အခန်း ၅၉၆...
စားသောက်ဆိုင်အပြင်ဘက်ရှိ လူတန်းက ရှည်လျားသထက် ရှည်လျားလာခဲ့လေပြီ အားလုံး၏ မျှော်လင့်စောင့်ဆိုင်းနေကြသော သူများက စားသောက်ဆိုင်ကိုသာ မမှိတ်မသုန် ကြည့်နေကြသည် သူတို့က တင်းတင်းစေ့ပိတ်ထားသော တံခါး မကြာခင်မှာပင် ပွင့်လာဖို့ မျှော်လင့်နေကြ၏။
လူတိုင်းက ပြန့်လွင့်လာသော မွှေးရနံ့များအကြောင်းကို ဆွေးနွေးနေကြသည်။ပိုင်ရှင်ပု၏ ဟင်းပွဲအသစ်၏ ရနံ့က အလွန်ပင် ယစ်မူးစရာကောင်းလှသည်။နန်ကုန်းဝူချယ်က တံခါး၏ အဟလေးအကြားကို အတင်းတိုးကပ်၍ ဆိုင်ထဲမှ အခြေအနေများကို ချောင်းကြည့်နေသည်။သို့သော်လည်း သူဘာကိုမှ မမြင်ရပေ။
ကျွီ...
ရှည်လျားသော မြည်သံတစ်ခုနှင့်အတူ နောက်ဆုံး ဂိတ်တံခါးက ပွင့်လာလေသည်။တံခါးနှင့် ကော်ဖြင့်ကပ်ထားသလို ချောင်းကြည့်နေသော နန်ကုန်းဝူချယ် အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။
ပုဖန်မျှော်လင့် စောင့်ဆိုင်းမှုများဖြင့် တောက်ပနေသော နန်ကုန်းဝူချယ်၏ အကြည့်များကို သတိပြုမိလိုက်သည်။
"မတွေ့ရတာတောင် ကြာပြီ..."
ပုဖန်က ခေါင်းညိတ်၍ နှုတ်ဆတ်လိုက်သည်။နန်ကုန်းဝူချယ် နှုတ်ခမ်းပါးများကို သပ်လိုက်ပြီး ပုဖန်၏။ ဘေးနားသို့ ရောက်သွားကာ မျက်ရည်ဝိုင်းသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
"ဘော်ဒါပု နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့...ငါ့မှာငတ်မွတ်ပြီးတော့ သေတော့မယ်..."
ပုဖန် လျှို့ဝှက်ကောင်းကင်နယ်ပယ်ထဲ ဝင်သွားသည့် အခ်ျိန်အတော်အတွင်း သူ့တွင် အစပ်ချောင်းမှလွဲ၍ တခြားစားစရာမရှိခဲ့ပေ။အချိန်တိုင်း ပုဖန် ချက်ပြုတ်သည့် ကောင်းမွန်လှသည့် အစားအသောက်များကိုသာ တွေးတောနေမိလေသည်။
"ငါနယ်သာရီကို အစပ်ချောင်းတွေ အားလုံး ရောင်းဖို့ ပြောထားတယ်လေ...မင်းနည်းနည်းလောက် ဝယ်မထားလိုက်ဘူးလား..."
ပုဖန်က သူ့၏ ဘေးတွင် အလွန်အမင်း ပျော်ရွှင်ပုံဖြင့် ရပ်နေသောနန်ကုန်းဝူချယ်ကိုကြည့်၍ သင်္ကာမကင်းဟန်ဖြင့် ပြောလိုက်သည်။
"မှန်တယ်လေ အမကြီးနယ်သာရီက အစပ်ချောင်း နည်းနည်းရောင်းတယ်လေ...ဒါပေမယ့်လည်း... အဟွတ်...အဟွတ်..."
ပြောတော့မည့်အချိန်တွင်ပင် သူ့၏ စူးရှထက်မြက်လှသည့် မျက်ဝန်းများက တဖြေးဖြေးနီးကပ်လာသော ခြေတံလှလှတစ်စုံက်ို တွေးလိုက်မိသည်။သူမ၏ စူးရှလှသော အကြည့်များက နန်ကုန်းဝူချယ်၏ နှလုံးသားက်ို ထိုးဖောက်သွားသောကြောင့် သူ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားသည်။ခြေလက်များပင် အေးစ်ိမ့်သွားလေသည်။
သူ့၏ ရေခဲတမျှအေးစက်လှသော အကြည့်များကြောင့် နန်ကုန်းဝူချယ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ့မျက်ရည်များပင် စီးကျသွားတော့မလို ဖြစ်သွားသည်။
ပုဖန်၌ မေးခွန်းတစ်ချို့ရှိနေသော်လည်း သူမေးရန် အခွင့်မသာလိုက်ပေ။မည်သို့ပင်ဆိုစေ ဒီနေရာ၌ လုံးဝ သင်္ကာမကင်းစရာကောင်းသည့် ကိစ္စရပ်ရှိနေကြောင်း ၁၀၀%သေချာပေသည်။
ပုဖန်က ထိုအကြောင်းအရာကို ဂရုမစိုက်တော့ပဲ တန်းစီနေသည့် သူများကို ဆိုင်အတွင်းသို့ တဖြေးဖြေးချင်းဝင်သွားခိုင်းလိုက်ပြှီးနောက် မီးဖိုချောင်ဘက်သို့ ဝင်သွားလိုက်သည်။
"မင်းတို့ စားချင်တဲ့ ဟင်းပွဲကို နယ်သာရီဆီကို မှာလိုက်..."
ပုဖန်၏ အသံက မီးဖိုချောင်ဘက်ဆီမှ ပြန့်လွင့်လာသည်။စားသုံးသူများက ဆိုင်ထဲသို့ ဝေါခနဲ ရောက်လာပြီးနောက် သူတို့၏ စားစရာများကို စနစ်တကျ မှာယူနေလေသည်။
ငရဲဘုရင်က စိတ်ကျေနပ်စွာဖြင့် လေချဉ်တက်လိုက်သည်။ထို့နောက် ဆိုင်ထဲသို့ တစ်ချက်မျှ ဝေ့ဝဲအကဲခတ်လိုက်၏။ခွေးဘုရင်က ပြည့်အင့်အောင် စားပြီးနောက် သိမြင်မှု သစ်သီးပင်နားသို့ ပြန်သွား၍ အိပ်နေပေပြီ။နောက်ဆုံး၌ ထိုခွေးမည်ကဲ့သို့ ဝလာကြောင်း သူနားလည်သွားပေသည်။
"နေဝင်နေထွက်အချိန်ထိ အိပ်ပြီးစား စားပြီးအိပ်လုပ်နေတယ်ဆိုတော့ ဒီခွေး ဝက်ဖြစ်လာဖို့ ကြိုးစားနေတာလား..."
ငရဲဘုရင်က ခွေးဘုရင်ကို တစ်ချက်မျှ စူးစူးကြည့်လိုက်ပြီးနောက် သူနောက်ကျောကို မတ်ဖြောင့်လိုက်သည်။ထို့နောက် အစားစားပြီး လေ့ကျင့်ခန်း လုပ်သည့်ပုံစံဖြင့် သူ့၏ လက်ကို အရှေ့အနောက် လွှဲယမ်း၍ လျောက်နေလေသည်။
စားသုံးသူများက ငရဲဘုရင်ကို ကြည့်လိုက်ကြသည်။အထူးသဖြင့် ဗုံးမှန်ထားသလို စာကလေးသိုက်ဖြစ်နေသော ဆံပင်ပုံစံကို သတိပြုမိလိုက်ကြ၏။
"ပိုင်ရှင်ပုက နောက်ထပ်လူသစ်တစ်ယောက်ခေါ်လာတာလား...အဲ့ဒီငှက်သိုက်ဆံပင်နဲ့လူက စားပွဲထိုးပဲလား...သူ့ကိုကြည့်ရတာ ငတုံးတစ်ကောင်နဲ့တူတယ်...
"ဘော်ဒါပု... ဒီလူသစ်လေးကကော မင်းရဲ့ အဖွဲ့ဝင်ပဲလား...သူ့ရဲ့ ဆံပင်တွေက ဘယ်လိုဖြစ်လို့ မိုးကြိုးပစ်ကေဖြစ်နေတာလဲ...တံမြက်စည်းနဲ့တောင် တူနေတယ်..."
နန်ကုန်းဝူချယ်က ပျင်းရိစွာဖြင့် ပတ်လျှောက်နေသော နန်ကုန်းဝူချယ်ကို ကြည့်၍ ရယ်လိုက်သည်။ငရဲဘုရင်၏ အမူအရာက တကယ်ကို ရယ်စရာကောင်းလှသည်။ပတ်ဝန်းကျင်ရှိ လူများက မအောင့်နိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောနေကြလေသည်။
ငရဲဘုရင် ကြောင်အသွားမိသည်။
လခွမ်း သူတို့က ဘာလို့ ရယ်နေကြတာလဲ...အထူးသဖြင့် ဆံပင်နီနှင့် ကောင်ကလေး...ဘယ်သူကိုတံမျက်စည်းနဲ့ တူတယ်လို့ ပြောလိုက်တာလဲ...မင်းတို့ တစ်မိသားစုလုံးသာ တံမျက်စည်းခေါင်းရှိတာ သူက ငရဲကမ္ဘာရဲ့ဘုရင် သူက ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဟုတ်ပြီလား...
ငရဲဘုရင်၏ မျက်နာက မဲမှောင်သွားလေသည်။သူ မျက်ဝန်းများမှေးကျင်း၍ စူးစ်ိုက်ကြည့်လိုက်ပြီးနောက် နန်ကုန်းဝူချယ်၏ ဘေးတွင်ဝင်ထိုင်လိုက်သည်။အကြည့်များဖြင့် လွှမ်းမိုးရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
"ညီအကို ဒီဆံပင်ပုံစံက အရမ်းကို မိုက်တာပဲ လုံးဝစတိုင်မပြောင်းနဲ့နော်..."
နန်ကုန်းဝူချယ်က သူ့၏ မီးတောက်သဏ္ဍာန်ဆံပင်နီများက်ို နောက်ဘက်သို့ ယမ်းခါလိုက်ရင်း ငရဲဘုရင်၏ ပခုံးကို နွေးထွေးရင်းနီးစွာ ပုတ်၍ ပြောလိုက်သည်။
ငရဲဘုရင် အံ့အားသင့်သွား၏ ထိုအချိန်မှာပင် နန်ကုန်းဝူချယ်က သူ့၏ စကားများကို ဆက်လက်ပြောဆိုနေလေသည်။
"ဟေး...ညီကို မင်းက ဒီနေရာမှာ အသစ်ဆိုတော့ ပိုင်ရှင်ပုဆိုင်ရဲ့ အကြောင်းကို ကောင်းကောင်းသိဦးမှာမဟုတ်ဘူး...ဘယ်ဟင်းပွဲက စျေးသက်သာပြီး ကောင်းမွန်သလဲ... ဘယ်ဟင်းပွဲရဲ့ ရနံ့ ကအကောင်းမွန်ဆုံးလဲ... ဘယ်ဟင်းပွဲရဲ့ အသားက အနူးညံ့ဆုံးလဲ...ဟင်းပွဲတွေအားလုံးရဲ့ ပေါင်းစပ်မှု ကောင်းမွန်မှုတွေကို မင်းသိထားဖို့လိုတယ်..."
နန်ကုန်းဝူချယ်က အတွေ့အကြုံများသူပီပီ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။ငရဲဘုရင် ချက်ချင်းပင် စိတ်ဝင်တစားဖြစ်သွားသည်။သူ ပုဖန်၏ ဟင်းပွဲ အနည်းငယ်ကို မြည်းစမ်းပြီးပေပြီ သို့သော်လည်း ယခုအခ်ျိန်ထိ အစပ်ချောင်းကိုသာ ကြိုက်နှစ်သက်နေတုန်းဖြစ်သည်။
နယ်သာရီက ထိုလူပြက်နှစ်ကောင် ခပ်ပြုံးပြုံးဖြင့် လေပေးဖြောင့်နေပုံကိုကြည့်၍ မဲ့လိုက်မိသည်။သူတို့ကလည်း နယ်သာရီ၏ စူးရှသောအကြည့်များကို ခံစားမိလိုက်လေသည်။နန်ကုန်းဝူချယ်က သူ့၏ ခေါင်းကို အနားသို့ တိုးကပ်သွားလိုက်ပြီးလေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ညီက်ို အဲ့ဒီအမကြီးကို မင်းမြင်လား ...မင်းအဲ့ဒီအစ်မကြီးကို ဂရုစိုက်တာ ကောင်းလိမ့်မယ်...အရင်တုန်းက ဒီလူက ငရဲကမ္ဘာသင်္ဘောပေါ်မှ သူနဲ အကြိမ်ပေါင်း ၃၀၀ လောက်တိုက်ခိုက်ခဲ့ဖူးတယ်...ဒီသခင်လေးမှာ ချောမောခန့်ညားတဲ့ မျက်နာလေးရှိတာတောင်မှပဲ ဖ်ိနှိပ်ခံခဲ့ရတယ်... အဲ့ဒီအမျိုးသမီးက အရမ်းကြောက်ဖို့ကောင်းတယ်...မင်းသူနားမှာရှိတဲ့ အခ်ျိန်ကျရင် ပိုပြီး ဂရုစိုက်ဖို့လိုတယ်..."
ဒီ အမှ်ိုက်စုတ်လေးက ငရဲကမ္ဘာမိန်းကလေးနဲ့ အကြိမ် ၃၀၀ တောင်တိုက်ခိုက်နိုင်တယ်...
ငရဲဘုရင် အံ့အားသင့်သွားပြီး နန်ကုန်းဝူချယ်ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။သူ ကမ္ဘာလောကသစ်ကို ရှာဖွေတွေ့ရှိသလိုပင် ခံစားလိုက်ရသည်။
"ဒီဘုရင်က အများကြီးမသိဘူးဆိုပေမယ့် မင်းက ငါ့ကိုမလိမ်တာ ကောင်းလိမ့်မယ်နော် မင်းလို အမှိုက်လ်ိုမျိုး ကျင့်ကြံဆင့်နဲ့ သူကို ငရဲကမ္ဘာမိန်းကလေးက လက်ညှိုးလေးတစ်ချက်မြောက်ရုံနဲ့တင် ရိုက်သတ်ပစ်လို့ ရနေပြီ..."
ငရဲဘုရင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ဒီလူက အလွယ်တကူ အရူးလုပ်၍ မရပုံပေါ်လေသည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင် နန်ကုန်းဝူချယ်က သူ့ရဲ့ အတွေးများကို လက်လွတ်လိုက်ပြီး ပေါက်တက်ကရစကားများကို အဆက်မပြတ်ပြောခြင်းဖြင့် ငရဲဘုရင်ကို လုံးဝ ကြောင်အမှင်သက်စေလေသည်။
ယနေ့ခေတ်လူငယ်များက တော်တော်ကို ဆိုးရွားနေပေပြီ။
"ဒါနဲ့ ငါ့ရဲ့ညီကို ငါမင်းကို ဘယ်လိုခေါ်ရမလဲ...ငါ့နာမည်က နန်ကုန်းဝူချယ် အခုလက်ရှိ မြူကောင်းကင်မြို့ထဲက နန်ကုန်းကလန်ရဲ့ ခေါင်းဆောင်ပဲ ..."
နန်ကုန်းဝူချယ်က နွေးထွေးသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ ငါတို့ နာမည်မေးဖို့ အလှည့်ကျပြီပေါ့..."
ငရဲဘုရင်၏ မျက်ဝန်းထဲ၌ ဝင့်ကြွားမှုများအပြည့်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ငါက ငရဲဘုရင် အာဟ...လူတွေကတော့ ငါ့က်ို ငရဲကမ္ဘာရဲ့ အရှင်သခင်လို့ ခေါ်ကြတယ် ..."
"ငရဲဘုရင် အာဟ...ဘယ်လိုတောင် ထူးဆန်းတဲ့ နာမည်လဲ...အခုကစပြီး ငါက မင်းကို ဟလေးလို့ ခေါ်ရင်ကော ဘယ်လိုလဲ..."
နန်ကုန်းဝူချယ်က မေးပွတ်၍ အလေးအနက်ဟန်ဖြင့် စဉ်းစားပြီးနောက် ပြောလိုက်သည်။
မင်းက ဒီဘုရင်ကို ဟလေးလို့ ခေါ်ရဲတယ်ပေါ့...မင်း ဟိုခွေးငပျင်းဆီက ဉာဏ်နုံမှုတွေ ကူးစက်မထားဘူးဆိုတာ သေချာရဲ့လား ...
ငာက မင်းညီမကို ဟမယ်ဆိုရင်ကော ဘယ်လိုလဲ ...
သူက ငရဲဘုရင်ဖြစ်သည်။ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ငရဲကမ္ဘာကြီး၏ အရှင်သခင်ဖြစ်သည်။
ထိုအချိန်တွင် မီးဖိုခန်းဘက်ဆီမှ သင်းပျံ့မွှေးကြိုင်သော ရနံ့နှင့်အတူ အငွေ့တထောင်းထောင်းထနေသော အိုးကိုသယ်၍ ပိန်ပါးသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာလေသည်။ပုဖန်ကနန်ကုန်းဝူချယ်၏ စားပွဲပေါ်တွင် နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်အိုးကို တင်ပေးလိုက်သည်။
"ဘော်ဒါပုရဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ဘယ်လောက်တောင်လွမ်းနေရသလဲ..."
နန်ကုန်းဝူချယ်က နှုတ်ခမ်းပါးများကို သပ်၍ ပြောလိုက်သည်။
"ဟလေး...ဒီစားသောက်ဆိုင်မှာနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က အကောင်းဆုံးပဲ တခြားဟင်းပွဲတွေကလည်းသာမန် မဟုတ်ဘူးဆိုပေမယ့် အရသာမှာတော့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို မယှဉ်နိုင်ဘူး..."
ငရဲဘုရင်၏ မျက်နာက မဲမှောင်သွားပြီး ဒေါသတကြီးဖြင့် နှာမှုတ်လိုက်သည်။
"ဒီဘုရင်က ငရဲဘုရင် မင်းငါ့က်ို ဟလေးလို့ နောက်တစ်ကြိမ်ထပ်ခေါ်မယ်ဆိုရင်မင်းကို အမှုန့်ချေပစ်မယ်..."
"ဟလေး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ အဲ့ဒီလိုမျိုး သူစိမ်းလိုပုံစံမျိုး လုပ်မနေစမ်းပါနဲ့ ..."
နန်ကုန်းဝူချယ်က ရယ်မောရင်းဖြင့် အိုးအဖုံးကို ဖွင့်လိုက်သည်။မွှေးရနံ့များက ရှုရှိုက်ရင်းဖြင့် နှုတ်ခမ်းပါးများကို သပ်ကာ စားရန်ပြင်လိုက်သည်။
"ပိုင်ရှင်ပုရေ ငါ့ကို အစပ်ချောင်းတစ်ချောင်းလောက်ပေးပါဦး နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို အစပ်ချောင်းနဲ့ တွဲစားတာက အရမ်းပဲ လိုက်ဖက်တယ်..."
နန်ကုန်းဝူချယ်က ရုတ်တရက် အရေးကြီးတစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ပုဖန်ကို ပြောလိုက်သည်။ပုဖန် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် နီရဲပြီး အရသာရှိမည့်ပုံပေါ်သောအစပ်ချောင်းတစ်ချောင်းပေါ်လာလေသည်။
နန်ကုန်းဝူချယ်သည်လည်း အစပ်ချောင်းကို ယူလိုက်ပြီးသည်နှင့် တစ်ကိုက်ကိုက်လိုက်သည်။ထို့နောက် စွပ်ပြုတ်တစ်ငုံသောက်လိုက်ပြီး အတူတကွ ဝါးလိုက်၏။ဝါးပြီးသည်နှင့် သူ့ပါးစပ်ထဲမှ အပူငွေ့များ မှုတ်ထုတ်လိုက်လေသည်။
အပူငွေ့များက ငရဲဘုရင်၏မျက်နာကို ရိုက်ခတ်သွားသောကြောင့် သူ့၏ နှုတ်ခမ်းများ ဒေါသဖြင့် တွန့်ကွေးသွားလေသည်။နန်ကုန်းဝူချယ်က ငရဲဘုရင်ကိုအေးစက်စွာကြည့်၍ ပြောလိုက်သည်။
"ဟလေး ...စားလို့ ပြီးပြီဆိုရင် ဆိုင်ထဲက ထွက်သွားပေးပါ...ငါတို့ ဆိုင်ရဲ့ အနေအထားအရ လူပိုတွေကို ဧည့်မခံနိုင်ဘူး..."
"ဟလေး...သောက်က်ျိုးနဲ ဘယ်သူကို ဟလေးလို့ ခေါ်နေတာလဲ ...ဒီသောက်ကျင့်မကောင်းတဲ့ ကောင်စုတ်လေးကတော့..."
ငရဲဘုရင် ဒေါသဖြင့် သွေးအန်မလိုပင် ဖြစ်သွားလေသည်။အခုခေတ်လူငယ်များက တကယ်ကိုစိတ်သဘောထား ကျဉ်းမြောင်းရိုင်းစိုင်းလာပေပြီ။
"ဟလေးက ပိုင်ရှင်ပုရနဲ့ စားပွဲထိုးအသစ်မဟုတ်ဘူးပေါ့...ငါမင်းကို ပြောပြမယ်နော် အမကြီးနယ်သာရီ ဒီမှာရှိနေသမျှတော့ သူတို့က မင်းလိုမျိုးတံမျက်စည်းခေါင်းနဲ့လူကို လိုအပ်မှာမဟုတ်ဘူး...မင်းမှာ နေစရာမရှိဘူးလား ...အဲ့ဒါက အဆင်ပြေပါတယ်...ငါ စားသောက်ပြီးတဲ့အချိန်ထိ ခဏစောင့် ပြီးရင် ဒီအကိုကြီးက မင်းကို နန်ကုန်းခြံဝန်းထဲ ခေါ်သွားပေးမယ်...ငါတို့မှာ အခန်းပိုတွေ အများကြီးပဲရှိတယ်..."
နန်ကုန်းဝူချယ်က အစပ်ချောင်းကို ကိုက်လိုက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ပလုတ်ပလောင်းစားလိုက်ဖြင့် အဆက်မပြတ် စကားပြောနေလေသည်။
ငရဲဘုရင်က ထိုကဲ့သိူ့ ထူးဆန်းလှသော ပေါင်းစပ်မှုကိုကြည့်၍ နှုတ်ခမ်းတစ်ချက်သပ်လိုက်မိသည်။တကယ်တမ်းတွင် သူလည်း အဲ့ဒီလ်ိုမျိုး စားခဲ့သင့်ပေသည်။
ယနေ့ခေတ်လူငယ်များက မည်ကဲ့သို့ အပျော်ရှာရမည်ကို ကောင်းစွာသိပေသည်။
အဲ့ဒီလူငယ်လေးက ဒီဘုရင်ဆီ လေမှုတ်ထုတ်နေသော ရပ်လိုက်လို့မရဘူးလား...ဒီဘုရင် ဒေါသထွက်လာလျှင် မတော်တဆ သူ့ကို သတ်မိသွားတော့မယ်...
ပုဖန်က တိုက်ခိုက်တော့မည့်ပုံဖြစ်နေသောထိုနှစ်ယောက်ကိုကြည့်၍ စပ်ဖြဲဖြဲ ဖြစ်သွားသည်။ဘာလို့များ စိတ်အနှောင့်အယှက်ဖြစ်ခံတော့မလဲ သူ မီးဖိုချောင်ဘက်သို့သာ လှည့်ဝင်သွားလိုက်သည်။
ပုဖန်က တစ်ညလုံး မအိပ်ခဲ့ရသော်လည်း သူ အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။အစပ်ချောင်းနှင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားပြီးနောက် အားအင်များ ပြည့်ဖြိုးနေလေပြီ။
ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားပြီးနောက် နယ်သာရီ၏ မျက်နာလေးပင် အရင်ကထက် ပို၍ ဆွဲဆောင်မှုရှိနေကြောင်း ကြည့်မိသူတိုင်း သတိပြုမိပေသည်။
"ဟလေးမင်းမှာ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေကို စားဖို့အတွက် သလင်းကျောက်တွေ မရှိဘူးလား...မစိုးရိမ်နဲ့ ဒီအကိုကြီးက နောင်အခါမှာနည်းနည်းပေးကမ်းနိုင်တယ်...ဒီသခင်လေးအတွက် အဲ့ဒီလောက်နည်းနည်းလေးပေးကမ်းလိုက်တာလေးက ပြဿနာမရှိဘူး..."
နန်ကုန်းဝူချယ်က စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်ပြီးနောက် ပါးစပ်အပြည့် လေပူများကို မှုတ်ထုတ်လိုက်ပြန်သည်။
ငရဲဘုရင် သက်ပြင်းအသာချလိုက်မိသည်။အစပ်ချောင်းအတွက် ထိုကောင်လေးကို သည်းခံရပေမည်။
မြူကောင်းကင်မြို့အတွင်းရှိ ရွှေ့ပြောင်း အစီအရင်ပေါ်သို့ အလင်းရောင်များ ဖြာကျလာပြီးနောက် ခြုံထည်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဝမ်ရန်ချုံက လက်နှစ်ဖက်ကို နောက်ပစ်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲ အကဲခတ်လိုက်သည်။သူ မြူကောင်းကင်မြို့၏ ဆေးနန်းတော်ကို တစ်ခါမှ မရောက်ဖူးပဲ ယခုက ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ဆေးနန်းတော်က အလွန် အမြင်ကတ်စရာကောင်းလောက်အောင် ချမ်းသာသည်။မြို့တော်ရှိ အဆောက်အဦးများကလည်း အံ့အားသင့်သွားစေလောက်အောင် မြင့်မားလှလေသည်။
ဝမ်ရန်ချုံက ပို့ဆောင်ရေးအစီအရင်ထဲမှနေ၍ လျှောက်ထွက်လိုက်သည်။ဒီခရီးစဉ်၏ သူ့၏ ရည်ရွယ်ချက်က ပုဖန်၏ နေရာကို ရှာဖို့ပင် ဖြစ်သည်။
သို့သော်လည်း သူ့၏ သတင်းအချက်အလက်များအရ ဆေးနန်းတော်ဆိုသည်မှာ အဂ္ဂိရတ်ပညာရှင်များ၏ နေရာသာဖြစ်သည်။ထို့ကြောင့် စားဖိုမှူးလေးတစ်ယောက်သာဖြစ်သော ပုဖန်၏ နေရာကို ရှာခြင်းက သူ့အတွက် ဒုက္ခများနိုင်ပေသည်။
ဝမ်ရန်ချုံက ပုဖန်၏။နေရာကို မည်သို့ ရှာဖွေရမည်ကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။သူ့ကိုယ်သူ ငရဲဘုရင်ဟု မိတ်ဆတ်သောလူနှင့်ငရဲကမ္ဘာအမျိုးသမီးတို့က ငရဲကမ္ဘာ၏ အရေးကြီးသော သူများဖြစ်ကြသည်။ထို့ကြောင့် ပုဖန်ကို ရှာဖွေရသည်က ထိုက်တန်ပေသည်။
"ရှုရအရှင်သခင်က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကနေ ပြန်လာပြီးပြီ ပြီးတော့ သူက ဆေးနန်းတော်ကို ပြားသွားအောင် လုပ်မယ်ဆိုတော့ သူအဆင့်ချိုးဖောက်တက်ရောက်မှု ပြီးဆုံးသွားပြီလား...သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကနေပြီးတော့ သန်မာတဲ့ အကူတစ်ယောက်ကိုများ ရှာလာခဲ့တာ ဖြစ်နိုင်လား ..."
ဝမ်ရန်ချုံ စဉ်းစားရင်းဖြင့် လျှောက်လှမ်းလာခဲ့၏။မည်သို့ပင်ဆိုစေ ထိုကိစ္စရပ်များက သူနှင့် အလှမ်းဝေးလွန်းသည်။သူ့၏ဝာဝန်က ပုဖန်၏ နေရာကို ရှာရန်သာဖြစ်သည်။
ဝမ်ရန်ချုံ ပုဖန်အကြောင်းတွေးမိတိုင်း စိတ်ဓာတ်ကျနေသည်။ထိုကလေးသာသာကောင် စားဖိုမှုးလေးက သူ့ထက် မည်သည့်နေရာတွင်မှ အားနည်းမနေပေ။သူသာအစားကြူးတောင်ကြားမှ မကောင်းဆိုးဝါးအိုကြီးများ၏ ရှာဖွေခြင်းကိုသာ မခံရလျှင် ပုဖန်နှင့် ကိုယ်တိုင်ပင် မျက်နာချင်းဆိုင်မည်ဖြစ်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့်ပင် ထိုစားဖိုမှုးလေးက ငရဲကမ္ဘာ၏ ကိစ္စရပ်များနှင့် ရောနှောပါဝင်နေသည်။ဝမ်ရန်ချုံက ပုဖန်၏ အကြောင်းကို စူးစမ်းရန်အတွက် ကြုံရာ ဖြတ်သန်းသွားလာသူ တစ်ဦးကို မေးလိုက်သည်။
သူ မေးလိုက်ပြီးနောက် ထိုဖြတ်သန်းဖြတ်လာ၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။