အပိုင်း ၅၉၄
Viewers 53k

အခန်း ၅၉၄

ဒီကောင်စုတ်လေးက ချက်ပြုတ်တဲ့နေရာမှာတောင် သောင်းကျန်းတယ်...


ရုတ်တရက် လျှပ်စီးကြောင်းများ ပေါ်လာမည်ဟု မထင်ထားခဲ့သောကြောင့် ငရဲဘုရင်ပင် သတ်ိလက်လွတ်ဖြစ်သွားသည်။ထိုလျှပ်စီးတန်းများထဲတွင် ဆန်းကြယ်လှသော ခရမ်းရောင်မိုးကြိုးသွားတစ်ခုရှိနေသည်။


ခန့်ညားစွာ ပြိုဆင်းလာကျသော အလင်းတန်းများအောက်၌ ရှိနေသော လေထုပင် ပျက်စီးလုနီးပါးဖြစ်နေလေသည်။ထိုမိုးကြိုးများ မည်မျှပြင်းထန်မည်ကို သိနိုင်ပေသည်။


ထိုအဆင့်မျှရှိသော မိုးကြိုးသွားများ ဆိုင်ငယ်လေးဆီသို့ ရိုက်ခတ်လာမည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။ထိုအချိန်၌ ငရဲဘုရင်၏ နှလုံးသားတွင် ပြင်းပြင်းထန်ထန်ခုန်လှုပ်နေသည်။သူ့၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များထွက်ပေါ်လာပြီး မိုးကြိုးထိမှန်ခြင်းမှ ကာကွယ်ရန်အတွက် ရှောင်ရှားလိုက်သည်။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်အောက်တွင်နှစ်ခြိုက်စွာ အိပ်ပျော်နေသော ခွေးဘုရင်က ပြင်းထန်သော အရှိန်အဟုန်များကြောင့် သက်ပြင်းချလိုက်ကြသည်။မီးဖိုချောင်ဘက်ဆီသို့ လှည့်ကြည့်လိုက်၏ ထိုမိုးကြိုးသွားများကြောင့် သူ့၏ မျက်ဝန်းအကြည့်များကလည်း လေးနက်နေသည်။


သူလို ခွေးဘုရင်ပင်လျှင် ထိုကြောက်စရာမိုးကြိုးသွားများကို သတ်ိထားရန်လိုပေသည်။ထိုမိုးကြိုးသွားများက ငရဲဘုနှင့် ဆက်စပ်နေမည်ဟု တွေးလိုက်မိသည်။


"အခုထိ ဦးနှောက်မဖွံ့ဖြိုးသေးတဲ့ အီးပေါလောကြီးကတော့..."


ခွေးဘုရင်အနေဖြင့်လည်း ပုဖန်၏ မီးဖိုချောင်ကို စိတ်ဝင်စားခဲ့သည့် အချိန်များရှိခဲ့သော်လည်း သူ့၏ အကန့်အသတ်အတိုင်းအတာကို သိပေသည်။ထိုမီးဖိုချောင်ဆီမှ ကြောက်စရာကောင်းလှသော အရှိန်အဝါများခံစားမိသောကြောင့် ဝင်ရန် မစဉ်းစားမိတော့ပေ။


ထိုမီးဖိုချောင်က အလွန့်အလွန်ပင် အန္တရာယ်များသောနေရာဟူ၍ ခံစားရသည်။ထိုအရာက မီးဖိုချောင်ရှေ့၌ ရှိနေသော ငရဲဘုရင်နှင့်ပင် လုံးဝ မအပ်စေပေ။ငရဲဘုရင်ကမူ ပထမဦးဆုံးအကြိမ်မှာပင် မီးဖိုချောင်ထဲသို့ ဝင်ရန် ဆန္ဒရှိနေပေသည်။


"သူက အသက်ရှင်ရတာ ပျင်းနေပြီလား...မင်းစားရုံပဲ စားလို့ရတယ်လေ ဘယ်လိုဖြစ်လို့ ဦးနှောက်တစ်ခြမ်းပဲ့ပြီး မီးဖိုချောင်ထဲဝင်ဖို့ ကြိုးစားနေရတာလဲ..."


"ဂျိမ်း..."


မိုးကြိုးသွားက ငရဲဘုရင် လျှောက်သည့်နေရာသို့ တည့်တည့်ပစ်ချလိုက်လေသည်။ငရဲဘုရင်၏ ခန္ဓာကိုယ်က အထွှဋ်အထိပ်အဆင့် မာကျောမှုရှ်ိသော်လည်း ထိုမိုးကြိုးသွားကို အလွယ်လေးတောင့်ခံနိုင်သည့် ခွန်အားမရှိပေ။


ကျယ်လောင်သော မိုးကြိုးပစ်ချသံနှင့်အတူ သူ ကြမ်းပြင်ပေါ် ပြားပြားဝပ်သွားလေသည်။သူ့၏ ဆံပင်များက ဖွာလန်ကျဲနေပြီး မီးခိုးငွေ့များတလူလူထွက်နေ၏။ငရဲဘုရင်၏ ပါးစပ်က အံ့အားသင့်မှုဖြင့် ယင်ကောင်ဝင်ဥလို့ရအောင်ပင် ပွင့်ဟနေသည်။


သူ့၏ အခြေအနေက သနားစရာကောင်းနေပြီ ကြက်ကင်ဘဝကို ရောက်နေပေပြီ။သူချောင်းခြောက်အနည်းငယ် ဆိုးလိုက်သည်။နောက်ဆုံး၌ လေအေးလေးတစ်ချက်ကို ရှုရှိုက်ခွင့်ရသွားလေသည်။ကြမ်းပြင်ပေါ်၌ ထိုင်လိုက်ပြီးနောက် သူ့၏ ဆုတ်ပြဲ ညိုမဲသွားသော အရေပြားကို ကြည့်လိုက်၏ ကူကယ်ရာမဲ့စွာဖြင့် တံတွေးတစ်လုတ်မြိုချလိုက်မိသည်။


ထိုမိုးကြိုးသွားက ကြောက်စရာကောင်းလှသည်။၎င်းက အတိဒုက္ခ မိုးကြိုးစမ်းသပ်ချက်နှင့်ပင် ယှဉ်နိုင်ပေသည်။ထိုမိုးကြိုးထိမှန်သွားသူက ငရဲဘုရင်မဟုတ်ပဲ တခြားတစ်ဟောက်သာဆိုလျှင် ထိုနေရာတွင် ပြာပုံအတ်ိဖြစ်နေပေလိမ့်မည်။


ငရဲဘုရင်တစ်ယောက်အနေဖြင့် သူ့၏ ကျင့်ကြံဆင့်က မယုံနိုင်လောက်အောင် မြင့်မားလှပြီး ခန္ဓာကိုယ်ကလည်း အလွန်ကြံ့ခိုင်လှသည်။သူက နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခုလုံးကိုပင် ငုံ့မိုးကြည့်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။


ယခုမူ အံ့ဖွယ်ရာကောင်းလောက်သော စားသောက်ဆိုင်ငယ်လေး၌ မျက်နာ ဖြတ်ရိုက်ခံလိုက်ရပေမည်။ဒါက တကယ်ကို ရှက်စရာကောင်းလှသည်။ငရဲဘုရင်၏ အက်ကွဲမဲသဲသွားသော အသားအရည်များက လျင်မြန်စွာပင် ပြန်ကောင်းလာပြီး အသစ်အတိုင်း ပြန်လည်ဖြစ်တည်လာသည်။သူက ပုဖန်၏ မီးဖိုချောင်ဆီသို့ မေးခွန်းပေါင်းမြောက်များစွာဖြင့် လှမ်းကြည့်လိုက်၏။

  

"သောက်က်ျိုးနဲ ဒါဘယ်လို အစီအရင်မျိုးကြီးလဲ...နေဦး...ဒီလို မဟာအစီအရင်မ်ျိုးကြီးကို မီးဖိုခန်းဝမှာ ချထားတာလား...ဒီအဆင့်ရောက်နေတဲ့ အစီအရင်က ကြီးလို့ပဲ...ပုဖန်ရဲ့ တကယ့်အစစ်အမှန်က ဘာများလဲ..."


ငရဲဘုရင်၏ စိတ်ထဲတွင် သိချင်စိတ်များ ပြည့်နှက်လာခဲ့သည်။အစပိုင်းက ထိုလူငယ်လေးသည်။နဂါးမြို့ဟောင်းတိုက်ကြီးမှ သာမန်စားဖိုမှူးတစ်ယောက်ဟုသာ တွေးထင်ခဲ့လေသည်။


ယခုအစီအရင် ပေါ်လာသည့် ခဏ၌ပင် ထိုလူငယ်လေးက မရိုးရှင်းကြောင်း သူသိသွားပေသည်။ဒါကြောင့်ဟိုခွေးငပျင်းဒီဆိုင်ထဲတွင် နေနေခြင်းမှာ အံ့သြစရာမရှိတော့ပေ။


ထိုအတွေးတွေးမိလိုက်သည်နှင့် သူက ခွေးဘုရင်ဘက်သို့ စိတ်လွတ်နေသော မျက်နာထားဖြင့် လှည့်ကြည့်လိုက်သည်။ခွေးဘုရင်၏ ရယ်ချင်ပတ်က်ျိဖြစ်နေသော မျက်နာကိုကြည့်လိုက်ရလေ၏။ငရဲဘုရင်၏ မျက်နာက ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲသွားလေသည်။


"သေစမ်း ငါက အဲ့ဒီခွေးငပျင်းရဲ့ အဟားခံလိုက်ရတာလား..."


သူ့၏ ရှုပ်ပွနေသော ဆံပင်များက်ို သပ်လိုက်ပြီး မျက်နာပေါ်မှ မီးခိုးအမဲများကို သုတ်ဖယ်လိုက်သည်။ထို့နောက် သူ့မျက်နာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ထို့နောင် ခွေးဘုရင်ကိုကြည့်၍ သွားဖြူဖြူများစီတန်းပေါ်အောင် ပြုံးပြလိုက်လေသည်။


တောက်ပြောင်နေသော သွားဖြူများက ငရဲဘုရင်၏ မျက်နာကို ပို၍ပင် အလင်းပြန်သွားစေသလို ကြည့်ကောင်းသွားစေသည်။


"ငတုံး..."


ခွေးဘုရင်က လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ့ဘာသာသူ စကားတီးတိုးရေရွတ်လိုက်ပြီးနောက် မကြာခင်မှာပင် ပြန်လည် အိပ်စက်လိုက်လေသည်။


ပုဖန်၏ နောက်တွင် ဘယ်သူ ဒါမှမဟုတ် ဘယ်လို အရာမျိုးရှိနေသည်ကို သူမသိပေ။သို့သော်လည်း ထိုကဲ့သို့ အစီအရင်မျိုးကို အစီအစဉ်ချနိုင်သော သူတစ်ယောက်က ဘယ်လိုနည်းနဲ့မှ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။


ထို့အပြင် သူက ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ဘာများပတ်သတ်စရာလိုပါသနည်း။သူအနေနှင့်က ဆိုင်၌ နေပြီးနံရိုးချိုချဉ်ကြော်ကိုသာ အေးအေးဆေးဆေးစားသောက်ရန်သာ ဖြစ်သည်။မီးဖ်ိုခန်းဘက်ဆီမှ ထွက်ပေါ်လာသော မွှေးရနံ့များက သိပ်သည်းသထက် သိပ်သည်းလာလေသည်။


ဝှစ်...ဝှစ်...


ဒုတ်ိယထပ်သို့ ပြေးတက်သွားသော ရှစ်လေးက သူ့၏ တင်ပါးလေးကို အသာအယာ လှုပ်ခါ၍ အောက်သို့ ချောင်းကြည့်လေသည်။ခွေးဘုရင်ကလည်း နောက်တစ်ကြိမ် မျက်လုံးများ ဖျက်ခနဲ ဖွင့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။


" ကောင်လေးပုဖန်ကတော့ နောက်ထပ် ဟင်းပွဲအသစ်တွေ ဖန်တီးနေပြန်ပြီလား...ဒီအနံ့က တော်တော်လေးကောင်းတယ်..."


ခွေးဘုရင်က စိတ်လိုလက်၍ ချီးကျူးလိုက်သည်။ငရဲကမ္ဘာသင်္ဘောလှုပ်ခါသွားပြီး ဆံပင်ရှည်များနှင့် နယ်သာရီပေါ်လာသည်။သူမ သင်္ဘောပေါ်မှ ခြေချထိုင်လိုက်ပြီးနောက် မီးဖိုခန်းဘက်သို့ မျက်လုံးပြူးပြူးလေးများဖြင့် လှမ်းကြည့်နေလေသည်။


ရုတ်တရက် ထွက်ပေါ်လာသော မွှေးရနံ့များကြောင့် ဂဏာမငြိမ်ဖြစ်နေကြောင်း သံသယဖြစ်စရာပင်မလိုပေ။မီးဖိုခန်းထဲ၌ ပုဖန်၏ နဖူးပေါ်တွင် ချွေးစက်ကြီးများ သီးနေပေသည်။ဒီဟင်းပွဲက သူပြုလုပ်ခဲ့သမျှ ဟင်းပွဲထဲတွင် အခက်အခဲဆုံး ဟင်းပွဲဖြစ်သည်။


ရှုရမျှော်စင်က လေထဲတွင် လွင့်မျောနေသည်။သူ့ဆီမှ ပြင်းထန်လှသော အလင်းရောင်များကို ထုတ်လွင့်နေလေ၏။ပုဖန်က ရှုရမျှော်စင်၏ အကန့်အသတ်သို့ပင် ရောက်အောင် တွန်းအားပေးနေလေသည်။


သန်မာလှသော စိတ်စွမ်းအင်များက ပတ်ဝန်းကျင်ရှိ လေထဲတွင် တဖြေးဖြေးချင်း စီးနင်းပြန့်နှံ့နေလေသည်။ပုဖန်၏ နဖူးမှ ချွေးများကမေးစေ့ကို ဖြတ်သန်းလာပြီး ကြမ်းပြင်ပေါ် တပေါက်ပေါက်စီးကျနေသည်။


မဟူရာလိပ်ခုံးဒယ်အိုးအောက်မှ မီးတောက်များကလည်း အရှိန်ပြင်းပြင်းတောက်လောင်နေသည်။နွေဦးစမ်းရေများကလည်း ပွက်ပွက်ဆူနေပြီဖြစ်သည်။ဒယ်အိုးမှ မှိုပွင့် သဏ္ဍာန် ရေငွေ့များ ထွက်ပေါ်လာပြီး မျက်နာကျက်ပေါ်ပင် သွားရိုက်နေလေသည်။


မှုန်ဝါးနေသည့် ရေငွေ့များကြားထဲတွင် ပြုံးနေသည့် နတ်မင်းတစ်ပါး၏ ပုံကို မြင်ရလေသည်။သူ့၏ အပြုံးက ဆွဲဆောင်မှုရှိပြီး သူ့၏ နွေးထွေးလွန်းလှသောအပြုံးက ဆွဲဆောင်မှုရှိလှသည်။ပုဖန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ့၏ စိတ်စွမ်းအင်များကို လည်ပတ်စေလိုက်ကာ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို ဆက်လက်ထိန်းချုပ်လိုက်သည်။


အဆုံးသတ်ပြောရလျှင်တော့ သူ့၏ ကျင့်ကြံမှု အဆင့်က န်ိမ့်နေသောကြောင့်ထိန်းချုပ်ရန်ခက်ခဲနေခြင်းသာဖြစ်သည်။သူ့၏ စိတ်စွမ်းအင်များကို အဆုံးအစွန်းထိ သုံးလိုက်ရသောကြောင့် သူ့မျက်နာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပေသည်။သူ့လက်ဆန့်တန်းလိုက်သည်နှင့် သူ့လက်ထဲတွင် အစပ်ချောင်းတစ်ချောင်း ပေါ်လာသည်ပုဖန် အစပ်ချောင်းကို သရဲမရဲ စားသောက်လိုက်လေသည်။


သူ့၏ နဖူးနှင့် နှာခေါင်းတွင် ချွေးများသီးနေဆဲဖြစ်သော်လည်း သူ့၏ မျက်နာအမူအရာက အများကြီး ကောင်းမွန်သွားလေသည်။ထိုနည်းလမ်းဖြင့် ပုဖန်က နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ဆက်လက်ချက်ပြုတ်နေခဲ့သည်။မီးဖိုခန်း၏ အပြင်ဘက်တွင် နတ်မင်းတစ်ပါး၏ အသံက လေထဲတွင် ပြန့်နှံ့လာခဲ့သည်။ငရဲဘုရင်၏ အမူအရာက ပို၍ တည်ငြိမ်လေးနက်လာ၏။


"သောက်ကျိုးနဲ လခွမ်း ဟိုကလေးက ဘာတွေ ချက်နေတာလဲ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကြီးကြီးမားမားလှုပ်ခတ်သွားရတာလဲ..."


နယ်သာရီပင် အနည်းငယ် စိတ်လွတ်လက်လွတ်ဖြစ်သွားပြီး မီးဖိုခန်းဘက်သို့ ကြည့်နေမိသည်။နယ်သာရီက ထိုအရာများအားလုံးကို စိတ်အနှောက်အယှက်ဖြစ်နေခြင်းမရှိပေ။


သူက တစ်ချက်သန်းဝေလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပြန်လှဲချလိုက်သည်။သို့သော်လည်း ပုဖန် ဟင်းပွဲပြီးမည့်အချိန်ကို စောင့်နေသကဲ့သို့ ပြန်လည်အိပ်စက်ခြင်းမရှိပေ။


ဒီည၌ မည်သူမှ အိပ်စက်ခြင်းမရှိကြတော့ပေ။ဒီအဆင့်ကို ဖြတ်ကျော်လာပြီးနောက် ရောင်နီပျိုးခြင်းရောက်လာပေပြီ အလင်းရောင်တစ်စက မှောင်မိုက်နေသော ကောင်းကင်ကို ထိုးခွဲ၍ ထွက်ပေါ်လာသည်။


တိမ်ခိုးစားသောက်ဆိုင်ထဲတွင် လှုပ်ခတ်နေသော စွမ်းအင်များက နောက်ဆုံး၌ တည်ငြိမ်သွားပေပြီ။ခွေးဘုရင်သည်လည်း တစ်ညလုံး စူးစိုက်ကြည့်နေသော အကြည့်များများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။


"အခုတော့ ပြီးဆုံးသွားပြီပေါ့ အဲ့ဒါက ဘယ်လို ဟင်းပွဲမျိုးများလဲ...ဒီကောင်လေးကတော့လေ လူတွေကို ဘယ်လိုစောင့်ဆိုင်းခိုင်းရမယ်ဆိုတာကို ကောင်းကောင်းသိတယ်...ဒီနေ့ခေတ် လူငယ်တွေက ချက်ပြုတ်တဲ့နေရာတောင်မှပဲ အရမ်းပဲ ထကြွသောင်းကျန်းလွန်းတယ်..."


မီးဖိုခန်းထဲ၌ ပုဖန်၏ လက်များပင် ပျော့ခွေ ကျနေပေပြီ သူအနောက်သို့ ခြေလှမ်း နှစ်လမ်းခန့် ယိုင်သွားပြီး နံရံကိုမှီ၍ ခက်ခက်ခဲခဲ အသက်ရှူလိုက်ရသည်။ပုဖန်က ဒယ်အိုးထဲမှ သာမန်ဟုသာ ထင်ရသော နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


အိုးအဖုံးအပေါ်မှ နတ်မင်း၏ ပုံရိပ်က ပတ္တမြားရောင်များ ထုတ်လွင့်နေလေသည်။လက်ရှိ အချိန်၌သူက အသက်ဝင်လာသလိုမျိုး သူ့၏ အပြုံးမျက်နာက လှုပ်ရှားနေလေသည်။


ထိုအလင်းရောင်များကြားထဲမှ အချိန်ကိုက်ထွက်ပေါ်လာသော ဗုဒ္ဓ၏ပုံရိပ်က အသက်စွမ်းအင်များကို တိုးပွားစေလေသည်။ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ထုတ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအားများ လုံးဝနီးပါး ကုန်ဆုံးသွားလေသည်။သူ အအေးခံထားသော ဗီရိုရှိရာဆီသို့ လျှောက်သွားလိုက်ပြီး တံခါးဆွဲဖွင့်လိုက်သည်။


ဇီးသီးရည်များဖြင့် ပြည့်နေသော ပန်းကန်လုံးတစ်လုံးကို တွေ့ လိုက်ရသည်။သူ အကြည်ရောင်ဖန်ခွက်တစ်ခွက်ကိုယူ၍ ဇီးရည်များဖြည့် လိုက်သည်။အအေးခံထားသော ဇီးဖျော်ရည်က အလွန်ပင် အေးမြလှသည်။အပူချိန် နိမ့်ကျသွားမှုကြောင့် ဖန်ခွက်အပေါ်တွင် ရေစက်လေးများပင် သီးနေလေသည်။


ပုဖန် ဖျော်ရည်ကို တစ်ကျိုက်သောက်လိုက်သည်။ထို့နောက် သူအလွန်ပင် ရေဆာနေသလို ခံစားရသောကြောင့် တကွက်ကွက်မော့သောက်လိုက်လေ၏။


ဂလု...


ချိုမြမှုနှင့် အချဉ်ဓာတ်ပေါင်းစပ်ထားသော အေးမြလှသည့် ဖျော်ရည်က သူ့ပါးစပ်ထဲ ဝင်သွားသည်နှင့် အကြောချဉ်များအားလုံးထဲ စိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။


အလွန်ပင် သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရပြီး ပုဖန်၏ မျက်နာပေါ်တွင် စိတ်ကျေနပ်သည့် အမူအရာ ပေါ်လာလေသည်။အေးမြမှုက လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲသည့် စီးဆင်းသွားသော ခံစားချက်ကို စကားဖြင့်ပင် ဖော်ပြလို့မရပေ။သူ့၏ နှလုံးသားလေးပင် လေထဲတွင် တဖျတ်ဖျတ် လှုပ်ခါနေသလို ဖြစ်နေလေသည်။


"အရမ်းမိုက်တာပဲ..."


ပြောင်အောင်သောက်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ထို့နောက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို ဒီတိုင်းထားခဲ့ပြီး ဖျော်ရည်ကို ယူ၍ မီးဖိုခန်းပြင်သို့ ထွက်လာခဲ့သည်။


အခန်းဝတွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးပေါင်းစုံ သူ့ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ပုဖန် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိပြီးနောက် ဆားငန်သီး ဖျော်ရည်ကို တစ်ချိုက်သောက်လိုက်သည်။


အကြည့်များသူအပေါ်သို့ ကျရောက်နေသောကြောင့် ပုဖန် စိတ်ရှုပ်ထွေးသွားမိသည်။အနည်းငယ် စိတ်ရှုပ်ထွေးသွားမိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် သူ့အကြည့်များက ရှုပ်ပွနေသော ဆံပင်များဖြင့် ဖြောင့်ဖြောင့်ရပ်နေသော ငရဲဘုရင်ဆီသို့ ကျရောက်သွားသည်။ထို့နောက် သူစိတ်ထဲမှ တွေးလိုက်မိသည်။


"ဒီလူအိုကြီးက ဘယ်တုန်းကများ ဆံပင်ပုံစံ သွားပြောင်းလိုက်တာလဲ..."


ပုဖန်က ထိုအကြောင်းကို များများဂရုမစိုက်ပေ။သူ့လက်ထဲမှ ခွက်ကလေးကို လှုပ်ခါပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။


"ဒီကိုလာပြီးတော့ မြည်းကြည့် ဒါက ခင်ဗျားဆီက ရတဲ့ ဇီးသီးနက်အရည်နဲ့ လုပ်ထားတာ ..."


"ဇီးသီးရည်နဲ့ လုပ်ထားတဲ့ဟာ ဟုတ်လား..."


ငရဲဘုရင် သိချင်စိတ် ပြင်းပြသွားသည်။သူ ပုဖန် ၏ လက်ထဲမှ အနီရောင်ရဲနေသည့် အရည်များကို မြင်လိုက်ရသည်။


"ငါရဲ့ ဇီးသီးရည်နဲ့ လုပ်ထားတဲ့ဟာ ဟုတ်လို့လား..."


ပုဖန်က ဇီးဖျော်ရည်ကို ခွက်ထဲ လောင်းထည့်ပြီး ငရဲဘုရင်ကို ကမ်းပေးလိုက်သည်။


"အိုး ...ဒါက အရမ်းအေးနေတာပဲ ..."


ငရဲဘုရင် ခွက်ကို ဆုပ်ကိုင်လိုက်သည့်ခဏ အံ့အားသင့်သွားမိသည်။မလှမ်းမကမ်းတွင်ရှိနေသော နယ်သာရီက မည်သူမှ မသိလိုက်ခင်မှာပင် အနားသို့ ရောက်နေလေပြီ သူမ မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်လိုက်ပြီး ဇီးဖျော်ရည်ကို စိတ်ဝင်တစားကြည့်နေလေသည်။


"ဘာလဲ..."


နယ်သာရီက စပ်စုစွာဖြင့် မေးလိုက်သည်။ပုဖန်က နယ်သာရီ ပါးစပ်ဖွင့်ဟလိုက်ထဲက သူမ၏ ရည်ရွယ်ချက်ကို သိပေသည်။သူ စကားပြန်မဆိုပဲ ခွက်တစ်ခွက်ထဲသ်ို့သာ ဇီးဖျော်ရည်လောင်းထည့်ပေးလိုက်သည်။


နယ်သာရီက ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။အေးမြလှသော ခံစားမှုက အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။သူမ ခွက်ထဲမှ အနည်းငယ် စုတ်သောက်လိုက်သည်နှင့် မျက်ဝန်းများ လင်းလက်တောက်ပသွားသည်။သူမ၏ မျက်ဝန်းထဲ၌ အလင်းရောင်များ ထွက်လာသလိုပင်ထင်ရသည်။


"အရမ်းအရသာရှိတယ် ..."


နယ်သာရီက ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ဇီးဖျော်ရည်ကို တကွက်ကွက်မော့သောက်လိုက်သည်။သူမ၏ မျက်နာ၌ စိတ်ကျေနပ်မှုများဖြင့် ပြည့်နေသည်။


"ဒါက ဇီးသီးအရည်ဟုတ်လို့လား..."


ငရဲဘုရင်၏ မျက်နာတွင်လည်း အံ့အားသင့်မှုများပြည့်နေလေသည်။သူက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။


"သူ့ရဲ့ ဇီးသီးအရည်အရသာက ချဉ်ပြီးခါးတယ်မဟုတ်ဘူးလား...ဒီလူငယ်လေးက သူ့ကို လိမ်နေတာလား..."


"ခင်ဗျားပေးထားတဲ့ ဇီးသီးအရည်နဲ့လုပ်ထားတယ်ဆိုတာ အမှန်ပဲ ...ခင်ဗျား အစပ်ချောင်းတွေစားချင်သေးလား ဒီလိုဆိုရင် ကျုပ်ကို နေ့တိုင်း ဇီးသီးအရည် ထောက်ပံ့ပေး ဒါဆိုရင် အစပ်ချောင်း သုံးချောင်း အလကားပေးမယ်..."


ပုဖန်က မျက်နာသေဖြင့်ပင် ငရဲဘုရင်ကိုကြည့်၍ ပြောလိုက်သည်။ထိုစကားကြားလိုက်သည့်ခဏ ငရဲဘုရင်၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာပင် တုန်ယင်သွားလေသည်။သူ့၏ နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ် လှုပ်ခါနေ၏။


"ကောင်စုတ်လေး နောက်ဆုံးတော့ ဘယ်လိုမျိုး ကောင်းကောင်းပြုမူရမယ်ဆိုတာ သင်ယူလိုက်ပြီပေါ့လေ...သဘောတူတယ်..."


ငရဲဘုရင်က သူ့၏ရင်ဘက်ကို ယုံကြည်မှုရှိရှ်ိ ဖြင့် ပုတ်ပြလိုက်သည်။ထို့နောက် ဇီးဖျော်ရည်ကို တစ်ကျိုက် မော့သောက်လိုက်၏။ပုဖန် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ရုတ်တရက် သူ့၏ အမူအရာက ပြောင်းလဲသွားပြီး မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလေသည်။


"ခဏနေဦး...အရမ်းကောင်းတဲ့ ဟင်းပွဲက မကြာခင် အဆင်သင့်ဖြစ်တော့မယ်..."


ကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက နောက်ဆုံးတော့ ပြီးမြောက်သွားလေပြီ ။