အပိုင်း ၅၉၉
Viewers 53k

အခန်း ၅၉၉

စားဖိုမှူးစိန်ခေါ်ပွဲခေါင်းစဉ်...ငါး


ရုတ်တရက် စနစ်၏ အသံ ထွက်ပေါ်လာလိမ့်မည်ဟု ပုဖန်မထင်ထားခဲ့ပေ။


"စားဖိုမှူးစိန်ခေါ်ပွဲ...အဲ့ဒါ ဘာလဲ ...ပြီးတော့ စနစ်က သူ့ကို ငြင်းပယ်ခွင့်လည်းမပြုဘူး...ဒါကြီးကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းတယ်...ဟေး...စနစ် အဲ့ဒီစားဖိုမှူးစိန်ခေါ်ပွဲဆိုတာကဘာလဲ ..."


ပုဖန်က သူလုပ်လက်စ အရာများကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ဝမ်ရန်ချုံသူ့စွမ်းရည်များဖြင့် မည်ကဲ့သို့ လုပ်ဆောင်သွားသည်ကို မသိခဲ့ပေ။စနစ်၏ အသံထွက်ပေါ်လာမှသာ အံ့အားသင့်သွားခြင်းဖြစ်သည်။


စနစ်၏ တက်ကြွနေသော အပြုအမူအရ ထိုအရာက သာမန်မဟုတ်သည့် အရာတစ်ခုခုဖြစ်ပေလိမ့်မည်။


"စားဖိုမှူးစိန်ခေါ်ပွဲ တစ်နည်းအားဖြင့် စားဖိုမှူးတွေ ကြားထဲက ဂုဏ်သိက္ခာကို ယှဉ်ပြိုင်ခြင်းပဲ ...စားဖိုမှူးတွေက သူတို့ရဲ့ လမ်းကြောင်းတစ်လျှောက်မှာ သူတို့ဂုဏ်သိက္ခာကို ကောင်းမွန်စွာ တည်ဆောက်န်ိုင်ဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဟင်းပွဲချင်း စကားပြောခိုင်းလေ့ရှိတယ်...အနိုင်ရသူက သူတို့ရဲ့ ပြိုင်ဘက်ကို အရာအားလုံး စေခိုင်းနိုင်ခွင့်ရှိတယ်...ဖိအားပေးပြီး သူတို့ရဲ့ ဓားကိုင်ခြင်းကို စွန့်လွှတ်ခိုင်းပြီးတော့ အချက်အပြုတ်ကမ္ဘာထဲကနေ နှင်ထုတ်ပိုင်ခွင့်ရှိတယ်..."


စနစ်၏ တည်ကြည်လေးနက်နေသာ အသံဖြင့် ရှင်းပြသည်ကို ကြားပြီးနောက် ပုဖန် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထသွားပြီး ကျောရိုးတစ်လျှောက် အေးစက်သွားမိသည်။


တော်တော်လေးကြောက်ဖို့ကောင်းလွန်းလှသည်။ချက်ပြုတ်ခြင်းဆိုင်ရာ ပညာရပ်များအားလုံးကို စွန့်လွတ်ခိုင်းခြင်းက အနိုင်ရသူက ချက်ပြုတ်ခြင်းဆိုင်ရာပညာရပ်များအားလုံးကို စွန့်လွတ်ခိုင်းနိုင်ခွင့်ရှိပေလိမ့်မည်။


ချက်ပြုတ်ခြင်းကို နှစ်သက်သဘောကျသော စားဖိုမှူးတစ်ယောက်အနေဖြင့် သူတို့၏ အချက်အပြုတ်လုပ်ငန်းစွန့်လွှတ်ခိုင်းခြင်းက တကယ့်ကို ရက်စက်ရာကျပေသည်။ထိုကဲ့သို့ အရာမျိုး သူ့တွင် ဖြစ်ပွားလာလိမ့်မည်ဟု ပုဖန် မထင်ထားခဲ့မိပေ။


"စားဖိုမှူးစိန်ခေါ်ပွဲနဲ့ ဝမ်ရန်ချုံက ရူးသွားတာလား...မင်းပြောတဲ့စကားအရဆိုရင် စားဖိုမှူး စိန်ခေါ်ပွဲကို နှစ်ဖက်လုံးက သဘောတူလက်ခံဖို့ လိုတယ် ဟုတ်တယ်မဟုတ်လား...ငါကျတော့ ဘာလို့ ငြင်းပယ်ခွင့်မရှ်ိတာလဲ..."


"ပိုင်ရှင်က ဒီဆန်းကြယ်တဲ့ ကမ္ဘာလောကကြီးထဲမှာ အစားအသောက် ကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြီး ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်လာချင်တယ်ဆိုရင် နှလုံးသားထဲမှာ ဘယ်လို ကြောက်ရွံ့မှုမျိုးကိုမှ မရှ်ိစေရပါဘူး...သင့်ဆီကို ဥိးတည်လာတဲ့ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ငြင်းပယ်ခွင့်မရှိပေ။ရှေ့ဆက်ပြီး လုပ်ဆောင်ပါ..."


ပုဖန် ဉာဏ်အလင်းပွင့်သွားသလိုမျိုးခဏမျှ တိတ်ဆိတ်သွားလေသည်။ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်ချင်သောသူက ဒီလိုအရာမျိုးကို ဘယ်လိုလုပ် ကြောက်ရွံ့နေမည်နည်း။


ရှုံးရမှာကို ကြောက်သည့် သူ့၏ ကြောက်စိတ်ကိုသာ မဖယ်ရှားနိုင်ခဲ့လျှင် သူ့၏ စိတ်ထဲတွင် စိတ်ဒဏ်ရာတစ်ခုအဖြစ် ကျန်ရှိနေခဲ့ပေလိမ့်မည်။သူ့၏ အချက်အပြုတ်နတ်ဘုရားဖြစ်လာရန်အတွက် လမ်းကြောင်းကလည်း ထာဝရ ပိတ်ဆို့သွားပေလိမ့်မည်။


စနစ်ဖြစ်စေ ပုဖန် ဖြစ်စေ ထိုကဲ့သို့ အရာမျိုး ဖြစ်ပေါ်လာမည်ကို ခွင့်မပြုနိုင်ပေ။ပုဖန်၏ မျက်ဝန်းများက လေးနက်တည်ကြည်မှုဖြင့် တောက်ပလာခဲ့သည်။


တိမ်ခိုးစားသောက်ဆိုင်၏ အပြင်ဘက်တွင် ဝမ်ရန်ချုံက အဆုတ်ကွဲမတက်ပင် အော်ဟစ်ကျိန်းဝါးလိုက်ပြီးနောက် သူ့၏ နောက်ကျောဘက်တွင် မမြင်နိုင်သော စွမ်းအင် သဏ္ဍာန်ဖြစ်တည်လာခဲ့သည်။


ဘေးဘက်တွင် ရပ်ကြည့်နေသော နန်ကုန်းဝူချယ် အံ့အားသင့်သွားသည်။ကြီးမားသည့် အရာတစ်ခု ဖြစ်ပွားလာလိမ့်မည်ဟု သူထင်မိလိုက်၏ ဘေးဘက်သို့ ကြည့်လိုက်သောအခါတွင်လည်း မည်သည့်အရာမှ ဖြစ်ပွားလာခြင်းမရှိပေ။


"ဒီလူညစ်ကောင်က သူများကို မခံချိမခံသာဖြစ်အောင် ပြောရဲတယ်...စားဖိုမှူးစိန်ခေါ်ပွဲ အင်း...ကြားရတာတော့ အထင်ကြီးစရာပဲ..."


နန်ကုန်းဝူချယ် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။ငရဲဘုရင်ပင် မျက်မှောင်ကြုတ်လိုက်မိ၏ သူ့၏ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော ဆံပင်များက အရင်အတိုင်း နက်မှောင်စိုအိနေပေပြီ။


သူ့၏ ကျင့်ကြံမှုအဆင့်က နန်ကုန်းဝူချယ်ထက် အများကြီးမြင့်သောကြောင့် လေထုထဲတွင် ဖြစ်ပေါ်လာသော အရာကို ခံစားမိလေသည်။ဝမ်ရန်ချုံ၏ နောက်တွင် ဖြစ်ပေါ်လာသော ပုံရိပ်က သူ့ကို ရင်းနီးသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။


ထိုအော်ရာမျိုးကို သူအရင်က တွေ့ဆုံခဲ့ဖူးသည်ဟု ခံစားမိ၏။သို့သော်လည်း ငရဲဘုရင်က ဆက်လက် တွေးမနေတော့ပဲ သူ့၏ အစပ်ချောင်းကိုသာ စုတ်၍ စားနေလိုက်သည်။


ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်အောက်တွင်အိပ်နေသော ဘလက်ကီကလည်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး ဝမ်ရန်ချုံ ခန္ဓာကိုယ်ဆီသို့ ဝမ်ရန်ချုံရှိနေရာအရပ်ဆီသို့ လှည့်ကြည့်လိုက်သည်။


ထိုအော်ရာများကို ခံစားမိပုံဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။


"အဲ့ဒီအော်ရာက အဲ့ဒီအရာဆီကိုလာတာပဲ..."


မီးဖိုချောင်ဘက်ဆီမှ ပိန်ပါးသွယ်လျသော ပုံရိပ်လေးတစ်ခု တဖြေးဖြေးလျှောက်ထွက်လာပြီး ညအမှောင်ထဲသို့ ထွက်လာသည်။ထိုရင်းနီးနေသည့် မျက်နာကို မြင်လိုက်သည်နှင့် အားလုံး အံ့အားသင့်သွားကြသည်။


"ပိုင်ရှင်ပု သူဘာလို့ ထွက်လာတာလဲ ဆိုင်ပိတ်ပြီလို့ ပြောလိုက်တယ် မဟုတ်ဘူးလား..."


ပုဖန် ဝမ်ရန်ချုံနှင့် မျက်လုံးချင်းဆုံလိုက်သည်။ဝမ်ရန်ချုံ မျက်နာပေါ်တွင် အပြုံးကြီးကြီး တစ်ခုဖြစ်ပေါ်လာ၏။


"နောက်ဆုံးတော့ မင်းထွက်လာပြီပဲ...ငါက မင်း စိန်ခေါ်မှုကို လက်မခံရဲဖူးလို့တောင် စဉ်းစားနေမိပေ...အနည်းဆုံးတော့လည်း မင်းမှာ သိက္ခာရှိသေးပုံပဲ..."


လူတိုင်း အခြအနေက တင်းမာခတ်ထန်လာသည်ကို ခံစားလိုက်မိကြသည်။အချိန်ခဏအကြာ တိတ်ဆိတ်နေပြီးနောက် ပုဖန် သက်ပြင်းအသာချလိုက်သည်။


"အဓိက ခေါင်းစဉ်က ဘာလဲ...စားဖိုမှူး စိန်ခေါ်ပွဲက စတင်နေပြီ မင်းရဲ့ ဟန်ဆောင်ပန်ဆောင် အမူအရာတွေကို ရပ်လိုက်တော့...မနက်ဖြန်ကျရင် ငါဒီနေရာမှာ ရှိနေမယ်...မနက်ဖြန် ယှဉ်ပြိုင်မယ့် ခေါင်းစဉ်ကို ငါဆုံးဖြတ်မယ် အဲ့ဒါက ငါးနဲ့ ပတ်သတ်တာမျိုးဖြစ်လိမ့်မယ်...မင်းရဲ့ ကံကောင်းမှု အတွက် ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ထားသင့်တယ်..." 


ဝမ်ရန်ချုံ အေးစက်စွာ ပြောလိုက်သည်။စားသောက်ဆိုင်နေရာမှနေ၍ ခါးကိုဆုပ်ကိုင်၍ ထွက်ခွာသွားလေသည်။သူ့၏ ပုံစံက ဒုက္ခိတတစ်ယောက်နှင့်ပင် တူနေလေ၏။


သူတို့အားလုံးလည်း ပျောက်ကွယ်သွားသော ဝမ်ရန်ချုံ၏ ပုံရိပ်ကိုသာ ကြည့်နေကြလေသည်။ပုဖန်က ပျောက်ကွယ်သွားပြီဖြစ်သော ပုံရိပ်ကို ကြည့်နေပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးကို လျှာဖြင့် လျက်လိုက်သည်။


နန်ကုန်းဝူချယ် အံ့အားသင့်နေမိသည်။သူက ပုဖန်နှင့် ဝမ်ရန်ချုံတို့၏ ပြောစကားများကို အပြည့်အဝ နားမလည်ပေ။


"ဘော်ဒါပု အဲ့ဒီ စားဖိုမှူးစိန်ခေါ်ပွဲဆိုတာက တကယ်တမ်းဘာလဲ ကြားရတာတော့ နည်းနည်းပုံမှန်မဟုတ်သလိုပဲ..."


ပုဖန်က သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။


"စားဖိုမှူးစိန်ခေါ်ပွဲဆိုတာက မသေမချင်း တိုက်ခိုက်ကြတဲ့ သိုင်းပညာရှင်တွေရဲ့ တိုက်ပွဲနဲ့တူတယ်...ဒီမှာမတူတာကတော့ ရှုံးတဲ့သူက သူတို့ရဲ့ အသက်ကို စွန့်လွှတ်ရမယ်စရာမလိုဘူး...အဲ့ဒီအစား သူတို့ရဲ့ စားဖိုမှူး ပညာရပ်တွေအားလုံးကို အကုန်လုံး ခဝါချလိုက်ပြီး နောက်တစ်ကြိမ်ဘယ်တော့မှ မချက်ပြုတ်နိုင်တော့ဘူး..."


အားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။


"စားဖိုမှူးစိန်ခေါ်ပွဲဆိုတာက ဒီလိုပေါ့..."


ပထမဦးဆုံးအကြိမ်အဖြစ် ထိုအကြောင်းကို သူတို့ ကြားဖူးကြခြင်းဖြစ်သည်။


"စားဖိုမှူးတွေက အချက်အပြုတ် စွမ်းရည်တွေအားလုံးကို စွန့်လွှတ်ရမယ် ဒါကြီးက ကြောက်ဖို့ကောင်းလွန်းတယ်...ပိုင်ရှင်ပု တကယ်လို့ မင်းရှုံးသွားမယ်ဆိုရင်ကော အဲ့ဒါက မင်းနောက်ထပ်တစ်ခါ မချက်ပြုတ်နိုင်တော့ဘူးလို့ မဆိုလိုဘူးမဟုတ်လား...ငါနတ်မင်းစွေ့စွေ့ခုန် စွ ပ်ပြုတ်ကို ထပ်မစားနိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးမဟုတ်လား..."


နန်ကုန်းဝူချယ် စိုးရိမ်ပူပန်မှုဖြင့် သူ့ရင်ဘတ်ကိုဖိ၍ ပြောလိုက်သည်။ခုံပေါ်တွင်အေးဆေးထိုင်၍ သူ့၏ အစပ်ချောင်းကို စုတ်နေသော ငရဲဘုရင်ကလည်း ရင်ဘတ်ကိုဖိ၍ စိတ်မသက်မသာဟန်ဖြင့်ပြောလိုက်သည်။


"အဲ့ဒါဟုတ်တယ်..တကယ်လို့ မင်းသာရှုံးသွားမယ်ဆိုရင် ဒီဘုရင်က အရသာရှိတဲ့ အစပ်ချောင်းတွေ ထပ်စားလို့မရတော့ဘူးလား ...ဒီလိုဘယ်လိုမှ အဖြစ်မခံနိုင်ဘူး...ငါ အဲ့ဒီကောင်စုတ်လေးကို သွားပြီးတော့ သတ်လ်ိုက်မယ်..."


"စားဖိုမှူးစိန်ခေါ်ပွဲ စတင်ပြီဆိုတာနဲ့ ပြိုင်ပွဲရဲ့ သဘောတူညီချက်တွေရဲ့ သက်ရောက်မှုကို နှစ်ယောက်စလုံး လက်ခံလိုက်ရပြီ ဘယ်သူမှ သူတို့ ပြိုင်ဘက်ကို ထိခိုက်နာကျင်အောင် လုပ်လို့မရဘူး ...ချိုးဖောက်ခဲ့မယ်ဆိုရင် ပြင်းထန်စွာ အပြစ်ပေးခြင်းခံရလိမ့်မယ်..."


ထိုသတင်းအချက်အလက်ကြောင့် ငရဲဘုရင် ထိတ်လန့်အံ့အားသင့်သွားသည်။သူ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရပြီး အစပ်ချောင်းကိုသာ ဆက်လက်လျက်နေလေလိုက်သည်။


"ဟင်း...အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ငါမပြိုင်ချင်ဘူး ..."


ပုဖန်က သက်ပြင်းအသာချလိုက်ရင်း မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်ရင်း ပြောလိုက်သည်။


"အားလုံးက ကိုယ့်စည်းချက်နဲ့ကိုယ် အေးအေးချမ်းချမ်းချက်ပြုတ်နေတာက ပိုပြီးကောင်းတယ်မဟုတ်ဘူးလား ..."


ငရဲဘုရင်နှင့်နန်ကုန်းဝူချယ်တို့လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။စားဖိုမှူး စိန်ခေါ်ပွဲက နောက်တစ်နေ့တွင် စတင်မည်ဖြစ်သည်။ရုတ်တရက် သူနှစ်ယောက်သား၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့် စောင့်ဆိုင်းမှူများ နိုးကြွားလာလေသည်။


ဝမ်ရန်ချုံက အလွန်မဲမှောင်နေသော မျက်နာထားဖြင့် သူတည်းခ်ိုရာနေရာသ်ို့ ပြန်ရောက်လာသည်။အခန်းထဲ ဝင်ပြီးသည်နှင့် အဝတ်အစားများ အလျင်အမြန်လဲလိုက်သည်။ကံကောင်းထောက်မစွာဖြင့် ပင်မကုန်းမြေတိုက်ကြီးမှ မထွက်လာခင်က အဝတ်အစားအစုံအချို့ ပြင်ထားခဲ့မ်ိလေသည်။


ထိုသို့ မဟုတ်လျှင် အစားကြူးတောင်ကြားမှ စားဖိုမှူးက ကိုယ်တုံးလုံး ဖြင့် လှည့်လည် သွားလာနေရမည်မှာ ရှက်စရာကောင်းလှပေသည်။အခန်းထဲမှ ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရေနွေကြမ်းတစ်ခွက် ငှဲ့လိုက်သည်။


သူတည်းခိုနေသည့်နေရာက မြူကောင်းကင်မြို့ထဲရှိ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ရေနွေကြမ်းငှဲ့လိုက်သည်နှင့် သင်းပျံ့ မွှေးကြိုင်လှသော ရနံ့လေးများ ပြန့်လွင့်ထွက်ပေါ်လာသည်။


သူ ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီးသည်နှင့် မနက်ဖြန် ပြိုင်ပွဲတွင် မည်သည့်ဟင်းပွဲ ပြင်ဆင်ရမည်ကို စတင်စဉ်းစားလေသည်။မနက်ဖြန် ပြိုင်ပွဲ၏ ခေါင်းစဉ်ကို ငါးဟု သတ်မှတ်ခဲ့ပြီးသွားပေပြီ။မှန်ပေသည်။ ထိုပါဝင်ပစ္စည်းနှင့် ပတ်သတ်၍ သူယုံကြည်မှု အပြည့်အဝရှိပေ၏။


ကြီးမြတ်သော ဓားအာဏာရှင်၏ အမွေခံနယ်မြေထဲတွင် ပုဖန်က အောင်မြင်နိုင်ခဲ့နီးပါးဖြစ်ခဲ့သော်လည်း သူ့၏ ကျွမ်းကျင်သည့် အရည်အချင်းက ငါးအမျိုးအစား ဟင်းပွဲများဖြစ်သည်ကို သိသောကြောင့် အရှုံးကို ဝန်ခံရန် ငြင်းဆိုခဲ့လိုက်သည်။


ယခု စားဖိုမှူးစိန်ခေါ်ပွဲကမူ သူ့၏ အနာဂတ်ဂုဏ်သိက္ခာများနှင့်ပါ သက်ဆိုင်နေသောကြောင့် အစွမ်းရှိသမျှ အစစ်အမှန် စွမ်းအင်များအားလုံးကို ထုတ်သုံးရပေမည်။သူ့၏ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အေးစိမ့်သော အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး ရေခဲသလင်းဓား ပေါ်လာသည်။


ဝမ်ရန်ချုံက ဝမ်းသာပီတိ ဖြစ်သည့် အမူအရာကို ဖုံးကွယ်ထားရင်း အေးစက်နေသော ရေခဲသလင်းဓားကို ညှင်သာစွာ ဖွဖွလေး ပွတ်သပ်လိုက်သည်။သူ့၏ လက်ချောင်းလေးများက ဓားသွားပေါ် ပြေးလွှားနေလေသည်။


.....


နဂါးမြို့ဟောင်းတိုက်ကြီး အချက်အချာကျသော တောင်များ...


မြင့်မားသော တောင်များပတ်လည်ဝန်းရံနေသော ချိုင့်ဝှမ်းတစ်ခုအတွင်းတွင် တောက်ပပြောင်လက်နေသော ကြီးမားသည့် ရေကန်တစ်ခုတည်ရှ်ိလေသည်။


ရေကန်က ကြည်ပြာရောင်လဲ့လဲ့တောက်ပနေ၏။ရေကန်၏ပတ်လည်တွင် မိုးမျှော်တိုက်များ ဝန်းရံနေ၏။


အဆောက်အဦးတစ်ခုအတွင်းတွင်....


မျက်နှာတွင်အရေးအကြောင်းများပြည့်နှက်နေသော ဆံပင်ဖြူနှင့် အဖိုးအိုတစ်ယောက်ရှိနေသည်။ထိုသူကမတ်တပ်ထရပ်လိုက်ပြီး ချောင်းခြောက်အနည်းငယ်ဆိုးလိုက်သည်။


ထိုအချိန်တွင် ဆူညံသံတစ်ခုကို ကြားလိုက်ရပြီး ပုံရိပ်တစ်ခု တံခါးတွန်းဖွင့်ဝင်လာသည်။ထိုသူက လေးစားမှုအပြည့်ဖြင့် အရိုအျသပေးလိုက်သည်။


"ဆရာ... ဂျူနီယာ ပညာသင်လေးရဲ့ နာမည်က အစားကြူးဘုတ်ပြားပေါ်မှာ ပေါ်လာပါတယ်... သူက အပြင်လူကို စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်လိုက်တာဖြစ်နိုင်ပါတယ်..."


အဖိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး တောက်ပလှသောရေကန်ကို အကြာကြီး ငေးကြည့်နေလိုက်သည်။ထို့နောက် အက်ရှလှသော အသဖံငြ့်စကားဆိုလိုက်သည်။


"ဘယ်လောက်တောင် ထင်ရာစိုင်းလိုက်သလဲ...သူက စားဖိုမှူးစိန်ခေါ်ပွဲကိုတောင် လုပ်ရဲနေတယ်...တကယ်လို့သူသာရှုံးသွားမယ်ဆိုရင် ငါတို့အစားကြူးတောင်ကြားလဲ အရှက်ရလိမ့်မယ်..."


ဒေါသပါဝင်နေသည့်အသံကိုကြားရသည်မှာ မဖော်ပြနိုင်သော ထိတ်လန့်မှုကို ခံစားရစေသည်။


"အပြင်ဘက်လောကမှာ ဂျူနီယာလေးက ဘယ်လိုလုပ်ရှုံးနိုင်ပါ့မလဲ...ပုန်းကွယ်နဂါးတိုက်ဂါးတိုက်ကြီးရဲ့ ပာရမီရှင် စားဖိုမှူးတွေအားလုံးက ဒီမှာစုနေတာ...အပြင်ဘက်က သာမန်စားဖိုမှူးလေးတစ်ယောက်က ဂျူနီယာဝမ်ကို ဘယ်လိုလုပ် ခြိန်းခြောက်နိုင်ပါ့မလ...."


"ဘယ်သူ့ကိုမှ အထင်မသေးနဲ့...အခု မင်းသွားနိုင်ပြီ...ဂျူနီယာဝမ်ရှုံးသွားပြီဆိုရင် မင်းအဲ့ကောင်စုတ်လေးကို သွားပြန်ခေါ်လာခဲ့...ပြီးတော့...သူ့ကိုအနိုင်ယုခဲ့တဲ့သူကိုလဲ အကောင်းဆုံးကြိုးစားပြီး အဖွဲ့ဝင်အဖြစ် သိမ်းသွင်းခဲ့.... "


"ဒီမှာ ဒါက မိုင်တစ်သောင်းရွှေ့ပြောင်းအစီအရင်ပြားပဲ... ဒါကိုယူသွား..."


ထိုအဖိုးကြီးက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အညိုရောင်ကျောက်စိမ်းပြားတစ်ခု ပျံသန်းလာလေသည်။


အရိုအသေပေးနေသော လူ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။


သူတို့ရဲ့ဆရာက တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းနေနိုင်တာလား... ဘာလို့ ဂျူနီယာပညာသင်လေးရှုံးမယ်လို့ သေချာနေရတာလဲ... အပြင်ဘက်ကမ္ဘာက ပမတန်းစား စားဖိုမှူးတောင်မှပဲ သူ့ရဲ့စွမ်းရည်ကို မယှဉ်နိုင်ဘူး မဟုတ်လား...


"မင်း အခုထွက်သွားနိုင်ပြီ.."


အဖိုးအိုက ထပ်မံပြောလိုက်သည်နှင့် ထိုသူ ချက်ချင်းပဲထွက်သွားလေသည်။


အဖိုးအိုက. လက်နှစ်ဖက်နောက်ပစ်၍ ရေကန်ကိုသာကြည့်မြဲတိုင်းစိုက်ကြည့်နေလေသည်။


ဒီတကြိမ် ဝမ်ရန်ချုံ ဘယ်သူနဲ့များတွေ့ခဲ့တာလဲ...အစားကြူးတောင်ကြားရှိ ဘုတ်ပြားပေါ်တွင် စားဖိုမှူးစိန်ခေါ်ပွဲအကြောင်းဖော်ပြလာသော်လဲ မမြင်နိုင်သော အင်အားတစ်ခုက ပြိုင်ဘက်၏ အကြောင်းအရာများကို ဖုံးကွယ်ထားပုံပေါ်လေသည်။


"ဒီကမ္ဘာကြီးပေါ်မှာ ဘာတေံများဖြစ်ပျက်နေတာလဲ..."


.....


ပုန်းကွယ်နဂါးတိုက်ကြီး၏ အနောက်အရပ်တွင် တည်ရှိသော ရှူရ်မြို့တော်က လူသူတိတ်ဆိတ်သောနေရာတစ်ခု ဖြစ်သည်။


အဝါရောင်သဲမုန်တိုင်းများကဲ့သို့ပင် ကြောက်မက်ဖွယ်ရာသားရဲများကလဲ သဲကန္တာရတစ်ခွင် ဖုံးလွှမ်းနေသည်။


ရုတ်တရက် သဲမုန်တိုင်းများ ရပ်တန့်သွားသည်။သားရဲကြီးများကလဲ ြေ့ကာက်လန်စွာ ဝပ်ချလိုက်ပြီး သူတို့၏ အော်ရာများကိုပင်မထုတ်ရဲတော့ပေ။


အဝါရောင်သဲကန္တာရအတွင်းတွင် အနက်ရောင်ပုံရိပ်များစွာပေါ်လာသည်။ထိုသူများအားလုံးက သွေးဆာရက်စက်ပြီး ကြမ်းတမ်းသန်မာသော အသွင်အပြင်ရှိကြသည်။


ထိုလူများကြား၌ ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားသောရှုရမိန်းမပျိုလဲ လိုက်ပါလာသည်။ဝတ်စုံက ချပ်ကပ်နေသောကြောင့် သူမ၏ အမို့အမောက်အရှိုက်အသွယ်များက အထင်သားပေါ်လွင်နေပြီး ပို၍ဆွဲဆောင်မှု ရှိစေသည်။လှစ်ဟပြထားသော ခြေထောက်လေးများကလဲ ကျောက်မျက်ရတနာအလား တောက်ပြောင်နေသည်။


ကြမ်းတမ်းလှသောသဲမြေနှင့်ဆူညံဟိန်းဟောက်သံများက သုမ၏နူးညံလှပမှုကို မထိခိုက်နိုင်ပေ။


ယခုအချိန်တွင် သုမ၏ အမူအရာက အလွန်မပျော်မရွှင်ဟန်ပေါက်နေသည်။


"အရှင်သခင်...ကျွန်မတို့က အခု တကယ်ပဲ ဆေးနန်းတော်ကို သွားတိုက်ခိုက်မှာလား..."


ရှူရမိန်းမပျိုက သူမဘေးနားမှ လူငယ်လေးကိုမေးလိုက်သည်။


ထိုလူငယ်၏ သွင်ိပြင်ကိုစကားလုံးတစ်လုံးဖြင့်ဖော်ပြနိုင်ပေသည်။'ပြီးပြည့်စုံလွန်းသည်။သူ့၏ အနီရောင်ဆံပင်များက လေအရှိန်ဖြင့်လွင့်ခါနေပြီး ခရမ်းရောင်မျက်ဝန်းတစ်စုံကလဲ မှန်းဆမရနိုင်အောင် နက်ရှိုင်းလှသည်။


"ငါရဲ့ရှူရမြို့တော်ကို စော်ကားရဲတဲ့သူတွေ အကုန် သုတ်သင်ပြစ်မယ်...ဆေးနန်းတော်ပဲဖြစ်ဖြစ်...ရှုရမျော်စင်ကိုပိုင်ဆိုင်ထားတဲ့ စားဖိုမှူးပဲဖြစ်ဖြစ် သူတိူ့အားလုံး သေရမယ်..."


ထိုလူငယ်လေး၏ နှုတ်ခမ်းပါးများ ကော့တက်နေလေသည်။