အခန်း ၅၉၇...
ပြောင်းလဲသွားသော အမူအရာကြောင့် ဝမ်ရန်ချုံ ကြောင်အမ်းအမ်းပင်ဖြစ်သွားမိသည်။သူ့၏ မျက်ဝန်းများက ညအမှောင်ယံတွင် ထွန်းလင်းနေသော ကြယ်များကဲ့သို့ တောက်ပလင်းလက်လှလေသည်။
"ဟမ်း...သောက်က်ျိုးနဲ ဒါဘယ်လို အမူအရာမ်ျိုးလဲ..."
ဝမ်ရန်ချုံ ထိုသူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည်။
"ခင်ဗျားက ပိုင်ရှင်ပုကို လာရှာတာလား...ခင်ဗျားက မြူကောင်းကင်မြို့က မဟုတ်ဘူးမဟုတ်လား...ခင်ဗျားက တခြားဆေးမြို့တော် တစ်ခုခုကပဲ ဖြစ်ရမယ်...ဒါပေါ့ ဒီနေရာမှာတော့ ပိုင်ရှင်ပုက နံပါတ်တစ်ပဲလေ...သူ့ရဲ့ စားစရာတွေ စားရဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြရတာ သူအကြောင်းကို လာမေးတာ ခင်ဗျားက ပထမဦးဆုံးမဟုတ်ဘူး..."
ထိုသူက ဘဝင်ခိုက်နေသော အပြုံးမျိုးဖြင့် ပြန်လည်ပြောဆိုနေလေသည်။ဝမ်ရန်ချုံ စွံ့အနေမိသည်။ထ်ိုသူ၏ မျက်နာက ဘာကြောင့် ဂုဏ်ယူဝင့်ကြွားမှု ဖြစ်နေသည်လဲကို သူနားမလည်နိုင်ပေ။
ပုဖန်၏ တည်နေရာကိုသာ မေးမြန်းခြင်းဖြစ်သည်။မူလက ဒီဆေးနန်းတော်ထဲတွင် ပုဖန်၏တည်နေရာကို မည်သူမှရသိလိမ့်မည်မဟုတ်ဟု သူထင်ထားခဲ့သည်။
ပုဖန်က အလွန်ကျော်ကြားနေလိမ့်မည်ဟု သူနည်းနည်းလေးမှပင် မတွေးထားခဲ့မိပေ။ပုဖန်၏ ဂုဏ်သတင်းက အလွန်ကောင်းမွန်နေသောကြောင့် သူစိမ်းတစ်ယောက်ကပင် သူ့အကြောင်းပြောဆိုနေခြင်းကို အလွန်ဝင့်ကြွားသည့်ဟန်ဖြစ်နေလေသည်။
"ဆေးနန်းတော်ရဲ့ နံပါတ် ၁ စားဖိုမှူး ..."
ဒီနာမည်က တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိလွန်းလှသည်။ဆေးနန်းတော်၏ နံပါတ် ၁ စားဖ်ိုမှူးဟူသော စကားကို ကြားလိုက်သည်နှင့် ဝမ်ရန်ချုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။
အစားကြူးတောင်ကြားမှ ပါရမီရှင်တစ်ယောက်ပင်ဖြစ်သော သူ့အတွက် ထိုမှတ်ချက်က သက်ရောက်မှု ရှိလွန်းလှသည်။ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေခံနယ်မြေထဲတွင် ပုဖန်၏ စွမ်းရည်ကို သူမြင်ဖူးခဲ့ပြီဆိုသော်လည်း ထိုပြိုင်ပွဲက မပြီးမြောက်ခဲ့ပေ။အနိုင်ရရှိသူကို မဆုံးဖြတ်ရသေးပေ။
ပုဖန်က တကယ့်ကို ကောင်းမွန်လှသည့် လက်ဆောင်ကို ရထားသည့်သူ ဆိုရင်တောင်မှ သူ ဝမ်ရန်ချုံက သူ့ကို ရိုက်ချနိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။
မည်သို့ပင်ဆိုစေ အစားကြူးတောင်ကြားက စားဖိုမှူးများအတွက် ဘုံနေရာတစ်ခုဖြစ်သည်။ထိုနေရာမှ တပည့်ဖြစ်သော ဝမ်ရန်ချုံက နံပါတ် ၁ စားဖိုမှူးဟူသော နာမည်ကို တခြားတစ်ယောက်အား ယူခိုင်းလိုက်မည်မဟုတ်ပေ။
ဒါက အစားကြူးတောင်ကြားမှ တပည့်များ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပေသည်။သူ့၏ ဒီခရီးစဉ်က ငရဲကမ္ဘာမှ သူများ၏ သတင်းအချက်အလက်ကို သိရှိရုံသာမက အစားကြူးတောင်ကြားမှ စားဖိုမှူးများ၏ ဂုဏ်သိက္ခာကို မြင့်တင်ရန်ပါ ပါလေသည်။
ထိုခရီးသွားက တတွတ်တွတ်ဆက်ပြောနေဆဲဖြစ်သော်လည်း ထိုဝမ်ရန်ချုံက နားမထောင်တော့ပဲ အေးစက်စွာကြည့်လိုက်ပြီး ကြားဖြတ်ပြော လိုက်သည်။
"ပုဖန် အကြောင်း ဆက်ပြောနေတာတွေ ရပ်လိုက်တော့ သူ ဘယ်နေရာမှာလဲ... ငါက ဘယ်လိုစားဖိုမှူးတစ်ယောက်ဖြစ်လာရမလဲဆိုတာကို သူ့ကို သွားသင်ပေးမလို့ ..."
ထိုလူစိမ်းက ရပ်တန့်သွားပြီး ဝမ်ရန်ချုံကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"ခင်ဗျား ခင်ဗျားက ပိုင်ရှင်ပုကို စိန်ခေါ်မလို့ ဟုတ်လား..."
ပိုင်ရှင်ပုက ပဉ္စလက်စုဝေးပွဲကြီး၏ ချန်ပီယံ ဖြစ်သည်။သူ့၏လမ်းတစ်လျှောက် မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များကို ရိုက်ချ၍ ထိပ်ဆုံးနေရာတွင် ထိုင်နေခြင်းဖြစ်သည်။ဒီသူက ပိုင်ရှင်ပုကို စိန်ခေါ်ရဲသေးတယ်လား...
ထိုသူစိမ်းက တစ်စုံတစ်ခု ပြောချင်ဟန်ကို ဝမ်ရန်ချုံ သိလိုက်သော်လည်း လျစ်လျူရှုထားလိုက်ပြီး အေးစက်စွာသာ စိုက်ကြည့်လိုက်သည်။
"ငါပြောခဲ့ပြီးပြီ ငါက သူ့ကို လာ ယှဉ်ပြိုင်တာ မဟုတ်ဘူး ...ချက်ပြုတ်ခြင်း အနုပညာက ဘာလဲဆိုတာ သူ့ကို လာသင်ပေးတာ..."
.........
ပုံမှန်အတိုင်း ဖွင့်လှစ်ထားသော ဆိုင်ငယ်လေးတွင် စားသုံးသူများ ဥဒဟို ဝင်ထွက် သွားလာနေကြသည်။ငရဲဘုရင်က နန်ကုန်းဝူချယ်၏ အသဲအသန် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
စားသုံးသူများ တဖြေးဖြေးဆိုင်ထဲမှ ထွက်ခွာသွားကြသည်။တောက်ပနေသော နေမင်းကြီးကိုအေးစက်သော ညအမှောင်က ဝါးမြို သွားသည့်အချိန်တွင် ပုဖန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
သူခုံတစ်ခုံကို ဆွဲယူ၍ ဆိုင်ပေါက်ဝတွင် ထိုင်လိုက်ပြီး ညအမှောင်ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ကောင်းကင်ယံထက်တွင် ပြည့်နှက်နေသော ကြယ်ကလေးများက အခါများစွာကလိုပင် တောက်ပ လင်းလက်နေသည်။တစ်ချို့သော ကြယ်လေးများက ညအမှောင်၏ အဆင်တန်ဆာကဲ့သို့ပင် အမြဲတမ်းရှိနေတက်သည်။
ပုဖန် ခဏမျှ အနားယူပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး အကြောအချဉ်ဆန့်ကာ သန်းဝေလိုက်သည်။သူ ဆိုင်တံခါးကို ပိတ်ပြီးနောက် ဒုတိယထပ်သို့ တက်သွားလိုက်ကာအနားယူရန် ပြင်ဆင်လိုင်သည်။
ရေနွေးနွေးဖြင့် ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။သူ့၏ ပိုးသားကဲ့သို့ ဆံပင်များက စိုရွှဲနေပြီး ရေတစ်စက်စက်ကျနေသည်။ ရေချိုးခန်းဝတ်စုံကိုသာ ဝတ်ထားသောကြောင့် သူ့၏ ရင်ဘတ်က အတိုင်းသား ပေါ်လွင်နေသည်။ပုဖန် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ကာတိုက်ခိုက်လာသော ညလေညှင်းလေးကို ရှုရှ်ိုက်လိုက်သည်။သူ့၏ စိတ်အစဉ်က လွတ်လပ်မှုကို ခံစားလိုက်ရ၏။
ဆံပင် အခြောက်ခံပြီးသည့်နောက် အိပ်ယာပေါ်တက်၍ စောင်အောက်ထဲ ဝင်ခွေလိုက်သည်။ခဏအကြာတွင် စည်းချက်ကျနသော အသက်ရှူသံများထွက်ပေါ်လာလေသည်။
.....
လျှ်ို့ဝှက်ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ကျယ်လောင်လှသော အသံများထွက်ပေါ်လာပြီးနောက် လူတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။
ခမ်းနားထည်ဝါလှသောခန်းမကြီးအတွင်းတွင် အဂ္ဂိရတ်ပညာရှင်များစွာက ခြေခ်ျိတ်၍ ငြိမ်သက်စွာ ထိုင်နေကြသည်။ရုတ်တရက် သူတို့အားလုံး မျက်လုံးဖွင့်လိုက်ပြီး လားရာတစ်ခုတည်းဆီသို့ ကြည့်လိုက်ကြသည်။
အဝေးမှ အလင်းရောင်တစ်ချက်က ခန်းမအလယ်ကို ရိုက်ခတ်လာလေသည်။ထိုအလင်းရောင်ထဲ၌ ပုံရိပ်တစ်ခုကိုမြင်လိူက်ရ၏။အဂ္ဂိရတ်ပညာရှင်များအားလုံး သတိအပြည့်ဖြင့် ဖြစ်သွားကြသည်။အလင်းများ တဖြေးဖြေးလွင့်ပါးလာပြီးနောက် ထိုအလင်းထဲရှိနေသည့်ပုံရိပ်ကို မြင်လိုက်ရ၏။ထို့နောက် သူတို့အားလုံးလေအေးတစ်ချက်ရှိုက်ထုတ်လိုက်ကြသည်။
"ပဉ္စမမြောက် အကြီးအကဲ..."
အဂ္ဂိရတ်ပညာရှင်များက အံ့အားတသင့် ရေရွတ်လိုက်သည်။ထိုသူက အသက် ပြင်းပြင်းရှုနေပြီး အဆက်မပြတ် သွေးချောင်း ဆိုးနေသည်။
ထိုသူက သာမန်လူတစ်ယောက်မဟုတ်ပေ။သူက ဆေးနန်းတော်၏ ဒေါက်တိုင်တစ်ခုဖြစ်ပြီး လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲတွင် နတ်ဘုရားကဲ့သို့သောတည်ရှိ မှုမျိုးဖြစ်လေသည်။
"ပဉ္စမအကြီးအကဲက ဘယ်လိုလုပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလာတာလဲ...ဒီလျှို့ဝှက်ကောင်းကင်ဘုံနယ်ပယ်ထဲမှာ သူ့ကို ဒဏ်ရာရနိုင်အောင် လုပ်နိုင်စွမ်းရှ်ိသူက ဘယ်သူလဲ..."
သူတို့အားလုံး အကြောင်းအရာမ်ျိုးစုံကို စဉ်းစားနေကြသော်လည်း မည်သည်ကိုမှ မစဉ်းစားနိုင်ပေ။
"ပဉ္စမအကြီးအကဲက အသစ်ပေါ်လာတဲ့ အမွေခံနယ်မြေကို သွားရှာဖွေတာမဟုတ်ဘူးလား...သူက ဘာလို့ ဒဏ်ရာရလာတာလဲ...အဲ့ဒီမှာအရမ်းအခြေအနေဆိုးတာတစ်ခုခု ဖြစ်ခဲ့လို့လား...ပဉ္စမအကြီးအကဲတောင် ဒီလောက်ဖြစ်နေတယ်ဆိုရင် တခြားသူတွေ ဘယ်လိုလုပ် လွတ်မြောက်နိုင်တော့မလဲ..."
သူတို့အားလုံး တူညီသည့် အကြောင်းအရာကို တွေးမိလိုက်ကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြလေသည်။သူတို့ ကြောက်ရွံ့နေသည့် အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်
"လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲမှာ ဘယ်လိုဖြစ်တည်မှုမျိုးပေါ်လာတာလဲ..."
စုဝေးနေသောအဂ္ဂိရတ်ပညာရှင်များအားလုံး၏ ခေါင်းဆောင်ဖြစ်သူက ဆေးသေတ္တာတစ်လုံးကို ယူ၍ ရောက်လာခဲ့သည်။ထိုသူက ဆေးသေတ္တာကို ဖွင့်လိုက်ပြီး ခပ်ဖျော့ဖျော့ အလင်းရောင်လေးများ ထုတ်လွင့်နေသည့် သက်စောင့်ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။ထိုဆေးလုံး၏ အပေါ်မှ အမှတ်သားလေးများက အလိုက်သင့်စီးဆင်းနေလေသည်။ထိုဆေးလုံးက နံပတ် ၇ စိတ်ဝိညာဉ်ဆေးလုံးဖြစ်သည်။
ထိုဆေးလုံးကို သောက်လိုက်ပြီးနောက် ပဉ္စမအကြီးအကဲ၏ အားနည်းနေသောအသွင်အပြင်က ချက်ချင်းပျောက်ကွယ်သွားသည်။
....
တစ်ခ်ျိန်တည်းမှာပင် လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ဟာရီကိန်းကဲ့သို့ ကြောက်စရာကောင်းလှသော သတင်းတစ်ပုဒ် ပြန့်နှံ့သွားလေသည်။
ကျွင်းကျန်ရစ်သော ရှေးဟောင်းနယ်မြေထဲတွင် ကြောက်မက်ဖွယ်ကောင်းလှသောထူထဲသည့် အနက်ရောင်စွမ်းအင်များကို ထုတ်လွင့်နေသည့် သားရဲများစွာပေါ်လာခဲ့သည်။ထိုကြောက်မက်ဖွယ်ရာသားရဲများက ရေတံခွန်ထဲမှ ထွက်လာပြီးနောက် ရက်စက်လှသော သတ်ဖြတ်ခြင်းကို စတင်ခဲ့လေသည်။
ထိုသားရဲများက မြောက်များလှစွာသော ကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ပဉ္စမအကြီးအကဲပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့၏။
ထိုကျွင်းကျန်ရစ်သောနယ်မြေက သတ်ဖြတ်ခြင်းစွမ်းအင်များဖြင့် ပြည့်နှက်နေသော နတ်ဆိုးများ ဖွင့်လှစ်ထားသည့် ပန်ဒိုရာ သေတ္တာနှင့်ပင် တူနေလေသည်။
လျှ်ို့ဝှက်ကောင်းကင်ဘုံအတွင်းတွင်ရှိနေသော အင်အားကြီး အဖွဲ့အစည်းများက မဟာမိတ်ဖွဲ့လိုက်ကြသည်။သူတို့က ထို ဆိုးဝါးလှသည့် အခြေအနေများကို ပိတ်သိမ်းပစ်ရန်အတွက် ရေတံခွန်ရှိရာဆီသို့ သွားလိုက်ကြသည်။
ယခင်က ငြိမ်းအေးနေသော လျှို့ဝှက်ကောင်းကင်ဘုံ နယ်မြေအတွင်းတွင် ကြောက်မက်ဖွယ်ရာ အော်ရာများ ပြန့်လွင့်နေသည်။သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေပြီး သွေးမြေကျထားသောကြောင့် ထိုနေရာက ကြောက်စရာကောင်းလှသော စစ်မြေတလင်းအလားဖြစ်လာသည်။
.......
မှန်ပေသည်။ထိုကိစ္စရပ်များအားလုံးက ပုဖန်အပေါ်တွင် မည်သို့မှ သက်ရောက်မှုမရှိပေ။မနက်ခင်းနွေးထွေးလှသောနေရောင်ခြည်က ပုဖန်၏ မျက်နာပေါ်ကို ကျရောက်လာသောကြောင့် သူ ယားယံမှုဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။
သူအပျင်းကြော ဆန့်လိုက်ပြီးနောက် အိပ်ယာပေါ် ငုတ်တုတ်ထိုင်လိုက်သည်။ခဏမျှ ငိုက်မြည်းနေပြီးနောက် အားပါးတရ သန်းဝေလိုက်၏။သူ ဆေးကြောသန့်စင်၍ နီရောင်စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
မီးဖိုချောင်ခန်းထဲသို့ ရောက်သည်နှင့် ဓားစွမ်းရည်များကို လေ့ကျင့်လိုက်သည်။တောက်ပလှသော ဓားဖြင့် ပါဝင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဖြတ်တောက်နေလိုက်သည်။ထို့နောက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးကာ အစားအစာများ ပြင်ဆင်လိုက်သည်။
နယ်သာရီနှင့် ဘလက်ကီတို့က သူတို့၏ မနက်စာကို တက်ကြွပျော်ရွှင်စွာဖြင့် စားလိုက်လေသည်။ပြီးနောက် ခွေးဘုရင်က ငါးလမ်းကြောင်းသိမြင်မှု ဘေးနားသို့ ပြန်သွားသလို နယ်သာရီကလည်း ခြေဗလာဖြင့် ဆိူင်ထဲ ပတ်လျှောက်နေလေသည်။ရှစ်လေးက သူ့၏ ကြက်အမောက်ကလေး တလှုပ်လှုပ် ဖင်လေးတစ်ခါခါဖြင့် ဆိုင်ထဲတွင်ဦးတည်ရာမဲ့ လျှောက်ပြေးနေလေသည်။ယ
ပထမဦးဆုံး စားသောက်ဆိုင်၏တံခါးဖွင့်လိုက်သည့်အချိန်၌ ငရဲဘုရင် နှင့် နန်ကုန်းဝူချယ်တို့က လှုပ်ရှားတက်ကြွစွာဖြင့်ပင် အရှေ့ဆုံး၌ တန်းစီနေပေသည်။သူတို့၏ နောက်၌ လူတန်းကြီး တည်ရှိနေပေပြီ။
ငရဲဘုရင်က ခေါင်းမော့ရင်ကော့၍ ဝင့်ဝင့်ကြွားကြွားလျှောက်ဝင်လာလေသည်။သူက သူ့၏ ရတနာဖြစ်သော ဇီးသီးအရည်ဖြင့် အစပ်ချောင်းသုံးချောင်း လဲထားပြီးပြီဖြစ်သည်။ထ်ို့အပြင် သူ့လက်ထဲတွင်လည်း သလင်းကျောက်အနည်းငယ်ရှိနေသောကြောင့် သူ့၏ ခေါင်းက 90 ဒီဂရီ ထောင်မတ်နေပေသည်။
"စားချင်တာကို နယ်သာရီဆီမှာ မှာလိုက်..."
ပုဖန်က ငရဲဘုရင်ကို ဦးတည်၍ ပြောလိုက်သည်။
"ဒီလူက သူရဲ့ သလင်းကျောက်တွေ ပြပြီး ဘာလုပ်ဖို့လဲ ငတုံးလား..."
စားသောက်ဆိုင်၏ စီးပွားရေးက ပုံမှန်အတိုင်း လည်ပတ်နေလေသည်။
သိပ်မကွာဝေးသောနေရာတွင် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု လျှောက်လှမ်းလာလေ၏။
ထိုသူက လက်နှစ်ဖက်ကိုနောက်ပစ်၍ စားသောက်ဆိုင်ဆီသို့ တစ်လှမ်းချင်းချဉ်းကပ်လာလေသည်။ထိုသူက ပုဖန်ကို ဘယ်လိုစားဖိုမှူးလုပ်ရမည်ကို သင်ပေးဖို့ ရောက်လာခြင်းဖြစ်သည်။ထို့ကြောင့် ကောင်းသည့် ရည်ရွယ်ချက်နှင့် လာခြင်းမဟုတ်ဟု ဆိုနိုင်ပေသည်။
သူစားသောက်ဆိုင်ထဲသို့ ရောက်သည်နှင့် ထူးခြားဆန်းကြယ်လှသော လေထုက ခဏမျှ ကြောင်အသွားစေသည်။
"ဟမ်...အဲ့ဒါက သူ့ကိုယ်သူ ငရဲဘုရင်လို့ ပြောတဲ့သူ မဟုတ်လား...တကယ်တော့ သူက ဒီဆိုင်ကလား..."
ဝမ်ရန်ချုံ ဆိုင်ထဲသ်ို့ ရောက်သည်နှင့် ခုံတစ်ခုံတွင်ထိုင်နေသော ငရဲဘုရင်ကို မြင်လိုက်ရသည်။ထိုသူက အစပ်ချောင်းကိုကိုင်၍ စုပ်လိုက်စားလိုက်ဖြင့် လုပ်နေလေသည်။
ဒါက သူမျှော်လင့်ထားသည်ထက်ပင် ထူးဆန်းနေလေသည်။ဝမ်ရန်ချုံ၏ မျက်နာက မဲသဲသွားသည်။
"ဒီလူက သူ့ကိုယ်သူ ငရဲဘုရင်လို့ ပြောရဲတယ် အရှက်မရှိဘူးလား..."
စားစရာများကို သယ်ဆောင်လာသော နယ်သာရီက ဝမ်ရန်ချုံကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
"ဒီမှာစားသောက်ဖို့လာတယ်ဆိုရင် ကျေးဇူးပြုပြီးတန်းစီပေးပါ...ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီမှာ ပြဿနာလာရှာတယ်လို့ သတ်မှတ်ရလိမ့်မယ်..."
နယ်သာရီက အေးစက်စွာပြောလိုက်သည်။ဝမ်ရန်ချုံ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။ထို့နောက် သူအေဆေးသည့် အပြုံးတစ်ခုကိုလှစ်ဟလိုက်သည်။
"တကယ်တမ်းလည်း ငါက ဒီနေရာမှာ ပြဿနာတစ်ချို့ လာရှာတယ်လို့ ပြောလို့ရတယ် ...ပုဖန်ကို ချက်ပြုတ်ခြင်းအနုပညာနဲ့ ပတ်သတ်တဲ့ အချက်အလက်တစ်ချို့ လာဖလှယ်တာ...ပြီးတော့လည်း ငါက ဒီနေရာမှာသူ့ကို အဖိုးထိုက်တန်တဲ့ နည်းလမ်းတစ်ချို့ကို လာသင်ပေးတယ်လို့လည်း ပြောလို့ရတယ်..."
ဝမ်ရန်ချုံက အလွန်ပင် ဝင့်ကြွားသောအမူအရာဖြင့် ဆိုင်ထဲ ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။အစပိုင်းက သူ့စကားကြောင့် ထိုလူအုပ်ကြီး အံ့အားသင့်သွားလိမ့်မည်ဟု သူထင်ခဲ့မိသည်။သို့သော်လည်း သူအထင်များက လွဲမှားနေကြောင်းသိလိုက်ရသည်။
ထိုနေရာတွင်ရှိနေကြသော သူများအားလုံးက သူ့ကို လှောင်ပြောင်သရော်ဟန်ကြည့်နေကြသည်ကို သတ်ိပြုမိလိုက်ကြသည်။နယ်သာရီက သူ့၏ဟင်းပွဲများကို စားသုံးသူများဆီသို့ ဆက်လက် ချပေးနေသည်။အခြေအနေက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပေသည်။သူ့၏ မျက်နာက မဲရာမှပြာ ပြာရာမှ စိမ်းလာပြီးနောက်ဆုံး ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားလေသည်။
အစားကြူးတောင်ကြားမှနေ၍ အပြင်လောက ကမ္ဘာကြီးကိုလာရောက်အလည်လာသူ တစ်ဦးဖြစ်သောဝမ်ရန်ချုံက စားသုံးသူများ၏ လှောင်ပြောင် အထင်သေးအရှက်ခွဲမှုကို ခံလိုက်ရသည်။
ထိုအချိန်တွင် ခရမ်းရောင်တောက်ပနေသော မျက်ဝန်းများဖြင့် ဝှိုက်တီက မီးဖိုခန်းထဲမှ ထွက်လာလေသည်။သူ့၏ အကြည့်များက ဝမ်ရန်ချုံပေါ် ကျရောက်သွားသည်။
"ပြဿနာကောင် တစ်ခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်..."
ဝှ်ိုက်တီက ဝမ်ရန်ချုံကို ပြဿနာကောင်အဖြစ် တံဆိပ်ကပ်လိုက်ပြီဖြစ်သည်။ဝမ်ရန်ချုံ ဇဝေဇဝါ ဖြစ်သွားမိသည်။
"ချွတ်မယ်...ဘာကို ချွတ်မှာလဲ..."
ထိုအခ်ျိန်တွင် မီးဖိုချောင်ဘက်ဆီမှ သေးသွယ်သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ပုဖန်က သူ့၏ လက်မှ ရေများကို သုတ်နေရင်းဖြင့် ဆိုင်အလယ်တွင် ရပ်နေသောဝမ်ရမ်ချုံကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။
"မင်းကဘယ်လ်ိုဖြစ်လို့ ဒီကိုရောက်လာတာလဲ...စားစရာတစ်ခုခုမှာချင်တာလား..."
ပုဖန်က အေးဆေးစွာမေးလိုက်သည်။သူလာရှာသောသူကို ကိုယ်တိုင် တွေ့ လိုက်ရသည့်အချိန်၌ ဝမ်ရန်ချုံ၏ မျက်ဝန်းများကျဉ်းမြောင်းသွားသည်။ထို့နောက် ထင်ရှားသည့် အပြုံးတစ်ခုကိုပြုံး၍ ပြောလိုက်သည်။
"ငါက ဒီမှာစားဖို့လာတာမဟုတ်ဘူး...ချက်ပြုတ်ခြင်းအနုပညာနဲ့ ပတ်သတ်တဲ့ အချက်တစ်ချို့ မင်းဆီလာရှာဖို့ပဲ ပြီးတော့ ငါက မင်းကို တန်ဖိုးရှိတဲ့ အရာတွေ လာသင်ပေးတာ..."
ပုဖန် ဝမ်ရန်ချုံ၏ ရက်စက်ကြမ်းကြုတ်ဟန်အမူအရာကြောင့် မျက်တောင်တစ်ချက်ခတ်လိုက်မိသည်။
"အိုး ...မင်းက ငါ့ကို စိန်လာခေါ်တာပဲ...ထုံးစံအတိုင်း တန်းစီပေးပါ..."
အေးစက်စွာဖြင့် ပြောလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားကာ သူ့၏ဟင်းပွဲများကို ဆက်လက်ပြင်ဆင်နေလိုက်သည်။
ဝမ်ရန်ချုံ ပြောစရာစကားမဲ့သွားပေသည်။သူကဒီနေရာတွင် ပုဖန်အားတန်ဖိုးရှိသည့် အကြောင်းကို သင်ပေးရန် ရောက်လာခြင်းဖြစ်သည်။