အပိုင်း ၆၁၃
Viewers 53k

အခန်း ၆၁၃...


ရှုရအကြီးအကဲက ကျန်းလင်နှင့် မှော်ကဝေအန်းရှန့်တို့ကို ခေါ်ဆောင်၍ ဆိုင်ရှေ့သို့ ရောက်လာသည်။


ဒေါသထွက်နေသော လူအုပ်ကြီးက ပုဖန်ကို မြူကောင်းကင်မြို့မှ ချက်ချင်းနှင်ထုတ်လိုသော်လည်း တတိယအကြီးအကဲ၏ ဂုဏ်သိက္ခာရှိသေးသောကြောင့် ဘေးမှနေသာ စောင့်ကြည့်နေကြသည်။


ပုဖန်က သူ့ဆိုင်ရှေ့တွင်ရပ်နေသော အဖိုးအိုကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ထိုလူကြီး၏ နောက်တွင်ရှိနေသော မှော်ကဝေအန်းရှန့်က တစ်စုံတစ်ခုကို အချက်ပြချင်သလိုမျိုး မျက်တောင်ခတ်ပြနေလေသည်။


တတိယအကြီးအကဲက ပုဖန်ကို အကဲဖြတ်ကြည့်ရှုလိုက်သည်။ရှုရအရှင်သခင်ကပင် နာမည်ထုတ်၍ ပြောခဲ့သော ထိုစားဖိုမှူးလေးအား သူပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


ရှုရအရှင်သခင်က ဆေးနန်းတော်ကို လာရောက်တိုက်ခိုက်တည်းက သူ့၏ နာမည်ကို ပြော၍ အညံ့ခံရန် ပြောဆိုခဲ့ဖူးသည်။တကယ်တမ်းတွင် ထိုစားဖိုမှုးလေးက ရှုရစစ်တပ်မှ ဆေးနန်းတော်ကို တိုက်ခိုက်ရန် ဆင်ခြင်တစ်ခုအဖြစ် သုံးလိုက်ခြင်းသာဖြစ်သော်လည်း သူက သာမန်လူ မဟုတ်နိုင်ပေ။


စားဖိုမှူးလေးက ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်တစ်ချို့ကို သတ်ပစ်ခဲ့သည်ဟုလည်း ကောလဟာလထွက်နေသေးသည်။ထို့ကြောင့်လည်း ရှုရအရှင်သခင်က သူ့ကို ဆင်ခြင်အဖြစ် သုံးနိုင်ခြင်းသာဖြစ်လိမ့်မည်။


သို့သော်လည်း တတိယအကြီးအကဲက ဒီနေရာကို သူ့ကြောင့် လာခြင်းမဟုတ်ပဲ ဘေးနား၌ ရပ်နေသော ချောမောခန့်ညားလှသည့် ငရဲဘုရင်ကြောင့် လာခြင်းဖြစ်သည်။


ကျန်းလင်က လျှို့ဝှက်ကောင်းကင်ဘုံ နယ်မြေထဲတွင် သူမှာကြားထားခဲ့သည့် ဖြစ်ရပ်များအားလုံးက်ို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးပေပြီ။တတိယအကြီးအကဲက ငရဲဘုရင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။


"အားလုံးထွက်သွားကြတော့ ...ရှုရတပ်က ဆေးနန်းတော်ကို လာတိုက်တာ ဒီစားဖိုမှူးလေးကြောင့် မဟုတ်ဘူး....ဒါကြောင့် ငါတို့က သူ့ကို အပြစ်တင်လို့ မရဘူး..."


တတိယအကြီးအကဲက အသက်ပြင်းပြင်းထန်ထန်ရှိုက်လိုက်ပြီးနောက် ဒေါသထွက်နေသော လူအုပ်ဘက်သို့လှည့်၍ ပြောလိုက်သည်။ဆေးနန်းတော်၏ အကြီးအကဲ တစ်ယောက်အနေဖြင့် လူထုအပေါ်တွင် မြင့်မားလှသော အခွင့်အာဏာရှိပေသည်။ဆေးနန်းတော်၏ အရှင်သခင်နှင့် မယှဉ်နိုင်သော်လည်း လူများစွာက သူ့စကားကို နားထောင်ကြဆဲဖြစ်သည်။


တတိယအကြီးအကဲ၏ စကားဆုံးသည်နှင့် လူအုပ်ကြီးက တဖြေးဖြေး ပြန်လည် ဆုတ်ခွာသွားကြသည်။သို့သော်လည်း သူတို့က တွန့်ဆုတ်စွာဖြင့် ဆိုင်၏ ခပ်လှမ်းလှမ်းသို့သာ လျှောက်သွားလိုက်ပြီးနောက် အခြေအနေကို အကဲဖြတ်လေ့လာရန် စောင့်နေကြသည်။


ပုဖန်က လူများထွက်သွားသည်ကို တွေ့လိုက်သောကြောင့် ထိုလူကြီးကို အံ့အားတသင့်နှင့် ကြည့်လိုက်သည်။သို့သော်လည်း မည်သည့် စကားမှမဆိုပဲ မီးဖိုခန်းဘက်သို့သာ လှည့်ဝင်သွားလိုက်သည်။


တတိယအကြီးအကဲ မှော်ကဝေအန်းရှန့်နှင့် ကျန်းလင်တို့လည်း ဝင်ရောက်လာသည်။တတိယအကြီးအကဲက တိတ်ဆိတ်သန့်ရှင်းသပ်ရပ်လှသော ဆိုင်၏ ပတ်ဝန်းကျင်ကို ဝေ့ဝကြည့်ရှုလိုက်၏။စိတ်လှုပ်ရှားနေသော မျက်နာဖြင့် ငရဲဘုရင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။


"အရှင် ကျွန်တော်ကို မှတ်မ်ိလား..."


ငရဲဘုရင် ဇဝေဇဝါဖြစ်သွားသည်။


ဒီလူက ဘယ်သူလဲ ငါကဘာလို့ ဒီလူအိုကြီးကို မှတ်မိရမှာလဲ ..."


သို့သော်လည်း ခဏမျှ ကြာပြီးနောက် ငရဲဘုရင် လေအေးတစ်ချက်ရှိုက်လိုက်မိသည်။


"မင်းက... ငါ ပုန်းကွယ်နဂါးတိုက်ကြီးကို လှည့်လည် ခရီးထွက်စဉ်က တွေ့ခဲ့တဲ့ ကောင်လေးပဲ ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ရုပ်ဆိုးလာရတာလဲ ..."


ငရဲဘုရင် အလွန်ပင် အံ့အားသင့်သွားပြီး ပြောလိုက်သည်။တတိယအကြီးအကဲကလည်း ငရဲဘုရင် သူ့ကို မှတ်မိနေသောကြောင့် ပို၍ပင် စိတ်လှုပ်ရှားလာသည်။


ထို့နောက် ငရဲဘုရင်နှင့် တတိယအကြီးအကဲတို့က သူတို့ ရှေးဟောင်းနောက်ပစ်တစ်ချို့ကို ပြန်လည် ပြောဆိုနေကြလေသည်။တတိယအကြီးအကဲက ငရဲဘုရင်အား ရိုသေမှုအပြည့်ဖြင့် စကားပြောနေစဉ်တွင် တိမ်ခိုးစားသောက်ဆိုင်၏ ဖောက်သည်တစ်ပိုင်း ဖြစ်နေပြီဖြစ်သော မှော်ကဝေ အန်းရှန့်က သုံးယောက်စာ စားစရာများမှာယူနေလေ၏။


သူက သူတို့၏ စကားဝိုင်းကို ဝင်ရောက်မနှောက်ယှက်ပဲ စားစရာများချက်ပြုတ်ရန် မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။မကြာခင်မှာပင် မွှေးရနံ့များ သင်းပျံ့စွာ ထွက်ပေါ်လာလေသည်။


တတိယအကြီးအကဲတို့၏ စကားဝိုင်းကလည်း ပြီးဆုံးသွားပေပြီ တတိယအကြီးအကဲ၏ မျက်နာက စိတ်ကျေနပ်မှုဖြင့် တောက်ပနေလေသည်။ဟင်းပွဲများချပေးပြီးနောက် ပုဖန် အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။


"သူတို့နှစ်ယောက်ကြားမှာ ဘာတွေများဖြစ်သွားတာလဲ..."


ပုဖန်က မှော်ကဝေအန်းရှန့်ရှေ့တွင် ဟင်းပွဲကို ချပေးလိုက်ပြီးနောက် ခုံဆွဲ၍ ထိုင်လိုက်သည်။


"နင်က ဘာလို့ ကောင်းကင်ဆေးမြို့တော်မှာ မနေတာလဲ မြူကောင်းကင်မြို့ကို လာလည်ဖို့ အချိန်ရှိနေတယ်ပေါ့..."


ပုဖန်က သင်္ကာမကင်းဟန်ဖြင့်မေးလိုက်သည်။ပြိုင်ပွဲကြီးပြီးပြီးသည်နှင့် ထိုအမျိုးသမီးက သူ့၏ မြို့တော်သို့ ပြန်သွားခဲ့လေရာ ဒီနေရာ၌တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


ပုဖန်၏ စကားကို ကြားလိုက်သောအချိန်တွင် အစားစားရန် ပြင်နေသော အန်းရှန့်၏ မျက်နာက ဝမ်းနည်းမှု အပြည့်ဖြင့် ဖြစ်သွားသည်။သို့သော်လည်း လက်က အကျင့်ပါနေသလိုမျိုး အသားတစ်ဖက်ကိုကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ကာ ဝမ်းနည်းသည့် အမူအရာဖြင့် ပြောလိုက်သည်။


"ကောင်းကင်ဆေးမြို့တော်က ရန်သူ့လက်အတွင်း ကျဆင်းသွားပြီ..."


ပုဖန် အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားမိသည်။


"ကောင်းကင်ဆေးမြို့တော်က ဆေးနန်းတော်ရဲ့ အကြီးမားဆုံး မြို့ကြီးလေ ဟုတ်တယ်မဟုတ်လား....အဲ့ဒီလိုမြို့ကြီးက အားမနည်းသင့်ဘူးလေ ဟုတ်တယ်မဟုတ်လား..."


ရက်အနည်းငယ်တုန်းက တောက်ပကောင်းကင်ကျဆုံးခဲ့သည့် သတင်းကို ကြားလိုက်ရသည်။ထို့နောက် အချိန်တိုအတွင်းမှာပင် ကောင်းကင်ဆေးမြို့တော်ကလည်း ကျဆုံးသွားပြန်ပြီ။


"အဲ့ ဒီမြို့တော်ကြီးကို ကျွမ်းကျင်ပညာရှင်တွေ ကာကွယ်ပေးနေတယ်မဟုတ်ဘူးလား..."


"ရှေးဟောင်းရှုရမြို့တော်က... နင်ကသာ သူတို့ရဲ့ ရည်ရွယ်ချက်ပါလို့ ပြောတယ် ဒါပေမယ့် ငါတို့က မယုံပါဘူး...လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ ထောက်ပံ့မှုသာမရှိလျှင် သူတို့ အဓိပ္ပါယ်မရှိတာတွေ လုပ်ရဲမှာ မဟုတ်ဘူး...ရှုရအရှင်သခင်က ဘယ်လောက်ပဲ သန်မာပြီး သတ္တိကောင်းတယ်ဆိုဆို ငါတို့ ဆေးနန်းတော်ကို ဆင်ခြင်မဲ့ လာတိုက်ခိုက်မှာ မဟုတ်ဘူး..."


အန်းရှန့်က ပြောရင်းဖြင့် အသားကို ပါးစပ်ထဲ ထည့်လိုက်သည်။သူမ၏ ကြေကွဲ ဝမ်းနည်းနေသော မျက်နာက အသစ်တစ်ဖန် ပြန်လည် ရှင်သန် ထမြောက်သွားသလို ဖြစ်သွားလေသည်။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး...


ပုဖန် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။


သူတို့က အစားကြူးတောင်ကြားကိုလည်း ဖိအားပေးပြီး လက်အောက်ခံအဖြစ် သိမ်းသွင်းခဲ့တယ်လို့ ပြောတယ် အခု ဆေးနန်းတော်ကိုလည်း ဒုတိယအစားကြူးတောင်ကြားဖြစ်လာအောင် လုပ်ချင်နေကြတာလား...


မည်သို့ပင်ဆိုစေ ထိုအကြောင်းအရာများကို ဆက်စပ်တွေးခေါ်နိုင်ဖို့ ပုဖန်၏ ဗဟုသုတများက နည်းလွန်းနေသေးသည်။အစားကြူးတောင်ကြားနှင့် ဆက်စပ်နေသော အင်အားစုများကိုလည်း သူသေချာမသိခဲ့ပေ။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ဆေးနန်းတော်ဆီမှ လိုချင်တာတခုခု ရှိသောကြောင့်သာ ဖြစ်ပေမည်။


သို့သော်လည်း သူက စစ်ပွဲ စတင်ရသည့် အကြောင်းပြချက်တစ်ခုဖြစ်နေသည်။ထိုခံစားချက်က သိပ်မကောင်းပေ။


"စားဖိုမှူးလေး...ဒီလူအိုကြီးက မင်းအတွက် အကြံ တစ်ခုလောက်ပေးပါရစေ...ဒီနေရာကနေ အခုချက်ချင်းပြေးပါတော့ ...မင်းရဲ့ စားသောက်ဆိုင်က တကယ့်ကို ထူးကဲတဲ့ တည်ရှိမှု ဆိုပေမယ့်လည်း မင်းရဲ့ရန်သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးဖြစ်နေတယ်....ငါတို့ရဲ့ နန်းတော်အရှင်တောင်မှ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက သူကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ် မင်းရဲ့ စားသောက်ဆိုင်က ငါတို့ တွေးနိုင်တာထက် သန်မာတယ်ဆိုပေမယ့်လည်း မင်းရင်ဆိုင်နိုင်မှာမဟုတ်ဘူး..."


တတိယအကြီးအကဲက အလေးအနက်ပြောလိုက်သည်။ပုဖန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နာသေဖြင့် ခေါင်းအသာခါယမ်းလိုက်သည်။


"ထွက်ပြေးရမယ်ဟုတ်....မဖြစ်နိုင်လိုက်တာ..."


တတိယအကြီးအကဲ၏ စကားကြောင့် ငရဲဘုရင်လည်း မကျေမနပ် ဖြစ်သွားသည်။


"ကောင်လေး ငါဒီမှာရှိနေတယ်လေ...ဘာလို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို ကြောက်ရတာလဲ ...ဒီဘုရင်က လာသမျှ အကုန် ဖျက်စီးပစ်မယ်လို့ ပြောလိုက်မယ်...တစ်ယောက်လာရင် တစ်ယောက်ကို ချွတ်ပစ်မယ် အများကြီးလာရင် အများကြီးချွတ်ပစ်မယ် တကယ်လို့ တစ်ယောက်လွတ်သွားခဲ့ရင် ငါ အစပ်ချောင်း ၃ရက်.... မဟုတ်သေးဘူး ၂ရက်မစားပဲ ကိုယ့်ကိုကိုယ် အပြစ်ပေးလိုက်မယ်..."


ငရဲဘုရင်၏ စကားကြောင့် တတိယအကြီးအကဲ ထိတ်လန့်ကြောင်အသွားသည်။


ချွတ်မယ်...ဘာကိုချွတ်မှာလဲ...ထားလိုက်ပါတော့ ပြဿနာမဟုတ်ပါဘူး...


"တကယ်လို့ သူတို့ လာရဲမယ်ဆိုရင် သူတို့ကို ဒီဆိုင်ကို တိုက်ရိုက်လာရင်ပြောလိုက်...ငါက သူတို့ကို ဘယ်လို ကောင်းကောင်းနေရမယ်ဆိုတာကို သင်ပေးလိမ့်မယ်..."


"အဟွတ်...အဟွတ်...အရှင် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်က နတ်ဘုရားလက်နက်ကို ပြင်ဆင်လာတယ်လို့လည်း သတင်းရထားပါတယ်...အဲ့ဒါက နတ်ဘုရားတစ်ပိုင်းလေး တစ်လက်ပါ...ပြီးတော့ သူပြောတာက အဲ့ဒီလက်နက်ကို ငရဲကမ္ဘာက သက်ရှိတွေကို သတ်ဖို့ ယူဆောင်လာတယ်လို့လည်း ပြောတယ် ကျွန်တော်စိုးရိမ်မိတာက... သူ့ရဲ့ ပစ်မှတ်က အရှင်ဖြစ်နေမှာကိုပါ..."


ထိုစကားက ငရဲဘုရင်ကို ဒေါသထွက်သွားစေသည်။


ငရဲကမ္ဘာက သက်ရှိတွေကို သတ်မယ်...အဲ့ဒီယုံကြည်မှုလွန်ကဲမှုတွေ ဘယ်ကရောက်လာတာလဲ...သူက လေးတစ်လက်နဲ့များ သူတို့ကို သတ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား...


ဒီစားသောက်ဆိုင်မှာ ချောမောခန့်ညားတဲ့ ငရဲဘုရင်... လှပကျော့ရှင်းတဲ့ ငရဲကမ္ဘာအမျိုးသမီးနဲ့ စုတ်ပြတ် နုံချာတဲ့ ခွေးဘုရင်ရှိတယ်.. အားလုံးက ငရဲကမ္ဘာကကြီးပဲ...အဲ့ဒီ မောက်မာထောင်လွှားတဲ့လူတွေက ဘယ်လိုများလုပ်မလဲလို့ သိချင်သေးတယ်...


 "အဲ့ဒီ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက လူတွေက သူတို့ မျက်လုံးကို ခေါင်းပေါ်မှာများ တပ်ထားတာလား...သူတို့က ဘယ်လိုလုပ်ပြီး ငရဲကမ္ဘာကို အထင်သေးရဲတာလဲ...ငရဲကမ္ဘာက သူတို့ကို ဖိနှ်ိပ်ခဲ့စဉ်တုန်းက ဘယ်လိုမျိုး ကြောက်ခဲ့ရတယ်ဆိုတာကို မေ့သွားပြီလား..."


ပုဖန်အနေနှင့်လည်း ငရဲကမ္ဘာမှ သက်ရှိများကို အမဲလိုက်ချင်သည့် လူရှိကြောင်း ပထမဦးဆုံးကြားဖူးခြင်းဖြစ်သည်။သူ သစ်ပင်၏ ဘေးတွင် အိပ်မောကျနေသော ခွေးငပျင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ထိုခွေးဝတုတ်ကလည်း ငရဲကမ္ဘာက သက်ရှိပင်ဖြစ်သည်။


"ဖြစ်နိုင်တာက ခွေးငပျင်းက အဲ့ဒီလူတွေရဲ့ ပစ်မှတ်များလား...သူတို့က သေလမ်းရှာနေကြတာပဲ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူ လုံးဝ မစိုးရိမ်ပေ။သူတို့ လာရဲလျှင် ဘလက်ကီ၏ လက်ဝါးချက်အောက်၌ သေရပေလိမ့်မည်။


တတိယအကြီးအကဲက ပုဖန်တို့ တစ်သိုက် အလွန်ရဲရင့်နေပုံကိုကြည့်၍ သက်ပြင်းအသာချလိုက်သည်။ထိုလူတစ်သိုက်က နတ်ဘုရားသတ်လေး မည်မျှ ကြောက်စရာကောင်းသည်ကို မသိကြပေ။ထိုနတ်ဘုရားသတ်လေးက ဆေးနန်းတော်မှ မသေမျိုး စိတ်ဝိညာဉ်အဆင့် ပညာရှင်အမြောက်အများကိုပင် သတ်ထားခဲ့ပြီးပေပြီ


အခုလေးတွင်ပင် ဆေးနန်းတော်၏ တန်ခိုးစွမ်းအားအကြီးဆုံးဖြစ်သော နန်းတော်သခင်ပင် ထိုအလင်းမြှားကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။မည်မျှ သန်မာသည်ဆိုသည်အကြောင်းကို မသိချင်ပေ။သူထင်သည်က ထိုစားဖ်ိုမှူးလေး ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးသည်က အကောင်းဆုံးဟုသာ ဆိုနိုင်သည်။


ရှုရတပ်က အလွန်ပင် အဓိပ္ပါယ်မဲ့လှသော အကြောင်းဖြင့် စစ်ပွဲစခဲ့သည်ဆိုသော်လည်း သူတို့၏ သိက္ခာကြောင့် ထ်ိုစားဖ်ိုမှူးကို ကျိန်းသေပေါက် လာရှာပေလိမ့်မည်။


သို့သော်လည်း သူက ထိုအကြောင်းအရာများကို ထုတ်မပြောနိုင်တော့ပေ။သူ အစားအစာများစားပြီးနောက် မှော်ကဝေအန်းရှန့်နှင့် ကျန်းလင်တို့ကို ခေါ်ဆောင်၍ ဆိုင်ထဲမှ ထွက်သွားကြသည်။


တတိယအကြီးအကဲက သူအမြဲပင် တွေ့ချင်နေခဲ့သော ငရဲဘုရင်ကိုလည်း တွေ့ရပြီးပေပြီ မှန်ပေသည် ပုဖန်က တိမ်ခိုးစားသောက်ဆိုင်မှ ထွက်မပြေးသွားပေ။ဒါ့အပြင် ထွက်ပြေးစရာလည်းမလိုပေ။


ရက်အနည်းငယ်ကြာသည်အထိ မြူကောင်းကင်မြို့က တိုက်ခိုက်မခံရသေးပေ။အဘယ့်ကြောင့်ဆိုသော် ရှုရစစ်တပ်က သူတို့ မြူကောင်းကင်မြို့ကို ပြန်လည်၍ တိုက်ခိုက်ရန်အတွက် အစီစဉ်ချနေသောကြောင့် ဖြစ်သည်။


ရှုရတပ်က မြို့နှစ်မြို့ကို ဆက်တိုက် သိမ်းပိုက်လာခဲ့သည့်အပြင် နန်းတော်သခင်ကိုပါ ဒဏ်ရာရအောင် လုပ်ထားခဲ့သည်။သူတို့၏ အရှိန်အဟုန်က ကြောက်စရာကောင်းလှပေ၏။


ရှုရတပ်တစ်တပ်လုံးက စိတ်အားထက်သန်နေသော ကျားများ ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားပေပြီ သူတို့၏ လက်သည်းများ အစွယ်များကို ထုတ်၍ ဆေးနန်းတော်၏ ကျန်ရှိနေသော မြို့တစ်မြို့က်ို သိမ်းပိုက်ချေမှုန်းနေကြပေပြီ။


ဆေးနန်းတော်ကို နင်း၍ အောင်ပွဲခံချင်ပေပြီ။ယခုအခ်ျိန်တွင် ထိုသို့ ပြုလုပ်ရန်အတွက် မြို့တစ်မြို့သာကျန်တော့သည်။ဒီတစ်ကြိမ်၌ သူတို့ မြူကောင်းကင်မြို့သို့ ရောက်လာပေပြီ။


ကျောင်းယာ အလွန် စိတ်လှုပ်ရှားနေသည်။နဂါးမြို့ဟောင်းတိုက်ကြီးထဲမှာရှ်ိနေတဲ့ ငရဲကမ္ဘာက ဘယ်လိုသက်ရှိအမျိုးအစားပဲဖြစ်ဖြစ် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှ်ိရမယ်..."


.....


မြူကောင်းကင်မြို့ တိမ်ခိုးစားသောက်ဆိုင်အတွင်း...


ပုဖန် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ထို့နောက် အလင်းရောင်ဖျော့ဖျော့လေးများ ထုတ်လွင့်နေသည့် မွှေးကြိုင်သင်းပျံ့လှသော ဟင်းပွဲများကို သယ်ထုတ်လာ၏။


ဟင်းပွဲများက အားလုံးရင်းနီးနေကြသော အစပ်ချောင်း အမဲအသားလုံး စပ်ပြဲလန်ခေါက်ဆွဲ စသည်ဖြင့် ဟင်းပွဲများပါဝင်ပေသည်။၎င်းက ထူးကဲလှသော လျှာကဝေ အစီအရင်နှင့်တူညီသည်။


ထိုနေ့တွင် ပုဖန်က အခင်းအကျင်းများကို ပြင်ဆင်ရင်း မြူကောင်းကင်မြို့ တစ်ဝက်ခန့်ကို ခြေဆန့်ခဲ့သည်။သိပ်သည်းလှသော မွှေးရနံ့များက ပြန့်နှံ့သွားပြီး မြူကာင်းကင်မြို့ လေထုတစ်ဝက်ကို ခံတွင်းမြိန်စေသည့် မွှေးရနံ့များဖြင့် လွှမ်းခြုံထားတော့သည် ။သူက သူတို့၏ ခြံရှေ့ရောက်နေပေပြီ။ထိုသူများက ဘလက်ကီကို သတ်၍ နယ်သာရီကို ဖမ်းချင်သည်ဟုလည်း ကြော်ငြာထားပြီးပေပြီ။


ပုဖန်က သူ့စားသောက်ဆိုင်မှ သူများကို အလွယ်တကူ လာရှုပ်၍ မရကြောင်း ရန်သူများ သိအောင်လုပ်ရမည်ဟု ခံစားမိလေသည်။ပြောရမည်ဆိုလျှင် သူက စွမ်းအားပြည့်လှသော စားဖိုမှူးတစ်ယောက်၏ စိတ်သဘောထားကို ပိုင်ဆိုင်ထားပေသည်။