အပိုင်း ၆၀၉
Viewers 53k

အခန်း ၆၀၉

ဟလေး၏တိုက်ခိုက်မှု...


ငရဲဘုရင်ကိုကြည့်၍ နန်ကုန်းဝူချယ် အံ့သြသင့်သွားမိသည်ဟလေးက သူ့၏ စွမ်းရည်များကို ပထမဦးဆုံးအကြိမ်ပြသခြင်းဖြစ်သည်။သူကိုယ်သူ ငရဲဘုရင်ဟု ခေါ်ဆိုသည့်သူက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဖြစ်တည်မှုမျိုးလား...


နန်ကုန်းဝူချယ် ဟလေးကို အချိန်ကြာကြာ စူးစိုက်ကြည့်နေမိသည်။ 


ငရဲဘုရင်က နန်ကုန်းဝူချယ် မည်သို့ တွေးနေသည်ကို မသိပေ။ ပုဖန်ဆီမှ ကတိစကားရပြီးပြီဖြစ်သောကြောင့် သူ ယခု စွမ်းရည်များကို ထုတ်ပြရပေတော့မည်။မည်သို့ပင်ဆိုစေ ထိုစိတ်ပျက်ဖွယ်ကောင်းသော လူများကို အဝတ်ချွတ်ရုံဖြင့် အရသာရှိသောအစပ်ချောင်းများကို စားနိုင်ပေတော့မည်။


လူများစွာ၏ အကြည့်များအောက်မှာပင် ငရဲဘုရင်က သူ့၏ ဆံပင်များကို တစ်ချက်ခါယမ်းလိုက်ပြီး အရှေ့သို့ ဖြေးညှင်းစွာ လျှောက်လာသည်။ဆေးအဆောက်အဦးမှ ပညာရှင်များကလည်း သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်နေကြသည်။


သူတို့ သူ့ကို(ငရဲဘုရင်ကို) မမှတ်မိကြပေ။ထိုသူ မည်သူလဲဆိုသည်ကို မသိကြပေ။သူတို့ရရှ်ိထားသော သတင်းအချက်အလက်များထဲတွင် ဒီစားသောက်ဆိုင်လေး၌ ခွေးဝတုတ်တစ်ကောင် ရူပ်သေးရုပ်တစ်ကောင်နှင့် ရှုရအရှင်သခင်ကို ရန်စခဲ့သော ငရဲကမ္ဘာအမျိုးသမီးရှိကြောင်း သိထားခဲ့သည်။


သူတို့၏ သတင်းအချက်အလက်ထဲတွင် ထိုဆွဲဆောင်မှုရှိစွာ ချောမောလှသော အမျိုးသားတစ်ယောက်အကြောင်းမပါပေ။


အစပ်ချောင်းသုံးချောင်းအတွက် သူတို့ကို အဝတ်ချွတ်ပစ်ဖို့ဟုတ်လား... ဒီလူပြတ်ကောင်က ဘယ်ကရောက်လာတာလဲ...


သူကိုယ်သူ တအားကို ကြီးကျယ်မြင့်မြတ်တယ်လို့ ထင်နေတာလား...မင်းက ဘယ်သူလဲ ဘာအကြောင်းမှမရှိရငိ ငါတို့ ကိစ္စကို ဝင်မပါနဲ့ ဒါက ငါတို့ ဆေးနန်းတော်နဲ့ ဒီစားဖိုမှူးရဲ့ကြားထဲက ပြဿနာပဲ မင်း ဝင်ရှုပ်မယ်ဆိုရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး..."


ဆေးအဆောက်အဦးမှ ပညာရှင်တစ်ယောက်က ပြောလိုက်သည်။


"ဟား ဟား...အခုခေတ်လူငယ်တွေက တကယ့်ကိုပဲ အရိုအသေမဲ့လှတယ် ရယ်ဖို့ကောင်းတယ် ..."


ငရဲဘုရင်က ထိုသူကို လက်ညှိုးထိုး၍ အော်ဟစ်ရယ်လိုက်သည်။သူ့၏ အမူအရာက မဲမှောင်သွားပေသည်။သူက စိတ်ကောင်းကောင်းထား၍ သတိပေးခဲ့သည့်တိုင်အောင် ထိုသူက ဝင်ရှုပ်ရဲပေသည်။


"ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့သူတွေက စိတ်မနှံ့ကျတာများလား..."


ဆေးအဆောက်အဦးမှသူများ ပြောစရာစကားများပင် ပျောက်ရှသွားသည်။ရှုံးရှီ ငရဲဘုရင်ကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။


"မင်းက ငါတို့ သတိပေးစကားကို လျစ်လျုရှုပြီးတော့ စားသောက်ဆိုင်နဲ့ ပေါင်းလိုက်တယ် ဒီလိုဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့...",


သူတို့က ဒီစားသောက်ဆိုင်ကို ချိတ်ပိတ်ရန် ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ငရဲဘုရင် ရှုံးရှီကို မျက်လုံးများမှေးကျင်း၍ ကြည့်လိုက်သည်။


"ဒီလူက သူထွက်ပြေးမယ်လို့ ထင်နေတာလား...တကယ့်ကို ငပေါတွေပဲ ..."


ငရဲဘုရင် နှုတ်ခမ်းတစ်ချက်တွန့်ကွေး၍ ပြောလိုက်သည်။ထိုသူများအားလုံးကြောင်အသွားသည်။


"မင်းသာ ငပေါ မင်းတို့ တစ်မိသားစုလုံးသာ ငပေါ..."


ရှုံးရှီခန္ဓာကိုယ်ကို လွှဲယမ်းရင်း လှုပ်ရှားမှု တစ်ခုပြုလုပ်လိုက်သည်။သူ့၏ လက်က လက်သည်းပုံစံများဖြင့် ငရဲဘုရင်ဆီသို့ လွှဲချလာလေသည်။


သူက ထိုလူကို ဖမ်းဆွဲ၍ စားသောက်ဆိုင် အပြင်ဘက်သို့ လွင့်ပစ်လိုက်ချင်သည်။သူရှေ့မှ လူ၏ အော်ရာများက စတင်၍ ပြောင်းလဲလာသောကြောင့် သူ ကြောင်အထိတ်လန့်သွားမိသည်။


ပတ်ဝန်းကျင်ရှိ လေများပင် အေးခဲသွားသလိုမျိုး ရှုံးရှီ၏ တိုက်ခိုက်မှုက ရပ်တန့်သွားလေသည်။သူ့၏ မျက်နာပေါ်တွင် အံ့သြထိတ်လန့်မှု အထင်းသားပေါ်လွင်နေသည်။


"အခု ဘာဖြစ်ပျက်သွားတာလဲ..."


ငရဲဘုရင်က လက်အသာဝှေ့ယမ်းလိုက်ပြီး ရှုံးရှီကို သေလူတစ်ယောက်လို ကြည့်လိုက်သည်။ထို့နောက် ရှုံးရှီ၏ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် အသာတောက်လိုက်၏။


ဘန်း...


ရှုံးရှီ အဝေးသို့ လွင့်ပျံထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ အဝတ်အစားများလည်း အစိတ်စိတ်အမွှာမွှာ ဆုတ်ပြဲသွားလေသည်။သူ့၏ ကိုယ်တီလုံး ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် နှစ်ပတ်သုံးပတ်လိမ့်သွားသည်။


"တစ်ယောက် တစ်..."


ငရဲဘုရင် ရေတွက်လိုက်သည်။ကြောင်အ အော်ဟစ်သံများ ပေါ်ထွက်လာသည်။ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားလေ၏ တစ်ခြားတစ်ဘက်က အရင်ဆုံးစတင် တိုက်ခိုက်ရဲလိုက်မည်ဟု ဆေးအဆောက်အဦးမှလူများ မထင်ထားခဲ့ပေ။ကျင့်ကြံသူများက ငရဲဘုရင်ကို ဒေါသချောင်းချောင်းဖြင့် ကြည့်လိုက်သည်။


"ရိုင်းစိုင်းလိုက်တာ..."


ထိုကျင့်ကြံသူ၏ နောက်တွင် အစစ်အမှန် စွမ်းအင်များ သိပ်သည်းလာသည်။စားသောက်ဆိုင်ထဲတွင် ခွေးဝတုတ်ရှိနေသောကြောင့် သူတို့၏ အပြုအမူများကို ထိန်းချုပ်ထားခဲ့သော်လည်း တခြားတစ်ယောက်က သူတို့ကို အရှက်ခွဲလို့ ရသည်ဟု မဆို လိုပေ။


အထူးသဖြင့် ဒီနေ့ သူတို့က ဆေးနန်းတော်အား ကိုယ်စားပြုနေသည့်အချိန်မျိုးတွင်ဖြစ်သည်။ထို့အပြင် သူတို့ အခုလက်ရှိရောက်နေသည်ကလည်း ဆေးနန်းတော်၏ ပိုင်နက်နယ်မြေတွင် ရောက်နေသည်ကိုပင် ထည့်မပြောရသေးပေ။


ဝုန်း...


ပြင်းထန်ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများက စုစည်းသောကြောင့် မြေပြင်ပင် ကြွတက်လာတော့မယောင် ထင်ရသည်။သူတို့၏ နောက်ကျောဘက်မှ အစစ်အမှန် စွမ်းအင် စိတ်ဝိညာဉ် ကြိုးများက မရပ်မနားလွှဲယမ်းနေလေသည်။


ထိုကဲ့သို့ အားကောင်းလှသော စွမ်းအင်များကြောင့် ငရဲဘုရင်ပင် သေးကျုံ့သွားသည်ဟု ထင်ရသည်။သို့သော်လည်း ငရဲဘုရင်၏ မျက်ဝန်းများက အေးဆေူတည်ငြိမ်နေတုန်းဖြစ်သည်။အနည်းငယ်မျှ စိုးရိမ်ပူပန်မှုမတွေ့ရပေ။


သူ့၏မျက်နာက ရေသေကဲ့သို့ တည်ငြိမ်နေပြီး ဝမ်းနည်းမှု ပျော်ရွှင်မှု မည်သည့်ခံစားမှုမှ ရှိမနေပေ။


"လူငယ်တွေကတော့..."


 ငရဲဘုရင် ရေရွတ်လိုက်သည်။ငရဲဘုရင်၏ အသံက မနက်ခင်းခေါင်းလောင်းသံကဲ့သို့ စူးရှစွာ ထွက်ပေါ်လာသည်။ထိုအသံက သူတို့၏ နားစည်ကို တူဖြင့် ထိုးလိုက်သကဲ့သို့ နာကျင်စွာ ခံစားလိုက်ရ၏။


ထိုဆေးအဆောက်အဦး ပညာရှင်များ၏ မျက်လုံးများက အခိုက်အတန့်မျှ ဖြူဖျော့သွားပြီး သူတို့၏ နောက်ကွယ်မှ အရှိန်အဝါများလည်း ပျောက်ဆုံးသွားလေသည်။


ငရဲဘုရင်က လက်ချောင်းလေးအသာမြှောက်လိုက်ပြီး ထို ပညာရှင်တစ်ယောက်၏ မျက်ခုံးနှစ်ခုအလယ်ကို တောက်လိုက်သည်။ထိုသူ၏ မျက်နာက သေမတက် ဖြူဖျော့သွားပြီးနောက် လေထဲလွင့်ထွက်သွားကာ ကိုယ်ဗလာဖြစ်သွားလေသည်။


နှစ်...


ငရဲဘုရင် ခပ်တိုးတိုးရေတွက်လိုက်သည်။ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။သူ့၏ လှုပ်ရှားမှုများက ပန်းခြံထဲ လမ်းလျှောက်ထွက်နေရသလို ညှင်သာလှသည်။


သူ့၏ လက်ချောင်းကလေး အသာမြှောက်တက်လိုက်တိုင်း ထိုပြိုင်ဘက်၏ နဖူးကြားကို လက်ဖြင့် တောက်လိုက်တိုင်း ထိုသူများ လေထဲ လွင့်ထွက်သွားကာ ကိုယ်တီးလုံးဖြင့် မြေပေါ်လိမ့်သွားရစမြဲဖြစ်သည်။


"သုံး..."


"လေး..."


"....."


".........


"ငါအခု နံပတ် ဘယ်လောက်ထိရောက်ပြီလဲ..."


ရုတ်ရက် ရေတွက်မှုကို မေ့သွားသောကြာင့် သူ မျက်လုံးအသာလှန်လိုက်မိသည်။


စားသောက်ဆိုင်၏ ရှေ့တွင် နန်ကုန်းဝူချယ်က ထိုမြင်ကွင်းကို မျက်လုံးပြူးများဖြင့် ကြည့်နေသည်။မယုံကြည်နိုင်မှုကြောင့် ပါးစပ်အဟောင်းသားပွင့်နေလေ၏။


"သူက အဆင့်တစ်ခုကို ရောက်နေတဲ့ လူလိုမျိုးပဲ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နေတာပါလား...ဒါက ဟလေးကော ဟုတ်ရဲ့လား...အမြဲတမ်း အစပ်ချောင်းအတွက် အော်ဟစ်နေတဲ့ ဟလေးဟုတ်ရဲ့လား...ဒီဟလေးက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ထိ မိုက်ရတာလဲ..."


ထိုပုံစံဖြင့် ဟလေးက အလွန်ပင် ကြည့်၍ ကောင်းလှသည်။


နန်ကုန်းဝမ်က သူမ၏ မျက်ဝန်းများကို လက်ဖြင့်ကာထားသည်။သူမ၏ မျက်နာကလည်း ရှက်ရွံ့မှုဖြင့် ရဲရဲနီနေလေသည်။


"ပိုင်ရှင်ပု နင်ကလေ တကယ်ကို အရှက်မရှိဘူး..."


ပုဖန် နန်ကုန်းဝမ်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။


ကိုယ်တီးလုံးနဲ့ လမ်းမှာ လဲနေတဲ့သူမဟုတ်ဘူးလေ...ဘယ်လိုဖြစ်ပြီး သူက အရှက်မဲ့တဲ့သူ ဖြစ်ရတာလဲ...


ဝှိုက်တီ မျက်ဝန်းများက မီးခိုးရောင်တောက်ပနေသည်။ဝှိုက်တီ သူ့၏ ခေါင်းကို အသာအယာပွတ်သပ်လိုက်ပြီး တခြားသူများ၏ အဝတ်အစားများကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ချွတ်နေသော ငရဲဘုရင်ကိုကြည့်လိုက်သည်။သူ ဘာလုပ်ရမည်မသိ လမ်းပျောက်နေလေသည်။


နယ်သာရီ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။သူမ၏ ရှေ့က မြင်ကွင်းကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ကြည့်နေလေ၏။ထို့နောက် သူမ၏ ခန္ဓာကိုယ်က လေထဲမျောလွင့်သွား၏ သူမကိုကြည့်ရသည်မှာ ထိုလှုပ်ရှားမှုထဲတွင် ပူးပေါင်း ပါဝင်ချင်ပုံရလေသည်။


"မလုပ်ပါနဲ့ ငါတို့ စကားကောင်းကောင်းမွန်မွန်ပြောရအောင် ..."


"မင်း... အရှက်မဲ့တဲ့ နှာဘူး ထွက်သွားစမ်း..."


" မလုပ်ပါနဲ့....ငါ့ရဲ့ အဝတ်အစားအသစ်လေးကို မဖြဲလိုက်ပါနဲ့..."


ဆေးနန်းတော်မှ သူများက ရူးသွပ်နေပေပြီ။ထိုကိုယ်ဗလာဖြင့် ပျံသန်းသွားသော အဖွဲ့ဝင်များကိုကြည့်၍ သူတို့၏ မျက်ဝန်းများက မှောင်မဲနေကာ အတွေးများ ပရမ်းပတာ ဖြစ်နေလေသည်။


သူတို့အတွက် ငရဲဘုရင်က ကြောက်မက်ဖွယ်ကောင်းလှသော မကောင်းဆိုးဝါးတစ်ကောင်နှင့်တူလေသည်။သူတို့ကြားထဲတွင် အမျိုးသမီး အနည်းငယ်လည်းရှိနေသည်။သူမတို့၏ မျက်နများက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သူတို့၏ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ်ကာထားလေသည်။သူတို့ ဒီနေရာမှ ထွက်ပြေးလွတ်မြောက်လိုကြ၏။


ခပ်လှမ်းလှမ်းတွင်ရှိနေသော ကိုယ်တီးလုံးခန္ဓာကိုယ်များက ထိုအမျိုးသမီးတို့၏ နှလုံးသားက်ို ခုန်ပေါက်စေပြီး ကြောက်ရွံ့မှုဖြင့် ငိုကြွေးတော့မလိုပင်ဖြစ်စေသည်။


"ကျေးဇူးပြုပြီး မလုပ်ပါနဲ့..."


ငရဲဘုရင်က လူပို၍ အဝတ်အစားချွတ်လေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လေသည်။သူ့၏ ချောင်းတစ်ချက်အမြောက် လူတစ်ယောက်နှုန်းဖြင့် ထိုအခိုက်အတန့်ကို ပျော်ပျော်ကြီးဆင်နွှဲနေလေသည်။


သူ့၏ ပျော်ရွှင်တက်ကြွမှုအမူအရာက တခြားသူများ၏ မျက်ဝန်းထဲတွင်တော့ ရက်စက်လှသော မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သာ မြင်ရလေသည်။


ဒီလူက ရူးသွပ်နေတယ်...


ပုဖန်ကို မြူကောင်းကင်မြို့ထဲက မောင်းထုတ်ဖို့ဟုတ်လား...ဒီစားသောက်ဆိုင်ကို ချိတ်ပိတ်ပစ်မယ်ဟုတ်လား...


ယခုလက်ရှိ၌ သူတို့အားလုံးက ထိုကိစ္စလာရင်းကိစ္စကို မေ့လျော့သွားကြပေပြီ။ဒီနေရာမှ ထွက်ပြေးလွတ်မြောက်ရန်သာ စိုးရိမ်ပူပန်နေကြ၏။သူတို့ အဝတ်အစားချွတ်မခံချင်ပေ။တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်ပြီးနောက် ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။


အဝတ်အစားချွတ်ခံလိုက်ရသော သူများထဲမှ လူအနည်းငယ်ကလည်း သူတို့၏ သိုလှောင်ကိရိယာများထဲမှ အဝတ်အသစ်တစ်စုံကို အလျင်အမြန်ပင်ဆွဲထုတ်လိုက်ကြသည်။


သူတို့ အဝတ်အစားဝတ်ပြီးသည့်အခိုက်အတန့်မှာပင် မြင်ကွင်းထဲတွင် လက်ညှိုးတစ်ချောင်းထွက်ပေါ်လာပြန်သည်။လေထဲသ်ို့ လွင့်တက်သွားပြီးနောက် အဝတ်အစားများ ထပ်မံ ဆုတ်ဖြဲခံလိုက်ရ၏။


ဒီတစ်ကြိမ် သူတို့၏ ခန္ဓာကိုယ်ကို လေအေးများဖြတ်တိုက်သွားပြန်သည်။ဒီခံစားချက်က နှိုင်းစရာစကားမဲ့လွန်းလှသည်။ဒီစားသောက်ဆိုင်က မကောင်းဆိုးဝါးပဲ...


ငရဲဘုရင် မျက်ဝန်းများမှေးစင်း၍ နှုတ်ခမ်းပါးများကို လျှာဖြင့် သပ်လိုက်သည်။


"အခုခေတ်လူတွေက ဘယ်လိုကောင်းကောင်းပျော်စရာရှာရလဲဆိုတာကို သိနေတာပဲ...ဒီအဝတ်ချွတ်တဲ့ ကစားနည်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်..."


နောင်တစ်ချိန် သူငရဲကမ္ဘာသို့ ပြန်ရောက်သည့်အခါတွင်လည်း ဒီကစားနည်းကို စမ်းကြည့်သင့်ပေသည်။


ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခုက ငရဲဘုရင်၏ နှလုံးသားဆီသို့ ဦးတည်လာလေသည်။သို့သော်လည်း ထိုစွမ်းအင်လှိုင်းက ပျောက်ကွယ်သွားပြီး အနောက်ဘက်တွင် စည်းတံဆိပ် အစီအရင်တစ်ခု ကျန်ခဲ့လေသည်။


ငရဲဘုရင်ဘေးကလူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်လဲကျသွားလေသည်။


ဆေးအဆောက်အဦးမှ ကျွမ်းကျင်ပညာရှင်များက တဖြေးဖြေးချင်း ပြန်ထလာပြီးနောက် ငရဲဘုရင်ကို ကြောက်မက်ဖွယ်ကောင်းစွာ စိုက်ကြည့်လိုက်သည်။ထိုသူများက သွေးအန်လုနီးပါးပင်ဒေါသထွက်နေကြ၏။


"ဒါက မင်းတို့ဆိုင်ကို စည်းခတ်တဲ့ အစီအရင်လား...လုံးဝအမှိုက်ပဲ..."


 ငရဲဘုရင်က သူတို့၏ အမူအရာကို လျစ်လျူရှူထားလိုက်သည်။သူ့၏ အကြည့်များက စားသောက်ဆိုင်ကို လှောင်အိမ်တစ်ခုသဖွယ်ဖုံးကာထားသော အစီအရင်ပေါ်သို့ ကျရောက်သွားသည်။


သူနှုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီးနောက် အစီအရင်ကို လက်ဖြင့် အသာအယာထိလိုက်သည်။နားကွဲလောက်ဖွယ်အသံကျယ်များထွက်ပေါ်လာပြီး အစီအရင်က တစ်စစီ ဆုတ်ပြဲလာလေသည်။


ငရဲဘုရင်၏ လက်က ထပ်မံမြောက်တက်လာပြီး မြောက်များလှစွာသော သူများကို အဝတ်အစားများ ထပ်မံ ချွတ်ပစ်လိုက်ပြန်သည်။


ခရက်ရှ်...


လေထဲမှနေ၍ ငရဲဘုရင်၏ လက်ထဲသို့ ဆေးလုံးများစွာကျလာသည်။ငရဲဘုရင် သူ့လက်ထဲမှ ဆေးလုံးများကို ကြည့်လိုက်ပြီး ပဲလှော်ဝါးသကဲ့သို့ ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။


သူ တစ်ချက်နှစ်ချက်မျှ ဝါးလိုက်ပြီးနောက် မြိုချလိုက်၏။သူ့၏ မျက်ခုံးများ စုကျုံ့သွားပြီးမကောင်းသည့်အရာတစ်ခုကို စားလိုက်ရသလိုမျိုး ရှုံ့တွသွားလေသည်။ဆေးအဆောက်အဦးမှ သူများက ငရဲဘုရင်၏ အမူအရာကိုကြည့်၍ သူတို့ စိတ်ထဲမှ နာကျင်မှူကို ခံစားလိုက်ရသည်။


သူ စားလိုက်သည်က သူတို့သန့်စင်ထားသော အမှတ်၆ ဆေးလုံးများဖြစ်သည်။သို့သော်လည်း သူက ဘာကြောင့်ရှုံ့မဲ့နေရပါသနည်း။


သူကိုယ်သူ အီးစားမိလိုက်သည်ဟု ထင်နေသည်လား...သူတို့ သန့်စင်ထားနဲ့ ဆေးလုံးတွေကို အထင်သေးနေတာလား...


ကျင့်ကြံသူတစ်ယောက်က သူ့၏ အရှက်ကွဲမှုကြောင့် တောင့်မခံနိုင်တော့ပဲ သွေးတစ်လုတ်အန်လိုက်ရသည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်ကို လက်ဖြင့်ဖုံးကာရင်း သူခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။သူရှေ့မှ ကိုယ်တီးလုံးနှင့်လူများကို မျက်နာသေဖြင့်ပင်ကြည့်နေသည်။


"ငါပြောချင်တာကတော့...မည်သူမဆို ငါဆိုင်ကို လာပြီး စားစရာတွေ မှာစားနိုင်တယ်...ဒါပေမယ့် ဒီနေရာမှာ ပြဿနာလာရှာမယ်ဆိုရင်တော့ ...မင်းတို့ အဝတ်တစ်စက်မှ မကပ်အောင် ချွတ်ပစ်လိုက်မယ်...ပထမအကြိမ်အနေနဲ့ မင်းတို့ရဲ့ အဝတ်အစားတွေ ချွတ်ပြီး လွင့်ပစ်မယ်...

 ဒုတိယအကြိမ်ဆိုရင်တော့...မင်းတို့ကို သတ်ပစ်မယ်..."


ပုဖန်၏ စကားသံက ထိုသူများ၏ နားထဲ ပဲ့တင်ထပ်နေလေသည်။သူတို့က အဆင့်မြင့်ပညာရှင်များဖြစ်နေသော်လည်း ထိုစကားသံကြောင့် ကျောရိုးတစ်လျှောက်စိမ့်တက်သွားမှုကို ခံစားလိုက်ရ၏


သူတို့ တံတွေးတစ်လုတ်မြိုချလိုက်ကာ ငရဲဘုရင်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်သည်။


ဆိုင်ထဲတွင်ရှိနေသော စွမ်းအားကြီးလှသော ခွေးဝတုတ်, ငရဲကမ္ဘာအမျိုးသမီး, ကြမ်းတမ်းရက်စက်လှတဲ့ ရုပ်သေးရုပ် ...ဒီဟာက စားသောက်ဆိုင်ကော ဟုတ်ရဲ့လား...ကြောက်ဖို့ကောင်းလွန်းတယ် ဒါကြောင့် သူတို့က ရှေးဟောင်းရှုရမြို့တော်ကလူကို မကြောက်မရွံ့သတ်လိုက်တာကို ဒါကြောင့်မလို့ သူတို့က ရှေးဟောင်းရှုရမြို့တော်ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်ကို ခိုးရဲတာကို...


"မင်းက ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ ဒီနေရာက ဆေးနန်းတော်ရဲ့ နေရာပဲ ဆေးနန်းတော်က မင်းကို ဒီနေရာမှာ လက်မခံဘူး...."


ကျင့်ကြံသူတစ်ယောက်က မျက်နာပြောင်ပြောင်ဖြင့်ပင် ပြောလိုက်သည်။


ထိုနောက်သူ့၏ ခန္ဓာကိုယ်အောက်ပိုင်းကိုအတက်နိုင်ဆုံး ဖုံးကာရင်း ထွက်ပြေးသွားလေသည်။တခြားသူများကလည်း ထိုလူနောက်မှလိုက်၍ ထွက်ပြေးသွားကြ၏။


နယ်သာရီ ထိုသူများ၏ နောက်ကျောကိုကြည့်၍ သူမ၏ စိတ်ထဲတွင် အနည်းငယ် နောင်တရမှုကို ခံစားရလေသည်။


ငရဲဘုရင် မအီမသာခံစားနေရပြီး သူ့၏ ခြေထောက်များပင် တုန်ရီနေလေသည်။သူ ပုဖန်ကို ဖြူဖျော့သော မျက်နာဖြင့် ကြည့်လိုက်သည်။


"ကောင်ငယ်လေး ဒီဘုရင်က မကောင်းတာ တစ်ခုခု စားလိုက်မိတယ်...ငါ ကုစားဖို့အတွက် အစပ်ချောင်းစားဖို့ လိုတယ်..."


ပုဖန်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။သူငရဲဘုရင်၏ ဆိုးဝါးလှသည့် အမူအရာကို ကြည့်ပြီးနောက် မည်သည့်စကားမှ မဆိုတော့ပဲ လက်တစ်ချက်ဝှေ့ယမ်းလိုက်၏ ငရဲဘုရင်၏ လက်ထဲသို့ အစပ်ချောင်း သုံးချောင်းရောက်သွားလေသည်။


အစပ်ချောင်းများ ရပြီးနောက် ငရဲဘုရင်၏ ခံစားချက်များက ပြောင်းလဲသွားလေသည်။သူက နောက်တစ်ဖန် ရှင်သန်လာသလိုမျိုး တက်ကြွစွာဖြင့် တခြားတစ်ဘက်သို့ ပြေးသွားလိုက်သည်။ထို့နောက် အစပ်ချောင်းများက်ို စတင်၍ စုပ်စားလေသည်။ကောင်းမွန်လှသော အစပ်အရသာက မရပ်တန့်နိုင်အောင် ဆွဲဆောင်ထားပေသည်။


နန်ကုန်းဝူချယ် ငရဲဘုရင်ကိုကြည့်၍ လျှာကိုက်လိုက်မိသည်။သူ နောက်ထပ် ကမ္ဘာသစ်တစ်ခုကို ရှာတွေ့လိုက်သလိုပင် ခံစားလိုက်ရ၏။ငရဲဘုရင်နားသို့ သွားလိုက်ပြီး မျက်ဝန်းတောက်တောက်များဖြင့် မေးလိုက်သည်။


"ဟလေး တခြားသူတွေကို အဝတ်အစားချွတ်ပစ်တာ အရမ်းမိုက်တာပဲ အဲ့ဒီ အဝတ်ချွတ်လက်ချောင်းသိုင်းမျိုး ငါ့ကိုကော သင်ပေးလို့ရလား..."


ငရဲဘုရင် အစပ်ချောင်းကို လျက်နေရင်းဖြင့် နန်ကုန်းဝူချယ်ကို မော့ကြည့်လိုက်သည်။


"ကောင်းပြီလေ ငါသင်ပေးလို့ရတယ် အစပ်ချောင်း ငါးချောင်းပဲ ကျသင့်တယ်..."


နန်ကုန်းဝူချယ် ပြောစရာစကားမဲ့သွားသည်။


"ဒီအစပ်ချောင်းရူးကတော့ ..."


......


ကောင်းကင်ဆေးမြို့တော်ရှိ လေထုထဲတွင် ကြမ်းတမ်းပြင်းထန်လှသော အော်ရာများ ပြည့်နှက်နေသည်။ကြယ်မျှော်စင်မှ ကျွမ်းကျင်ပညာရှင် ခေါင်းဆောင် လော့တန်ချင်းတို့က ဝင့်ကြွားစွာဖြင့် ရပ်နေကြသည်။


သူတို့၏ နက်ရှိုင်းလှသော အကြည့်များက မလှမ်းမကမ်းဆီသို့ စူးစူးစိုက်စိုက်ကြည့်နေလေ၏။ကောင်းကင်ဆေးမြို့တော်၏ ဂိတ်တံခါးက တဖြေးဖြေးချင်း ဖွင့်ဟလာသည်။ဂိတ်တံခါးဖွင့်သံက ငရဲကြီးရှစ်ထပ်မှ အော်ဟစ်သံများကဲ့သို့ပင် ကျယ်လောင်လှ၏။


မြို့တော်၏ အပြင်ဘက်တွင် ရက်စက်ကြမ်းကြုတ်လှသော ရှုရတပ်မှ လူများက ဆေးမြို့တော်မှ သူများကို စူးစိုက်စွာ ကြည့်နေကြသည်။


ရှုရအရှင်သခင်က တိုက်ပွဲ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။သူ့၏ ရှုရဓားကို လွှဲယမ်းရင်း ဆိုးညစ်စွာ ပြုံးနေလေသည်။သူ့၏ အကြည့်စူးစူးများက လေဟာနယ်ကို ဖြတ်သန်းပြီး ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းဆီသို့ ကျရောက်နေ၏။


စစ်ပွဲ စတင်လေပြီ။