အပိုင်း ၆၁၂
Viewers 53k

အခန်း ၆၁၂...


မြူကောင်းကင်မြို့ရှိ ပို့ဆောင်ရေးအစီအရင်တွင် ရုတ်တရက် အလင်းများ ဖြာထွက်တောက်ပလာမှုက လူအများကို ကြောင်အသွားစေသည်။


"ဘယ်လိုဖြစ်လို့ ရုတ်တရက် အဲ့ဒီလောက် တောက်ပလာတာလဲ..."


၁၅ မိနစ်ခန့်ကြာပြီးနောက် အစီအရင်ထဲတွင် ပုံရိပ်များစွာ ပေါ်လာသည်။မြူကောင်းကင်မြို့မှ သူများက ထိုအစီအရင်၌ ပေါ်လာသောသူများသည်။ဆေးနန်းတော်၏ ကျော်ကြားလှသော သူများဖြစ်သည်ကို သတိပြုမိသွားကြသည်။


"ဒီလူတွေက ကြယ်မျှော်စင်ကလူတွေမဟုတ်လား...အဲ့ဒါက ဆေးနန်းတော်အရှင်သခင် လော့တန်ချင်းမဟုတ်လား...ဘယ်လိုဖြစ်လို့ သူတို့ မြူကောင်းကင်မြို့ကို လာကြတာလဲ..."


တစ်ချို့က ဇဝေဇဝါ ဖြစ်နေဆဲအချိန်တွင် တစ်ချို့က အကြောင်းအရာတစ်ချို့ကို သတိပြုမိသွားပြီး သူတို့၏ မျက်နာအမူအရာများ ပြောင်းလဲသွားသည်။သူတို့၏ မျက်နာများက အလွန်မှောင်မဲကာ ရုပ်ဆိုးသွားလေသည်။


အစီအရင်ထဲမှ ထွက်လာသော သူများအားလုံး၏ မျက်နာအမူအရာက မှုန်မှိုင်းဝမ်းနည်းနေကြသည်။မကြာခင်မှာပင် သူတို့ မြေပြင်ပေါ် ဒူးထောက်ပြီး စတင် ငိုကြွေးကြလေသည်။


ထိုဧရိယာတစ်ခွင်လုံးတွင် အလွန်တရာ ဝမ်းနည်းပူဆွေးသည့် အသံများပြည့်နှက်သွားသည်။ထိုသတင်းကို ကြားလိုက်ရသော မဟာသခင်ရွှမ်မင်က အလျင်စလို ရောက်ရှိလာသည်။သူရှေ့မှ မြင်ကွင်းကို ကြည့်၍ သူကြောင်အမှင်သက်နေမိသည်။


ထိုအခြေအနေမျိုးကို သူလုံးဝ မတွေးထားခဲ့မိသောကြောင့် မေ့လဲကျတော့မလိုပင် ဖြစ်သွားသည်။ဆေးနန်းတော်မှ ပညာရှင်များနှင့် အရှင်သခင် လော့တန်ချင်းက စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ထို့နောက် ဆေးနန်းတော်၏ နောက်ဆုံးသော မြို့တော်ဖြစ်သော မြူကောင်းကင်မြို့သို့ ဆုတ်ခွာလာခဲ့ရသည်။


"အဲ့ဒီလို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်လာရတာလဲ...ဒီအဓိပ္ပါယ်က ငါတို့ ဆေးနန်းတော်က စစ်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားပြီလား...မကြာခင်မှာပဲ ရှေးဟောင်းရှုရမြို့တော်ရဲ့ လွှမ်းမိုးခြင်းကို ခံရတော့မှာလား..."


လော့တန်ချင်း၏ မျက်နာက မဲမှောင်နေ၏ သူ့၏ ဒဏ်ရာအခြေအနေတည်ငြိမ်သွားကတည်းက သူ့အမူအရာက အချိန်ပြည့် မှောင်မဲနေပေသည်။သူက လူအားလုံးကို ဝေ့ဝဲကြည့်လိုက်ရင်း တည်ငြိမ်စွာပြောလိုက်သည်။


"မင်းတို့အားလုံးရဲ့ အခြေအနေ အကောင်းဆုံးအနေအထားမှာ ရှိနေဖို့ ဂရုစိုက်ကြ ဒီစစ်ပွဲက မပြီးဆုံးသေးဘူး...ရှေးဟောင်းရှုရမြို့တော်က မကြာခင်မှာပဲ မြူကောင်းကင်မြို့ကို တိုက်ခိုက်လာလိမ့်မယ်...ငါတို့မှာ ဝမ်းနည်းကြေကွဲနေဖို့ အချိန်မရှိဘူး..."


နန်းတော်၏ အရှင်သခင်၏ စကားက သူတို့၏ နှလုံးသားများကို တုန်ယင်သွားစေသည်။ထို့နောက် သူတို့ ခေါင်းညိတ်၍ သဘောတူကြောင်းပြလိုက်ကြသည်။


သို့သော်လည်း လူတိုင်း၏ နှလုံးသားထဲတွင် တုန်ယင်ကြောက်လန့်မှုက ရှိနေသေးသည်။အမှန်တိုင်းပြောရလျှင် သူတို့ ဒီစစ်ပွဲအတွက် မျှော်လင့်ချက်များ ပျောက်ဆုံးသွားပြီဖြစ်သည်။


တတိယအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့ကလည်း ထိုသတင်းကို ကြားပြီးနောက် အလျင်စလို လာရောက်တွေ့ဆုံကြလေသည်။တတိယအကြီးအကဲက သူ့မျက်ဝန်းကိုပင် သူမယုံနိုင်ဖြစ်နေမိသည်။


"သူတို့က အဲ့ဒီလောက် မြန်မြန်ကျရှုံးသွားတယ်လား..."


အမှန်တကယ်တွင် သူက ကောင်းကင်ဆေးမြို့တော်ကို သွား၍ စစ်ပွဲ အတွင်း ပါဝင်တိုက်ခိုက်မလို့ ဖြစ်သည်။သို့သော်လည်း အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားသည်။မြို့တော်က ကျဆုံးသွားပြီ ဖြစ်ပြီး သူ လုပ်နိုင်တာဘာမှမရှိတော့ပေ။


"လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက တိုက်ခိုက်လာမှုက သူတို့က ငါတို့ရဲ့ ဆေးနန်းတော်ကို နောက်ထပ် အစားကြူးတောင်ကြားလို ဖြစ်လာအောင် လုပ်ဆောင်ချင်နေတာ..."


လော့တန်ချင်းက တင်းမာခက်ထန်လှသော အမူအရာဖြင့် ပြောလိုက်သည်။နတ်ဘုရားသတ်လင်းလေးကြောင့်သာ မဟုတ်လျှင် သူတို့ ထိုမျှမြန်မြန် ရှုံးနိမ့်သွားလိမ့်မည်မဟုတ်ပေ။ရှုရအရှင်သခင်က သန်မာသည်ဆိုသော်လည်း လော့တန်ချင်းနှင့် အဆင့်တူလောက်သာဖြစ်သည်။


မည်သည့်နည်းနှင့်မှ ကောင်းကင်ဆေးမြို့တော်ကို ထိုမျှ မြန်မြန် အနိုင်ရဖို့ မဖြစ်နိုင်ပေ။


"စားဖိုမှုးလေးကို ရှာနေတယ်လို့ သူတို့ ပေးတဲ့ အကြောင်းပြချက်က တကယ်တမ်းမှာတော့ ဆေးနန်းတော်အပေါ်မှာ သူတို့ဆန္ဒရှိသလို လုပ်ဆောင်နိုင်ဖို့ပဲ...."


သက်စောင့်ဆေးများကို ထုတ်လုပ်သည့် အသိုင်းအဝိုင်းတစ်ခုက တကယ့်ကို ကြီးမားလှသော ဆွဲဆောင်မှုကြီးပင်ဖြစ်သည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက သူတို့၏ လောဘများကို ထိန်းသိမ်းမထားနိုင်တော့ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ကျောင်းယာပစ်ခတ်လိုက်သော မြှားနှစ်စင်းအကြောင်းကို ပြန်စဉ်းစားလိုက်ပြီးနောက် လော့တန်ချင်း၏ မျက်နာက ပို၍ပင် မဲမှောင်သွားသည်။


မှော်ကဝေအန်းရှန့်၏ မျက်နာက အနည်းငယ်ဖြူဖျော့နေသည်။သူမက မောပန်းနွမ်းနယ်နေသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။သူမ မြူကောင်းကင်မြို့သို့ ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


မှန်ပေသည်။သူမ ထိုမျှ သနားစရာကောင်းနေသည့် အခြေအနေနှင့် မြူကောင်းကင်မြို့သို့ ပြန်ရောက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။


"ငါ့အတွက် လျှို့ဝှက်အခန်းပြင်ပေး...ငါ့ရဲ့ ဒဏ်ရာကို ပြန်ကုစားဖို့ လိုအပ်တယ် တတိယအကြီးအကဲ...လူတစ်ချို့ ခေါ်သွားပြီးတော့ အဲ့ဒီစားသောက်ဆိုင်က စားဖိုမှုးလေးကို သွားကြည့်လိုက်...သူက ဘယ်လိုဖြစ်ပြီး ရှေးယောင်းရှုရမြို့တော်က ဆေးနန်းတော်ကို လာရောက်တိုက်ခိုက်တဲ့ အကြောင်းပြချက်ဖြစ်နေရလဲဆိုတာကို သွားကြည့်ကြည့်...တခြားလူတွေ အားလုံးက ကျန်နေသေးတဲ့ အချိန်မှာ ပြန်ပြီးတော့ အားဖြည့်ထား...ဒီဆိုးရွားလှတဲ့ စစ်ပွဲက အခုထိ အပြီးမသတ်သေးဘူး..."


ကောင်းကင်ဆေးမြို့တော် ကျရှုံးသွားခဲ့ပြီ။ ထိုသတင်းက မြူကောင်းကင်မြို့ တစ်ခွင်လုံးသို့ ပြန့်နှံ့သွားခဲ့သည်။ဆေးနန်းတော်၏ နန်းတော်အရှင်သခင် လော့တန်ချင်းက သူ့၏ ပါရမီရှင် တပည့်များအားလုံးကို မြူကောင်းကင်မြို့ဆီသို့ ခေါ်ဆောင်လာခဲ့သည်။မြူကောင်းကင်မြို့က ဆေးနန်းတော်၏ နောက်ဆုံးသော ခံတပ်ပင်ဖြစ်သည်။


ထိုသတင်းများကြောင့် မြူကောင်းကင်မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်နေပေပြီ။ကောင်းကင်ဆေးမြို့တော်သည် ဆေးနန်းတော်ထဲတွင် မြင့်မားသော အဆင့်အတန်း တစ်ခုရှိပြီး ဆေးမြို့တော်သုံးခုထဲမှ အသန်မာဆုံးသော မြို့လည်းဖြစ်သည်။


သို့သော်လည်း တန်ခိုးအာဏာအရှိဆုံးမြို့က ကျရှုံးသွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။နန်းတော်အရှင်သခင်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရ၍ မြူကောင်းကင်မြို့ကို ဆုတ်ခွာလာခဲ့သည်။သူက ဒီနေရာတွင် ခံတပ်အသစ်ပင် တည်ဆောက်နေသေးသည်။မြူကောင်းကင်မြို့က ကျားတစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ ရှုရစစ်တပ်ကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ...


ယခုအချိန်တွင် မြူကောင်းကင်မြို့မှ မြို့သူမြို့သားများက အလွန်ပင် စိုးရိမ်ပူပန် တုန်လှုပ်နေကြသည်။လူများစွာက သူတို့ ဘာလုပ်ရမည်မသိ လမ်းပျောက်နေကြသည်။လူတစ်ချို့ကမူ မြို့က ထွက်ခွာရန် ပြင်ဆင်နေကြလေပြီ ။


သို့သော်လည်း ယနေ့တွင် မြူကောင်းကင်မြို့ကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သောကြောင် မည်သူကိုမှ ထွက်ခွာခွင့်မပြုတော့ပေ။ဆေးမြို့တော်တစ်ခွင်လုံးကြောက်ရွံ့တုန်လှုပ်မှုမျဖြင့် ပြည့်နှက်နေသည်။ထိုကဲ့သို့ ထိတ်လန့်ပူပန်မှုများ၏ ဖိအားအောက်တွင် လူတိုင်းက ရှုရအရှင်သခင် ပြောသွားခဲ့သော ဖျက်မြင်းစားဖိုမှူးကိုသာ အပြစ်တင်နေကြတော့သည်။


သူတို့အားလုံး၏ အခက်အခဲက ထိုဖျက်မြင်းစားဖိုမှူးကြောင့်ဟုသာ ထင်မိကြသောကြောင့် ယခုအချိန်တွင် ထိုသူကို တွေ့ဖို့ အပြင်းအထန် တောင်းဆိုနေကြသည်။မြူကောင်းကင်မြို့သူမြို့သားများအားလုံးက ဒေါသတလူလူထွက်နေကြပေပြီ။


....


နောက်တစ်နေ့ မနက်စောစောတွင် 


သည်းထန်စွာ ရွာသွန်းနေသော မိုးက ရပ်တန့်သွားပြီး ကောင်းကင်တစ်ခွင် ကြည်လင်တောက်ပနေလေ၏။မနက်ခင်းနေရောင်ခြည်နုနုက ပြတင်းတံခါးကို ဖြတ်ကျော်၍ အိပ်ယာပေါ် ဖြာကျလာခဲ့သည်။ပုဖန် မျက်လုံးများ ဖွင့်လိုက်ပြီးနောက် အကြောအချဉ် ဆန့်လိုက်သည်။


ပုဖန် နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။အောက်သို့ ရောက်သည်နှင့် မီးဖိုချောင် အပေါက်ဝတွင် ဝမ်းနည်းနေသည့် အမူအရာဖြင့် ရပ်နေသော ယန်မိန်ကျီကို တွေ့လိုက်ရသည်။


ထွားကြိုင်းကြံ့ခိုင်လှသော မိန်းကလေး ကျီက လူသွားလမ်းကို ကျဉ်းမြောင်းသည်ဟုပင် ထင်ရစေသည်။


"နင်ဒီမှာ ဘာရပ်လုပ်နေတာလဲ..."


ပုဖန် ယန်မိန်ကျီကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။


"ငါက မီးဖိုချောင်ထဲကို ဝင်ချင်တာ ဒါပေမယ့် ဟိုသံဝတုတ်ကောင်က ငါ့ကို မဝင်ခိုင်းဘူး...ငါ ဥထမင်းကြော်လေးတစ်ပွဲလောက် ချက်ချင်တောင်မှပဲ မလုပ်နိုင်တော့ဘူး..."


ယန်မိန်ကျီကို ကြည့်ရသည်မှာ အလွန်ဝမ်းနည်းပုံပေါ်လေသည်။မည်သိုပင်ဆိုစေ သူမက ပုဖန်ကို ဒီဆိုင်လွှဲပြောင်းပေးခဲ့သူဖြစ်သည်။သူမ မီးဖိုခန်းထဲသို့ပင် ဝင်ခွင့်မရတော့ဟု မထင်ထားခဲ့မိပေ။


စားသောက်ဆိုင်တစ်ဆိုင်တွင် မီးဖိုချောင်က အရေးကြီးဆုံးသော နေရာတစ်နေရာဖြစ်သည်။မှန်ပေသည်။အခွင့်မရှိသူများ မဝင်ရပေ။ပုဖန် ယန်မိန်ကျီကို မျက်ဝန်းများ မှေးစင်း၍ ကြည့်လိုက်သည်။သူမ ချက်သော ဥ ထမင်းကြော်က သူ့၏ ပုံမှန်ရနံ့ကိုပင် မပိုင်ဆိုင်ထားသည်ကို သူမှတ်မိသေးသည်။


ထိုအမျိုးသမီး၏ အချက်အပြုတ်ဆိုးဝါးပုံက ကလေးမလေး ရှောင်ယီနှင့်ပင် ယှဉ်နိုင်ပေသည်။ထိုသို့ဆိုလေရာ သူမကို မည်သည့် နည်းဖြင့် အလွယ်တကူ ဝင်ခွင့်ပြုရပါမည်နည်း။


"နင် စားသောက်ခန်းထဲ သွားပြီးတော့ စောင့်နေ ဘာပဲ စားချင်ချင် ပြောလိုက်..."


ပုဖန်က သူမကို ပြောပြီးသည်နှင့် မီးဖိုခန်းထဲသ်ို့ ဝင်သွားလိုက်သည်။ပုဖန်၏ နောက်ကျောကိုကြည့်၍ ယန်မိန်ကျီ ပို၍ ဝမ်းနည်းလာမိသည်။


ဝှိုက်တီ၏ ခရမ်းရောင်တောက်ပနေသော မျက်ဝန်းများက သူမဆီမှ မဖယ်ခွာသွားသေးပေ။ထိုမသင်္ကာသော အကြည့်များကြောင့် ယန်မိန်ကျီ တုန်ရီလာမိသည်။ထို့ကြောင့် သူ ထိုနေရာမှ ထွက်ခွာလာပြီး ဆိုင်တံခါးသွားဖွင့်လိုက်သည်။


သို့သော်လည်းသူမ ဆိုင်တံခါးဖွင့်လိုက်သည့်ခဏမှာပင် သတ်ဖြတ်ချင်စိတ်များပြည့်နေသည့် သွေးနီရောင်မျက်ဝန်းစုံများစွာက်ို တွေ့လိုက်ရသောကြောင့် တုန်ယင်သွားမိသည်။


"ဘာတွေ ဖြစ်နေတာလဲ..."


မမျှော်လင့်ထားသော မြင်ကွင်းကြောင့် ယန်မိန်ကျီ ကြောင်အသွားမိသည်။


ဆိုင်ရှေ့မှာ ဘယ်လိုလုပ် လူတွေအများကြီးရှိနေတာလဲ သူတို့ပုံစံကလည်း အရမ်းဒေါသထွက်နေပုံပဲ ကြောက်ဖို့တောင်ကောင်းတယ်...နင်တို့ အားလုံး အရမ်းကြောက်ဖို့ကောင်းတာပဲ...


ဆူညံသံများကြောင့် ပုဖန် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ဒေါထွက်နေသော လူအုပ်ကို မြင်လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။


ဒီနေရာမှာ ဘာလို့ လူတွေအများကြီး လာစုနေတာလဲ ...ဟမ်း...မနေ့ကတုန်းက အဝတ်ချွတ်တဲ့ ပြပွဲလေးက သူတို့အတွက် မလုံလောက်သေးဘူးလား...


ပုဖန် ဆိုင်အပြင်သို့ ထွက်လိုက်သည်နှင့် ဒေါသထွက်နေကြသော လူအုပ်ကြီးက စူးရှလှသော အကြည့်များဖြင့် သူ့ကို ကြည့်လာသည်။တစ်ချိန်တည်းမှာပင် လေထုထဲတွင် ပြန့်နှံ့နေသည့် ကြောက်ရွံ့မှုနှင့် ဒေါသများက သူ့က်ို စိတ်ရှုပ်ထွေးသွားစေသည်။


"မြူကောင်းကင်မြို့ထဲက ထွက်သွား...ဒီလူကိုလက်ရ ဖမ်းပြီးတော့ ပျက်စီးသွားပြီဖြစ်တဲ့ တောက်ပကောင်းကင်မြို့နဲ့ ကောင်းကင်ဆေးမြို့တော်ကို ခေါ်သွား...ငါတို့ သူ့ကို ရှုရအရှင်သခင်ဆီ လွှဲပြောင်းလိုက်နိုင်ရင် ငါတ်ို့ မြူကောင်းကင်မြို့တော်က ခိုင်ခိုင်မာမာပင် ရပ်တည်နိုင်လိမ့်မယ်..."


လူအုပ်ကြီးက အလွန်ဒေါသထွက်နေသည်။အရင်နေ့ကနှင့် ယှဉ်လိုက်လျှင် သူတို့၏ ဒေါသများက ပိုကြီးမားလာသည်။သတိမထားမိလိုက်ခင်မှာပင် နယ်သာရီနှင့် ဝှိုက်တီက ပုဖန်၏ နောက်ကျောတွင် ပေါ်လာသည်။ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်တဖျတ်ဖျတ်လက်သွား၏။အပြင်ဘက်မှ လူအများအပြားကို တွေ့လိုက်ရသောကြောင့် နယ်သာရီ၏ မျက်ဝန်းများကလည်း စ်ိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။


"အဲ့ဒီကောင်မလေးက သူတို့ကို အဝတ်ချွတ်ပစ်ချင်လို့ စိတ်လှုပ်ရှားနေတာလား...."


သူ့၏ အမူအရာကြောင့် ပုဖန် ပြောစရာစကားပင် မဲ့သွားမိသည်။ပြောရမည်ဆိုလျှင် ယနေ့အချိန်အခါတွင် အဝတ်ချွတ်နတ်ဆိုးမှာ ဝှိုက်တီတစ်ယောက်တည်းမဟုတ်တော့ပေ။


ရုတ်တရက် လူအုပ်ကြီးက စားသောက်ဆိုင်ရှေ့ဆီသို့ တွန်းထိုးခံလိုက်ရသည်။ထို့နောက် ထိုလူအုပ်ထဲမှ ငရဲဘုရင်နှင့် နန်ကုန်းဝူချယ်လျှောက်ထွက်လာသည်။ထိုများပြားလှသော လူများကြောင့် သူတို့၏ အမူအရာက အံ့အားသင့်နေပေပြီ။


"ဘော်ဒါပု ဘုရားမကြိုက် နတ်မကြိုက်တဲ့အရာတွေ ဘာတွေများ လုပ်ထားလဲ ဘယ်လ်ိုဖြစ်လို့ လူဒီလောက်အများကြီးက မင်းကို ပြဿနာလာရှာနေတာလဲ..."


ပုဖန် နန်ကုန်းဝူချယ်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။


"ခန့်မှန်းကြည့်လေ ..."


"ငါခန့်မှန်းနိုင်လား မခန့်မှန်းနိုင်လားဆ်ိုတာ အရင်တွေးကြည့်လိုက်လေ ...သေချာတာပေါ့ ငါခန့်မှန်းမှာမဟုတ်ဘူး..."


နန်ကုန်းဝူချယ် မျက်လုံးလှန်ပြလိုက်သည်။ပုဖန်သည်လည်း ယခုဖြစ်ပျက်နေသော အဖြစ်အပျက်နှင့်ပတ်သတ်၍ ဘာမှ သိမည်မဟုတ်ကြောင်း သူသိပေသည်။ငရဲဘုရင်က တံခါးဘောင်ကို မှီ၍ ထိုလူအုပ်ကို အေးဆေးစွာ ကြည့်လိုက်သည်။


"ကောင်းပြီ ကြည့်ရတာတော့ ငါမနေ့ကတုန်းက မင်းတို့ကို လုံလောက်အောင် အဝတ်အချွတ်ပေးလိုက်မိဘူးနဲ့တူတယ်...မင်းတို့က ကိုယ့်ကိုကိုယ် ငါ့ရဲ့ တံခါးဝရှေ့က်ို လာပြီး ပို့တယ်ဆိုမှတော့ မင်းတို့အားလုံးက ဒီငရဲဘုရင်ရဲ့ အဝတ်ချွတ်လက်ညှိုးသိုင်းကို ကြည့်ချင်နေတာပဲဖြစ်ရမယ်..."


သူ စကားပြောပြီးသည်နှင့် လူအုပ်ကြီးက နှစ်ခြမ်းကွဲသွားသည်။ထိုလူကြားထဲမှ ပုံရိပ်တစ်ချို့လျှောက်ထွက်လာလေသည်။ထ်ိုလူများကို မြင်လိုက်ရချိန်၌ ပုဖန် အနည်းငယ်အံ့သြသွားသည်။အဘယ့်ကြောင့်ဆိုသော် သူ ထိုသူများကို ရင်းနီးနေပေသည်။


သူတို့က်ို ခောင်းဆောင်လာသော ဝတ်ရုံပွပွက်ို ဝတ်ဆင်ထားသော အဖိုးကြီးမှလွဲလျှုင် နတ်ဆိုးဖြူကျန်းလင်နှင့် မှော်ကဝေအန်းရှန့်က သူနှင့် ရင်းနီးကျွမ်းဝင်ပေသည်။


သ်ိသာထင်ရှားစွာပင် ထိုအဖိုးအိုက သူတို့၏ခေါင်းဆောင်ဖြစ်သည်။