အပိုင်း ၆၀၁
Viewers 53k

အခန်း ၆၀၁

ငါးကြီးကြော် VS ငါးချိုချဉ်...


ဖလပ်...ဖလပ်...


ပုဖန်၏ သိုလှောင်နယ်မြေထဲမှ ဆူဖြိုးသော ငါးတစ်ကောင် ထွက်ပေါ်လာသည်။စားပွဲပေါ် တင်လိုက်သည်နှင့် သူ့၏ အမြီးကို ကြမ်းတမ်းစွာ လှုပ်ခါနေသောကြောင့် အသံများစတင်ထွက်ပေါ်လာသည်။


သူ့၏ ပါးဟပ်ကိုဟ၍ အသက်ရှူနေသောကြောင့် ငါး၏ ပါးစပ်ထဲမှ သိပ်သည်းကြမ်းတမ်းလှသော ဝိညာဉ် စွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။


ထိုငါးမျိုးကို နဂါးအသွင်ပြောင်းလဲခြင်း ဟုခေါ်သည်။၎င်းသည် မသေမျိုး ခန္ဓာအဆင့် စိတ်ဝိညာဉ် သားရဲဖြစ်ပြီး သူ့၏ အရည်အသွေးက အလွန်မြင့်မားကာ အသား၏ နူးညံ့မှုကလည်း အလွန်ကောင်းမွန်သည်။


ပုဖန်က သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှ ထိုငါးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။စနစ်မှ ထောက်ပံ့ပေးထားသည့် ငါးပေါင်းများစွာထဲမှ တစ်ခုချင်းစီကို သေသေချာချာ စေ့စေ့စပ်စပ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ထိုငါးက နဂါးအသွင်ပြောင်းလဲ ခြင်းငါး ဖြစ်နေသောကြောင့်မဟုတ်ပဲ သူ့အရင်ကမ္ဘာမှ မွေးမြူရေးငါးနှင့် ပုံပန်းသဏ္ဍာန်တူသောကြောင့် ဖြစ်သည်။မည်သို့ပင် ဆ်ိုစေ သူက အနောက်ပိုင်း ရေကန်ငါးချိုချဉ်ကို ရွေးချယ်ထားခဲ့သည်ဖြစ်လေရာ အနီးစပ်ဆုံး ဆင်တူ သည့် ငါးမျိုးကို ရွေးချယ်ခြင်းက ပို၍ ကောင်းပေသည်။


ဝမ်ရန်ချုံ အသုံးပြုသော ငါးသည်လည်း အကြီးအမျိုးအစားထဲက ဖြစ်သည်ကို သူသိပေသည်။သူ့၏ ထင်မြင်ချက်အရ ဝမ်ရန်ချုံက ထိုငါးကို ကြော်၍ အသုံးပြုသင့်သည်။ထိုသို့သာဆိုလျှင် ငါး၏ အရသာက ပို၍ ကောင်းပေလိမ့်မည်။


အံ့အားသင့်နေကြသော လူအုပ်ကြီးက ပုဖန်နှင့် ဝမ်ရန်ချုံတို့၏ ငါးများကို တစ်လှည့်စီကြည့်နေမိကြသည်။ယခုချိန်ထိ စားဖိုမှူးများ မည်သည့်ဟင်းချက်မည်ကို မသိပေ။


လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များပေါ်လာပြီးရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထွက်ပေါ်လာသည်။ဓားကို ဝှေ့ယမ်းလိုက်ပြီးနောက် အားလုံး၏ အကြည့်များအောက်မှာပင် သူ့၏ ဓားက လှပစွာဖြင့် ငါးအသားပေါ်သို့ ကျရောက်သွားသည်။


ထိုဓားက ပိုင်းဖြတ်ရမယ့်နေရာကို ရှာနေပြီးနောက် ခဏမျှ လှည့်လည်နေသေးသည်။ထို့နောက် ပုဖန် ငါးအသားကို စတင် လှီးဖြတ်လိုက်သည်။သူ့၏ အံ့အားသင့်စရာ ဓားစွမ်းရည်များကိူ ထုတ်ဖော်ပြသနေသောကြောင့် ငါး၏ ကိုယ်ထည်က အလင်းရောင်တစ်ချက်လက်သွားသည်ကိုသာ မြင်ရသည်။


ငါး၏ အကြေးခွံများက အရင်ကအတိုင်းပင် သံဓားများ လေဟာနယ်ထဲသို့ ပစ်လွှတ်လိုက်သလို လေတိုးသံမျကြားနေရသည်။သူ ကြမ်းတမ်းလှသော အရှိန်က အားလုံး၏ စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။


ပုဖန်၏ အမူအရာက အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိပဲ အခါများစွာက ကဲ့သို့ပင် တည်ငြိမ်အေးဆေးနေလေသည်။အကြေးခွံများချွတ်ပြီးသည်နှင့် ငါး၏အမြီးကို ဆွဲကိုင်လိုက်ပြီး ၈၀ ဒီဂရီ စောင်းလိုက်သည်။


သိပ်မကြာခင်မှာပင် ငါးတစ်ကောင်လုံးကို အကြေးခွံချွတ်ပြီးသွားပေပြီ။ငါး၏ပါးဟပ်ကို ဖွင့်ဟလိုက်ပြီးနောက် အထဲမှ ကလီစာများ အညစ်အကြေးများကို ရှင်းထုတ်လိုက်သည်။လှုပ်ရှားမှုအားလုံးက ချို့ယွင်းချက်တစ်ခုမှမရှိပဲ ချောမောပြေပြစ်နေပေသည်။


သို့သော်လည်း ဝမ်ရန်ချုံနှင့် ယှဉ်လိုက်မည်ဆိုလျှင် ပုဖန်၏ လှုပ်ရှားမှုများက အနည်းငယ်ကြမ်းတမ်းသည်။ဝမ်ရန်ချုံ ငါးကိုင်တွယ်သည့် နည်းလမ်းက ဆန်းပြားပြီး အလွန်ပင် မိုက်သည်ဟု ဆိုရပေမည်။ပုဖန်၏ ကိုင်တွယ်ပုံက လူရိုင်းတစ်ယောက်နှင့်ပင် တူနေလေသည်။


မလှမ်းမကမ်းဆီမှ မွှေးရနံ့များက လေထုထဲ ဖြတ်သန်းလာလေသည်။လူအားလုံးက နှာခေါင်းရှုံ့၍ ထိုရနံ့များကို စိတ်ကျေနပ်စွာဖြင့် ရှုရှိုက်လိုက်လေသည်။အကာအကွယ်စည်းအတွင်းမှ အခြေအနေက အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေလေသည်။အားလုံးက သူတို့၏ ဟင်းပွဲများကို ပြင်ဆင်နေသော ဝမ်ရန်ချုံ နှင့် ပုဖန်ဆီသို့သာ မလွှဲတမ်းကြည့်နေကြလေသည်။


ဝမ်ရန်ချုံက သူ့၏ ဒယ်အိုးအတွင်းမှ ငါးကိုသာ အဆက်မပြတ် အာရုံစူးစိုက်ထားလေသည်။ငါး၏ အရည်အသွေးက ထူးခြားလှသောကြောင့် သူ့၏ မီး ထိန်းချုပ်မှုအပေါ်တွင်လည်း အစွမ်းကုန် အားထုတ်ထားရသည်။


ထို့ကြောင့် သူအနည်းငယ်မျှပင် သတိလက်လွတ် မနေရဲပေ။သူ့၏ စိတ်စွမ်းအင်များက တဖြေးဖြေး ပြန့်ကားလာကာ အိုးတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။


သူ့၏ စွမ်းအင်များက ဘေးပတ်ပတ်လည်တစ်ခုလုံးကိုလွှမ်းခြုံလာလေသည်။ဝမ်ရန်ချုံ၏ စိတ်စွမ်းအင်များက အတော်လေးသန်မာလှသည်။ထို့ကြောင့် ၎င်းက သူ့ဘေးပတ်ပတ်လည်ရှိ လေဟာနယ်ကိုပင် သက်ရောက်မှုရှိနေလေ၏။


ဒယ်အိုးထဲမှ ငါးအသားက ရွှေ ညိုရောင်အဖြစ် သန်းလာသည့် အချိန်၌ သင်းပျံ့လှသော မွှေးရနံ့များလည်း ထွက်ပေါ်လာပြီဖြစ်သည်။လူအားလုံးက နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့များက်ို အဆက်မပြတ် ရှုရှိုက်နေကြလေသည်။


ကြီးးမားလှသည့် ငါးတစ်ပွဲကြောင့် လူအားလုံးက ထိတ်လန့် အံ့အားသင့်ပြီးသားဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ပထမဦးစွာအဖြစ် ပုဖန်၏ အချက်အပြုတ်စွမ်းရည်များကို ဖိနှိပ်နိုင်သူတစ်ယောက်အဖြစ် ပေါ်လာခြင်းကို တွေ့ရသောကြောင့်ဖြစ်သည်။


လူအုပ်ကြီး၏ အကြည့်များက ပုဖန်ဆီသို့ ရောက်ရှိသွားပြန်သည်။ပုဖန်က သူ့၏ ဓားကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်ပြီး ငါးများကို စတင်ပြင်ဆင်ထားပြီဖြစ်သည်။ပုဖန်က သူပြင်ဆင်ထားပြီးသား ငါးအသားများကို ဂျုံမှုန့်ထည့်ထသည့် ပန်ကန်းလုံးထဲ ထည့်လိုက်သည်။


ထို့နောက် အနက်ရောင်မီးခိုးငွေ့များ ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး ပေါ်ထွက်လာသည်။ထိုဒယ်အိုးကို မြင်လိုက်ရသည့်ခဏ၌ အားလုံး၏ စိတ်ထဲတွင် တုန်ရီသွားကြသည်။


ပုဖန်က ရွှေရောင်မီးတောက်တစ်ခုကို ဒယ်အိုးအောက်ခြေဆီသို့ မှုတ်ထုတ်လိုက်သည်။ဒယ်အိုး အပူချိန် နိမ့်လာသည်နှင့် အိုးထဲမှ ဆီများ၏ ဆူပွက်သံကို လူတိုင်းကြားလိုက်ရလေ၏။


ဒယ်အိုးအပေါ်တွင် လက်ကို ထား၍ အပူချိန်ကို စမ်းသပ်လိုက်သည်။လုံလောက်သည့် အပူချိန်ကို ရပြီဆီမှ ငါး၏ အမြီးမှ ဆွဲကိုင်၍ ဒယ်အိုးထဲ ထည့်လိုက်သည်။


ဒယ်အိုးထဲသို့ ငါး ဝင်ရောက်သွားသည်နှင့် အလွှာပါးလေးများ ထွက်လာလိုသလ်ိုမ်ျိုး အပေါ်ယံတွင် အဖြူရောင်အမြှုပ်သဏ္ဍာန်မျိုး ပေါ်လာလေသည်။


အိုး၏ အပူချိန်က အလွန်ပင် မြင့်မားနေပြီဖြစ်သောကြောင့် ငါးအသားကို ထည့်လိုက်သည်နှင့် ဆီပေါက်များ လွင့်စင်လာလေသည်။ချက်ချင်းပင် ငါးအသားပေါ်၌ အရောင်ပြောင်းသွားသည့် အရိပ်အယောင်မျိုးပေါ်လာသည်။


ပုဖန်က သူ့၏ ဇွန်းဖြင့် ငါးအသားကို ဆတ်ခနဲ ထိုးဖော်လိုက်ပြီး အိုးတွင် ကပ်မိဒဏ်မှ ကာကွယ်လိုက်သည်။သူက ငါးကို မီးဖိုရွှေ့လိုက်ပြီး တဖြေးဖြေးချင်းစီ ဆက်လက်၍ ကြော်နေလေသည်။တစ်ဆင့်ချင်းစီငါးအသားက ကျက်လာသည်နှင့်အမျှ ဒယ်အိုးမှ မွှေးရနံ့များလည်း ပြန်လည်ထွက်ပေါ်လာလေ၏။အပူငွေ့များ အဆက်မပြတ်ထွက်ပေါ်လာပြီး အိုးအပေါ်တွင်ပင် အဖြူရောင်တိမ်တိုက်လေးအလား ဖွဲ့တည်လာလေသည်။ထိုအခ်ျိန်၌ ပုဖန်က ကြော်ပြီးပြီဖြစ်သော ဒယ်အိုးထဲမှ ခပ်မြန်မြန်ဆယ်ထုတ်လိုက်သည်။


သူကြိုတင်ပြင်ဆင်ထားသော ပန်းကန်ပြားပေါ်တွင် တင်လိုက်ပြီးသည်နှင့် စနစ်၏ သိုလှောင်နယ်မြေထဲမှ စိတ်ဝိညာဉ် စွမ်းအင် အပြည့်ပါဝင်လာသော ဟင်းသီးဟင်းရွက်များကို ထုတ်ယူလိုက်သည်။


သူ့လက်ထဲမှ ဓားဆီမှ အလင်းရောင်များ လက်သွားပြီး ရောနှောနေသော စိတ်ဝိညာဉ်ဆေးပင်များက နုတ်နုတ်စင်းအဖြစ် ပြောင်းလဲသွားပေပြီ။ဒယ်အိုးထဲဆီထည့်၍ နောက်တစ်ကြိမ် အပူပေးလိုက်ပြီးသည်နှင့်သူ နုတ်နုတ်စင်းထားသည့် အသီးအရွက်များအားလုံးကို ဒယ်အိုးထဲထည့်၍ ကြော်လိုက်သည်။


ဒယ်အိုးအောက်ခြေမှ တလူလူထွက်နေသည့် မီးတောက်ကလေးကပင် မျက်စိမလွှဲချင်စရာကောင်းလှသည်။ဒယ်အိုးဆီမှ စိတ်ဝိညာဉ် စွမ်းအင်ပါသည့် မွှေးရနံ့များထွက်ပေါ်လာလေသည်။


ပုဖန်က ကြိုတင်ပြင်ဆင်ထားပြီးသည့် ကော်မှုန့်ရည်ကို ဒယ်အိုးထဲသ်ို့ လောင်းထည့်လိုက်သည်။ဒယ်အိုးထဲမှ ဆီနှင့်ရေက အနည်းငယ်ပျစ်သွားသည့် အချိန်၌ သူ အနက်ရောင် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏ ထိုပုလင်းထဲမှ အလွန်ပင် ချဉ်မည့်ပုံပေါ်သည့်ရှာလကာရည်များကို ထည့်လိုက်၏။


အနောက်ပိုင်းရေကန် ငါးချိုချဉ်က အချဉ်အရသာတစ်ခုထဲ ရှိနေ၍ မရပဲ ချိုမြသည့် အရသာလည်း ရှိနေရမည်ဖြစ်သည်။ပုဖန်က စနစ်ထောက်ပံ့ပေးထားသည့် သကြားအမှုန့်များကို ယူ၍ ပျစ်နှစ်နေသည့် ဟင်းရည်ထဲသို့ ထည့်လိုက်သည်။ချိုမြသည့် ရနံ့က ပို၍ ပြင်းထန်လာလေ၏။


ဗွက်...


ပျစ်နှစ်နေသည့် ဟင်းရည်က အရှိန်အဟုန်ဖြင့် ဆူပွက်နေသောကြောင့် အသံများပင် ထွက်ပေိါလာသည်။ပုဖန်က ဇွန်းဖြင့် ဟင်းရည်ကို အနည်းငယ် ယူမြည်းလိုက်သည်။ချိုမြမှုနှင့် အချဉ်ရနံ့ သမမျှတစွာ ရောစပ်ထားသော အရသာက သူ့၏ အသာခံ အာရုံကြောထဲသို့ စိမ့်ဝင်သွားလေသည်။


နှုတ်ခမ်းကိုအသာသပ်လိုက်ရင်း ခေါင်းညိမ့်လိုက်သည်။ပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးက လေထဲတွင် တစ်ချက်ဝဲလှည့်သွားသည်။ပုဖန်သူ့လက်ထဲမှ ယောက်ချိုဇွန်းကို အသုံးပြု၍ ဟင်းရည်များကို ခပ်လိုက်ပြီးနောက် ပန်းကန်ထဲမှ ငါးကြော်ပေါ်သို့ လောင်းထည့်လိုက်သည်။


ရွဲ...


အပူငွေ့များ လှိုက်ခနဲ တက်လာပြီး ကြော်ထားသည့် ငါးက အော်လိုက်သလိုပင် အသံကျယ်ထွက်ပေါ်လာသည်။အားလုံး၏ အံ့အားသင့် မှင်သက်နေသော အကြည့်များအောက်မှာပင် နဂါးအသွင်ပြောင်းလဲခြင်း koi ငါးက အကြမ်းပတမ်း လှုပ်ရှားလာသည်။သူ့၏ အမြီးက အပေါ်အောက် တဖျတ်ဖျတ် ခါနေပြီး ပါးဟပ်က ဟစိဟစိ ဖြစ်နေလေသည်။


"အနောက်ပိုင်းရေကန် ငါးချိုချဉ် ပြီးသွားပြီ ..."


ပုဖန်က သူ့ကိုယ်သူ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ညှင်သာစွာ ပြောလိုက်သည်။ဟင်းပွဲပြီးသည်နှင့် ဝမ်ရန်ချုံဘက်သို့ လှည့်ကြည့်လိုက်သည်။သူ့၏ ဟင်းပွဲကို ပြင်ဆင်ထားပြီဖြစ်သော ဝမ်ရန်ချုံကလည်း မုန်းစရာကောင်းလောက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။


အနိုင်ရသူကို ဆုံးဖြတ်ပြီးသွားသကဲ့သို့သော အကြည့်များဖြင့် ပုဖန်ကို လှမ်းကြညိ့နေလေသည်။အကြည့်နှစ်ခုက လေထဲတွင် ပြင်းထန်စွာ တိုက်မိသွားလေသည်။


ပုဖန်ကမူ အသာအယာပင် နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်လိုက်ပြီးနောက် သူ့၏ အသားကျနေသည့် အမူအရာကိုသာ ဖော်ပြလိုက်လေသည်။


"မင်းရှုံးသွားပြီ..."


ဝမ်ရန်ချုံက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေသည့် အသံဖြင့် ပြောလိုက်သည်။သူ့၏ အခြေအနေကို သူအလွန်ပင် ယုံကြည်မှုအပြည့်ရှိနေ၏ သူက အမှားသေးသေးလေးများပင် မလုပ်ခဲ့ပဲ ဟင်းပွဲ ထဲတွင် ပါဝင်သည့် စွမ်းအင်များအားလုံးကို အတိအကျ ထိန်းချုပ်ထားနိုင်ခဲ့ပေသည်။


ဟင်းပွဲက လုံးဝ ပြီးပြည့်စုံသည်ဟုပင် ပြော၍ရလေသည်။ပြင်ဆင်ထားသည့် ငါးအသားလေးများက ရွှေညိုရောင်သန်းနေပြီး အဆုံးအစမဲ့လှသော မွှေးရနံ့များကို ထုတ်လွင့်နေလေသည်။


ကျောက်စိမ်းရောင်သန်းနေသော စိတ်ဝိညာဉ် ဆေးပင်လေးများဖြင့် အလှဆင်ထားလေရာ ဟင်းပွဲက တကယ့်တကယ်ကို နှိုင်းမရအောင် ပြည့်စုံနေလေပြီ။ဝမ်ရန်ချုံက သူ့၏ ဟင်းပွဲကို လက်တစ်ဖက်ဖြင့် မြောက်ကိုင်လိုက်ပြီး ပုဖန်ဆီသို့ကြည့်၍ ခေါင်းည်ိတ်ပြလိုက်သည်။


မိုးဖွဲလေးများကျနေရာမှ သဲကြီးမဲကြီး ရွာသွန်းသည့် ပုံစံမျိုးပြောင်းလဲသွားပြီဖြစ်သောကြောင့် ငရဲဘုရင် ပြုလုပ်ထားသည့် အကာအကွယ်ကို လာရောက်ထိမှန်သည့် မိုးစက်များက ကြီးမားနေပေပြီ။


ဧရိယာတစ်ခွင်လုံးကို တအုံးအုံးအသံများဖြင့် ဆူညံနေ၏။သို့သော်လည်း အကာအကွယ်ထဲတွင်ရှိနေသည့် သူများအားလုံးကတော့ အသက်ပင် ကျယ်ကျယ်မရှုပဲ တိတ်ဆိတ်နေလေသည်။


ရှပ်...ရှပ်...


ဝမ်ရန်ချုံက သူ့၏ ဟင်းပွဲကိုကိုင်၍ ပုဖန်ဆီသို့ လျှောက်လာခဲ့သည်။


"ပိုင်ရှင်ပု ငါ့ရဲ့ သာမညောင် ည ငါးကြော်လေးတော့ ပြီးသွားပြီ...မင်းရဲ့ ဟင်းပွဲကကော တကယ်ပဲ ပြည့်ပြည့်စုံစုံ ပြီးသွားရဲ့လားဆိုတာကို ငါသိချင်ပါရဲ့ ..."


ဝမ်ရန်ချုံက ယုံကြည်မှု အပြည့်ဖြင့် ပြုံး၍ ပြောလိုက်သည်။


"ဒီဟင်းပွဲက ဘယ်အဆင့်များ ဖြစ်လိမ့်မလဲ ငါတို့ ဒီလူအုပ်ကြီးကို အကဲဖြတ်ခိုင်းကြတာပေါ့..."


ပုဖန်က သူ့ဘက်သို့ အနည်းငယ်မျှပင် ကြည့်ခြင်းမရှိတော့ပဲ သူ့ဟင်းပွဲကိုကောက်ယူကာ ဆိုင်ထဲသို့ ဝင်သွားလိုက်ပြီး စားပွဲပေါ်တင်ထားလိုက်သည်။


ဝမ်ရန်ချုံက ပခုံးတစ်ချက်တွန့်လိုက်ပြီးနောက် လူအုပ်ကြီးဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့၏ ဟင်းပွဲကိုလည်း စားပွဲပေါ် သွားတင်ထားလိုက်သည်။


ပုဖန်၏ စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။နောက်ခဏအတွင်း သူတို့၏ မျက်နာပေါ်တွင် အလွန်ပင် ပျော်ရွှင်သွားသည့် အမူအရာများပေါ်လာလေသည်။


"သူတို့ကို ဟင်းပွဲကို အကဲဖြတ်ခိုင်းမယ် ...ဒီအဓိပ္ပါယ်က သူတို့က ဟင်းပွဲရဲ့ အဆင့်ကို သတ်မှတ်ပေးရမယ်ပေါ့ အဲ့ဒါဆိုတော့ သူတို့ ဒီ ဟင်းပွဲတွေရဲ့ အရသာကို မြည်းခွင့်ရပြီပေါ့..."


ပရိတ်သတ်များအားလုံး စိတ်လှုပ်ရှားနေကြသည်။သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်နေသော်လည်းတံတွေးများအဆက်မပြတ် မြိုချနေရ၏။


သူတို့ ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းရမည်ဖြစ်သောကြောင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြလေသည်။ငရဲဘုရင်က အလင်းအကာရံကို ပြန်လည် ဖယ်ရှားလိုက်သည်။ကောင်းကင်ပေါ်မှ ကြမ်းတမ်းစွာ ကျနေသော မိုးစက်မိုးပေါက်များက မြေပြင်သ်ို့ထိမှန်ပြီး ရေများဖွားခနဲ လွင့်စင်နေလေ၏။


သို့သော်လည်း မည်သည့် စားသုံးသူမှ ထိုအကြောင်းအရာကြောင့် အနှောက်အယှက်မဖြစ်ပေ။ထိုလူများအားလုံး၏ ကျင့်ကြံဆင့်က အတော်အသင့် မြင့်မားနေသောကြောင့် သူတို့ တန်းစီနေစဉ် နာရီပိုင်းလောက်ကို မိုးစက်များ ကာကွယ်ထားရန်မှာ ပြဿနာတစ်ရပ်မဟုတ်ပေ။


စားသောက်ဆိုင်၏ အပြင်ဘက်တွင် တန်းစီနေရင်းဖြင့် စားပွဲပေါ်မှ ဟင်းပွဲနှစ်ပွဲကိုသာ အပြည့်အဝ အာရုံ စိုက်ထားကြလေသည်။လူတိုင်းက သူတို့၏ လက်ထဲတွင် တူတစ်စုံစီ ကိုင်ထားကြပြီး ဟင်းပွဲကိုမြည်းစမ်းရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။


ရှေ့ဆုံးမှ တန်းစီနေသော ငရဲဘုရင်၏ မျက်နာတွင်လည်း မျှော်လင့် စောင့်ဆိုင်းနေသည့် အမူအရာက အထင်းသားပေါ်လွင်နေလေသည်။တူကို သေသေချာချာကိုင်ထားပြီး ဟင်းပွဲများက်ို အကဲခတ်နေ၏။ ပုဖန်၏ အနောက်ပိုင်း ရေကန် ငါးချိုချဉ်က ဖန်ကဲ့သို့ပင် ကြည်လင်နေပြီး သူမတူအောင်လှပလှသည်။


အလင်းရောင်များ ထုတ်လွင့်နေသော သလင်းကျောက်များကဲ့သို့ တောက်ပနေပြီး အဆက်မပြတ် ထုတ်လွင့်နေသော ချိူချဉ်ရနံ့လေးက အားလုံး၏ အာရုံကို ဆွဲဆောင်နေပေသည်။


တစ်ခြားတစ်ဘက်တွင်လည်း ငါးကြီးကြော်က ကြီးကျယ်ခမ်းနားလှသော အော်ရာများကို ထုတ်လွင့်နေသည်။သေချာစွာ အလှဆင်ထားပြီး ပြီးပြည့်စုံစွာ အလှဆင်ထားပုံက ရွှေတုံးတစ်တုံးအလားပင် ထင်မှတ်မှားစေသည်။ငရဲဘုရင် နှုတ်ခမ်းများတစ်ချက်သပ်လိုက်ပြီး သူ့၏ တူတစ်စုံက ဝမ်ရန်ချုံ၏ ငါးကြော်ပေါ်သို့ ရောက်သွားသည်။


ငါး၏အသားက နူးညံ့နေသည်။သူရွှေရောင်သန်းနေသော ငါးအသားလေးတစ်ဖက်ကို ကောက်ယူလိုက်၏ထိုအသားမှ အပူငွေ့လေးများ ထုတ်လွင့်နေဆဲဖြစ်သည်ကို မြင်နေရလေသည်။ငရဲဘုရင် အသားဖတ်က်ို သူ့ပါးစပ်ထဲသ်ို့ ထည့် လိုက်သည်။


သိပ်သည်းလှသော မွှေးရနံ့များသူ့၏ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသောကြောင့် ငရဲဘုရင် မျက်ခုံးပင့်လိုက်မိသည်။အသားလေးကို ကိုက်ဝါးလိုက်သည်နှင့် ပင်လယ်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဆူနာမီ လှိုင်းလုံးကြီးများ တဝုန်းဝုန်းရိုက်ခတ်လာသလိုပင် ခံစားနေရသည်။


"အရမ်းကို အရသာရှိတယ်..."


ငရဲဘုရင် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး မှတ်ချက်ပြုလိုက်သည်။သူ့၏ ဟင်းပွဲဖြင့် ငရဲဘုရင်ဟုဆိုသောသူက်ို အောင်နိုင်လိုက်သောကြောင့် ဝမ်ရန်ချုံ၏ နဂိုက ဝင့်ကြွားသော အပြုံးများက ပို၍ ပင် အထက်စီးဆန်သွားလေသည်။


ပုဖန်က မည်သည့် စိတ်လှုပ်ရှားမှုများ မပြသပဲ အခါများစွာကဲ့သိူ့ပင် အေးဆေးတည်ငြိမ်နေတုန်းဖြစ်သည်။သူက ဝမ်ရန်ချုံ၏ အပြုံးကို မမြင်ဟန်ဖြင့် လျစ်လျုရှုထားလေသည်။


ဝမ်ရန်ချုံ၏ ဟင်းပွဲကို မြည်းပြီးသည်နှင့် ငရဲဘုရင်က ပုဖန်၏ ဟင်းပွဲဘက်သို့ လှည့်လိုက်သည်။သူငါးအသားတစ်ဖက်ကို ကောက်ယူလိုက်သည်။ပျစ်နှစ်နေသော အချိုရည်က ငါးအသားကို ပြန်လည် ဆွဲယူထားချင်ဟန်ဖြင့် အမျှင်တန်းနေလေသည်။


သိပ်သည်းလှသော မွှေးရနံ့လေးများကလည်း အဘက်ဘက်သ်ို့ ဝင်ရောက်တိုက်ခိုက်လေသည်။ငရဲဘုရင်၏ ပါးစပ်ထဲသို့ အသားဖတ် ဝင်သွားသည်နှင့် သူ့၏ မျက်ဝန်းများမှ လင်းထိန်လှသော အလင်းရောင်များထွက်ပေါ်လာလေသည်။