြင်ဆင်ထားသော ပန်းကန်လုံးထဲသို့ ထိုအရည်များအားလုံးကို ထည့်ထားလိုက်သည်။ထို့နောက် သူကြိုတင်ပြင်ဆင်ထားသောပန်းကန်လုံးထဲသို့ ထိုအရည်များအားလုံးကို ထည့်ထားလိုက်သည်။


ထို့နောက် သူကြိုတင်ပြင်ဆင်ထားပြီးသား အသားများအားလုံးကို အိုးထဲသို့ ထည့်လိုက်သည်။နဂါးသားကို အောက်ခြေမှစ၍ ထည့်ထားလိုက်၏။


သူ နဂါးအသားကို အရေခွံချွတ်ထားပြီးပြီဖြစ်သည်။အရေခွံဖယ်လိုက်ခြင်းအားဖြင့် ထိုနဂါးအသားမှ အရသာများကို ပို၍ စုပ်ယူနိုင်ပေလိမ့်မည်။ပြင်ဆင်ပြီးသည်နှင့် အစစ်အမှန် နဂါးသစ်သီးအရည်များကို အပေါ်မှနေ၍ လောင်းထည့်လိုက်သည်။ထို့နောက် အလယ်ခေါင်၌ ခြေထောက်တစ်စုံကို ထည့်လိုက်၏။


သူက ပင်လယ်နက် ကမာအသားကိုလည်း တခြားပါဝင်ပစ္စည်းများနှင့်အတူ ပတ်ပတ်လည်မှာ စီထားလိုက်သည်။ထို့နောက် နွေဦးစမ်းရေ အနည်းငယ်လောင်းထည့်လိုက်ပြီးနောက် ရွှေရောင်အိုးအဖုံးကိုယူ၍ ဖုံးအုပ်ထားလိုက်သည်။


ပြီးသည်နှင့် အိုးအောက်ခြေမှ ကောင်းကင်နယ်မြေမီးလျှံကို အပူခ်ျိန် မြင့်တင်လိုက်သည်။သူက အိုးထဲရှိ ပါဝင်ပစ္စည်းများ၏ စွမ်းရည်များကို မထိန်းချုပ်သေးပဲ အအေးခံထာသော ဖျော်ရည်ရှိရာဆီသို့ သွားလိုက်သည်။


သူ ထိုသစ်သီးရည်ပန်းကန်လုံးကိုယူ၍ ဗီရိုထဲရှိ ရေခဲပုံးကဲ့သို့သော အအေးခံသည့် နေရာထဲတွင် ထည့်၍ အအေးခံလိုက် သည်။နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲ ချက်၍ ပြီးသည်နှင့် ထ်ိုဆားငံရည်ကလည်း သောက်ရန် ဖြစ်နေပေလိမ့်မည်။ပြင်ဆင်ပြီးသည်နှင့် သူမီးဖိုခုံရှိရာဆီသို့ ပြန်လည်လျှောက်လာပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


ပုဖန် သူ့၏ စိတ်စွမ်းအင်များကို စတင်ထုတ်ဖော်လိုက်သည်။သူ့ရင်ဘတ်ပေါ်တွင်ရှိနေသော ရှုရမျှော်စင်နဲ့ ချိတ်ဆတ်မိသွားရုံဖြင့် စွမ်းအင်များကပို၍ တိုးတက်လာသည်။ရေတံခွန်ကဲ့သို့ ညှင်သာစွာစီးဆင်းနေသော စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။


သူ့၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပလာပြီး သူ့၏ မျက်နာအမူအရာကလည်း လေးနက်တည်ငြိမ်လာသည်။ယခုအပိုင်းက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ချက်ရာတွင် အခက်အခဲဆုံး အပိုင်းဖြစ်သည်။


အလွန်အဆင့်မြင့်လှသော ပါဝင်ပစ္စည်းများက ထိန်းချုပ်သူ၏ စိတ်ခွန်အားကို စားသုံးမှုနှုန်းကလည်း အလွန်ပင်မြန်ဆန်လေ၏။


စားသောက်ခန်းထဲတွင် ငရဲဘုရင်က သူ့၏ နောက်ဆုံးလက်ကျန် အစပ်ချောင်းကို ပါးစပ်ထဲထည့်လိုက်သည်။သူ့၏ မျက်နာတွင်လည်း စိတ်ကျေနပ်နေသည့် အမူအရာမျိုးပေါ်လွင်နေ၏။သူ့၏ မျက်ဝန်းထဲတွင်လည်း လိုချင်တောင့်တမှုများရှိနေသေးသည်။


"ဘယ်ရောက်သွားတာလဲ ...အားလုံး ကုန်သွားပြီလား..."


သူမလုံလောက်သေးပေ။အစပ်ချောင်း၏ အရသာများ ကပ်ကျန်နေသော လက်ချောင်းများကို လျှာဖြင့် လျက်လိုက်ရင်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


"အဲ့ဒီလူငယ်လေးရဲ့ စိတ်သဘောထားက မကောင်းဘူးဆိုပေမယ့်လည်း သူ့အစပ်ချောင်းကတော့ တကယ့်ကို အဆင့် တစ်ခုရောက်နေတယ်ဆိုတာကို ငါဝန်ခံရမယ်...တကယ့်ကို အရသာရှိလွန်းတယ်..."


ငရဲဘုရင် ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။ထို့နောက် သူ ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။နောက်တစ်နေ့တွင် အစပ်ချောင်းနှင့် မည်သည့်ရတနာကို လဲလှယ်ရမည်မသိပေ။သူ့၏ ဇီးသီးရည်ကိုပင် ထပ်မံအသုံးပြုရမည်လား...


ဒီတစ်ကြိမ်၌ ထိုလူငယ်လေးက လက်ခံပါမည်လားကိုလဲ သူမသိပေ။ရုတ်တရက် ငရဲဘုရင် နှာခေါင်းရှုံ့၍ အနံ့ခံလိုက်ပြီး သူ့၏ မျက်ဝန်းများက တောက်ပလာကာ မီးဖိုချောင်ဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။မီးဖိုချောင်ဘက်ဆီသို့ ခြေလှမ်းကျဲကျဲများဖြင့် လှမ်းသွားလိုက်သည်။


"ဒီအနံ့က အရမ်းကောင်းတယ် အဲ့ဒါ ဘာအနံ့လဲ...ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်တောင် မွှေးကြိုင်နေရတာလဲ...ဒါက တစ်ယောက်ယောက် ငါနှလုံးသားလေးကို လက်ကလေးနဲ့ လာထွေးပွေ့ထားသလိုပဲ ..."


ငရဲဘုရင်က ပထမဦးဆုံးအကြိမ်ဖြင့် ထိုကဲ့သို့ သင်းပျံ့မွှေးကြိုင်လှသော ရနံ့ကို ရလိုက်သောကြောင့် အလွန်ပင် အံ့အားသင့်သွားမိသည်။သူ မီးဖိုခန်းဆီသို့ ဝင်ရန်ပြင်လိုက်စဉ်မှာပင် ကြီးမားလှသော ပုံရိပ်တစ်ခုက သူရှေ့၌ ပိတ်ဆို့ရပ်တန့်လာလေသည်။


ဝှ်ိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက တောက်ပလာသည်။သူ့၏ လက်နှစ်ဖက်ကို ဆန့်ကားလိုက်ရင်း စက်ရုပ်သံဖြင့်ပြောလိုက်သည်။


"ဒီနေရာက အရမ်းကို အရေးကြီးတဲ့ မီးဖိုချောင်ပါ အပြင်သူစိမ်းများကို ဝင်ခွင့်မပြုပါဘူး..."


ငရဲဘုရင် အံ့သြသွားမိသည်။


"ဒီလိုမီးဖိုချောင်သေးသေလေးမှာတောင် အတားအဆီးရှိတယ်လား...လာနောက်မနေနဲ့ ဒါက မီးဖိုချောင်လေး သေးသေးလေးပဲလေ ...ငါက အဲ့ဒီမှာဘယ်လိုဟင်းပွဲမျိုးကိုများ ပြင်ဆင်လဲဆိုတာက်ို ကြည့်ချင်လို့..."


ငရဲဘုရင်က နူးညံ့စွာပြုံးလိုက်ပြီး ဝှိုက်တီ၏ ဝမ်းဗိုက်ပူပူကို အသာအယာပုတ်၍ ပြောလိုက်သည်။သို့သော်လည်း ထိုခဏ၌ဝှိုက်တီ၏ မျက်ဝန်းများက ပို၍ ပင် နက်ရှိုင်းစွာတောက်ပလာလေ၏။ငရဲဘုရင်လည်း နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးကူကယ်ရာမဲ့စွာနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။သူမီးဖိုချောင်နှင့် ဝေးရာဘက်ဆီသို့သာ လျှောက်သွားလိုက်သည်။


ထိုခဏမှာပင် ငရဲဘုရင်၏နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီး သူ့မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် အလွန်လျင်မြန်လှသောအရှိန်ဖြင့် မီးဖိုခန်းထဲသို့ ပြေးဝင်သွားလေသည်။


ရုတ်တရက်ဆန်လှသောလှုပ်ရှားမှုကြောင့် ဝှိုက်တီ ငရဲဘုရင်ကို တားဆီးရန် ကျဆုံးသွားခဲ့သည်။ငရဲဘုရင်က သူ့၏ လုပ်ရက်အတွက် အလွန်ပင် ဂုဏ်ယူမိသွားသည်။သို့သော် ထိုခဏမှာပင် နှလုံးသားထဲမှ အန္တရာယ်၏ အချက်ပြမှုကို ခံစားလိုက်ရပြီး ကျောရိုးတစ်လျှောက်စိမ့်တက်သွားလေသည်။


ရွှီး... ရွှီး...ရွှီး...


ထိုခဏမှာပင် ကောင်းကင်ပေါ်မှ ကျဆင်းလာသော မိုးကြိုးသွားများက မီးဖိုခန်းထဲသို့ ဝင်ရန် ပြင်နေသော ငရဲဘုရင်ကို နေရာမှာပင် တောင့်ခဲသွားစေသည်။သူ့၏ မျက်နာပေါ်၌ မယုံနိုင်စွာဖြင့် ထိတ်လန့်အံ့အားသင့်နေသော အမူအရာရှိနေလေသည်။