အပိုင်း ၆၀၆
Viewers 53k

အခန်း ၆၀၆

ပစ်ပယ်ခံလိုက်ရသောဆေးနန်းတော်...


လှောင်ပြောင်ရယ်မောသံများက ကျိုးထုံ၏ မျက်နာကို နီရဲသွားစေသည်။ထ်ို ငနုံငအများ၏ လှောင်ပြောင်ခံရမည့်နေ့ ရှိလာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိဖူးပေ။


အစားကြူးတောင်ကြား၏ ပါရမီရှင် စားဖိုမှူးတစ်ယောက်အနေဖြင့်သူက လူများအပေါ်တွင် လွှမ်းမိုးမှုရှိပေသည်။သန့်စင်မြင့်မြတ်သောမြေမှ သူတစ်ယောက် ဖြစ်သောကြောင့် တခြားသူများကိုလည်း မောက်မာ ထောင်လွှားစွာ ဆက်ဆံနိုင်ခြင်းဖြစ်၏။


"မင်းတို့အားလုံး ပါးစပ်ပိတ်ထား ..."


က်ျိုးထုံက သူ့၏ ခန္ဓာကိုယ်အောက်ပိုင်းကိုကာရင်း ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။သူ့၏ ပုံသဏ္ဍာန်က ဒေါသကြီးနေသော ခြင်္သေ့ကြီးတစ်ကောင်နှင့်ပင် တူနေလေသည်။သို့သော်လည်း ကိုယ်တီးလုံးဖြင့် ဒေါသတကြီးဖြစ်နေပုံက မြင်ရသူများကို ရယ်မောဖွဲ့စေ၏။က်ျိုးထုံ ဆိုင်ထဲတွင်ရပ်နေသော စားဖိုမှူးဆီသို့ အကြည့်လွှဲလိုက်သည်။


"မင်း ငါ့ကို ဘယ်လိုလုပ် ဒီလိုဆက်ဆံရဲတာလဲ...မင်းက အစားကြူးတောင်ကြားက ပေးတဲ့ အခွင့်အရေးကောင်းတွေက်ို မလိုချင်တော့ဘူးလား...ဒါက စားဖိုမှူးတွေသာ အိပ်မက်မက်နိုင်တဲ့ ရွှေရောင်အခွင့်အရေးကွ..."


ကျိုးထုံ အံတင်းတင်းကြိတ်၍ အော်ပြောလိုက်သည်။ထိုစကားကို ကြားလိုက်ရသော စားသုံးသူများက ရယ်မောမှုများ ရပ်တန့်သွားပြီး ပုဖန် ဆီသို့ လှမ်းကြည့်လိုက်ကြသည်။


ကျိုးထုံ၏ စကားများအရ ထ်ိုအစားကြူးတောင်ကြားက ပုဖန်အတွက် တကယ့်ကို ကောင်းမွန်သည့်နေရာဖြစ်ပုံရလေသည်။အကယ်၍ ပုဖန်သာ ထိုအခွင့်အရေးကို ဆုံးရှုံးသွားခဲ့လျှင် အလွန်နှမြောစရာကောင်းသွားပေပြီ။


ကျိုးထုံ ချက်ချင်းပင် အထက်စီး ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။အစားကြူးတောင်ကြားမှ အခွင့်အရေးကောင်းများကို မည်သူမှ တွန်းလှန်နိုင်လိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။


ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ရင်း ဆိုင်ပေါက်ဝသို့ လျှောက်ထွက်လာခဲ့သည်။ထို့နောက် ခံစားချက်မဲ့လှသော အမူအရာဖြင့် ကိုယ်တီးလုံးဖြစ်နေသော ကျိုးထုံကို ကြည့်လိုက်သည်။


"မင်း အစားကြူးတောင်ကြားရဲ့ အခွင့်အရေးကောင်းတွေ လိုချင်တယ်ဆိုရင် ငါ့ရဲ့ ထောက်ခံမှု လိုတယ်...အခုပဲ ရိုရိုက်ျိးကျိုး နဲ့ ငါ့ကို တောင်းပန်လိုက် ငါမင်းကို အခွင့်အရေးပေးမယ်..."


"မင်းပြောလို့ ပြီးပြီလား ပြီးပြီဆိုရင် ထွက်သွားတော့..."


ပုဖန်ထိုလူနှင့် စကားထပ်မပြောချင်တော့ပေ။သူ့တွင် သံသယ ကြီးကြီးရှိနေသည်။


"ထိုအစားကြူးတောင်ကြားမှ စားဖိုမှူးများက ငတုံး တွေများလား ...သူက စဉ်းစားအဆင်အခြင်မဲ့ ပြုလုပ်တက်ကြတာလား...ပထမ ဝမ်ရန်ချုံ ယခု က်ျိုးထုံ..."


ဝမ်ရန်ချုံကမှ ပို၍ ကောင်းမွန်ပေသေးသည်။သူ ပုဖန်၏ ပညာရပ်များကို စမ်းသပ်ချင်ကြောင်း စားဖိုမှူးစိန်ခေါ်ပွဲကို ကြေငြာ၍ ပြောခဲ့သည်။ဒါက အဆင်ပြေနေသေး၏သို့သော် ဒီကျိုးထုံကမူ...

 

"သူ့ကို အဲ့ဒီလိုမျိုးသတ္တိတွေ မောက်မာထောင်လွှားမှုတွေ ဘယ်သူကများ ပေးခဲ့တာလဲ..."


ပုဖန် ထိုသူကို ဂရုမစိုက်ချင်တော့ပေ။သူထပ်မံ၍ ပြောနေရလျှင် ပေါက်ကွဲလာပေတော့မည်။သူလက်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပြန်လည်ပျောက်ဆုံးသွားသည်။သူ့၏ ဝတ်ရုံစကို သပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်လှည့်ဝင်သွား၏။


ကျိုးထုံ ပုဖန်၏ နောက်ကျောကို မျက်မှောင်ကြုတ်၍ ကြည့်နေမိသည်။သူ့၏ မျက်လုံးကိုပင် ယုံကြည်မှု ခက်ခဲနေပေ၏။


"ဒီလူက တကယ်ကြီး အစားကြူးတောင်ကြားရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာလား...သူရူးနေတာလား..."


ကျိုးထုံ စားဖိုမှုး အတုနှင့် တွေ့နေသည်ဟုပင် ထင်နေခေသည်။ရယ်သံများက နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာ၏။ သူထိုအသံများကို သည်းမခံနိုင်တော့ပေ။ကျိုးထုံ စားသောက်ဆိုင်ကို မုန်းတီးစွာ စိုက်ကြည့်၍ ကျုံးဝါးလိုက်သည်။


"သေသင့်တဲ့ကောင် မင်းမကြာခင်မှာပဲ နောင်တရလိမ့်မယ်...အဲ့ဒီအခ်ျိန်ကျမှ အစားကြူးတောင်ကြားနဲ့ ဆက်သွယ်ဖို့အတွက် နောက်ထပ် အခွင့်အရေးလိုချင်ပါတယ်ဆိုပြီး ငါ့ဆီမှာ လာမငိုနဲ့..."


ထိုစကားများကို ပြောပြီးသည်နှင့် ကျိုးထုံက ချက်ချင်းထွက်ပြေးသွားလေသည်။သူ့၏ တင်ပါးဖြူဖြုများသာ စားသုံးသူများ၏ မျက်ဝန်းထဲ ကျန်ခဲ့လေသည်။


စားသုံးသူများက ထိုမြင်ကွင်းကိုကြည့်၍ ရယ်မောနေကြသည်။သို့သော်လည်း အချိန်ခဏမျှ ကြာလျှင် သူတို့ ထိုအကြောင်းအရာများကို မေ့သွားပေလိမ့်မည်။


တိမ်ခိုးစားသောက်ဆိုင်၏ စီးပွားရေးက ပုံမှန်အတိုင်း လည်ပတ်နေလေသည်။


.......


တောက်ပကောင်းကင်မြို့တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ၏။


မှော်အစီအရင်များဖြင့် ကာကွယ်ထားသော မြို့တံတိုင်းမှာလည်း ဖျက်စီးခံထားရသည်။


မြင့်မားလှသောမြို့တံတိုင်းတွင် ကြီးမားလှသည့် အပေါက်ကြီးများ ဖြစ်ပေါ်နေပြီး အပျက်အစီးများက နေရာအနှံ့ ပြန့်ကျဲနေ၏။တောက်ပကောင်းကင်မြို့အတွင်းမှ ပုံရိပ်များတစ်ခုပြီးတစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။တစ်ယောက်ချင်းစီကလည်း ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို သယ်ဆောင်ထားလေသည်။


အဂ္ဂိရတ်ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသော မဟာသခင် ယောင်ကွမ်းက ပြင်းထန်လှသည့် အစစ်အမှန်စွမ်းအင်လှိုင်းများကို ထုတ်လွင့်နေ၏။ သူက ရှုရတပ်ရှိရာဆီသို့ အရင်ဆုံး အလျင်စလ်ို ဦးတည်သွားလိုက်သည်။


သူ့၏ မျက်ဝန်းထဲတွင်လည်း ခိုင်မာသော ဆုံးဖြတ်ချက်များပြည့်နှက်နေသည်။သူ့၏ မြို့ကို ခုခံကာကွယ်မည်။သို့မဟုတ် ကာကွယ်ရင်းသေမည်။တူညီစွာပင် ရှုရတပ်မှ ပညာရှင်များကလည်း လေထဲသို့ ပျံတက်လာပြီး မဟာသခင်ယောင်ကွမ်းနှင့် ရင်ဆ်ိုင်လိုက်ရသည်။


မြောက်များလှစွာသော တ်ိုက်ပွဲများ တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေသည်။တောက်ပကောင်းကင်မြို့မှသူများက သူတို့၏ ရင်းနီး၍ ရှုရတပ်ကို ခက်ခက်ခဲခဲ ခုခံ ကာကွယ်နေရလေ၏။ထိုနေရာ၌ မြောက်များလှစွာသော ပညာရှင်များ သေကြေပျက်စီးရလေ၏။


တိုက်ပွဲတစ်ခုအတွင်းမှ အဆုံးအစမဲ့လှသော အော်ရာများ၏ ဖိအားကို ခံစားလိုက်မိသည်။ကြီးမားလှသော လက်ဖဝါးကြီးတစ်ခု ကောင်းကင်ယံဆီသို့ ထိုးတက်လာပြီး ကောင်းကင်တစ်ခုလုံးကို ထိုလက်ဝါးမှ အနက်ရောင်စွမ်းအင်များကို သာမန်မျက်လုံးများဖြင့်ပင် မြင်နေရလေသည်။


ဘုန်း...


ထိုလက်ဖဝါးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။မဟာသခင် ယောင်ကွမ်က ထိုလက်ဖဝါး၏ စွမ်းအားကို ခုခံကာကွယ်ရင်းဖြင့် သွေးတစ်လုတ်အန်လိုက်ရသည်။


သို့သော်လည်း ထိုလက်ဖဝါးရိုက်ချက်က မဟာသခင်ယောင်ကွမ်းအား အနိုင်ယူသွားသည်။ထိုခဏ၌ ထိုရိုက်ချက်တစ်ချက်တည်းဖြင့် သူ့၏ အသက် အဆုံးသတ်တော့မည်ဟု ခံစားလိုက်ရသည်။


သူမသေခင်တွင် စွမ်းအင်များ ထုတ်လွင့်နေသည့် တဲကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။


"ရှုရအရှင်သခင် မင်းရဲ့ အဆုံးသတ်ကလည်း ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး..."


မဟာသခင်ယောင်ကွမ်းက နောက်ဆုံးစကားတစ်ခွန်းသာပြောလိုက်ပြီးနောက် အသားပြားဘဝ ပြောင်းလဲသွားသည်။ဆေးနန်းတော်၏ ပထမမျိုး ဆက် အဂ္ဂိရတ်ပညာရှင်.. သေဆုံးသွားလေပြီ။


ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော လက်ဖဝါးကြီးက အနည်းငယ်မျှပင် အားနည်းသွားပုံ မပေါ်ပေ။လက်ဖဝါးက မြို့တံတိုင်း နံရံများဆီသို့ အညှာအတာမဲ့စွာ ကျရောက်လာလေသည်။


ဆန်းကြယ်မှုများဖြင့် တည်ဆောက်ထားသော မြို့တံတိုင်းများက ထ်ိုရိုက်ချက်ကို မခံနိုင်တော့ပဲ ပြိုလဲ ပျက်စီးကျသွားလေပြီ ထ်ိုနေ့တွင် တောက်ပကောင်းကင်မြို့မှ မြို့သူမြို့သားအများ သေကြေပျက်စီးခဲ့ရသည်။


တဲအတွင်းမှ ချောမောခန့်ညားလှသောပုံရိပ်တစ်ခု ပေါ်လာသည်။ထိုသူက ပျက်စီးနေသော တောက်ပကောင်းကင်မြို့ကို ကြည့်၍ ပြုံးလိုက်သည်။


"ငါတို့ရဲ့ ရှေးဟောင်းရှုရမြို့တော်က အကြာကြီး နိမ့်ချပြီး နေခဲ့ကြတယ်.... ကြည့်ရတာတော့ ငါတို့က ရှုရမြို့တော်ရဲ့ တန်ခိုးစွမ်းအားတွေကို မေ့သွားကြပြီထင်တယ်..."


ထိုသူက အေးစက်စွာ ပြောလိုက်သည်။သူ့၏ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးမှ ပညာရှင်က သူ့၏ ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ရှုရမိန်းမပ်ျိုကလည်း ရိုသေလေးစားမှုအပြည့်ဖြင့် ရပ်နေလေသည်။


အလှမ်းကွာဝေးလှသောကောင်းကင်ယံထက်တွင် လေတိုးသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။အလင်းတန်းတစ်ခုက လျင်မြန်လှသော အရှိန်ဖြင့် တိုက်ပွဲရှိရာဆီသို့ လာနေ၏။


ထိုသူက ဆေးနန်းတော်၏ ထိပ်သီး ပညာရှင် စတုတ္ထမြောက် အကြီးအကဲဖြစ်သည်။သူ့၏ တည်ရှိမှုက ဆေးနန်းတော်အရှင်သခင်နှင့်ပင် ယှဉ်ပြိုင်နိုင်နေသည်။

 

တောက်ပကောင်းကင်မြို့တော် ဖျက်စီးခံလိုက်ရသောကြောင့် စတုတ္ထအကြီးအကဲက ရှုရအရှင်သခင်အား ဒေါသတကြီးဖြင့် ကျိန်းဝါးလိုက်သည်။


"သူက အင်းဆက် တစ်ကောင် သာသာပဲ..."


ရှုရအရှင်သခင်အတွက် မသေမျိုးဝိညာဉ်အဆင့်သို့ ဝင်ရောက်ခါစ သူတစ်ယောက်က ပြောပြလောက်စရာအဆင့်မရှိပေ။ဆေးမြို့တော်တစ်ခုလုံးကိုပင် ဖျက်စီးပစ်ပြီးလေရာနောက်ထပ် မသေမ်ျိုးဝိညာဉ် အဆင့်တစ်ယောက်ကို ထပ်သတ်လိုက်ရလို့လည်း ကိစ္စမရှိပေ။


ရှုရအရှင်သခင် ပြုံးလိုက်သည်။ထို့နောက် သူ့၏ လက်မှ အနီရောင်အလင်းတန်းများ လက်သွားပြီး သွေးနီရောင်သံချပ်ကာ ဝတ်စုံ ပေါ်လာသည်။ထ်ိုဝတ်စုံက သွေးများစွန်းထင်နေသလ်ို ထင်ရ၏။သူ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး သံခမောက်ဆောင်းလိုက်သည်နှင့် ရှုရအရှင်သခင်၏ အော်ရာများက ပြောင်းလဲသွားသည်။


ရှုရအရှင်သခင်ဆီမှ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်လာသည်။ထို့နောက် ဓားရှည်တစ်ချောင်း တ်ိုးဝင်သွားသော အသံမ်ျိုးကြားလိုက်ရသည်။


ရှုရအရှင်သခင်က လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဆေးနန်းတော်၏ စတုတ္ထအကြီးအကဲကို ရင်ဆိုင်လိုက်ရသည်။မသေမျိုးခန္ဓာ စိတ်ဝိညာဉ် ပညာရှင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုများက တိုက်ခိုက်နေကြသော လူများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။


ရှုရတပ်မှ သူများကပင် လေထဲလွင့်မျောနေသော သွေးနီရောင်အရည်ကို မလွှဲတမ်းကြည့်နေကြ၏။အခ်ျိန်ခဏမျှအကြာတွင် ကောင်းကင်ဘုံမှ တိုက်ပွဲ ပြီးဆုံးသွားလေပြီ။သူ့၏ ဓားရှည်ကို ကိုင်ဆောင်၍ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာသည်။


သူ့၏ ဓားရှည်မှ သွေးများ တစ်စက်စက်စီးကျနေသည်။ရှုရအရှင်သခင်က ခေါင်းဆောင်းက်ို ချွတ်လိုက်ပြီးနောက် အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်းပြောလိုက်သည်။


"နောက်တစ်နေရာက ကောင်းကင်ဆေးမြို့တော်ပဲ..."


........


ဆေးနန်းတော်၏ ကြယ်မျှော်စင်သည် ကြယ်ရောင်မျာ လွှမ်းခြုံနေသကဲ့သို့ တောက်ပလင်းလက်စွာ တည်ရှိနေသည်။


ဆေးမြို့တော်များထဲတွင် အကြီးဆုံးဖြစ်သော ကောင်းကင်ဆေးမြို့တော်သည်။ဆေးနန်းတော်၏ အသက်သွေးကြော မြို့ကြီး တစ်ခုဖြစ်သည်။


ကြယ်မျှော်စင်က ဆေးကောင်းကင်မြို့တော်ထဲတွင် တည်ရှိနေသော ဆေးအဆောက်အဦး ဖြစ်သည်။ဆေးနန်းတော်၏ ပါရမီရှင်များ စုစည်းရာ နေရာလည်းဖြစ်၏။


မှတ်တမ်းများ၏ အဆိုအရ နန်းတော်အရှင်သခင်သည်။ဆေးနန်းတော်၏ ထိပ်ဆုံးတွင် တည်ရှိသည်။ဆေးနန်းတော်၏ အကြီးအကဲများကိုလည်း ကြယ်မျှော်စင်ထဲတွင်ပင် လေ့ကျင့်သင်ကြားပေးခဲ့သည်။


ကြယ်မျှော်စင်၏ ထိပ်ဆုံး အလွန်ပင် သေးငယ်ကျဉ်းမြောင်းသော နေရာတွင် ထိုင်နေသူတစ်ဦးက တဖြေးဖြေးချင်း မျက်လုံးပွင့်လာသည်။ညအမှောင်ထုကို အပိုင်းပိုင်းဖြတ်တောက်လ်ိုက်သော အလင်းတန်းများကဲ့သို့ မယုံနိုင်စရာကောင်းလောက်အောင် တောက်ပလွန်းလှသည်။


ထိုငယ်ရွယ်ချောမောလှသော လူက ရှည်လျားသော ဝတ်ရုံက်ို ဝတ်ဆင်ထားခဲ့သည်။ထိုဝတ်ရုံက မြေပြင်ကိုပင် ဖုံးအုပ်လုနီးပါးဖြစ်နေ၏။သူ့၏ ရှည်လျားလှသော မျက်တောင်များက်ို အသာအယာခတ်လိုက်သည်။မျက်ဝန်းများက အလင်းများထက်ပင် တောက်ပလှ၏။


"စတုတ္ထမြောက်အကြီးအကဲတော့ နှုတ်ဆတ်သွားခဲ့ပြီ..."


ထိုလူက ဝမ်းနည်းကြေကွဲသံဖြင့် ပြောလိုက်သည်။ထို့နောက် သူမတ်တပ်ထရပ်လိုက်လေရာ သူ့၏ ဝတ်ရုံရှည်က တရွတ်ဆွဲ၍ ပါလာလေသည်။ထိုသူက ကြယ်မျှော်စင်၏ ပြတင်းပေါက်၌ ရပ်လ်ိုက်ပြီး ဆေးကောင်းကင်မြို့တော်ကို ကြည့်လိုက်၏။အချိန်အတော်ကြာပြီးနောက် သူ ဝမ်းနည်းစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


"လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ရှေးဟောင်း ရှုရမြို့တော် ဘာပဲလုပ်လုပ်ခွင့်ပြုပေးထားတယ် နောက်ဆုံးတော့ တော်ဝင်ခုံရုံးက ငါတို့ ဆေးနန်းတော်ကို တ်ိုက်ခိုက်လာတာလား..."


ထိုသူက ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းပင်ဖြစ်သည်။သူ ကောင်းကင်ဆေးမြို့တော်ကို ကြည့်နေရာမှ အဝေးတစ်နေရာရှိ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။


ထိုအဝေးနေရာတွင် သွေးနီရောင်ရှိသော တိမ်တိုက်များက တဖြေးဖြေးချင်း စုစည်းလာပြီးနောက် ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။


"ကောင်းကင်က ပြောင်းလဲသွားပြီ..."


တောက်ပကောင်းကင်မြို့တော် ကျဆုံးသွားလေပြီ။ထိုသတင်းကို ရှေးဟောင်းရှုရမြို့တော်မှ တပ်များက ဆေးနန်းတော်တစ်ခွင်လုံးသိအောင် ပြန့်လွင့်လိုက်သည်။


မဟာသခင် ယောင်ကွမ်းနှင့် စတုတ္ထအကြီးအကဲအပြင် မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များစွာက မြို့ကို ကာကွယ်ရင်း သူတို့၏ အသက်ကို ပေးဆပ်ခဲ့ရလေသည်။


ထိုသတင်းက ကောင်းကင်ဆေးမြို့တော်နှင့် မြူကောင်းကင်မြို့တွင်သာမက တခြားအင်အားကြီး အဖွဲ့အစည်းများပါ ပြန့်နှံ့သွားသည်။


မဟာဂိုဏ်းက ထိုသတင်းကို ကြားလိုက်သည်နှင့် ဆေးနန်းတော်နှင့် ပတ်သတ်မှုများကို ဖြတ်တောက်ရန် ထုတ်ပြန်လိုက်သည်။လေမိုးကြိုးမျှော်စင်ဂိုဏ်းကလည်း ထိနြည်းတူစွာ လုပ်ဆောင်ခဲ့သည်။ဆေးနန်းတော်နှင့် ပူပေါင်းလုပ်ဆောင်နေကြသော သူတို့၏ ပါရမီရှင် တပည့်များအားလုံးကို ချက်ချင်း ပြန်လည် ခေါ်ဆောင်ခဲ့၏။


အင်အားကြီး အဖွဲ့အစည်းများကသာ ထ်ိုသို့ လုပ်ဆောင်သည်မဟုတ်ပဲ ဂိုဏ်းသေးသေးလေးများကပါ ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။ဆေးနန်းတော်က အဆက်အသွယ်များ ပြတ်တောက်သွားပြီး ရုတ်ချည်း အထီးကျန်ဆန်သွားလေသည်။


လူတိုင်း စိတ်ရှုပ်ထွေးစွာဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။အဂ္ဂိရတ်ပညာရှင်များ၏ အသဲနှလုံးဖြစ်သော ဆေးနန်းတော် အကျပ်အတည်းနှင့် ရင်ဆိူင်နေရချိန်တွင် ပြည်မကြီးတွင်ရှိနေသော ဂိုဏ်းကဏ္ဍများက ဆေးနန်းတော်ကို ကူညီရန်အတွက် တက်ကြွစွာဖြင့် လာရောက်ပူးပေါင်းကျပေလိမ့်မည်။


သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ထိုအဖွဲ့အစည်းများအားလုံးက ဆေးနန်းတော်ကို ပစ်ပယ်လိုက်ပုံရလေသည်။အဘယ့်ကြောင့်ဆိုသော် ရှုရရှေးဟောင်းမြို့တော်၏ နောက်ကွယ်တွင် လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးရှိနေသောကြောင့် ဖြစ်သည်


ရှေးဟောင်းရှုရမြို့တော်ကို မည်သူမှ မကြောက်ပေ။သ်ို့သော်လည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးပါဝင်လာမည်ဆိုရင်တော့ ကွဲပြားခြားနားသွားလေပြီ။


တော်ဝင်ခုံရုံးက ပင်မကုန်းမြေတိုက်ကြီး၏ အင်အားအကြီးဆုံး ကုန်မြေတိုက်ကြီးဖြစ်သည်။တစ်ခြားသူများက သူတို့က်ို ဆန့်ကျင်ရန် အရည်အချင်းမမှီပေ။


ထိုသို့သော ကိစ္စရပ်ကလည်း ပထမဦးဆုံး အကြိမ်ဖြစ်ပွားလာခြင်းမဟုတ်ပေ။လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ထိုကဲ့သို့ ဖြစ်ပွားခဲ့ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံး ရှုပ်ထွေးတုန်လှုပ်သွားစေခဲ့သည်။


အခြားအင်အားကြီး အဖွဲ့အစည်းများ၏ ပစ်ပယ်ခြင်းက ဆေးနန်းတော်မှ သူများကို စိတ်ပျက် အားလျော့သွားစေသည်။အချိန်များ ကုန်ဆုံးလာသည်နှင့် ရှေးဟောင်းရှုရတပ်ကလည်း ကောင်းကင်ဆေးမြို့တော်သို့ ချီတက်လာနေခဲ့ပြီဖြစ်သည်။


ရှုရတပ်မှ တောက်ပကောင်းကင်မြို့ ကျဆုံးသွားသည့် သတင်းကို ဖြန့်ဝေသည့်နေ့၌ ကောင်းကင်ဆေးမြို့တော်နှင့် မြူကောင်းကင်မြို့တော်တို့၏ ပုံရိပ်လွှဲပြောင်းအစီအရင်ပေါ်တွင် ရှုရအရှင်သခင်၏ ချောမောခန့်ညားသော မျက်နာပေါ်လာခဲ့သည်။


ထိုသူက ကြောက်မက်ဖွယ်ကောင်းလှသော အပြုံးတစ်ခုကို ဆင်မြန်းရင်း အေးစက်စွာ ပြောလိုက်သည်။


"ငါ့ရဲ့ ရှုရမြို့တော်က အဖွဲ့ဝင်တစ်ယောက်ကို သတ်ပြီး ရှုရမျှော်စင်ကို ယူဆောင်သွားခဲ့တယ် အဲ့ဒီအတွက် မင်းရဲ့ သန့်စင်လတ်ဆတ်တဲ့ သွေးတွေနဲ့ ပြန်လည်ပေးဆပ်ရမယ်...ကောင်းကင်ဆေးမြို့တော် ကျဆင်းသွားတာနဲ့ မြူကောင်းကင်မြို့ရဲ့ အလှည့်ပဲ အဲ့ဒီအချိန်ရောက်လာရင် မင်း သေဖို့သာ ပြင်ထားလိုက်တော့ စားဖိုမှူးလေး..."


ထိုစကားများကို ကြားလိုက်ရသည့်ခဏ လူတိုင်း ကြောင်အ မှင်သက်သွားကြသည်။


"မြူကောင်းကင်မြို့တော်က စားဖ်ိုမှူးလေး ..."


"အဲ့ဒါက ဖျက်မြင်းစားဖိုမှူးများ ဖြစ်နိုင်လား..."


"အဲ့ဒါက ပုဖန်များလား..."


တိမ်ခိုးစားသောက်ဆိုင်ထဲတွင်...


 ထိုသတင်းကို ကြားလိုက်သော ပုဖန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။


"အဲ့ဒီရှုရအရှင်သခင်က ငတုံးများလား..."