အပိုင်း ၅၉၅
Viewers 53k

အခန်း ၅၉၅

ဆေးနန်းတော်ကိုပြားပစ်မယ်...


မီးဖိုခန်းမှ ထွက်ပေါ်လာသော မွှေးရနံ့များက ငရဲဘုရင်နှင့် နယ်သာရီတို့၏ အရသာခံအာရုံများကို နှိုးဆွလိုက်လေသည်။ကြမ်းပြင်ပေါ်တွင် တစ်ချိန်လုံးလှဲအ်ိပ်နေသည့် ဘလက်ကီပင်လျှင် ထရပ်လိုက်ပြီး သူ့၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။


ကြောင်တစ်ကောင်ကဲ့သို့ တင့်တယ်လှသော ခြေလှမ်းမျိုးဖြင့် ထမင်းစားပွဲဆီ သွားလိုက်သည်။သူ့၏ ရောင်ခြည်များပင် ထွက်ပေါ်နေသလို ထင်ရသော မျက်ဝန်းများက မီးဖိုခန်းဘက်သို့သာ ကြည့်နေလေသည်။


ထိုကဲ့သို့ အော်ရာများထုတ်လွင့်နေလိုက်သည့် ဟင်းပွဲက သာမန်မဟုတ်နိုင်ပေ။မွှေးရနံ့များကြားထဲ၌ပင် သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပုန်းကွယ်နေသည်။ပါဝင်ပစ္စည်းများ၏ ရနံ့ကလည်း တစ်ခုပြီးတစ်ခု လိုက်ဖတ်ညီနေ၏။


သူမ လက်ထဲမှ အေးမြနေသော ဇီးဖျော်ရည်ခွက်ကိုကိုင်၍ ထိုင်ခုံမှာ ထိုင်လိုက်သည်။ထို့နောက် ကျေနပ်နှစ်သိမ့်နေသော မျက်နာထားဖြင့် တစ်စုတ်စုတ်သောက်လိုက်၏ ထိုအရသာက သူမ၏ နှလုံးသားကို သိမ်းပိုက်သွားပေပြီ။


ငရဲဘုရင်ကတော့ နယ်သာရီနှင့် လုံးဝ မတူပေ။သူက ဇီးရည်များကို လူရိုင်းတစ်ယောင်ကဲ့သို့ပင် တစ်ကျိုက်တည်းမော့သောက်လိုက်ပြီးနောက် အဆုံးသတ်တွင် ဂေ့ခနဲ လေချဉ်တက်လိုက်သည်။


ပုဖန် မီးဖိုခန်းထဲ ပြန်ဝင်သွားပြီးနောက် စားသောက်ဆိုင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားလေသည်။ပုဖန် သယ်ဆောင်လာမည့် ဟင်းပွဲကိုသာ မျှော်လင့်စောင့်ဆိုင်းနေကြသည်။ 


ထိုအချိန်မှာပင် မီးဖိုခန်း တံခါးဝ၌ ကြီးမားသော အိုးတစ်ခုကို သယ်ထားသော ပုံရိပ်လေးတစ်ခုထွက်ပေါ်လာသည်။ထိုအိုး၏ အဖုံးပေါ်တွင် ရင်းနီးကျွမ်းဝင်နေသော နွေးထွေးစွာ ပြုံးနေသည့် နတ်မင်းပုံရှိလေသည်။


နတ်မင်း၏ ပတ်ပတ်လည်တွင် အလင်းရောင်လေးများ ဖြာနေလေရာ သက်ရှိထင်ရှားရှိနေသည်ဟုပင် ထင်ရစေသည်။စိုက်ကြည့်လိုက်သည်နှင့် နတ်မင်း၏ညှင်သာသော အသံကို ကြားလိုက်ရသလိုမျိုး သက်ဝင်ယုံကြည်မှုကို ခံစားရစေသည်။


ထိုအိုးအဖုံးအဟကြားထဲမှ မွှေးရနံ့များလွင့်ပြယ်ထွက်နေ၏။ရနံ့က သိပ်မပြင်းထန်လှသော်လည်း အားလုံးကို ယစ်မူးသွားစေဖို့ လုံလောက်နေပေပြီ။ပုဖန်က အငွေ့တထောင်းထောင်းထနေသောအိုးကိုစားပွဲပေါ်တင်လိုက်သည်။


အားလုံးက အိုးဆီသို့သာ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေသေးသည်။သူ့၏ နှလုံးသားထဲ၌လည်း မေးခွန်းများပြည့်နှက်နေပေပြီ။


" ဒီအိုးထဲ၌ ဘယ်လ်ို ကောင်းမွန်တဲ့ အရာများရှိနေတာလဲ..."


သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်၏ အရင်အခ်ျိန်ကလည်း ပုဖန် ဒီအိုးမျိုးဖြင့် ချက်ပြုတ်ဖူးသည်ကို သူအမှတ်ရလိုက်သည်။သူ ဇီးသီးရည်တစ်စုတ်သောက်လိုက်ပြီးနောက် ပုဖန်ကို မေးလိုက်သည်။


"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပဲ မဟုတ်ဘူးလား..."


"ဒါပေမယ့် ဒီဟာက သာမန် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်မဟုတ်ဘူး..."


ပုဖန်က လေးနက်သော အသံဖြင့် ဆက်လက်ပြောဆိုလိုက်သည်။


"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို အဆင့် ၂ဆင့် ခွဲထားတယ် ...သေမျိုးအဆင့်နဲ့ ကောင်းကင်ဘုံအဆင့်...အရင်တစ်ခါ ချက်တာက သေမျိုးအဆင့်ပဲ ပါဝင်ပစ္စည်းတွေကတော်တော်လေးကောင်းမွန်တယ်ဆိုပေမယ့် အဆင့်မီရုံပဲလို့ ပြောလို့ရတယ်...ဒီတစ်ခါကတော့ အကောင်းဆုံးသော ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာ..."


စွပ်ပြုတ်တစ်ခုထဲတွင် အဆင့်မြင့်လှသည့် ပါဝင်ပစ္စည်းများသာ အသုံးပြုထားသောကြောင့် စိတ်ဝိညာဉ် စွမ်းအင်များက သေချာပေါက်ကို ပရမ်းပတာဖြစ်နေပေပြီ။


ဒီဟင်းပွဲကို အောင်အောင်မြင်မြင်ချက်ပြုတ်နိုင်ရန်အတွက် ပုဖန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။သူ တစ်ညလုံးပင် အခ်ျိန်သုံးစွဲခဲ့ရ၏။ပုဖန်ကိုယ်တိုင်ကလည်း ချက်ပြုတ်ရာ၌ စိတ်ဝိညာဉ် စွမ်းအင်အများအပြား သုံးစွဲရမည်ကို ခန့်မှန်းထားပြီးသားဖြစ်သည်။


ပါဝင်ပစ္စည်းများအတွင်းမှ စွမ်းအင်များက်ို ထိန်းညှ်ိပေးရန်အတွက် စိတ်စွမ်းအားများ သုံးစွဲရန်လိုအပ်သည်။ထို့ကြောင့် ချက်ပြုတ်ပြီးစီးသည့် စားဖိုမှူးတစ်ယောက်က ကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရသလို စိတ်စွမ်းအင်လည်း အလွန်အမင်း သန်မာရမည်ဖြစ်သည်


ပုဖန်ပင်လျှင် ထိုဟင်းပွဲကို ချက်ပြုတ်နေစဉ်အတွင်း သူ့၏ စိတ်စွမ်းအင်များ လုံးဝနီးပါးကုန်စင်တော့မလို ဖြစ်သွားခဲ့သည်။သို့သော်လည်း ကံကောင်းထောက်မစွာ၌ သူ့၌ အစပ်ချောင်းရှ်ိနေလေသည်။ထိုသို့သာမဟုတ်လျှင် ယခုအခ်ျိန်၌ သူ မတ်တပ်ရပ်နိုင်တော့မည်မဟုတ်ပေ။


ချက်ပြုတ်ပြီးသည်နှင့် လန်းဆန်းအေးမြသော ဖျော်ရည်တစ်ခွက်သောက်၍ အနားယူခဲ့ရသည်။စွမ်အင်းကုန် သုံးထားရသော စွပ်ပြုတ်က ဟာသမဟုတ်ပေ။


"အဖုံးဖွင့်လိုက် ဒီဘုရင်ကို မြည်းစမ်းခွင့်ပေး..."


ငရဲဘုရင်က လျှာသပ်လိုက်ရင်း ပြောလိုက်သည်။ပုဖန် သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး စကားမဆိုလိုက်တော့ပေ။ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို လှည့်ပတ်စေလိုက်ပြီး လက်ဖဝါးပေါ်သို့ စီးဆင်းစေလိုက်သည်။


လက်ဝါးဖြင့် အဖုံးကို ထိလိုက်သည်။အဖုံးတဖြေးဖြေးကြွလိမ့်လာသည်နှင့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုအလင်းများထဲတွင် ပြုံး၍ ထိုင်နေသည့် နတ်မင်းတစ်ပါးပုံ ပေါ်လွင်နေ၏။ပတ်ဝန်းကျင်တွင် ပျောက်ကွယ်မသွားခင် ခဏမျှ ရစ်ဝဲနေသေးသည်။ထိုမြင်ကွင်းက အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းလှသည်။


ပြန့်လွင့်နေသော စွမ်းအင်လှိုင်းများက အားလုံး၏ နှလုံးသားက်ို တုန်ယင်သွားစေသည်။သိပ်သည်းလှသော မွှေးရနံ့များက ပင်လယ်ပြင်သကဲ့သို့ ပြန့်ကားလာပြီးဆိုင်ထဲတွင်ရှိနေသော လူများအားလုံးကို လွှမ်းခြုံသွားလေသည်။


ငရဲဘုရင်ပင်လျှင် ထိုအမွှေးရနံ့များ၏ ဆွဲဆောင်မှုတွင် ယစ်မူးသွားပြီး မထိန်းချုပ်နိုင်စွာဖြင့် ကျေနပ်နှစ်သိမ့်မှုကို ခံစားနေမိသည်။ချိုမြသည့် မွှေးရနံ့များက ဆူနာမီ လှိုင်းလုံးတစ်ခုလို ရိုက်ခတ်လာလေသည်။ဇီးဖျော်ရည်ကို မြှင်း၍ စုတ်သောက်နေသော နယ်သာရီပင်လျှင် ထိုမွှေးရနံ့များကို တစ်ဝကြီး ရှုရှိုက်လိုက်၏။


ခွေးဘုရင်က လျှာတန်းလန်းထုတ်၍ ထိုအမွှေးရနံ့များက်ို အနံ့ခံလေသည်။ထောင့်နားတွင်ရှိနေသော ရှစ်လေး၏ ဖင်က မထိန်းချုပ်နိုင်စွာ ခါယမ်းနေလေသည်။သူ တောင်ပံများက်ို ဖြန့်ကားလာပြီး ထ်ို အမွှေးရနံ့များရှိရာဆီသို့ မမှိတ်မသုန်ကြည့်နေလေ၏။ကောင်းကင်ဘုံရောက်နေသည်ဟုပင် ထင်မိလေသည်။


တစ်ခ်ျိန်တည်းမှာပင် စားသောက်ဆိုင်ထဲတွင် ပြည့်သွားပြီဖြစ်သော မွှေးရနံ့များက အပြင်ဘက်သို့ပင် လွင့်ပြယ်သွားလေသည်။မနက်ပိုင်းအခ်ျိန်ရောက်နေပြီဖြစ်သောကြောင့် သက်စောင့်ဆေးဆိုင်များ၏ ပိုင်ရှင်များက ဆိုင်ဖွင့်ရန် ပြင်ဆင်နေကြလေပြီ မွှေးရနံ့များက လွင့်ပျံလာသည့်ခဏ၌ သူတို့၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး ပုဖန်ဆိုင်ရှိရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။


"ဒီအနံ့က အရမ်းမွှေးပါလား...ပိုင်ရှင်ပုတော့ ဟင်းအသစ်ချက်နေပြန်ပြီထင်တယ်..."


"ဒီအနံ့က... ပိုင်ရှင်ပု ပြန်ရောက်လာပြီလား...ကောင်းလိုက်တာ ငါနောက်ဆုံးတော့ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေ ထပ်စားရတော့မယ်..."


စားသုံးသူများက တုံ့ဆိုင်းမနေပဲ ပုဖန်၏ ဆိုင်ရှိရာဆီသို့ ချီတက်လာကြသည်။သူတို့၏ နှလုံးသားထဲမှပင် စားချင်သောက်ချင်စိတ်များ ထွက်ပေါ်နေလေသည်။စားသောကဆိုင်က နောက်ဆုံးအဖြစ် အစပ်ချောင်းသုံးချောင်းကို ရောင်းပြီးကတည်းက အချိန်ခဏအကြာ ပိတ်ထားခဲ့သည်။ထို့နောက် အတော်လေး ငြိမ်သက်နေပေ၏ ယခုမူ အသစ်တစ်ဖန် တစ်စုံတစ်ခု ဖြစ်ပေါ်လာသောကြောင့် စားသုံးသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။


ပဉ္စလက်စုဝေးပွဲကြီး၏ ချန်ပီယံဖြစ်သော ပိုင်ရှင်ပုက မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များကို ရိုက်ချ၍ မြူကောင်းကင်မြို့၏ ဒဏ္ဍာရီတစ်ခုအဖြစ် တွင်စေခဲ့သည်။


ထိုကဲ့သို့သော ပိုင်ရှင်ပုက မည်သည့်ဟင်းပွဲမျိုးတီထွင်နေပေသည်ကို အားလုံးသိချင်နေကြသည်။အလင်းရောင်များက ဖျော့တော့အားနည်းနေသေးသော်လည်း မွှေးရနံ့များက ဧရိယာတစ်ခွင်လုံးကို ပြည့်နှက်နေပြီဖြစ်သည်။


ငရဲဘုရင်က မျှော်လင့်စောင့်ဆိုင်းနေသည့် အကြည့်များဖြင့် ပုဖန်ကို ကြည့်လိုက်သည်။


"ဟေး...ကောင်လေး မြန်မြန်လေး ဒီဘုရင်ကို တစ်ပွဲပေး..."


မွှေးရနံ့များက သူ့နှာခေါင်းကို လာရောက်ကျီစယ်နေသောကြောင့် ငရဲဘုရင်က ဆာလောင်နေသော ဝံပုလွေအိုကြီးကဲ့သို့ တံတွေးများအဆက်မပြတ် မြိုချနေလေသည်။


"ဘာလို့ အဲ့ဒီလောက်တောင် မွှေးရတာလဲ..."


သူ့၏ ဘဝတစ်သက်တာလုံး ထိုကဲ့သို့သော ဟင်းပွဲမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ငရဲပြည်တွင်နေခဲ့သည့် အခ်ျိန်၌လည်း ထိုကဲ့သို့သော ကောင်းမွန်သည့် အစားအစာများကို စားသောက်ရန် အခွင့်မကြုံခဲ့ပေ။


ပုဖန် ပန်းကန်လုံတစ်လုံးယူလာပြီး စွပ်ပြုတ်ရည်များ ခပ်ထည့်လိုက်သည်။စွပ်ပြုတ်ရည်က အနည်းငယ် ပျစ်နေပေသည်။အရောင်က အညိုရောင်ဘက်သို့ နည်းနည်းသန်းနေပြီး မြောက်များလှစွာသော ပစ္စည်းများကို မွှေနှောက်ထားသောကြောင့် သာမန်မဟုတ်သည့် မွှေးရနံ့လေးများလည်း ထွက်ပေါ်နေသည်။


နဂါးအသားတစ်ဖက်ကို ဆယ်၍ ပန်းကန်လုံးထဲ ထည့်လိုက်ပြီးနောက် သူနှင့် အနီးဆုံးတွင်ထိုင်နေသော ငရဲဘုရင်က်ို ကမ်းပေးလိုက်သည်။ထို့နောက် နယ်သာရီနှင့် ဘလက်ကီတို့ထံသို့ ဆက်လက်၍ ကမ်းပေးလိုက်သည်။


လူတိုင်းကို ပေးပြီးသည့်နောက် သူ့အတွက်လည်းတစ်ပွဲခပ်လိုက်သည်။သူ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို မမြည်းကြည့်လျှင် သူအားထုတ်ထားသမျှက အလကားဖြစ်သွားပေလိမ့်မည်။


ရှစ်လေးက မျက်လုံးသေးသေးလေးများဖြင့် လှမ်းမျှော်ကြည့်နေလေ၏။ပုဖန်က သူ့ကို တစ်ချိန်လုံး လျစ်လျူရှူထားလေသည်။သူက ခြေထောက်သေးသေးလေးများကို တရွတ်ဆွဲ၍ ပုဖန် ဘေးနားသ်ို့ ပြေးလာလေ၏။တစ်လျှောက်လုံးလည်း ကတော်ကတော်အသံပြုလာလေသည်။


ပုဖန် မျက်လုံးစွေကြည့်လိုက်ပြီး အေးစက်စွာမဲ့လိုက်သည်။


"ဘာတွေ လာဆူညံနေတာလဲ မင်းက ကြက်တစ်ကောင်ပဲ မဟုတ်ဘူးလား...အသားစားချင်သေးတာလား..."


ငရဲဘုရင်က ရှစ်လေးကို လှောင်ပြောင်ပြောလိုက်ပြီးနောက် သူ့၏ ပန်းကန်ထဲမှ စွပ်ပြုတ်များကို မော့သောက်လိုက်သည်။သူ့၏ မျက်နာကလည်း ပုဇွန်တစ်ကောင်ကဲ့သို့ နီရဲနေပေသည်။


ရှစ်လေးက သူ့၏ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း ငရဲဘုရင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။


ပုဖန်က သူ့ကို ဆက်လက်၍ လျစ်လျုရှူထားလေသည်။ထိုအမြင်ကျဉ်းလှသော ကြက်က သူ့ကို ကြက်ထောက်တစ်ချောင်းပင် မချေးခဲ့ပေ။ဒါတောင် သူက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားချင်သေးတယ်လား...


ပုဖန်က ထိုရှစ်လေး၏ ထမင်းကြော်ကို လျှော့ချရမလားဟု စဉ်းစားနေပြီဖြစ်သည်။ရှစ်လေးကမူ သူ့၏ နောင်ရေးကို မတွေးမိပဲ ပုဖန်ဘေးနားတွင် ဆက်လက်၍ ဆူဆူညံညံ ပြုလုပ်နေလေသည်။


ပုဖန် နဂါးအသားတစ်ဖက်ကို ကောက်ယူလိုက်သည်။နူးညံ့လှသည့် နဂါးအသားက ပြည်ကြီးငါးနှင့်ပင်ဆင်တူနေသည်။သို့သော်လည်း သူ့၏ အနံ့နှင့် အရသာက ပိုမိုကောင်းမွန်ပေသည်။နူးညံ့လှသော အသားကို ကိုက်လိုက်သည်နှင့် သူ့ပါးစပ်ထဲတွင် နွေဦးလေညှင်းလေးတိုက်ခိုက်သွားသလို ခံစားလိုက်ရသည်။စိတ်ဝိညာဉ် အနှစ်သာရများက ပေါက်ကွဲထွက်လာပြီး သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ လွှမ်းခြုံသွားလေသည်။


အသား၏ နူးညံ့မှုက စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ထို့အပြင် နူးညံ့သည်ဆိုသော်လည်း အသားက အရေပြားကဲ့သို့ အနည်းငယ်လည်း ဝါးရသေးသည်။သူမတူသည့် ခံစားချက်မျိုးက ထူးဆန်းလှပေသည်။ထိုအရသာမျိုးကို မည်သူကများ ကိုက်ဝါးရက်ပါတော့မည်နည်း။


သူတစ်ခါတည်း မြိုချပစ်လိုက်သည်။ထို့နောက် နောက်ထပ်တစ်ခုထပ်ယူ၍ စားလိုက်သည်။ပြီးသည်နှင့် အနည်းငယ်ပျစ်သည့် စွပ်ပြုတ်ရည်ကို သောက်လိုက်သည်။စွပ်ပြုတ်ရည်ကလည်း အလွှာပေါင်းများစွာ ပိုင်ဆိုင်ထားသလိုပင်ထင်ရသည်။ပထမဆုံး အပေါ်ယံ ခတ်လိုက်သည်၌ မြောက်များလှစွာသော စိတ်ဝိညာဉ် ဆေးပင်များ၏ အရသာများကို သယ်ဆောင်လာပေသည်။


ကွဲပြားခြားနားသော အနံ့နှင့် အရသာများကို အတူတကွ ပေါင်းစပ်ထားပြီးနောက် အံ့သြဖွယ်ကောင်းသည့် အရသာအသစ်မျိုးကို ထုတ်လုပ်ပေးလေသည်။နဂါးအသားနှင့် ပါဝင်သော စိတ်ဝိညာဉ် ပစ္စည်းမျိုးစုံက တစ်ခုနှင့်တစ်ခု လိုက်ဖတ်ညီစွာ ထောက်ပံ့ပေးနေလေသည်။ဒီဟင်းပွဲက တကယ့်ကို ကောင်းမွန်သည့် ခရီးရှည်တစ်ခုထွက်ရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းလေသည်။


ခွေးဘုရင်ကလျှာကိုထုတ်၍ ပန်းကန်လုံးထဲမှ စွပ်ပြုတ်ရည်များကို လျက်လိုက်သည်။သူ့၏ မျက်ဝန်းများက ကျေနပ်နှစ်သိမ့်မှုများဖြင့် ပြည့်နှက်နေသည်။


သူက နူးညံ့လှသော နဂါးအသားတစ်ဖတ်ကို လျှာဖြင့် လိပ်ယူလိုက်ပြီး မြိုချလိုက်၏။


ပလပ်...ပလပ်...ဂလု...


အသား ပါးစပ်ထဲ ဝင်သွားသည်နှင့် ခွေးဘုရင် ခဏမျှ ရပ်တန့်သွားပြီးနောက် ပျော်ရွှင်စွာ ခံစားလိုက်ရ၏။သူက စွပ်ပြုတ်ရည်တစ်စက်မှမကျန်သည်အထိ သောက်လိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။သူ့ဘဝ တစ်သက်တာတွင် ထိုကဲ့သို့ အရသာများကို မကြုံခဲ့မိပေ။သူ့၏ မျက်နာကလည်း နီရဲလွန်း၍ နက်မှောင်နေပေသည်။


"ကောင်ငယ်လေး ဒီဘုရင်ကိုနောက်ထပ် တစ်ပွဲလောက်ပေးဦး ..."


ငရဲဘုရင်က နွေးထွေးစွာ ပြုံးပြရင်းပြောလိုက်သည်။လူသုံးယောက်နှင့် ခွေးတစ်ကောက်က နှစ်ခြိုက်စွာ စားသုံးနေကြ၏ သူတို့၏ မျက်နာတွင်လည်း ပျော်ရွှင်နေမှုက အထင်းသားပေါ်လွင်နေလေသည်။


နောက်ဆုံးအသားဖတ်ကို စားပြီးသည့်နောက် စိတ်ဝိညာဉ် စွမ်းအင်များပါနေသော လေချဉ်တစ်ချက်တက်လိုက်သည်။


ဂေ့စ်...


စားသောက်ဆိုင်အပြင်ဘက်တွင်လည်း လူတန်းကြီး ရှည်လျားနေပေသည်။သူတို့က ဆိုင်ထဲမှ ထွက်ပေါ်လာသော အနံ့များကြောင့် တံတွေးအကြိမ်ကြိမ် မြိုချနေရသည်။


နန်ကုန်းဝူချယ်က ပုဖန် လျှို့ဝှက်နယ်မြေထဲမှ ပြန်ရောက်လာပြီဟု သတင်းကြားထဲက အလျင်စလိုပင် ပြေးလာခဲ့သည်။သူတစ်ယောက်တည်းသာမဟုတ်ပဲ အန်းရှန့်ကလည်း ပုဖန်၏ အားးအစာအစာများကို နောက်တစ်ခါ မြည်းစမ်းဖို့ရန်အတွက် အလျင်စလို လာနေလေသည်။


သူတို့အားလုံးက ပုဖန်၏ အရသာရှိလှသောအစားအသောက်များ၏ ကျေးကျွန်ဖြစ်သွားလေပြီ။သူတို့ နှလုံးသားထဲ၌ ထိုအရသာများကိုသာ အမြဲတစေ အာရုံခံနေမိတော့သည်။


ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုနှင့်အတူ စားသောက်ဆိုင်၏ တံခါးပွင့်သွားသည်။ထွက်ပေါ်လာသော မွှေးရနံ့များက ပို၍ပင် သိပ်သည်းလာ၏။လူများအားလုံး အသက်ပြင်းပြင်းရှုရှိုက်လိုက်ကြသည်။


......


မြူကောင်းကင်မြို့၏ တစ်နေရာ....


မနက်ခင်း နေရောင်ခြည်အောက်တွင် ရပ်နေသော ပုံရိပ်တစ်ရိပ်က မြူကောင်းကင်မြို့ကို လှမ်းကြည့်နေလေသည်။သူက မြင့်မားလှသော အဆောက်အဦးများကို စိုက်ကြည့်နေပြီးနောက် အပြုံးတစ်ခု လှစ်ဟလိုက်သည်။


သူ့၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပြားတစ်ခုက သူ့ဆီသို့ ပျံသန်းလာလေသည်။ကျောက်စိမ်းပြားထဲသို အစစ်အမှန် စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် မီးရှူးမီးပန်းများ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ဖြစ်ပွားလာသည်။အဆောင်ပြားက ကောင်းကင်ကိုပင် မြိုချတော့မည့်ပုံပေါ်သော ရက်စက်ကြမ်းကြုတ်လှသည့် သားရဲတစ်ကောင်၏ ပါးစပ်အဖြစ်သို့ ပြောင်းလဲသွားသည်။


ထိုရက်စက်ကြမ်းကြုတ်သော သားရဲပုံသဏ္ဍာန်က အလျင်အမြန် ပျောက်ကွယ်သွားပြီး ထိုအနောက်မှ ပုံရိပ်တစ်ခု ပေါ်လာသည်။


"စီနီယာ ကျွန်တော်က ပြင်ပကမ္ဘာကို လေ့လာစူးစမ်းသူ ဝမ်ရန်ချုံပါ...ကျွန်တော်မှာ ငရဲကမ္ဘာနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေတင်ပြစရာရှိနေပါတယ်..."


ဝမ်ရန်ချုံက အလေးအနက် ပြောလိုက်သည်။သူက ခဏမျှ စဉ်းစားနေပြီးနောက် 


"ငရဲကမ္ဘာနဲ့ ပတ်သတ်တဲ့ သတင်းလား ..."


"ဟုတ်ပါတယ်..."


ဝမ်ရန်ချုံ အတည်ပြုလိုက်သည်။


"ငရဲကမ္ဘာနဲ့ ပတ်သတ်တဲ့ သတင်းတွေ ရလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့မိဘူး အရမ်းကောင်းတယ် သတင်းတွေကို အတည်ပြုဖို့အတွက် ငါလူလွှတ်လိုက်မယ်...မင်းလက်ရှိ ဘယ်နေရာမှာလဲ..."


ဝမ်ရန်ချုံ၏ မျက်ဝန်းများက တောက်ပသွားပြီး ထပ်ပြောလိုက်သည်။


"ကျွန်တော်က ဆေးနန်းတော်မှာပါ အခုလက်ရှိ မြူကောင်းကင်မြို့ရဲ့ အပြင်မှာ ရပ်နေပါတယ်...ကျွန်တော် မြို့ထဲကို ဝင်ပြီးတော့ သွားပြီး စစ်ဆေးကြည့်တော့မလို့ပါ..."


ဝမ်ရန်ချုံ၏ စကားကိုကြားပြီးသည်နှင့် မှုန်ဝါးဝါးပုံရိပ်ဆီမှ ထူးဆန်းသည့် စကားသံ ထွက်ပေါ်လာလေသည်။


"ဟမ်..."


"အဲ့ဒီ ရူးသွပ်နေတဲ့ ရှုရအရှင်သခင်က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကနေ ထွက်လာခဲ့ပြီးပြီ အဲ့ဒီအရူးက သူ ဆေးနန်းတော်ကိူ ပြားပစ်မယ်လို့ ပြောခဲ့တယ်...မင်းသတိထားပြီး နေတာ ကောင်းလိမ့်မယ်..."


ဝမ်ရန်ချုံ အံ့အားသင့်မှုဖြင့် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ထိုသတင်းကြောင့် တုန်ယင်သွားမိလေ၏။


"ရှုရအရှင်သခင်က ဆေးနန်းတော်ကို ပြားပစ်မယ်...ရှုရအရှင်သခင်က တကယ့်ကို ရူးသွပ်နေတဲ့ လူပဲ သူက ဆေးနန်းတော်ကို ပြားပစ်မယ်ဆိုတဲ့ အကြောင်းကို လူကြားထဲမှ ကြော်ငြာရဲတယ်...ရှေးဟောင်းရှုရမြို့တော်က ဆေးနန်းတော်နဲ့ စစ်ဖြစ်ချင်နေတာလား..."