အခန်း ၆၀၀
ဒုတ်ယအဆင့်စားဖိုမှုး...ဝမ်ရန်ချုံ....
မှုံရီဝိုးတဝါးအချိန်တွင် မိုးစက်လေးများတဖွဲဖွဲကျဆင်းနေသည်။ မှုံမှိုင်းလှသောရာသီဥတုက လေထုကိုအေးမြစေ၏။
ပုဖန် အိပ်ရာမှထလိုက်သည်။
ဆေးကြောသန့်စင်ပြီး သည်နှင့် မီးဖိုခန်းထဲသို့ဝင်လာသည်။
ဝမ်ရန်ချုံနှင့် ပြိုင်ပွဲကမကြာမီပင် စတင်မည်ဖြစ်သော်လည်းသူ့မျက်လုံးထဲတွင် စိတ်ဖိစီးမှုအရိပ်ယောင်မရှိပေ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျထားသောကြောင့် သူ၏ခေါင်းပင်အနည်းငယ်ကြင်လင်နေသည်။သူအားပါးတရ သမ်းဝေလိုက်ပြီးနောက်
ဓားလေ့ကျင့်ရေးကိုစတင်လိုက်သည်။
ဦးစွာ...ဆိုင်ထဲမှ အစားသရဲနှစ်ယောက်တွက် နံရိုးချိုချဉ် ကြော်နဲ့ထမင်းကြော်ကိုပြင်ဆင်လိုက်သည်။ပြီးနောက်မီးဖိုခန်းထဲသို့ပြင်ဝင်လာပြီး ဓားစွမ်းရည်အနည်းငယ် လေ့ကျင့်လိုက်ကာ ပြိုင်ပွဲတွင်မည့်သည့်ဟင်းပွဲ ချက်ပြုတ်ရမည်ကိုစဉ်းစားလိုက်သည်။
ငါးနဲ့ပတ်သက်တဲ့ဟင်းပွဲဆိုတော့ ပြိုင်ပွဲမှာငါ ဘယ်ဟင်းပွဲကိုအသုံးပြုသင့်သလဲ...
ပုဖန်လေးလေးနက်နက်တွေးတောနေသည်။
စားဖိုမှူး စိန်ခေါ် ပွဲ ဖြစ်သောကြောင့် ဝဝမ်ရန်ချုံက ၁၀၀%ယုံကြည်မှု အပြည့်ဝမရှိသော ဟင်းပွဲများကိုအသုံးပြုမည်မဟုတ်ပေ။
ပုဖန်ကလည်း သူတွက်မသေချာသောဟင်းပွဲများကို အသုံးပြုစရာ အကြောင်းမရှိပေ။ ပြောရမည်ဆိုလျှင် သည်ပြိုင်ပွဲက သူတို့၏ စားဖိုမှူး ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပေသည်။
ရှုံးနိမ့်သူက စားဖိုမှူး အတတ်ပညာအားလုံးကို ခွာချရမည်ဖြစ်လေရာ မည်မျှ ကြောက်စရာကောင်းလှပေနည်း။
"ငါးမူးပျံဟင်း"
"ငါးပေါင်း"
"ငါးခေါင်းတို့ဟူးစွပ်ပြုတ်"
"ငါးကင်" ပုဖန်သူ၏ မေးစေ့ကိုပွတ်ရင်းအတွေးနက်နေမိသည်။
မှန်ပေသည်။
ငါးနဲ့ပတ်သက်သည့် ဟင်းပွဲမြောက်များစွာ ရှိပေသည်။ သူသည်လဲ ငါးနဲ့ပတ်သက်သော ဟင်းပွဲမြောက်များစွာကို ချက်ပြုတ်ဖူးလေသည်။
သို့သော်လည်း ယခုပြိုင်ပွဲတွက် မည့်သည့်ဟင်းပွဲကို ထုတ်သုံးစွဲရမှန်းမသိသေးပေ။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ပုဖန်တစ်စုံတစ်ခုကိုတွေးမိပုံဖြင့် မျက်ခုံးပင့်လိုက်သည်။သူဟင်းပွဲ အသစ်မျိုးစမ်းကြည့်သင့်သည်။
ဤအရင်ကမ္ဘာတွင် နာမည်ကြော်ကြားသော ဟင်းပွဲကိုစဉ်းစားလိုက်မိသည်။ပုဖန်၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး သူမျက်ဝန်းများတောက်ပသွားခါ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ သေချာပေါက် ထိုဟင်းပွဲကို အသုံးပြုပေမည်။
စားဖိုမှူးပြိုင်ပွဲ၌လိုအပ်သော ပစ္စည်းများကို စနစ်ကအလကားထောက်ပံပေးမည်ဖြစ်သည်။
ကပ်စီးနည်းလှသော စနစ်ကထိုကဲ့သို့ ခွင့်ပြုလိုက်သောကြောင့် ပုဖန်အံသြသင့်သွားပေသည်။
ထို့နောက် သူ၏ အရှေ့တွင် အမြီးတဖြတ်ဖြတ်လှုပ်နေသော မသေမျိုး ခန္ဓာအဆင့် ကြီးမားလှသော ငါးကြီးတစ်ကောင်ပေါ်လာသည်။ထိုငါး၏ ဆူဖြိုးလှသော အသားထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ သူ၏ အသားက တကယ်ကိုထိပ်တန်းပင်ဖြစ်သည်။
ပုဖန် ငါး၏ ကိုယ်ကိုအကြိမ်အနည်းငယ် ဖိကြည့်လိုက်သည်။ထို့နောက် ဓားတစ်လက်ကဲ့သို့ စူးရှထက်မြက်နေသော ငါး၏အကြေးခွံများကို သေချာစစ်ဆေးကြည့်လိုက်သည်။ထိုငါးကိုသေချာကိုင်တွယ်ဆေးကြောပြီးငါးဟင်းချက်ရန်ပြင်ဆင်လိုက်သည်။
......
မိုးစက်လေးများ တဖွဲဖွဲ ကျနေပြီး လေထဲတွင် အစိုဓာတ်အနည်းငယ် ရောယှက်နေသည့် ရာသီဉတုမျိုးကို နွေရာသီတွင်တွေ့ရခဲ့သည်။
မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ ဆိုင်ရှေ့မှ လူတန်းကြီးက အရင်ကလိုစည်းကားသိုက်မြိုက်နေသည်။ လူတိုင်းက ဆိုင်တံခါးဖွင့်မည့်အချိန်ကို စောင့်စားနေကြသည်။
သို့သော်သည်နေ့သည် ယခင်အချိန်များနှင့်အနည်းငယ် ကွာခြားပေသည်။
သူတို့၏ မျက်နှာတွင်စိတ်လှုပ်ရှားမှုများရှိနေပြီး ... စိတ်မသက်မသာ ဖြစ်မှု အရိပ်ယောင်တစ်ချို့ကိုလည်းဖုံးကွယ်ထားပေသည်။
ဤနေ့တွင် ဆိုင်ရှင်ပုနှင့် မည်မျှသန်မာမည်မှန်းမသိရသော စားဖိုမှူးတစ်ယောက် ကြားထဲတွင် စာဖိုမှူးပြိုင်ပွဲ ရှိသည်ဟုသူတို့ကြားထားပေသည်။
စားဖိုမှူးစိန်ခေါ် ပွဲဟု ခေါ်ဆိုသော ပြိုင်ပွဲမျိုးကိုသူတို့မကြားခဲ့ဖူးသော်လည်း အနည်းငယ် ထူးဆန်းမှုကို ခံစားရလေသည်။
တစ်ချို့နားလည်ထားကြသော လူများကမှု ပုဖန်တွက် စိုးရိမ်ပူပန်မှုကိုခံစားရပေသည်။
ဤနေ့အချိန်ထိ ပုဖန်က မည်သူကိုမျှ မရှုံးဖူးပ။ဆေးနန်းတော်မှ ထိပ်တန်းဆင့် အဂ္ဂိရိတ် ပညာရှင်များပင်သူ၏ပြိုင်ဘက်မဟုတ်ပေ။
သို့သော်လည်းထိုသူများက အဂ္ဂိရတ် ပညာရှင်များဖြစ်ပြီး စားဖိုမှူးများမဟုတ်ပေ။
ယခုချိန်၌ သူက စားဖိုမှူးပြိုင်ဘက်တစ်ယောက်နှင့်တွေ့လေပေသည်။ ထိုအပြင်ထိုပြိုင်ဘက်က အတွေ့ကြုံရှိပေသည်ဟုထင်ရပေသည်။
လူသိနည်းလှသော စားဖိုမှူးပြိုင်ပွဲအကြောင်းကိုပင်သိနေပေသည်။
အဆက်မပြတ်ကျဆင်းလေသောမိုးဖွဲများက သူတို့၏ အဝတ်စားများကို စိုစွတ်သွားလေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ လမ်းမထက်မှ တုန်ခါသံတစ်ခုကိုကြားလိုက်ရသည်။
ထိုနေရာတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
ပုံရိပ်တစ်ဖြေးဖြေးနီးကပ်လာသည်။ထိုသူ၏ကျောဘက်တွင် ကြီးမားလှသောငါးကြီးတစ်ကောင်သယ်ဆောင်ထားသည်ကိုမြင်သောကြောင့် လူတိုင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပေသည်။
ထိုငါးက အသက်ရှင်နေဆဲဖြစ်ပြီး သူ၏ပါးစပ်ကိုဖွင့်ဟပြီးအသက်ရူနေသည်။သူ၏ အကြေးခွံကအလင်းရောင်များကလည်း မိုးရွာထဲတွင်ပင်တစ်လက်လက်တောက်ပနေသည်။
ထိုအလင်းရောင်များက ညအမှောင်ကောင်းကင်ထက်တွင်တောက်ပနေသော ကြယ်များကဲ့သို့ ပင်လင်းလက်လှသည်။
သူရောက်လာပြီ။
"အဲ့လူက ပိုင်ရှင်ပုနဲ့ စားဖိုမှုးပြိုင်ပွဲကို ယှဉ်ပြိုင်မည့်သူပဲ..."
"အိုး....ဘုရားရေ...အရမ်းကြီးတဲ့ငါးကြီးပဲ
ဒါဘယ်လိုငါးမျိုးလဲ..."
လူများစွာက ထိုအံသြသင့်ဖွယ်ငါးကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
.နန်ကုန်းဝူချယ်နှင့်ငရဲဘုရင်တို့လည်း ထိုဆူဖြိုးလှသော ငါးကြီးကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေလေသည်။
"ငါးကအဆင့်၃ဆင့်ချိုးဖောက်ပြီးတဲ့ မသေမျိုးခန္ဓာ ပညာရှင်နဲ့တောင်ယှဉ်လို့ရတယ်။အဲ့ဒီ့ ငါးကို ထာဝရငါးကြီးလို့လည်းခေါ်တယ်...ရှေးမှတ်တမ်းတွေ အဆိုရ အဲ့သည့်ငါးတွေက နယ်မြေတစ်ခုကိုတောင် အန်ထုတ်ပေးနိုင်တယ်တဲ့ အဲ့သည့်နယ် မြေမှာလည်း လူတွေနေထိုင်နိုင်တယ်..."
နန်းကုန်းဝူချယ်က အံအားတသင့်ဖြင့်ပြောလိုက်သည်။
ထိုစကားကြောင့် ငရဲဘုရင်က မယုံကြည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ ဘာကြောင့် သည်နေ့ခေါတ် လူငယ်တွေက ဗဟုသုတတွေအရမ်းများနေတာလဲ...
"ငါး အသားကိုသေသေချာချာချက်လိုက်မယ်ဆိုလျှင်အရမ်းပဲနူးညံပျော့ပျောင်းပြီး အရသာရှိလိမ့်မယ်...ချက်ပြုတ်တဲ့လူက မီးအပူချိန်ကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူး ဒါမှမဟုတ် မီးတောက်တွေကို ဂရုမစိုက်ပဲထားလိုက်မည်ဆိုလျှင် ငါးအသားရဲ့ နူးညံမှုတွေကို ပျောက်ဆုံးသွားလိမ့်မယ်"
နန်ကုန်းဝူချယ်က ဆက်လက်၍ပြောလိုက်သည်။
ငရဲဘုရင်အံသြသင့်သွားသည်။
"မင်းက သည်အကြောင်းတွေကို ဘာလို့သိနေရတာလဲ...မင်းက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးလား..."
နန်ကုန်းဝူချယ်က မပျော်မရွှင်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ဟုတ်တယ် ငါက အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဒါပေမဲ့ ငါကချက်ပြုတ်ခြင်းကို နှစ်သက်တယ်...ပြီးတော့ ငါက ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေကိုစားပြီးသည့်အချိန်ကစပြီး အစားစာတွေရဲ့အကြောင်းကို ပိုပြီးတော့ ရှာဖွေခဲ့တယ်...အဲ့သည့်အကြောင်းအရာတွေထဲမှာ ငါးဟင်းတွေနဲ့ပတ်သက်သည့် အကြောင်းရာတွေလဲပါတယ်..."
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ဆိုင်တံခါးဖြေးဖြေးပွင့်လာသည်။
အကြည့်များက ဆိုင်ပေါက်ဝမှ ထွက်လာသော ပုံရိပ်ကလေးဆီသို့ရောက်သွားကြသည်။
ပုဖန်ကပျင်းရိစွာဖြင့်ခါးလှည့်ချိုးလိုက်ပြီး ဆိုင်ရှေ့မှလူအားလုံးကို တစ်ချက်ဝှေ့ကြည့်ရင်း နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ..."
"ပိုင်ရှင်ပု...ငါတို့မင်းကိုအားပေးနေမယ်နော်...ဒီ စားဖိုမှူးစိန်ခေါ် ပွဲကိုမင်းသေချာပေါက် နိုင်ရမယ်..."
"မင်းသေချာပေါက်နိုင်မှ ဖြစ်မှာနော်
ငါမင်းချက်တဲ့ဟင်းပွဲတွေကို ဝအောင်မစားရသေးဘူး..."
"ပိုင်ရှင်ပုရေ ဒီနေ့မင်းဆိုင်ရဲ့စီးပွားရေးကိုအရင်ဆုံးမလုပ်ချင်ဘူးလား...
တကယ်လို့မင်းသာရှုံးသွားမယ်ဆိုရင် ငါတို့ဒီအစားစာတွေကိုနောက်ထပ် ဘယ်တော့မှစားရမှာမဟုတ်တော့ဘူး..."
ပုဖန်မျက်နှာ မဲမှောင်သွားလေသည်။ ဒါကဘယ်လိုအားပေးမှုမျိုးလဲ ...
သူတို့သူရဲ့ဆိုင်စီးပွားရေးကိုအရင်လုပ်ခိုင်းတာ ဘာလို့လဲ သူတို့ကသူကိုမယုံကြည်ကြဘူးလား...
ဝမ်ရန်ချုံက ထာဝရငါးကြီးကိုသယ်ဆောင်၍ လူအုပ်ကြားထဲမှ ဖြတ်လျှောက်လာခဲ့သည်။ရေစက်များကလည်းမြေပြင်ပေါ်တစ်တောက်တောက်စီးကျနေပြီး ရေအိုင်လေးတစ်ခုလားပင် ဖြစ်နေပေသည်။
သူက ရှားရှားပါးပါးစိတ်လှုပ်ရှားနေသောကြောင့် သူ၏ကြွက်သားများပင်တုန်ရီနေသည်။
နောက်ဆုံး၌ သူအရှက်ကွဲဒုက္ခရောက်ခဲ့တာမှန်သမျှကို ပုဖန်ကိုပြန်လည်ပေးဆပ်နိုင်မည် အခွင့်ရေးရှိပြီဟု ခံစားရပေသည်။
ပုဖန်အရှေ့သို့လျှောက်ထွက်လာပြီး ဆိုင်ရှေ့မြေကွက်လက်တွင် ရပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ သက်စောင့်ဆေးဆိုင်ပိုင်ရှင်များကလည်း သူတို့၏ ဆိုင်များကိုမခင်းကျင်းထားပဲ စားဖိုမှူးပြိုင်ပွဲတွက် နေရာတော်တော်များများပေးထားပေသည်။
ပတ်ဝန်းကျင် အခြေနေကတင်းမာနေသည်။
တဖွဲဖွဲကျနေသော မိုးရေများကပင် အရိုးကွဲလောက်သော အအေးဓာတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ငရဲဘုရင်၏ ချောမောခန့်ညားလှသော မျက်နှာတွင်လည်းလေးနက်လှသော အမူအရာပ်ါလာသည်။သူလက်ဟန်တစ်ခုလှုပ်ရှားလိုက်သည်နှင့် တဖွဲဖွဲကျနေသော မိုးရေများကိုပိတ်ဆို့တားဆီးထားသည့် အလင်းအကာရံတစ်ခုပေါ်လာသည်။
ပို၍ သည်းထန်လာသောမိုးရေစက်များက အလင်းအကာရံကိုအဆက်ပြတ်ရိုက်ခတ်လာသောကြောင့်ရေစက်များက နေရာအနှံပြားသို့အဆက်မပြတ်လွှင့်စင်နေပြီး တအုန်းအုန်းရိုက်ခတ်နေသည်။
အားလုံးကအသက်ပင်မရူနိုင်ပဲ ထိုနေရာအလယ်တွင် ရှိနေသော စာဖိုမှူးနှစ်ယောက်ကိုမမှိတ်မသုံကြည့်နေကြသည်။
ဝမ်ရန်ချုံ၏ လက်မှ အလင်းရောင်တချက်လက်သွားပြီး သံထည် စားပွဲတစ်ခုပေါ်လာသည်။
"ဝှစ်"
ဝမ်ရန်ချုံက သူ၏ထာဝရငါးကြီးကို ထိုသံထည် စားပွဲပေါ်ပစ်ချလိုက်သောကြောင့် မြေပြင်ပင် တုန်ခါသွားပြီးလူအားလုံးထိန့်လန့်သွားပေသည်။
"စားဖိုမှူး စိန်ခေါ်ပွဲခေါင်းစဉ်ကငါးဟင်းပဲ...ပိုင်ရှင်ပုကလဲ ဘာများပြင်ဆင်လာလည်းဆိုတာ ငါသိချင်ပါတယ်... ငါ့ကိုစိတ်မပျက်စေဘူးလို့ ငါမျှော်လင့်တယ်...
ဝမ်ရန်ချုံက ရွှင်မြူးတက်ကြွသည့်အမူရာဖြင့်ပြောလိုက်သည်။
ဝမ်ရန်ချုံ၏ လက်ဖဝါးပေါ်မှာ အပြာရောင်အလင်းတန်းလေးများထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်၏ အပူချိန်ကရုတ်တရက်ကျဆင်းလာပြီးနောက် ရေခဲပြာရောင်သလင်းဓားထွက်ပေါ်လာသည်။
ထိုရေခဲသလင်းဓားက လျှင်မြန်စွာရွေ့လျားသွားပြီး ပါဝင်ပစ္စည်းများကိုဖြတ်တောက်နေသည်။
ငါအကြေးခွံများလွှင့်ပျံလာသည်က ဓားပျံများအလားထင်ရပေသည်။
ရေအလျှင်ကဲ့သို့ပင် ချောမွေ့နေသော ဝမ်ရန်ချုံ၏ လှုပ်ရှားမှုများက လူအများအားလုံးကိုငေးမောကြောင်အနေစေသည်။ သူကပုဖန်ထက် လုံးဝအားနည်းမည်မဟုတ်မှာ သေချာပေသည်။
ကြည့်ရူနေသူများ၏ စိတ်ထဲတွင် မျှော်လင့်စောင့်စားသည့်ခံစားချက်မှုမျိုးပေါ်လာပေသည်။သူတို့က စားဖိုမှုးများကြားမှ ပြိုင်ပွဲကိုစိတ်ဝင်စားသောကြောင့် စိတ်အားထက်သန်စွာဖြင့်ကြည့်ရူရန်စောင့်ဆိုင်းနေသည်။
လျှင်မြန်လှသော အရှိန်ကြောင့် ဓားအလင်းရောင်ကတဖြတ်ဖြတ်လက်နေသည်။
ဝမ်ရန်ချုံက ခေါင်းမော့၍အံအားသင့်နေကြသော ပရိတ်သတ်များကိုကြည့်လိုက်သည်။သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီးဝင့်ကြွားထောင်လွှားသောအမူရာမျိုးပေါ်လာလေသည်။
ကြည့်ရှူနေသူများ သူ့ကို အော်ဟစ်အားပေးလိုက်ချိန်မှာပင် သူ့ဓားမှအလင်းရောင်တစ်ချက်လက်သွားပြီး ဓားရိုက်ခတ်သံကိုကြားလိုက်ရသည်။မီးဖိုချောင်သုံးဓားက ငါးဝမ်းဗိုက်သားထဲကို နစ်ဝင်သွားပြီး ငါးအရိုးများကို ဖယ်ထုတ်လိုက်လေသည်။
ဝမ်ရန်ချုံ၏ကျွမ်းကျင်မှုကြောင့် ပုဖန်ပင် အနည်းငယ်အံသြသင့်သွားသည်။သူ့၏စကေးကတော်တော်လေးကောင်းလှပေသည်။ဒါက အစားကြူးတောင်ကြားမှ ဒုတိယအဆင့်စားဖိုမှူးတစ်ယောက်၏ စွမ်းရည်အစစ်အမှန်ဖြစ်နိုင်ပေသည်။
လေထဲ၌သလင်းရောင်ဒယ်အိုးတစ်လုံးပေါ်လာသည်။ထိုအိုးက သာမန်မဟုတ်ပဲ တမူထူးခြားလေသည်။လက်ဖျောက်တစ်ချက်အတွင်းမှာပင် နီရဲလှသောမီးတောက်များထွက်ပေါ်လာပြီး အိုးအောက်ခြေသို့ရောက်ရှိသွားသည်။ထို့နောက် ခဏအတွင်းမှာပင် ဒယ်အိုးမှ အပူငွေ့များထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ဝမ်ရန်ချုံက လေထဲမြောက်တက်လာသော စိတ်ဝိညာဉ်သစ်တုံးများကို သလင်းဓားဖြင့်ပိုင်းဖြတ်လိုက်သည်။သစ်သားပိုင်းလေးများက ဒယ်အိုးအောက်ခြေရှိ မီးတောက်ထဲ ပေါင်းစပ်သွားသည်။မွှေးပျံလှသော ဆေးနံသင်းသင်းလေးများထွက်ပေါ်လာလေသည်။
ငရဲဘုရင် သူ့ရှေ့မှမြင်ကွင်းကိုပို၍စိတ်ဝင်စားလာမိသည်။ စားဖိုမှုးများကြားမှ ပြိုင်ပွဲကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ထူးခြားလှသော ပြိုင်ပွဲ မည်သို့အဆုံးသတ်မည်ကို ခန့်မှန်းမရသောကြောင့်ပို၍စိတ်လှုပ်ရှားလာမိသည်။
ဝမ်ရန်ချုံက သစ်သားများကို လောင်ကျွမ်းထားစေပြီးနောက် ငါးကိုပြင်ဆင်လိုက်သည်။သူက ငါးတစ်ကောင်လုံးကိုအသုံးမပြုပဲ အသားအများဆုံးနှင့်အရသာအရှိဆုံးအပိုင်းကိုသာရွေးချယ်လိုက်သည်။ငါးတစ်ကောင်လုံးတွင်အကောင်းဆုံးအပိုင်းမှာ အသားပေါ်၌ အကွင်းပုံစံလေးများထင်နေသည့်အပိုင်းဖြစ်သည်။
ဝမ်ရန်ချုံက ရေခဲသလင်းဓားကိုသေချာစွာဆုပ်ကိုင်လိုက်သည်။သူ့၏လက်ချောင်းလေးများကိုအသာယာလှုပ်ခတ်လိုက်ရုံဖြင့် ငါး၏ အသားကိုဖိနှိပ်လိုက်သလိုမျိုး အလင်းရောင်လေးများထွက်လာခဲ့သည်။
ထိုနည်းလမ်းကငါး၏အသားကို နှိပ်နယ်ပေးသကဲ့သို့ထူးဆန်းသောနည်းလမ်းဖြစ်သည်။
ထို့နောက်ငါးအသားကို လေထဲသို့မြှောက်တင်လိုက်သည်။သူ့လက်တဖက်ဝှေ့ယမ်းလိုက်ချိန်တွင် လေထဲ၌ အရက်အိုးတလုံးပေါ်လာသည်။သူလက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် အရက်အိုးပေါက်ကွဲသွားပြီး လေထဲတွင်ရနံများပြည့်နှက်သွားသည်။
သူ့၏ထိန်းချုပ်ထားမှုအောက်တွင် လေထဲမှ အရက်များနှင့်ငါးအသားက ရောနှောပေါင်းစပ်သွားလေသည်။သူ လက်တချက်ထပ်လှုပ်လိုက်သည်နှင့် ရေခဲသလင်းဓားက လေထဲမြောက်တက်သွားပြီး ငါးအသားပေါ်ကျရောက်သွားသည်။ဓား၏ရိုက်ခတ်မှုကြောင့် အရက်များအားလုံးအသားထဲစိမ့်ဝင်သွားလေသည်။
ထို့နောက်ဝမ်ရန်ချုံက သူ့စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး အသားထဲမှ အရက်များကိုကုန်စင်အောင်ပြန်စုပ်ထုတ်လိုက်သည်။ပြီးသည်နှင်းငါးအသားများက သူပြင်ဆင်ထားသော ဂျုံမှုန့်ထဲသို့ပြုတ်ကျလာလေသည်။သူ ငါးအသားတခုလုံးကို ဂျုံမှုန်များဖုံးအုပ်သွားအောင် သုတ်လိုက်သည်။
ရှဲ...ရှဲ...ရှဲ...
အိုးထဲသို့ထည့်လိုက်သည်နှင့် ဆူညံသံများနှင့်အတူ ပြင်းထန်သောရနံများပေါက်ကွဲထွက်ပေါ်လာလေသည်။
လူအုပ်ကြီးက ဝမ်ရန်ချုံသူ့၏ ဟင်းပွဲပေါ်တွင်ထိန်းချုပ်ငွားပုံအဆင့်ဆင့်ကိုကြည့်၍ အသက်ပြင်းပြင်းရှိုက်လိုက်မိကြသည်။
ပြေပြစ်ပြီးအပြစ်အနာအဆာမရှိလှသော ထိန်းချုပ်နိုင်မှု၊ဆွဲဆောင်မှုရှိလှသောဓားကျွမ်းကျင်မှု...ဝမ်ရန်ချုံ၏စွမ်းရည်က ဘေးမှကြည့်နေသာများကို အံ့သြသင့်သွားစေသည်။
"ဒါက တကယ့်ကိုကြောက်ဖိုကောင်းတယ် ပိုင်ရှင်ပုတော့ ဒှတစ်ကြိမ်အခက်အခဲကြုံရပြီ...."
နန်ကုန်းဝူချယ်မျက်လုံးပြူးမျက်ဆံပြူးဖြင့်ပြောလိုက်သည်။
ငရဲဘုရင်မျက်လုံးများမှေးကျဉ်းလိုက်ပြီးပြောလိုက်သည်။
"တကယ်လို့ ပုဖန်သာ အစပ်ချောင်းကိုအသုံးပြုမယ်ဆို ဒီလို ဂဏန်းကောင်မျိုးကို လှီမ်းမိုးဖို့ဆို အသေးအဖွဲကိစ္စလေးပဲ..."
အံသြမှင်သက်နေကြသောလူအများနှင့်မတူညီစွာပင် ပုဖန်က သူ့ရှေ့မှ မြင်ကွင်းကို အေးဆေးတည်ငြိမ်စွာသာကြည့်နေသည်။
ပုဖန်၏လက်မှ အလင်းရောင်တချက်လက်သွားပြီး သူ့ရှေ့တွင် စားပွဲတစ်လုံးပေါ်လာသည်။ထို့နောက် လေထဲတွင် တောက်ပလှသော စားချင်စားဖွယ်ငါးတစ်ကောင်ပေါ်လာပြီး စားပွဲပေါ်သို့ ကျယ်လောင်စွာပြုတ်ကျလာသည်။
သူ ပင့်သက်အသာရှိုက်လိုက်သည်။သူ့၏နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီး စကားတစ်ခွန်းဆိုလိုက်သည်။
"အနောက်ပိုင်းရေကန် ငါးချိုချဉ်... "