အပိုင်း ၆၀၄
Viewers 62k

အခန်း ၆၀၄

ချွတ်ပြီးလွှတ်ပစ်လိုက်...


မိုးမစဲသေးပေ။

 မိုးစက်များ ကောင်းကင်ထက်မှ အဆက်အပြတ်ကျဆင်းကြနေပုံမှာ စာရွက်အရှည်များ ပြုတ်ကျနေသလိုပင်ထင်ရသည်။


ဝမ်ရန်ချုံက ထိတ်လန့်အံအားသင့်သော အမူရာဖြင့်တောင့်တောင့် ကြီးရပ်နေသည်။သူ့ပါးစပ်မှလဲနားမလည်နိုင်သော စကားလုံးများကို ရေရွတ်နေ၏။


အရှေ့၌ပေါ်လာသော ပို့ဆောင်ရေးအစီရင်က အလင်းတန်းများတောက်ပလာသည်။ထို့နောက် အလင်းတန်းများက ပတ်ဝန်းကျင်ကို ပြန့်ကားသွားပြီး အစီရင်ထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။


ရှပ်...ရှပ်...ရှပ်...


ခြေသံများကို ကြားလိုက်ရသည့်ခဏ ဝမ်ရန်ချုံပင် အံသြသင့်နေသည်မဟုတ်ပဲ တန်းစီနေသောလူ များပင်လျှင်အံအားသင့်နေကြသည်။ဤနေရာတွင်ပို့ဆောင်ရေးအစီရင်တစ်ခုပေါ်လာလိမ့်မည်ဟု မည်သူမျှမထင်ထားပေ။


အစီရင်ထဲမှ ထွက်လာသူကမယုံနိုင်စရာကောင်းသည့်လူတစ်ယောက်ဖြစ်ရမည်။ ယနေ့ခေါတ်လူများက ကြီးကျယ်ခမ်းနားလွန်းလှသည်။သူတို့က ပိုင်ရှင်ပု၏ဆိုင်တွင် စားသောက်ဖို့လေးအရေးကို ပို့ဆောင်ရေးအစီရင်သုံးပြီးလာခဲ့သည်။


စားသောက်သူများအားလုံးက သဘာဝကျစွာပင် ရိုးရိုးရှင်းရှင်းတွေးလိုက်သည်။


နေရာမှာပင်တောင့်ခဲနေသော ဝမ်ရန်ချုံမှလွဲ၍ ပို့ဆောင်ရေးအစီရင်ထဲမှ ထွက်လာသည့်သူကို မည်သူမျှမသိကြပေ။


ထိုလူငယ်က စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသည်။သူ၏ဆံပင်များကလည်းအပြာရောင်တောက်ပနေ၏။သူ၏ အသားအရည်ကလည်း ကျောက်စိမ်းသားကဲ့သို့ပင် ချောမွတ်နေ၏။ ခန္ဓာကိုယ် ပိန်သွယ်ပြီး တောက်ပလှသော မျက်လုံးအစုံက လူအုပ်ကိုဝေ့ဝဲကြည့်နေသည်။


လူအုပ်ကြီးလည်း သိချင်စိတ်ပြင်းပြသွားကြသည်။ဤလူက ဘာကြောင့်စားဖိုမှူး ဝတ်စုံကိုဝတ်ဆင်ထားတာလဲ..


"ဂျူနီယာ ညီလေးဝမ် ကြည့်ရတာတော့ မင်းကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ဘူးပဲ.

ထိုသူကအထင်သေးဟန်ဖြင့် မဲ့ပြုံးတစ်ချက်ပြုံး၍ပြောလိုက်သည်။


သူ၏နောက်မှာ ပို့ဆောင်ရေး အစီရင်ကပျောက်ကွယ်သွားလေပြီ။


"မင်း...ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ...

ဘယ်လိုလုပ်ပြီး မင်းကဒီကိုရောက်လာရတာလဲ..."


ဝမ်ရန်ချုံ၏ မျက်နှာကကြောက်မက်ဖွယ်ကောင်းလှသော အရာတစ်ခုမြင်ရသကဲ့သို့ ရှုံ့မဲ့နေသည်။သူ၏ ခန္ဓာကိုယ် ကလည်းကြမ်းကြမ်းတမ်းတမ်းတုန်ရင်နေသည်။


ထိုလူ၏ မောက်မာဝံကြွားလှသော အကြည့်များက ဝမ်ရန်ချုံ ပေါ်စူးစိုက်ကြရောက်လာသည်။


"မင်းက ငါဒီကိုဘာတွက်လာတာလဲလို့မေးရဲသေးတယ်ပေါ့...မင်းဘာတွေလုပ်ခဲ့လဲဆိုတာ မင်းအသိဆုံးဖြစ်မှာပါ...မင်းလို လက်သင် စားဖိုမှူးတစ်ယောက်က အစားကြူး တောင်ကြားရဲ့ခွင့်ပြုချက်မရပဲစားဖိုမှူးပြိုင်ပွဲကို ပြုလုပ်ခဲ့တယ်...ပြီးတော့ မင်းက အဲပွဲမှာ ရှုံးခဲ့သေးတယ်...မင်းရဲ့ ရေခဲသလင်းဓားနဲ့ အချက်ပြုတ်ပညာအားလုံးကိုလည်း ဆုံးရှုံးလိုက်ရပြီ...မင်းက အစားကျူးတောင်ကြားရဲ့ ပါရမီရှင် စားဖိုမှူးတစ်ယောက် ဖြစ်ဖို့အဆင့်မမှီတော့ဘူး..."


ပတ်ဝန်းကျင်တွင်ရှိနေသော စားသုံးသူများက ဝမ်ရန်ချုံနှင့်ထိုလူတို့၏ အခြေနေကို မျက်လုံးကျယ်ကျယ်ဖွင့်၍ စူးစမ်းနေကြသည်။


အခုအခြေနေကဘာလဲ...


ဝမ်ရန်ချူံနဲ့ အဲသည့်လူငယ်ကတစ်ယောက်နဲ့တစ်ယောက်သိကြတာလား...


အဲလူကလည်းစားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားတယ်ဆိုတော့ သူကရော စားဖိုမှူးပဲလား...


သူရဲ့မောက်မာဝင့်ကြွားနေတဲ့ မျက်နှာကိုကြည့်ရတာတော့ သူရဲ့အရည်ချင်းက ဝမ်ရန်ချုံထက်သာတယ်ထင်တယ်...


"ငါ...ငါက ဒီမှာခြေချော်လက်ချော် ဖြစ်သွားရုံပဲ..."


ဝမ်ရန်ချုံ၏ မျက်နှာက သွေးရောင်ပျောက်ဆုံးနေပြီးသူ၏ မျက်ဝန်းထဲတွင်လည်း မျှော်လင့်ချက်များ ကုန်ဆုံးနေသည်။

ထိုလူငယ်က သူကိုခေါ်ဆောင်ရန် ပို့ဆောင်လိုက်သည့် လူဖြစ်မှန်းလူသိသည်။ ယခုချိန်တွင် ထိုလူငယ်ဘာပြောပြော သူငြင်းဆန်းတော်လှန်နိုင်ခြင်းမရှိပေ။

အစားကျူး တောင်ကြား၏စည်းကမ်းများအရ သူပြန်ရောက်ရှိသွားသည့်အချိန်တွင်လည်း အပြစ်ပေးခံရပေလိမ့်မည်။


"စီနီယာအစ်ကို ငါကိုညှာတာပေးပါ...

ကျေးဇူးပြုပြီး ငါကိုညှာတာပေးပါ...

ငါအစားကြူးတောင်ကြားကို ပြန်မသွားချင်ဘူး..."


 ဝမ်ရန်ချုံ၏ မျက်လုံးထဲတွင်အားနည်းဖျော့တော့သော အရိပ်ရောင်များပေါ်လာခဲ့သည်။ သူအစားကြူးတောင်ကြားထဲသို့ ပြန်ရောက်သွားသည့်အခါတွင် မည်မျှသနားစရာကောင်းလိုက်မည်ဖြစ်ကြောင်း တွေးကြည့်ရုံဖြင့် တောင့်ခံနိုင်စွမ်းမရှိတော့ပေ။


ဝမ်ရန်ချုံ၏ စကားကြောင့် ထိုလူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


"မင်းက ပိုပိုပြီး စိတ်ပျက်စရာကောင်းလာတယ်..."


ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူလက်ဖဝါးကိုဖြန့်လိုက်၏။ လက်ဖဝါးပေါ်တွင် အစိမ်းရောင်မီးလုံးတစ်လုံးတောက်လောင်နေသည်။ 


"အစားကြူးတောင်ကြားက စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းအသက်ရှင်နေတဲ့ အချိန်မှာ အစားကြူးတောင်ကြားရဲ့ အဖွဲ့ဝင်ဖြစ်ပြီး မင်းသေသွားတဲ့ အချိန်မှာ အစာကြူးတာင်ကြားရဲ့ တစ္ဆေဖြစ်လာရမယ်...ဒီနရာကနေ ဘယ်တော့မှ လွတ်မြောက်ခွင့်မရှိဘူး..."


 ထိုလူငယ်ကအေးစက်စွာပင်ပြောလိုက်သည်။


ထိုသူ၏ စကားက ပတ်ဝန်းကျင်ရှိလူများကိုပင် ကျောထဲစိမ့်အေးသွားစေသည်။


အစိမ်းရောင်မီးတောက်ထဲမှ ဖြူဖွေးသန့်စင်သော ပေါင်မုန့်တစ်ခုပေါ်လာလေသည်။ ထိုလူ လက်ဖြောက်တစ်ချက်တီးလိုက်သည်နှင့် ပေါင်မုန့်အဖြူက ဝမ်ရန်ချုံ ဆီသို့ပျံသန်းသွားလေသည်။ 


ထိုပေါင်မုန့်ကို မြင်လိုက်ရသည့်ခဏ ဝမ်ရန်ချုံ၏ မျက်နှာတွင် ကြောက်ရွံ့ မှုနှင့်အကူညီမဲ့မှုများ ရေးထွင်းထားသလိုအထင်းသားပေါ်လာလေသည်။


"ငါမလိုချင်ဘူး...ကျိုးထုံ မင်းဘယ်လိုလုပ်ပြီး ငါကိုဒီကိုလုပ်ရဲတာလဲ..."


ဝမ်ရန်ချုံ ကကြောက်လန့်တကြားဖြင့်အော်လိုက်ပြီးနောက် အဝေးသို့ထွက်ပြေးရန်ပြင်လိုက်သည်။ သူဤနေရာမှ တကယ်ကိုလွတ်မြောက်ချင်ပေသည်။ ထိုပေါင်မုန့်ကို စားလိုက်ပြီးသည့်နှင့် အရာရာအားလုံးပြီးဆုံးသွားပေလိမ့်မည်။


သို့သော်လည်း ကျိုးထုံဟုခေါ်သည့်လူငယ်က လှောင်ပြုံးပြုံးလိုက်သည်။


"ဒါကြောင့်မို့ငါတို့ရဲ့ ဆရာသခင်က မင်းကိုအရမ်းစိတ်ပျက်နေတာ... ဝမ်ရန်ချုံအာ... ဝမ်ရန်ချုံ ...မင်းက ငါတို့အစားကြူးတောင်ကြားရဲ့ ကြီးမားတဲ့ အရှက်ကွဲမှုကြီးပဲ ..."


ထိုစကားများပြောပြီးသည်နှင့် ကျိုးထုံက သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ဝမ်ရန်ချုံ၏ ရှေ့၌ပြန်ပေါ်လာလေသည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်ကျောက်စိမ်းပြားတစ်ခုပေါ်လာသည်။ထိုကျောက်စိမ်းပြားကို ချိုးချေလိုက်သည်နှင့်အလင်းတန်းများထွက်ပေါ်လာပြီး ဝမ်ရန်ချုံ ကိုတင်းတင်းကျပ်ကျပ် တုပ်နှောင်လိုက်လေသည်။


"ဒီပေါင်မုန့်တစ်ခုလုံးကိုစားလိုက်... ပြီးရင်ငါနောက်ကိုပြန်လိုက်ခဲ့...ဒီနေ့ကစပြီး နာနာခံခံနဲ့ အစေခံလုပ်...ဒီနေ့ကစပြီးမင်းက အစာကြူးတောင်ကြားရဲ့ ဒုတိယတန်းဆင့်စာဖိုမှူးမဟုတ်တော့ဘူး..."


ဝမ်ရန်ချုံ၏ မေးစေ့ကိုဆွဲကိုင်လိုက်ပြီး စွမ်းအင်လှိုင်းတစ်လှိုင်းပစ်လွှတ်လိုက်သည်။

ဝမ်ရန်ချုံ၏ ခန္ဓာကိုယ် ကတောင့်တင်းသွားပြီးနောက် သူ၏ထိန်းချုပ်မှုမပါပဲပါးစပ်ကအလိုလိုပွင့်အသွားလေသည်။ ပေါင်မုန့်တစ်ခုလုံး ဝမ်ရန်ချုံ၏ ပါးစပ်ထဲသို့အတင်းထည့်သွင်းခြင်းခံလိုက်ရသည်။


ဝမ်ရန်ချုံ၏ ခေါင်းအထက်တွင် စိတ်ဝိဉာဉ် သားရဲနှစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။ ထိုပေါင်မုန့်တစ်ခုလုံး သူဗိုက်ထဲသို့ရောက်သွားသည်နှင့် ထိုသားရဲနှစ်ကောင်၏ ပုံရိပ်က မြူခိုးများကဲ့သို့ပျောက်ကွယ်သွားလေသည်။


ကျိုးထုံက ဝမ်ရန်ချုံကို ရစ်ပတ်ထားသောကျိုးများကို အသာခပ်ပွပွပုတ်လိုက်သည်။ ထို့နောက်စောင့်ကြည့်မှုအောက်တွင် ရှိနေသော လှောင်အိမ်ထဲသို့ ဝမ်ရန်ချုံ ကိုထည့်လိုက်သည်။ပြီးသည်နှင့် စိတ်သက်သာရစွာသက်ပြင်းချလိုက်သည်။


သူ အံအားသင့်စွာကြည့်နေသော စားသုံးသူများဘက်သို့လှည့်၍ နွေးထွေးစွာပြုံးပြလိုက်၏။


"ဒီနေရာက တကယ်တော့စားသောက်ဆိုင်တစ်ခုပါလား...ဒီ စားသောက်ဆိုင်ရဲ့ စားဖိုမှုးက ငါရဲ့ဂျူနီယာညီလေးကို စားဖိုမှူး ပြိုင်ပွဲမှာ အနိုင်ရသွားတာပဲဖြစ်ရမယ်..."


ကျိုးထုံကအသာယာပြော၍ ပြုံးလိုက်သည်။သူ၏အသံကလည်းနွေဦးတွင်တိုက်ခိုက်လာသော လေပြေကဲ့သို့ငြင်သာလှသည်။


သို့သော်လည်း မည်သူမျှ သူ့ကို ငြင်သာသည့်သူဟု မသတ်မှတ်ကြပေ ။ထိုသူကသူတို့၏ မျက်စိရှေ့မှောက်မှာပင် ဝမ်ရန်ချုံ ကိုအဆိပ်ပေါင်မုန့်ကျွေးလိုက်သည်ကို ကြုံခဲ့ရပြီးဖြစ်သည်။ဒီလူက တကယ်ကိုအညှာတာမဲ့လွန်းသည့်လူဖြစ်သည်။ 


"စားသောက်ဆိုင်က တကယ်ကို သေးငယ်တာပဲ..."


ကျိုးထုံကစားသောက်ဆိုင်၏အပြင်ဘက်တွင် ရပ်၍ တစ်ဆိုင်လုံးကို ခြုံငုံ၍ အကဲခတ်လိုက်သည်။


ဝမ်ရန်ချုံ၏ ခန္ဓာကိုယ် ပေါ်တွင်အစိမ်းရောင်မီးဖျော့ဖျော့တောက်လှောင်နေသောကြောင့် ကျဆင်းနေသောမိုးစက်များက သူ၏ ခန္ဓာကိုယ် ပေါ်ရောက်သည့်နှင့် အငွေပျံသွားသည်။ပတ်ဝန်းကျင်မှ လူများကထိုမြင်ကွင်းကို တိတ်တဆိတ်သာ ကြည့်နေကြသည်။


ကျိုးထုံ ထိုသူများကို ဖြတ်ကျော်လာပြီးမြူခိုးစားသောက်ဆိုင်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။


"မင်းက ပိုင်ရှင်ပုရဲ့ လက်ရာတွေစားချင်တာဆိုရင် ဒီမှာတန်းစီဖို့လိုအပ်တယ်..."


 ကျိုးထုံ လူတန်း၏ ရှေ့ကိုလျှောက်သွားသည်ကို မြင်လိုက်သည်နှင့်တန်းစီနေသော လူတစ်ယောက်ပြောလိုက်သည်။


ကျိုးထုံအံအားသင့်သွားသည်။

သူစားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်ပြီးနောက် သူကိုမကျေမနပ်ပုံဖြင့် လှမ်းပြောလိုက်သောသူကိုလှည့်ကြည့်လိုက်သည်။


သူထုတ်လွှင့်နေသောအော်ရာများက အားလုံး၏ နှလုံးသားကိုကြောက်လန့်သွားစေသည်။


"ဟုတ်တယ်... ငါတန်းစီရလောက်အောင် ထိုက်တန်တဲ့ စားသောက်ဆိုင်တွေရှိတယ်...ဒါပေမဲ့ ဒီဟာကတော့ သူတို့ထဲကတစ်ခုမဟုတ်ဘူး..."


ကျိုးထုံက အမူအရာမဲ့စွာဖြင့်ပြန်ပြောလိုက်သည်။ထို့နောက်သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက အလွန်တရာမောက်မာစွာကွေးညွတ်သွားသည်။


"စားဖိုမှူးစိန်ခေါ်ပွဲမှာ ဝမ်ရန်ချုံ ကိုအနိုင်ရခဲ့တဲ့ စားဖိုမှုးတစ်ယောက်အနေနဲ့ သူမှာကျွမ်းကျင်မှုတွေရှိနေပြီးတော့တော်တော်လေးမဆိုးဘူး... သူမှာကောင်းမွန်တဲ့အနာဂတ်ရှိနေတယ်...ဒါကြောင့်ငါကအခွင့်ရေးပေးတဲ့အနေနဲ့ တစ်ချို့အကြောင်းအရာတွေကို ညွှန်ပြပေးမလို့..."


ဘယ်လောက်တောင်မောက်မာလိုက်တဲ့သူလဲ...ပိုင်ရှင်ပုရဲ့ အချက်ပြုတ်စွမ်းကည်ကို လှောင်ချင်နေတာလား...


ပိုင်ရှင်ပုရဲ့ အချက်ပြုတ်စွမ်းရည်တွေကိုသူက ညွှန်ကြားသင့်တယ်လို့ထင်ရအောင် သူကိုယ့်သူဘယ်သူများမှတ်နေတာလဲ...


တန်းစီနေကြသောသူများအလွန်ဒေါသထွက်သွားသော်လည်း သူတို့၏ဒေါသများကို ဖိနှိပ်ထားရလေသည်။


အဘယ်ကြောင့်ဆိုသော် ကျိုးထုံဆီမှ ထွက်ပေါ်နေသော အော်ရာများက သူတို့၏ မကျေမနပ်အသံများကိုပင်မထွက်ပေါ်နိုင်အောင်ဖိနှိပ်ထားသောကြောင့်ပင်။


ကျိုးထုံက တိတ်ဆိတ်နေသော လူအုပ်ကြီးကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ ထိုသူများက သူကိုဆန့်ကျင်ရဲကြမည် မဟုတ်မှန်းသူသိပေသည်။


လျို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ လူများမှလွဲ၍တစ်ခြားလူများက တစ်ကယ်ကိုငနုံငအများဖြစ်ကြသည်။ လျို့ဝှက်နဂါးတော်ဝင်ခုံရုံးက တကယ်ကိုထူးခြားသည့်တည်ရှိမှုဖြစ်သည်။ထိုအဖွဲ့စည်းထဲတွင် အစားကျူးတောင်ကြားမှ ပါရမီရှင်အချို့လဲပါဝင်ပေသည်။ထိုသူများကသာ ပင်မကုန်းမြေကြီး၏ တကယ့်သူရဲကောင်းများဖြစ်ကြသည်။


ပုန်းကွယ်နဂါးတိုက်ကြီး၏ အသဲနှလုံးဟုသိထားကြသော လျို့ဝှက်နဂါးတော်ဝန်ခုံရုံး၏ လွှမ်းမိုးမှုကကြီးမားလှပေသည်။

အစားကြူးတောင်ကြား၏ နံပါတ်တစ် စားဖိုမှူးတစ်ယောက်ဖြစ်သော ကျိုးထုံက သန့်စင်သော လေထုကိုသာထိတွေ့၍ စွမ်းအားအပြည့်ဖြစ် ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ထိုကဲ့သို့အရှိန်အဝါမျိုး ထုတ်လွှင့်နိုင်သည်မှာ သဘာဝကျလှသည်။

ထူးမြတ်ကောင်းမွန်လှသော နောက်ခံကို ပိုင်ဆိုင်ထားသောကြောင့်လဲ သူမောက်မာနေခြင်းဖြစ်၏။ဤလူများကို မထိမဲ့မြင်ဆက်ဆံလေသည်။


အဘယ်ကြောင့်ဆိုသော် ဒီငနုံငအများဘယ်တော့မှ မယှဉ်နိုင်သော တကယ်သူရဲကောင်းအစစ်ကို သူမြင်ဘူးသောကြောင့်

ဖြစ်သည်။


ကျိုးထုံက ထိုသူများကိုကြည့်၍ ခပ်ဟဟရယ်မောလိုက်ပြီးနောက် လက်နှစ်ဖက်နောက်ပစ်ပြီးဆိုင်ထဲသို့ဝင်လိုက်သည်။


တန်းစီနေသော လူများက မည်သည့်စကားမျှမဆိုဘဲ တိတ်ဆိတ်နေသောကြောင့် မြေပြင်ပေါ်သို့မိုးစက်တစ်ဖျောက်ဖျောက်ကျသံများသာ ကြားနေလေရသည်။


 ကျိုးထုံဆိုင်ထဲသို့ဝင်လိုက်သည်နှင့်မျက်ခုံးပင့်လိုက်မိသည်။ 


ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။


စားသောက်ဆိုင်ရဲ့လေထုက မျှော်လင့်ထားတာထက် စိတ်ဝိဉာဉ်စွမ်းအင်တွေ သိပ်သိပ်သည်းသည်းခံစားမိသည်။အပြင်ဆင်ကလဲ အဆင်မြင့်ပြီးနွေးထွေးပြီးသက်တောင့်သက်သာရှိသည်။


ကျိုးထုံက ဆိုင်ထဲသို့ ဝှေ့ဝဲအကဲခတ်ကြည့်ရင်းမှတ်ချက်ပြုနေမိသည်။


"ဒါပေမဲ့ နှမြောစရာကောင်းတာက တော်တော်လေးကျဉ်းတယ်...နာမည်မရှိတဲ့ စားသောက်ဆိုင်တွေတွက်ကတော့ ဒီလောက်ကပုံမှန်ပါပဲ..ဒာပေမဲ့လည်းဒီဆိုင်ထဲက လေထုက အစားကြူးတောင်ကြားနဲ့တူညီတဲ့ခံစားမှုမျိုးကိုပေးစွမ်းနိုင်တယ်..."


ကျိုးထုံ၏ စူးရှလှသော မျက်ဝန်းများက ဆိုင်တစ်ဆိုင်လုံးကိုအကဲခတ်ကြည့်ပြီးနောက်မလှမ်းမကမ်းတွေရှိနေသော သိမြင်မှုသစ်သီးအပင်ပေါ်သို့ကျရောက်သွားသည်။


အသိမြင်မှု သစ်သီးပင်

ဟမ်း...ဒါကတော်တော်လေးရှားပါးတဲ့သစ်ပင်ပဲ ခွေးနက်ကြီးတစ်ကောင် လဲလျောင်းနေတယ်...

ဟမ်...အဲ့ခွေးကတော်တော်ကြီးဝတာပဲ

တကယ်ကို ဝတုတ်နေပြီ...


ကျိုးထုံ ဘလက်ကီကိုကြည့်၍ အနည်းငယ် အံသြသင့်သွားမိသည်။

လေထဲတွင် အမွှေးရနံများ ဝေ့ဝဲပါလာသောကြောင့် ကျိုးထုံ၏မျက်ဝန်းများကျဉ်းမြောင်းသွားပြီး နှာခေါင်းရှုံ့၍ အနံခံလိုက်သည်။ ထို့နောက် သူဘာသာသူခေါင်းညိတ်လိုက်သည်။


ထင်ထားသည့်အတိုင်း ဒီစာဖိုမှူးက ဝမ်ရန်ချုံ ကိုအနိုင်ရခဲ့သည့်စားဖိုမှူးပဲ ထွက်ပေါ်လာသော မွှေးရနံများအရ ဟင်းပွဲကလည်းတော်တော်လေးကောင်းမည့်ပုံပေါ်သည်။


ပလပ်... ပလပ်..


အစားစားရမှာ မြည်သည့်အသံကို ကြားလိုက်ရသောကြောင့်ကျိုးထုံ ကြောင်အသွားသည်။

သူအသံထွက်ပေါ်လာရာကို လှည့်ကြည့်လိုက်သောအခါ၌ အလွန်ပင်ကြည့်ကောင်းလှသော လူတစ်ယောက်က နီရဲနေသော အစားစာတစ်ခုကိုဆုပ်ကိုင်၍ လျက်နေသည်ကိုတွေ့လိုက်ရသည်။မွှေးပျံလှသည့် အစပ်ရနံများက လည်းထိုအနီချောင်းဆီမှ ထွက်ပေါ်နေသည်။


စားစရာလား...


ဒီတစ်ကြိမ်တွင်သူပို၍ အံအားသင့်သွားမိသည်။ ထိုအနီရောင်ချောင်းကို ကျေနပ်နှိမ့်သိမ့်မှုအပြည့်ဖြင့်ကြည့်နေသောလူ၏ မျက်နှာကိုစူးစိုက်ကြည့်လိုက်မိသည်။


တစ်ခုခုကိုခံစားမိပုံဖြင့် ငရဲဘုရင်လှည့်ကြည့်လိုက်ရာတွင် စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။


ငရဲဘုရင်က အစပ်ချောင်းကို သေချာစွာဆုပ်ကိုင်ထားပြီးနောက် ကျိုးထံကိုစူးစူးရဲရဲကြည့်လိုက်သည်။


"လူငယ်လေး မင်းဘာကြည့်တာလဲ...

အရင်တုန်းက အစပ်ချောင်းစားနေတဲ့ ချောမောခန့်ညားတဲ့ သူမျိုးကိုမမြင်ဘူးဘူးလား ...ဆိုးရွားလိုက်တာ..."


ကျိုးထုံကြောင်အသွားပြီးနောက် သူနှုတ်ခမ်းထောင့်စွန်းများ မဲ့ကျသွားသည်။


ဆိုးရွားတယ်ဟုတ်လား...

မင်း ဖင်ကြီးကိုဆိုးရွားနေလိုက်...

လူမြင်ကွင်းမှာ ဒီလိုစားနေတဲ့ မင်းရဲ့ အကျင့်ကသာဆိုးရွားတာ...ဒါ ဘယ်လိုစားသုံးသူမျိုးလဲ...


" ဟလေး...ဒီလူက မင်းကို အထင်မြင်သေး စက်ဆုပ်နေတာ ငါလဲမင်းကို အစထဲက ပြောမလို့ပဲ...မင်းအစပ်ချောင်းစားတဲ့ပုံစံက တကယ်လူမြင်မကောင်းဘူး..."


ငရဲဘုရင် မျက်မှောင်ကျူံ့၍ နန်ကုန်းဝူချယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ 


ထို့နောက် သူတို့နှစ်ယောက်သား စကားများလေကြသည်။ 


ကျိုးထုံကထိုသူနှစ်ယောက်ကိုလျစ်လျူရှူလိုက်သည်။သူ၏အကြည့်များက စားသောက်ဆိုင်၏ နရံပေါ်တွင် ကပ်ထားသော မီနူးပေါ်သို့ကျရောက်သွား၏။


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲကို သလင်းကျောက်တစ်သောင်း.... ဒီစျေးနှုန်းကလုံးဝကို မသက်သာဘူးလေ ဒါပေမဲ့လည်း ဝမ်ရန်ချုံကိုတောင် အနိုင်ယူထားသော စားဖိုမှူးတစ်ယောက်အနေနဲ့တော့ ဒီစျေးက ထိုက်တန်ပါတယ် ...


အစပ်ချောင်း၊နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်၊

ကမာနှလုံးသားပန်ကိတ်...ငာအရင်ကမမြင်ဘူးတဲ့ ဟင်းပွဲတွေအများကြီးပဲ စိတ်ဝင်စားစရာကောင်းတာပဲ...


မီနူးပေါ်မှ ဟင်းပွဲများကိုကြည့်၍ ကျိုးထုံ၏ မျက်နှာပေါ်တွင် အဓိပ္ပါယ်ပြည့်ဝသည့် အပြုံးတစ်ခုပေါ်လာသည်။


ထိုအချိန်တွင်...သူနားသို့ အေးစက်လှသည့် အော်ရာတစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ သူလှည့်ကြည့်လိုက်ရာ မယုံနိုင်လောက်အောင် လှပသော်လည်းအေးစက်လှသော အလှတရားတစ်ခု သူမြင်ကွင်းထဲသို့ဝင်လာသည်။


အလွတရားတစ္ခု...

 သူမ၏ လှပမှုက သန့်စင်သော နယ်မြေတွင် အလှတရားပေါင်းစုံကို မြင်ခဲ့ဖူးသော ကျိုးထုံကိုပင် အံအားသင့်သွားစေသည်။


အရမ်းလှလိုက်တာ... အရမ်းကိုပဲ ပြီးပြည့်စုံနေရော....


"ဆိုင်ရဲ့စည်းမျဉ်းအရ... အစားစာမှာမယ်ဆိုလျှင် တန်းစီရပါမယ်...ကြားဖြတ်တန်းစီမယ်ဆိုရင်တော့ ပြသာနာကောင်အဖြင့် တံဆိပ်တပ်ခံရမယ်..."


နယ်သာရီ ထိုသူကိုမျက်နှာသေဖြင့်ကြည့်၍ အေးစက်စွာပြောလိုက်သည်။


ကျိုးထုံမျက်ခုံးပင့်လိုက်သည်။

ထိုမိန်းမပျို၏ အလှတရားကို ခြုံငုံကြည့်ရင်းနှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ 


"အလှလေး... ငါက တန်းမစီဘူးဆိုရင်ရော..."


"လခွမ်း..."


"သောက်ကျိုးနည်း..."


တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုနေကြသော နန်ကုန်းဝူချယ်နှင့်ငရဲဘုရင်တို့နှစ်ယောက်လုံးတိတ်ဆိတ်သွားသည်။


ဒီသောက်ရူးက ဘယ်ကရောက်လာတာလဲ...သူက နယ်သာရီကိုတောင် ဖျားယောင်းရဲတယ်ဟုတ်လား...သူကိုအဲသတ္တိတွေဘယ်သူပေးလိုက်တာလဲ...


နယ်သာရီ၏ မျက်နှာက အမူအရာအနည်းငယ်မျှပင်ပြောင်းလဲသွားခြင်းမရှိပဲ အေးစက်စွာကြည့်နေသည်။


သူမက တိုးညှင်းသော်လည်းခိုင်မာသည့်လေသံဖြင့်ပြောလိုက်သည်။


"ပြသာနာကောင်...သူ့ ကိုအဝတ်စားတွေ ချွတ်ပြီးအပြင်ကိုလွှတ်ပစ်လိုက်..."


ဝှိုက်တီ၏ လပြည့်ဝင်းပမာ ဝိုင်းစက်လှသော မျက်နှာက မီးဖိုချောင်အခန်းဝဆီတွင် ပေါ်လာလေသည်။သူ၏ မျက်ဝန်းမှ ခရမ်းရောင်အလင်းများက ပတ်ဝန်းကျင်ကို ပျံနှံ့သွားသည်။