အခန်း ၆၁၀
ကျောက်စိမ်းမျက်နှာ လော့တန်ချင်း...
မြူကောင်းကင်မြို့ ဆေးအဆောက်အဦး...
လေဟာနယ်ကို ဖြတ်သန်းလာသော စစ်သင်္ဘောတစ်စင်းက ဆေးအဆောက်အဦး၏ အရှေ့သို့ ဆင်းသက်လာသည်။ထိုစစ်သင်္ဘောထဲမှ လူတစ်ယောက်၏ ပုံရိပ် ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။ထိုသူဝတ်ဆင်ထားသော ရှည်လျားလှသော ဝတ်ရုံက အနောက်တွင် တရွတ်တိုက်ဆွဲပါလာ၏။
ထိုသူက လက်နှစ်ဖက်ကို နောက်ပစ်၍ အဆောက်အဦးအတွင်း ဝင်လိုက်သည်နှင့် လေးစားမှု အပြည့်ဖြင့် စောင့်နေသော မဟာသခင် ရွှမ်မင်နှင့် အခြားသူများကို တွေ့လိုက်ရသည်။
....
ဆေးအဆောက်အဦးအတွင်း တိတ်ဆိတ်ငြိမ်သက်နေသောလျို့ဝှက်ခန်း နေရာ၌ ပဉ္စမမြောက် အကြီးအကဲ တမလင်ခွေ၍ ထိုင်နေသည်။သူ သွေးချောင်းများ ဆိုးနေသောကြောင့် မျက်နာပင် ပြာနှမ်းလာ၏။
ထိုအချိန် တံခါးပွင့်သွားပြီး လူတစ်ယောက် လျှောက်ဝင်လာသည်။
"ပဉ္စမ...ကြည့်ရတာ မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ ..."
ပဉ္စမ အကြီးအကဲက ထိုသူကို မော့ကြည့်လိုက်သည်။
"တတိယအကြီးအကဲ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ..."
တတိယအကြီးအကဲက ပြုံးလိုက်သည်။
"ငါက ဘာလို့ ဒီကို မလာရမှာလဲ...ရှုရအရှင်သခင်က သူ့ရဲ့ တပ်ကို ဦးဆောင်ပြီးတော့ မြို့ကို လာတိုက်ခိုက်နေပြီ...နန်းတော်သခင်က သူစစ်ပွဲ ဆင်နွှဲနေစဉ်အတွင်း ငါ့ကို ဒီကို လာဖို့ ညွှန်ကြားလိုက်တယ်..."
ပဉ္စမအကြီးအကဲ၏ မျက်နာက မဲမှောင်သွားသည်။
"ရှုရတပ် ...နန်းတော်သခင်က အဲ့ဒါကို တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်မဟုတ်လား..."
တတိယအကြီးအကဲက အသာအယာ ခေါင်းခါယမ်းလိုက်ရင်း အခန်းအတွင်းတွင် ဝင်ထိုင်လိုက်သည်။
"ဒီတစ်ခါ ကျူးကျော်မှုက ခြားနားတယ်...ဒီကိစ္စထဲမှာ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးလည်း ပါဝင်နေတယ်...ဒီနေရာက ကိစ္စတွေ လုပ်ပြီးတာနဲ့ စစ်ပွဲကို ပြန်သွားရမယ်...အခုအခြေအနေကလည်း ဆိုးဝါးနေတယ်...လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက ဆေးနန်းတော်ရဲ့ အဂ္ဂိရတ်ပညာကျွမ်းကျင်မှုအပေါ်ကို အုပ်မိုးချင်နေတယ်ဆိုတာ ထင်ရှားနေတယ်...အဲ့ဒါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အစားကြူးတောင်ကြားမှာ ဖြစ်ခဲ့တာနဲ့ တူတူပဲ..."
ထိုစကားပြောပြီးသည်နှင့် အခန်းထဲတွင် အချိန်ခဏမျှ တိတ်ဆိတ်သွားလေသည်။ထို့နောက် တတိယအကြီးအကဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ပဉ္စမ မင်း လျှို့ဝှက်နယ်မြေ အတွင်းက ထွက်လာတုန်းက ဆံပင်ဖြူနဲ့ ကောင်မလေးတစ်ယောက်ကို မြင်ခဲ့လား..."
"မင်းပြောတဲ့ ဆံပင်ဖြူနဲ့ ကောင်မလေးက ပဉ္စလက် စုဝေးပွဲမှာ ဒုတိယရခဲ့တဲ့ နတ်ဆိုးဖြူ ကျန်းလင်လား..."
"ဟုတ်တယ် သူမပဲ...ငါ့ရဲ့ မပြည့်စုံတဲ့ တပည့်လေးပါ...သွေးချွေးအချိန်နဲ့ ရင်းခဲ့ပြီး သုံးနှစ်အကြာမှာ သူမ ချန်ပီယံဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ငါထင်ထားခဲ့တယ် ဒါပေမယ့် သူမ ကျရှုံးခဲ့တယ်..."
တတိယအကြီးအကဲက နောင်တဆွတ်နေသော အသံဖြင့် ပြောလိုက်သည်။
"အဲ့ဒီကောင်မလေးက အဆင်ပြေပါတယ်....သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်ဆိုပေမယ့် ငါရဲ့ သက်စောင့်ဆေးကို စားပြီးတော့ အခြေအနေက တော်တော်တည်ငြိမ်သွားပြီ...လျှို့ဝှက်နယ်မြေအတွင်းမှာ နတ်ဆိုးသားရဲတွေ ထွက်ပေါ်လာမှုက ပဟေဋိဆန်နေတယ် ငါပြန်လည် သက်သာလာပြီဆိုရင် အမှန်တရားကို ရှာဖွေရဦးမယ်..."
ကျန်းလင်အဆင်ပြေသည်ကို ကြားပြီးနောက် တတိယအကြီးအကဲစိတ်သက်သာရာရသွားသည်။ထို့နောက် ပဉ္စမအကြီးအကဲမှတစ်ဆင့် ကျန်းလင်ဆီ အမှာစကားပါးခဲ့လိုက်သည်။
"ငါ့ရဲ့ တပည့် မင်းဆရာညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပြီး ကြီးမြတ်တဲ့ လူကို အောင်အောင်မြင်မြင် ဆင့်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...
....
တိမ်ခိုးစားသောက်ဆိုင်...
မိုးသဲသဲမဲမဲရွာသွန်းနေသောကြောင့် ဆူညံသံများ ဖြစ်ပေါ်နေသည်။
တိမ်ခိုးစားသောက်ဆိုင်ရှေ့တွင် ကိုယ်တီးလုံးဖြစ်နေသော ကျင့်ကြံသူများက ကောင်းကင်ထက်သို့ ပျံသန်း၍ အလျင်အမြန် ပျံသန်းထွက်ပြေးသွားကြသည်။
သူတို့၏ စိတ်ကူးထဲ၌ပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော အခန်းကဏ္ဍအကြာင်းကို ထည့်မစဉ်းစားခဲ့မိပေ။
ပုဖန်က ထိုသူများ ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးမှ မီးဖိုခန်းထဲသို့ ပြန်လည်ဝင်လာလိုက်သည်။
အခြားတစ်ဘက်တွင် ငရဲဘုရင်က အစပ်ချောင်းများကို ကိုင်ရင်း စားသောက်ဆိုင်ထဲ လမ်းပတ်လျှောက်နေလေသည်။
နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်တွင်ခြေချ၍ အေးအေးသက်သာစွာ ထိုင်နေလေသည်။
ဘလက်ကီက သိမြင်မှု သစ်သီးပင်အောက်တွက် အိပ်ပျော်နေ၏ အသက်တစ်ခါရှုလိုက်တိုင်း ပြည့်ဖြိုးနေသည့် အဆီပြင်များက တလှုပ်လှုပ်လှုပ်ခါသွားသည်။
ရှစ်လေးက ဆိုင်ထဲတွင် အေးဆေးစွာပင် ပတ်လျှာက်နေသည်။
ငါးလမ်းကြောင်းသိမြင်မှု သစ်သီူပင်မှ ထုတ်လွင့်နေသော သန်မာသည့် စိတ်ဝိညာဉ် စွမ်းအင်များက ဆိုင်ထဲ ပြည့်နှက်နေလေသည်။
ဝှိုက်တီက မီးဖိုချောင်ထဲရှိ သူ့နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး ပုစွန်ပိစိက သူ့၏ ခေါင်းပြောင်ပြောင်းထက်တွင် အေးအေးသက်သာ အနားယူနေသည်။
နန်ကုန်းမောင်နှမနှင့် အခြားစားသုံးသူများကလည်း သူတို့၏ စားစရာများကို ဆက်လက်၍ စားသောက်နေကြသည်။သိပ်မကြာခင်တွင် နန်ကုန်းဝူချယ်က အစပ်ချောင်းသရဲ ငရဲဘုရင်ကို ဆွဲ၍ ခေါ်ထုတ်သွားသည်။
ရုတ်တရက် စားသောက်ဆိုင်ဝန်းကျင်က အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ပုဖန် သူ့၏ အလုပ်များ ပြီးစီးပြီးနောက် ခုံတစ်ခုံကို ဆွဲယူ၍ ဆိုင်ဝတွင် ထိုင်လိုက်သည်။သူ မိုးရေစက်များကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်၏။
စိတ်သက်တောင့်သက်သာ ခံစားရမှုက အတော်လေး ကောင်းမွန်ပေသည်။မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် မြင်ကွင်းများက ခပ်ဝါးဝါးသာ ဖြစ်နေ၏။ပုဖန်က ခုံကျောမှီကို မှီချလိုက်ပြီး မျက်လုံးများ အသာမှိတ်လိုက်သည်။ခဏအကြာတွင် သူ့ဆီမှ ဟောက်သံ သဲ့သဲ့ကို ကြားလိုက်ရလေသည်။
....
ကောင်းကင်ဆေးမြို့တော်၏ အပြင်ဘက် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများဖြင့် ပြည့်နှက်နေသည်။
ရှုရစစ်သားများက သူတို့၏ အော်ရာများကို ချိတ်ဆတ်၍ ကောင်းကင်ထက်ဆီသို့ ပစ်လွှတ်နေသည်။သူတို့၏ စွမ်းအင်များက လေဟာနယ်ကိုဖြတ်သန်းသွားပြီး ကောင်းကင်ဘုံထိတိုင်အောင် ထိုးဖောက်ချင်ပုံရလေသည်။
ရှေးဟောင်းရှုရမြို့တော်မှ အသန်မာဆုံး စစ်သည်တော်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသည်။သူ့၏ နောက်မှ စိတ်ဝိညာဉ် သံကြိုးများကလည်း ပြင်းထန်သည့် အရှိန်အဝါများကို ထုတ်လွင့်ပြီး တလှပ်လှပ်ယမ်းခါနေ၏။
ရှုရအရှင်သခင်က တိုက်ပွဲ ဝတ်စုံပြည့်ဝတ်ဆင်ထားသည်။သူ့၏ နတ်ဆိုးဆန်စွာ ချောမောလှသော မျက်နာထက်တွင် အပြုံးသဲ့သဲ့ရှိနေသည်။
သူက အဓိပ္ပါယ်ဖော်မရသော အပြုံးဖြင့် ပွင့်ဟနေသော ကောင်းကင်ဆေးမြို့တော်၏ မြို့ရိုးတံခါးကို ကြည့်နေသည်။
ရှုရတပ်များ၏ အလယ်တွင် စစ်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်လည်းရှိနေ၏။ရှေးဟောင်းရှုရမြို့တော်၏ မြင့်မြတ်သော မိန်းမပျိုက ကြီးမားလှသော ဘုံကို အားပါးတရ ရိုက်ခတ်လိုက်သည်။
မိုးခြိမ်းသံကဲ့သ်ို့ ကျယ်လောင်လှသော စစ်ဘုံသံက အားလုံး၏ သွေးများကို ဆူပွက်လာစေသည်။ရှုရတပ်မှ စစ်သည်တော်များက စိတ်အားထက်သန်စွာဖြင့် တိုက်ပွဲဟစ်ကြွေးသံများကို ဟစ်ကြွေးလိုက်လေသည်။
ထက်မြေ့လှသော နတ်ဘုရားတစ်ပိုင်းလက်နက်နှင့်ပင် တူသည့် ရှုရစစ်တပ်က ရှိရှိသမျှအရာရာတိုင်းကို ဖျက်စီးပစ်တော့ပုံပေါ်လေသည်။ဆေးနန်းတော်မှ သူများကို ထိုမြင်ကွင်းကို စိတ်မသက်မသာဖြင့် ကြည့်နေကြသည်။
"အဲ့ဒါက ရှုရစစ်တပ်ပဲ ...ရှုရအရှင်သခင်က အားအင်အပြည့်နဲ့ သူ့စစ်တပ်ကို ပြန်လည် ဦးဆောင်နိုင်နေပြီပေါ့ ဒါကြောင့်မလို့ သူက ဆေးနန်းတော်ကို စိန်ခေါ်ရဲတာပဲ..."
မြို့ရိုးတံတိုင်းပေါ်ရှိ အဂ္ဂိရတ်ပညာရှင်များက သွေးဆာရက်စက်လှသော ရှုရစစ်တပ်ကို ကြည့်နေကြသည်။သူတို့၏ စိတ်အားထက်သန်ပြီး ရက်စက်ကြမ်းကြုတ်လှသော စိတ်ဝိညာဉ်များက အဂ္ဂိရတ်ပညာရှင်များ၏ မျှော်လင့်ချက်များကိုပင်ထိုးကျသွားစေသည်။
ပြင်းထန်လှသော ဖိအားများက မြို့ရိုးတံတိုင်းဆီသို့ တိုက်ရိုက်ကျရောက်လာသောကြောင့် အဂ္ဂိရတ်ပညာရှင်များ၏ မျက်နာက တုန်ယင်သွားကြသည်။သူတို့က အဂ္ဂိရတ်ပညာရှင်များသာဖြစ်ကြသည်။သူတို့၏ ကျင့်ကြံဆင့်က အားမနည်းဘူးဆိုသော်လည်း ရှုရစစ်တပ်နှင့် ရင်ဆိုင်ရသောအခါတွင် တောင်ကို ခေါင်းနှင့် ပြေးဆောင့်သကဲ့သို့ပင် သွေးပင်လယ်ဝေသွားလေသည်။
မြို့ရိုးထိပ်တွင် ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းက တည်ငြိမ်စွာ ရပ်နေသည်။သူ့၏ မျက်နာအမူအရာက ပြောင်းလဲမှု မရှိဟုထင်ရသော်လည်း သူ့၏ မျက်တောင်လေးများက အနည်းငယ် လှုပ်ခတ်နေ၏။
သူက ကျားများဝံပုလွေများကဲ့သို့ ခက်ထန် ကြမ်းကြုတ်လှသော တပ်ကို ကြည့်နေသည်။သူ့၏ အကြည့်များက ဓားရှည်ကို ဆွဲကိုင်ထားသော လူဆီသို့ ကျရောက်နေ၏။မှန်ပေသည် ထိုသူက အလွန်ပင် ဝင့်ကြွားလှသော ရှုအရှင်သခင်ပင်ဖြစ်သည်။
လေထဲတွင် သူတို့၏ အကြည့်များ ထိပ်တိုက်တွေ့ဆုံသွားပြီးချိန်၌ လျှပ်စီးများလက်သွားသလိုပင် ထင်ရသည်။
"ဆေးနန်းတော်ရဲ့ အရှင်သခင် လော့တန်ချင်း ...မင်းက အဆင့် ၃ဆင့် ရောက်နေပြီဖြစ်တဲ့ ...စိတ်ဝိညာဉ် မသေမျိုးဝိညာဉ် ပညာရှင် တစ်ယာက်လို့ ပြောကြတယ်...မင်းက ပုန်းကွယ်နဂါးကုန်းမြေတိုက်ကြီးထဲက အသန်မာဆုံးလူတွေထဲက တစ်ယောက်ပေမယ့်လည်း အင်အားကြီးတဲ့ လူတွေက်ို စိန်ခေါ်ရတာသဘောကျတယ် ...အခု ငါမင်းကို ငါရဲ့ ရှုရဓားနဲ့ စိန်ခေါ်ချင်တယ် ..."
ရှုရအရှင်သခင်က ပြုံး၍ ပြောလိုက်သည်။သူ့၏ ဆီမှ လည်း အလွန်ပင် မောက်မာဝင့်ကြွားလှသော အော်ရာများကို ထုတ်လွင့်နေ၏။လော့တန်ချင်းက အေးဆေးတည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်၏။
"ရှေးဟောင်းရှုရမြို့တော်နဲ့ ငါတို့ ဆေးနန်းတော်ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး...မင်းက ဘာကြောင့် ငါတိုဆေးနန်းတော်ကို တိုက်ခိုက်တာလဲ...စားဖိုမှုးလေး တစ်ယောက်အတွက်တဲ့လား... ဟမ့်...ငါတို့ နှစ်ဘက်လုံးက ပင်မကုန်းမြေတိုက်ကြီးရဲ့ အင်အားစုကြီးနှစ်ခုပဲ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ငါတ်ို့ ဆေးနန်းတော်ကို ဖျက်စီးဖို့ကို ဖြစ်နိုင်ပါ့မလား..."
"မဟုတ်ဘူး....မဟုတ်ဘူး...ဒါတွေက တကယ့်ကို အဲ့ဒီ စားဖိုမှူးလေးအတွက်ပဲ ... ဆေးနန်းတော်ကတော့ စစ်ဆေးမှုရဲ့ အပိုဆုလာဘ်ပေါ့..."
ရှုရအရှင်သခင်က အသံမြင့်၍ ပြောလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း အသာအယာကွေးညွှတ်နေ၏။လော့တန်ချင်းက စကားအပို ထပ်မဆိုတော့ပေ။သူ့၏ အေးဆေးလှသော မျက်နာက နတ်ဆိုးတစ်ကောင်အသွင် ပြောင်းလဲသွားလေသည်။
စစ်ဘုံသံများက ပို၍ပင် ကျယ်လောင်လာသည်။လော့တန်ချင်းက လက်နှစ်ဘက်ကို နောက်ပစ်၍ ဘုံသံကို နားထောင်နေ၏။ထို့နောက် သူ တံတိုင်းနံရံပေါ်တွင် အေးဆေးစွာ လျှောက်လိုက်သည်။သူ့၏လေထဲသို့ ခြေလှမ်းလှမ်းလိုက်တိုင်းက ညီညာပြန့်ပြူးသော မြေပြင်ပေါ် တည်ငြိမ်လာသည်။
သူ့၏ ခြေလှမ်းတိုင်းက အလွန်ပြင်းထန်လှသော ဖိအားများကို သယ်ဆောင်လာလေသည်။ရှုရတပ်၏ မျက်ဝန်းထဲတွင် မဖြိုလှဲနိုင်သော တောင်ကြီးတစ်ခု ပေါ်လာသလိုပင် ထင်မိကြလေသည်။
လူသန်းချီရှိသော ရှုရတပ်က လူတစ်ယောက်ဖြင့် ရင်ဆိုင်တွေ့ကြုံဖြင့်ပင် ထ်ိတ်လန့်ခြောက်ခြားနေပေပြီ ။ဆေးနန်းတော်မှ ကျွမ်းကျင်ပညာရှင်များက လော့တန်ချင်း၏ နောက်ကျောကို စိတ်ကျေနပ်ကြည်နူးမှုများဖြင့် ကြည့်နေကြသည်။ဒါက သူတို့ ဆေးနန်းတော်၏ အရှင်သခင် အနန္တစွမ်းအားရှင် လော့တန်ချင်းဖြစ်သည်။
လှပလှသော အမျိုးသမီး ရှုရမိန်းမပျိုက သူမ၏ ခန္ဓာကိုယ်ကို အသာအယာ လွှဲယမ်းရင်း ဘုံကို စည်းချက်ကျကျတီးခတ်နေသည်။ဘုံသံက အံ့အားသင့်စရာကောင်းလှ၏။
လော့တန်ချင်း၏ အကြည့်များက ရှုရမိန်းမပျိုဆီသို့ သူ ပင့်သက်တစ်ချက် ရှိုက်ထုတ်လိုက်ပြီးနောက် ပါးစပ်ကိုဟ၍ ဟိန်းဟောက်သံတစ်ခု ထုတ်လွင့်လိုက်သည်။သူ့၏ အသံက ချွန်ထက်လှသော လှံတံများသဖွယ် ရှုရစစ်တပ်ကို ဖြတ်သန်းသွားလေသည်။
ရှုရမိန်းမပျို အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။သူ့လက်ထဲမှ ဘုံတီးတုတ်များ အဝေးသို့ လွင့်ထွက်သွား၏။
"ကျောက်စိမ်းမျက်နာ အဂ္ဂိရတ်ပညာရှင် လော့တန်ချင်းရဲ့ တိုက်ခိုက်မှုပေါ့...ဘယ်လောက်တောင် ကောင်းတဲ့ တိုက်ခိုက်မှုလဲ ရှုရအရှင်သခင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူ့၏ စိတ်ဝိညာဉ်မီးတောက်များက အရာရာတိုင်းကို ဝါးမြိုပစ်တော့မလို ထင်ရသည်။
သူ့၏ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သွေးနံ့များ ဖုံးလွှမ်းနေသော ရှုရဓားကို လေထဲသို့ မြောက်တက်လိုက်သည်။ပြင်းထန်လှသော ဓားစွမ်းအင်များက စစ်မြေပြင်ကို ဖုံးလွှမ်းသွားလေ၏။
တိုက်ခိုက်နေကြသူများက လေထဲမှ အရှင်သခင် နှစ်ပါးကို မော့ကြည့်လိုက်ကြသည်။
ရှုရအရှင်သခင်နှင့် ကျောက်စိမ်းမျက်နာ လော့တန်ချင်း ...
လော့တန်ချင်းက ဆက်လက်၍ အသံတိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။သူက အဆင့် ၃ စိတ်ဝိညာဉ် ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သန်မာလှသော စွမ်းအားများက သူ့ဘေးပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်နေလေသည်။
"မင်းက ငါ့မြို့ကို လာတိုက်ခိုက်ရဲတယ်...မင်းက ငါ့ရဲ့ ဒေါသကို လာဆွလိုက်တာပဲ ...ငါတို့ရဲ့ ဆေးနန်းတော်ကို ဘယ်သူမှ လာအုပ်ချုပ်လို့မရဘူး...ငါတို့ မြင့်မြတ်တဲ့ ထိပ်တန်းအဂ္ဂိရတ်ပညာရှင်တွေကို ဘယ်သူမှ လာတိုက်ခိုက်လို့မရဘူး..."
လော့တန်ချင်း၏ မျက်ဝန်းများက ကျောက်စိမ်းရောင်ပြောင်းလဲသွားသည်။သူ့၏။ လက်နှစ်ဖက်ကို ပြန့်ကားလိုက်သည်နှင့် စွမ်းအင်များက စုစည်းလာပြီး လေထဲတွင် ကြီးမားလှသော တောက်ပလှသည့် အစိမ်းရောင်ကြာပန်းတစ်ခု ဖြစ်တည်လာသည်။
ထိုအစိမ်းရောင်ကျောက်စိမ်းက စတင်လည်ပတ်လာပြီး ကောင်းကင်ယံထက်ဆီသို့ မီးတောက်များ ပစ်လွှတ်လေသည်။၎င်းက လော့တန်ချင်း၏ ကောင်းကင်ကမ္ဘာမြေ မီးလျှံ ဖျက်စီးခြင်းကြာပန်းစိမ်းဖြစ်သည်။ကောင်းကင်ကမ္ဘာမြေမီးလျှံကြားထဲတွင် ထိပ်ဆုံးအဆင့် မီးလျှံတစ်ခုဖြစ်၏။
"ဘယ်လို ကောင်းကင်ကမ္ဘာမြေ မီးလျှံအမျိုးအစားပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ငါ့ရဲ့ ရှုရဓားနဲ့ ရင်ဆိုင်မယ်ဆိုရင် အားလုံးက အသုံးမဝင်ဘူး..."
ရှုရအရှင်သခင် မောက်မာ ဝင့်ကြွားစွာ ပြောလိုက်ပြီးနောက် သူ့၏ ဓားစွမ်းရည်များကို ကောင်းကင်ထက်ဆီသို့ ပစ်လွှတ်လိုက်လေသည်။