အခန်း ၆၀၂
ပိုင်ရှင်ပုအကျွမ်းကျင်ဆုံးကဘာလဲ...
ပျစ်နှစ်နေသော စွပ်ပြုတ်ရည်က အမျှင်တန်းနေလေသည်။နှာခေါင်းထဲ တိုးဝင်လာသော မွှေးရနံ့များကြောင့် ပါးစပ်ထဲတွင် သရေအပြည့်ဖြစ်လာသည်။သူနှုတ်ခမ်းပါးတစ်ချက် သပ်လိုက်သည်။ငါးအသားကို ပါးစပ်ထဲထည့်ပြီးသည်နှင့် မျက်လုံးမှိတ်၍ အရသာက်ိုပျော်ရွှင်စွာခံစားနေလိုက်သည်။
ပေါက်ကွဲထွက်လာသော ချိုချဉ်အရသာများကြောင့် ငရဲဘုရင်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ဝမ်ရန်ချုံ၏ ငါးကြော်က ပင်လယ်သမုဒ္ဒရာထဲ ရောက်သွားသည်နှင့် တူသည်ဆိုလျှင် ပုဖန်၏ ငါးဟင်းက ရေကန်ငယ်ထဲရှိ သင်္ဘောပေါ်တွင် သက်တောင့်သက်သာ အနားယူသည်နှင့် တူသည်။
ဟင်းပွဲနှစ်ပွဲက လုံးဝကို ကွဲပြားခြားနားနေလေသည်။ထို့နောက် အရသာရှိလှသော စွပ်ပြုတ်ရည်ကို တစ်ဇွန်းသောက်လိုက်သည်။ထိုစွပ်ပြုတ်တစ်ဇွန်းက ငရဲဘုရင်၏ စားချင်သောက်ချင်စိတ်များက်ို မီးထိုးလိုက်သကဲ့သို့ပင် ထိုခံစားချက်က ထူးခြားဆန်းကြယ်လွန်းလှသည်။
ဝမ်ရန်ချုံ၏ ယုံကြည်မှုရှိနေဆဲဖြစ်သော အပြုံးက တောင့်ခဲသွားသည်။သူ ငရဲဘုရင်၏ အမူအရာကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။သူက သူ့၏ဟင်းပွဲကို ပိုကြိုက်နှစ်သက်သည့်ပုံမပေါ်ပေ။ထိုအချင်းအရာက သူ့၏ယုံကြည်မှူများကို အနည်းငယ် ကျိုးပျက်သွားစေပြီး ပြာယာခတ်သွားစေသည်။သူ အကျွမ်းကျင်ဆုံး ဟင်းပွဲမှာ ငါးချက်ပြုတ်ခြင်းပင်ဖြစ်သည်။သူ့၏ ဟင်းပွဲသာ ဆုံးရှုံးရမည်ဆ်ိုလျှင် သူတကယ်ကို ပြောစရာစကားမဲ့သွားပေလိမ့်မည်။
ထိုမကောင်းဆိုးဝါးပုဖန်က မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေလေသည်။ထိုသူက အစားကြူးတောင်ကြားမှ လူဖြစ်နေလျှင် တော်သေးသည်။သ်ို့သော်လည်း သူက အစားကြူးတောင်ကြားမှ မဟုတ်ပေ။ပုဖန်က အစားကြူးတောင်ကြားထဲမှ လာသော သူထက်ပင် သာအောင် ချက်ပြုတ်နိုင်ပေသေးသည်။
"အဲ့ဒီလူငယ်က ကမ္ဘာကြီးရဲ့ ဘယ်နေရာကနေ ထွကိပေါ်လာတာလဲ ..."
"ဟလေး ဘယ်လိုနေလဲ သူ့ရဲ့အရသာက..."
ငရဲဘုရင်၏ အမူအရာက်ိုကြည့်၍ နန်ကုန်းဝူချယ်၏ နှလုံးသားကို ပုရွတ်ဆိတ်ထောင်ပေါင်းမက က်ိုက်နေသလို ခံစားလိုက်ရသည်။သူသိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"အခုခေတ် လူငယ်တွေက မဆိုးဘူး..."
ငရဲဘုရင်က ငါးချိုချဉ်ပွဲကိုသာ မလွှဲတမ်းကြည့်နေရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီဟင်းပွဲနှစ်ပွဲလုံးက မဆိုးဘူး ကောင်းတယ် ဒါပေမယ့် အစပ်ချောင်းက ပိုပြီး ကောင်းတယ် ..."
"ထားလိုက်တော့ ထားလိုက်တော့ မင်းဆက်မစားရင် ပိုကောင်းလိမ့်မယ်..."
နန်ကုန်းဝူချယ် လက်ဝှေ့ယမ်းရင်းပြောလိုက်သည်။သူငရဲဘုရင်ဆီမှ အစပ်ချောင်းအကြောင်းပြောဆိုသံကို ထပ်မကြားချင်တော့ပေ။သူ ဟင်းပွဲကို သူကိုယ်တိုင်ကိုယ်ကျသာ မြည်းစမ်းကြည့်ချင်ပေသည်။ငရဲဘုရင်က သူစကားဖြတ်ပြောခံလိုက်ရသောကြောင့် စူးစူးရဲရဲ ကြည့်လိုက်သည်။
"အခုခေတ် လူငယ်တွေက ဘာလို့အရမ်းပဲ ရိုင်းစိုင်းကြမ်းတမ်းလာရတာလဲ...ဒီဘုရင်င်ကို စကားပြီးအောင် ပြောခွင့်မပြုန်ိုင်ဘူးလား..."
ပုဖန်က တည်ငြိမ်စွာဖြင့်ပင် ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်သည်။သူ ခုံ၏ နောက်ကျောကို မှီချလိုက်ပြီး အားပါးတရ သန်းဝေလိုက်၏။စားသုံးသူများအားလုံးက စိတ်လှုပ်ရှားတက်ကြွနေကြသည်။မိုးရွာပြီးသည့်နောက် တ်ိုက်ခိုက်သည့် လေများကပင် အေးစက်နေသော်လည်း စားသုံးသူများ၏ နှလုံးသားထဲတွင်မူ မီးတောက်လောင်နေသလိုပင် တက်ကြွနေလေသည်။
မကြာခင်မှာပင် ဟင်းပွဲများအားလုံး ပြောင်သလင်းခါသွားလေပြီ။စားသုံးသူများက ဟင်းပွဲများ၏ အရသာဖြင့် ဆွဲဆောင်မှုကို ခံလိုက်ရသည်။ဝမ်ရန်ချုံ၏ မျက်နာထားက ဖြူဖျော့နေပြီး သူ့၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ရီနေပေသည်။
သူ့၏ နဖူးကြားထဲမှ ချွေးများစိုနစ်နေကာ သူ့၏ မျက်ခုံးနှစ်ခုကြားထဲတွင် ချွေးများသီးနေကာ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့မှုများပြည့်နေသည်။လူများအမူအရာက်ိုကြည့်၍ ရလဒ်ကို သူခန့်မှန်းနိုင်ပေသည်။ဒါက သူမမျှော်လင့်ထားသည်က ရလဒ်မျိုးဖြစ်သည်။သူလက်ခံချင်သလို လက်လည်းမခံနိုင်ပေ။
သူအကျွမ်းကျင်ဆုံး ဟင်းပွဲကို ထုတ်ပြခဲ့သော်လည်း ရလဒ်ကတော့ သူမျှော်လင့်ထားသလို မဟုတ်ပေ။သူက ယုံကြည်မှုအပြည့်ဖြင့် စိန်ခေါ်ခဲ့သည်။သူ့၏ စွမ်းရည်ကိုလည်း ယုံကြည်သောကြောင့် ထိုစိန်ခေါ်မှုကို နည်းနည်းမှ နောင်တရခြင်းမရှိခဲ့ပေ။သို့သော်လည်း ယခု အခြေအနေက သူ့၏ ယုံကြည်မှုများက ရယ်စရာကောင်းလှပေသည်။
ဟင်းပွဲနှစ်ပွဲလုံးကို မြည်းစမ်းပြီးသွားသော လူတိုင်း၏ ဆုံးဖြတ်ချက်အရ အနိုင်ရသူကို ဆုံးဖြတ်ပေးမည်။ကျွင်းကျန်နေသော ဟင်းနည်းနည်းကို စားလိုက်သည့်ခဏမှာပင် ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီး၏ ပုံရိပ် ထွက်ပေါ်လာသည်။
ထိုပုံရိပ်၏ ကြီးမားလှသော ပါးစပ်ကြီးက ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ဖျက်စီးပစ်တော့မည့်ပုံပေါ်လေသည်။ထိုပုံရိပ်က ဟင်းပွဲများကို မြည်းစမ်းပြီးသည့် သူအားလုံး၏ အပေါ်တွင် ဝေ့ဝဲနေသည်။
ငရဲဘုရင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ခေါင်းအသာ ခါယမ်းလိုက်သည်။
"ဒီကစားနည်းက နည်းနည်းတော့...."
အားလုံး၏ စိတ်ထဲတွင် ရွေးချယ်မှု နှစ်ခုရှိနေလေသည်။ပုဖန်နှင့် ဝမ်ရန်ချုံတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်လေးများ စတင်တောက်ပလာသည်။
ဝေါင်း...
ထိုအခိုက် ကြောက်မက်ဖွယ်ကောင်းလှသော သားရဲတစ်ကောင်၏ ဟိန်းဟောက်သံမျိုးကို ကြားလိုက်ရပြီးနောက် အားလုံး မှင်သက်ကြောင်အ ငေးမောသွားကြသည်။ထိုအချိန်မှာပင် သူတို့၏ နားထဲသို့စည်းမျဉ်းဥပဒေများတီးတိုးလာရောက်သံမျိုးကို ကြားလိုက်ရသည်။
ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်က အကြောသေသွားကဲ့သို့ တောင့်တင်းနေသည်။သူ့၏ နဖူးမှလည်းချွေးများသီးနေ၏။သူ ကတုန်ကယင်ဖြင့် အနောက်သို့ ခြေလှမ်းနှစ်လှမ်းခန့်ဆုတ်သွားလေရာမြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်ဖြစ်သွားလေသည်။
ပုဖန်က အသာအယာတစ်ချက်ကြည့်လိုက်ပြီးနောက် ခုံတစ်ခုံကို ပစ်လွှတ်လိုက်ရာ ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်က ထိုင်ခုံပေါ် ပြုတ်ကျသွားလေသည်။
ဝမ်ရန်ချုံက အမူအရာမဲ့စွာဖြင့် ထိုင်ခုံလက်တန်းကို တင်းတင်းစုပ်ကိုင်ထားသည်။သို့သော်လည်း သူ့၏ မျက်နာကတော့ လူသေတစ်ကောင်ကဲ့သို့ ဖြူဖျော့နေပေပြီ။
သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်မှ စတင်ထွက်ပေါ်လာပုံအရ စားသုံးသူများက သူတို့၏ ရွေးချယ်မှုကို စတင် သုံးလိုက်ပုံပေါ်လေသည်။
ဆန်းကြယ်သည့် အသံတစ်သံ စတင်ထွက်ပေါ်လာပြီးနောက် ပုဖန်၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်များက တောက်ပသထက်တောက်ကလာကာ ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်ကိုပင် လွှမ်းမိုးသွားလေသည်။သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှ အလင်းရောင်များကို နှိုင်းယှဉ် ရလျှင် ထွန်းလင်းစွာသာနေသော လမင်းကြီးနှင့် ပိုးစုန်းကြူးကဲ့သို့ ကွားခြားလှပေသည်။
သူ့၏ ယုံကြည်မှုများ ပျောက်ဆုံးသွားပြီး လဲကျသွားလေသည်။ဓားအာဏာရှင်၏ အမွေခံ နယ်မြေထဲတွင် သူရှုံးခဲ့သော်လည်း သူ့၏ ယုံကြည်မှုက ပျက်ပြယ်မသွားခဲ့ပေ။
သူက ငါးဟင်းချက်ရာတွင်သာ အကျွမ်းကျင်ဆုံး ဖြစ်သောကြောင့် ထိုဆုံးရှုံးမှုကို စိတ်ထဲမထားတော့ပေ။သို့သော်လည်း ယခုအချိန်တွင် သူက လက်သီးကို ထိုးခဲ့သည်။မထင်မှတ်ထားစွာပင် စားဖိုမှူးစ်ိန်ခေါ်ပွဲတွင် သူရှုံးခဲ့ရလေပြီ။
အလင်းတန်းများက ထင်ယောင်ထင်မှတ် ပုံရ်ိပ်ယောင်များအလား ပျောက်ကွယ်သွားခ်ျိန်၌ အားလုံး မှင်သက်ငေးမောနေရာမှ ပြန်သတိဝင်လာကြသည်။
"စားဖိုမှူးစိန်ခေါ်ပွဲမှာ ပုဖန်အနိုင်ရပြီး ဝမ်ရန်ချုံ ရှုံးနိမ့်တယ်..."
မနက်ခင်း ခေါင်းလောင်းသဲကဲ့သို့ စူးရှလှသောအသံ အားလုံး၏ နားထဲသို့ ပဲ့တင်ထပ် ဝင်ရောက်လာသည်။သူတို့၏ နှလုံးသားပင် တုန်ရီသွားပြီး ပုဖန်နှင့် ဝမ်ရန်ချုံကို ကြည့်လိုက်မိကြသည်။
ပုဖန်က သူ့၏ ထိုင်ခုံပေါ်၌ အေးဆေးသက်သာစွာပင် ထိုင်နေသည်။ရလဒ်ကို ကြိုတင် မျှော်မှန်းထားပြီ ဖြစ်သကဲ့သို့ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်မရှိပေ။အခြားတစ်ဖက်တွင်မူ ဝမ်ရန်ချုံ၏ မျက်နာက လုံးဝ သွေးရောင်မရှိတော့ပေပြီ။
သူရှုံးသွားပေပြီ သူအမှန်တကယ်ကို ရှုံးသွားပေပြီ။
"စားဖိုမှူးစိန်ခေါ်ပွဲ ပြီးဆုံးသွားပါပြီ ပြစ်ဒဏ်ပေးခြင်း စတင်ပါပြီ...ဝမ်ရန်ချုံရဲ့အချက်အပြုတ်ပညာတွေအားလုံးကို ခဝါချခံရပြီး စားဖိုမှူးတစ်ယောက် ဘယ်တော့မှ ဖြစ်လာတော့မည်မဟုတ်ပါ...ဝမ်ရန်ချုံ၏ ဓားကို ဆုလာဘ်အဖြစ်နဲ့ ပြိုင်ဘက်က ရရှိပါမယ်..."
ဝမ်ရန်ချုံ လုံးဝ အသ်ိမဲ့သွားသည်။ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော ပုံရိပ်ကြီး၏ မမမြင်နိုင်သော မျက်လုံးတစ်စုံက သူ့ကို ကြည့်နေပုံရလေသည်။ထိုအရာက သူ့ကိုသတိလက်လွတ်ဖြစ်သွားအောင်ပင် ဖန်တီးနေလေသည်။
ဒါက စားဖိုမှူးစိန်ခေါ်ပွဲ၏ တန်ဖိုးပင်ဖြစ်သည်။သူ ရှုံးသွားသောကြောင့် သူ မခံနိုင်သည့် နှုန်းထားမျိုးကို ပေးစွမ်းရလေသည်။ပုဖန် မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။ဝမ်ရန်ချုံ၏ ရေခဲသလင်းဓားက သူ့ဆီသို့ ပျံဝဲလာနေသည်။
"ဒီတော့ဒါက စားဖိုမှူးတစ်ယောက်ရဲ့ မီးဖိုချောင်သုံးဓားကို ယူဆောင်လိုက်ခြင်းပေါ့ ဒါဆိုရင် သူ့ရဲ့ စားဖိုမှူး ပညာရပ်တွေကလည်း အကုန်လုံး ခွာချခံရမှာ ဟုတ်တယ်မဟုတ်လား..."
ထိုပြစ်ဒဏ်သည် စားဖိုမှူးတစ်ယောက်အတွက် အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
ဝမ်ရန်ချုံ၏ ဖြူဖျော့နေသော မျက်နာကိုကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူ့တွင် ဝမ်ရန်ချုံအတွက် သနားကြင်နာစိတ် လုံးဝမရှိပေ။အကယ်၍ သူ့တွင် ဒီနေ့ ရှုံးသွားမည့်သူက သူဖြစ်သည်ဆိုပါကလည်း သူ့၏ ပညာရပ်များအားလုံး ထာဝရ ယူဆောင်ခံသွားရမည်ကို သူသိပေသည်။
ဝမ်ရန်ချုံက ဒီပြိုင်ပွဲကို စိန်ခေါ်လိုက်ထဲက ပုဖန်ကို အမြစ်ဖျက် ချေမှုန်းရန် ရည်ရွယ်ခြင်းဖြစ်ပုံရသည်။သို့သော်လည်း ပုဖန်၏ သန်မာမှုကသူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
သူ ပုဖန်က သဘောထားကြီးသူတစ်ယောက်မဟုတ်ပေ။တကယ်တမ်း သဘောထားသေး သည်ဟုပင် ဆိုနိုင်ပေသည်။
ပုဖန် လက်မြှောက်၍ ရေခဲသလင်းဓားကို ဖမ်းဆုပ်လိုက်သည်။ထိုဓားမှ စွဲမက်ဖွယ်ရာအပြာရောင်အလင်းဖျော့ဖျော့လေးများ ထုတ်လွင့်နေသည်။ဓားက ရေခဲပင်လယ်နက်ထဲမှ အေးခဲနေသော ရေခဲတုံးတစ်တုံးနှင့် တူညီသည်။ဓားကို ထိတွေ့လိုက်သည်နှင့် အေးစိမ့်မှု ဖျော့ဖျော့လေးကို ခံစားလိုက်ရသည်။
"တကယ့်ကို ဓားကောင်းတစ်လက်ပဲ..."
သူ မီးဖ်ိုချောင်သုံးဓားသွားကို လက်ချောင်းကလေးများဖြင့် ဂရုတစိုက် ပွတ်သပ်လိုက်သည်။အေးစက်လှသော ခံစားချက်က သူ့၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်လာသောကြောင့် သူ့၏ နှုတ်ခမ်းပါးလေးများပင် ကွေးသွားလေသည်။
ဒီရေခဲသလင်းဓားက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားထက် မကောင်းနိုင်သော်လည်း သူသည်လည်း ဓားကောင်းတစ်လက်ဖြစ်သည်။ဝမ်ရန်ချုံ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နေသည်။သူ ပုဖန်လက်ထဲမှ ဓားကို ကြည့်၍ စကားပြောရန် ကြံစည်လိုက်သော်လည်း နောက်ဆုံးလက်လျှော့လိုက်သည်။
သူ့အပေါ်ကျရောက်နေသော တင်းကျပ်လှသော ဖိအားကို ခံနိုင်ရည်မရှိပေ။ဒါက စိန်ခေါ်ပွဲ၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ပုဖန် ဝမ်ရန်ချုံကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးလိုက်ပြီးနောက် သူ့၏ လက်ကို လှုပ်ရှားလိုက်သည်။
သူ့လက်ထဲမှရေခဲသလင်းဓားက စတင်လည်ပတ်လာပြီး အော်ရာများ ဖြာထွက်လာလေသည်။
"မင်း..."
ဝမ်ရန်ချုံ၏ နှလုံးသားကို ဆုတ်ဖြဲသလိုပင် ခံစားလိုက်ရသည်။
"ဂုဏ်ယူပါတယ် ...အစားကြူးတောင်ကြားမှ ဒုတ်ိယအဆင့် ဝမ်ရန်ချုံကို အနိုင်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ပိုင်ရှင်...ဆုလာဘ်က သူ့ရဲ့ မီးဖိုချောင်သုံးဓားနှင့် ပြိုင်ပွဲမှ အနိုင်ရရှိလာသော ဓားများကို စုဆောင်းရန်အတွက် ဓားဗီရိုတစ်ခုပါ...အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာရန် လျှောက်လှမ်းသည့်လမ်းမှာ တွန့်ဆုတ်မှုမရှိရပါဘူး...ဒီဓားဗီိရိုက အရှုံးသမားရဲ့ ဓားများကို စုဆောင်းရန်အပြင် ပိုင်ရှင်ရဲ့ အချက်အပြုတ်ပညာရပ်များကို တိုးမြင့်ဖို့အတွက် သတိပေးချက် တစ်ခုအနေနဲ့လည်း တည်ရှိပါလိမ့်မယ်...ဆန်းကြယ်သော ကမ္ဘာထဲတွင် အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာအောင် မဆုတ်မနစ် ကြိုးစားပါ..."
စနစ်၏ လေးနက်တည်ကြည်လှသော အသံ ထွက်ပေါ်လာသည်။ထိုအခိုက်အတန့်တွင် ပုဖန်၏ စိတ်ထဲတွင် တုန်ယင်သွားသည်။သူ့၏ အရှေ့တွင် အလင်းစက်ငယ်လေးများ ဖြစ်ပေါ်လာသည်။ထိုအလင်းများက တောက်ပလာပြီးနောက် အစီအရင်တစ်ခု ပုံသဏ္ဍာန်ပေါ်လာကာ စနဒကူးသားဖြင့် ပြုလုပ်ထားသော ဗီရိုတစ်ခု ထွက်ပေါ်လာလေသည်။
ရုတ်တရက် ထွက်ပေါ်လာသော ဗီရိုကြောင့် ကြည့်ရှုနေသူများအားလုံး အံ့အားသင့်ထိတ်လန့်သွားကြသည်။ထိုဗီရိုကို မြင်လိုက်ရသည့်ခဏ၌ ဝမ်ရနချုံ၏ မျက်လုံးများက ရဲရဲနီသွားပြီး သူကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ထိုဗီရို၏ ပုံစံကို ရင်းနီးနေပေသည်။အစားကြူးတောင်ကြားထဲတွင်ရှိကြသော ပါရမီရှင် စားဖိုမှူးများက အရှုံးသမားများ၏ ဓားများကို သိမ်းရန်အတွက် ထိုကဲ့သို့သော ဗီရိုများကို အသုံးပြုရလေသည်။
ဒါကအရှုံးသမားတိုင်းအတွက် ပြင်းထန်လှသောစော်ကားလှမှု တစ်ရပ်ပင်ဖြစ်သည်။
"ငါအဲ့ဒါကို အရမ်းမုန်းတယ်..."
ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်မှ သွေးများပွက်ပွက်ဆူနေလေသည်။ဒေါသတကြီးအော်ဟစ်လိုက်သည်။သို့သော်လည်း ပုဖန်က သူ့ကို အေးဆေးတည်ငြိမ်စွာသာ တစ်ချက်ကြည့်လိုက်သည်။ဗီရိုကို ဖွင့်ကြည့်လိုက်ခ်ျိန်၌ ဗီရိုကလုံးဝ ပြောင်ရှင်းနေပေပြီ။သို့သော်လည်း ထောင့်များထောင့်များ၌ ဓားများထည့်ထားသိုရာ နေရာများပါရှိနေလေသည်။
သူ ရေခဲသလင်းဓားကို ဗီရိုထဲ ထည့်လိုက်သည်။ထို့နောက် တစ်ဦးတည်းအထီးကျန်နေသာ ဓားကိုကြည့်၍ အနည်းငယ်စွံ့အမှုကို ခံစားလိုက်ရသည်။စနစ်ပြောသည့် စကားအတိုင်းဆိုလျှင် အချက်အပြုတ်ပညာကလည်း သိုင်းပညာရပ်များကဲ့သို့ပင် ဖြစ်သည်။
သူတို့နှစ်ခုကြားထဲ၌ ခြားနားချက်များ ရှိသော်လည်း လျှောက်ရသည့် မ်းက အတူတူပင်ဖြစ်သည်။ကြီးကျယ်ခမ်းနားလှသော ပြိုင်ပွဲကြီးထဲ၌ အနိုင်ရရှိသူသာလျှင် နောက်ဆုံး အမြဲတမ်း ရပ်တည်နိုင်မည်ဖြစ်သည်။
ပုဖန်က အချက်အပြုတ်နတ်ဘုရားတစ်ပါး ဖြစ်လာချင်သူဖြစ်သောကြောင့် သူ့၏ နေရာကို ကျဆင်းသွားအောင် လုပ်စရာအကြောင်းမရှိပေ။သူ့၏ အချက်အပြုတ်ပညာရပ်များကို တိုးတက်သထက်တိုးတက်လာအောင် ပို၍ ကြိုးကြိုးစားစားလေ့ကျင့်ရပေမည်။
ထိုသ်ို့မလုပ်လျှင် သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက တစ်ခြားစားဖိုမှူးတစ်ယောက်၏ တိတ်တဆိတ်လဲလျောင်းနေရပေလိမ့်မည်။
"ဒီဆုက ငါ့ကိုအဆက်မပြတ် သတ်ိပေးချက်တစ်ခုပဲ ..."
ပုဖန်တီးတိုးရေရွတ်လိုက်သည်။ဝမ်ရန်ချုံက တုန်ရီနေပြီး သူ့၏ ခုံပေါ် အရိုးကြိုးပျက် လဲကျသွားလေသည်။သူ့၏ ဘဝက အဆုံးသတ်သွားပေပြီ။ထိုအရာများက သူကိုယ်တိုင် လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း သူသိပေသည်။
"ဘာလို့လဲ ဘာလို့ ငါရှုံးရတာလဲ...ငါက အစားကြူးတောင်ကြားကလေ...ငါက အစားကြူးတောင်ကြားက ဒုတိယတန်းစားစားဖ်ိုမှူးတစ်ယောက်လေ ငါဘယ်လိုလုပ် ရှုံးရတာလဲ..."
ဝမ်ရန်ချုံက ဗလာဖြစ်နေသောမျက်ဝန်းများဖြင့် တတွတ်တွတ်ရေရွတ်နေလေသည်။ပုဖန် ဗီရိုကိုပြန်ပိတ်လိုက်ပြီးနောက် ဝမ်ရန်ချုံဘက်သို့ လှည့်ကြည့်လိုက်သည်။
"ရှုံးတယ်ဆိုတာက ပုံမှန်ပဲ မဟုတ်ဘူးလား...မင်းက မင်းအကျွမ်းကျင်ဆုံး ငါးဟင်းက်ို ချက်ပြုတ်ခဲ့တယ်...ဒါပေမယ့် ငါကတော့ မဟုတ်ဘူး...မင်းရဲ့ ကျွမ်းကျင်မှု အပြည့်အဝကို မင်းထုတ်သုံးခဲ့တယ်...ဒါပေမယ့် ငါ့ကို အနိုင်မရခဲ့ဘူး...ဘာတွေများ ဝမ်းနည်းစရာရှိလို့လဲ ..."
ပုဖန်က ခံစားချက်မဲ့စွာဖြင့်ပင် ပြောလိုက်သည်။
"ပုဖန်ရဲ့ အကျွမ်းကျင်ဆုံး ဟင်းပွဲက ငါးမဟုတ်ဘူး..."
ဝမ်ရန်ချုံ မျက်လုံးကလည်ကလည် ဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
"ဒါဆ်ိုရင် မင်းအကျွမ်းကျင်ဆုံးက ဘာလဲ ..."
သူ ဝမ်ရန်ချုံ၏ အမူအရာက်ိုကြည့်၍ သက်ပြင်းအသာချလိုက်သည်။ထို့နောက် မီးဖ်ိုချောင်သို့ မျက်နာမူ၍ လက်နှစ်ဖက်ကိုနောက်ပစ်ကာရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ ဆန်းကြယ်လှသော အော်ရာများကို ထုတ်လွင့်လာလေသည်။
အားလုံးကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် နားရွက်များထောင်၍ ပုဖန်၏ စကားကို စောင့်မျှော်နေပေသည်။အချိန်များရပ်တန့်ခံလိုက်ရသလို တိတ်ဆိတ်သွားသည်။ထို့နောက် စိတ်ဓာတ်ကျနေသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ငါးကလွဲပြီး တခြားဘာပဲဖြစ်ဖြစ်..."