အပိုင်း ၆၀၅
Viewers 53k

အခန်း ၆၀၅

တင်ပါးဖြူဖြူ


နယ်သာရီ၏ စကားကြောင့် ငရဲဘုရင် အစပ်ချောင်းပင်နင်မတက် ဖြစ်သွားသည်။ထိုငရဲကမ္ဘာအမျိုးသမီးက လမ်းလွဲသွားပြီဟု ခံစားမိလိုက်သည်။အရင်က သူမသည် အလွန် မာနကြီး အလွန်အေးစက်ပြီး အလွန်စွမ်းအားကြီးလှသည်။


ပုဖန်နှင့် အချိန်အတော်ကြာ ပူးပေါင်းပြီးသည့်နောက်တွင်တော့ သူမသည်လည်း ပြဿနာကောင်များကို အဝတ်ချွတ်သည့် အဖွဲ့ဝင်ဖြစ်လာလေပြီ ။


နန်ကုန်းဝူချယ် ထိတ်လန့်အံ့အားသင့်သွားမှုကြောင့် အစားအပြည့်ဖြင့် ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ထို့နောက် သူ နယ်သာရီဆီသို့ လက်မထောင်ပြရင်း ပြောလိုက်သည်။


"အမကြီး နယ်သာရီရဲ့ စကားက အရမ်းကိုမိုက်တယ်...ဒီလူကို အဝတ်ချွတ်ဖို့ ဝှိုက်တီကိုတောင် ညွှန်ကြားလိုက်တယ်ပေါ့ ဒီငတုံးကောင်ကို ဘယ်လိုပြုမူရမယ်ဆိုတာ သင်ပေးလိုက်သင့်တယ်..."


နယ်သာရီ၏ စကားကြောင့် ကျိုးထုံပင် တကယ့်ကို ကြောင်အအဖြစ်နေမိသည်။


"အခုခေတ်မိန်းကလေးတွေက အရမ်းကို ရက်ရောတာပါပဲလား...မီးဖိုချောင်ထဲမှာ ပုန်းနေတဲ့ ဟာက ဘာလဲ..."


ဒီစားသောက်ဆိုင်က တခြားနေရာများနှင့် ကွာခြားလှသည်ဟု ကျိုးထုံ ခံစားလိုက်မိသည်။ဆိုင်ဝန်းကျင်တွင် ထူးခြားဆန်းကြယ်မှုများ လွှမ်းခြုံနေသလို ထင်ရသည်။စားသုံးသူများပင် ထူးဆန်းနေသည်မဟုတ်ဆိုင်၏ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မသင်္ကာစရာကောင်းလှသည်။


နယ်သာရီ၏ ရေခဲတမျှ အေးစက်လှသော အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသောအခါ ကျိုးထုံ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကြက်သီးမွှေးညှင်းများပင် ထောင်ထသွားသည်။သူ့စိတ်ထဲမှ စိတါအားထက်သန်မှုများပင် ပျောက်ကွယ်သွားသည် သူမက တကယ်ပဲ လှပသည်။သ်ို့သော်လည်း ထ်ိုမျှ အေးစက်လှသည့် သူမက စိတ်ကသိကအောင့် ဖြစ်စရာကောင်းလှသည်။


"ထားလိုက်ပါတော့ ဒီလ်ိုအလှလေးဆိုမှတော့ ငါဒီတစ်ကြိမ်တော့မင်းကို အာဃာတတွေထားမနေတော့ဘူး သူ့ကို ခေါ်လိုက်...ငါက သူ့ကို ကံကောင်းခြင်းတွေ ပေးဖို့အတွက် ဒီကိုရောက်လာတာ..."


သူ့စကားကြောင့် စားသုံးသူများက အရူးတစ်ယောက်ကို မြင်နေရသကဲ့သို့ ကြည့်နေရလေသည်။


"ဘာ သူက အမကြီး နယ်သာရီကို အပြစ်မတင်ဘူး အာဃာတမထားဘူးဟုတ်လား...သူ့ကို အဲ့ဒီအတွက် ကျေးဇူးတင်သင့်နေတာလား...သူတို့ရှေ့မှ မောက်မာထောင်လွှားနေတဲ့ လူငယ်က အမကြီး နယ်သာရီကို မသိဘူးလား...


မြူကောင်းကင်မြို့တိုင်းရှိ နေသော မည်သူမဆို တိမ်ခိုးစားသောက်ဆိုင်၏ စားပွဲထိုး အမကြီး နယ်သာရီကို မသိသူမရှိပေ။လှပပြီး သန်မာမှုက မည်သူမှ ယှဉ်မရနိုင်ပေ။ထိုငနဲသားက အာဃာတမထားဟုပင် ပြောရဲနေသေးသည်။


နယ်သာရီ၏ မျက်ဝန်းနက်များက တောက်ပလှသည်။ထိုအချိန်တွင် ခရမ်းရောင်မျက်ဝန်းများဖြင့် ဝှိုက်တီကလည်း မီးဖိုချောင်ထဲမှ ထွက်လာ၏။ရုပ်သေးရုပ်ကို မြင်လိုက်ရသည့်ခဏ၌ ကျိုးထုံ အံ့အားသင့်ကြောင်အသွားမိသည်။


"အဲ့ဒါက ဘာလဲ..."


ဝှိုက်တီ၏ ခရမ်းရောင်တလက်လက်တောက်ပနေသော မျက်ဝန်းများက ကျိုးထုံပေါ်သို့ ကျရောက်နေပြီး စက်ရုပ်အသံ တစ်သံ ထွက်ပေါ်လာသည်။


"ပြဿနာကောင် တခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်..."


"လာပြန်ပြီ ချွတ်မယ်ပဲလား ဒီစားသောက်ဆိုင်က လူတွေက ရူးနေကြတာလား...ဘယ်လိုဖြစ်လို့ တစ်ယောက်ယောက်ကို အဝတ်အစားချွတ်ဖို့ အဲ့ဒီလောက် ထက်သန်နေကြတာလဲ...ငါက မင်းတို့ စားဖိုမှူးကို အခွင့်အရေးကောင်းတွေ ပေးဖို့ ရောက်လာတာ မင်းတို့ကြောင့်နဲ့ အဲ့ဒါ လွဲချော်သွားမယ်ဆိုရင်တော့... မင်းတို့ ဘယ်သူမှ အဲ့ဒာကှုရ င်ဆိုင်နိုင်မှာ မဟုတ်ဘူးနော်..."


ကျိုးထုံ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။တကယ်တမ်းတွင် သူ့၌ စိုးရိမ်ပူပန်နေမှု မရှ်ိပေ။သူက အစားကြူးတောင်ကြားထဲမှ ပထမအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။အချက်အပြုတ်စွမ်းရည်သာလွန်ရုံသာမက သူ့၏ ကောင်းမွန်လှသော တိုက်ခိုက်မှု စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေသည်။


"ကံကောင်းခြင်းတွေ... မင်းက ပိုင်ရှင်ပုကို ကံကောင်းခြင်းတွေ ပေးမယ်ပေါ့ မင်းလိုမျိုး ငပြောင်တစ်ယောက်က ဘယ်လို ကံကောင်းခြင်းတွေများရှိနေလို့လဲ..."


နန်ကုန်းဝူချယ်က ဝင်မေးလိုက်သည်။


မင်းကသာ ငပြောင် မင်းတို့အားလုံးကသာ လူပြက်...


ကျိုးထုံ တကယ့်ကို ဒေါသထွက်သွားသည်။ဒီစားသောက်ဆိုင်ထဲတွင်ရှိနေကြသော လူများအားလုံး ထူးဆန်းလှပေသည်။


"ငါက မင်းတို့စားဖိုမှူးကို ညွှန်ကြားချက်တစ်ချို့ ပေးနိုင်တယ် ပြီးတော့ ငါက မင်းကို အစားကြူးတောင်ကြားနဲ့လည်း ဆက်သွယ်ပေးနိုင်တယ်...အစားကြူးတောင်ကြားဆိုတာက စားဖိုမှူးတွေ အားလုံးအတွက် နတ်ဘုံနတ်နန်းပဲ...ဒီလို ရှားပါးလှတဲ့ အခွင့်အရေးကို စားဖိုမှူးတွေသာလျှင် အိပ်မက်မက်နိုင်တယ်..."


ကျိုးထုံက နန်ကုန်းဝူချယ်ကို ဒေါသတကြီးဖြင့် အော်လိုက်သည်။သူက အလွန်ပင် ယုံကြည်မှုရှိနေပေသည်။ပုဖန်ကို အစားကြူးတောင်ကြားဆီသို့ ခေါ်သွားနိုင်မည်ဟု ပြောလိုက်သည့်အချိန်တွင် ထိုစားဖိုမှူးက မီးဖိုခန်းထဲမှ ချက်ချင်းထွက်လာပြီး သူ့ကို လာရောက်ကြိုဆ်ိုလိမ့်မည်ဟု ထင်ထားပေသည်။


ဒီကမ္ဘာထဲတွင်ရှိနေသော စားဖိုမှုးများက ထ်ိုကဲ့သို့ အခွင့်အရေးကို လက်လွတ်နိုင်မည်မဟုတ်ပေ။အစားကြူးတောင်ကြားထဲ ဝင်ရောက်ရန်မှာ စားဖိုမှူးများအတွက် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။


သို့သော်လည်း လက်တစ်ဆုတ်စာမျှလောက်သော လူများသာလျှင် အစားကြူးတောင်ကြားထဲ ဝင်ရောက်၍ ကျင့်ကြံနိုင်မည့် အခွင့်အရေးရကြသည်။ယခုလည်း ပုဖန်က ဝမ်ရန်ချုံကို အနိုင်ရရှ်ိကြောင်း အစားကြူးတောင်ကြားက ကမ်းလှမ်းခြင်းဖြစ်သည်။


ကျိုးထုံ၏ စကားများကြောင့် အနားတွင်ရှိနေသော စားသုံးသူများအားလုံး နှလုံးသားများပင် စောင့်ခနဲ တစ်ချက်စောင့်ခုန်သွားလေသည်။ဒါက တကယ်ကို ကောင်းသည့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။အနည်းငယ်မျှပင် ငြင်းပယ်ခြင်းမရှိသင့်ပေ။


ကျိုးထုံက ဘေးနားရှိ တိတ်ဆိတ်ငြိမ်သက်သော သူများကို ဝေ့ဝဲကြည့်၍ နှုတ်ခမ်းတစ်ချက်တွန့်ကွေးရုံ ပြောလိုက်သည်။သူ့မျက်နာကိုပေါ်မှ မောက်မာသည့် အမူအရာက ပို၍ပင် ပြန့်ကားလာသည်။


"မင်းတို့အားလုံးက အရူးတွေပဲ ..."


ကျိုးထုံ တိတ်တဆိတ်တွေးလိုက်သည်။ဒီနေရာ၌ ရှိနေသော သူများအားလုံးက ပုန်းအောင်းနေသော စားဖိုမှုးများကို အလွန်အမင်းကာကွယ်ပေးနိုင်သောကြောင့် ထိုစားဖိုမှူး ထွက်လာလျှင် အရှက်ခွဲမည်ဟု ကြံစည်ခဲ့သည်။အချိန်ကိုပင် သူမစောင့်နိုင်တော့ပေ။


"မင်းတို့ အားလုံး ဘာရပ်လုပ်နေကြတာလဲ မင်းတို့ စားဖိုမှူးမြန်မြန်ခေါ်ထုတ်လိုက် ..."


ကျိုးထုံက သင့်တော်သည့် နေရာတစ်နေရာရှာ၍ ဝင်ထိုင်လိုက်သည်။


ငရဲဘုရင်က သူ့ရဲ့ အစပ်ချောင်းကို ဖြေးဖြေးချင်းစုပ်စားရင်း ကျိုးထုံကို မျက်ဝန်းများမှေးစင်း၍ ကြည့်နေလိုက်သည်။ပုဖန်၏ စိတ်သဘောထားအရ ထိုလူငယ်လေး အဆုံးသတ်ကောင်းမည်မဟုတ်မှန်းသူသိပေသည်။ပုဖန်၏ ဒေါသများ ပေါက်ကွဲသွားပေလိမ့်မည်။


သူမှန်ပေသည်။သူ့၏ အတွေးမဆုံးခင်မှာပင် မီးဖိုချောင်ဘက်ဆီမှ အေးဆေးလှသော အသံတစ်သံ ထွက်ပေါ်လာသည်။


"ဝှ်ိုက်တီ အဲ့ဒီ ပြဿနာကောင်ကို အဝတ်ချွတ်ပြီး ဆိုင်အပြင်ဘက်ကို လွင့်ပစ်လိုက်..."


ထိုစကားသံကို ကြားလိုက်သည်နှင့် ကျိုးထုံ တောင့်တင်းသွားမိသည်။သူ့ပတ်ဝန်းကျင်မှ လူများ၏ လေးနက်သော အကြည့်များ သူ့ဆီသို့ စူးစိုက်ကျရောက်လာသည်ကို ခံစားလိုက်မိသည်။သူ့ရှေ့၌ ရှိနေသော ရုပ်သေးရုပ်ကလည်း အရှေ့သို့ တစ်လှမ်းတိုးလာပြီး သူ့ခန္ဓာကိုယ်မှ အလင်းများ စတင် ထုတ်လွင့်လာလေသည်။


"မင်းလို စားဖ်ိုမှူးသေးသေးလေးက ဘယ်လိုတွေများ ရဲတင်းတာလဲ...မင်းက အစားကြူးတောင်ကြားရဲ့ ကံကောင်းခြင်းတွေကို မလိုချင်ဘူးလား..."


က်ျိုးထုံ မျက်မှောင်ကြုတ်၍ ပြင်းပြင်းထန်ထန်ပြောလိုက်သည်။သို့သော်လည်း မီးဖိုချောင်ထဲမှ စားဖိုမှူးက သူ့ကို ပြန်မပြောပေ ထိုသူက စကားပြန်ရမည်ကိုပင် ပျင်းရိနေပုံပေါ်လေသည်။ဝှိုက်တီ၏ ကြီးမားလှသော လက်ဖဝါးက မြောက်တက်သွားပြီး ကျိုးထုံဆီသို့ အညှာအတာမဲ့စွာ ရိုက်ချလာသည်။


ဝှ်ိုက်တီ၏ ကြီးမားလှသော လက်ဖဝါးက မြောက်တက်လာပြီး ကျိုးထုံဆီသ်ို့ အညှာအတာမဲ့စွာ ရိုက်ချလာသည်။ထ်ိုလက်က က်ျိုးထုံ၏ အဝတ်အစားများကို ချွတ်ပစ်ပေလိမ့်မည်။အဝတ်ချွတ်ရသည်ကို ကြိုက်နှစ်သက်သော နတ်ဆိုးက ပို၍ပင် ဆိုးရွားလာလေသည်။


က်ျိုးထုံ၏ မျက်ဝန်းများက အေးစက်သွားသည်။သူတို့က ယဉ်ကျေးနေ၍ မရတော့ပေ။ယခု သူတို့ကို ရိုက်နှက်၍ ဆုံးမရပေတော့မည်။ထိုစားဖိုမှုးက ရောက်ရှိလာသော အခွင့်အရေးကို ကောင်းမွန်စွာ မယူတက်ပေ။


ကျိုးထုံ၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအားများ စုဝေးလာသည်။ထို့နောက် သူ လက်ချောင်းလေး အသာလှုပ်ခတ်လိုက်သည်နှင့် အစစ်အမှန်စွမ်းအားက ဝှိုက်တီ၏ ကြီးမားလှသော လက်ဖဝါးဆီသို့ ပြန့်လွှင့်သွားလေသည်။


ထိုအရာနှစ်ခု တိုက်မိသွားပြီးနောက် ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။ကျိုးထုံက သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိပေသည်။သူ့၏ လက်ကလေး အသာလှုပ်ရှားမှုက ထိုကဲ့သို့သော သံရုပ်သေးရုပ်မျိုးကို ဖျက်စီးဖို့ကို လုံလောက်သည်ထက် ပိုနေပေပြီ။သူက မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့် ပညာရှင်ဖြစ်သည်။


သို့သော်လည်း စွမ်းအင်လှ်ိုင်းများ ပျောက်ကွယ်သွားပြီးနောက် ထိုကြီးမားလှသော လက်ဖဝါးက အနည်းငယ်မျှပင် တုံ့နှေးသွားခြင်းမရှိပဲ သူ့ဆီသို့ ဆက်တိုက်ကျဆင်းလာသည်ကို မြင်လိုက်သောကြောင့် အံ့အားသင့်သွားမိသည်။


သူ့၏ ခန္ဓာကိုယ်ပေါ် ရှိ ရှိသမျှ အမွှေးအမျှင်များအားလုံး ထောင်ထသွားလေသည်။


"ဒါ ဘာလဲ သံရုပ်သေးရုပ်က ဘယ်လိုဖြစ်လို့ အဲ့ဒီလောက် သန်မာနေရတာလဲ ..."


ကျိုးထုံ လေအေးတစ်ချက်ရှိုက်လိုက်ပြီးနောက် ထိုလက်ဖဝါးမှ လွတ်ကင်းရန်အတွက် အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။


"စားသောက်ဆိုင်သေးသေးလေးရဲ့ ရုပ်သေးရုပ်သာသာလေးက သူ့လို ကျင့်ကြံသူနဲ့ ယှဉ်နိုင်နေသည်လား...


ကျိုးထုံ သူ့နှလုံးသားထဲမှ ထိတ်လန့်မှုများကို ဖိနှိပ်ထားလိုက်သည်။သူ့၏ မျက်ဝန်းများက လေးနက်တည်ငြိမ်လာ၏။သူလက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အနီရောင်ရဲရဲတောက်နေသော သွေးနီရောင်ဓားတစ်လက်ပေါ်လာသည်။ထိုဓား၏ မျက်နာပြင်တွင် တောက်လောင်နေသော မီးတောက်များပုံရှိလေသည်။


လက်ချောင်းများကို ဆန့်တန်း၍ ဓားလက်ကိုင်ရိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အနည်းငယ် ဝှေ့ယမ်းလိုက်သည်။


"မင်းနောက်တစ်လှမ်း လှုပ်ရှားလိုက်မယ်ဆိုရင် ငါတိုက်ခိုက်မှုအတွက် အပြစ်မတင်နဲ့တော့...ဒီလောက် စားသောက်ဆိုင်သေးသေးလေးက အဆင်အခြင်မဲ့ ပြုမူရဲတယ်...ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ ..."


ကျိုးထုံ အေးစက်စွာ ပြောလိုက်သည်။ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ဆက်လက်၍ တ်ိုက်ခိုက်လာလေသည်။


နယ်သာရီက ခံစားချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။ထို့နောက် ကြမ်းပြင်ကို အသာအယာထောက်ကန်လိုက်ပြီး လေထဲ လွင့်မျောတက်လိုက်သည်။


အစောပိုင်းက ထိုပြဿနာကောင် ကျိုးထုံကြောင့် စားသုံးသူအချို့က စားချင်စိတ်များ ပျောက်ကွယ်သွားရသည်။

သို့သော်လည်း နောက်ခဏအတွင်းမှာပင် ထိုသူများက ကျိုးထုံအဝတ်ချွတ်ခံရမည့်အရေးကို စောင့်မျှော်ကြည့်ရင်း အစားအစာများကို ပြန်လည်စားသုံးနေကြသည်။

သူတို့က ထို မောက်မာထောင်လွှားလှသော သူကို မျက်စိဆံပင်မွှေးဆူနေသည်မှာ ကြာလေပြီ။


ငရဲဘုရင်က ခုံကို မှီထိုင်လိုက်ပြီး ကျိုးထုံလက်ထဲမှ နီရဲတောက်နေသော ဓားကိုကြည့်ရင်း ပြောလိုက်သည်။


"အော်... လက်စသတ်တော့ ဒီကောင်လေးကလည်း စားဖိုမှူးပဲ ..."


ကျိုးထုံ၏ မီးဖိုချောင်သုံးဓားမှ အလင်းရောင်ဖျော့ဖျော့လေးများ ထုတ်လွင့်နေသည်။ဒီအခ်ျိန်က သူတို့ အစားကြူးတောင်ကြားမှ စွမ်းရည်များကို ထုတ်ဖော်ပြသရမည်အခ်ျိန်ပင်ဖြစ်သည်။သူ သူ့၏ ဓားကို လှုပ်ရှားလိုက်သည်နှင့် မီးတောက်များက ကောင်းကင်ထက်ဆီသို့ လွင့်တက်သွားသည်။


ထိုအခ်ျိန်တွင် မီးဖိုချောင်ဘက်ဆီမှ ထွက်ပေါ်လာသော ခြေသံတစ်ချို့က အားလုံး၏ အာရုံများကို ဆွဲဆောင်သွားလေသည်။မီးဖိုခန်းတံခါးဝတွင် ပိန်ပါးလှသော ပုံရိပ်လေးတစ်ခု ပေါ်လာ၏။


ပုဖန်ကသူ့၏ ဓားစွမ်းရည်များကို ထုတ်ဖော်ပြသနေသော ကျိုးထုံအား မျက်နာသေဖြင့် ကြည့်လိုက်သည်။သူ့၏ လက်ထဲမှ တောက်ပနေသော ဓားကိုကြည့်၍ ပုဖန် အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။


နောက်ခဏအတွင်းမှာပင် ပုဖန်၏ လက်ကောက်ဝတ်ကို အစိမ်းရောင်မီးခိုးငွေ့များ လွှမ်းခြုံလာပြီး နက်ဆွေးနေသည့် ဓားတစ်လက်ပေါ်လာသည်။


ပျော့ပြောင်းနေသော အနက်ရောင်ဓားရိုးကို ကြည့်၍ ကျိုးထုံ ရယ်ချင်လာမိသည်။သို့သော်လည်း သူ ရယ်သံမထွက်လိုက်ခင်မှာပင် သူ့၏ ပါးစပ်က အကြောသေသွားသလို အဟောင်းသားဖြစ်သွားသည်။ထို ဓားနက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။


ကျိုးထုံ၏ စိတ်ဝိညာဉ် နှင့်ဆက်သွယ်ထားသော သူ့၏ မီးလျှံဓားက တုန်ယင်လာပြီး ငိုကြွေးသံများကို ထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်။မီးလျှံများတောက်ပနေသည့် မျက်နာပြင်၌လည်း အနက်ရောင် အရိပ်တစ်ချို့ ပေါ်လာသည်။၎င်းက မကြာခင် ငြိမ်းသက်သွားတော့မည့် လက္ခဏာများပင်ဖြစ်သည်။


လခွမ်း...အဲ့ဒီစားဖိုမှုးက ဘယ်လိုမီးဖိုချောင်သုံးဓားမျိုးကို ကိုင်ထားတာလဲ ...


ကျိုးထုံ၏ စိတ်ထဲ တုန်လှုပ်သွားပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်အံ့အားသင့်မှုများပေါ်လာသည်။


ပုဖန်က ကျိုးထုံကို တည်ငြိမ်စွာကြည့်လိုက်လိုက်ပြီးနောက် မျက်တောင်တစ်ချက်ခတ်၍ ပြောလိုက်သည်။


"အချိန်ဖြုန်းမနေနဲ့တော့ သူ့ကို အဝတ်ချွတ်ပြီး အပြင်ကို လွင့်ပစ်လိုက်... စီးပွားရေးလုပ်နေတာ ရပ်တန့်လို့မရဘူး..."


ဝှိုက်တီက လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားလာပြီး ကျိုးထုံ၏ ဘေး၌ ပေါ်လာသည်။နယ်သာရီကလည်း ရွှေ့ပြောင်းအစီအရင်ကို သုံးလိုက်သလိုမျိုး ကျိုးထုံ၏ ရှေ့သို့ ရောက်လာသည်။


ငရဲဘုရင်ကလည်းပြုံးလိုက်ပြီး သူ့၏ လက်ကိုမြောက်၍ ကျိုးထုံဆီသို့ အနက်ရောင်စွမ်းအင်များ ပစ်လွှတ်လိုက်သည်။


တစ်ကမ္ဘာလုံးက သူ့ကို ပစ်ပယ်လိုက်သလိုမျိုး ကျိုးထုံ ခံစားလိုက်မိသည်။ရုပ်သေးရုပ်မှ ဖိအားနှင့် လှပသော အမျိုးသမီး၏ အင်အားက ဟာသမဟုတ်ပေ။


သူ့၏ နှလုံးသားက အဆက်မပြတ် တုန်ယင်လာပြီး ခန္ဓာကိုယ်လည်း တစ်ဆက်ဆက်တုန်ယင်လာ၏ ထိုနှစ်ယောက်ဆီမှ ခြိမ်းခြောက်မှုကို စတင်ခံစားလိုက်ရသည်။သူ ချက်ချင်းပင် လှည့်ထွက်၍ ပြေးလိုက်သည်။


သို့သော်လည်း ထိုခဏမှာပင် သူ့ခန္ဓာကိုယ်က လှုပ်မရတော့ပဲ ကြိုးတစ်ချို့ဖြင့် ဆက်သွယ်ထားသည်ကို တွေ့လိုက်ရသည်။


"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


ကျိုးထုံ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် မလှမ်းမကမ်း၌ရှိနေသော ချောမောခန့်ညားလှသော သူက ဟန်ဆောင်အပြုံးတစ်ခုကို တပ်ဆင်၍ သူ့ကိုယ်သူ ကြည့်နေသည်ကို တွေ့လိုက်ရသည်။


ထိုအခိုက်အတန့်၌ ကြောက်စရာအကောင်းဆုံး ကိစ္စများကို တစ်ပြိုင်တည်း စု ကြုံသလို ခံစားလိုက်ရ၏။နယ်သာရီ၏ လှပနူးညံ့လှသော လက်ကလေးက အသာလေးမြှောက်လိုက်ပြီးနောက် ညွှန်လိုက်သည်။


ဆိုင်ထဲတွင်ရှိနေသော စားသုံးသူများက ဆိုင်ထဲတွင်ရှိနေသော မျက်လုံးများကျယ်ကျယ်ဖွင့်၍ မလွှဲတမ်းစိုက်ကြည့်နေကြသည်။


ရွှစ်...


က်ျိုးထုံ၏ အဝတ်အစားများ အပိုင်းပိုင်းဆုတ်ဖြဲသွားလေသည်။


ရပ်နေသော ဝှိုက်တီက သူ့၏ ခေါင်းပြောင်ပြောင်ကို ပွတ်၍ကြည့်နေမိသည်။သူ့၏ စက်ရုပ်မျက်ဝန်းများကလည်း အဆက်မပြတ် စတင်လှုပ်ခါနေသည်။ကြည့်ရသည်မှာ သူ့၏ အဝတ်ချွတ်သည့် တာဝန်ကို အခြားတစ်ယောက်က လွှဲပြောင်းယူသွားပုံပေါ်လေသည်။


ကျိုးထုံ ထိတ်လန့်သွားမှုကြောင့် အသံတစ်စက်မျှပင် ထွက်မနိုင်တော့ပေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်မှု တစ်ခုက ဖြတ်သန်းသွားသည်။အထူးသဖြင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို လေပြေလေညှင်းများ တိုက်ခတ်သွားသလို ခံစားလိုက်ရ၏


သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ထုတ်ဖော်ခံလိုက်ရသောကြောင့် ကျိုးထုံ၏ မျက်နာတွင် ဒေါသနှင့် အရှက်တရားများ ပြည့်နှက်လာသည်။မြာပွေသော ကျိုးထုံက မိန်းမတစိယောက်ဆီမှ အဝတ်ချွတ်ခံရခြင်းကို ပထမဦးဆုံးအကြိမ် ဒေါသထွက်ခြင်းဖြစ်သည်။


နယ်သာရီ၏ မျက်ဝန်းများက တောက်ပနေပြီး သူမ နှုတ်ခမ်းအနည်းငယ်ပင် စူထားလေသည်။တစ်စုံတစ်ယောက်ကို အဝတ်ချွတ်ပြီးသော အခါ၌ သူမ၏ ခံစားချက်များက ကောင်းမွန်ပုံရလေသည်။


ငရဲဘုရင်နှင့် ပုဖန်ပင် အံ့အားသင့်နေမိကြသည်။


နန်ကုန်းဝူချယ်၏ နဖူးပေါ်၌ ချွေးများသီးနေလေသည်။


အဝတ်ချွတ်ခံထားရသော ကျိုးထုံက ကြွက်သားတစ်မျှင်မှပင် လှုပ်ခတ်နိုင်ခြင်းမရှိပေ။ပတ်ဝန်းကျင်ရှိအကြည့်များအားလုံး သူ့ဆီသို့ လာရောက် တိုက်ခိုက်နေသလို ခံစားလိုက်ရသောကြောင့်ကြက်သီးမွှေးညှင်းများပင် ထလာသည်။


ထိုအခိုက်မှာပင် ဝှ်ိုက်တီက အရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး ကျိုးထုံ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ကျိုးထုံဆီမှ ငယ်သံပါအောင် အော်ဟစ်သံများထွက်ပေါ်လာသည်။


လူအားလုံးက သူတို့အပေါ်ဖြတ်သန်းသွားသော က်ျိုးထုံ၏ ကိုယ်လုံးတီးကိုသာ ကြည့်နေကြသည်။


"ဒီကြက်ပေါက်ရဲ့ တင်ပါးတွေက တကယ့်ကို ဖြူဖွေးနေတာပဲ..."


"ဘုန်း..."


က်ျိုးထုံ မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျသွာသည်။နောက်ဆုံး၌ သူပတ်ပတ်လည်၌ ဖိချုပ်ထားသော ကြိုးများ မရှိပဲ လှုပ်ရှား၍ ရသွားသည်။


သူ့၏ နှုတ်ခမ်းများ တစ်ဆက်ဆက်တုန်ရီနေသည်။လက်တစ်ဖက်ဖြင့် ဖွားဖက်တော်ကို ဖုံးကာပြီး လက်တစ်ဖက်ဖြင့် တင်ပါးဖြူဖြူများကို ကာထားသည်။ ထို့နောက်မြေပြင်ပေါ်မှနေ၍ ရုန်းကန်၍ ထလာလေသည်။


ဆိုင်ရှေ့တွင် တန်းစီနေကြသော စားသုံးသူများကလည်း ကျိုးထုံ၏ ပုံစံကိုကြည့်၍ မထိန်းနိုင်မသိမ်းနိုင်ရယ်မောကြလေသည်။ထိုဇောက်ကြွားကြွားနိုင်လှသော သူက သူတို့ကို ခြိမ်းခြောက်ခဲ့သည်အား ပြန်တွေးလိုက်ရုံဖြင့် ထ်ိုသူ၏ ယခုကဲ့သို့ စိတ်မကောင်းစရာ အခြေအနေကို စိတ်ကျေနပ်သွားကြသည်။


"မင်းကို အဲ့ဒီလောက်ထိ မောက်မာဝင့်ကြွားနေဖို့ ဘယ်သူကပြောလို့လဲ ဟမ်....မင်းကအဝတ်ချွတ်ခံရတာနဲ့ ထိုက်တန်တယ်..."