အခန်း ၆၀၈
ကောင်းကင်ဆေးမြို့တော်၊ကြယ်မျှော်စင်
ကြဟ်မျှော်စင်အတွင်းမှ လူတစ်စုလျှောက်ထွက်လာသည်။
တကျွီကျွီမြည်သံနှင့်အတူ ဂိတ်တံခါးဝ ပွင့်လလာ၏။ရှည်လျားလှသော ဝတ်ရုံစများက မြေပြင်ပေါ် တရွတ်ဆွဲ ပါလာသည်။ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်း၏ မျက်နာက တည်ငြိမ်နေသည်။
သူ့၏ မျက်နာပေါ်တွင် ဝမ်းနည်းမှု ပျော်ရွှင်မှု မည်သည့်အရာမှ ရှိမနေပေ။ဂိတ်တံခါးဝ၏ အပြင်ဘက်တွင် ပညာရှင်တစ်စုက သူ့ကို စောင့်နေကြသည်။ဆေးနန်းတော်၏ ခေါင်းဆောင်ဖြစ်သော လော့တန်ချင်းက အဂ္ဂိရတ်ပညာရှင်များ၏ မျှော်လင့်ချက်ပင်ဖြစ်သည်။
ရှုရအရှင်သခင်နှင့် ရှုရတပ်၏ ဖိအားအောက်တွင် လော့တန်ချင်းကသာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏
မဟာသခင် ကုဟယ်က မှော်ကဝေအန်းရှန့်နှင့်အတူ လေးစားမှုအပြည့်ဖြင့် မတ်တပ်ရပ်နေသည်။
သူက အလွန်သိချင်စိတ်ပြင်းပြသည့် မျက်ဝန်းများဖြင့် လော့တန်ချင်းကို ကြည့်လိုက်သည်။လော့တန်ချင်းက အလွန်တရာ ချောမောခန့်ညားသည့် သူတစ်ယောက်မဟုတ်သော်လည်း သူ့ကို ကြည့်လိုက်သည်နှင့် တည်ငြိမ်သည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။
သူက လေပြေလေညှင်းလေးကဲ့သို့ လူတစ်ယောက်၏ စိတ်နှလုံးကို ငြိမ်းအေးစေသည်။သူ့၏ အပြုံးက လူများကို စိတ်အေးသက်သာရစေသည်။ကြယ်မျှော်စင်မှ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်များကလည်း မဟာသခင်ကုဟယ်၏ ပတ်လည်တွင် ရပ်နေကြသည်။
သူတို့အားလုံးက ထိပ်သီး ၁၀ ယောက်အတွင်းဝင်သည့်သူများဖြစ်ကြပြီး သူတို့၏ စွမ်းအင်အရည်အချင်းကလည်း မြင့်မားလှသည်။သူတို့အားလုံးက လော့တန်ချင်း၏ တပည့်များဖြစ်ကြပြီး သူ့ကိုအလွန်ပင် ရိုသေလေးစားကြသည်။
"ရှေးဟောင်းရှုရမြို့တော်က ငါတို့ရဲ့ ဆေးနန်းတော်ကို လာပြီး တိုက်ခိုက်တယ်...ဆေးနန်းတော်ကို အလွယ်တကူအနိုင်ကျင့်လို့ရတယ်လို့များ သူတို့ထင်ထားကြတာလား...သူတို့ပေးတဲ့ အကြောင်းပြချက်ကိုလည်း နားထောင်ကြည့်လိုက်ပါဦး...ချက်ပြုတ်သူတစ်ယောက်က သူတို့ရဲ့ လူတစ်ယောက်ကို သတ်ဖြတ်ပြီး ရှုရမျှော်စင်ကို လုယူသွားခဲ့တယ် အဲ့ဒါကြောင့်မလို့ ဒီကိုလာပြီးတော့ လက်စားချေတုံ့ပြန်တယ်တဲ့လေ...သူတို့ရဲ့ အကြောင်းပြချက်က ဒီညစ်ပတ်ယုတ်မာမှုတွေကို ဖုံးကွယ်နိုင်ဖို့ လုံလောက်တယ်များထင်နေလား...ဟာသပဲ..."
လော့တန်ချင်း၏ စွမ်းအားပြည့်လှသောအသံက ပတ်ဝန်းကျင်တစ်ခွင်လုံးကိုပြည့်နှက်သွားသည်။ကောင်းကင်ဆေးမြို့တော်၏ ကြယ်မျှော်စင်က ဆေးနန်းတော်၏ အကြီးဆုံးအဆောက်အဦးဖြစ်သည်။
ထိုနေရာတွင် ရပ်နေကြသော သူများကလည်း စွမ်းအားအကောင်းဆုံး အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသည်။လော့တန်ချင်းက သူ့၏ မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များကို ဝေ့ဝဲကြည့်လိုက်သည်။
"နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ...ဒါပေမယ့်လည်း ရှေးဟောင်းရှုရမြို့တော်က အရင်ကအတ်ိုင်း ရူးသွပ်ပြီး ဆင်ခြင်မဲ့တုန်းပဲ သူတို့က ငါတို့ဆေးနန်းတော်ကို အနိုင်ကျင့်ချင်တယ်ဆိုတော့လည်း ရှိပါစေ ထားလိုက်တော့ ...ငါတို့က အားနည်းတဲ့ ချက်ပြုတ်သူလေးကို သွားပြီး ခက်ခဲအောင်လုပ်စရာမလိုဘူး...သူက စစ်ပွဲ စချင်နေတယ်ဆိုမှတော့ ငါတို့က လက်ခံလိုက်ရုံပဲ ကြောက်စရာမလိုဘူး...ငာတို့က အဂ္ဂိရတ်ပညာရှင်တွေဆိုပေမယ့် အခု ချိန်မှာ ဒီကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ငါတို့အကြောင်း သိအောင် ပြသရမယ့် အချိန်ပဲ အဂ္ဂိရတ်ပညာရှင်တွေက ဆေးလုံးပဲ ဖော်စပ်တက်တာ မဟုတ်ဘူး...သူတို့ကို စိတ်ဆိုးအောင် လုပ်မယ်ဆိုရင် မည်သူကိုမဆို ရေဆုံးမြေဆုံးဆန့်ကျင်မယ်ဆိုတဲ့အကြောင်းကို သိစေရမယ်..."
လော့တန်ချင်း၏ စကားလုံးများက အင်အားတစ်ချို့ ရှိပုံရလေသည်။သူ့ စကားကြောင့် အဂ္ဂိရတ်ပညာရှင်များ၏ မျက်ဝန်းများက သွေးများဆူပွက်လာပြီး သူတို့၏ မျက်ဝန်းများက ရက်စက်မှုဖြင့် တောက်ပလာသည်။သူတို့ စစ်ပွဲ စတင်ရန် အဆင်သင့်ဖြစ်နေပေပြီ။
"တိုက်ကြမယ်...အဂ္ဂိရတ်ပညာရှင်တွေက ငကြောက်တွေ မဟုတ်ဘူး..."
အန်းရှန့်က သူမ၏ လက်သီးဆုပ်လေးကို မြင့်မြင့်မြှောက်ရင်း စိတ်အားထက်သန်စွာ ကြွေးကြော်လိုက်သည်။ဆေးနန်းတော်အရှင်သခင်ကို ကြည့်သည့် သူမ၏ မျက်နာလေးကလည်း နီရဲနေပသည်။နန်းတော်သခင်က အလွန်ပင် ရဲရင့်လွန်းလှသည်။သူက မည်သည့်အရာကိုမှ မကြောက်ပေ။
.....
မြူကောင်းကင်မြို့ တိမ်ခိုးစားသောက်ဆိုင်...
ယခုလက်ရှိအချိန်တွင် တိမ်ခိုးစားသောက်ဆိုင်ကို မြူကောင်းကင်မြို့မှ လူများက ဝန်းရံထားသောကြောင့် လူတစ်ယောက်ပင် ဖြတ်သွားလာဖို့ မဖြစ်နိုင်ပေ။
ထိုသူများ၏ မျက်ဝန်းထဲတွင်လည်း ရက်စက်မှုများပြည့်နှက်နေသည်။သူတို့က ရှုရအရှင်သခင်၏ အမိန့်ကို နာခံလိုက်ပြီး စားသောက်ဆိုင်ထဲတွင်ရှိနေသောသူများကို လက်လွှဲပေးရန် ဆုံးဖြတ်ထားကြသည်။
သူတို့၏ ရည်ရွယ်ချက်က စားသောက်ဆိုင်ကို ဖျက်စီးပြီး မြူကောင်းကင်မြို့ကို အရှုပ်အထွေးများကြားထဲမှ ဆွဲထုတ်ရန် ဖြစ်သည်။ထိုလူစုကို ဦးဆောင်လာသော ရှုံးရှီးက အလွန်ပင် စိတ်အားထက်သန်နေသည်။နောက်ဆုံးတော့ သူ လက်စားပြန်ချေခွင့်ရပေပြီ။
"ပုဖန်...မင်းက ရှေးဟောင်းရှုရမြို့တော်က လူကို သတ်ပြီး သူတို့ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်ကို လုယူခဲ့တယ် တောက်ကကောင်းကင်မြို့ရဲ့ ပျက်စီးမှုက မင်းနဲ့ လုံးဝ ပတ်သတ်နေတယ်...မင်းကြောင့် ရှုရအရှင်သခင်က ငါတို့ရဲ့ ဆေးနန်းတော်ကို ဖိအားပေးထားခဲ့တယ်...ဒီကိစ္စကနေ မင်းလုံးဝ ရှောင်ထွက်လို့မရဘူး..."
ရှုံးရှီး ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်၍ ကျုံးဝါးလိုက်သည်။ပုဖန်က ထိုသူများကို ဂရုစိုက်ဟန် ပျင်းရိနေသောကြောင့် လျစ်လျူရှုထားလိုက်သည်။ဒီလိုမှ မဟုတ်လျှင် သူတို့ ပိုပြီး ဒေါသထွက်သွားအောင် သူတစ်စုံတစ်ခု ပြောပေးရမည်လား...
ဝှိုက်တီက ပုဖန်၏ အနားတွင် ပေါ်လာသည်။တောင်တစ်လုံးကဲ့သို့ ဝဖြီးလှသော သူ့၏ ခန္ဓာကိုယ်က ရှေ့၌ရှိနေသော သူများကို ဖိအားပေးထားလေသည်။
"ပြဿနာကောင်တွေ မင်းတို့ အဝတ်ချွတ်ပြီး ပစ်ထုတ်ခံသင့်တယ်..."
ဝှိုက်တီ၏ စက်ရုပ်သံ ထွက်ပေါ်လာသည်။အပြင်ဘက်တွင် မိုးသဲသဲမဲမဲ ရွာနေသော်လည်း ထိုပြဿနာကောင်များကို ကိုယ်တုံးလုံးဖြင့် ပစ်ထုတ်ရန်အတွက် တွန့်ဆုတ်နေမည်မဟုတ်ပေ။
ထိုလူစု အေးစိမ့်မှုကို ခံစားလိုက်ရသည်။သို့သော်လည်း ခဏချင်းမှာပင် တရားမျှတမှုအတွက် လာသည်ဟူသော သူတို့၏ ခံစားချက်က ပြန်လည် ဖုံးလွှမ်းသွားသည်။
"တိရစ္ဆာန်တွေ မင်းတို့က တောက်ပကောင်းကင်မြို့ကို ရန်သူလက်အတွင်း ကျဆင်းသွားစေခဲ့တယ်...ဘယ်လိုလုပ်ပြီး ဆေးမြို့တော်အတွင်းမှာ ဆက်နေရဲသေးတာလဲ...ငါတို့ရဲ့ ဆေးနန်းတော်အတွင်းက ထွက်သွား ငါတို့ရဲ့ မြူကောင်းကင်မြို့အတွင်းက ထွက်သွား..."
လူအုပ်ကြီးက စိတ်ဓာတ်များပြင်းထန်တက်ကြွလာသည်။လက်တစ်ဖက်ဖြင့် ထီးကို ဆုပ်ကိုင်ထားပြီး တစ်ခြားလပ်တစ်ဖက်ဖြင့် လက်သီးလက်မောင်းတန်းပြီး ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်ကာ ကြွေးကြော်နေကြပြန်သည်။
ခဏအတွင်းမှာပင် ဒေါသထွက်နေသော လူများ စုစည်းလာခဲ့သည်။အကယ်၍ ဒီနေရာ၌ တစ်ခြားတစ်ယောက်သာဆိုလျှင် သူ ကောင်းကောင်းခြိမ်းခြောက်ခံနေရပြီဖြစ်သည်။သို့သော်လည်း သနားစရာကောင်းသည့်သူက သူတို့ ရင်ဆိုင်နေသည့်သူသည် ပုဖန်ဖြစ်နေခဲ့သည်။
ပုဖန်က အမြဲလိုလိုတည်ငြိမ်နေသည့်သူမျိုးဖြစ်သည်။ထိုကဲ့သို့ သူ့၏ ရှေ့မှ အဖြစ်အပျက်များစွာ ဖြစ်သွားသော်လည်း သူ့၏ အမူအရာက မတုန်မလှုပ်ရှိနေဆဲပင်ဖြစ်သည်။ထိုလူစုကို အရူးများကို တွေ့ရသကဲ့သို့ ကြည့်လိုက်သည်။
ရှုရအရှင်သခင် ဆေးနန်းတော်ကို တိုက်ခိုက်ခြင်းက သူနှင့် ဘာမှမသက်ဆိုင်ပေ။နောက်တစ်နည်းပြောရလျှင် အကြောင်းပြချက်က သူတစ်ယောက်တည်းမဟုတ်ပေ။အကယ်၍ ရှုရအရှင်သခင်သာ သူ့ကို ရှာချင်သည်ဆိုသည်လျှင် မြူကောင်းကင်မြို့သို့ တိုက်ရိုက်မလာပဲ ဘာကြောင့် အလုပ်ရှုပ်ခံနေသနည်း။
တိမ်ခိုးစားသောက်ဆိုင်က မြူကောင်းကင်မြို့ထဲတွင်တည်ရှိနေဆဲဖြစ်သည်။ပုဖန်က ဘာကိုမှ မကြောက်သလို ထွက်ပြေးရန် ကြိုးစားမည်လည်းမဟုတ်ပေ။သို့သော်လည်း ရှုရအရှင်သခင်က ဆေးနန်းတော်ကိုသာ အရင်ဆုံး တိုက်ခိုက်ခဲ့သည်။အရူးတစ်ယောက်တောင်မှ ထိုကစ္စနောက်ကွယ်တွင်ပို၍ နက်နဲသည့် ကိစ္စရပ်များရှိကြောင်း သိနိုင်ပေသည်။
စားဖိုမှုးတစ်ယောက်ကို လက်စားချေရန် တိုက်ခိုက်သည်ဆိုသည်က အကြောင်းပြချက်သက်သက်သာဖြစ်သည်။စားဖိုမှုးတစ်ယောက်အတွက် ပင်မကုန်းမြေထဲတွင် အင်အားကြီးသော အဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်ရန်လိုအပ်ပါသလား...ထိုအတိုင်းသာဖြစ်ခဲ့လျှင်လည်း ပုဖန် အတော်ကို ဂုဏ်ယူမိမှာသေချာပေသည်။
ထိုကဲ့သို့ ရူးသွပ်နေသောသူများကို စိတ်မဝင်စားပေ။ထိုပဲ့သို့ အကျိုးအကြောင်းမညီညွတ်သောသူများကိုလည်း သူ့အရင်ဘဝတုန်းက မြောက်များစွာ တွေ့ကြုံခဲ့ဖူးပေပြီ။လူတစ်ယောက်က စတင်လိုက်သည်နှင့် ထိုလူများက ခေါင်းမပါသော ယင်ကောင်များကဲ့သို့ မည်သည့်အကြောင်းပြချက်ရေရေရာရာမသိပဲ လူအုပ်နောက်သို့ လိုက်ကာ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်ကြပေလိမ့်မည်။
"မင်းက ဆေးနန်းတော်ရဲ့ အပြစ်သားပဲ...မင်းက တိရစ္ဆာန်ကောင်...."
ရှုံးရှီက မုန်းတီးမှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။
စုရုံးနေသော လူစုက ရုတ်တရက် လမ်းဖယ်ပေးလိုက်ပြီး ပုံရိပ်တစ်ချို့ထွက်ပေါ်လာလေသည်။ထိုသူများက မြူကောင်းကင်မြို့ ဆေးအဆောက်အဦးမှ ပညာရှင်များဖြစ်ကြသည်။
"သူတို့က ရှုရအရှင်သခင်ရဲ့ ဒေါသကို ဖြေဖျောက်ပေးဖို့အတွက် ဒီစားဖိုမှုးကို အပြစ်ပေးရအောင်လာတာပဲ...သူတို့ကို တားဝံ့တဲ့သူ မည်သူမဆို ဆေးနန်းတော်ကို ဆန့်ကျင်တဲ့သူအဖြစ် သတ်မှတ်ခံရမယ်...ဆေးအဆောက်အဦးကို ဆန့်ကျင်တာကလည်း နန်းတော်တစ်ခုလုံးကို ဆန့်ကျင်တာနဲ့ တူတူပဲ မင်းအတွက် ဒီနေရာမှာ နေရာမရှိတော့ဘူး..."
ရှုံးရှီ အော်ပြောလိုက်သည်။သူ့၏ စကားများက နန်ကုန်းဝူချယ်နှင့် တခြားသူများကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ထိုဆေးအဆောက်အဦးမှ သူများ၏ အမူအရာက အေးစက်နေပြီး သူတို့ဆီမှ ထုတ်လွင့်နေသော အော်ရာများကလည်း ပြင်းထန်လှသည်။သူတို့က စားသောက်ဆိုင် အပေါက်ဝတွင်ရပ်နေသော ပုဖန်ကို အေးစက်စွာစိုက်ကြည့်နေ၏။
"ငါတို့နဲ့ လိုက်ခဲ့...ရှုရအရှင်သခင်ရဲ့ ရည်ရွယ်ရင်းက မင်းဟုတ်ဟုတ် မဟုတ်ဟုတ် သူ မင်းအကြောင်းကို ထည့်ပြောလိုက်ပြီဆိုထဲက ဒီတိုက်ခိုက်မှုကလည်း မင်းနဲ့ တစ်စုံတစ်ရာ ပတ်သတ်နေရမယ်...မင်းက သူတို့ရဲ့ လူကို သတ်ပြီး နတ်ဘုရားတစ်ပိုင်းလက်နက်ကို လုယူခဲ့တယ်...ဒီတော့ ဒါတွေက မင်းရဲ့ အပြစ်တွေကြီးပဲ မင်းကို ဒီနေရာမှာပဲ အပြစ်ပေးလို့ မရတော့ဘူး..."
ထိုသူပြောပြီးသည်နှင့် သူ့၏ မျက်ဝန်းမှ အလင်းရောင်များ ဖြာထွက်လာကာ ပုဖန်ကို ဖိအားပေးရန် ကြိုးစားလိုက်သည်။ထိုသူက အဆင့် ၅ဆင့် ချိုးဖောက်ပြီးသော မသေမျိုးခန္ဓာအဆင့် ပညာရှင် ဖြစ်သောကြောင့် အလွန်ပင် သန်မာလှပေသည်။
နန်ကုန်းဝူချယ်နှင့် နန်ကုန်းဝမ်တို့က ပုဖန်၏ ဘေးဘက်တွင် ရပ်လိုက်သည်။ထိုကဲ့သို့ ကျိုးကြောင်းမညီညွတ်သည့်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင် သူတို့ ပြောစရာစကားမဲ့လောက်အောင် ဒေါသထွက်နေမိသည်။
"သူတို့က ပုဖန်ကို ဖိအားပေးပြီး အပြစ်တင်ဖို့ ကြိုးစားနေတာပဲ..."
ပုဖန်က သူ့၏ နီရောင်စားဖိုမှူးဝတ်စုံကို လက်ဖြင့်ခပ်သာသာပွတ်သပ်လိုက်ပြီး သူ့ရှေ့မှ လူစုကို တည်ငြိမ်စွာကြည့်လိုက်သည်။မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် မြင်ကွင်းက မရှင်းမလင်းဖြစ်နေ၏။မိုးများက ငွေရောင်ကလာကာ တစ်ခုလိုမျိုး လူတိုင်း၏ အမြင်ကို ဝေဝါးနေစေသည်။
"ငါစကားအများကြီးပြောဖို့ ပျင်းတယ် ဒါပေမယ့်လည်း...ဒါက ငါစားသောက်ဆိုင် မင်းတို့ ဒီနေရာမှာ လာစားတာဆိုရင်တော့ ငါက ကြိုဆိုတယ် ...တကယ်လို့ ဒီနေရာမှာ ပြဿနာလာရှာတာဆိုရင်တော့ မင်းတို့ရဲ့ ကျိုးကြောင်းမညီညွတ်မှုအတွက် ငါချွတ်ပြီး လွင့်ပစ်ရလိမ့်မယ် ..."
ပုဖန်က ဝှိုက်တီ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းများက တလက်လက်တောက်ပလာသည်။
"တိုက်ခိုက်ချေမှုန်းမယ်..."
...
"ရိုင်းစိုင်းလိုက်တာ..."
ဆေးအဆောက်အဦးမှ ပညာရှင်က ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"မင်းရဲ့ စားသောက်ဆိုင်ကို အင်အားကြီးတဲ့ အရာတွေ ကာကွယ်ပေးထားတယ်ဆိုတာ ငါတို့ သိတယ် အဲ့ဒါနဲ့ပဲ မင်းက အဆင်အခြင်မဲ့ ပြုမူနိုင်ပြီလို့ ထင်နေတာလား...ဒီနေရာက ဆေးနန်းတော်ရဲ့ ပိုင်နက်ဆိုတာကို မမေ့နဲ့..."
"အဲ့ဒီတော့ ဘာဖြစ်လဲ..."
ပုဖန် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ငရဲဘုရင်က နံရံကို မှီ၍ သူ့၏ အစပ်ချောင်းကို တမြှုပ်မြှုပ်ဝါးနေလေသည်။သူက အရှေ့က မြင်ကွင်းကို အလွန်တရာ စိတ်ဝင်စားပုံဖြင့် ကြည့်ရှုနေလေသည်။
ဒီလူတွေက ပုဖန်ကို ခြိမ်းခြောက်ရဲတယ်လား...သူတို့က ဒီဆိုင်ထဲမှာရှိနေတဲ့ ခွေးဝတုတ် ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုတာကို မသိကြဘူးလား...ဒါမှမဟုတ် ဒီလူတွေမှာ အရမ်းကို အင်အားကြီးတဲ့ အရာတစ်ခုရှိလို့များ လေကျယ်နေတာလား...အဲ့ဒီလိုဆိုရင်လည်း ထုတ်လာလိုက်တော့လေ...
သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော်လည်း ထိုသူများက မည်သည့်လှုပ်ရှားမှုမှမလုပ်ပေ။ထိုသူများက သူတို့၏ လည်ပင်းကို ဆန့်ထုတ်၍ ပုဖန်ကို စူးစူးရဲရဲကြည့်သည့်အလုပ်ကလွဲ၍ ဘာမှမလုပ်ပေ။
"ဘာလုပ်နေကြတာလဲ မြန်မြန်လေးစကြတော့လေ..."
ငရဲဘုရင်က စိတ်ဝင်စားလွန်းသောကြောင့် သူ့၏ အစပ်ချောင်းပင် သီးနင်တော့မလို ဖြစ်နေလေသည်။
"ဒီလူတွေက ဟာသလာလုပ်နေကြတာလား..."
ဆေးအဆောက်အဦးမှသူများက အရူးများမဟုတ်ပေ။ထိုဆိုင်ငယ်လေးက ရှုရအရှင်သခင်ကိုပင် အနိုင်ယူဖူးကြောင်း သူတို့သိပေသည်။တကယ်လို့ သူတို့ မစဉ်းစားမဆင်ခြင်ပဲ ဝင်ရောက်တိုက်ခိုက်လျှင်မြေပြင်ပေါ်ခမှောက်နေရမည့်သူက သူတို့ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း မြူကောင်းကင်မြို့ဆိုသည့်အိမ်က သူတို့၏ အိမ်ဖြစ်သည်။သူတို့တွင် ထိုဆိုင်၏ စီးပွားရေးလုပ်ငန်းများကို ဖြတ်တောက်ပစ်လိုက်ရန်အတွက် နည်းလမ်းတစ်ရာမကရှိနေပေသည်။
"မင်းက မြူကောင်းကင်မြို့က ထွက်မသွားချင်ဘူးဆိုရင်လည်း ဒီနေရာမှာ စီးပွားရေးထပ်လုပ်ဖို့ မစဉ်းစားနဲ့တော့ မင်းဆိုင်ကို ဘယ်သူမှ မဝင်နိုင်အောင်လို့ ငါတို့ ချိတ်ပိတ်ပစ်လိုက်မယ်..."
ပညာရှင်တစ်ယောက်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။သူ့စကားဆုံးသည်နှင့် ကျန်သည့်သူများကလည်း စည်းတံဆိပ်ခတ်နှိပ်ရန် ပြင်ဆင်လိုက်လေသည်။
ကြီးမားလှသော စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ပြန့်နှံ့လာသည်။ဆေးစွမ်းအားများပြည့်နေသော ကျောက်တိုင်များ ပေါ်ထွက်လာပြီး မိုးပေါ်သို့ ထိုးတက်သွားလေသည်။
စားသောက်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ထိုစွမ်းအင်များက စားသောက်ဆိုင်ကို လှောင်အိမ်သဖွယ် ဖုံးအုပ်ထားလိုက်၏
ပုဖန် မျက်မှောင်ကြုတ်လိုက်၏ သူ့၏ မျက်နာတွင် ဒေါသအရိပ်အယောင် ခပ်ပါးပါးကို တွေ့မြင်လိုက်ရလေသည်။ဆိုးရွားလှသော သူများသာလျှင် တခြားတစ်ယောက်၏ ဘဝနေထိုင်မှုကို ဖျက်လို ဖျက်စီးလုပ်တက်ကြပေသည်။
ထိုလူစု၏ အပြုအမူများက ပုဖန်ကို ဒေါသထွက်သွားစေသည်။အကယ်၍ သူသာ စီးပွားရေးမလုပ်ကိုင်ရလျှင် သူ့ကျင့်ကြံဆင့်များ ထပ်မံ တိုးမြင့်ရန် မဖြစ်နိုင်တော့ပေ။ပုဖန်က ထိုကဲ့သို့သော ကိစ္စများဖြစ်လာရန် ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။
"မင်းရဲ့ စားသောက်ဆိုင် ပိတ်သိမ်းသွားရမယ့် အချိန်ကို စောင့်နေလိုက် မကြာခင်မှာပဲ မင်း မြူကောင်းကင်မြို့က ထွက်သွားရမယ် ..."
ထိုပညာရှင်က ရယ်မောလိုက်သည်။
"ဒါကရှုရအရှင်သခင်ရဲ့ ဒေါသတွေကို နည်းနည်းလောက် ဖြေဖျောက်စေဖို့ ငါမျှော်လင့်တယ်..."
ပုဖန် ထိုလူစုကို အေးစက်စွာ ကြည့်လိုက်သည်။
"ဘယ်လောက်တောင် ရူးသွပ်နေတဲ့ အရူးတွေလဲ..."
နန်ကုန်းဝူချယ်နှင့် တစ်ခြားသူများ၏ မျက်နာကလည်း မှောင်မဲနေပေပြီ။
"စိတ်ပျက်စရာကောင်းလိုက်ကြတာ ပိုင်ရှင်ပုက ပဉ္စလက်ပြိုင်ပွဲကြီးရဲ့ အနိုင်ရရှိသူပဲ မင်းတို့ သူ့ကို ဘယ်လိုများဆက်ဆံရဲကြတာလဲ..."
နန်ကုန်းဝူချယ် အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"အနိုင်ရသူဟုတ်လား...အဲ့ဒီပြိုင်ပွဲက တကယ်ကို စိတ်ပျက်စရာကောင်းတယ် ချက်ပြုတ်ပြီး နိုင်လာတဲ့ လူတစ်ယောက်က ငါတ်ို့ကို အော်ရဲသေးတယ်လား..."
ထိုပညာရှင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ငရဲဘုရင်က သူ့၏ အစပ်ချောင်းကို ကုန်စင်အောင်စားလိုက်ပြီးနောက် လက်ကိုလျက်လိုက်သည်။ထို့နောက် ပုဖန်ဘက်သို့လှည့်၍ ပြောလိုက်သည်။
"ဒီလူတွေက အရမ်းဆူညံလွန်းတယ်...လူငယ်လေး...ဒီဘုရင် လှုပ်ရှားပေးဖို့လိုလား...အဲ့ဒီအတွက် အစပ်ချောင်း သုံးချောင်းပဲကျတယ်..."
ငရဲဘုရင်က မျက်ခုံးအသာပင့်၍ ပုဖန်နှင့် ညှိနှိုင်းလိုက်သည်။ပုဖန်က ငရဲဘုရင်ကိုကြည့်၍ အချိန်ခဏမျှ တိတ်ဆိတ်သွားလေသည်။ထို့နောက် သူဖြေးဖြေးချင်းပြောလိုက်သည်။
"လူအိုကြီးဟ ...သဘောတူတယ်...သူတို့အားလုံးကို ချွတ်ပြီး လွင့်ပစ်လိုက်...ဒါပေမယ့် ညှင်ညှင်သာသာတော့လုပ်..."
ငရဲဘုရင်၏ နှုတ်ခမ်းများ မဲ့ကျသွားသည်။
"ငါ့ကို ဟလေးလို့ပဲခေါ် လူအိုကြီးဟလို့မခေါ်နဲ့ ငါက အခုထိ ငယ်ရွယ်သေးတယ်...ပြီးတော့ ဒီနေ့ခေတ်လူငယ်တွေက အရမ်းပဲ ရက်စက်ကြမ်းကြုတ်တယ်...မင်းပါးစပ်ဟလိုက်တာနဲ့ အရင်ဆုံး သူတို့ကို ချွတ်ပြီး လွင့်ပစ်ဖို့အကြောင်းကို ပြောနေပြီ ...ဒါပေမယ့်လည်း... ငါကြိုက်တယ်..."