အပိုင်း ၅၉၈
Viewers 61k

အခနိး ၅၉၈

ဝမ်ရန်ချုံ vs ပုဖန်...


တောင်ပြိုကျသလို အသံကျယ်များထွက်ပေါ်လာပြီးမြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်ခါသွားသည်။လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး မြူခိုးများ ထူထပ်နေပြီးသွေးနံ့များပြန့်နှံနေ၏။


အလောင်းများထပ်နေပြီးသွေးချောင်းစီးနေလေသည်။ကျင့်ကြံသူအများစု၏ အခြေအနေကလည်း ဆိုးရွားလွန်းနေ၏။အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုသားရဲများကို သူတို့၏ မူလနေရာဖြစ်သော ကျွင်းကျန်ရစ်သည့် နယ်မြေထဲသို့ ဖိအားပေး၍ ပြန်လ်ာဆုတ်ခွာနိုင်ခဲ့သည်။


ကျင့်ကြံသူများဘက်မှလည်းထိုအတွက် တန်ဖိုး ကြီးကြီးမားမားပေးဆပ်လိုက်ရသည်။ကျင့်ကြံသူအများစုက သားရဲများ၏ သတ်ဖြတ်ခြင်းက်ို ခံလိုက်ရပြီး ကွင်းပြင်တစ်ခုလုံး သွေးရောင်ပြောင်းသွားပေပြီ။


ပဉ္စမအကြီးအကဲ၏ အဖြူရောင်ဝတ်ရုံကဖုန်များပေကျံ၍ ညစ်ပတ်နေပေပြီ။သူ့၏ မျက်နာပေါ်တွင်လည်း ခြေကုန်လက်ပန်းကျသေယအရိပ်အယောင်များပေါ်လာသည်။ကျင့်ကြံသူ တစ်ယောက်က ပဉ္စမမြောက်အကြီးအကဲဆီသို့ လျှောက်လာပြီး ပြောလိုက်သည်။


"အကြီးအကဲ နောက်ဆုံးတော့ ဒီသားရဲတွေရဲ့ မူလက ဘယ်ကလဲဆိုတာကို ကျွန်တော်တို့ ရှာတွေ့သွားပြီ..."


"ဒီတော့ သူတို့ရဲ့ မူလအစက ဘယ်ကလဲ ..."


အကြီးအကဲက ရင်ဘတ်ကို ဖိကိုင်၍ ချောင်းဆိုးလိုက်ပြီးမှ ပြန်တုံ့ပြန်လိုက်သည်။ကျင့်ကြံသူ၏။ မျက်နာက လေးနက်သွားသည်။


"ပင်မကုန်းမြေကနေ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်...သူတို့ ဆီက သတင်းအချက်အလက်တွေနဲ့ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို ကြည့်ပြီးတဲ့ နောက်မှာတော့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက သတင်းတစ်ခုထုတ်ပြန်လိုက်တယ်...အဲ့ဒီသားရဲတွေရဲ့ အရင်းအမြစ်က ငရဲကမ္ဘာကပဲ ..."


"ငရဲကမ်ဘာ..."


ပဉ္စမမြောက်အကြီးအကဲ၏ မျက်ဝန်းများ မှေးကျင်းသွားပြီး သူ့မျက်နာက တင်းမာခတ်ထန်သွားသည်။


.....


ဝမ်ရန်ချုံ မီးဖိုချောင်ဘက်ဆီသို့ လျှောက်သွားသော ပုဖန်ကို စိုက်ကြည့်လိုက်မိသည်။ဖြတ်သန်းတိုက်ခတ်သွားသော လေပြည်ကဲ့သို့ သူလုံးဝ လျစ်လျူရှုခံလိုက်ရ၏။


အစားကြူးတောင်ကြားမှလာသော သူ့လိုလေ့လာစူးစမ်းသူ ကိုပင် လျစ်လျူရှုရဲပေသည်။ဒီကောင်လေးက ကြီးမြတ်သော ဓားအာဏာရှင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဟင်းပွဲအနည်းငယ်မျှ ချက်ပြီးရုံဖြင့် ထိုမျှမောက်မာရဲသွားသည်လား..


သူကအစားကြူးတောင်ကြားမှ စွမ်းရည်များကိုပင် အပြည့်အဝ ထုတ်ဖော်မပြသရသေးပေ။ပုဖန်ကဲ့သို့သော အသေးအမွှားလူတစ်ယောက်က သူတို့၏ စွမ်းရည်များကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။


စားသုံးသူများက သူ့ကို လှောင်ပြောင်မှုအပြည့်ဖြင့် ကြည့်နေကြသည်။ဝမ်ရန်ချုံ ဒေါသဖြင့် သွေးတိုးလာသလိူ ခံစားလိုက်ရသည်။သူ့၏ ချဉ်းကပ်မှုကို လျစ်လျူရှူပြီး ပုဖန်ကသူ့ကို တန်းဆီရန်သာ ပြောနေလေသည်။သူ ဝါးဂွမ်းကို ထိုးနေသကဲ့သို့သာ အကူညီမဲ့မှုကို ခံစားလိုက်ရသည်။


"မင်းနာနာခံခံနဲ့ သွားပြီးတန်းစီတာ ပိုကောင်းလိုက်မယ် ...သခင်ကြီး ဝှ်ိုက်တီက မင်းလိုလူမျိူးရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး..."


နန်ကုန်းဝူချယ်က နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ထဲမှ ကြက်သားတစ်ဖက်ကို ကောက်ယူလိုက်ရင်းပြောလိုက်သည်။ထို့နောက် ရွှင်လန်းတက်ကြွသော အမူအရာဖြင့် အသားကို ပါးစပ်ထဲထည့်လိုက်၏။


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် အစပ်ချောင်းကို တွဲ၍ စားသောက်နေသော ငရဲဘုရင်ကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။


ဝမ်ရန်ချုံ ငရဲဘုရင်ကို မသိမသာခိုးကြည့်လိုက်သည်။တကယ်တမ်းပြောရလျှင် သူရှေ့မှ ရုပ်သေးရုပ်ကို လုံးဝမကြောက်ပေ။သို့သော်လည်း ထိုငရဲဘုရင်ဟုခေါ်သော သူကိုတော့ ကြောက်ပေသည်။


ထိုသူက အလွန်ပင် စွမ်းအားကြီးလွန်းလှသည်။ထို့ကြောင့် ဝမ်ရန်ချုံက စည်းကမ်းတကျရလိုက်နာလိုက်သည်။ထိုသို့မှမဟုတ်လျှင် ငရဲဘုရင်က သူ့ကို တိုက်ခိုက်လာနိုင်ပေသည်။


စားဖိုမှူးများက ချက်ပြုတ်တက်ရုံသာမက သန်မာသည့် စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားကြသည်။သူတို့၏ ကျင့်ကြံမှုအဆင့်က သူတို့အ အချက်ပြုတ် ပညာနှင့် လိုက်ဖတ်ညီနေပေသည်။


သူတို့၏ စွမ်းရည်က သန်မာနေမှသာလျှင် ထိပ်တန်းအဆင့် ဟင်းပွဲများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ထို့အပြင် ဟင်းပွဲထဲတွင် အဆင့်မြင့်မားလှသောပါဝင်ပစ္စည်းများကို ပေါင်းစပ်နိုင်မည်ဖြစ်၏။


ထို့ကြောင့် အစားကြူးတောင်ကြားမှ စားဖိုမှူးတိုင်းက စွမ်းအင်ကျင့်ကြံမှုအဆင့် မြင့်မားလှပေသည်။မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝမ်ရန်ချုံကလည်း ထိုရုပ်သေးရုပ်ကို လုံးဝ မကြောက်ရွံ့ပေ။


ငရဲဘုရင်၏ ရှေ့တွင်တော့ သူလိုက်နာရပေမည်။အစပ်ချောင်းကိုသာ မက်မက်မောမောစားသောက်နေသော ငရဲဘုရင်ကို တိတ်တဆိတ်ကြည့်၍ ဝမ်ရန်ချုံ ဆိုင်အပေါက်ဝတွင်သာ သွား၍ တန်းစီလိုက်သည်။


သူတန်းစီနေရခြင်းကို ရှက်ရွံ့သောကြောင့် ဒေါသများ ထွက်လာသော်လည်းမည်သည့်နေရာတွင် ဖောက်ခွဲရမည်မသိပေ။အခွင့်အရေးရလာသည်နှင့် ထိုပုဖန်ကို သင်ခန်းစာကောင်းကောင်းပေးမည်ဖြစ်ကြောင်း ကျိန်ဆိုမိလေသည်။


၎င်းကလည်း သေချာပေါက်ကို လေးနက်သည့် သင်ခန်းစာမျိုးဖြစ်ပေလိမ့်မည်။ထိုသို့ တွေးရင်းဖြင့် ဝမ်ရန်ချုံ၏ အကြည့်များကပို၍ပို၍ပင် ကောက်ကျစ်အေးစက်လာသည်။


အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီးနောက် စားသုံးသူများလည်း ဆိုင်အတွင်းသို့ တဖြေးဖြေးချင်း ဝင်ရောက်သွားကြသည်။ဆိုင်၏ ထောင့်တိုင်းတွင် ကျေနပ်နှစ်သိမ့်နေကြသောစားသုံးသူများ၏ မျက်နာကို တွေ့နိုင်ပေသည်။ထိုမြင်ကွင်းကြောင့် ဒေါသများ ထွက်နေသောဝမ်ရန်ချုံ မျက်မှောင်ကြုတ်လိုက်မိသည်။


ထိုအချင်းအရာကိုကြည့်ခြင်းဖြင့် ဤစားသောက်ဆိုင်ကို အောင်မြင်သောစားသောက်ဆိုင်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။စားသုံးသူများကို ကျေနပ်နှစ်သိမ့်အောင် ချက်ပြုတ်ပေးနိုင်သော စားဖိုမှူးတစ်ယောက်က အံ့ဖွယ်စားဖိုမှူးဖြစ်ကြောင်း သံသယရှိစရာမလိုပေ။


အစားကြူးတောင်ကြားတွင် ထိုကဲ့သို့သော နည်းလမ်းများကိုသာ အမြဲတစေ သင်ကြားပေလေသည်။သို့သော်လည်း ထိုနည်းလမ်းများကို ပင်မကုန်းမြေတိုက်ကြီးရှိသာမန်စားဖိုမှုးလေးတစ်ယောက်တွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။မယုံနိုင်စရာကောင်းလှပေသည်။


တောက်ပလှသောနေမင်းက အနောက်ဘက်ယွန်းယွန်းသို့ တဖြေးဖြေးချင်းတိမ်းစောင်းသွားသည့်နောက်တွင် ဝမ်ရန်ချုံရှေ့မှ လူတန်းကြီးကလည်း တဖြေးဖြေးချင်းပျောက်ကွယ်သွားပေပြီ။ထို့၌ ဝမ်ရန်ချုံ၏ အလှည့်သို့ ရောက်လာပေပြီ။


သူ့၏ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေလေသည်။သူ ဆုံး ရှုံးသွားသည့် အခါတွင် ရရှိမည့် အရှက်ကွဲမှုများကို ကြိုတင်မျှော်မှန်းထားမည်သာဖြစ်သည်။


သူ ဆိုင်ထဲဝင်ဝင်လိုက်သည့်အခါတွင် မီးဖိုချောင်ဘက်ဆီမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ပုဖန်က လက်ကို သုတ်ရင်းဖြင့် အေးစက်စွာပြောလိုက်သည်။


"ဒီနေ့အတွက်တော့ ငါတို့ ဆိုင်ပိတ်ပါပြီ...မနက်ဖြန်မနက်စောစောမှလာကြပါ..."


ထိုစကားကိုကြားလိုက်သည်နှင့် စားသုံးသူများက မကျေမနပ်ဖြင် သက်ပြင်းချသည်။သို့သော်လည်း သူတို့က ပုဖန်၏။စည်းမျဉ်းများကို ဂရုတစိုက် လိုက်နာကြသောကြောင့် မည်သည့်ဆူညံမှုမျိုးမှ မပြုလုပ်ရဲကြပေ။


ဝမ်ရန်ချုံ တစ်ယောက်တည်းသာလျှင် ထိုအခြေအနေကို ထူးဆန်းကြောင်အစွာကြည့်နေလေသည်။


ဘာတွေ ဖြစ်နေတာလဲ ဒါက ဘာအဓိပ္ပါယ်လဲ ဒီစားဖိုမှူးလေးက ဘယ်လို ကစားနည်းတွေကို ကစားတယ်လို့ ထင်နေတာလဲ...


သူနေ့တစ်ဝက်မျှ စိတ်ရှည်လက်ရှည်ဖြင့် တန်းစီခဲ့ပြီးနောက်တွင်တော့ ပုဖန်က ရုတ်တရက် ဆိုင်ပိတ်ပြီဟု ကြော်ငြာလိုက်လေသည်။လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ယုံကြည်မှုတွေက ဘယ်ရောက်သွားပြီလဲ ...


"ငါတို့ အခုပဲ အချက်အပြုတ်ပြိုင်ပွဲတစ်ခု စလိုက်ကြမယ်ဆိုရင်ကော ဘယ်လိုလဲ..."


ဝမ်ရန်ချုံ အေးစက်စွာ မေးလိုက်သည်။


ပုဖန် သူ့ဘက်သို့ တစ်ချက်စောင်းကြည့်လိုက်သည်။


"ငါ့ကို စိန်ခေါ်တာလား...မနက်ဖြန် ဆိုင်ဖွင့်ချိန်အတွင်းလာရှာလိုက်လေ..."


အေးစက်စွာသာပြောပြီးနောက် မီးဖိုချောင်ဘက်သို့ ပြန်လှည့်ဝင်သွားလိုက်သည်။


"မင်းငါ့ကို ကြောက်နေတာလား ဘာလို့ ငါဆီကနေ ရှောင်ဖယ်နေတာလဲ...ငါနဲ့ ပညာမဖယ်လှယ်ချင်ဘူးဆိုတာက မင်းကိုမင်းယုံကြည်မှူ မရှိလို့ မဟုတ်လား ...မင်းငါ့ကို မနိုင်နိုင်ဘူးဆိုတာကို သ်ိနေတာမဟုတ်လား..."


ဝမ်ရန်ချုံက ပုဖန်ကို လှမ်းအော်လိုက်သည်။ပုဖန်နေရာမှာပဲ တောင့်ခဲသွားပြီး ပြန်လှည့်ကြည့်လိုက်သည်။


"တစ်စုံတစ်ယောက်က ဘာကြောင့်များ အဲ့ဒီလောက် အရှက်မဲ့နိုင်ရတာလဲ..."


"ငါက အစားကြူးတောင်ကြားက စူးစမ်းလေ့လာသူပဲ...ငါအသက် ၃နှစ်ထဲက စပြီး ချက်ပြုတ်ခဲ့တာ ငါအသက် ၁၅ နှစ် မှာ ချက်ပြုတ်ခွင့် လိုင်စင်ရပြီ...ငါ အသက် ၂၀မှာအစားကြူးတောင်ကြားထဲက အဆင့် ၃ စားဖိုမှူးဆိုတဲ့ အခြေအနေကို ရရှိပြီးသွားပြီ...ငါ အသက် ၃၀ မှာတော့ ဒုတိယအဆင့် စားဖိုမှူးဖြစ်နေပြီ ...မင်းလိုမျိုးစားသောက်ဆိုင်လေးသေးသေးလေးမှာ ချက်ပြုတ်နေတဲ့ လူတစ်ယောက်က ငါနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ..."


ဝမ်ရန်ချုံက ဂုဏ်ယူဝင့်ကြွားလိုသည့်အပြုံးဖြင့် ပြုံး၍ ပြောလိုက်သည်။


ဝမ်ရန်ချုံ၏ စကားများကြောင့် ပုဖန် နေရာမှာပင် ကြောင်အနေမိသည်။သူ့၏ အကြောင်းအရာများကို ဖွင့်ပြောလိုက်ခြင်းက သတင်းအချက်အလက်များကိုပါ ဖွင့်ဟလိုက်ခြင်းနှင့် တူနေလေသည်။ဝမ်ရန်ချုံ၏ စကားအရ အစားကြူးတောင်ကြားက စားဖိုမှူးများ၏ အဆင့်ကို သတ်မှတ်သည့်နေရာ၌ တိတိကျလုပ်ဆောင်ပုံရလေသည်။


အမှန်တိုင်းပြောရလျှင် ပုဖန်က ပင်မကုန်းမြေပေါ်သို့ ရောက်ရှိလာထဲက ထိုအကြောင်းကို ခန့်မှန်းထားနိုင်ပေသည်။မည်သို့ပင်ဆိုစေ ဒီကုန်းမြေစုတွင် ရှားပါးလှသော အမျိုးအစားကွဲပြားသည့် ပါဝင်ပစ္စည်းအမျိုးမျိုးရှိနေလေသည်။ဒီကုန်းမြေပေါ်၌ စားဖိုမှူးအလုပ်မှ မအောင်မြင်လျှင် မည်သည့်အလုပ်က အောင်မြင်နိုင်ပါတော့မည်နည်း။


ထို့ပြင် အစားကြူးတောင်ကြားဟူသည့် တည်ရှိမှုတစ်ခု ရှိနေသေးသည်။ဝမ်ရန်ချုံ၏ ပြောစကားအရဆိုလျှင်အစားကြူးတောင်ကြားထဲတွင် စားဖိုမှူးများအတွက် သင့်တော်သော ပြီးပြည့်စုံသည့် အဆင့်အတန်း စနစ်တစ်ခုရှိနေပေသည်။ထိုနေရာက စားဖိုမှူးများအတွက် သုခဘုံဖြစ်ပေလိမ့်မည်။


အလုပ်သင် စားဖိုမှူး တတိယအဆင့် ဒုတိယအဆင့် သူတို့အားလုံးက အံ့အားသင့်ဖို့ကောင်းမည့်ပုံပေါ်လေသည်။


ဝမ်ရန်ချုံ၏ အချက်အပြုတ်စွမ်းရည်ကလည်း အလွန်ပင် သန်မာသည်။ထိုသူက ပုဖန် ယခုအချိန်ထိ မြင်ဖူးသမျှထဲတွင်အကောင်းဆုံးပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်သို့သော်လည်း သူ့အပြောအရ သူက ဒုတိယအဆင့် စားဖိုမှုးမျှသာရှိသေးသည်။


"ဒုတိယအဆင့်အထက်မှာရှိနေတဲ့ လူတွေကကော သူတို့တွေက ပထမတန်းစား စားဖိုမှူးတွေလား..."


သူတို့၏ အချက်အပြုတ် ပညာက ပုဖန်ထက် မည်သည့်နည်းနဲ့မှ အားနည်းလိမ့်မည်မဟုတ်ပေ။ပုဖန် ထိုအကြောင်းကို လေးနက်စွာစဉ်းစားပြီးသည့်နောက် သူ့နှလုံးသားထဲတွင် အလွန်ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေါ်လာလေသည်။


သူက ဒီကမ္ဘာလောကထဲတွင် အားလုံးထက် သာလွန်မြင့်မြတ်သော စားဖိုမှူးတစ်ယောက်ဖြစ်လာရပေမည်။ဒါက သူ့နှလုံးသားအောက်ခြေထဲမှ လိုအင်ဆန္ဒတစ်ခုပင်ဖြစ်သည်။


ပုဖန် ဝမ်ရန်ချုံက်ို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။


"မင်းငါ့ကို စိန်ခေါ်ချင်ရင်မနက်ဖြန်စောစောပြန်လာခဲ့...အခုတော့ ငါတို့ ဆိုင်ပိတ်ပြီ..."


ဝမ်ရန်ချုံ အလွန်ဒေါသထွက်သွားသည်။သူက သူ့ကိုကစားဖို့ကြိုးစားနေတာလား..သူက စားဖိုမှူးအချင်းချင်း ပညာဖလှယ်ဖို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။စားသုံးသူ တစ်ယောက်မဟုတ်ပေ။


"သောက်ကျိုးနဲ ငါ့ကို ငတုံးတစ်ယောက်လိုမျိုးတန်းစီခိုင်းသေးတယ်...မင်းရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို စိန်ခေါ်တယ် စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းကို သင်ခန်းစာကောင်းကောင်းသင်ပြပေးရမယ်..."


ဝမ်ရန်ချုံဆီမှ စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီးနောက် သူ့လက်ထဲတွင် အပြာရောင် ရေခဲသလင်းဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက်ပေါ်လာသည်။စားသောက်ဆိုင်ထဲရှိ လေထုက အခ်ျိန်မရွေးပင် ပေါက်ကွဲထွက်တော့မလ်ိုမျိုးတင်မားလာလေသည်။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက မီးခိုးရောင်အဖြစ်ပြောင်းသွားပြီး စက်ရုပ်သံ ထွက်ပေါ်လာလေသည်။


"ပြဿနာကောင် အခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အဝတ်အစားတွေက်ို ချွတ်ပစ်ရမယ်..."


ထိုခဏမှာပင် ဝှိုက်တီက သူ့ရှိရာဆီသို့ အရှိန်ဖြင့် တ်ိုးဝင်လာသောကြောင့် အနောက်သို့ ခြေလှမ်းဆုတ်လိုက်ရသည်။ထိုရုပ်သေးက လုံးဝ သာမန်မဟုတ်ကြောင်း သတိပြုမိသွားပြီး သူ့၏ မျက်နာအမူအရာက လေးနက်တည်ကြည်သွားလေသည်။


နန်ကုန်းဝူချယ်နှင့် ငရဲဘုရင်တို့က ဘေးတစ်ဖက်တွင် အသာကပ်၍ ပေါက်ပေါက်စားရင်း ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေသည်။


ဝှိုက်တီနှင့် တိုက်ခိုက်နေစဉ် ဝမ်ရန်ချုံ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာသည်။သူတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထလာ၏ မလှမ်းမကမ်းတွင်ရှိနေသော နယ်သာရီက သူ့ရှိရာဆီသို့ အေးစက်စွာစိုက်ကြည့်နေလေသည်။အကယ်၍ နယ်သာရီသာဝှိုက်တီဘက်မှ ကူညီလိုက်လျှင် သူ တကယ်ကိုဒုက္ခရောက်ရပေလိမ့်မည်။


ပုဖန်က ထိုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး မီးဖိုခန်းထဲသို့ ဆက်လက်ဝင်သွားလိုက်သည်။မျက်လုံးများတောက်ပစွာဖြင့် ကြည့်နေသောနန်ကုန်းဝူချယ်က ငရဲဘုရင်နားသို့ အသာတိုးကပ်သွားပြီးတီးတိုးပြောလိုက်သည်။


"ဟလေး ...ဒီ ဝှိုက်တီရဲ့ နာမည်ပြောင်ကို သိလား...သူတို့က သူ့ကို အဝတ်ချွတ်ရတာကို အရူးအမူးစွဲလမ်းနှစ်သက်နေတဲ့ နတ်ဆိုး...အဝတ်ချွတ်နတ်ဆိုးလို့ ခေါ်တယ်...သူကလေတကယ်ကို လူတွေရဲ့ အဝတ်အစားလိုက်ချွတ်ရတာကို လုံးဝ မရပ်တန့်နိုင်ဘူး...သူ့လက်ထဲမှာ လူဘယ်နှစ်ယောက်များကျရှုံးခဲ့ပြီလို့ မင်းထင်လဲ ...သူတို့အားလုံး ကိုယ်တုံးလုံး ဖြစ်သွားတာနော်..."


ငရဲဘုရင်က သူစုပ်စားနေသောအစပ်ချောင်းကို ခဏဖယ်လိုက်ပြီးနောက် ပြောလိုက်သည်။


"အဝတ်ချွတ်နတ်ဆိုးဟုတ်လား...နာမည်ကတော့ တော်တော်လေး ပြင်းတယ်နော်...ငါကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို အဝတ်ချွတ်ပြမယ်ဆိုရင်ကော ဘယ်လိုနေမလဲ..."


သူတို့၏ စကားများကိုကြားနေရသော ခွေးဘုရင် ပြောစရာစကားမျာပင်မဲ့သွားလေပြီ သူတို့ကို လျစ်လျူသာရှုထားလိုက်ပြီးငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ဘေးနားတွင် ပြန်လည် အိပ်စက်လိုက်သည်။


နန်ကုန်းဝူချယ်၏ တီးတိုးသတင်းအချက်အလက်များကြားပြီးတွင် ငရဲဘုရင်က အဝတ်ချွတ်နတ်တိုးဟုခေါ်သည့် ဝှိုက်တီဆီသို့သာ မလွှဲတမ်းကြည့်ရှုနေတော့သည်။


ဝမ်ရန်ချုံဆီသို့ အနက်ရောင်စွမ်းအင်များဦးတည်လာနေသည်။


သူက ဝှ်ိုက်တီ၏ အညှာအတာမဲ့စွာ တိုက်ခိုက်မှုကို အသဲအသန် ရှောင်နေရလေသည်။ထိုအနက်ရောင် စွမ်းအင်များ ဝမ်ရန်ချုံ၏ ခြေထောက်သို့ ရစ်ပတ်ပြီးသွားသည်နှင့် သူ့၏ မျှခြေက ပျက်စီးသွားသည်။


ထိုအခွင့်အရေးကို သတိပြုမိလိုက်ပုံဖြင့် ဝှိုက်တီ၏ မျက်ဝန်းများ တောက်ပသွားသည်။၎င်းက ဝမ်ရန်ချုံ၏ ခေါင်းကို ဘောလုံးတစ်လုံးကဲ့သို့ ရိုက်ချလိုက်လေသည်။ရိုက်ချက်ကြောင့် ဝမ်ရန်ချုံ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားလေသည်။


ထို့နောက် ရှင်းလင်းပြတ်သားလှသော အဝတ်ဆုတ်ဖြဲသံများကို အားလုံး ကြားလိုက်ရသည်။သူ့ရှေ့မှ မြင်ကွင်းကြောင့် ငရဲဘုရင် အံ့အားသင့်သွားသည်။သူ ဝမ်ရန်ချုံ၏ ဘက်သို့ ကြည့်လိုက်သောအခါတွင် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်များ ပေါ်နေသည်က်ို တွေ့လိုက်ရသည်။ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ သူ့ခန္ဓာကိုယ်က အပြင်ဘက်သို့ ထွက်သွားပြီး ဖုန်မှုန့်များတထောင်းထောင်းထသွားလေသည်။


အရှက်ခွဲခံရမှုကြောင့် ဝမ်ရန်ချုံ၏ မျက်နာက ချက်ချင်းပင်နီရဲလာလေသည်။အစားကြူးတောင်ကြားထဲမှ လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့ အရှက်ခွဲခံရမှုကို တစ်ခါမှမကြုံခဲ့ဖူးပေ။ဒေါသများကြောင့် သူ့ရင်ဘတ်ပင် တုန်ခါလာ၏။


စက်ရုပ်ဝှိုက်တီက ဆိုင်အပေါက်အဝတွင် တောင်တစ်တောင်ကဲ့သို့ပင် ရပ်နေလေသည်။ငရဲဘုရင်နှင့် နန်ကုန်းဝူချယ်တို့ နှစ်ယောက်လုံးက ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်ကို စူးစူးစိုက်စိုက်ကြည့်နေကြလေသည်။


ဝမ်ရန်ချုံ ရှက်ရွံ့မှုကြောင့် မျက်ဝန်းများပင် နီရဲလာလေသည်။သူသူ့၏ ရေခဲသလင်းဓားကို ထုတ်ယူလိုက်ပြီး လက်ဖဝါးကို ထိုးစိုက်ချလိုက်သည်။


လတ်ဆတ်သော သွေးများက နေရာအနှံ့သို့ ပတ်ဖျန်းသွားပြီး ဘေးပတ်ပတ်လည်တွင် ဆန်းကြယ်သည့် စွမ်းအင်လှိုင်းများဖြစ်ပေါ်လာလေသည်။


"ငါဝမ်ရန်ချုံ ကောင်းကင်ကို တိုင်တည်ပြီးကျိန်ဆိုတယ်....ငါ့ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် ပုဖန်နဲ့ အချက်ပြုတ်ပညာ ပြိုင်မယ်လို့ ကျိန်ဆိုတယ်..."


ဝမ်ရန်ချုံက အဆုတ်ကွဲအောင်ပင်အော်ဟစ်၍ ထိုကြေငြာမှုကို ပြုလုပ်လိုက်သည်။ထ်ိုခဏ၌ ဝမ်ရန်ချုံ၏ နောက်ဘက်တွင် ကြီးမားလှသောသွေးနီရောင်သားရဲပုံရိပ်ပေါ်လာသည်။ ထိုပုံရိပ်က ဝမ်ရန်ချုံကိုလွှမ်းခြုံဖုံးကွယ်လိုက်သည်။


....


ပုဖန်နှင့် ဝမ်ရန်ချုံတို့၏ ကြားထဲ မမြင်နိုင်သော စာချုပ်တစ်ခုဖြင့်တွဲချည်ထားသလိုပင် ဖြစ်သွားလေသည်။


မီးဖိုချောင်ထဲတွင် ရပ်နေသောပုဖန်၏ စိတ်အာရုံက လှုပ်ခတ်သွားပြီးနောက် စနစ်၏အသံထွက်ပေါ် လာလေသည်။


"အစားကြူးတောင်ကြားမှ စားဖိုမှူး၏ စိန်ခေါ်မှုကိုပိုင်ရှင် ငြင်းပယ်နိုင်မည်မဟုတ်ပါ...စားဖိုမှူးများ၏ ကတိသစ္စာကိုအသက်သွင်းလိုက်သည်နှင့် နှစ်ဦးစလုံးက သူတို့၏အချက်အပြုတ် အနုပညာဆိုင်ရာပညာရပ်များကို ယှဉ်ပြိုင်ရပါမယ်...ရှုံးသွားတဲ့သူက သူတို့ရဲ့ အချက်ပြုတ်ပညာရပ်များအားလုံးကို ဆုံးရှုံးသွားရပြီးဘယ်တော့မှ ချက်ပြုတ်နိုင်တော့မည်မဟုတ်ပါ..."